← Chapters

အခန်း (၂၁၇၅-၂၁၇၆)

Vol. 218 Ch. 2175-2176

အခန်း (၂၁၇၅-၂၁၇၆)

Vol. 218 Ch. 2175-2176

အခန်း (၂၁၇၅) ယင်သူတော်စင် ဆိုတဲ့ တည်ရှိမှုမျိုးက လူတိုင်း ဝိုင်းဝန်း သတ်ဖြတ်ချေမှုန်းရမယ့် အရာပဲ

“ဆရာက ငါ့အတွက်နဲ့…… မတရားတာတွေကို ကြိတ်မှိတ်ခံစားနေရတာပဲ……”

ကျောင်းဆောင်အတွင်းက အခြားသူတော်စင်ကြီးတွေရဲ့ ရှေ့မှောက်မှာတင် ကော်ကာကွယ်ရေးဆရာ က မိမိရဲ့အမှားကို လူပုံအလယ်မှာ ဝန်ခံလိုက်တာကို ကြားလိုက်ရတဲ့အခါ ထိုက်ဟောက်ယွီ ရဲ့ ရင်ထဲ၌ နောင်တတရားတွေ ပြည့်နှက်သွားခဲ့ရပြီး၊ နှလုံးသားတစ်ခုလုံး အောင့်တက်ကာ သွေးစက်လက် ကျနေသလိုမျိုး ခံစားလိုက်ရတယ်။

သူက မျက်လုံးထောင့်ကနေ ဖန့်ချန် အား လှမ်းကြည့်လိုက်မိရာ မျက်ဝန်းအလင်းတန်းတွေက ချက်ချင်းဆိုသလို အလွန်အမင်း အောက်လမ်းဆန်စွာ အေးစက်မှောင်မှိုက်သွားခဲ့ရတော့တယ်။

ဒီအချိန်မှာပဲ မဟာနတ်တောင်အသီးသီးက စောင့်ရှောက်ရေးဆရာတွေကလည်း မျက်လုံးထောင့်ကနေ ကော်ကာကွယ်ရေးဆရာ အား ခိုးကြည့်နေကြပြီး၊ ၎င်းတို့ထဲက အတော်များများရဲ့ မျက်နှာထက်မှာတော့ သူတပါး ပျက်စီးရာပျက်စီးကြောင်းကို ဝမ်းသာအားရဖြစ်နေတဲ့ အရိပ်အယောင်တွေ အထင်အရှား ပေါ်နေခဲ့ကြတယ်။

ကော်ကာကွယ်ရေးဆရာ ကို ရှီးမျိုးနွယ်စုရဲ့ နံပါတ်တစ် စောင့်ရှောက်ရေးဆရာအဖြစ် အမွှမ်းတင်ခံထားရတာကြောင့် ရှီးမျိုးနွယ်စုကျောင်းဆောင်အတွင်းမှာ သူ့မှာ ရန်သူတွေ မနည်းမနော ရှိနေခဲ့တာ ဖြစ်တယ်။ စောင့်ရှောက်ရေးဆရာ အတော်များများက ရင်ထဲ၌ သူ့ကို မကျေမနပ် ဖြစ်နေခဲ့ကြသော်လည်း၊ တစ်ဖက်လူရဲ့ အစွမ်းက တကယ့်ကို အားကောင်းလွန်းလှတာကြောင့် ပုံမှန်ဆိုရင် အချင်းချင်း ပွတ်တိုက်မှုအချို့ ရှိခဲ့လျှင်ပင် ၎င်းတို့အနေနဲ့ ရှောင်ဖယ်သွားဖို့အတွက်သာ ရွေးချယ်နိုင်ခဲ့ကြတာ ဖြစ်တယ်။

အခုတော့ လူသားမျိုးနွယ်စုရဲ့ မျိုးဆက်သစ်လူငယ်က ကျောထောက်နောက်ခံပြုပေးမယ့် အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ခေါ်ဆောင်လာပြီး ကော်ကာကွယ်ရေးဆရာ ကို အတင်းအကျပ် အမှားဝန်ခံခိုင်းလိုက်တာကို မြင်တွေ့လိုက်ရတာကြောင့် ၎င်းတို့တွေ သဘာဝကျကျပဲ သူတပါး ကံဆိုးတာကို ဝမ်းသာနေကြတာ ဖြစ်တယ်။

လက်ရှိအချိန်မှာ ကော်ကာကွယ်ရေးဆရာ ၏ အမူအရာကတော့ တည်ငြိမ်အေးဆေးလှပေသည်၊ သူက ကော်ယန်ရှောက် တို့လူစုကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် အကြည့်တွေက ဖန့်ချန် ရဲ့ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ကာ၊ ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်ခြင်းက မိမိရဲ့ 'အမှား' ကို အေးအေးဆေးဆေးပဲ ရင်ဆိုင်လိုက်တဲ့ သဘောပင် ဖြစ်တယ်။

“ကော်ညီလေး…… ကြည့်ရတာတော့ ကာကွယ်ရေးဆရာ လည်း သူ့ရဲ့ အမှားကို သိရှိသွားခဲ့ပြီပဲဥစ္စာ၊ ဒီကိစ္စကို ဒီတင်ပဲ ဖြတ်လိုက်ရင် မကောင်းဘူးလား ”

ဇုန်းချန်သောက် က ပြုံးရွှင်လျက် ပြောဆိုလိုက်တယ်။

ပညာရေးမှူးကြီး ယန်ယွမ် ကတော့ ဘာတစ်ခုမှ ဝင်ရောက်ပြောဆိုခြင်း မရှိဘဲ၊ ဒီကိစ္စက သူ့နဲ့ ဘာမှမသက်ဆိုင်သလိုမျိုး ဘေးနားမှာ ပြုံးပြုံးကြီး ရပ်နေခဲ့တယ်။

ဒီနေရာကို တာဝန်ယူကွပ်ကဲရတဲ့ စစ်ဆေးရေးမှူး ရွှီထင် အနေနဲ့လည်း သူ့ကိုယ်တိုင်က ရှီးမျိုးနွယ်စုရဲ့ သူတော်စင်တစ်ယောက် မဟုတ်ပါဘဲ ရှီးမျိုးနွယ်စုကျောင်းဆောင်ကို စစ်ဆေးကွပ်ကဲဖို့အတွက်သာ တာဝန်ယူထားရတာ ဖြစ်တာကြောင့်၊ ကျောင်းဆောင်တွင်းက ဤကဲ့သို့သော ကိစ္စရပ်မျိုး ကြုံတွေ့ရတဲ့အခါ သူလည်းပဲ ဝင်ရောက်သဘောထားမှတ်ချက်ပေးဖို့ အကြောင်းပြချက် မရှိပေ။

“စီနီယာအစ်ကိုကြီး ဇုန်း…… မင်း ပြောတဲ့ စကားကို ကျုပ် နည်းနည်း နားမလည်သလို ဖြစ်နေရတယ်ဗျာ……”

ကော်ယန်ရှောက် ၏ မျက်မှောင်က အနည်းငယ် ကြုတ်သွားခဲ့ရတယ်။

ဖန့်ချန် ကတော့ ရင်ထဲ၌ တိတ်တဆိတ် ပြုံးလိုက်မိပြီး၊ ကော်ယန်ရှောက် က ဒီကိစ္စကို သေချာပေါက် သိရှိနေလိမ့်မယ်လို့ သူ အပိုင်တွက်ချက်ထားခဲ့တယ်။

ဒါပေမဲ့ ဤကဲ့သို့သော အတိတ်က အကြွေးဟောင်းလေး တစ်ခုတည်းနဲ့တော့ ကော်ကာကွယ်ရေးဆရာ ကို ဘယ်လိုနည်းနဲ့မှ ရာထူးကနေ ဖြုတ်ချပစ်နိုင်မှာ မဟုတ်တာကြောင့်၊ ကော်ယန်ရှောက် က ဒီကိစ္စကို အကြောင်းပြချက်အဖြစ် အသုံးချပြီး ပြဿနာရှာဖို့ စိတ်ကူးမရှိတာ ဖြစ်တယ်။

