← Chapters

အခန်း ၅၅၀၄

Vol. 278 Ch. 5504

အခန်း ၅၅၀၄

Vol. 278 Ch. 5504

Chapter 5504

"သောက်ကောင်တွေ..."

အဝေးရှိ ကြယ်တာရာကောင်းကင်ယံမှ ကျယ်လောင်သော ခွေးဟောင်သံတစ်သံ ပဲ့တင်ထပ်သွားသည်။

တာ့ဟေးသည် သူ၏စခန်းကို အနောက်မှ ဝင်ရောက်စီးနင်းခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ သူ၏ ခွေးမျက်လုံးများသည် သွေးရောင်လွှမ်းနေကာ ဖုန်းတုမြို့တော်၏ဦးတည်ချက်ဆီသို့ ဒေါသတကြီး စိုက်ကြည့်နေပေ၏။

"ထားလိုက်တော့... အခုလောလောဆယ် အဲ့ဒီအရာတွေကို ငါ ဂရုမစိုက်တော့ဘူး... ဒီအပျက်အစီးနယ်မြေနဲ့ ယှဉ်ရင် အဲ့ဒါတွေက သာမန် ပစ္စည်းတွေပဲ..."

တာ့ဟေးသည် သူ၏စိတ်နှလုံးသားထဲတွင် အဆက်မပြတ် နှစ်သိမ့်နေခဲ့သော်လည်း သူ၏နှလုံးသွေး ယိုစီးနေသည့် ခံစားချက်ကို မည်သို့မျှ မဖယ်ရှားနိုင်ခဲ့ချေ။

အချိန်အတော်ကြာပြီးနောက် ခွေးနက်ကြီးသည်အစွယ်များနှင့် လက်သည်းများကို ရုတ်တရက် လှစ်ဟပြကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

"သေစမ်း... ဒီအရှင်ခွေးနက်ကို မင်းတို့ ဘယ်သူတွေလဲဆိုတာ မသိစေနဲ့... မဟုတ်ရင် ငါ ပြန်လာတာနဲ့ မင်းတို့ကို ပြန်ပေးဆပ်ရအောင် လုပ်မယ်..."

...

ဖုန်းတု...တော်ဝင်နန်းတော်၌...

မဟာချင် စစ်တပ်သည် ဤနေရာကို လွှဲပြောင်းယူခဲ့ပြီး ခိုင်ခံ့သော ကာကွယ်ရေးများကို နေရာချထားခဲ့သည်။

ကျယ်ဝန်းပြီး သန့်ရှင်းသော နန်းတော်ခန်းမကြီးတစ်ခုကို ရှင်းလင်းပြီး လုယွီ နေထိုင်ရန် စီမံလိုက်ကြသည်။ ဤနေရာသည် အလွန်တိတ်ဆိတ်နေပြီး မူလက ယန်မိသားစု၏ မဟာအကြီးအကဲတစ်ဦး ပိုင်ဆိုင်ခဲ့သော်လည်း ယခုအချိန်၌ မဟာချင်၏လက်ထဲတွင် လုံးလုံးလျားလျား ရှိနေလေပြီ။

လုယွီသည် ကုတင်ပေါ်တွင် ပလ္လင်ခွေ ထိုင်နေသော်လည်း သူ၏အသိစိတ် ကင်းလွတ်နေပေ၏။

ရွှေရောင်မျှော်စင်တစ်ခုက လုယွီ၏ရှေ့ရှိ လေဟာနယ်အတွင်းတွင် မျောလွင့်နေသည်။ ဤသည်မှာ သန့်စင်ယန်မျှော်စင်ဖြစ်ပြီး လုယွီ၏ နတ်ဘုရားစိတ်အာရုံသည် ယခုအချိန်၌ ထိုမျှော်စင်နှင့် တွယ်ကပ်နေလေပြီ။

