← Chapters

အခန်း (၂၁၇၉-၂၁၈၀)

Vol. 218 Ch. 2179-2180

အခန်း (၂၁၇၉-၂၁၈၀)

Vol. 218 Ch. 2179-2180

အခန်း (၂၁၇၉) ငါ လိမ်ပြောလိုက်တာလေ

“ဟုတ်တယ်၊ ဖန့်ချန် က ဖန့်ညီမလေးရဲ့ အတွင်းကမ္ဘာနယ်မြေထဲကို ဘယ်လိုနည်းနဲ့ ရောက်ရှိလာတာလဲ ”

“ဒါမှမဟုတ် သူက ထိုက်ဟောက်ယွီ သည် ယင်သူတော်စင် ဖြစ်နေမှန်းကို ကြိုတင်သိရှိထားခဲ့လို့လား ”

“ဒါပေမဲ့ သူ အရင်တုန်းက ပြောခဲ့တဲ့ စကားအရဆိုရင်တော့၊ သူက ထုန်းယူမြွေနဂါးကြီးနဲ့ ရင်ဆိုင်ရတဲ့အချိန်တုန်းက လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး၊ မနည်းရုန်းကန်ပြီးမှ လွတ်မြောက်ခဲ့တာဆိုတော့၊ ဘယ်လိုနည်းနဲ့……”

ကော်ယန်လီ ၏ ဤမေးခွန်းက သူတော်စင်အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်းဆိုသလို ဆွဲဆောင်လိုက်တော့သည်။

ဇုန်းချန်သောက်၊ ယန်ယွမ်၊ ရွှီထင် စသည့် သူတော်စင်များပင်လျှင် တစ်ဦးပြီးတစ်ခု ဖန့်ချန် ဘက်သို့ လှမ်းကြည့်လိုက်ကြမိပြီး၊ မျက်ဝန်းထဲ၌ စစ်ဆေးမေးမြန်းခြင်း အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။

“အကြီးအကဲတွေက မထွက်ခွာရသေးဘူး၊ တကယ်လို့ မင်း လိမ်ပြောမယ်ဆိုရင်တော့၊ သူတို့တွေက ချက်ချင်း သိရှိသွားလိမ့်မယ် ”

ကော်ယန်လီ က ပြုံး၍ ပြောဆိုလိုက်သည်။

ဟုတ်လို့လား။

ဖန့်ချန် က ခဏမျှ တွေးတောလိုက်ပြီးနောက်၊ ပါးစပ်ဟလျက် ပြုံး၍ -

“ကျုပ်က ထိုက်ဟောက်ယွီ ရဲ့ ကျင့်ဝတ်သိက္ခာ မကောင်းဘူးဆိုတာကို အစကတည်းက မြင်တွေ့ထားခဲ့တာ ဖြစ်လို့ပဲ၊ ဖန့်ညီမလေးနဲ့ ကြိုတင်ပြီးတော့ တိုင်ပင်ဆွေးနွေးထားခဲ့ကာ၊ အခွင့်အရေးတစ်ခု ရှာဖွေပြီး သူမရဲ့ အတွင်းကမ္ဘာနယ်မြေထဲကို ပုန်းကွယ် ဝင်ရောက်ခဲ့တာ။

ထိုက်ဟောက်ယွီကို လှည့်စားဖို့ဆိုတာကတော့ ဘာမှမခက်ခဲပါဘူး။

သူ့ရဲ့ ပါရမီက သာမန်ပဲ၊ နည်းလမ်းတွေကလည်း သာမန်ပဲ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကတော့…… ပိုပြီးတော့တောင် သာမန် ဖြစ်နေခဲ့သေးတယ် ”

စကားပြောပြီးနောက်၊ ဖန့်ချန် က ဖန့်ကျစ်ရွှယ် ဘက်သို့ လှမ်းကြည့်လိုက်ပြီး ပြုံးလျက် -

“ဖန့်ညီမလေး…… ဒီအတိုင်းပဲ မဟုတ်လား ”

ဖန့်ကျစ်ရွှယ် က အနည်းငယ် မှင်တက်သွားခဲ့ရသော်လည်း၊ ချက်ချင်းဆိုသလို ခေါင်းညိတ်ပြလိုက်သည်။

“ဒီအတိုင်းပါပဲ ”

သာမန် ဆိုတဲ့ စကားလုံးသုံးလုံးက၊ လှောင်ပြောင် သရော်ခြင်းတွေဖြင့် ပြည့်နှက်နေခဲ့သည်။

ကော်ယန်လီ ၏ မျက်နှာထက်က အပြုံးအရိပ်အယောင်ကလည်း ဤအရာကြောင့်မို့လို့ ချက်ချင်းဆိုသလို အနည်းငယ် တောင့်တင်းသွားခဲ့ရသည်။

သာမန်အချိန်မျိုး ဖြစ်နေခဲ့ရင်တော့ သူက ဤကဲ့သို့သော စကားလုံးတွေကြောင့် ဒေါသထွက်လာမှာ မဟုတ်ပေ။

သို့သော် အခုတော့ ထိုက်ဟောက်ယွီ က သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး၊ သေဆုံးခါနီးအထိ သူ့ရဲ့ ဆရာတစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ သစ္စာမဖောက်ခဲ့ပေ။

သို့သော် တစ်ဖက်လူကတော့ ထိုက်ဟောက်ယွီ အား ဘာမှတန်ဖိုးမရှိတဲ့ အရာတစ်ခုလိုမျိုး နှိမ့်ချပြောဆိုနေခဲ့တာကြောင့်၊ ဤအရာက……

သူ့ကို တကယ်ပဲ ဒေါသထွက်သွားစေခဲ့ရပြီ ဖြစ်သည်။

“အကြီးအကဲတို့…… ဒီကောင်လေးရဲ့ စကားလုံးတွေက၊ အစစ်အမှန်လား သို့မဟုတ် အလိမ်အညာလား ဆိုတာကို သိရှိနိုင်မလား မသိဘူး ”

ကော်ယန်လီ က ထိုအကြီးအကဲ ရှစ်ယောက်ထံသို့ လှမ်းကြည့်လိုက်သည်။

“အလိမ်အညာပဲ ”

အကြီးအကဲတစ်ယောက်က တည်ငြိမ်စွာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

သူတော်စင်အပေါင်းက ဖန့်ချန် သည် ဤအကြီးအကဲအဖွဲ့ရဲ့ ရှေ့မှောက်မှာတင် လိမ်ပြောဝံ့လိမ့်မည်ဟု မထင်ထားခဲ့မိကြတာကြောင့်၊ မျက်နှာအမူအရာတွေက အနည်းငယ် မှင်တက်ခြင်းများဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။

ကော်ယန်လီ က ခပ်ဖွဖွ ပြုံးလိုက်ပြီး -

“ဖန့်ကျောင်းသား…… ဘာဖြစ်လို့ အမှန်အတိုင်း မပြောရတာလဲ ”

“အဲလိုပြောလိုက်ရင်၊ ကျုပ်ရဲ့ ဝှက်ဖဲတွေကို ခင်ဗျားဆီမှာ ဖွင့်ချပြသလို ဖြစ်သွားမှာပေါ့ ”