“နားမလည်ဘူး ဟုတ်လား ”

ဇုန်းချန်သောက် က ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီးမှ စပ်စုချင်တဲ့ လေသံဖြင့် ပြန်လည်မေးမြန်းလိုက်သည်။

“ဒါဆိုရင် ကော်ညီလေး ဒီနေ့ ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်က……”

“ကျုပ် ဒီနေ့ ဒီနေရာကို လာရတာက အမှန်တကယ်တော့ အလွန်အမင်း အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပါ၊ ဒီကိစ္စက ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ဂုဏ်သတင်းနဲ့ ပတ်သက်ဆက်နွှယ်နေသလို ရှီးမျိုးနွယ်စုတစ်ခုလုံးရဲ့ သိက္ခာတရားနဲ့လည်း သက်ဆိုင်နေပါတယ် ”

ကော်ယန်ရှောက် က ဖြည်းညင်းစွာဖြင့် ပါးစပ်ဟလိုက်ရာ လေသံထဲ၌ လေးနက်တည်ကြည်ခြင်း အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့သည်။

“တကယ်လို့ ဒီကိစ္စကို သေသေချာချာ သန့်စင်အောင် မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ သက်ရောက်မှုက အလွန်အမင်း ကြီးမားသွားလိမ့်မယ်၊ ကျုပ်က ရှီးမျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို နယ်မြေတစ်ခုကို စောင့်ရှောက်နေရတဲ့ အထွတ်ထိပ်တာအို အဆင့်ကြီးတစ်ယောက်လည်း ဖြစ်တာကြောင့် ဒီလိုမျိုး ကွယ်ပျောက်နေတဲ့ အန္တရာယ်ဆိုးကြီးကို ဖယ်ရှားပစ်ဖို့အတွက် ရှေ့ကနေ တိုက်ရိုက် ထွက်ရပ်ပေးရမှာပဲ ”

ဇုန်းချန်သောက် တို့လူစုရဲ့ မျက်နှာအမူအရာတွေကလည်း တဖြည်းဖြည်းနဲ့ လေးနက်တည်ကြည်သွားခဲ့ရပြီ ဖြစ်တယ်။

ကော်ယန်ရှောက် အခု ပြောဆိုလိုက်တဲ့ စကားတွေက ၎င်းတို့ အစကတည်းက ခန့်မှန်းထားခဲ့ကြတဲ့ ရည်ရွယ်ချက်တွေနဲ့ လုံးဝ ဥဿုံ ကွဲပြားခြားနားနေခဲ့တာ ဖြစ်တယ်။

ဒါပေမဲ့ ဘယ်လိုမျိုး အရေးကြီးတဲ့ ကိစ္စရပ်ကြီးမို့လို့ သူ့လို ပုဂ္ဂိုလ်ကြီးကိုယ်တိုင် တစ်ခေါက် ရောက်ရှိလာရတာလဲ။ ပြီးတော့ လူသားမျိုးနွယ်စုရဲ့ မျိုးဆက်သစ်လူငယ်တစ်ယောက်ကိုပါ ဘာဖြစ်လို့ ခေါ်ဆောင်လာခဲ့ရတာလဲ။

လက်ရှိအချိန်မှာ ဤနေရာတွင် ရှိနေကြတဲ့ စောင့်ရှောက်ရေးဆရာတွေ၊ ထို့အပြင် မဟာနတ်တောင်အသီးသီးက ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်တွေနဲ့ ကျောင်းသားတွေအားလုံးက တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြမိရာ ၎င်းတို့အားလုံးရဲ့ မျက်ဝန်းထဲ၌ လေးနက်ခြင်းများနှင့် ဇဝေဇဝါဖြစ်ခြင်း အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့ကြတယ်။

ဘယ်လိုမျိုး ကိစ္စရပ်ကြီးမို့လို့ ရှီးမျိုးနွယ်စုရဲ့ သိက္ခာတရားကို ထိခိုက်စေနိုင်ရတာလဲ။ ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ဂုဏ်သတင်းအပေါ်မှာပါ ဘာဖြစ်လို့ သက်ရောက်မှု ရှိနေရတာလဲ။

ကော်ကာကွယ်ရေးဆရာ ၏ မျက်ဝန်းအလင်းတန်းတွေက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ရပြီး၊ ရုတ်တရက်ဆိုသလို ဖန့်ချန် အား လှမ်းကြည့်လိုက်မိရာ မျက်ဝန်းထဲ၌ ပြင်းထန်လှတဲ့ မိုးကြိုးလျှပ်စီးတစ်ခု ဖြတ်သန်းသွားခဲ့သလိုမျိုး ခံစားလိုက်ရတယ်။

“ကော်ညီလေး…… မင်းလည်း ပဟေဠိတွေ ဆန်မနေပါနဲ့တော့၊ တကယ်ပဲ ဘာကိစ္စ ဖြစ်ပွားခဲ့လို့လဲ ”

ဇုန်းချန်သောက် က လေးနက်တည်ကြည်တဲ့ မျက်နှာအမူအရာမျိုးဖြင့် လက်အုပ်ချီလျက် မေးမြန်းလိုက်တယ်။

“ဒီကိစ္စက ယင်သူတော်စင်နဲ့ ပတ်သက်ဆက်နွှယ်နေတယ် ”

ကော်ယန်ရှောက် က -

“တကယ်လို့ ဒီလိုမျိုး မဟုတ်ဘူးဆိုရင် ကျုပ်ကိုယ်တိုင်လည်း တစ်ခေါက် အရောက်လာခဲ့လိမ့်မယ် မဟုတ်ဘူး ”

“ယင်သူတော်စင် ဟုတ်လား ”

ဇုန်းချန်သောက်၊ ယန်ယွမ်၊ ထို့အပြင် ရွှီထင် တို့ သုံးဦးစလုံးရဲ့ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်ခြင်း အရိပ်အယောင်တွေ ဖြတ်သန်းသွားခဲ့ရတော့တယ်။

ရှီးမျိုးနွယ်စုကျောင်းဆောင်က စောင့်ရှောက်ရေးဆရာတွေ အားလုံးကလည်း တစ်ပြိုင်နက်တည်း အေးစက်လှတဲ့ လေထုကို တရှူးရှူး ရှူသွင်းလိုက်မိကြရင်း မျက်နှာအမူအရာတွေက ပိုမိုလို့ လေးနက်တည်ကြည်သွားခဲ့ရပြီ ဖြစ်တယ်။

ယင်သူတော်စင် ဆိုတာ ဘာကို ကိုယ်စားပြုသလဲ ဆိုတာကို ၎င်းတို့ သဘာဝကျကျပဲ သိရှိနေကြတာ ဖြစ်တယ်။

အခု ကော်ယန်ရှောက် ကိုယ်တိုင် တစ်ခေါက် အရောက်လာခဲ့တာဆိုတော့ ဖြစ်နိုင်ခြေ အရှိဆုံးက…… ရှီးမျိုးနွယ်စုကျောင်းဆောင်ထဲက တစ်စုံတစ်ယောက်သော တည်ရှိမှုက ယင်သူတော်စင်ရဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့ပြီး၊ အခြားသော သူတော်စင်တစ်ယောက်ရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို လုယက်ခိုးယူခဲ့တာ ဖြစ်ရမယ်။

တကယ်လို့ ဤကဲ့သို့သော ကိစ္စမျိုးက အပြင်လောကဆီသို့ ပျံ့နှံ့မသွားခဲ့ဘူးဆိုလျှင်တော့ ဘာမှမဟုတ်ဘူးဆိုပေမဲ့၊ အခုလိုမျိုး လူပုံအလယ်မှာ ဘူးပေါ်သီးပေါ် ပေါ်ပေါက်လာခဲ့ပြီဆိုမှတော့ သေချာပေါက်ပဲ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီး ရဲ့ ဥပဒေအရ ပြစ်ဒဏ်စီရင်ခြင်းကို ခံရတော့မှာ ဖြစ်ပြီး၊ ဘယ်သူမှလည်း ရှေ့ကနေ မကာကွယ်ရဲကြပေ။ မဟုတ်ရင်တော့ တစ်လောကလုံးက စော်ကားမိသွားမှာက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးရဲ့ လက်အောက်မှာ ရှိကြတဲ့ ကြီးမားလှတဲ့ သူတော်စင်အသီးသီးကို ဖြစ်ပေလိမ့်မယ်။

