← Chapters

အခန်း ၆၀၈

Vol. 56 Ch. 608

အခန်း ၆၀၈

Vol. 56 Ch. 608

အပိုင်း (၆၀၈)

​နောက်တစ်နေ့ မနက်မိုးလင်းသောအခါတွင် စုန့်ယွီဖေးမှာ မနေ့ညက ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်များကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်နေဆဲပင်။

​ မိမိကိုယ်တိုင် အရှင်မင်းကြီးနှင့်အတူ ကုတင်ပေါ်သို့ ရောက်ရှိသွားခဲ့ရသည်ကို သူမ ကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်နေမိသည်။ ထို့ထက်ပို၍ မယုံနိုင်စရာ ကောင်းသည်မှာ သူမကိုယ်တိုင်ပင် ထိုကိစ္စကို စတင်အစပျိုးခဲ့ခြင်း ဖြစ်သည်။

​ ဒီလိုဖြစ်ပြီးမှတော့ သူမအနေဖြင့် လူတကာကို ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်ရတော့မှာလဲ...။

​ သို့သော်လည်း သူမ၏ဘေးတွင် အိပ်ပျော်နေသော လူသားကို ကြည့်ရင်း သူမ၏ နှလုံးသားထဲ၌ အတိုင်းထက်အလွန် ကျေနပ်မှုကိုလည်း ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ်... သူသည် သူမ စွဲလန်းတမ်းတခဲ့ရသည့် အမျိုးသား ဖြစ်ပြီး၊ ယခုကဲ့သို့ အတူတူ ရှိခွင့်ရလိုက်ခြင်းက သူမ၏ ဆန္ဒတစ်ခု ပြည့်ဝသွားခဲ့သလိုပင်။

​ ဤသို့ တွေးတောမိလိုက်သောအခါ သူမ၏စိတ်ထဲတွင် နောင်တဟူ၍ အလျဉ်းမရှိတော့ချေ။

​ ထိုအချိန်တွင် လင်းပိုင်ဖန်လည်း နိုးလာပြီး - “ယွီဖေး... နိုးပြီလား...” ဟု မေးလိုက်သည်။

​ စုန့်ယွီဖေးက ရှက်ရွံ့စွာဖြင့် - “အရှင်မင်းကြီး... မနေ့ညက ကိစ္စက... ကျွန်မတို့...”

​ သူမ၏ ရှက်သွေးဖြန်းနေသော ပုံစံလေးကို မြင်လိုက်ရသဖြင့် လင်းပိုင်ဖန်၏ နှလုံးသားမှာ လှုပ်ခတ်သွားပြီး သဘောကျစွာဖြင့် ဟားဟားရယ်မောကာ - “မနေ့ညက ငါတို့နှစ်ယောက်လုံးရဲ့ နှလုံးသားချင်း ထပ်တူကျသွားပြီး စိတ် မထိန်းနိုင်ဖြစ်သွားကြတာလေ...”

​ စုန့်ယွီဖေးမှာ ပို၍ပင် မျက်နှာနီမြန်းသွားတော့သည်။

​ ခဏအကြာတွင် သူမက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော လေသံဖြင့် - “အရှင်မင်းကြီး... မနေ့ညက ကိစ္စကို လှပတဲ့ အမှားတစ်ခုအဖြစ်ပဲ သတ်မှတ်လိုက်ကြရအောင်နော်... ဟုတ်ပြီလား...”

​ “ဘာလို့လဲ...” လင်းပိုင်ဖန်က နားမလည်စွာဖြင့် မေးလိုက်သည်။

​ “ဘာလို့လဲဆိုတော့... ကျွန်မတို့ကြားမှာ ရှေ့ဆက်စရာ အနာဂတ်မရှိလို့ပါ...”

​ စုန့်ယွီဖေးက နာကျင်စွာဖြင့် - “ကျွန်မတို့ရဲ့ အဆင့်အတန်းတွေကြောင့် အတူတူ ပျော်ရွှင်ခွင့်ရမှာ မဟုတ်ပါဘူး၊ ဒါကြောင့်... ကျွန်မကို မေ့လိုက်ပါတော့...”

​ လင်းပိုင်ဖန်က စိတ်ဆိုးသွားပြီး - “မင်းက ငါ့ရဲ့ မိန်းမဖြစ်သွားပြီ။ ငါက မင်းကို ဘယ်လိုလုပ်ပြီး မေ့ပစ်နိုင်မှာလဲ။ ငါ့ကို အမှန်အတိုင်းပြော... မင်း အခုထိ ‘ခံစားချက်ကင်း နိယာမသိုင်းကျမ်း’ ကို လေ့ကျင့်ဖို့ စိတ်မပျက်သေးဘူးမလား...”