ဖန့်ချန် က ပြုံးလျက် -

“ကော်စီနီယာက စီနီယာတစ်ယောက် ဖြစ်တယ်ဆိုပေမယ့်၊ ဂျူနီယာကို လူအ လိုမျိုးတော့ လာပြီးတော့ မတွေးတောပါနဲ့ဦး။

ကျင့်ကြံခြင်းရဲ့ အစပိုင်းကတည်းက၊ အားလုံးက သူတော်စင်ကျမ်းစာရဲ့ နည်းလမ်းတွေကို အုတ်မြစ်အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ တည်ရှိမှု တစ်ဦးချင်းစီရဲ့ သူတော်စင်ကျမ်းစာ ခရီးလမ်းကတော့၊ လုံးဝ ဥဿုံ ကွဲပြားခြားနားနေခဲ့ကြတာပဲ။

ဒါကပဲ သူတော်စင် တစ်ဦးချင်းစီတိုင်းက၊ ထူးခြားဆန်းပြားတဲ့ တည်ရှိမှုတွေ ဖြစ်နေကြတယ်ဆိုတာကို သက်သေပြနေတာ ဖြစ်ပါတယ်။

ဒါဆိုရင် သဘာဝအတိုင်းပဲ၊ တစ်ဦးချင်းစီမှာလည်း ထူးခြားတဲ့ ကိုယ်ပိုင်ဝှက်ဖဲတွေ ရှိနေကြမှာပေါ့။

ကျုပ်က နေမင်းခုနစ်ပါးခန်းမက ကျောင်းသားတစ်ယောက် အနေနဲ့၊ ဒီဝှက်ဖဲတွေကို အားကိုးပြီးတော့ အဆင့်အတန်းတွေကို မြှင့်တင်ရဦးမှာ ဖြစ်သလို၊ ပိုမိုမြင့်မားတဲ့ ရာထူးနေရာတွေကို ဆွတ်ခူးရဦးမှာ။

ကော်စီနီယာရဲ့ စကားတစ်ခွန်းတည်းနဲ့တင်၊ ကိုယ့်ကိုယ်ကို လာပြီးတော့ ရောင်းစားရမှာလား။

ကျုပ် လိမ်ပြောလိုက်တာလေ၊ ဘာတတ်နိုင်သေးလဲ။ ဒါမှမဟုတ်ရင်လည်း ကော်စီနီယာက ကျုပ်ကို တိုက်ရိုက် သတ်ပစ်လိုက်လေ ”

“……”

ပတ်ဝန်းကျင် အရပ်ရပ်က အခြေအနေကြီးက၊ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပြီ ဖြစ်သည်။

သူတော်စင်အပေါင်းက ကော်ယန်လီ သည် ဤကဲ့သို့သော အဖြစ်အပျက်လေးကြောင့် ဖန့်ချန် အား လက်လှမ်းပြီး သတ်ပစ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို သိရှိထားကြသည်။

သူက လှုပ်ရှားဝံ့ခဲ့ရင်တောင်မှ၊ ဒီနေရာမှာ ရှိနေတဲ့ အကြီးအကဲ ရှစ်ယောက်က ချက်ချင်းဆိုသလို သူ့ကို ရှေ့ကနေ နှိမ်နင်းပစ်ကြလိမ့်မည် ဖြစ်သည်။

ဒါကြောင့်မို့လို့ ကော်ယန်လီ သည် ဂျူနီယာလေးတစ်ယောက်ရဲ့ ရှေ့မှာတင်၊ ၎င်းတို့ကဲ့သို့သော သူတော်စင်အများကြီးရဲ့ ရှေ့မှောက်၌ မျက်နှာချင်းဆိုင် နှိမ့်ချစော်ကားခြင်းကို ခံလိုက်ရတာ မဟုတ်လား။

အရင်တုန်းက ယင်သူတော်စင်ရဲ့ လုပ်ရပ်ကို အခွင့်ကောင်းယူပြီး ကော်ယန်လီ အား တစ်ခါတည်း ဖိနှိပ်ပစ်ချင်နေသော ထိုရှီးမျိုးနွယ်စု ကာကွယ်ရေးဆရာကတော့ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ဝမ်းသာအားရ ဖြစ်နေသော အပြုံးအရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ဖန့်ချန် အား ကြည့်ရှုလိုက်သော အကြည့်တွေက အလွန်အမင်း ပြင်းပြနေခဲ့ကာ၊ ဤကောင်လေးက နောက်ထပ် စကားအချို့ ထပ်မံပြောဆိုလာဖို့ မျှော်လင့်နေခဲ့ပြီး၊ အဲလိုမှသာ သူကလည်း ရင်ထဲ၌ နှစ်ပေါင်းများစွာအထိ စုဆောင်းထားခဲ့ရတဲ့ ဒေါသတရားတွေကို အမိအရ ထုတ်ဖော်နိုင်မှာ ဖြစ်လို့ပဲ။

“အင်း…… သူပြောတာက အဓိပ္ပာယ် ရှိပါတယ်၊ ဒီလိုကိစ္စမျိုးက အမှန်တရားလား ဒါမှမဟုတ် အလိမ်အညာလား ဆိုတာက၊ အမှန်တော့ ဘာအဓိပ္ပာယ်မှ ရှိမနေတော့ဘူး။

သူက သူ့ရဲ့ ဝှက်ဖဲတွေကို အပြင်ကို မပေါက်ကြားစေချင်တာကလည်း၊ သဘာဝတရားရဲ့ စည်းမျဉ်းပဲ ဖြစ်တယ်။

မင်းရဲ့ ကိုယ်ပိုင်ကိစ္စရပ်တွေကိုတောင် သေသေချာချာ ကိုင်တွယ်ဖြေရှင်းလို့ မပြီးသေးတာမို့လို့၊ ဂျူနီယာလေးနဲ့ လာပြီးတော့ ဒေါသပြိုင်မနေပါနဲ့တော့ ”

အကြီးအကဲတစ်ယောက်က စကားပြောပြီးတာနဲ့တင်၊ သူ၏ အတွင်းကမ္ဘာနယ်မြေကို လှုပ်ရှားလျက် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကျန်ရှိတဲ့ အကြီးအကဲတွေကလည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့အခါ၊ တစ်ဦးပြီးတစ်ခု ဆက်တိုက် ထွက်ခွာသွားခဲ့ကြရပြီ ဖြစ်သည်။

“ကော်ယန်လီ…… ကျိုရွှမ်နတ်ဘုရားတောင်ဆီကို သွားပြီးတော့၊ နံရံကို မျက်နှာမှုပြီး အမှားကို နောင်တရနေလိုက် ”

ယန်ယွမ် က အေးစက်စွာ ပြောဆိုလိုက်သည်။

ကော်ယန်လီ က ဖန့်ချန် ကို နက်ရှိုင်းစွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးမှ၊ ကိုယ်ကိုလှည့်လျက် ကျိုရွှမ်နတ်ဘုရားတောင် ဘက်သို့ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။

ကျိုရွှမ်နတ်ဘုရားတောင်က တပည့်တွေကတော့ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့အခါ၊ အနည်းငယ် တုံ့ဆိုင်းသွားခဲ့ကြရပြီးမှ ချက်ချင်းဆိုသလို နောက်ကနေ လိုက်ပါသွားခဲ့ကြရပြီး၊ ကော်ယန်လီ နှင့်အတူ ဤနေရာကနေ ထွက်ခွာသွားခဲ့ကြရပြီ ဖြစ်သည်။