“ငါတို့ရဲ့ ရှီးမျိုးနွယ်စုကျောင်းဆောင်ထဲကနေ…… ယင်သူတော်စင် ထွက်ပေါ်လာတာ ဟုတ်လား ”

“ဘယ်သူမို့လို့လဲကွာ……”

“ဘယ်သူပဲဖြစ်ဖြစ် ဒီကောင်က ဒီလိုအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးကို ဆွဲခေါ်လာခဲ့ပြီဆိုမှတော့ နောက်ဆုံးမှာ ကောင်းမွန်တဲ့ ရလဒ်မျိုး ရှိလာနိုင်မှာ မဟုတ်တော့ဘူး ”

“တကယ့်ကို ကြွက်ချေးတစ်လုံးကြောင့် ဆန်တစ်အိုးလုံး ပျက်စီးရတာပဲ ”

တိုးတိုးတိတ်တိတ် ရေရွတ်သံတွေက အဆက်မပြတ် ထွက်ပေါ်လာခဲ့ရပြီး၊ ကျင့်ကြံခြင်းစွမ်းအင် စုပ်ယူခြင်းအဆင့် ရှိကြတဲ့ သူတော်စင်အချို့ကတော့ ယင်သူတော်စင် ဆိုတာ ဘာအဓိပ္ပာယ်လဲ ဆိုတာကို မသိရှိကြတာကြောင့် ဘေးနားက စီနီယာအစ်ကို အစ်မတွေကို အလောတကြီး ဝင်ရောက်မေးမြန်းနေကြရတယ်။

“စီနီယာအစ်ကို ယွီ…… ယင်သူတော်စင် ဆိုတာ ဘာလဲဟင် ”

ဖန့်ကျစ်ရွှယ် က အနည်းငယ် စပ်စုချင်တဲ့ အမူအရာမျိုးဖြင့် ထိုက်ဟောက်ယွီ အား လှမ်းကြည့်လိုက်မိတယ်။

သူမအနေနဲ့ သတိမပြုမိလိုက်တာကတော့ ထိုက်ဟောက်ယွီ သည် ကော်ယန်ရှောက် အခုနက ပြောဆိုလိုက်တဲ့ စကားတွေရဲ့ နောက်ပိုင်းမှာ မျက်နှာတစ်ခုလုံး ဘယ်လိုနည်းနဲ့မှ ကြည့်မကောင်းတော့အောင် ပျက်ယွင်းသွားခဲ့ရပြီး၊ လက်ဖဝါးတွေကလည်း…… မထိန်းချုပ်နိုင်လောက်အောင် ဖြည်းညင်းစွာဖြင့် တုန်လှုပ်နေခဲ့တာ ဖြစ်တယ်။

ထိုက်ဟောက်ယွီ ရဲ့ ဦးနှောက်တစ်ခုလုံးက ဗလာနတ္ထိ ဖြစ်နေခဲ့ရပြီး အချိန်ခဏမျှ ဖန့်ကျစ်ရွှယ် ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားနိုင်စွမ်း မရှိခဲ့ပေ။

ဘေးနားက ကျိုရွှမ်နတ်ဘုရားတောင်က အခြားသော အသက််််််််စွမ်းအင် အဆင့် သူတော်စင်တစ်ယောက်က ဖန့်ကျစ်ရွှယ် အား လှမ်းကြည့်လိုက်ပြီး အေးစက်စွာ ပြုံးလျက် -

“ယင်သူတော်စင် ဆိုတာက ခွေးသူတောင်းစားတွေ၊ အမှိုက်သရိုက်တွေကို ပြောတာပေါ့၊ သူတို့တွေက အဆင့်တက်လှမ်းဖို့ ပြင်ဆင်နေတဲ့ သူတော်စင်တွေရဲ့ လက်ထဲကနေ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်တွေကို လုယက်ခိုးယူဖို့အတွက်ပဲ အကွက်ချ ကြံစည်တတ်ကြတာ။

ဘာဖြစ်လို့လဲဆိုတော့ အဆင့်တက်လှမ်းနေတဲ့ အချိန်အတွင်းမှာ မူလက ခိုင်မာတည်မြဲနေတဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်တွေက အချိန်အတိုင်းအတာတစ်ခုအထိတော့ ဖရိုဖရဲ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ရှိနေတတ်ကြလို့ပဲ၊ ဒီလို အချိန်မျိုးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မန္တန်စွမ်းအင်တွေကို အသုံးချလိုက်မယ်ဆိုရင် အခြားလူရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို ခိုးယူပြီး မိမိရဲ့ ကိုယ်ပိုင်အသုံးချမှုအဖြစ် ပြောင်းလဲပစ်နိုင်လို့ပဲဥစ္စာ ”

သူက ခဏမျှ ရပ်တန့်လိုက်ပြီးမှ -

“ဒီလို နည်းလမ်းဆိုးတွေကို ကောင်းကင်ငါးပါး စစ်မြေပြင်တစ်ခုလုံးမှာ တားမြစ်ပိတ်ပင်ထားတာ၊ တကယ်လို့သာ ယင်သူတော်စင် တစ်ယောက်ယောက် ဖော်ထုတ်ခံလိုက်ရပြီဆိုရင်တော့ သေချာပေါက်ပဲ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရမှာဖြစ်ပြီး ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး ”

ဤနေရာသို့ ရောက်ရှိလာတဲ့အခါ သူက ခပ်ဖွဖွ ပြုံးလိုက်သည်။

“သေချာပေါက် ငါတို့ရဲ့ ရှီးမျိုးနွယ်စုကျောင်းဆောင်ထဲက တစ်စုံတစ်ယောက်သော သူတော်စင်က ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လို့ပဲ ဖြစ်ဖြစ်၊ သို့မဟုတ်ရင်လည်း အစွမ်းတွေကို အလျင်အမြန် မြှင့်တင်ချင်လွန်းလို့ပဲ ဖြစ်ဖြစ်၊ အခြားလူရဲ့ လက်ထဲကနေ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်တွေကို လုယူဖို့ စဉ်းစားမိသွားခဲ့ပြီး လမ်းဘေးက ကြွက်တစ်ကောင်လိုမျိုး ယင်သူတော်စင်အဖြစ် ခံယူလိုက်တာ ဖြစ်ရမယ်။

အခုတော့ ဒီစီနီယာကြီး ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ပြီဆိုမှတော့ ဒီကြွက်စုတ်ကို ဖမ်းဆီးဆွဲထုတ်ပစ်တော့မှာပေါ့၊ ငါတို့ရဲ့ ရှီးမျိုးနွယ်စုအပေါ်မှာ မကောင်းတဲ့ ဂုဏ်သတင်းတွေ ထပ်ပြီးတော့ ယူဆောင်မလာပေးနိုင်အောင်နဲ့ အခြားမျိုးနွယ်စုတွေရဲ့ လှောင်ပြောင်စရာ မဖြစ်စေရအောင်ပေါ့ ”

သူ သတိမပြုမိလိုက်တာကတော့ မိမိ စကားပြောဆိုနေတဲ့ အချိန်အတွင်းမှာ ထိုက်ဟောက်ယွီ ရဲ့ ကိုယ်ခန္ဓာ တုန်လှုပ်နေတဲ့ အရှိန်အဟုန်က ပိုမိုလို့ ပြင်းထန်လာခဲ့ရတာ ဖြစ်တယ်။

