← Chapters

အခန်း ၅၄၉၆

Vol. 278 Ch. 5496

အခန်း ၅၄၉၆

Vol. 278 Ch. 5496

Chapter 5496

နတ်ဘုရားဘုရင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် လုယွီသည် သူ၏အကာအကွယ်စွမ်းအားများ အထွတ်အထိပ်သို့ ရောက်ရှိသွားကြောင်း ချက်ချင်းခံစားလိုက်ရသည်။

ဤအရာက လုယွီ၏ ကာကွယ်ရေး အားနည်းချက်ကို ဖြည့်ဆည်းပေးခဲ့သည်။

ယခင်က လုယွီသည် မည်ကဲ့သို့ တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရစေကာမူ သူ၏ရုပ်ခန္ဓာကိုယ်ဖြင့်သာ ထိပ်တိုက်ခုခံရပေမည်။

သိုင်းအင်မော်တယ်ရုပ်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သူ နည်းပါးသည်မှာ မှန်သော်လည်း နတ်ဘုရားဘုရင် ဝတ်စုံအပိုတစ်လွှာ ရှိနေခြင်းကြောင့် အမှားအယွင်းမရှိချေ။ ဤသည်က မည်သည့် တိုက်ခိုက်မှုမဆို အားနည်းသွားစေပေမည်။

"ကံဆိုးမှုကနေ ကံကောင်းမှုတွေ ဖြစ်လာတတ်တယ်... ဒါကို ငါရဲ့ကံကောင်းမှုတစ်ခုအဖြစ် ယူဆလို့ရတယ်..."

လုယွီ၏စိတ်နှလုံးသားထဲတွင် ဝမ်းသာမှု အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။

သူ၏ နတ်ဘုရားစွမ်းအားများ အလွန်အမင်း တိုးတက်လာခဲ့သည်။

အကယ်၍ လုယွီသာ အမွှေးနံ့သာစွမ်းအားများကို နောက်ထပ် အကြိမ်အနည်းငယ်ခန့် ဝါးမျိုနိုင်ပါက သူသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပြီး လောကကြီးတစ်ခုလုံးကို အထင်သေးစွာ ကြည့်ရှုနိုင်ပေလိမ့်မည်။

"ဝီ... ဝီ... ဝီ..."

အဝေးရှိ တရားသူကြီးစုတ်တံသည် ကြေကွဲဖွယ် ငိုကြွေးသံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး လုယွီကို ခွင့်လွှတ်ရန် တောင်းပန်နေပေ၏။

လုယွီသည် ထိုစုတ်တံကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေကာ မသေမျိုးအဆင့် မှော်လက်နက်လေးခုက သူ၏နောက်ကွယ်တွင် ထွက်ပေါ်လာသည်။

ကောင်းကင်ဧကရာဇ် ကြေးမုံ... မိုးပြာနဂါး လခြမ်းဓားရှည်... ရတနာခေါင်းလောင်း... ဖျက်ဆီး၍မရနိုင်သောသင်္ကန်း...

ထိုမသေမျိုးအဆင့် မှော်လက်နက်များ၏အသိဉာဏ်သည် အင်မော်တယ်ကွပ်မျက်ခြင်း ဓားဝိညာဉ် ကြောင့် ဖျက်ဆီးခံခဲ့ရပြီး အပြည့်အဝ ပြန်လည်မကောင်းမွန်သေးချေ။

"အဲ့ဒါကို ဝါးမျိုလိုက်..."

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

မိုးပြာနဂါး လခြမ်းဓားရှည်သည် ပထမဆုံး ပြေးဝင်သွားပြီး ထိုဓား၏ဓားချီအလင်းတန်းသည် တောက်ပနေသည်။ မိုးကောင်းကင်ကိုမော့ကြည့်ပြီး ဟိန်းဟောက်နေသော မိုးပြာနဂါး၏ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး တိုက်ခတ်လာကာ တရားသူကြီးစုတ်တံကို ချေမွှဖျက်ဆီးလိုက်၏။

တရားသူကြီးစုတ်တံသည် ကြေကွဲဖွယ် ငိုကြွေးသံတစ်ခု ထုတ်လွှတ်လိုက်ပြီး စုတ်တံ၏အပိုင်းအစများ ပြန့်ကျဲသွားကာ တခြားမသေမျိုးအဆင့် လက်နက် များက ထိုအပိုင်းအစများအပေါ် ဝိုင်းအုံလာပြီး ခွဲဝေကာ ဝါးမျိုလိုက်ကြသည်။

မသေမျိုးအဆင့် မှော်လက်နက် လေးခုသည် တောက်ပသော အလင်းတန်းများဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ထိုအရာများ၏အင်မော်တယ်စွမ်းအားများ တဖြည်းဖြည်း မြင့်တက်လာသည်။

...