ပြဿနာက ဤနေရာအထိ ရောက်ရှိလာခဲ့ပြီဆိုမှတော့၊ ယာယီအားဖြင့် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

“ဖန့်ချန်…… ဖန့်ကျစ်ရွှယ် ကို နေရာချထားပေးမယ့် ကိစ္စကတော့၊ ငါနဲ့ မင်းတို့ကျောင်းဆောင်က နင်ကျိကျို နဲ့ အတူတူ ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်တယ်၊ ယာယီအားဖြင့်တော့ သူ့ရဲ့ တပည့်အဖြစ် ခံယူပြီး ကျင့်ကြံရလိမ့်မယ် ”

ကော်ယန်ရှောက် က ပြုံး၍ ပြောဆိုလိုက်သည်။

နင်ကျိကျို ၏ တပည့်အဖြစ် ခံယူရမယ် ဟုတ်လား။

ဒါကလည်း မဆိုးလှတဲ့ ရွေးချယ်မှုတစ်ခုပဲ ဖြစ်ပုံရသည်။

ဖန့်ချန် ကတော့ ဤအရာအပေါ် ဘာမှကန့်ကွက်စရာ မရှိလှသော်လည်း၊ သူက ပိုပြီးတော့ မျှော်လင့်မိတာကတော့ ဖန့်ကျစ်ရွှယ် သည် ကရုဏာတောင်တန်း ၏ တပည့်အဖြစ် ဝင်ရောက်ခွင့်ရဖို့ ဖြစ်သည်။

“ကော်စီနီယာ…… ကျုပ်…… ကိစ္စလေးတစ်ခုလောက်……”

ဖန့်ချန် စကားမဆုံးခင်မှာပင်၊ ကော်ယန်ရှောက် က နက်နဲလှတဲ့ လေသံဖြင့် -

“ငါ အစတုန်းက ကတိပေးခဲ့တာက၊ သူမကို လူသားမျိုးနွယ်စုကျောင်းဆောင်ဆီကို ပြန်လည်ပို့ဆောင်ပေးဖို့ပဲ”

ဖန့်ချန် က ဤအခြေအနေကို မြင်တွေ့လိုက်ရတဲ့အခါ၊ ဘာစကားမှ ထပ်မံမပြောတော့ဘဲ ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်မိပြီးမှ သဘောတူညီလိုက်တော့သည်။

“မိန်းကလေး…… ငါ့နောက်ကို လိုက်ခဲ့ပါတော့၊ ငါ မင်းကို နင်ကျိကျို ဆီကို ခေါ်သွားပေးမယ် ”

ကော်ယန်ရှောက် က လှမ်း၍ ခေါ်ဆိုလိုက်သည်။

“ဖန့်စီနီယာအစ်ကို…… လူသားမျိုးနွယ်စုကျောင်းဆောင်ဆီကို ပြန်ရောက်ပြီး အခြေကျသွားတာနဲ့တင်၊ ကျွန်မ ကရုဏာတောင်တန်းဆီကို လာပြီးတော့ အစ်ကို့ကို ရှာဖွေပါ့မယ် ”

ဖန့်ကျစ်ရွှယ် က လက်အုပ်ချီလျက် ပြောဆိုလိုက်သည်။

“အချိန်မရွေး လာခဲ့ပါ၊ ငါကတော့ အမြဲတမ်း ရှိနေမှာပါ ”

ဖန့်ချန် က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

ဖန့်ကျစ်ရွှယ် က ကော်ယန်ရှောက် ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ပြီး၊ တစ်ဖက်လူက သူမအား ခေါ်ဆောင်လျက် လူသားမျိုးနွယ်စုကျောင်းဆောင်ဆီသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

အခုတော့ ဤအဖြစ်အပျက်ကြီးရဲ့ ဇာတ်လိုက်တွေနဲ့ ဇာတ်ပို့တွေအားလုံးက၊ အခြေခံအားဖြင့် အကုန်လုံး ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

ဖန့်ချန် တစ်ယောက်တည်းသာ ဤနေရာ၌ ကျန်ရှိနေခဲ့ရတော့သည်။

ရှီးမျိုးနွယ်စုကျောင်းဆောင်က သူတော်စင်တွေကတော့ သူ့အား ကြည့်ရှုလိုက်ကြသော အကြည့်တွေထဲ၌၊ ရှုပ်ထွေးလှတဲ့ အရိပ်အယောင်တွေဖြင့် ပြည့်နှက်နေခဲ့ရသည်။

ယန်ရွှမ်းကျိ က အနည်းငယ် တုံ့ဆိုင်းသွားခဲ့ရသော်လည်း၊ သူ၏ အတွင်းကမ္ဘာနယ်မြေကို လှုပ်ရှားလျက် ဖန့်ချန် ၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး လက်အုပ်ချီ အရိုအသေပြုလိုက်သည်။

“ဖန့်ဂျူနီယာ…… အရင်တုန်းက ကိစ္စက ငါ စိတ်လှုပ်ရှားသွားလို့ပါ၊ စိတ်ထဲမှာ မထားပါနဲ့နဲ့ဦး ”

“ယန်စီနီယာအစ်မ…… ကျုပ်က သဘောထားသေးသိမ်တဲ့လူမျိုး မဟုတ်ပါဘူး ”

ဖန့်ချန် က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင်တော့ ကောင်းတာပေါ့ ”

ယန်ရွှမ်းကျိ က ကိုယ်ကိုလှည့်လျက် ထွက်ခွာသွားခဲ့တော့သည်။

“စီနီယာတို့…… ဒါဆိုရင်တော့ ဂျူနီယာလည်း အရင်ဦးစွာ နှုတ်ဆက်လိုက်ပါတော့မယ် ”

ဖန့်ချန် က ဇုန်းချန်သောက် တို့အဖွဲ့ထံသို့ လက်အုပ်ချီ အရိုအသေပြုလိုက်ပြီးနောက်၊ ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။

ဇုန်းချန်သောက် ကတော့ ရုတ်တရက် ရယ်မောလိုက်ပြီး -

“ဖန့်ချန်…… ကော်ယန်လီ က အရင်တုန်းက မင်းရဲ့ နေမင်းခုနစ်ပါး တံဆိပ်ကို လုယူဖို့ ကြိုးစားခဲ့တာကို၊ မင်း စိတ်ထဲမှာ မှတ်ထားဆဲပဲ မဟုတ်လား၊ ဒါပေမဲ့ မင်းက သဘောထားသေးသိမ်တဲ့လူမျိုး မဟုတ်ဘူးလို့ ပြောနေသေးတယ် ဟုတ်လား ”

“စီနီယာ…… ကျုပ်မှာ စကားတစ်ခွန်း ပြောဖို့ ကျန်သေးတယ်ဗ ”

ဖန့်ချန် က လက်အုပ်ချီလျက် ပြောဆိုလိုက်သည်။

ဘာစကားလဲ။

ယန်ရွှမ်းကျိ ကလည်း စိတ်ဝင်စားသွားခဲ့ရတာကြောင့် ခြေလှမ်းတွေကို ရပ်တန့်လိုက်မိသည်။

“ပြောလေ ”

ဇုန်းချန်သောက် က ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။

“ကျုပ် သဘောထားသေးသိမ်လာရင်တော့၊ လူသားတစ်ယောက် မဟုတ်တော့ဘူး ”