​ စုန့်ယွီဖေးက ထိတ်လန့်သွားပြီး - “အရှင်မင်းကြီး... ဒါကို သိနေတာလား...”

​ “တခြားသူတွေကို မသိစေချင်ရင်... လူတွေကို အဲ့ဒီလောက် အရိပ်အမြွက်တွေ မပြနဲ့လေ...”

​ လင်းပိုင်ဖန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး - “အဲ့လို ခံစားချက်မရှိတဲ့ သိုင်းကွက်မျိုးကို လေ့ကျင့်ဖို့ စိတ်တောင်မကူးနဲ့။ အကယ်၍ မင်းသာ ကျင့်ခဲ့မယ်ဆိုရင်... ငါ ချက်ချင်းပဲ တာအိုဂိုဏ်းကို စစ်တပ်ကို စေလွှတ်ပြီး တိုက်ခိုက်ခိုင်းလိုက်မယ်။ မင်းသေချာ စဉ်းစားနော်...”

​ စုန့်ယွီဖေးက ကြောက်လန့်တကြားဖြင့် မျက်နှာပျက်သွားပြီး - “အရှင်မင်းကြီး... ဒါက ပုဂ္ဂိုလ်ရေး ကိစ္စပဲလေ၊ တာအိုဂိုဏ်းအပေါ် ဘာလို့ အငြိုးအတေး ထားရတာလဲ...”

​ ယခုအချိန်တွင် မဟာရှနိုင်ငံတော်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး အင်ပါယာဖြစ်ပြီး နိုင်ငံအသီးသီးက လာရောက်အလေးပြုနေရသဖြင့် အင်အားက တောင့်တင်းလွန်းလှသည်။ အကယ်၍သာ တာအိုဂိုဏ်းကို ပစ်မှတ်ထားခဲ့လျှင် တစ်ဂိုဏ်းလုံး ဒုက္ခပင်လယ်ဝေပြီး အထိနာပေလိမ့်မည်။

​ “ဒါက ငါ့ရဲ့ သဘောထားပဲ...”

​ လင်းပိုင်ဖန်က အာဏာရှင်ဆန်ဆန်ဖြင့် - “မင်း အဲ့ဒီလို ရက်စက်တဲ့ သိုင်းကျမ်းကို ကျင့်ဖို့ လုံးဝခွင့်မပြုနိုင်သလို... ငါ့ကို မေ့ပစ်ဖို့လည်း ခွင့်မပြုနိုင်ဘူး...”

​ စုန့်ယွီဖေးသည် စိုးရိမ်စိတ်ကော၊ ကြည်နူးစိတ်ပါ တပြိုင်နက်တည်း ခံစားလိုက်ရသည်။ စိုးရိမ်သည်မှာ ဤအမျိုးသားသည် ပြောလျှင် ပြောသည့်အတိုင်း လုပ်တတ်သူဖြစ်သဖြင့် အမှန်တကယ် လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ ကြည်နူးရသည်မှာမူ သူက သူမအတွက်ကြောင့် ဤသို့လုပ်ခြင်း ဖြစ်သောကြောင့်ပင်။ လောကကြီးတွင် မည်သည့်အမျိုးသမီးက ဤမျှကြီးမားသော ဂုဏ်ဒြပ်ကို ရရှိနိုင်ပါဦးမည်နည်း။

​ စုန့်ယွီဖေးက စောင်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ငြင်သာစွာဖြင့် - “အရှင်မင်းကြီး... စိတ်မဆိုးပါနဲ့တော့၊ ကျွန်မ နောက်မကျင့်တော့ပါဘူး...”

​ “ဒါမှပေါ့...”

​ လင်းပိုင်ဖန်က စုန့်ယွီဖေး၏ မျက်နှာလေးကို ဆွဲကိုင်ကာ ပြုံးလိုက်ပြီး - “အခုကစပြီး မင်းက ငါ့ရဲ့ မိန်းမဖြစ်သွားပြီ။ နောက်ရက်အနည်းငယ်ကျရင် လောကကြီးကို ကြေညာပြီး မင်းကို မိဖုရားအဖြစ် ဘွဲ့အပ်နှင်းမယ်...”

