← Chapters

အခန်း ၆၀၄

Vol. 56 Ch. 604

အခန်း ၆၀၄

Vol. 56 Ch. 604

အပိုင်း (၆၀၄)

​နဂါးအမြုတေများနှင့် ဆန်ဇူးပဲစေ့များကို ရရှိပြီးနောက် လင်းပိုင်ဖန်က လိမ္မာရေးခြားရှိလှသော ဧရာမ နဂါးကြီးကို ကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး - “ခုနက မင်းရဲ့ စွမ်းဆောင်ရည်က တော်တော်လေး ကောင်းမွန်ခဲ့တယ်၊ ဒါကြောင့် ငါက မင်းကို ထိုက်ထိုက်တန်တန် ဆုချဖို့ ဆုံးဖြတ်လိုက်တယ်...”

​ ဧရာမ နဂါးကြီးသည် ဝမ်းသာအားရဖြင့် - “တကယ်ပဲလား... အရှင်သခင်...”

​ “အမှန်ပေါ့... တကယ်ပြောတာ...”

​ လင်းပိုင်ဖန်က ပြုံးစိစိဖြင့် နတ်ဘုရားဓားကို ဆွဲထုတ်လိုက်ရင်း - “ဒီနေ့တော့ မင်းဆီကနေ နဂါးသွေး အများကြီး မယူတော့ပါဘူး။ နည်းနည်းလောက်ပဲ အောင့်ခံလိုက်... ချက်ချင်းပြီးသွားလိမ့်မယ်...”

​ ဧရာမ နဂါးကြီး : “F**k...”

​ ငါကသာ လူမဟုတ်တာ... မင်းကတော့ တကယ့်ကို လူယုတ်မာ ခွေးကောင်ပဲ။

​ နဂါးသွေးတစ်ပုံး ယူပြီးနောက် လင်းပိုင်ဖန်သည် ထိုနဂါးသွေးနှင့် ဆန်ဇူးပဲစေ့များကို ယူဆောင်ကာ လျိုဝမ်ချင်း ရှိရာဆီသို့ ထွက်လာခဲ့တော့သည်။

​ “ကြင်ယာတော်... ငါမင်းအတွက် အဖိုးတန် ရတနာတွေ ထပ်ယူလာခဲ့တယ်...”

​ “အရှင်မင်းကြီး... ဘာရတနာမျိုးလဲ...” လျိုဝမ်ချင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

​ မကြာသေးမီကစပြီး အရှင်မင်းကြီးသည် သူမ တစ်ခါမှ မမြင်ဖူး၊ အမည်ပင် မခေါ်တတ်သော ထူးဆန်းဆန်းပြားသည့် ရတနာများကို အမြဲ ယူဆောင်လာတတ်သဖြင့် သူမအတွက် အမြင်ကျယ်စေခဲ့သည်။

​ “ကြည့်လိုက်စမ်း...” လင်းပိုင်ဖန်က ပြုံးလျက် အစေခံများကို ထိုအရာများ ချထားရန် ညွှန်ကြားလိုက်သည်။

​ လျိုဝမ်ချင်း ငုံ့ကြည့်လိုက်သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ ရွှေနီရောင် သွေးများ ပြည့်နေသည့် အိုးတစ်လုံး ဖြစ်သည်။

​ သူမ ဤအရာကို မြင်ဖူးသည်။ ၎င်းမှာ အစွမ်းထက်လှသော သားရဲကြီးတစ်ကောင်၏ သွေးဖြစ်ပြီး ဆေးလုံးဖော်စပ်ရာတွင်ဖြစ်စေ၊ စွပ်ပြုတ်ချက်ရာတွင်ဖြစ်စေ၊ တိုက်ရိုက်သောက်သုံးလျှင်ပင်ဖြစ်စေ ထူးခြားဆန်းပြားသော အာနိသင်များ ရှိသည်။