ဖန့်ချန် က ပြုံးရယ်လိုက်ပြီး၊ ချက်ချင်းဆိုသလို သူ၏ အတွင်းကမ္ဘာနယ်မြေကို လှုပ်ရှားလျက် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားခဲ့ပြီး ဤနေရာကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်သည်။

“သဘောထားသေးသိမ်လာရင် လူသားတစ်ယောက် မဟုတ်တော့ဘူး ဟုတ်လား ဟဲ ”

ဇုန်းချန်သောက် က ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။

“တကယ့်ကို မာနကြီးလှတဲ့ ကောင်လေးပဲ ”

“ကျောင်းအုပ်ကြီး…… ကော်ကာကွယ်ရေးဆရာရဲ့ ကိစ္စကတော့……”

ယန်ယွမ် ၏ စိတ်အာရုံက ဖန့်ချန် ၏ ကိုယ်ပေါ်၌ ရှိမနေဘဲ၊ ကော်ယန်လီ ၏ ကိုယ်ပေါ်၌သာ ရှိနေခဲ့ခြင်း ဖြစ်သည်။

“ယာယီအားဖြင့်တော့ သူ့ကို ကျောင်းဆောင်ကနေ ထွက်ခွာခွင့် မပေးနဲ့ဦး၊ ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကိုတော့၊ အကြီးအကဲအဖွဲ့ရဲ့ အကြောင်းကြားချက်ကို စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ငါ ခန့်မှန်းမိတာကတော့၊ သူ ကာကွယ်ရေးဆရာ အဖြစ် ဆက်လုပ်နိုင်တော့မှာ မဟုတ်တော့ဘူး။

အပြင်ကို တာဝန်ပေး စေလွှတ်ခြင်း ခံရတော့မှာပဲ”

ဇုန်းချန်သောက် က တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

အပြင်ကို တာဝန်ပေး စေလွှတ်တော့မယ် ဟုတ်လား။

ယန်ယွမ် နှင့် ရွှီထင် တို့က မျက်နှာအမူအရာ အနည်းငယ် လှုပ်ခတ်သွားခဲ့ရပြီး၊ ၎င်းတို့အားလုံးက ဇုန်းချန်သောက် ပြောဆိုလိုက်တဲ့ အပြင်ကို တာဝန်ပေး စေလွှတ်ခြင်း ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို သိရှိနားလည်ထားကြသည်။

အဲဒါက ဘယ်လိုနည်းနဲ့မှ ကောင်းမွန်တဲ့ အလုပ်မျိုး မဟုတ်တာကြောင့်၊ ခန့်မှန်းမိတာကတော့ ကော်ကာကွယ်ရေးဆရာ သည် အချိန်ကာလတစ်ခုအထိ မိမိကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ ခါးသီးလှတဲ့ အသီးအပွင့်တွေကို တဖြည်းဖြည်းနဲ့ ပြန်လည်စားသုံးရတော့မှာ ဖြစ်သည်။

“ဒါဆိုရင် ကျိုရွှမ်နတ်ဘုရားတောင်ရဲ့ အမွေအနှစ်ကတော့……”

“ယာယီအားဖြင့်တော့ ထိန်းသိမ်းထားလိုက်ဦး၊ သူ နောက်ပိုင်းမှာ ပြန်လာနိုင်တဲ့ အခွင့်အရေး ရှိနိုင်သေးတယ် ”

“နားလည်ပါပြီ ”

……

……

ဖန့်ချန် က အတွင်းကမ္ဘာနယ်မြေ တံခါးပေါက်ရဲ့ ရှေ့၌ မတ်တတ်ရပ်နေခဲ့ပြီး၊ ပတ်ဝန်းကျင် အရပ်ရပ်က ဟင်းလင်းပြင်ကြီးက အဆက်မပြတ် နောက်သို့ ဆုတ်ခွာသွားတာကို ကြည့်ရှုရင်း ရင်ထဲ၌ ဒီတစ်ကြိမ် ဖြစ်ရပ်တစ်ခုလုံးရဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ် ပြန်လည်တွေးတောနေခဲ့ပြီး၊ အထဲမှာ စိစစ်စစ်ဆေးရမယ့် အချက်အချို့များ ရှိမနေဘူးလား ဆိုတာကို ကြည့်ရှုနေခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် သူ၏ ကိုယ်ခန္ဓာကြီးက လှုပ်ရှားသွားခဲ့ရပြီး၊ ကောင်းကင်နိမိတ်ဖြစ်စဉ်မြစ်ကြီးရဲ့ ရှေ့သို့ ရောက်ရှိလာခဲ့ကာ ကောင်းကင်ထက်က လိုက်ကာကြီးက ဖြည်းညင်းစွာ ကျရောက်လာခဲ့ပြီး အထဲ၌ ကော်ယန်ရှောက် နှင့် ဖန့်ကျစ်ရွှယ် တို့၏ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ရပြီ ဖြစ်သည်။

ဤနှစ်ယောက်က လက်ရှိအချိန်မှာ နင်ကျိကျို ၏ နေအိမ်ဆီသို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်ပြီး၊ ဖန့်ကျစ်ရွှယ် ကလည်း ဆရာအဖြစ် ဆည်းကပ်ခြင်း လုပ်ငန်းစဉ်တွေကို ပြီးဆုံးသွားခဲ့ကာ၊ ထျန်းလန်ဆရာကြီး ၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။

ကော်ယန်ရှောက် ကတော့ ခြံဝန်းထဲ၌ ကျန်ရှိနေခဲ့ပြီး၊ နင်ကျိကျို နှင့်အတူ လက်ဖက်ရည် သောက်သုံးရင်း စကားစမြည် ပြောဆိုနေခဲ့ကြသည်။

“ဒီတစ်ကြိမ် ကိစ္စက၊ မျှော်လင့်မထားလောက်အောင်အထိ ချောချောမွေ့မွေ့ ဖြစ်သွားခဲ့ရတယ်၊ မင်းတို့ လူသားမျိုးနွယ်စုရဲ့ အထွတ်ထိပ်တာအို ပါရမီရှင် သုံးယောက်စလုံးက တစ်ယောက်မှ အနစ်နာခံလိုက်ရတာမျိုး မရှိခဲ့ဘူး ”

ကော်ယန်ရှောက် က နင်ကျိကျို အား တစ်ချက် ဝေ့ကြည့်လိုက်ပြီး၊ ပြုံးလျက် ပြောဆိုလိုက်တော့သည်။

အခန်း (၂၁၈၀) ဖောက်ထွက်လာတဲ့ အန္တရာယ်ကောင်ကြီးလို့တောင် သတ်မှတ်လို့ရတယ်

နင်ကျိကျို က မျက်နှာအမူအရာမရှိဘဲ လက်ဖက်ရည်ကို တစ်ငုံ ခပ်ဖွဖွ ငုံ့သောက်လိုက်ပြီး၊ တည်ငြိမ်စွာဖြင့် -

“ကော်စီနီယာ…… ဒီလိုဆိုမှတော့၊ တန်လင်ကျောင်းဆောင်ဘက်က ဖန့်မျိုးနွယ်စုဝင် ကျောင်းသားနှစ်ယောက်လည်း လူသားမျိုးနွယ်စုကျောင်းဆောင်ဆီကို ပြောင်းရွှေ့ စေလွှတ်ခြင်း ခံရတော့မှာ မဟုတ်လား ”

