အခန်း ၅၄၉၈
Vol. 278 Ch. 5498
Chapter 5498
"မင်း ဘယ်လိုတောင် အတင့်ရဲတာလဲ..."
ဤအချိန်၌ နံပါတ်ငါးဆယ့်လေးတပ်မ၏ စစ်ဗိုလ်ချုပ် အမြောက်အများသည် တပြိုင်နက်တည်း ရောက်ရှိလာသည်။ သူတို့အနက် နယ်မြေသခင်အဆင့် ကျွမ်းကျင်သူငါးဦး ပါဝင်သည်။
ဤသည်မှာ အလွန်ကြီးကျယ်ခမ်းနားစွာ ဖွဲ့စည်းထားသော အုပ်စုတစ်စု ဖြစ်နေလေပြီ။ ယခင်က တာယွီ အင်ပါယာ တော်ဝင်နန်းတွင်းတွင် နယ်မြေသခင်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ဒေသတစ်ခုကို အုပ်ချုပ်သော အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်လာနိုင်သည်။ သို့သော် ချင်စစ်တပ်၏ တပ်မကြီးဖွဲ့စည်းပုံတွင်မူ သူတို့သည် စစ်သူကြီးတစ်ဦးသာ ဖြစ်ကောင်းဖြစ်နိုင်သည်။
နယ်မြေသခင်ငါးဦးသည် သူတို့၏ အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်ကာ အတူတကွပူးပေါင်းပြီး သရဲဘုရင်၏ဖိအားကို ပိတ်ဆို့ဟန့်တားလိုက်၏။
လုယိုက သူ၏ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဖုန်းတု မြို့တော်က အခု ငါတို့ မဟာချင်ရဲ့ နယ်မြေ ဖြစ်သွားပြီ... မင်းက အခုလှုပ်ရှားပြီးတော့ ငါတို့မဟာချင်နဲ့ ရန်သူ ဖြစ်ချင်နေတာလား..."
ဤစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် စိတ်လှုပ်ရှားဖွယ်ကိစ္စကို ကြည့်ရှုနေသော လူအများသည်လည်း သူတို့၏ဆွေးနွေးမှုများကို ရပ်တန့်လိုက်သည်။ ဖုန်းတုမြို့တော်အပေါ် ချင်စစ်တပ်၏ အစွမ်းထက်သော တိုက်ခိုက်မှုနှင့် ယန်မိသားစု ပျက်စီးသွားခြင်းက သူတို့၏စိတ်ထဲတွင် နက်ရှိုင်းသော အထင်အမြင်တစ်ခုကို ချန်ထားရစ်ခဲ့သည်။
"ဟား ဟား ဟား... မင်းတို့ရဲ့မဟာချင်က ကောင်းကင်ဘုံနယ်မြေမှာ...ဒီနေရာကနေ အဝေးကြီးမှာ ရှိနေတာတောင် မင်းက ဒီဘုရင်ကို ခြိမ်းခြောက်ဖို့ ရဲတင်းသေးတာပဲ..."
သရဲဘုရင်သည် အလွန်ကြီးမားသော ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအရာတစ်ရပ် ထင်ဟပ်လာသည်။
"ငါ့ကို ခြိမ်းခြောက်ဖို့ မဟာချင်ကို အသုံးမပြုနဲ့... ချင်ဧကရာဇ်က အကန့်အသတ်ကို ရောက်နေပြီ... အခု မင်းတို့ချင်စစ်တပ်နဲ့ ယန်မိသားစု နှစ်ခုလုံး အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီဆိုတော့ ငါတို့ကို တိုက်ခိုက်ဖို့ မင်းမှာ ဘာရှိလို့လဲ..."