ဖုန်းတုမြို့တော်၌...

မီးခိုးအချက်ပြများ တလူလူလွင့်တက်နေပြီး ဖုန်းတု မြို့တော်အတွင်းရှိ တိုက်ပွဲသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြိ။

ယန်မိသားစု ကျင့်ကြံသူများသည် ချင်စစ်တပ်၏ ရက်စက်စွာ တိုက်ခိုက်ခြင်းကိုခံရပြီး တဖြည်းဖြည်း တောင့်ခံမထားနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ရိတ်သိမ်းခံရကာ သူတို့၏သွေးများက မြေပြင်ကို စွန်းထင်းသွားစေသည်။

"ယန်မိသားစု ဒသမမြောက်မိသားစုခွဲက... ယန်ဖေးရှု..."

စစ်တပ်အရာရှိတစ်ဦးသည် ယန်မိသားစု၏ ဆွေစဉ်မျိုးဆက်စာအုပ်ကို ကိုင်ဆောင်ထားပြီး သေဆုံးသွားသူများကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးနေလေ၏။

ဤသည်မှာ စစ်မှန်သော အမြစ်ပြတ်ချေမှုန်းခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှ မထားခဲ့ဘဲ ယန်မိသားစုကို ငရဲနယ်မြေမှ လုံးလုံးလျားလျား ဖျောက်ဖျက်ပစ်ရန် ရည်ရွယ်ထားသည်။

ဖုန်းတုမြို့တော် အတွင်းရှိ အင်အားစုအမြောက်အများထိတ်လန့်နေကြသ​ည်။ ဤကဲ့သို့ အမြစ်ပြတ် ချေမှုန်းခြင်းကို မျက်မြင်တွေ့ရှိရခြင်းမှာ သူတို့အတွက် ပထမဆုံးအကြိမ်ပင်။

ချင်စစ်တပ်သည် သူတို့အတွက် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းကာ စတင်လိုက်သည်နှင့် ရပ်တန့်၍မရနိုင်သော ဧရာမစစ်စက်ယန္တရားကြီး တစ်ခုအလားပင်။

ထိုစွမ်းအားသည် ကြီးကျယ်ခမ်းနားသော ယန်မိသားစုကို အလွယ်တကူ မှောက်လှန်ပစ်ခဲ့ပြီး လူအများကို စိတ်မသက်မသာ ဖြစ်စေကာ ချင်စစ်တပ်၏ နောက်ထပ်ပစ်မှတ် ဖြစ်လာမည်ကို သူတို့ စိုးရိမ်နေကြသည်။

စစ်သူကြီးလုယိုသည် လက်ရှိတွင် ခမ်းနားထည်ဝါသော ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ကာ သူ၏ လက်အောက်ငယ်သားများထံမှ သတင်းပို့ချက်များကို နားထောင်နေသည်။

"ဖုန်းတုမြို့တော်ရဲ့နံဘေးပတ်လည်မှာ ယန်မိသားစုက ဝိညာဉ်ကျောက်တုံးမိုင်းတွင်း နှစ်ဆယ့်ရှစ်ခု...သံမဏိမိုင်းတွင်း ခြောက်ခု...ဆေးပင်စိုက်ခင်း နှစ်ဆယ့်တစ်ခုနဲ့ သားရဲယဉ်ပါးစေတဲ့ နေရာတွေ စမ်းသပ်တဲ့ နေရာတွေ တိုက်ခိုက်ရေးကွင်းတွေ ကုန်သွယ်ရေးမြို့တွေလို တခြားလုပ်ငန်းတွေ အများအကြီးကို ပိုင်ဆိုင်ထားတယ်... အဲ့ဒါတွေကို လွှဲပြောင်းယူဖို့အတွက် လူတွေကို စေလွှတ်ထားပြီးပါပြီ..."

"မြို့ထဲမှာ ယန်မိသားစုက ငွေအပ်နှံ့ဌာနငါးခု ပိုင်ဆိုင်ထားပြီးတော့ အဲ့ဒါတွေအားလုံးက သန်းရာပေါင်းများစွာ ကျော်လွန်တဲ့ ကြီးမားတဲ့ ငွေအပ်နှံ့ဌာနတွေချည်းပဲ... လက်ရှိမှာတော့ မြို့အရှေ့ပိုင်းက ငွေအပ်နှံ့ဌာနမှာပဲ ယန်မိသားစုရဲ့အကြွင်းအကျန်တချို့ ခေါင်းမာမာနဲ့ ခုခံနေကြတယ်..."

လုယိုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"သူတို့ အားလုံးကို သတ်ပစ်လိုက်... ငွေအပ်နှံ့ဌာနတွေ အားလုံး ငါတို့မဟာချင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမယ်..."

"အမိန့်အတိုင်းပါ..."

စစ်တပ်အရာရှိသည် ဤကိစ္စရပ်များကို မှတ်သားထားပြီး သူ၏အစီရင်ခံစာကို ဆက်လက်၍ တင်ပြရန် ဟန်ပြင်လိုက်သည်။

"ဘန်း..."

ရုတ်တရက် တံခါးကြီးသညိ ပွင့်ထွက်သွားအောင် ဆောင့်တွန်းခြင်း ခံလိုက်ရပေ၏။

ထို့နောက် သွေးများဖြင့် စိုရွှဲနေသော စစ်ဗိုလ်ချုပ်တစ်ဦးက အပြင်ဘက်မှ ပြေးဝင်လာသည်။ သူ၏ ခန္ဓာကိုယ်တွင် နက်ရှိုင်းသော ဆေဘာဓားဒဏ်ရာ အများအပြားရှိနေပြီး သူ ဒဏ်ရာအပြင်းအထန် ရရှိထားသည်။

"စစ်သူကြီးလု..."

ထိုစစ်ဗိုလ်ချုပ်သည် ကြေကွဲဖွယ် ငိုကြွေးသံတစ်သံ ထုတ်လွှတ်လိုက်ပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားသည်။

လုယို၏စိတ်နှလုံးသား လေးလံသွားသည်။ သူသည် ရုတ်တရက် မတ်တတ်ထရပ်ကာ ထိုစစ်ဗိုလ်ချုပ်ထံသို့ လျှောက်လှမ်းသွားလိုက်၏။

"ဘာဖြစ်တာလဲ..."

လုယိုသည် စစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် ပုတ်လိုက်ပြီး ဒဏ်ရာများမှ သွေးထွက်နေခြင်းအား ယာယီရပ်တန့်ပေးလိုက်သည်။

ထိုစစ်ဗိုလ်ချုပ်က အသက်ပြင်းပြင်းရှိုက်ကာ တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"မြို့ပြင်က ယန်မိသားစုရဲ့ လုပ်ငန်းတွေကို လွှဲပြောင်းယူဖို့ ကျွန်တော်က စစ်တပ်ကို ဦးဆောင်သွားပေမဲ့ မထင်မှတ်ဘဲ ချုံခိုတိုက်ခိုက်ခံရပြီး အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်...ကျွန်တော်ရဲ့လက်အောက်က ညီအစ်ကိုတွေအားလုံး တိုက်ပွဲမှာ ကျဆုံးသွားကြပြီ..."

လုယိုက အေးစက်တင်းမာသော လေသံဖြင့် မေးမြန်းလိုက်၏။

"သူတို့က ယန်မိသားစုဝင်တွေလား... သူတို့မှာ အစွမ်းထက်တဲ့သူတွေ ရှိသေးလို့လား..."

စစ်ဗိုလ်ချုပ်က အက်ရှရှအသံဖြင့် တုံ့ပြန်အဖြေပေးသည်။

"ယန်မိသားစု မဟုတ်ဘူး... သူတို့က တခြားငရဲနယ်မြေတွေက အစွမ်းထက် ကျင့်ကြံသူတွေပဲ... ယန်မိသားစု ရှုံးနိမ့်သွားတဲ့ သတင်းကို ကြားတော့ သူတို့က အကျိုးအမြတ်တွေကို ခွဲဝေယူဖို့ စီစဉ်နေကြတာ..."

"မြို့ပြင်က ယန်မိသားစုရဲ့ လုပ်ငန်းတွေကို သူတို့က အရင်ဆုံး သိမ်းပိုက်သွားပြီးတော့ အရင်းအမြစ်တွေ အားလုံးကို ခွဲဝေယူသွားကြပြီ..."

"ဒီအုပ်စုက ကြမ်းတမ်းတဲ့ အရှိန်အဟုန်နဲ့ ဖုန်းတုမြို့တော်ဆီကို ဦးတည်ပြီး လာနေတယ်..."

wunzinnosp

All Chapters