“တကယ်လို့ ဖန့်ကျစ်ရွှယ် ရဲ့ အတွင်းကမ္ဘာနယ်မြေက တကယ့်ကို အလုခံလိုက်ရပြီး ဒီကိစ္စက အပြင်ကို ပေါက်ကြားသွားခဲ့မယ်ဆိုရင်တော့၊ ဟိုဘက်က နှစ်ယောက်က သေချာပေါက် လူသားမျိုးနွယ်စုကျောင်းဆောင်ဆီကို ပြောင်းရွှေ့ စေလွှတ်ခံရမှာပဲ။

ဒါပေမဲ့ အခုတော့ ကိစ္စရပ်တွေက အနည်းငယ် မျှော်လင့်မထားတဲ့ အမှားအယွင်းတစ်ခု ဖြစ်သွားခဲ့ရတယ်၊ သူမရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို ဖန့်ချန် က ကာကွယ်ပေးလိုက်နိုင်ခဲ့တာ ဖြစ်လို့၊ ဒီအဖြစ်အပျက်ကို အသုံးချပြီး ကော်ယန်လီ ကိုသေသေချာချာ သင်ခန်းစာတစ်ခု ပေးလို့ရတယ်ဆိုပေမယ့်၊ တန်လင်ကျောင်းဆောင် ဘက်က ကိစ္စကိုတော့…… ကျုပ်လည်း အာမမခံရဲတော့ဘူး၊ ဟိုဘက်က လူသားမျိုးနွယ်စုကျောင်းဆောင်ရဲ့ သဘောထားက ဘယ်လောက်အထိ ပြတ်သား သန်မာမှု ရှိသလဲဆိုတာအပေါ်မှာပဲ မူတည်လိမ့်မယ် ”

ကော်ယန်ရှောက် က စကားပြောပြီးနောက်၊ အဓိပ္ပာယ်ပါပါ ပြုံးလျက် နင်ကျိကျို အား တစ်ချက် လှမ်းကြည့်လိုက်သည်။

“မင်းကလည်း တကယ့်ကို စွန့်လွှတ်ရက်တာပဲ၊ ကော်ယန်လီ ကို လူသွားကြိုခိုင်းလိုက်ရင် သူက သေချာပေါက် ကိုယ်ပိုင်အကြံအစည်တွေ ထုတ်လာပြီး ထိုက်ဟောက်ယွီ ရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ် ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်လိမ့်မယ်ဆိုတာကို ကြိုတင်သိရှိထားပါရက်နဲ့ ”

“လူတစ်ယောက်ကို စွန့်လွှတ်လိုက်တာနဲ့၊ လူနှစ်ယောက်ကို ပြန်ပြီးတော့ လဲလှယ်ယူနိုင်မှာ ဖြစ်လို့ပဲ၊ ဒီအရောင်းအဝယ်ကို ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ ”

နင်ကျိကျို ၏ မျက်နှာထက်၌ ငိုမလို ရယ်မလိုနှင့် ကြည့်ရဆိုးလှသော အပြုံးအရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“တကယ်လို့ ဒီသုံးယောက်စလုံးက ခင်ဗျားတို့ ရှီးမျိုးနွယ်စုရဲ့ ပျိုးထောင်ပေးမှုအောက်မှာ ပါရမီရှင်တွေ ဖြစ်လာခဲ့ကြရင်၊ နောက်ပိုင်းမှာ နေရာတိုင်း ခင်ဗျားတို့အတွက်ပဲ ဦးစားပေး တွေးတောပေးကြတော့မှာ မဟုတ်လား ”

ဒီနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက်၊ သူက ကော်ယန်ရှောက် အား တစ်ချက် လှမ်းကြည့်လိုက်သည်။

“ကော်စီနီယာကလည်း ပိုပြီးတော့တောင် စွန့်လွှတ်ရက်သေးတာပဲ၊ ကော်ယန်လီ ကို ဖိနှိပ်ပစ်ဖို့သက်သက်အတွက်နဲ့တင်၊ ဒီဂျူနီယာ သုံးယောက်စလုံးကို စွန့်လွှတ်ပစ်ဝံ့တယ်နော် ”

“ငါ့မျိုးနွယ်စု မဟုတ်ရင် နှလုံးသားချင်းက အမြဲတမ်း ကွဲပြားခြားနားနေမှာပဲ။

ကျုပ်က ဒီသဘောတရားကို အမြဲတမ်း ယုံကြည်ထားတာ ဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားတို့အတွက် သူတော်စင်တွေကို ကူညီပြီး ပြိုးထောင်ပေးရမယ်ဆိုရင်တော့၊ အချိန်ကုန် လူပန်းရုံတင်မကဘဲ အတွင်းကမ္ဘာရတနာတွေကိုပါ ဆုံးရှုံးရဦးမှာ ဖြစ်သလို၊ နောက်ပိုင်းမှာလည်း ဒီသုံးယောက်က တကယ့်ကိုပဲ စိတ်ရင်းနဲ့ သစ္စာစောင့်သိလာကြလိမ့်မယ်လို့ မပြောနိုင်ဘူး။

ဒါပေမဲ့ ကျုပ်ရဲ့ သဘောထားကိုတော့၊ မျိုးနွယ်စုထဲက ကြီးကျယ်လှတဲ့ ပုဂ္ဂိုလ်ကြီးတွေက ဘယ်လိုနည်းနဲ့မှ ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။

ဒီလို ဖြစ်နေမှတော့၊ ဘာဖြစ်လို့ ဒီအခွင့်အရေးကို အသုံးချပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် မလုပ်ရမှာလဲ ”

သူက စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးမှ -

“ပြောရမယ်ဆိုရင်တော့၊ ဒီဂျူနီယာ သုံးယောက်နဲ့ ယှဉ်လိုက်ရင်၊ ကျုပ်က ဖန့်ချန် အပေါ်ကို ပိုပြီးတော့ သဘောကျမိတယ်။

ဒီတစ်ကြိမ် ဖြစ်ရပ်က ကျုပ်တို့တွေ မျှော်လင့်မထားလောက်အောင်အထိ ဖြစ်သွားခဲ့ရတာကလည်း၊ ဖန့်ချန် က လမ်းမှာ အတူတူ လိုက်ပါလာခဲ့လို့ပဲ။

သူက ရှေ့ကနေ ထွက်ရပ်ပြီး ဖန့်ကျစ်ရွှယ် ကို ကယ်တင်ခဲ့တာ။

ကော်ယန်လီ ရဲ့ စီစဉ်ပြင်ဆင်မှုတွေအောက်မှာတင်၊ သူ့ရဲ့ အစီစဥ်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့တာ။

ဒီလိုမျိုး နည်းလမ်းတွေကတော့၊ ဖောက်ထွက်လာတဲ့ အန္တရာယ်ကောင်ကြီးလို့တောင် သတ်မှတ်လို့ရတယ် ”

ကော်ယန်ရှောက် က ပြုံးရယ်လျက် ခေါင်းညိတ်ပြလိုက်မိပြီး၊ မျက်ဝန်းထဲ၌ ချီးကျူးအံ့သြခြင်း အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရသည်။