​ “ကျွန်မကို မိဖုရားအဖြစ် တင်မြှောက်မလို့လား...” စုန့်ယွီဖေးမှာ မှင်တက်သွားသည်။

​ “ဒါပေါ့... မင်းက ငါ့ရဲ့ မိန်းမပဲလေ၊ ငါ့အနေနဲ့ မင်းကို တရားဝင် အဆင့်အတန်းတစ်ခု ပေးရမှာပေါ့...” လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။

​ စုန့်ယွီဖေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားရပြန်သည်။

​ ဘာပဲဖြစ်ဖြစ်... သူမက တာအိုဂိုဏ်းရဲ့ တာအိုမျိုးဆက်တစ်ဦး ဖြစ်ပြီး မျိုးဆက်သစ်တွေရဲ့ ခေါင်းဆောင်တစ်ယောက်ပဲလေ။ အကယ်၍ အရှင်မင်းကြီးရဲ့ မိဖုရား ဖြစ်သွားပြီဆိုလျှင် တာအိုဂိုဏ်းက အကြီးအကဲတွေနဲ့ သိုင်းလောကက လူတွေကို ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်ရတော့မှာလဲ။ တွေးကြည့်ရုံနဲ့တင် သူမမှာ ရှက်လွန်း၍ မြေကြီးထဲပဲ တိုးဝင်ချင်စိတ် ပေါက်သွားတော့သည်။

​ “အရှင်မင်းကြီး... ခဏစောင့်ပါဦး။ ဒါတွေက အရမ်း ရုတ်တရက်ဆန်လွန်းလို့... ကျွန်မကို ပြင်ဆင်ဖို့ အချိန်နည်းနည်းလောက် ပေးပါဦး...”

​ လင်းပိုင်ဖန်က စကားပြောရလွယ်ကူသော လေသံဖြင့် - “ပြင်ဆင်ဖို့ ဘယ်လောက်ကြာမှာလဲ...” ဟု မေးလိုက်သည်။

​ “ခုနစ်နှစ်... ရှစ်နှစ်လောက်... ရမလားဟင်...” စုန့်ယွီဖေးက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မေးလိုက်သည်။

​ လင်းပိုင်ဖန်က တစ်ဖန် စိတ်ဆိုးသွားပြီး - “ခုနစ်နှစ်၊ ရှစ်နှစ်ဆိုရင် ငါတို့ရဲ့ ကလေးတွေတောင် လမ်းလျှောက်တတ်နေလောက်ပြီ။ လုံးဝမရဘူး...”

​ “...ဒါဆို သုံးနှစ်၊ လေးနှစ်လောက်ကော... မရဘူးလား...” စုန့်ယွီဖေးက လေသံအေးလေးဖြင့် ထပ်မံ အဆိုပြုလိုက်ပြန်သည်။

​ လင်းပိုင်ဖန်က ထပ်မံ အမျက်ထွက်လာကာ - “သုံးနှစ်၊ လေးနှစ် ဟုတ်လား... ငါတို့တွေ သိကျွမ်းခဲ့တာတောင် အဲ့ဒီလောက်ပဲ ရှိသေးတာ။ ဒါလည်း လုံးဝ လက်မခံနိုင်ဘူး...”

​ “ဒါဆို တစ်နှစ်... တစ်နှစ်ဆိုရင်တော့ သေချာပေါက် လုံလောက်ပါတယ်နော်...” စုန့်ယွီဖေးက အတတ်နိုင်ဆုံး တောင်းဆိုလိုက်သည်။

​ လင်းပိုင်ဖန်က ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်ကာ - “ကောင်းပြီ... ဒါပေမဲ့ ဒီတစ်နှစ်အတွင်းမှာ မင်း ငါ့ဆီ မကြာမကြာ လာလည်ရမယ်၊ အနည်းဆုံး တစ်လ တစ်ကြိမ်ပဲ။ အကယ်၍ မင်း ကတိဖျက်ရင် ငါလည်း ကတိဖျက်မှာပဲ...”

​ “ဟုတ်ကဲ့ပါ အရှင်မင်းကြီး...” စုန့်ယွီဖေးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူက မတောင်းဆိုလျှင်တောင် သူမအနေဖြင့် သူ့ထံ မကြာမကြာ လာတွေ့မိမှာ အသေအချာပင် ဖြစ်သည်။

​ ထိုအချိန်တွင် လင်းပိုင်ဖန်က စုန့်ယွီဖေး၏ မျက်နှာလေးနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးကို ကြည့်ကာ တွန့်ဆုတ်မနေတော့ဘဲ အနားသို့ တိုးကပ်သွားပြီး ရယ်မောလိုက်ရင်း - “ ကိုယ့်ရဲ့ အချစ်ကလေး ... အချိန်က စောပါသေးတယ်၊ ကိုယ်တို့ ဆက်လိုက်ကြရအောင်...”