​ လွန်ခဲ့သည့် နှစ်လခန့်ကပင် အရှင်မင်းကြီးသည် သူမအား တစ်ပုံး ပေးခဲ့ဖူးပြီး ယခုအထိပင် ကုန်အောင် မသုံးရသေးချေ။

​ ယခုမူ နောက်ထပ်တစ်ပုံး အလျင်အမြန်ပင် ရောက်ရှိလာပြန်ပြီဖြစ်ရာ ထိုသွေးများမှာ ပူနွေးနေဆဲဖြစ်ပြီး အလွန် လတ်ဆတ်နေကြောင်း သိသာလှသည်။

​ ထိုသွေးများကို မြင်ရရုံမျှဖြင့် သူမ မအံ့ဩမိသော်လည်း၊ သူမကို အမှန်တကယ် မှင်တက်သွားစေသည်မှာ စိမ်းစိုနေသော ပဲစေ့များ ပြည့်နေသည့် အိုးတစ်လုံး ဖြစ်သည်။

​ ၎င်းတို့မှာ သာမန် ပဲစေ့လေးများနှင့် ဆင်တူသော်လည်း အရှင်မင်းကြီးက ဤမျှ အလေးအနက်ထား၍ ယူဆောင်လာသည်ဆိုကတည်းက သာမန်ပဲစေ့များ မဟုတ်တန်ရာ။

​ “အရှင်မင်းကြီး... ဒါတွေက ဘာတွေပါလဲ...” လျိုဝမ်ချင်းက စူးစမ်းလိုစိတ်ဖြင့် ပဲစေ့တစ်စေ့ကို ကောက်ယူကာ သေချာစွာ စစ်ဆေးကြည့်သော်လည်း မမှတ်မိနိုင်သေးချေ။ ၎င်း၏ အာနိသင်ကိုလည်း တစ်ချက်ကြည့်ရုံဖြင့် မသိနိုင်သဖြင့် မေးမြန်းလိုက်ရခြင်း ဖြစ်သည်။

​ “ချစ်လှစွာသော ကြင်ယာတော်... ဒါတွေက ‘ဆန်ဇူးပဲစေ့’ တွေပဲ...” လင်းပိုင်ဖန်က ပြုံး၍ ပြန်ဖြေလိုက်သည်။

​ “ဆန်ဇူးပဲစေ့လား ..” လျိုဝမ်ချင်းက လှမ်းကြည့်လိုက်သည်။

​ “မှန်တယ်... ဆန်ဇူးပဲစေ့ပဲ...”

​ လင်းပိုင်ဖန်က တစ်စေ့ကို ထုတ်ယူလိုက်ပြီး ပြုံးလျက် - “ဒါတွေမှာ အလွန် အံ့ဩစရာကောင်းတဲ့ အာနိသင် ရှိတယ်။ ဘယ်လောက်ပဲ ငတ်မွတ်နေပါစေ၊ ပြင်းထန်လှတဲ့ ဒဏ်ရာတွေ ရထားပါစေ... ဒီဆန်ဇူးပဲစေ့ တစ်စေ့ကို စားလိုက်ရုံနဲ့ မျက်စိတစ်မှိတ်အတွင်း မူလအခြေအနေအတိုင်း ချက်ချင်း ပြန်လည် ကောင်းမွန်လာစေနိုင်တယ်...”

​ လျိုဝမ်ချင်းမှာ ထိတ်လန့်သွားပြီး - “အရှင်မင်းကြီး... အဲဒါ တကယ်ပဲလား...”