ကော်ကာကွယ်ရေးဆရာ က ထိုက်ဟောက်ယွီ အား တစ်ချက် လှမ်းကြည့်လိုက်ပြီးတဲ့ နောက်ပိုင်းမှသာ၊ ထိုသူက တဖြည်းဖြည်းနဲ့ ပြန်လည်တည်ငြိမ်သွားခဲ့ရတော့တယ်။

“မလန့်စမ်းနဲ့၊ ကော်ယန်ရှောက် ဒီနေရာကို လာတာက ငါ့ကို လာဖမ်းတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး၊ ငါ အလုပ်လုပ်ခဲ့တာက အဲဒီလောက်အထိ သန့်ရှင်းသပ်ရပ်တာပဲ၊ ပြီးတော့ တကယ်တမ်းလည်း အောင်မြင်အောင် လက်မလွန်ခဲ့ရသေးဘူး……”

“ဟုတ်တယ် သေချာပေါက် အခြားလူတစ်ယောက်ယောက်ကြောင့် လာတာ ဖြစ်ရမယ်၊ ငါ့လိုမျိုး ယင်သူတော်စင်အဖြစ် ခံယူထားတဲ့ အခြားသော တည်ရှိမှုတွေ ရှိနေသေးတာပဲ၊ သူတို့တွေ အလုပ်လုပ်တဲ့နေရာမှာ လမ်းစတစ်ခုခု ချန်ထားခဲ့မိလို့သာ ကော်ယန်ရှောက် ကို ဆွဲခေါ်လာခဲ့တာ ဖြစ်ရမယ် ”

ဤအချက်ကို တွေးတောမိပြီးမှသာ ထိုက်ဟောက်ယွီ အတတိုင်းအတာတစ်ခုအထိ ပြန်လည်တည်ငြိမ်သွားခဲ့ရပြီး၊ ဤအချိန်ကျမှပဲ အခုနက ဖန့်ကျစ်ရွှယ် မေးမြန်းခဲ့တဲ့ မေးခွန်းကို သတိရသွားခဲ့ကာ၊ တည်ငြိမ်ဟန်ဆောင်လျက် ပြုံး၍ -

“ယင်သူတော်စင် ဆိုတဲ့ တည်ရှိမှုမျိုးက လူတိုင်း ဝိုင်းဝန်း သတ်ဖြတ်ချေမှုန်းရမယ့် အရာပဲ ”

“ကော်ညီလေး…… မင်း ပြောချင်တဲ့ အဓိပ္ပာယ်က……”

ဇုန်းချန်သောက် ၏ အကြည့်တွေက လက်ရှိနေရာတွင် ရှိနေကြတဲ့ ရှီးမျိုးနွယ်စု သူတော်စင်တွေရဲ့ ကိုယ်ပေါ်သို့ ဖြည်းညင်းစွာဖြင့် ဝေ့ဝဲကြည့်ရှုလိုက်မိရာ၊ စောင့်ရှောက်ရေးဆရာတွေ၊ ဆရာတွေ၊ သို့မဟုတ် မဟာနတ်တောင်အသီးသီးက ကျောင်းသားတွေ အားလုံးက သူ့ရဲ့ အကြည့်တွေနဲ့ ဆုံတွေ့သွားခဲ့ကြရပြီးနောက် ၎င်းက တည်ငြိမ်စွာဖြင့် -

“ငါတို့ရဲ့ ရှီးမျိုးနွယ်စုကျောင်းဆောင်ထဲကနေ တကယ်ပဲ ယင်သူတော်စင်တစ်ယောက် ထွက်ပေါ်လာခဲ့တာလား ”

“ဒါက အထင်လွဲမှားမှုတစ်ခု ဖြစ်နေနိုင်မလား။ ရှီးမျိုးနွယ်စုထဲမှာ ယင်သူတော်စင် ပေါ်ပေါက်လာတာက အံ့ဩစရာ မရှိလှပေမယ့်၊ ဘာပဲဖြစ်ဖြစ် ဒီလောကကြီးထဲမှာ မရှိတာမှမရှိဘဲ အရာအားလုံး ရှိနိုင်တာပဲဥစ္စာ၊ ဘယ်မျိုးနွယ်စုမှာမှ ယင်သူတော်စင် လုံးဝ မရှိပါဘူးလို့ ဘယ်သူမှ ရဲရဲဝံ့ဝံ့ မပြောနိုင်ကြဘူးလေ။

ဒါပေမဲ့ ရှီးမျိုးနွယ်စုကျောင်းဆောင်ထဲက ကျောင်းသားတွေ၊ ဆရာတွေကတော့ တစ်ဦးချင်းစီတိုင်းရဲ့ နောက်ခံက သာမန်မဟုတ်ကြဘူးလေ၊ ဒါကြောင့်မို့လို့ ယင်သူတော်စင်အဖြစ် ခံယူဖို့အတွက် ခိုင်မာတဲ့ အကြောင်းပြချက် မရှိကြပါဘူး။

သူတို့တွေ ရရှိနိုင်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကလည်း ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးထဲမှာတင် ထိပ်တန်းအဆင့်တွေ ဖြစ်နေတာမို့လို့ ယင်သူတော်စင်အဖြစ် သွားရောက်ခံယူဖို့အတွက် မလိုအပ်ပါဘူးမို့လား ”

ပညာရေးမှူးကြီး ယန်ယွမ် က တွေးတောမြော်မြင်သည့် လေသံဖြင့် ပြောဆိုလိုက်တယ်။

“ဟုတ်တယ်……”

ရှီးမျိုးနွယ်စု သူတော်စင်အစုအဝေးကြီးက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ကြမိပြီး၊ ယန်ယွမ် ပြောဆိုလိုက်တဲ့ စကားတွေကလည်း တကယ်ကို အကြောင်းပြချက် ခိုင်လုံလှပေသည်။

ယန်ရွှမ်းကျိန်း ကတော့ လက်ရှိအချိန်မှာ မိမိရဲ့ ခန့်မှန်းချက် မှားယွင်းသွားခဲ့ပြီ ဖြစ်ကြောင်း သိရှိသွားခဲ့ရပြီ ဖြစ်သည်၊ တစ်ဖက်လူ ဤနေရာသို့ လာရောက်ခြင်းက သူမအား ပြဿနာလာရှာခြင်း ဘယ်လိုနည်းနဲ့မှ မဟုတ်တာကြောင့် ရင်ထဲ၌ သက်ပြင်းချနိုင်တော့တယ်။

ဒါပေမဲ့ ရှီးမျိုးနွယ်စုကျောင်းဆောင်ထဲက တစ်စုံတစ်ယောက် ယင်သူတော်စင်အဖြစ် ခံယူထားတယ် ဆိုတာကတော့…… သူမလည်းပဲ သိပ်ပြီးတော့ မယုံကြည်နိုင်တာကြောင့်၊ ကော်ယန်ရှောက် ဆိုတဲ့ ဤပုဂ္ဂိုလ်ကြီးအား ငြိမ်သက်စွာဖြင့် စိုက်ကြည့်နေမိရင်း သူ့ရဲ့ နောက်ထပ် ထွက်ပေါ်လာမယ့် စကားလုံးတွေကိုသာ စောင့်ဆိုင်းနေလိုက်တော့တယ်။

အခန်း (၂၁၇၆) ကော်ယန်လီ…… မင်း ဘယ်လို ရှင်းပြမလဲ

“ပညာရေးမှူးကြီး ယန်ယွမ်…… မင်း ဒီလိုမျိုး သံသယဖြစ်မိတာကလည်း တကယ့်ကို သဘာဝကျပါတယ်၊ အမှန်အတိုင်း ဝန်ခံရရင်တော့ ရှီးမျိုးနွယ်စုကျောင်းဆောင်ထဲက ကျောင်းသားတစ်ယောက် ယင်သူတော်စင် ဖြစ်သွားခဲ့တယ်ဆိုတာကို သိလိုက်ရတုန်းက…… ကျုပ်လည်းပဲ အလွန်အမင်း တုန်လှုပ်သွားခဲ့ရတာပဲ ”