​ “အရှင်မင်းကြီး... ညင်သာပေးပါ...”

​ ထိုအချိန်တွင်ဓားအဖိုးအို ကိုယ်တိုင်က တာအိုဂိုဏ်း၏ မဟာကောင်းကင်အဆင့် ရွှမ်ရွှီထံသို့ စာတစ်စောင်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်ခဲ့သည်။

​ စာကို ဖွင့်ဖတ်လိုက်ပြီးနောက် ရွှမ်ရွှီ၏ မျက်နှာတွင် အံ့သြရိပ်အချို့ ဖြတ်ပြေးသွားကာ - “ယွီဖေးနဲ့ အရှင်မင်းကြီးက... ဒီလို ဖြစ်သွားလိမ့်မယ်လို့ ငါ မထင်ထားမိဘူး...”

​ ဓားအဖိုးအိုက ပြုံးလျက် - “စုန့်ယွီဖေးနဲ့ ကျွန်တော့်ရဲ့ ဆရာက တကယ်ကို ကောင်းကင်က သတ်မှတ်ပေးတဲ့ စုံတွဲပါပဲ။ သူတို့ရဲ့ ပေါင်းစည်းမှုက မဟာရှနိုင်ငံတော်ကော တာအိုဂိုဏ်းအတွက်ပါ အကျိုးရှိစေမှာပါ။ တာအိုဆရာကြီး ရွှမ်ရွှီအနေနဲ့ သူတို့ကို ကောင်းချီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...”

​ တာအိုဆရာကြီး ရွှမ်ရွှီက ခပ်ဖွဖွ ရယ်မောလိုက်ပြီး - “မိတ်ဆွေပြောတာ တကယ့်ကို မှန်ကန်လှပါတယ်...”

​ ရေနွေးကြမ်း တစ်ခွက်စာခန့် စကားစမြည် ပြောဆိုပြီးနောက် တာအိုဆရာကြီး ရွှမ်ရွှီက ဓားအဖိုးအိုကို ကိုယ်တိုင် လိုက်လံပို့ဆောင်ခဲ့ပြီးနောက် သူ၏ တပည့်များကို - “ယွီဖေးကို ပေးထားတဲ့ တာဝန်တွေအားလုံးကို ဖျက်သိမ်းလိုက်တော့...” ဟု ညွှန်ကြားလိုက်သည်။

​ တာအိုဆရာနှစ်ဦးမှာ ထိတ်လန့်သွားပြီး - “ဒါပေမဲ့ ဆရာကြီး... သူမက တာအိုဂိုဏ်းရဲ့ တာအိုမျိုးဆက် ဖြစ်တဲ့အတွက် ထမ်းဆောင်ရမယ့် ဝတ္တရားတွေ အများကြီး ရှိပါသေးတယ်...”

​ တာအိုဆရာကြီး ရွှမ်ရွှီက ပြုံးကာ - “အခုချိန်မှာ သူမအတွက် ဒီထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေ ရှိနေပြီလေ။ အကယ်၍ သူမ အောင်မြင်ခဲ့ရင် ငါတို့ တာအိုဂိုဏ်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိလာလိမ့်မယ်။ ဒါကြောင့် နောက်နောင် အရေးကြီးတဲ့ ကိစ္စကလွဲလို့ သူမကို သွားပြီး မနှောင့်ယှက်ကြနဲ့တော့။ သူမ သဘောအတိုင်း လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးလိုက်ပါ...”

​ “ဟုတ်ကဲ့ပါ ဆရာကြီး...” တာအိုဆရာနှစ်ဦးက ပြန်လည်ဖြေကြားလိုက်သည်။

​

​ မဟာရှနိုင်ငံတော်၏ နန်းတော်အတွင်း၌ လင်းပိုင်ဖန်နှင့် စုန့်ယွီဖေးတို့သည် နှစ်ရက်တိုင်တိုင် ဖက်လဲတကင်း ရှိနေခဲ့ကြပြီးမှ သူမကို လွှတ်ပေးလိုက်တော့သည်။

​ ယခုအခါ စုန့်ယွီဖေး၏ မျက်နှာထက်တွင် ဇနီးငယ်လေးတစ်ဦး၏ ဆွဲဆောင်မှုရှိသော အလှတရားများ လွှမ်းမိုးနေခဲ့ပြီ ဖြစ်သည်။