ဤစကားများသည် ချင်စစ်သားများ၏ နားထဲသို့ ရောက်သွားချိန်၌ ဤသရဲဘုရင်သည် အလွန်အမင်း ယုတ်မာကောက်ကျစ်သည်ဟု ခံစားရစေခဲ့သည်။
ချင်စစ်တပ်မှ နယ်မြေသခင်တစ်ဦးက ဒေါသတကြီး ပြောဆိုလိုက်၏။
"အရှင်ဧကရာဇ် တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတာနဲ့ အဲ့ဒီအချိန်က မင်းတို့ရဲ့ ပျက်စီးချိန်ပဲ..."
"ရယ်စရာပဲ... မင်းတို့ရဲ့ အဲ့ဒီချင်ဧကရာဇ်က ဒီဘုရင် ကို တွေ့ဖို့တောင် သတ္တိရှိဖို့လား....သူက ငါ့ရှေ့မှာ မောက်မာထောင်လွှားရဲမှာလား..."
သရဲဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
"ဒီဘုရင်က မင်းကို ဒူးထောက်ဖို့ ပြောနေတာ... မင်း မကြားဘူးလား..."
လေဟာနယ် တုန်ခါသွားပြီး သရဲဘုရင်၏ မျက်လုံးများမှ နတ်ဘုရားအလင်းတန်းတစ်တန်း ပျံ့လွင့်လာသည်။ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားတစ်ရပ်ချက်ချင်းကျဆင်းလာပြီး ထိုနယ်မြေသခင် သည် သူ၏လှံကိုကိုင်၍ သူ့ကိုယ်သူ ထောက်ပံ့ထားကာ ခဲယဉ်းစွာ တောင့်ခံထားရပြီး အတော်လေး ဖရိုဖရဲ ဖြစ်နေပုံရသည်။
"မင်းက လှုပ်ရှားဖို့ အတင့်ရဲသေးတာပါလား... ယန်မိသားစုက မင်းတို့အတွက် သတိပေးတဲ့ ဥပမာတစ်ခုပဲ..."
လုယိုက ကြောက်ရွံ့မှုကို မပြသဘဲ ပြန်လည်၍ ချေပလိုက်၏။
"အမှန်ပဲ... မင်းတို့ မဟာချင်ရဲ့ စွမ်းအားသာ အထွတ်အထိပ်မှာ ရှိနေသေးရင် ငါက ခြေသုံးလှမ်း နောက်ဆုတ်ပေးလိုက်မယ်..."
သရဲဘုရင်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီးနောက် ရုတ်တရက် လှောင်ပြောင်လိုက်သည်။
"ဒါပေမဲ့ မင်းတို့ချင်စစ်တပ်မှာ အခု လူဘယ်နှစ်ယောက်က တိုက်ခိုက်နိုင်သေးလို့လဲ..."
ယန်နှင့်ချင်စစ်ပွဲတွင် ချင်စစ်တပ် သည်လည်း ကြီးမားသော သေကြေပျက်စီးမှုများကို ခံစားခဲ့ရသည်။
လုယွီသည် ဖုန်းတုမြို့တော်အထိ လမ်းတလျှောက်လုံး တွန်းအားပေးတိုက်ခိုက်ကာ မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ခဲ့သော်လည်း ယန်မိသားစုသည် ငရဲနယ်မြေတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ပြီး ဧရာမတည်ရှိမှုတစ်ခု ဖြစ်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ထိုကြောင့် ချင်စစ်တပ်သည် မြို့များနှင့် ခံတပ်များကို သိမ်းပိုက်ပြီးနောက် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဖုန်းတုမြို့တော်အတွင်း၌ အခြေအနေ ရုတ်တရက် ပြောင်းလဲသွားပြီး နံဘေးမှ ကြည့်နေသူ အများအပြားသည် တိုင်ပင်ဆွေးနွေးလိုက်ကြ၏။
"အမှန်ပဲ... ချင်စစ်တပ်က အဝေးကြီးကနေ လာတာ... ပြီးတော့ သူတို့ရဲ့ ထောက်ပံ့ရေးနဲ့ ရိက္ခာတွေက ကုန်ခမ်းနေလောက်ပြီ... အခုက သူတို့ အပင်ပန်းဆုံး အချိန်ပဲ..."