ကော်ယန်ရှောက် က ခေါင်းကို ခပ်ဖွဖွ ခါယမ်းလျက် ပြုံး၍ -

“ရွှေဟွေးကျောင်းတော်ကြီးက တန်လင်ကျောင်းတော်ကြီးကို မမှီဘူးဆိုပေမယ့်၊ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကြီးထဲမှာတော့ ပါရမီရှင်တွေအားလုံးအတွက် ရွေးချယ်စရာ အကောင်းဆုံး ကျောင်းတော်ကြီး နှစ်ခုထဲက တစ်ခုပဲ ဖြစ်သေးတယ်။

ရွှေဟွေးကျောင်းတော်ကြီးဆီကို ရောက်ရှိလာနိုင်တာက ရှီးမျိုးနွယ်စုရဲ့ သားသမီးတွေ ဖြစ်နေရင်တောင်မှ အထိပ်တန်း ပါရမီရှင်တွေထဲကမှ အထိပ်တန်းတွေပဲ ဖြစ်ရမယ်။

ဒီလိုပါရမီရှင်တွေက ငယ်စဉ်ကတည်းက မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ ဘယ်အရာမဆို ထိပ်ဆုံးကနေ ပြိုင်ဆိုင်လာခဲ့ကြတာမို့လို့ သူတို့ရဲ့ နှလုံးသားထဲမှာ ကိုယ်ပိုင်မာနတရားတွေ အသေအချာ ရှိနေကြရမှာပဲ ”

ဤနေရာသို့ ရောက်ရှိလာတဲ့အခါ ကော်ယန်ရှောက် ၏ လေသံက တဖြည်းဖြည်းနဲ့ အေးစက်ခက်ထန်လာခဲ့သည်။

“ဒါပေမဲ့…… သူက အခြားလူရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို လုယက်ချင်တဲ့ မကောင်းဆိုးဝါး စိတ်ကူးကို မတွန်းလှန်နိုင်ဘဲ လမ်းမှားကို လျှောက်လှမ်းသွားခဲ့တယ်၊ မိမိရဲ့ မိသားစုက နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးခဲ့တာတွေကို စော်ကားဖျက်ဆီးပစ်ခဲ့သလို ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ကျောင်းသားတစ်ယောက် ဆိုတဲ့ ဂုဏ်သိက္ခာကိုပါ နင်းခြေဖျက်ဆီးပစ်ခဲ့တယ်။

စီနီယာအစ်ကို ဇုန်း၊ ပညာရေးမှူးကြီး ယန်ယွမ်၊ စစ်ဆေးရေးမှူး ရွှီထင်…… မင်းတို့ ပြောကြည့်စမ်းပါဦး၊ ဒီကောင့်ကို ဝိုင်းဝန်း သတ်ဖြတ်ချေမှုန်းပစ်သင့်တယ် မဟုတ်လား ”

၎င်းတို့ သုံးဦးရဲ့ အဖြေကိုပင် မစောင့်ဆိုင်းတော့ဘဲ သူက ရှီးမျိုးနွယ်စု သူတော်စင်တွေဘက်သို့ လှည့်ကြည့်လိုက်သည်။

“မင်းတို့ ပြောကြည့်စမ်းပါဦး…… ယင်သူတော်စင် ဆိုတာကို ဝိုင်းဝန်း သတ်ဖြတ်ချေမှုန်းပစ်သင့်တယ် မဟုတ်လား ”

ကော်ယန်ရှောက် ၏ လေသံက မဟာခေါင်းလောင်းကြီး တစ်လုံး ဆင့်ကာဆင့်ကာ မြည်ဟီးလိုက်သလိုမျိုး လူတိုင်းရဲ့ နားစည်ထဲ၌ ပြင်းထန်စွာ ပေါက်ကွဲဟည်းအော်သွားခဲ့ရတော့သည်။

“ယင်သူတော်စင်ကို သတ်ဖြတ်ချေမှုန်းပစ်ရမယ် ”

ရှီးမျိုးနွယ်စု သူတော်စင်အချို့က မထိန်းချုပ်နိုင်တော့ဘဲ အသံကုန် အော်ဟစ်ကာ တုံ့ပြန်လိုက်ကြမိသည်။

အစပိုင်းမှာတော့ ပြန့်ကျဲနေခဲ့သော်လည်း၊ နောက်ပိုင်းမှာတော့ တောင်ပြိုပင်လယ်ပြိုဖြစ်သွားခဲ့သလိုမျိုး တစ်ညီတစ်ညွတ်တည်း အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ရပြီ ဖြစ်သည်။

ဒီအချိန်မှာပဲ ကျောင်းတော်ကြီးအတွင်းက အခြားသော သူတော်စင်အချို့ကလည်း ရှီးမျိုးနွယ်စုကျောင်းဆောင်နားကနေ ဖြတ်သန်းသွားမိကြရင်း ဤကဲ့သို့သော လှုပ်ရှားမှုကြီးကြောင့် ဆွဲဆောင်ခြင်းကို ခံလိုက်ရတာကြောင့် ၎င်းတို့အားလုံးက အတွင်းကမ္ဘာနယ်မြေတွေကို မောင်းနှင်လျက် အဝေးတစ်နေရာကနေ လှမ်းမျှော်ကြည့်ရှုနေခဲ့ကြပြီ။

လက်ရှိအချိန်မှာ ကော်ယန်ရှောက် ၏ အကြည့်တွေက ဟင်းလင်းပြင်ထဲ၌ ကော်ကာကွယ်ရေးဆရာ ကော်ယန်လီ ရဲ့ အကြည့်တွေနဲ့ ဆုံတွေ့သွားခဲ့ကြရတော့သည်။

၎င်းတို့နှစ်ဦးက အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ကြပြီးမှ အကြည့်တွေကို အသီးသီး လွှဲဖယ်လိုက်ကြမိသည်။

“ကော်ညီလေးက ဝေးလံလှတဲ့ နေရာကနေ ဒီအထိ ရောက်လာခဲ့ပြီဆိုမှတော့ စိတ်ထဲမှာ အစီအစဉ် ရှိပြီးသား ဖြစ်နေမှာပဲ၊ ကော်ညီလေးအနေနဲ့ ဘယ်သူက ကိုယ့်ကိုယ်ကို အောက်တန်းကျအောင် လုပ်ပြီး ယင်သူတော်စင်အဖြစ် ခံယူလိုက်တာလဲ ဆိုတာကို တိုက်ရိုက် ထောက်ပြပေးပါ၊ ငါကတော့ ဥပဒေအတိုင်း မျှမျှတတ စီရင်ပေးမှာပါ ”

ဇုန်းချန်သောက် က လက်အုပ်ချီလျက် ပြောဆိုလိုက်သည်။

“ဖန့်ချန်…… မင်းပဲ ပြောလိုက်စမ်းပါ၊ ဒီကိစ္စရဲ့ အစအဆုံး အကြောင်းအရာတွေကို အသေးစိတ် ချပြလိုက်စမ်း ”

ကော်ယန်ရှောက် က ပြုံး၍ ပြောဆိုလိုက်သည်။

ဟင်

ရှီးမျိုးနွယ်စု သူတော်စင်တွေအားလုံးက ချက်ချင်းဆိုသလို ဖန့်ချန် ရဲ့ ကိုယ်ပေါ်သို့ တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြမိရာ ၎င်းတို့ရဲ့ မျက်ဝန်းထဲ၌ မှင်တက်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ လေးနက်တည်ကြည်ခြင်းများနှင့် သတိကြီးစွာ ထားခြင်း အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့ကြပြီ ဖြစ်််သည်ည။