“ဒီကောင်လေးက၊ တကယ့်ကိုပဲ ဖောက်ထွက်လာတဲ့ အန္တရာယ်ကောင်ကြီးတစ်ယောက်နဲ့ တူနေခဲ့တာပဲ၊ ကျုပ် သံသယဖြစ်မိတာကတော့ သူ ရွှေဟွေးကျောင်းဆောင်ဆီကို ရောက်ရှိလာပြီး၊ ကရုဏာတောင်တန်းဆီကို ဝင်ရောက်သွားခဲ့တာက၊ ကရုဏာတောင်တန်းရဲ့ မျိုးဆက်အလိုက် တစ်စုံတစ်ယောက်ဘိုးဘေးကြီးက ရှေ့ကနေ လက်လှမ်း လှုပ်ရှားလိုက်တာမျိုး ဖြစ်လိမ့်မယ် ”

နင်ကျိကျို က ပြုံး၍ ပြောဆိုလိုက်သည်။

“ကရုဏာတောင်တန်းရဲ့ ဘိုးဘေးကြီးက လက်လှမ်း လှုပ်ရှားလိုက်တာ ဟုတ်လား ”

ကော်ယန်ရှောက် ၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို လှုပ်ရှားသွားခဲ့ရပြီး၊ နက်နဲစွာ တွေးတောလိုက်သည်။

“ကရုဏာတောင်တန်းကနေ တကယ့်ကို စွမ်းရည်ရှိတဲ့ လူတော်အများကြီး ထွက်ပေါ်ခဲ့ဖူးတာပဲ၊ အဲဒီအထဲက အချို့ရဲ့ အင်အားက ကျုပ်ထက်တောင်မှ တစ်ဆင့် ပိုမိုမြင့်မားသေးတယ်။

တကယ်လို့ သူတို့တွေက ရှေ့ကနေ လှုပ်ရှားပြီး၊ ဒီကောင်လေးကို ရွေးချယ်ခဲ့တာဆိုရင်တော့၊ ဒါကလည်း အဓိပ္ပာယ် ရှိတာပေါ့ ”

“ဒီကောင်လေး ရွှေဟွေးကျောင်းဆောင်ဆီကို စတင်ဝင်ရောက်လာကတည်းက၊ လူသားမျိုးနွယ်စုကျောင်းဆောင်ဘက်က အကြီးအကဲအဖွဲ့ထဲက တစ်စုံတစ်ယောက် အကြီးအကဲကြီးရဲ့ အကြောင်းကြားမှုကို ရရှိထားခဲ့ပြီးသားပါ။ ဒီကောင်လေးက ကရုဏာတောင်တန်းဆီကို ဝင်ရောက်ဖို့ သတ်မှတ်ထားပြီးသား ဖြစ်တယ်ဆိုတာကိုပေါ့ ”

နင်ကျိကျို က ပြုံးလျက် -

“ကော်စီနီယာ အနေနဲ့၊ သူ့အပေါ်ကို စိတ်အာရုံတွေ အရမ်းကြီး နှစ်မထားလိုက်ပါနဲ့ဦး ”

ကော်ယန်ရှောက် က နင်ကျိကျို ၏ စကားလုံးတွေထဲ၌ ခြိမ်းခြောက်ခြင်း အရိပ်အယောင်လေးတစ်ခု ကိန်းအောင်းနေခဲ့တာကို ဘယ်လိုနည်းနဲ့မှ မကြားဘဲ နေပါ့မလဲ။

တစ်ဖက်လူက ဖန့်ချန် ၏ နောက်ခံအကြောင်းအရာကို အတိအကျ ထုတ်ဖော်ပြောဆိုလိုက်တာက၊ ပြင်ပလူတွေ အနေနဲ့ သူ့အပေါ်ကို မကောင်းတဲ့ စိတ်ကူးစိတ်သန်းတွေ မမွေးမြူကြဖို့ မျှော်လင့်နေခြင်း ဖြစ်သည်။

“နင်ငယ်လေးရာ…… မင်းက ငါ့ကို ဘယ်လိုမျိုး လာပြီးတော့ တွေးတောနေတာလဲ၊ ဖန့်ချန် က ဒီတစ်ကြိမ် နေမင်းခုနစ်ပါးခန်းမ ထဲမှာ ငါ့သားရဲ့ အသက်ကို ချန်ထားပေးခဲ့သလို၊ ငါ့ကိုလည်း ထိုက်ဟောက်ယွီ ရဲ့ ကိစ္စကို ထောက်ပြပြီး ကူညီပေးခဲ့တာ ဖြစ်လို့ ငါက ဘယ်လိုနည်းနဲ့ သူ့အပေါ်ကို မကောင်းတဲ့ စိတ်ကူးတွေ ထားရှိနိုင်မှာလဲ ”

ကော်ယန်ရှောက် က ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်သည်။

နင်ကျိကျို က တည်ငြိမ်စွာဖြင့် -

“ပထမအချက်၊ နေမင်းခုနစ်ပါးခန်းမ ထဲမှာတော့၊ ခင်ဗျားရဲ့ သားက ခင်ဗျားရဲ့ အမိန့်ပေး ညွှန်ကြားမှုကို ကြိုတင်ရရှိထားခဲ့ပြီးသား ဖြစ်လို့၊ ဖန့်ချန် နဲ့ အရောင်းအဝယ်တစ်ခု ပြုလုပ်ဖို့ တွေးတောနေခဲ့တာ ။ သူက မပြောခဲ့ရင်တောင်မှ၊ ခင်ဗျားရဲ့ သားက ရှေ့ကနေ ထွက်ရပ်ပြီး အစပြု ပြောဆိုလာမှာပဲ။

ဒုတိယအချက်၊ ထိုက်ဟောက်ယွီ က အတွင်းကမ္ဘာတားမြစ်နယ်မြေထဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ အဖြစ်အပျက်ကလည်း၊ တွေးတောကြည့်ရသလောက်တော့ ကော်စီနီယာရဲ့ လက်ချက်ပဲ ဖြစ်လိမ့်မယ်။

သနားစရာကောင်းလှတဲ့ ကော်ယန်လီ ကတော့၊ ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ပထမဆုံး ကာကွယ်ရေးဆရာ ဖြစ်ပါရက်နဲ့၊ ကော်စီနီယာရဲ့ လှည့်စားကစားခြင်းကို ခံလိုက်ရပြီး လမ်းပျောက်နေခဲ့ရတာ၊ ကော်စီနီယာရဲ့ နည်းလမ်းတွေကပဲ ပိုမိုမြင့်မားလှပါတယ် ”

ကော်ယန်ရှောက် က နင်ကျိကျို အား အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်ပြီးမှ၊ ဟားဟားဟား ဟု ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ချီးကျူးလွန်ရာ ရောက်နေပါပြီ၊ ချီးကျူးလွန်ရာ ရောက်နေပါပြီ၊ ငါက အခြေအနေအတိုင်း လိုက်ပါလုပ်ဆောင်လိုက်ရုံတင်ပဲဥစ္စာ။ အဓိကကတော့ ငါ ငယ်ရွယ်စဉ်တုန်းကတည်းက၊ ကော်ယန်လီ က ယင်သူတော်စင်ရဲ့ ကျင့်စဉ်နည်းလမ်းတစ်ခုကို ရရှိထားခဲ့တယ်ဆိုတာကို သိရှိထားခဲ့တာပဲ၊ သူ သုံးစွဲမယ့်အချိန်ကိုပဲ အမြဲတမ်း စောင့်ဆိုင်းနေခဲ့တာ ။ ဘယ်သူက သိမှာလဲ၊ သူကိုယ်တိုင်ကတော့ လုံးဝ မသုံးစွဲဘဲ နေခဲ့တာကြောင့်၊ အခုလိုမျိုး ဒီနေ့ဒီအချိန်အထိ စောင့်ဆိုင်းလိုက်ရတာ ဖြစ်လိမ့်မယ်လို့……”

