အခန်း ၅၅၀၅
Vol. 278 Ch. 5505
Chapter 5505 နဝမနယ်မြေ သွမ်းမိသားစု
ယန်ထုံသည် ဤစကားများကို ပြောဆိုရာ၌ အော်ဟစ်မိလုနီးပါးပင်။
သူသည် ရူးသွပ်လုနီးပါး ဖြစ်နေလေပြီ။ သူသည် ကျိန်စာတိုက်ခံထားရသဖြင့် အမှန်တရားကို ပြောပြပါက သေချာပေါက် သေရမည်ဖြစ်သော်လည်း လုယွီ၏ အကြိမ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံရမှုအပြီးတွင် ယန်ထုံသည် အလွန်အမင်း နာကျင်နေခဲ့သည်။ သူသည် လျှို့ဝှက်ချက်များအားလုံးကို ထုတ်ဖော်ပြောဆိုလိုက်၏။
အတိတ်တွင် မြေအောက်လောက တာအိုသခင်သည် ကောင်းကင်ဘုံနယ်မြေရှိ လူအများ၏ စိတ်နှလုံးသားထဲတွင် ပြိုင်ဘက်ကင်း မကောင်းဆိုးဝါး တစ်ကောင်၏ပုံရိပ်ကို ထိန်းသိမ်းထားဆဲပင်။ ယခုလက်ရှိ ယန်ထုံ ခံစားနေရသည်မှာ လုယွီ၏အတိတ်ဘဝက နည်းလမ်းအမျိုးမျိုးနှင့် ခွဲခြား၍မရနိုင်ချေ။
လူများကို စစ်ဆေးမေးမြန်းရန် ထိုကဲ့သို့ နည်းလမ်းများသည် လုယွီ အလွယ်တကူ အသုံးပြုနိုင်သည့် အသေးအဖွဲ လှည့်ကွက်များသာဖြစ်သည်။ ထိုအရာများသည် ယန်ထုံကဲ့သို့ လူငယ်ပါရမီရှင်တစ်ဦး ခံနိုင်ရည်ရှိမည့်အရာမျိုး မဟုတ်ချေ။
"အမ်... ငါ ဘာလို့ အဆင်ပြေနေတာလဲ..."
ယန်ထုံ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူ့ကိုယ်သူ ထိတ်လန့်တကြား ကြည့်လိုက်၏။
သူ့စိတ်ဝိညာဉ်၏ မှောင်မိုက်သော ထောင့်များတွင် အလွန်ပုန်းကွယ်နေသော ကျိန်စာတစ်ခုကို ဖုံးကွယ်ထားပြီး ယန်ထုံအား အချိန်တိုင်း လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားရန် အတင်းအကြပ် ခိုင်းစေထားသည်။
သို့သော် ယန်ထုံသည် ယခုအချိန်၌ သူ၏ လျှို့ဝှက်ချက်များအားလုံးကို ဖော်ထုတ်ခဲ့သော်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။
"ဒီနေရာမှာ မင်း ဘာပဲပြောပြော သူ အာရုံခံနိုင်မှာ မဟုတ်ဘူး..."
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
သန့်စင်ယန်မျှော်စင်သည် မသေမျိုးအဆင့် မှော်လက်နက်တစ်ခုဖြစ်ပြီး ထိုမျှော်စင်ကို ပြင်ပကမ္ဘာမှ ခွဲထုတ်ထားသည်။ ထို့ကြောင့် ကျိန်စာများကြားရှိ ဆက်သွယ်မှုသည် ပြတ်တောက်သွားခြင်း ဖြစ်ပေ၏။
ဤစကားကို ကြားချိန်၌ ယန်ထုံ၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာတစ်ရပ် ထင်ဟပ်လာသည်။
သို့သော် သူသည်လည်း ဉာဏ်ကောင်းသူတစ်ယောက်ပင်။ သူသည် သဟဇာတဘုရင်နှင့် တွေ့ဆုံခဲ့ပုံနှင့် ဖန်နင်းချူကို ဖမ်းဆီးရန် သူတို့ မည်ကဲ့သို့ ကြံစည်ခဲ့ပုံတို့အား အရာအားလုံးကို အလျှင်အမြန် ပြန်လည်ပြောပြခဲ့သည်။
ထိုနေ့က ဖန်နင်းချူကို ဖမ်းဆီးခဲ့သော အစွမ်းထက်ကျင့်ကြံသူများအားလုံးသည် သဟဇာတဘုရင်က စေလွှတ်လိုက်ခြင်းဖြစ်ပြီး ယန်ထုံသည် အတွင်းလူတစ်ဦးအဖြစ်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပေ၏။ သူတို့၏ ကဏဦးအစီအစဉ်အရ ယန်ထုံသည် ဤအစွမ်းထက်ကျင့်ကြံသူများနှင့် တွေ့ဆုံပြီး သူမကို အတင်းအကျပ် ဖမ်းဆီးရန် ဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ ကောင်းကင်ကွန်ယက်က အရင်လှုပ်ရှားခဲ့သဖြင့် သဟဇာတဘုရင်၏လက်အောက်ရှိ အစွမ်းထက်ကျင့်ကြံသူများသည် ချုံခိုတိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းခဲ့ကြသည်။ သူတို့သည် ကောင်းကင်ကွန်ယက်မှလူများ ပြန်ဆုတ်လာသည့် လမ်းကြောင်းတလျှောက်တွင် ပုန်းအောင်းနေခဲ့ကြ၏။
ဖန်ယင်းကဲ့သို့ ကောင်းကင်ကွန်ယက် တပ်မှူးကိုသည် ယန်မိသားစုမှ သာမန် ပါရမီရှင်တစ်ဦးကို မယှဥ်ပြိုင်နိုင်ခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဤကိစ္စတွင် ယန်ထုံအား နောက်ကွယ်မှ ကူညီပေးနေသည့် အစွမ်းထက်ကျင့်ကြံသူ အမြောက်အများ ရှိနေခဲ့သည်။
"သဟဇာတဘုရင်... သဟဇာတဘုရင်..."