အပြင်မျိုးနွယ်စုက ကျောင်းသားတစ်ယောက်ကို လာပြီးတော့ လက်ညှိုးထိုးခိုင်းတာ ဟုတ်လား။

ဒါက ဘာလိုမျိုး လုပ်ရပ်လဲ။

ယန်ယွမ် ၏ မျက်မှောင်က အနည်းငယ် ကြုတ်သွားခဲ့ရပြီး၊ ဖန့်ချန် အား အပေါ်အောက် အကဲခတ်ကြည့်ရှုလိုက်မိရာ မျက်ဝန်းအလင်းတန်းတွေက အနည်းငယ် အေးစက်စုတ်ပြတ်နေခဲ့သည်။

ကော်ယန်လီ ကတော့ အစကတည်းကအတိုင်း တည်ငြိမ်အေးဆေးနေဆဲ ဖြစ်ပြီး၊ ဘာတစ်ခုမှ ထူးခြားမှု ရှိမနေသလိုမျိုးပင်။

ထိုက်ဟောက်ယွီ ရဲ့ နှလုံးသားထဲက ကံကောင်းခြင်း မျှော်လင့်ချက်လေးကတော့ ဤအချိန်အတွင်းမှာတင် လုံးဝ ဥဿုံ ရိုက်ချိုးဖျက်ဆီးခြင်း ခံလိုက်ရပြီ ဖြစ်သည်။

သူက မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်လောက်အောင် တုန်လှုပ်နေခဲ့ရပြီး၊ မျက်ဝန်းထဲ၌ ပြင်းထန်လှတဲ့ ထိတ်လန့်ကြောက်ရွံ့ခြင်း အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့ရတော့သည်။

ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင် ရှိနေကြတဲ့ သူတော်စင်တွေက အလွန်အမင်း များပြားလွန်းလှတာကြောင့်၊ ဘယ်သူမှ သူ့ရဲ့ ထူးဆန်းတဲ့ အမူအရာကို သတိမပြုမိလိုက်ကြပေ။

“ဒီကိစ္စက…… ကျုပ်က ကျိုရွှမ်နတ်ဘုရားတောင်ရဲ့ နယ်မြေစောင့် စီနီယာကော်နဲ့ အတူတူ ချင်ရှောင်းနတ်ဘုရားနယ်မြေ ရဲ့ ရှေးဟောင်းဖန့်မျိုးနွယ်စုဆီကို သွားပြီးတော့ ဖန့်ညီမလေးကို သွားရောက်ကြိုဆိုခဲ့တဲ့ အချိန်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ် ”

ဖန့်ချန် က ပြုံးလိုက်ပြီး၊ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို ဖြည်းညင်းစွာဖြင့် တစ်လုံးမကျန် ချပြလိုက်တော့တယ်။

သူက ထုန်းယူအတွင်းကမ္ဘာ တားမြစ်နယ်မြေ အကြောင်းကို ထည့်သွင်းပြောဆိုခဲ့သည်။

ထုန်းယူမြွေနဂါးကြီး အကြောင်းကိုလည်း ပြောပြခဲ့သည်။

ထို့အပြင်……

ရှီးမျိုးနွယ်စု သူတော်စင်တွေက နားထောင်နေရင်းနဲ့ မျက်နှာအမူအရာတွေက အလွန်အမင်း မှင်တက်အံ့ဩခြင်း အရိပ်အယောင်တွေ ပြည့်နှက်သွားခဲ့ရတော့သည်။

ဖန့်ချန် ၏ ပါးစပ်ထဲကနေ ထိုက်ဟောက်ယွီ သည် ဖန့်ကျစ်ရွှယ် ရဲ့ အတွင်းကမ္ဘာနယ်မြေထဲမှာ ယင်သူတော်စင်ရဲ့ နည်းလမ်းဆိုးတွေကို အကွက်ချ စီစဉ်ခဲ့တယ်လို့ ကြားလိုက်ရတဲ့အခါ၊ ကျိုရွှမ်နတ်ဘုရားတောင်က သူတော်စင်တွေက ဘယ်လိုနည်းနဲ့မှ ထပ်ပြီးတော့ သည်းမခံနိုင်ကြတော့ဘဲ အသီးသီး ပါးစပ်ဟလျက် ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်ကြမိသည်။

“မင်း လျှောက်ပြောနေတာပဲ ”

“ဂျူနီယာညီလေး ယွီ က ဘယ်လိုလုပ်ပြီး ယင်သူတော်စင် ဆိုတဲ့ အမှိုက်မျိုး ဖြစ်ရမှာလဲ ”

“မင်းက ဂျူနီယာညီလေး ဝေ ကို သတ်ဖြတ်ချေမှုန်းခဲ့တာကိုတင် အားမရသေးဘဲ၊ အခုတော့ ဂျူနီယာညီလေး ယွီ ကိုပါ လာပြီးတော့ မတရား စွပ်စွဲနေတာ ဟုတ်လား ”

“ဖန့်ညီမလေး…… မင်း ဒီလူရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို လုံးဝ မယုံကြည်လိုက်နဲ့၊ ငါတို့အားလုံးက ဂျူနီယာညီလေး ယွီ မှာ မတရား စွပ်စွဲခံရတာလို့ပဲ ယုံကြည်တယ် ”

“……”

ဖန့်ကျစ်ရွှယ် ၏ မျက်နှာအမူအရာကတော့ တစ်ခါမှမရှိဖူးအောင် လေးနက်တည်ကြည်နေခဲ့ပြီး၊ ဖန့်ချန် အား တစ်ချက် ကြည့်လိုက်ပြီးမှ ထိုက်ဟောက်ယွီ အား ထပ်မံကြည့်ရှုလိုက်မိရာ၊ ဘာစကားတစ်လုံးမှ ဝင်ရောက်ပြောဆိုခြင်း မရှိဘဲ မည်သည့် သဘောထားမှတ်ချက်မျိုးကိုမှ ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။

“ကော်ယန်လီ…… မင်းရဲ့ တပည့်တွေကို ထိန်းလိုက်ဦး ”

ဇုန်းချန်သောက် က တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

“အားလုံး ပါးစပ်ပိတ်ထားစမ်း၊ သူ့ရဲ့ စကားကို ဆက်ပြီးတော့ နားထောင်ကြမယ် ”

ကော်ယန်လီ က လက်ကို ခပ်ဖွဖွ မြှောက်ပြလိုက်သည်။

ကျိုရွှမ်နတ်ဘုရားတောင်က ကျောင်းသားတွေက တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြမိပြီးမှ ပါးစပ်တွေကို အသီးသီး ပိတ်လိုက်ကြသော်လည်း၊ မျက်ဝန်းထဲ၌ ဒေါသတရားများနှင့် မကျေနပ်ခြင်း အရိပ်အယောင်တွေ ပြည့်နှက်နေဆဲ ဖြစ်သည်။

ဒါပေမဲ့ ယန်ရွှမ်းကျိန်း အပါအဝင် တည်ရှိမှု အတော်များများကတော့ ထိုက်ဟောက်ယွီ ရဲ့ ကိုယ်ပေါ်ကနေ ထူးဆန်းတဲ့ အမူအရာအချို့ကို သတိပြုမိလိုက်ကြပြီ ဖြစ်သည်။

ဤရှီးမျိုးနွယ်စု သူတော်စင်တွေက ငြိမ်သက်စွာဖြင့် ဘာစကားမှ ဝင်မပြောကြသော်လည်း၊ ရင်ထဲ၌တော့ တူညီတဲ့ အတွေးတစ်ခု အသီးသီး ပေါ်ပေါက်လာခဲ့ကြပြီ ဖြစ်သည်။

မကြာခင်မှာပဲ ဖန့်ချန် က တစ်ကမ္ဘာလုံးက ကိစ္စရပ်တွေ အားလုံးကို အသေးစိတ် ချပြလို့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ကော်ယန်လီ…… မင်း ဘယ်လို ရှင်းပြမလဲ ”

ဇုန်းချန်သောက် က ခဏမျှ ငြိမ်သက်သွားခဲ့ပြီးမှ ကော်ယန်လီ ဘက်သို့ လှည့်ကြည့်လိုက်တယ်။

“တစ်ဖက်သတ် စကားလုံးတွေပဲဥစ္စာ၊ ဘာဖြစ်လို့ ရှင်းပြနေဖို့ လိုအပ်မှာလဲ ”