“ကော်စီနီယာ…… တကယ်လို့ သူက ဖန့်ကျစ်ရွှယ် အပေါ်ကို လှုပ်ရှားဖို့ မပြင်ဆင်ခင်ကတည်းက၊ ခင်ဗျားက ရှေ့ကနေ ထွက်ရပ်ပြီး သူ့ကို သွားရောက်ဖော်ထုတ်လိုက်မယ်ဆိုရင်လည်း၊ သူက ဒီအတိုင်းပဲ ပြစ်ဒဏ်ပေးခြင်း ခံရမှာပဲ မဟုတ်လား။

အဲဒီအချိန်တုန်းက ထိုက်ဟောက်ယွီ က သူတော်စင်အတော်များများရဲ့ အုတ်မြစ်တွေကို ခိုးယူထားခဲ့ပြီးပြီ မဟုတ်လား။

ဒီလိုမျိုးဆိုရင်တော့၊ ကျုပ် လူသားမျိုးနွယ်စုရဲ့ ဂျူနီယာ သုံးယောက်စလုံးက ရှီးမျိုးနွယ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်လက်ရှိနေဦးပဲ၊ ပြန်လည်တောင်းဆိုဖို့အတွက် ဘာအကြောင်းပြချက်မှ ရှိလာမှာ မဟုတ်တော့ဘူး ”

နင်ကျိကျို က အနည်းငယ် စူးစမ်းလိုသော အကြည့်ဖြင့် ကော်ယန်ရှောက် ဘက်သို့ လှမ်းကြည့်လိုက်သည်။

ကော်ယန်ရှောက် သည် လက်ဖက်ရည်ခွက်ကို ကိုင်မြှောက်ထားသော လက်က ခဏမျှ တုံ့ဆိုင်းသွားခဲ့ရပြီးမှ၊ ချက်ချင်းဆိုသလို ညင်သာစွာ ပြုံးလျက် -

“အဲဒါက မသေချာသေးဘူးလေ၊ သူက သမာဓိခုံရုံးတစ်ခုလုံးက အလေးထားရတဲ့ ပါရမီရှင်တစ်ယောက်အပေါ်ကို လှုပ်ရှား ဖို့ ပြင်ဆင်လာတဲ့အချိန် ဒါမှမဟုတ် တကယ်ပဲ လှုပ်ရှားလိုက်တဲ့ အချိန်မျိုးကျမှသာ၊ အဲဒီလိုမျိုး ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိတဲ့ နေရာိဆီကို ပြောင်းရွှေ့ စေလွှတ်ခြင်း ခံရမှာပဲ။

ကျုပ်ကတော့ ကိစ္စတစ်ခုကို မလုပ်ရင်သာ နေမယ်၊ လုပ်မယ်ဆိုရင်တော့၊ အသေချာဆုံး ဖြစ်မယ့် လမ်းစဉ်ကိုပဲ ရွေးချယ်မှာ ဖြစ်လို့ပဲ ”

“……”

နင်ကျိကျို က ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်မိပြီး၊ သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်ကြောင်း ပြသလိုက်သည်။

“ဖန့်ကျစ်ရွှယ် က အခု မင်းရဲ့ တပည့်အဖြစ် ခံယူလိုက်ပြီဆိုတော့၊ မင်းရဲ့ ဆန္ဒအတိုင်း ဖြစ်သွားခဲ့ပြီပေါ့၊ ဒီလိုမျိုး ပါရမီရှင်တစ်ယောက်ကိုတော့၊ မင်းအနေနဲ့ လာပြီးတော့ အလဟဿ မဖြုန်းတီးလိုက်ပါနဲ့ဦး ”

ကော်ယန်ရှောက် က ပြုံးရယ်လျက် မတ်တတ်ရပ်လိုက်သည်။

နင်ကျိကျို ကလည်း မတ်တတ်ရပ်လိုက်ပြီး -

“ကော်စီနီယာရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်ပါတယ်၊ ဒီလိုမျိုး လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်ကိုတော့၊ ကျုပ် သေချာပေါက် စိတ်နှစ်ပြီး သင်ကြားပေးသွားမှာပါ။ နောင်နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့၊ သူမရဲ့ အနာဂတ် ခရီးလမ်းက ကျုပ်ထက်တောင်မှ ပိုပြီးတော့ မြင့်မားလာပါလိမ့်မယ် ”

နင်ကျိကျို က ကော်ယန်ရှောက် အား လိုက်လံပို့ဆောင်ပေးပြီးနောက်တွင်တော့၊ ဖန့်ကျစ်ရွှယ် အား ထပ်မံခေါ်ယူလိုက်သည်။

“ကျစ်ရွှယ်…… မင်းရဲ့ စင်ကြယ်သော ဗောဓိသီးတွေအားလုံးကို အကုန်လုံး ချေဖျက် စုပ်ယူပြီးသွားတဲ့နောက်မှာတော့၊ ကောင်းကင်ငါးပါး စစ်တလင်း ဘက်ကနေ မင်းအတွက် နေမင်းခုနစ်ပါးခန်းမ စစ်ဆေးမေးမြန်းခြင်းကို စီစဉ်ပြင်ဆင်ပေးလိမ့်မယ်၊ မင်းမှာ ယုံကြည်ချက် ရှိရဲ့လား ”

နင်ကျိကျို က ညင်သာစွာ မေးမြန်းလိုက်သည်။

“ဒါဆိုရင် ဖန့်စီနီယာအစ်ကို က စစ်ဆေးမေးမြန်းမယ့် အရာရှိ ဖြစ်မှာလား ”

ဖန့်ကျစ်ရွှယ် ၏ မျက်နှာအမူအရာက လှုပ်ရှားသွားခဲ့ရသည်။

“ သူ မဟုတ်ပါဘူး၊ သူက လက်ရှိအချိန်မှာ အဆင့် ကိုးဆယ် နေရာကို ရောက်ရှိထားခဲ့ပြီပြီး၊ နောက်တစ်ကြိမ်မှာ ပိုမိုမြင့်မားတဲ့ အဆင့်အတန်းတွေကို ထပ်မံဆွတ်ခူးရဦးမှာ ဖြစ်လို့၊ သူ့ရဲ့ အင်အားနဲ့ မင်းကြားထဲမှာတော့ အကွာအဝေးတစ်ခု ရှိနေသေးတာကြောင့်၊ သူ့ကို မင်းရဲ့ စစ်ဆေးမေးမြန်းမယ့် အရာရှိ ဖြစ်လာအောင် လုပ်ဆောင်ပေးမှာ မဟုတ်ဘူး

ဒါပေမဲ့…… တကယ်လို့ မင်းသာ ရှီးမျိုးနွယ်စုကျောင်းဆောင်ထဲမှာ ဆက်လက်ရှိနေသေးရင်တော့၊ နေမင်းခုနစ်ပါးခန်းမ ၏ စစ်ဆေးမေးမြန်းမယ့် အရာရှိကို ရွေးချယ်တဲ့ နေရာမှာ၊ သူတို့တွေက သဘာဝအတိုင်းပဲ ဝင်ရောက် စွက်ဖက်ကြလိမ့်မယ်။