​ “မယုံရင်... လူတစ်ယောက်ကို စမ်းသပ်ခိုင်းကြည့်ရတာပေါ့...” လင်းပိုင်ဖန်က အကြံပြုလိုက်သည်။

​ ထို့နောက် လင်းပိုင်ဖန်သည် သေဒဏ်ကျအကျဉ်းသားတစ်ဦးကို ခေါ်ဆောင်လာစေပြီး အသက်ငင်ခါနီးအထိ ရိုက်နှက်စေကာ ဆန်ဇူးပဲစေ့တစ်စေ့ကို ကျွေးလိုက်သည်။

​ သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် ထိုလူ၏ ဒဏ်ရာများသည် မြင်သာထင်သာရှိသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြန်လည်သက်သာလာခဲ့သည်။

​ လျိုဝမ်ချင်းမှာ နောက်တစ်ကြိမ် ထိတ်လန့်တုန်လှုပ်သွားရပြန်သည် - “ဒီလောက် မြန်ဆန်တဲ့ ပြန်လည်ကောင်းမွန်မှုနှုန်းနဲ့ အစွမ်းထက်တဲ့ ကုသမှု အာနိသင်မျိုးက... တကယ့်ကို အံ့ဩစရာပဲ...”

​ သူမ ကိုယ်တိုင် ဖော်စပ်ထားသော ဆေးလုံးများပင်လျှင် ဤမျှ ထူးခြားဆန်းပြားသော ကုသမှု အာနိသင်မျိုး မရှိချေ။

​ လင်းပိုင်ဖန်သည် စိတ်ထဲကနေ ခိုး၍ ရယ်မောလိုက်သည်။

​ အရှိန်အဟုန် မြန်ဆန်ပြီး အာနိသင် ကောင်းမွန်လှသည်မှာ ထူးဆန်းသည် မဟုတ်ချေ။ ဤဆန်ဇူးပဲစေ့များသည် မူလကတည်းက စနစ်ကို ချိုးဖောက်ထားသည့် အရာများ ဖြစ်သည့်အပြင်၊ သူက ‘ဖန်ဆင်းခြင်းလက်ဝါး’ ဖြင့် ထပ်မံ အဆင့်မြှင့်တင်ထားသဖြင့် ၎င်းတို့၏ အာနိသင်မှာ ပို၍ပင် တုန်လှုပ်စရာ ကောင်းနေခြင်း ဖြစ်သည်။

​ “ချစ်လှစွာသော ကြင်ယာတော်... ဒီဆန်ဇူးပဲစေ့တွေကို မင်းလက်ထဲကို ငါ အပ်နှံခဲ့မယ်...”

​ လင်းပိုင်ဖန်က လေးနက်စွာဖြင့် - “မင်းက ဆေးဘက်ဝင်အပင်တွေ စိုက်ပျိုးတဲ့နေရာမှာ ကျွမ်းကျင်သူမို့လို့ ဒါတွေကို အောင်မြင်အောင် စိုက်ပျိုးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ ဒါဆိုရင် ငါတို့ မဟာရှာအင်ပါယာကြီးမှာ ဆန်ဇူးပဲစေ့တွေ အကန့်အသတ်မရှိ ရရှိနိုင်တော့မှာပဲ ဖြစ်တယ်...”

​ လျိုဝမ်ချင်းသည် ဤတာဝန်၏ အရေးကြီးပုံကို နားလည်သဖြင့် ထိုတာဝန်ကို လေးနက်စွာ လက်ခံလိုက်သည် - “အရှင်မင်းကြီး စိတ်ချပါ... ကျွန်မအနေနဲ့ အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်ကို ပျက်ပြားစေမှာ မဟုတ်ပါဘူး...”

​ ထိုညတွင် လင်းပိုင်ဖန်သည် ကြင်ယာတော်ဆောင်၌ပင် အိပ်စက် အနားယူခဲ့သည်။

​ နောက်တစ်နေ့ နံနက်တွင်မူ သူသည် လန်းဆန်းတက်ကြွစွာဖြင့် နန်းတော်သို့ ပြန်လာခဲ့ရာ၊ ယောင်ယောင်နှင့် စုန့်ယွီဖေးတို့ နှစ်ဦး အပြိုင်အဆိုင် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။