သန့်စင်ယန်မျှော်စင်အောက်တွင် စိတ်ဝိညာဉ်များ သန်းနှင့်ချီ စုရုံးနေကြပြီး အာဟာရအဖြစ် ဆောင်ရွက်ကာ လုယွီအတွက် ယုံကြည်မှုစွမ်းအားကို အဆက်မပြတ် ထောက်ပံ့ပေးနေသည်။

ထိုကဲ့သို့ ကောင်းချီးများနှင့်အတူ လုယွီ၏နတ်ဘုရား စွမ်းအားများသည် တစ်နေ့လျှင် မိုင်တစ်ထောင် အမြန်နှုန်းနီးပါးဖြင့် လျှင်မြန်စွာ တိုးတက်လာပေ၏။

လုယွီ၏ရှေ့တွင် ထူထပ်သိပ်သည်းပြီး လေးလံသော သံကြိုးအစုအဝေးတစ်ခု ထွက်ပေါ်လာသည်။ ထိုသံကြိုးများသည် မှိန်ဖျော့နေသော စိတ်ဝိညာဉ်တစ်ခုကို ချည်နှောင်ထားပြီး ထိုသူသည် ကံကြမ္မာမီးတောက်၏ လောင်ကျွမ်းမှုပြစ်ဒဏ်ကို ခံယူနေရသည်။

"အား... အား.."

ထိုစိတ်ဝိညာဉ်သည် ကြေကွဲဖွယ် ငိုကြွေးသံတစ်သံကို ထုတ်လွှတ်လိုက်သော်လည်း အသံတစ်သံမျှ ပြင်ပသို့ ရောက်မသွားခဲ့ချေ။ အရာအားလုံးသည် သန့်စင်ယန်မျှော်စင်အတွင်း၌ လွှမ်းခြုံထားခြင်း ဖြစ်ပေ၏။

လုယွီသည် နတ်ဘုရားဘုရင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်ဘုရားဘုရင်ပလ္လင်ပေါ်တွင် ထိုင်ကာ ညှဉ်းပန်းနှိပ်စက်ခံနေရသော စိတ်ဝိညာဉ်ကို ကြည့်နေပြီး သူ၏မျက်နှာ ရေကဲ့သို့ တည်ငြိမ်နေသည်။

"ကျေးဇူးပြုပြီး ငါ့ကို သေခွင့်ပေးပါ... မင်း သိချင်တာ မှန်သမျှ ငါ ပြောပြနိုင်တယ်..."

သံကြိုးများဖြင့် ချည်နှောင်ခြင်း ခံထားရသော စိတ်ဝိညာဉ်မှာ ယန်ထုံပင်။

ယန်မိသားစု၏ ယခင်ပါရမီရှင်သည် ယခုအချိန်၌ သူ၏ ရုပ်ခန္ဓာကိုယ် ပျက်စီးသွားပြီး အားနည်းသော စိတ်ဝိညာဉ်သာ ကျန်ရှိတော့ကာ သူ၏မျက်စိရှေ့တွင် ဤအသွင်အပြင် ဖြစ်လာခဲ့သည်။

ကံကြမ္မာမီးတောက် လောင်ကျွမ်းလာသည်နှင့်အမျှ သူ၏စိတ်ဝိညာဉ်သည် အချိန်မရွေး ငြိမ်းသေသွားနိုင်သကဲ့သို့ အနက်ရောင် မီးခိုးငွေ့များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

သူသည် နာကျင်နေပြီး ဆင်းရဲဒုက္ခ ရောက်နေပေ၏။ ထိုနှလုံးကွဲလုမတတ် နာကျင်မှုသည် သူ၏ စိတ်ဝိညာဉ်ကို ပြိုကွဲသွားစေရန် လုံလောက်သည်။

သို့တိုင် လုယွီသည် ကံကြမ္မာမီးတောက်ကို အတိအကျ ထိန်းချုပ်ထားပြီး ယန်ထုံ၏စိတ်ဝိညာဥ်ကို ပြိုကွဲမသွားစေဘဲ ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်ရှိစေခဲ့ပေ၏။