အခုတော့…… သူတို့တွေက ဝင်ရောက် စွက်ဖက်ခွင့် မရှိတော့ရုံတင်မကဘဲ၊ လမ်းခုလတ်ကနေ နှောင့်ယှက်ဖျက်ဆီးတာမျိုးတောင် လုပ်ဆောင်လာနိုင်တာမို့လို့၊ မင်းအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အနည်းငယ် ရှိထားရလိမ့်မယ် ”

နင်ကျိကျို ၏ မျက်ဝန်းထဲ၌ လေးနက်လှသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရသည်။

ဖန့်ကျစ်ရွှယ် က ယုံကြည်ချက် ပြည့်နှက်နေသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။

“ဆရာ…… ဖန့်စီနီယာအစ်ကို က စစ်ဆေးမေးမြန်းတာမျိုး မဟုတ်ရင်ပဲ၊ ကျန်တဲ့လူတွေကိုတော့ တပည့်အနေနဲ့ ဘာမှကြောက်ရွံ့နေစရာ မရှိပါဘူး ”

“ယုံကြည်ချက် ရှိရင်တော့ ကောင်းတာပေါ့၊ သွားပြီးတော့ ကျင့်ကြံနေလိုက်ပါတော့၊ စင်ကြယ်သော ဗောဓိ သီးတွေအားလုံးကို သန့်စင်ပြီးသွားတဲ့အချိန်ကျမှ၊ ငါ မင်းကို လူသားမျိုးနွယ်စုကျောင်းဆောင်ထဲမှာ အဆင့်မြင့်မှော်စွမ်းရည်တွေကို လေ့လာ ဆည်းပူးခွင့်ရအောင် ထပ်မံစီစဉ်ပေးမယ်။

တောင်ကုန်းအသီးသီးက အဆင့်မြင့်မှော်စွမ်းရည်တွေကို မင်း လေ့လာဆည်းပူးလို့ရတာမို့လို့၊ ရွှေဟွေးအမိန့်ပေးတံဆိပ် ကိုတော့ ငါပဲ ထုတ်ပေးလိုက်မယ် ”

နင်ကျိကျို က ပြုံး၍ ပြောဆိုလိုက်သည်။

“ကျွန်မ ကရုဏာတောင်တန်းရဲ့ အဆင့်မြင့်မှော်စွမ်းရည်တွေကိုလည်း လေ့လာဆည်းပူးခွင့် ရနိုင်မလား ”

ဖန့်ကျစ်ရွှယ် ၏ မျက်နှာအမူအရာက လှုပ်ရှားသွားခဲ့ရသည်။

“ကရုဏာတောင်တန်းရဲ့ အဆင့်မြင့်မှော်စွမ်းရည်တွေ ဟုတ်လား။ ရနိုင်တာပေါ့ ”

နင်ကျိကျို က ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။

……

……

“အားလုံးက မြေခွေးအိုကြီးတွေချည်းပဲ……”

ချီယန်သူတော်စင် က ကောင်းကင်ပိတ်ကာထဲက မြင်ကွင်းတွေကို ကြည့်ရှုပြီးသွားပြီးနောက်တွင်တော့၊ မျက်နှာတစ်ခုလုံး ချီးကျူးအံ့သြခြင်းများဖြင့် ပြည့်နှက်နေခဲ့ရတော့သည်။

သူက ဖန့်ချန် ဘက်သို့ လှမ်းကြည့်လိုက်ပြီး

“ဖန့်ငရဲမင်း…… ဒီလိုမျိုး တည်ရှိမှုတွေနဲ့ အတူတူ ရှိနေရတာဆိုတော့၊ မင်းအနေနဲ့လည်း ပိုပြီးတော့ သေသေချာချာ ဂရုစိုက်ရလိမ့်မယ် ”

“စကားအပိုတွေ ”

ဖန့်ချန် က ချီယန် သူတော်စင် အား တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး၊ ဦးနှောက်ထဲ၌ အခုနက မြင်ကွင်းတွေကို တစ်ခုပြီးတစ်ခု ပြန်လည်တွေးတောလိုက်မိရာ၊ အကြည့်တွေက ပိုမိုပြီးတော့ လေးနက်တည်ငြိမ်လာခဲ့ရပြီ ဖြစ်သည်။

ဒီနှစ်ယောက်ရဲ့ စကားပြောဆိုမှုတွေအရဆိုရင်တော့၊ ဒီအဖြစ်အပျက်ကြီးရဲ့ အစအဆုံး အကြောင်းအရင်းတွေကို လွယ်လွယ်ကူကူနဲ့ စီစစ်စစ်ဆေးလို့ ရနိုင်ပေသည်။

ထိုက်ဟောက်ယွီ ဒဏ်ရာရရှိသွားတာကနေစပြီး၊ အခုလိုမျိုး ရုပ်ကောနာမ်ပါ လုံးဝ ပျက်စီးသွားတဲ့အထိ ဖြစ်ပျက်သွားခဲ့ရတာက၊ အကုန်လုံး ကော်ယန်ရှောက် ၏ တစ်လှမ်းချင်းစီ လမ်းညွှန်ပြသမှုကြောင့် ဖြစ်သည်။

ကော်ယန်လီ ကိုယ်တိုင်ပင်လျှင်၊ ဘာတစ်ခုမှ ကြိုတင်ရိပ်မိခဲ့ခြင်း မရှိပေ။

“ဒါမှမဟုတ် လက်ရှိအချိန်မှာတော့ ရိပ်မိသွားလောက်ပြီ ဖြစ်ပေမယ့်၊ နှမြောစရာကောင်းတာကတော့ နောက်ကျသွားခဲ့ပြီပဲ ”

ဖန့်ချန် ၏ အတွေးက တုန်ခါသွားခဲ့ရပြီး၊ ဦးနှောက်ထဲ၌ နင်ကျိကျို ၏ မျက်နှာပုံစံ ထွက်ပေါ်လာခဲ့တာကြောင့် မျက်နှာအမူအရာက အနည်းငယ် လေးနက်သွားခဲ့ရသည်။

“ပြင်ပမျိုးနွယ်စုက သူတော်စင်တွေကိုပဲ ဂရုစိုက်ရမှာ မဟုတ်ဘူး၊ လူသားမျိုးနွယ်စုက သူတော်စင်တွေကိုလည်း အနည်းငယ် ဂရုစိုက်ရလိမ့်မယ် ”

သူကလည်း တကယ့်ကို မျှော်လင့်မထားခဲ့မိတာကတော့၊ ဤအဖြစ်အပျက်ကြီးရဲ့ နောက်ကွယ်၌ နင်ကျိကျို ၏ ပုံရိပ်ပါ ပါဝင်ပတ်သက်နေလိမ့်မည်ဟု မထင်ထားခဲ့မိခြင်း ဖြစ်သည်။

ဖန့်ကျစ်ရွှယ် ကတော့ အနည်းငယ် လွဲချော်သွားခဲ့ရင်၊ အနစ်နာခံလိုက်ရတဲ့ သားကောင်တစ်ယောက် တန်းတန်းမတ်မတ် ဖြစ်သွားခဲ့ရတော့မှာ မဟုတ်လား။

All Chapters