​ ထိုအချိန်တွင် ယောင်ယောင်က ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး စုန့်ယွီဖေး၏ ထူးခြားသော ပြောင်းလဲမှုများကို ကြည့်ကာ အံ့သြနေမိသည်။

​ “မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက မင်းလက်ချက်မလား...” စုန့်ယွီဖေးက သူမကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

​ ယောင်ယောင်ကမူ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကိုမော့၊ ရင်ကိုကော့လိုက်ပြီး - “ဟုတ်တယ်... ငါ့ လက်ချက်ပဲ။ မင်းက ‘ခံစားချက်ကင်း နိယာမသိုင်းကျမ်း’ ကို ကျင့်ချင်နေတယ်လို့ ကြားလို့... မင်းရဲ့ အစီအစဉ်ကို ပျက်စီးသွားအောင် နည်းလမ်းလေး နည်းနည်း သုံးလိုက်တာလေ။ ဟီးဟီး... အခုတော့ ငါ့ရဲ့ မစ်ရှင်က အောင်မြင်သွားပြီ။ အကြီးအကဲကို ရိုသေရမယ်ဆိုတဲ့ စည်းကမ်းအရဆိုရင်... မင်း အခုချိန်မှာ ငါ့ကို ရေနွေးကြမ်း ငှဲ့ပေးပြီး ‘အစ်မကြီး’ လို့ ခေါ်ရတော့မှာ မလား...”

​ “အိပ်မက်တောင် မမက်နဲ့... ငါကတော့ ဒီတစ်သက် မင်းကို အစ်မကြီးလို့ ဘယ်တော့မှ ခေါ်မှာမဟုတ်ဘူး...” စုန့်ယွီဖေးက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

​ ယောင်ယောင်ကမူ ဂရုမစိုက်ဘဲ အောင်နိုင်သူတစ်ယောက်ကဲ့သို့ တစ်ချက် ရယ်မောလိုက်ရင်း - “မခေါ်လဲ ရပါတယ်... ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကျရင် ငါတို့ ဖြည်းဖြည်းချင်း ကစားဖို့ အချိန်တွေ အများကြီး ရှိသေးတာပဲလေ။ ကဲ... ငါတော့ သိုင်းကျင့်ဖို့ သွားပြီ...”

​ “ယောင်ယောင်... ခဏစောင့်ဦး...” စုန့်ယွီဖေးက လှမ်းခေါ်လိုက်သည်။

​ “ဘာကိစ္စ ရှိသေးလို့လဲ...” ယောင်ယောင်က စူးစမ်းလိုသော မျက်ဝန်းများဖြင့် လှည့်ကြည့်ကာ မေးလိုက်သည်။

​ “...ကျေးဇူးတင်ပါတယ်...” စုန့်ယွီဖေးက ပြောလိုက်သည်။

​ ယောင်ယောင်၏ မျက်ဝန်းများက ဝင့်ဖြာသွားပြီး - “ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ ငါက ပြိုင်ဘက်ကောင်း တစ်ယောက်ကို မဆုံးရှုံးချင်ရုံတင်ပါ။ မင်းမရှိရင် ငါ့ရဲ့ နေ့ရက်တွေက ပျင်းစရာကောင်းနေမှာလေ။ ပြီးတော့... အဲ့ဒီ စိတ်ကစားတတ်တဲ့ မုန်လာဥနီပုပ်ကြီး (လင်းပိုင်ဖန်) လည်း ဝမ်းနည်းပြီး အသဲကွဲနေမှာ စိုးလို့ပဲ...”

​ ထိုသို့ ပြောပြီးနောက် သူမက ထပ်မံ လက်ပြနှုတ်ဆက်လိုက်ကာ - “သွားပြီ... နောက်ရက်မှ တွေ့ကြတာပေါ့...”

​ သူမ၏ သေးငယ်သော ကျောပြင်လေး ထွက်ခွာသွားသည်ကို ကြည့်ရင်း စုန့်ယွီဖေးက နွေးထွေးစွာ ပြုံးလိုက်မိပြီး - “တကယ်ကို ရှားပါးတဲ့ မိန်းမကောင်းလေးပဲ... အရှင်မင်းကြီးက သူမကို ဒီလောက်တောင် အလိုလိုက်ပြီး ချစ်နေတာ မဆန်းပါဘူးလေ...”

All Chapters