​ ဤမိန်းမလှနှစ်ဦးမှာ ကံကြမ္မာက ဖန်ပေးလိုက်သည့် ရန်သူများပမာ တွေ့လိုက်သည်နှင့် အမြဲတစေ တိုက်ခိုက်တတ်ကြသည်။

​ ကံကောင်းသည်မှာ သူတို့နှစ်ဦးလုံးသည် တိုက်ခိုက်ရာတွင် အသက်အန္တရာယ် မပြုမိစေရန် ထိန်းသိမ်းထားကြခြင်း ဖြစ်သည်။

​ လင်းပိုင်ဖန်သည် ၎င်းကို ကျင့်သားရနေပြီဖြစ်ရာ ဝင်ရောက်တားဆီးခြင်း မပြုတော့ဘဲ ဘေး၌ ရပ်ကာ စိတ်ဝင်တစားဖြင့် ကြည့်ရှုနေလိုက်သည်။

​ သူတို့အား ကြည့်ရှုနေသည့် အထူးပရိသတ်တစ်ဦး ရှိနေသည်ကို သတိပြုမိသွားကြသဖြင့် ထိုမိန်းမနှစ်ဦးမှာ ပို၍ပင် ပြင်းထန်စွာ တိုက်ခိုက်ကြပြီး တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

​ သိုင်းကွက်ပေါင်း ၃၀၀ ခန့် အပြန်အလှန် တိုက်ခိုက်ပြီးနောက် စုန့်ယွီဖေးသည် အနောက်သို့ ဖဝါးအနည်းငယ် ဆုတ်ခွာသွားခဲ့ရပြီး ဝတ်စုံမှာ အနည်းငယ် စုတ်ပြဲကာ မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့သည်။

​ ယောင်ယောင်ကမူ ခါးကို လက်ထောက်လျက် အောင်နိုင်သူပီပီ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - “ဟားဟား... ဒီတစ်ကြိမ်တော့ ငါနိုင်ပြန်ပြီ...”

​ စုန့်ယွီဖေး၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပြသော်လည်း စိတ်ထဲတွင်မူ မှိုင်တွေသွားခဲ့သည်။

​ လွန်ခဲ့သော နှစ်များအတွင်း သူတို့သည် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပြီး အမြဲတမ်း သူမကသာ အသာစီး ရခဲ့ခြင်း ဖြစ်သည်။

​ သို့သော် ယခုမူ ထိုမြေခွေးမလေး၏ ကျော်တက်ခြင်းကို ခံလိုက်ရချေပြီ။

​ သူမ၏ စွမ်းရည်က ဘာဖြစ်လို့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာရတာလဲ...။ သူမ နတ်ဆေးတစ်မျိုးမျိုးကို စားသုံးခဲ့လို့များလား...။

​ တကယ်လို့ လင်းပိုင်ဖန်သာ သူမ ဘာတွေးနေလဲဆိုတာကို သိရင်၊ မှန်ကန်စွာ ခန့်မှန်းနိုင်မှုအတွက် လက်မထောင်ပြီး ချီးကျူးမိမှာ သေချာပေသည်။

​ ယောင်ယောင်သည် နတ်ဆေးကို မစားသုံးခဲ့ဖူးသော်လည်း၊ သူမသည် နတ်ဆေးထက်ပင် သာလွန်လှသော နဂါးသားကို မကြာခဏ စားသုံးပြီး နဂါးသွေးကို သောက်သုံးခဲ့သဖြင့် သူမ၏ စွမ်းရည်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း ဖြစ်သည်။

​ လင်းပိုင်ဖန်က လက်ခုပ်တီးလျက် လျှောက်လာပြီး ရယ်မောကာ - “အံ့ဩဖို့ ကောင်းလိုက်တာ... မင်းတို့နှစ်ယောက်လုံး တကယ့်ကို ပြောင်မြောက်စွာ တိုက်ခိုက်နိုင်ကြတာပဲ...”

​ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ...” မိန်းမလှနှစ်ဦးလုံးက ညီညာစွာ အလေးပြုလိုက်ကြသည်။

​ “အခမ်းအနားတွေ အသာထားပါ...” လင်းပိုင်ဖန်က ပြုံးလိုက်သည်။

​ ယောင်ယောင်က ပြေးလာပြီး လင်းပိုင်ဖန်၏ လက်မောင်းကို ဖက်တွယ်ကာ စိတ်လှုပ်ရှားစွာဖြင့် - “အရှင်မင်းကြီး... ကျွန်မ နိုင်သွားပြီ။ ဟိုမိန်းမကို ကျွန်မ အနိုင်တိုက်လိုက်တာ... အခုဆိုရင် သူမက ကျွန်မရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး၊ ဟားဟား...”

​ “မင်း နိုင်တာကတော့ ဟုတ်ပါပြီ...၊ ဒါပေမဲ့ အိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်သည်အပေါ်မှာ အနည်းငယ်တော့ ညှာတာသင့်တာပေါ့...” လင်းပိုင်ဖန်က ညင်သာစွာ ပြောလိုက်သည်။

​ “ဟုတ်သားပဲ... ကျွန်မက ဒီအိမ်ရဲ့ အရှင်သခင်မပဲဥစ္စာ၊ ဧည့်သည်အပေါ်မှာ သဘောထားကြီးပြရမှာပေါ့လေ...”

​ ယောင်ယောင်က ခေါင်းကိုမော့၊ ရင်ကိုကော့လိုက်ပြီး သူမ၏ ဝင့်ထည်လှသော အမူအရာကို ပြန်လည် ဖော်ဆောင်လိုက်သည်။ သို့သော်လည်း သူမ၏ မျက်ဝန်းထဲမှ မာန်တက်နေသော အရိပ်အယောင်ကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

​ အားလုံး နန်းဆောင်အတွင်းသို့ ဝင်ရောက်လာကြပြီးနောက် လင်းပိုင်ဖန်က လက်ဖက်ရည်နှင့် မုန့်များကို တည်ခင်းစေကာ မေးမြန်းလိုက်သည် - “ဒီနေ့ မင်း ဒီကို လာရတဲ့ အကြောင်းရင်းကို သိပါရစေဦး...”

​ “ကျွန်မ လာရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် နှစ်ချက် ရှိပါတယ်...”

​ စုန့်ယွီဖေးက တည်ငြိမ်သော အမူအရာ၊ ညင်သာသော လေသံဖြင့် ဆိုလိုက်သည် - “ပထမတစ်ခုက အရှင်မင်းကြီးကို လာရောက် ဂါရဝပြုဖို့ ဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဆွေးနွေးဖို့ပါ...”

​ “ငါ နေကောင်းပါတယ် စိတ်ချပါ... မင်းပြောတဲ့ အရေးကြီးတဲ့ ကိစ္စက ဘာများလဲ...” လင်းပိုင်ဖန်က စူးစိုက်ကြည့်ကာ မေးလိုက်သည်။

​ စုန့်ယွီဖေးသည် တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်ငယ် ဖြစ်သဖြင့် ပုံမှန်အားဖြင့် ဂိုဏ်း၏ ကိစ္စရပ်များဖြင့် အလွန် အလုပ်များလှသည်။ သူမ ဤနေရာသို့ အချိန်ပေး၍ လာရောက်သည်ဆိုကတည်းက သာမန်ကိစ္စ မဟုတ်တန်ရာ။

​ “ဒါက...” စုန့်ယွီဖေးက ယောင်ယောင်ကို လှမ်းကြည့်လိုက်သည်။

​ “မင်းက ငါ့ကို ဘာလို့ လှမ်းကြည့်နေတာလဲ...” ယောင်ယောင်က မျက်စောင်းထိုးကာ ပြန်ပက်လိုက်သည်။