သူ၏ရှေ့ရှိ လုယွီသည် ချောမောပြီး ငယ်ရွယ်ကာ ခန့်ညားပုံရသော်လည်း ယန်ထုံ၏မျက်လုံးများတွင်မူ တစ်ဖက်လူသည် ငရဲမှ ကြောက်မက်ဖွယ်အကောင်းဆုံး မကောင်းဆိုးဝါးတစ်ကောင်နှင့် တူညီနေသည်။

ကံကြမ္မာမီးတောက်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ယန်ထုံသည် အချိန်အကြာကြီး အသက်ရှူမဝသကဲ့သို့ လေကိုအမောတကောရှူသွင်းလိုက်သည်။

"ငါ အမှန်တရားကို ကြားချင်တယ်..."

လုယွီ၏အမူအရာ အလွန်အမင်း တည်ငြိမ်နေသည်။

"မင်း နောက်ထပ် အလိမ်အညာတစ်ခု ပြောမယ်ဆိုရင် မင်းကို ငါ ကံကြမ္မာမီးတောက် အသူရာသရဲတစ္ဆေနယ်မြေထဲ ပစ်ထည့်ပြီးတော့ မင်းဘာသာမင်း အသက်ရှင်ဖို့ ချန်ထားခဲ့မယ်..."

"ကံကြမ္မာမီးတောက် အသူရာသရဲတစ္ဆေနယ်မြေ"

ထိုစကားလုံးများကို ကြားချိန်၌ ယန်ထုံသည် ကြောက်မက်ဖွယ်အကောင်းဆုံး အရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ ပြင်းထန်စွာ တုန်ရီသွားသည်။

"အဲ့ဒါက သဟဇာတဘုရင်ပဲ..."

ယန်ထုံက အသက်ပြင်းပြင်းရှူကာ အရာအားလုံးကို ဖွင့်ဟပြောဆိုလိုက်သည်။

"ယန်ဟွမ်ရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးပြီးတော့ ဖန်နင်းချူကို မင်္ဂလာပွဲကနေ ကယ်တင်ဖို့အတွက် သူက ငါ့ကို အဆိပ်ပြင်းတဲ့ ကျိန်စာတိုက်ပြီး အတင်းအကြပ် ခိုင်းစေခဲ့တယ်..."

"သဟဇာတဘုရင်..."

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

ဤသည်မှာ သူ မမျှော်လင့်ထားသော အဖြေတစ်ခုပင်။ ဤကိစ္စတွင် တခြားသရဲဘုရင်တစ်ပါး ပါဝင်ပတ်သတ်နေလိမ့်မည်ဟု လုယွီ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။

လုယွီ ဒေါသထွက်မည်ကို စိုးရိမ်ပုံရသဖြင့် ယန်ထုံက စိုးရိမ်တကြီး ပြောဆိုလိုက်သည်။

"ငါက အပြစ်ကင်းပါတယ်... အဲ့ဒီနေ့က ငါ အပြင်ထွက်တော့ သဟဇာတဘုရင်က ငါ့ကို ဖမ်းဆီးဖို့ လူတွေလွှတ်ပြီး ချုံခိုတိုက်ခိုက်ခဲ့တယ်... ပြီးတော့ ငါ့ကို အဆိပ်ပြင်းတဲ့ ကျိန်စာတိုက်တယ်... ငါ့မှာ ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ဘူး... တကယ်လို့ ဒီကိစ္စကို ငါ တခြားလူတွေကို ပြောပြရင် သူ ချက်ချင်းအာရုံခံမိပြီးတော့ အဆိပ်ပြင်းတဲ့ ကျိန်စာကို အသက်သွင်းပြီး ငါ့ရဲ့ စိတ်ဝိညာဉ်ကို ပြိုကွဲသွားအောင် လုပ်လိမ့်မယ်..."

wunzinnosp

All Chapters