ကော်ယန်လီ က အေးဆေးစွာ ပြုံးလျက် -

“တကယ်လို့ ထိုက်ဟောက်ယွီ က တကယ်ပဲ ယင်သူတော်စင် ဖြစ်နေခဲ့မယ်ဆိုရင်၊ သူက ထုန်းယူတားမြစ်နယ်မြေထဲမှာတင် ဖန့်ကျစ်ရွှယ် ရဲ့ အတွင်းကမ္ဘာနယ်မြေကို လုယူပစ်လိုက်ဖို့ အကြောင်းပြချက် မရှိဘူးမလား ”

ယန်ယွမ် က ရုတ်တရက် ဝင်ရောက်မေးမြန်းလိုက်သည်။

“မင်းတို့တွေ ပြန်လာတဲ့ လမ်းခရီးမှာ ဘယ်လိုနည်းနဲ့မှ အမှားအယွင်းတစ်ခုမှ မရှိစေရဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ ဖန့်ကျစ်ရွှယ် ရဲ့ အတွင်းကမ္ဘာနယ်မြေ အဆင့်အတန်းက အလွန်အမင်း မြင့်မားလွန်းလှတာကြောင့် ငါတို့ရဲ့ ကျောင်းတော်ကြီးကလည်း ဒီကိစ္စကို အလွန်အမင်း တန်ဖိုးထားတာ ဖြစ်လို့ပဲ။

ဒါပေမဲ့ မင်းက ဘာဖြစ်လို့ သူ့ကို ထိုက်ဟောက်ယွီ နဲ့ အတူတူ ထုန်းယူတားမြစ်နယ်မြေထဲကို သွားဖို့အတွက် အမိန့်ပေးခဲ့ရတာလဲ ”

ဟုတ်တယ်၊ ဘာဖြစ်လို့လဲ

ရှီးမျိုးနွယ်စု သူတော်စင်တွေက ဒီကိစ္စကို ပထမဆုံးအကြိမ်အဖြစ် သိရှိသွားခဲ့ကြရတာ ဖြစ်ပြီး၊ လုံးဝ အကြောင်းပြချက် မရှိဘူးလို့ ခံစားလိုက်ရတာကြောင့် သူတော်စင်အချို့ကတော့ ရင်ထဲ၌ တုန်လှုပ်သွားခဲ့ကြရပြီး ကိစ္စရပ်တွေရဲ့ သော့ချက်ကို တွေးတောမိသွားခဲ့ကြပြီ ဖြစ်သည်။

ဖန့်ကျစ်ရွှယ် က မျက်နှာအမူအရာမရှိဘဲ ထိုက်ဟောက်ယွီ အား တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ ကော်ယန်လီ အား ထပ်မံကြည့်ရှုလိုက်မိရာ မျက်ဝန်းအလင်းတန်းတွေက အေးစက်နေခဲ့ပြီး၊ ဖန့်ချန် အား လှမ်းကြည့်လိုက်တဲ့ အချိန်ကျမှသာ မျက်ဝန်းထဲ၌ နွေးထွေးတဲ့ အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရတော့သည်။

“ဒါက ကျင့်ကြံအားထုတ်မှုတစ်ခုပဲ၊ ဖန့်ကျစ်ရွှယ် က သေချာပေါက် ငါ့ရဲ့ တပည့်ဖြစ်လာမှာပဲဥစ္စာ၊ စောစော ကျင့်ကြံအားထုတ်ရတာနဲ့ နောက်ကျမှ ကျင့်ကြံအားထုတ်ရတာက ဘာထူးခြားမှု ရှိလို့လဲ ”

ကော်ယန်လီ က တည်ငြိမ်စွာဖြင့် -

“အမှန်တရားကလည်း ငါ့ရဲ့ စီစဉ်မှုက မမှားဘူးဆိုတာကို သက်သေပြနေတာပဲ၊ သူတို့တွေက ထုန်းယူအတွင်းကမ္ဘာ တားမြစ်နယ်မြေရဲ့ အန္တရာယ်တွေကို ကြုံတွေ့ဖူးမှသာ၊ နောက်ပိုင်းမှာ တားမြစ်နယ်မြေတွေကို သွားတဲ့အခါ သေသေချာချာ စဉ်းစားဆင်ခြင်တတ်ကြမှာ ဖြစ်တယ်။

အဲဒီတုန်းက ထိုက်ဟောက်ယွီ ဒဏ်ရာရရှိခဲ့ရတာကလည်း ကိုယ့်ကိုယ်က်ု အလွန်အမင်း မာနကြီးလွန်းပြီး တားမြစ်နယ်မြေကို မျက်စိထဲ မထည့်ခဲ့လို့ပဲ။

ငါက ဆရာတစ်ယောက်အနေနဲ့ သင်ခန်းစာ ယူခဲ့ပြီး၊ အသစ်ဝင်လာတဲ့ တပည့်ကို အနည်းငယ် သွေးပူလေ့ကျင့်ခန်း လုပ်ပေးတာက ဘာမှားယွင်းလို့လဲ ”

“……”

“ကြည့်ရတာတော့ အကြောင်းပြချက် ရှိသလိုပဲနော် ”

ရှီးမျိုးနွယ်စု သူတော်စင် အတော်များများက နားထောင်ရင်းနဲ့ ရင်ထဲ၌ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရပြန်တယ်။

“သွေးပူလေ့ကျင့်ခန်း ဟုတ်လား……”

ကော်ယန်ရှောက် က ပြုံးလိုက်ပြီး -

“ဒါဆိုရင် ဘာဖြစ်လို့ ထုန်းယူတားမြစ်နယ်မြေကိုပဲ ရွေးချယ်ခဲ့ရတာလဲ။ ကျုပ် သိရသလောက်တော့ ထုန်းယူမြွေနဂါးကြီးကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက မင်းက အောင်မြင်အောင် သိမ်းသွင်းထားခဲ့ပြီးသားပဲ။

ဒီကိစ္စကို မင်း ငြင်းဆန်ဖို့ မစဉ်းစားနဲ့၊ ငါတို့ အထွတ်ထိပ်တာအို အဆင့်တွေ လက်လှမ်းလိုက်တာနဲ့တင် ထုန်းယူမြွေနဂါးကြီးနဲ့ မင်းကြားက ဆက်နွှယ်မှုကို ချက်ချင်း သိရှိသွားနိုင်တယ် ”

စကားပြောနေတဲ့ အချိန်အတွင်းမှာပဲ သူ့ရဲ့ နောက်ကျောဘက်ကနေ ရုတ်တရက်ဆိုသလို အတွင်းကမ္ဘာနယ်မြေ တံခါးပေါက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ကော်ယန်ရှောက် က လက်ကို ဆန့်ထုတ်ကာ ဆွဲယူလိုက်တဲ့အခါ အတွင်းကမ္ဘာနယ်မြေထဲကနေ အနက်ရောင် မြွေငယ်လေးတစ်ကောင်ကို ဖမ်းဆီးဆွဲထုတ်လိုက်တာကို မြင်တွေ့လိုက်ကြရတော့တယ်။

“ဒါက……”

ဖန့်ချန် ကတော့ ရင်ထဲ၌ အေးစက်လှတဲ့ လေထုကို တရှူးရှူး ရှူသွင်းလိုက်မိတော့တယ်။

ဖန့်ကျစ်ရွှယ် ကလည်း ဤမြွေငယ်လေးရဲ့ နောက်ခံကို ချက်ချင်း မှတ်မိသွားခဲ့ပြီ ဖြစ်တယ်။

“ထုန်းယူမြွေနဂါးကြီး ”

ရှီးမျိုးနွယ်စု သူတော်စင်တွေက တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြမိတော့တယ်။