"ချင်ဧကရာဇ် ရုတ်တရက် ပျောက်သွားတာက အဲ့ဒီ သရဲဘုရင် ပြောသလိုပဲ သူ တကယ်ကြီး ဒဏ်ရာရသွားတာလား..."
"ဒါက ဖြစ်နိုင်တယ်... ယန်မိသားစုရဲ့ မွန်းစတားအိုကြီးတွေက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး... သူတို့အားလုံးကို သတ်ဖို့ဆိုရင် ကြီးမားတဲ့ တန်ကြေးတစ်ခုကို ပေးဆပ်ရလိမ့်မယ်..."
လူတိုင်း လှုပ်ရှားရန် စိတ်အားထက်သန်နေကြသည်။ ယန်မိသားစု၏ ချမ်းသာကြွယ်ဝမှုသည် သူတို့၏ မျက်စိရှေ့တွင် ရှိနေသဖြင့် မည်သူကမျှ မက်မောခြင်း မရှိဟု ပြောပါက ဤသည်မှာ လိမ်လည်မှုသာ ဖြစ်ပေလိမ့်မည်။
ကြီးမားသော ငွေအပ်နှံ့ဌာနများကို ထည့်မပြောလျှင်ပင် မြို့အပြင်ဘက်တွင် ကြီးမားသော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ဆယ်နှင့်ချီ၍ ရှိနေသည်။ ထိုကြီးမားသော မိုင်းတွင်းတစ်ခုစီ၏အောက်တွင် မိုင်းတွင်းငယ်ပေါင်း ရာပေါင်းများစွာ ရှိနေပေ၏။ ထိုအရာများမှ နှစ်စဉ်ထုတ်လုပ်သော စိတ်ဝိညာဉ်ကျောက်တုံးပမာဏာမှာ ကြောက်ခမန်းလိလိပင်။
ယခင်က လုယွီ တာဝန်ယူထားသောကြောင့် လူအများ၏ငြိမ်းသတ်ထားခဲ့သော လောဘသည် ဤအချိန်အခိုက်အတန့်၌ တဖန်ပြန်၍ လောင်ကျွမ်းလာသည်။
လုယိုက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ငါတို့စစ်တပ်က သေကြေပျက်စီးမှုတွေ ဖြစ်ခဲ့တာ မှန်ပေမဲ့ တစ်ခုတော့ ငါ သေချာသိတယ်... အရှင်ဧကရာဇ် ထွက်ပေါ်လာတဲ့နဲ့ အဲ့ဒီအချိန်က မင်းတို့ရဲ့ ပျက်စီးချိန်ပဲ..."
"ခြောက်လှန့်တဲ့ နည်းဗျူဟာတွေကို ဆက်မသုံးပါနဲ့တော့... ငါ့ရဲ့ ဓမ္မမျက်စိနဲ့ ငါ ကြည့်ပြီးပြီ... ဖုန်းတု မြို့တော်ထဲက မင်းတို့ရဲ့ ချင်စစ်တပ်မှာ အသန်မာဆုံးလူက မင်းပဲ..."
သရဲဘုရင်၏မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။
"မင်းတို့ရဲ့ ချင်ဧကရာဇ်က အရင်ကတည်းက ထွက်ပြေးသွားပြီးတော့ မင်းတို့ကို သေဖို့ ထားခဲ့တာ... သူ ထွက်ပေါ်လာနိုင်တယ်လို့ မင်းပြောတယ်မလား... ငါ ဒီမှာ ရပ်နေမယ်... သူ ဘယ်မှာလဲ..."
"မင်းက ငါ့ကို ရှာနေတာလား..."
ထိုအချိန်မှာပင် အေးစက်သော အသံတစ်သံက မိုးကောင်းကင်ယံမှ ပျံ့နှံ့လာသည်။
wunzinnosp