← Chapters

အခန်း ၅၅၀၀

Vol. 278 Ch. 5500

အခန်း ၅၅၀၀

Vol. 278 Ch. 5500

Chapter 5500

သရဲဘုရင်တစ်ပါးသည် ဤသို့ဖြင့် သေဆုံးသွားပေ၏။

ရွှေရောင်အလင်းတန်းသည် သရဲဘုရင်၏ စိတ်ဝိညာဉ် ကို ထွင်းဖောက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။ မြေပြင် အက်ကွဲသွားပြီး နက်ရှိုင်းသော အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

သရဲဘုရင် ယခင်က ထုတ်လွှတ်ခဲ့သော အကြွင်းအကျန် ဖိအားသည် တည်ရှိနေဆဲဖြစ်သော်လည်း ကျန်အရာအားလုံးသည် တိတ်တဆိတ် ပျောက်ကွယ်သွားလေ၏။ လုယွီ၏ မိုးကြိုးကဲ့သို့ လျှင်မြန်ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ဤ သရဲဘုရင်သည် ပြန်လည်ခုခံရန် အခွင့်အရေး မရှိခဲ့ချေ။ သူ၏ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်နှစ်ခုလုံး အကြွင်းမဲ့ ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရသည်။

ဖုန်းတုမြို့တော်အတွင်း၌ ချက်ချင်းတိတ်ဆိတ်သွားပေ၏။

လူအများသည် သူတို့၏ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေဆဲပင်။

ထိုသရဲဘုရင်၏စွမ်းအားမှာ အလွန်ကြီးမားကြောင်း သံသယဖြစ်ဖွယ်မရှိချေ။ သူ ထုတ်လွှတ်လိုက်သော ဖိအားသည် မြို့တော်အတွင်းရှိ အစွမ်းထက် ကျင့်ကြံသူ အမြောက်အများကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ သို့သော် သူသည် လုယွီ၏ လက်ချက်ဖြင့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေဆုံးသွားခဲ့ပြီး အနည်းငယ်မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ချင်ဧကရာဇ်သည် အကန့်အသတ်သို့ ရောက်နေပြီဟု အစောပိုင်းက မည်သူ ပြောခဲ့သနည်း....

အစွမ်းထက်ကျင့်ကြံသူ အမြောက်အများသည် တံတွေးများကို တိတ်တဆိတ် မျိုချလိုက်ကြ၏။ အကယ်၍ ထိုရွှေရောင်အလင်းတန်းကသာ သူတို့ကို တိုက်ခိုက်ခဲ့ပါက သူတို့သည် နေရာမှာတင် သေဆုံးသွားပေမည်။

အဝေးတွင်ရှိနေသော သရဲတစ္ဆေစစ်သားအုပ်စုသည် လုယွီကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြပြီး သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံနိုင်အောင် ဖြစ်နေကြသည်။

သူတို့၏ခေါင်းဆောင်ဖြစ်သော ထိုသရဲဘုရင်ထံတွင် နက်နဲသိမ်မွေ့ပြီး အံ့အားသင့်ဖွယ်ကောင်းသော ကျင့်ကြံဆင့်စွမ်းအား ရှိသော်လည်း သူသည် လုယွီ၏ တိုက်ခိုက်မှုတစ်ခုကိုပင် တောင့်မခံနိုင်ခဲ့ချေ။

"ဒါက... မဟာချင်ရဲ့ ဧကရာဇ်လား..."

လူတချို့က တုန်ရီနေသော အသံများဖြင့် ရေရွတ်လိုက်ကြသည်။

လုယွီ ပြသလိုက်သော စွမ်းအားသည် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ပြီး သူတို့ကို တန်ပြန်တိုက်ခိုက်ရန် မည်သည့်အတွေးမျိုးမျှ မတွေးရဲစေတော့ချေ။

"သေရမှာကို မကြောက်ဘဲ မဟာချင်ရဲ့နယ်မြေမှာ ပြဿနာလာရှာရဲတဲ့လူတွေ တကယ်ကြီး ရှိနေတာပဲ..."

လုယွီသည် ပတ်ဝန်းကျင်ကိုကြည့်ကာ အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။

ရှေ့သို့ပြေးဝင်လာသော သရဲတစ္ဆေစစ်သားများသည် ချက်ချင်းဆိုသလိုပင် သူတို့၏ဆံပင်များ ထောင်ထလာသည်ကို ခံစားလိုက်ရသည်။ လုယွီသည် ဖုန်းတု ကို မဟာချင်၏နယ်မြေအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

သူတို့သည် မူလက အကျိုးအမြတ်များကို ခွဲဝေယူချင်ခဲ့သော်လည်း မထင်မှတ်ဘဲ အစွမ်းထက်သော တည်ရှိမှုတစ်ခုကို ရန်စမိခဲ့လေ၏။

"ချင်ဧကရာဇ်... ငါတို့လည်း တခြားသူတွေရဲ့ လှည့်စားတာကို ခံရတာပါ... အရာအားလုံးက နားလည်မှုလွဲတာပါ... ငါ အခု ထွက်သွားတော့မယ်..."

တစ်စုံတစ်ယောက်က အလျင်စလို ပြောဆိုပြီး ထွက်ခွာသွားရန်အတွက် နောက်သို့လှည့်လိုက်၏။

လုယွီထံမှနေ၍ ကြီးမားကျယ်ပြန့်ပြီး အဆုံးအစမရှိသော ဖိအားတစ်ရပ်ကို သူတို့ ခံစားလိုက်ရပြီး ဤသည်က ရှေးဟောင်းရက်စက်ကြမ်းကြုတ်သားရဲတစ်ကောင်ကို ရင်ဆိုင်နေရသည့်အလား သူတို့၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားစေသည်။

"ခုတ်ပိုင်းစမ်း..."