လုယွီက ထိုအမည်ကို ရေရွတ်လိုက်၏။
သဟဇာတဘုရင် သွမ်းချန်ချင်းသည် ငရဲနယ်မြေ၏ နဝမနယ်မြေကို ထိန်းချုပ်ထားသည်။
သူ ဆင်းသက်လာသော သွမ်းမိသားစုသည်လည်း ငရဲနယ်မြေတွင် နက်ရှိုင်းသော အခြေခံအုတ်မြစ်များရှိသည့် အလွန်ရှေးကျသော မိသားစုတစ်စုပင်။
သို့သော် ယန်မိသားစုနှင့် မတူဘဲ သွမ်းမိသားစုသည် ကုန်သည်များ၏ လမ်းကြောင်းမှတစ်ဆင့် တည်ထောင်ခဲ့ပြီး မျိုးဆက်ပေါင်းများစွာ ကုန်သွယ်မှုတွင် ပါဝင်ကာ ငရဲနယ်မြေ၏အာဏာလုပွဲများတွင် မပါဝင်ခဲ့ချေ။
နဝမနယ်မြေသည် ကြားနေနယ်မြေဖြစ်ပြီး နယ်မြေအမြောက်အများ အပြန်အလှန် ကုန်သွယ်မှုပြုလုပ်သည့် ဒေသတစ်ခုဖြစ်သည်။ လက်ရှိတွင် ဖရိုဖရဲ စစ်ပွဲများ ဆင်နွှဲနေသော နယ်မြေနှစ်ခုပင်လျှင် ဤနေရာတွင် ဈေးကွက်များ တည်ထောင်ပြီး အရောင်းအဝယ်များ ပြုလုပ်နေကြဆဲပင်။
နှစ်ပေါင်းများစွာ စုဆောင်းပြီးနောက် နဝမနယ်မြေမှ သွမ်းမိသားစုသည် အလွန်ချမ်းသာကြွယ်ဝသည့် မိသားစုတစ်ခု ဖြစ်လာခဲ့သည်မှာ ကြာမြင့်နေလေပြီ။ ထိုမိသားစု၏ သြဇာအာဏာလွှမ်းမိုးမှုသည် ယန်မိသားစုထက် အားမနည်းချေ။
သို့သော် သွမ်းမိသားစုသည် အေးအေးဆေးဆေးနေထိုင်ပြီး တခြားအင်အားစုများကို ရန်မစသောကြောင့် သူတို့သည် ထာဝစဉ် ကြီးပွားတိုးတက်နိုင်ပြီး ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။
အတိတ်တွင် လုယွီသည် မြေအောက်လောက၏ အရှင်သခင် ဖြစ်လာချိန်၌ သွမ်းမိသားစုသည် ချက်ချင်းဆိုသလိုပင် သစ္စာခံကြောင်း ကြေညာခဲ့ပြီး ရတနာအမြောက်အများကိုပင် ဆက်သခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ ထိုရတနာများသည် သွမ်းမိသားစုအတွက် သိသာထင်ရှားသောအရာများ မဟုတ်ကြောင်း လုယွီက ကောင်းစွာသိမြင်ပြီးဖြစ်သည်။
သူတို့သည် လုယွီအပေါ် သစ္စာရှိသည်ဟု ပြောခြင်းထက် ငြိမ်းချမ်းရေးကို ဝယ်ယူရန် ငွေဖြုန်းလိုက်ခြင်းသာဖြစ်သည်ဟု ပြောခြင်းက ပို၍မှန်ကန်ပေလိမ့်မည်။
"ငါ့ရဲ့ တပည့်ဆီကို လက်လှမ်းဖို့အထိ အတင့်ရဲနေတာ... မင်းတို့သွမ်းမိသားစုက သေချင်နေတာလား..."
ဒေါသအရိပ်အယောင်တစ်ခုက လုယွီ၏မျက်လုံးများတွင် ဖြတ်ပြေးသွားပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာသည်။
သူ မည်သူမည်ဝါဖြစ်ကြောင်း ယခုအချိန်တွင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိသော်လည်း နင်းချူသည် သူ မြေအောက်လောကတာအိုသခင်၏ တပည့်ပင်။
ဤလူများသည် သူ၏ယခင်ဘဝတွင် သူ အသက်ရှင်စဉ်က အပေါ်ယံလေးစားမှုကို ထိန်းသိမ်းထားခဲ့ကြသည်။ ယခုအချိန်၌ သူတို့သည် သူတို့၏ စစ်မှန်သော အရောင်အသွေးကို နောက်ဆုံးတွင် ထုတ်ဖော်ပြသလိုက်ကြလေပြီ။
"မင်း သိတာ ဒါအကုန်ပဲလား..."
လုယွီက အေးစက်တင်းမာသောလေသံဖြင့် မေးမြန်းသည်။
ယန်ထုံသည် ထိတ်လန့်သွားပြီး အလျှင်အမြန် ပြောဆိုလိုက်၏။
"ဒါက အမှန်တွေပါ... ကျွန်တော် သိသမျှ အကုန်လုံးကို အရှင့်ကို ပြောပြပြီးပါပြီ..."
လုယွီက သူ့ကို စိုက်ကြည့်ကာ ထပ်မံ၍ မေးလိုက်သည်။
"သဟဇာတဘုရင်က နင်းချူကို ဖမ်းမိပြီးရင် သူ့ကို ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာ မင်း သိလား..."
Thank For Reading.