နယ်မြေစောင့် အသီးသီး ဖြစ်ကြတဲ့ ကောင်းကင်ဘုံအဆင့် သူတော်စင်တွေပင်လျှင် ကော်ယန်ရှောက် ၏ ဤကဲ့သို့သော အေးဆေးတည်ငြိမ်လှတဲ့ လက်ကွက်စွမ်းရည်ကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရပြီ ဖြစ်တယ်။

အတွင်းကမ္ဘာ တားမြစ်နယ်မြေထဲက မကောင်းဆိုးဝါး သတ္တဝါကြီးကို အပြင်ဆီသို့ ဖမ်းဆီးဆွဲထုတ်လာနိုင်တာက…… အထွတ်ထိပ်တာအိုအဆင့် သူတော်စင်ကြီးတွေသာ လုပ်ဆောင်နိုင်စွမ်း ရှိကြတာ ဖြစ်ရမယ်။

“စီနီယာအစ်ကို ဇုန်း…… မင်းပဲ ကြည့်လိုက်ပါဦး ”

ကော်ယန်ရှောက် က ပြုံး၍ ပြောဆိုလိုက်တယ်။

လက်ရှိအချိန်မှာ ထုန်းယူမြွေနဂါးကြီးက သူ့ရဲ့ လက်ဖဝါးထဲ၌ အလွန်အမင်း လိမ္မာယဉ်ကျေးနေခဲ့ပြီး၊ ဝပ်စင်းလျက် ဘာလှုပ်ရှားမှုမျိုးကိုမှ မလုပ်ရဲဘဲ ရှိနေခဲ့ရရှာတယ်။

ဇုန်းချန်သောက် က တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ ကော်ယန်လီ ဘက်သို့ ပြန်လည်ကြည့်ရှုလိုက်ကာ ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။

“အင်း…… ဒီမကောင်းဆိုးဝါးက တကယ်ပဲ ကော်ယန်လီရဲ့ သိမ်းသွင်းခြင်းကို ခံထားရတာပဲ ”

“……”

ရှီးမျိုးနွယ်စု သူတော်စင်တွေက တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြမိရင်း၊ ကော်ယန်လီ ရဲ့ ကိုယ်ပေါ်သို့ အကြည့်တွေ ကျရောက်သွားခဲ့ကြရာ မျက်ဝန်းထဲ၌ သံသယဖြစ်ခြင်း အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့ကြပြီ ဖြစ်သည်။

တကယ်လို့ ထုန်းယူမြွေနဂါးကြီးက ကော်ယန်လီရဲ့ ကြိုတင်သိမ်းသွင်းခြင်းကို ခံထားရတာ တကယ်ပဲဆိုရင်၊ ထိုအရာကြောင့် ဖန့်ကျစ်ရွှယ် ဒဏ်ရာရရှိခဲ့ရပြီး တားမြစ်နယ်မြေထဲမှာတင် စွမ်းအင်စုစည်းခြင်းအဆင့်ကို အတင်းအကျပ် တက်လှမ်းစေခဲ့ကာ ထိုက်ဟောက်ယွီ အတွက် ၎င်းကမ္ဘာနယ်မြေ အုတ်မြစ်ကို လုယူဖို့ အခွင့်အရေး ဖန်တီးပေးခဲ့တာက…… တကယ့်ကို တွေးတောမြော်မြင်စရာ ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။

“ကော်ယန်လီ…… မင်းက ထုန်းယူမြွေနဂါးကြီးကို ကြိုတင်သိမ်းသွင်းထားခဲ့ပြီး၊ ဒါကို အသုံးချပြီး ဖန့်ကျစ်ရွှယ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်၊ ပြီးတော့ သူမကို တားမြစ်နယ်မြေထဲမှာတင် စွမ်းအင်စုစည်းခြင်းအဆင့်ကို တက်လှမ်းဖို့ အတင်းအကျပ် ဖိအားပေးခဲ့ပြီး ထိုက်ဟောက်ယွီ အတွက် အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို လုယူဖို့ အခြေအနေတွေ ဖန်တီးပေးခဲ့တယ်၊ မင်းမှာ ဘာစကားများ ပြောစရာ ရှိသေးလဲ ”

ကော်ယန်ရှောက် က တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်တယ်။

“ဒါကလည်း တစ်ဖက်သတ် စကားလုံးတွေပဲ၊ ဒါက မင်းတို့ရဲ့ ခန့်မှန်းချက် သက်သက်ပဲ ဖြစ်တယ်။

ထုန်းယူမြွေနဂါးကြီးကို ငါ ကြိုတင်သိမ်းသွင်းထားခဲ့တာကတော့ အမှန်ပဲ၊ ဒါပေမဲ့ ဒါက သူနှစ်ယောက်ကို တားမြစ်နယ်မြေထဲမှာ သေဆုံးမသွားအောင် ကာကွယ်ပေးဖို့အတွက်ပဲ။

ငါက ဘာဖြစ်လို့ အထွတ်ထိပ်တာအိုအဆင့် ရှိနိုင်တဲ့ ပါရမီရှင်တစ်ယောက်ကို အန္တရာယ်ပြုပြီး ဟာသလုပ်ရမှာလဲ ”

ကော်ယန်လီ က တည်ငြိမ်စွာဖြင့် ပြန်လည်ချေပလိုက်ပြီး၊ စိုးရိမ်တုန်လှုပ်ခြင်း လုံးဝ မရှိတဲ့ အမူအရာမျိုးပင်။

“ဒါဆိုရင်…… နောက်ထပ် ဖန့်ချန် ပြောဆိုလိုက်တဲ့ စကားတွေကို သက်သေပြဖို့အတွက် နည်းလမ်းနှစ်ခု ရှိတာပေါ့။

ပထမဆုံး တစ်ခုအနေနဲ့၊ ကျုပ်က ကျောင်းတော်ကြီးရဲ့ အကြီးအကဲတွေကို ရှေ့ကနေ ထွက်ရပ်ပေးဖို့ ဖိတ်ခေါ်ပြီး ဖန့်ချန် ပြောတဲ့ စကားက အမှန်လား အမှားလား ဆိုတာကို စစ်ဆေးခိုင်းမယ်။

ဒုတိယ တစ်ခုအနေနဲ့၊ ကျုပ် တို့တွေ ပူးပေါင်းပြီး ထိုက်ဟောက်ယွီ ရဲ့ အတွင်းကမ္ဘာနယ်မြေကို စစ်ဆေးကြည့်ရှုပြီး အထဲမှာ ယင်သူတော်စင်ရဲ့ လမ်းစတွေ ရှိနေမလား ဆိုတာကို ရှာဖွေမယ် ”

ကော်ယန်ရှောက် က ပြုံးလျက် -

“တကယ်လို့ အရာအားလုံးက အထင်လွဲမှားမှုတစ်ခု ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကျုပ်က မင်းကို တောင်းပန်ပါ့မယ်၊ အဲလိုမှမဟုတ်ဘဲ ဆန့်ကျင်ဘက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…… ဟင်းလင်းပြင်ရဲ့ ဥပဒေအတိုင်းပဲ စီရင်ကြတာပေါ့ ”

ဤစကား ထွက်ပေါ်လာခဲ့တဲ့အခါ ကော်ယန်လီ ၏ တည်ငြိမ်လှတဲ့ မျက်နှာအမူအရာက နောက်ဆုံးတော့ အနည်းငယ် ပျက်ယွင်းပြောင်းလဲသွားခဲ့ရတော့တယ်။

ထိုက်ဟောက်ယွီ ကတော့ တိုက်ရိုက်ပဲ မတ်တတ်မရပ်နိုင်တော့ဘဲ ကိုယ်ခန္ဓာကြီးတစ်ခုလုံး ယိမ်းထိုးသွားခဲ့ရပြီ ဖြစ်တယ်။

သူ့ရဲ့ ဤကဲ့သို့သော အမူအရာကို မြင်တွေ့လိုက်ရတဲ့အခါ၊ ကျိုရွှမ်နတ်ဘုရားတောင်က သူတော်စင်တွေအားလုံးက ချက်ချင်းဆိုသလို တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားခဲ့ကြရတော့သည်။

All Chapters