​ “ဒီကိစ္စက အလွန် အရေးကြီးပါတယ်... အရှင်မင်းကြီးအနေနဲ့ အခြားသူတွေကို ခတ္တ ဖယ်ရှားပေးစေချင်ပါတယ်...” စုန့်ယွီဖေးက ဆိုလိုက်သည်။

​ “အခြားသူတွေကို ဖယ်ရှားပေးရမယ် ဟုတ်လား...” ယောင်ယောင်က မကျေမနပ် ဖြစ်သွားပြီး - “စုန့်ယွီဖေး... မင်း အတိအကျ ဘာလုပ်ဖို့ ကြံစည်နေတာလဲ။ အရှင်မင်းကြီးအပေါ် မရိုးသားတဲ့ စိတ်ကူးတွေ ရှိနေတာလား၊ ဒါမှမဟုတ် လူသိမခံရဲတဲ့ ရှက်စရာ ကိစ္စမျိုးလား...”

​ စုန့်ယွီဖေးက လှည့်ကြည့်လိုက်သော်လည်း ဆက်လက်၍ ငြင်းခုံခြင်း မပြုတော့ချေ။

​ လင်းပိုင်ဖန် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် လက်ကို ဝေ့ယမ်းကာ - “အားလုံး ထွက်သွားကြ...။ ပြီးတော့ ယောင်ယောင်... မင်းလည်း ခဏ အပြင်ထွက်လိုက်ဦး။ ငါတို့ ဆွေးနွေးပြီးမှ ပြန်လာခဲ့ပါ...”

​ “ကျွန်မ... ကောင်းပါပြီ၊ ကျွန်မ အရင် သွားလိုက်မယ်...”

​ ယောင်ယောင်သည် စုန့်ယွီဖေး၏ ဘေးမှ မကျေမနပ် ဖြတ်လျှောက်သွားစဉ် သွားကြိတ်ကာ တိုးတိုးလေး ခြိမ်းခြောက်လိုက်သည် - “ငါ့ယောက်ျားကို လာပြီး မမြူဆွယ်နဲ့နော်...”

​ စုန့်ယွီဖေးကမူ မျက်ဖြူကိုသာ အပေါ်သို့ လှန်ပြလိုက်တော့သည်။

​ အားလုံး ထွက်ခွာသွားကြပြီးနောက် နန်းဆောင်အတွင်း၌ လင်းပိုင်ဖန်နှင့် စုန့်ယွီဖေး နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

​ ထိုစဉ် လင်းပိုင်ဖန်သည် ယောင်ယောင်တစ်ယောက် တိတ်တဆိတ် ပြန်လည် ရောက်ရှိလာပြီး၊ အမိုးပေါ်သို့ သာသာယာယာ တက်ကာ ကြောင်လေးတစ်ကောင်ပမာ ထုတ်တန်းပေါ်တွင် ဝပ်လျက် ချောင်းမြောင်း နားထောင်နေသည်ကို သတိပြုမိလိုက်သည်။

​ လင်းပိုင်ဖန်က စိတ်ပျက်လက်ပျက်ဖြင့် မချိပြုံး ပြုံးလိုက်မိတော့သည်။

​ ယောင်ယောင်ကတော့ တကယ့်ကိုပဲ...။ ဒီညတော့ သူမကို အိပ်ရာပေါ်မှာ အပြစ်ပေးမှ ဖြစ်တော့မယ်။

​ “အခု ငါတို့နှစ်ယောက်တည်း ရှိနေပြီမို့လို့ ပွင့်ပွင့်လင်းလင်း ပြောနိုင်ပြီ...” လင်းပိုင်ဖန်က ဆိုလိုက်သည်။

​ စုန့်ယွီဖေး၏ မျက်ဝန်းများက စူးရှသွားပြီး တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်တော့သည် - “အရှင်မင်းကြီး... အရှင်မင်းကြီးက ‘သူဖုန်းစားဂိုဏ်း’ ရဲ့ နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်လား...”

All Chapters