လုယွီက အော်ဟစ်လိုက်သည်။

သူ့ထံမှ အဖြူရောင်ချီစွမ်းအင်လှိုင်းတစ်လှိုင်း ထွက်ပေါ်လာကာ သုံးပေရှည်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ဆီးနှင်းကဲ့သို့ အေးစက်ပြီး ထက်ရှသော ဓားချီသည် ရှေ့သို့ ရုတ်တရက် ပျံ့လွင့်လာပေ၏။

'ဝှစ်'ခနဲ အသံနှင့်အတူ ဓားချီသည် မိုင်အတော်များများအကွာထိ ဖြတ်သန်းတိုက်ခတ်သွားပြီး ထိုလူ၏ ခေါင်းကို ပြင်းထန်စွာ ထိုးဖောက်သွားကာ သူ၏ ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုလုံးကို ခြေမွှဖျက်ဆီးလိုက်သည်။

သွေးများဖြာကျလာပြီး မြေပြင်ပေါ်တွင် သွေးအိုင်တစ်ခုအဖြစ် စုစည်းသွားတော့သည်။

"မကောင်းတော့ဘူး... ချင်ဧကရာဇ် က လှုပ်ရှားတော့မယ်... ငါတို့ မြန်မြန်ထွက်သွားရအောင်..."

လူအများသည် ထိုအချိန်မှသာ သတိပြန်ဝင်လာပြီး ထွက်ပြေးရန်အတွက် နောက်သို့လှည့်လိုက်ကြ၏။

သူတို့သည် အကျိုးစီးပွားကြောင့် ယာယီပေါင်းစည်းထားသော စည်းကမ်းမဲ့ လူအုပ်စုတစ်စုသာ ဖြစ်သည်။ ယခုချိန်၌ ခေါင်းဆောင်မရှိတော့သဖြင့် သူတို့သည် လုယွီကို ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်းမရှိချေ။

အစောပိုင်းက ဖုန်းတုမြို့တော်အတွင်းသို့ ဝင်ရောက်လာသော သရဲတစ္ဆေစစ်သား အရေအတွက်မှာ တစ်သောင်းခန့် ရှိနေသည်။

သူတို့သည် တန်ဖိုးကြီးပစ္စည်းတချို့ကို လုယက်ခဲ့ပြီး ဤအချိန်၌ ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ရပ်တန့်ကာ ချက်ချင်းထွက်ပြေးရန် ဟန်ပြင်လိုက်ကြ၏။

"ငါတို့ဘက်မှာ လူအများကြီး ရှိတယ်... လူခွဲပြီး ပြေးကြရအောင်... သူ ငါတို့ အားလုံးကို သတ်နိုင်မှာ မဟုတ်ဘူး..."

လူတစ်ယောက်က ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။

ဤစကားသည် လူအများအပြားထံမှ တုံ့ပြန်မှုများကို ချက်ချင်းရရှိခဲ့သည်။ ဖုန်းတုမြို့တော်အတွင်းရှိ ကန့်သတ်ချက်များ ပျောက်ကွယ်သွားပြီး ကျင့်ကြံသူတချို့သည် ပျံသန်းခြင်းနှင့်မြေလျှိုးခြင်းနည်းစနစ်များကို အသုံးပြုလိုက်ကြ၏။ လုယွီ၏ဖမ်းဆုပ်မှုမှ လွတ်မြောက်ရန်အတွက် သူတို့သည်တတ်နိုင်သမျှ နည်းလမ်းများအားလုံးကို အသုံးပြုခဲ့သည်။

"ငါ့ရဲ့ မဟာချင်နယ်မြေကို မင်းတို့က ဘာလို့ ထင်နေတာလဲ... မင်းတို့ လာချင်တဲ့အချိန်လာပြီး ထွက်သွားချင်တဲ့အချိန် သွားလို့ရမယ်လို့ ထင်နေတာလား..."

လုယွီ၏အကြည့်သည် ထက်ရှပြီး အေးစက်နေကာ သူ၏အသံမှာ မိုးကြိုးပစ်ခတ်သံအလားပင်။ သူက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သောင်းနှင့်ချီသည့် ဓားချီလှိုင်းများက ဖုန်းတုမြို့​တော်တခွင်လုံးကို လွှမ်းခြုံသွားသည်။

ဝှစ်...

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ကောင်းကင်၊ မြေကြီးနှင့် သာမန်မျက်စိဖြင့် မြင်နိုင်သမျှ အရာအားလုံးကို ထူထပ်သိပ်သည်းသော ဓားချီများက ဖုံးလွှမ်းသွားသည်။

ဤသည်မှာ မိုးကဲ့သို့ ရွာသွန်းနေသော ဓားချီများပင်။

"အား... အား... အား..."

အော်ဟစ်သံများ ပတ်ဝန်းကျင်မှ အဆက်မပြတ် ထွက်ပေါ်လာ၏။ လူအများသည် ဖုန်းတုမြို့တော်မှ မလွတ်မြောက်မီ ဓားချီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များနှင့်ခေါင်းများ ကင်းကွာသွားကြတော့သည်။

လူများ အဆက်မပြတ် လဲကျပြီး နေရာမှာပင် သေဆုံးနေကြသည်။ ဤနေရာသည် စည်ကားသော ဖုန်းတု မြို့တော် မဟုတ်တော့ဘဲ သူတို့၏ အသူရာငရဲနယ်မြေ ဖြစ်လာခဲ့လေပြီ။

wunzinnosp

All Chapters