အခန်း ၂၄၆
Vol. 18 Ch. 246
အပိုင်း(၂၄၆)
“တကယ်လို့ ဆရာသာ ကျွန်တော့်နေရာမှာဆိုရင်… အလွယ်တကူပဲ လက်လျှော့လိုက်မှာလား..."
ထိုစကားကြောင့် ကျန်းလျို ၏ ရင်ထဲတွင် ဆစ်ခနဲ ဖြစ်သွားပြီး သူ၏ကိုယ်ပိုင် အခြေအနေကို အလိုအလျောက် ပြန်လည်တွေးတောမိသွားလေသည်။
အကယ်၍ သူသာ ကျူးပါကျဲ ၏ နေရာတွင် ရှိနေမည်ဆိုပါက သူ ဘာလုပ်မည်နည်း… လက်လွှတ်လိုက်မည်လော…
အရင်တုန်းက ကောင်းယန် နှင့် အတူရှိနေခဲ့စဉ်ကလည်း အနာဂတ်နှင့်ပတ်သက်၍ အရာအားလုံးကို သူ ကြိုတင်မျှော်မှန်းထားခဲ့သည် မဟုတ်ပါလော။ သို့သော် နောက်ဆုံးတွင်မူ သူလည်း လက်မလွှတ်နိုင်ခဲ့သည် မဟုတ်ပါလော။
ယနေ့ ကျူးပါကျဲ ရင်ဆိုင်နေရသော အခြေအနေသည် သူ ရင်ဆိုင်ခဲ့ရဖူးသော အခြေအနေနှင့် မည်မျှတူညီနေသနည်း။
ကျူးပါကျဲ နှင့် ကျူးကျူး တို့သည် တစ်ဖန် အတူတကွ ရှိနေကြပြန်ပြီး သူတို့၏ ချစ်ခင်ကြင်နာနေသော အမူအရာများက ကျန်းလျို အား တိတ်ဆိတ်သွားစေခဲ့လေသည်။
ကျူးပါကျဲ ၏ လက်ရှိအခြေအနေကို ကြည့်ရင်း ကျန်းလျို သည် သူ၏ အတိတ်က ပုံရိပ်ကို ပြန်လည်မြင်ယောင်နေရသကဲ့သို့ အမြဲခံစားနေရလေသည်။
'ကျူးပါကျဲ နဲ့ ကျူးကျူး တို့ရဲ့ အခြေအနေက တိုက်ဆိုင်မှု သက်သက်ပဲလား... ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ အစီအစဉ်များလား... ဖြစ်နိုင်မလား... ဒါက မူရင်းဇာတ်လမ်းနဲ့ မတူဘဲ ကွမ်ယင် က ဖန်တီးထားတဲ့ နောက်ထပ် စမ်းသပ်မှုတစ်ခုများလား...'
ကျန်းလျို သည် စိတ်ထဲမှနေ၍ တီးတိုးရေရွတ်လိုက်လေသည်။
တွေးကြည့်မည်ဆိုလျှင် ထိုသို့ဖြစ်နိုင်ခြေမှာ များနေသည် မဟုတ်ပါလော။
အကယ်၍ ဤသည်က အမှန်တကယ် စမ်းသပ်မှုတစ်ခုသာ ဖြစ်ခဲ့လျှင် ဤစမ်းသပ်မှုသည် ကျူးပါကျဲ ကို ပစ်မှတ်ထားနေကြောင်း ထင်ရှားလှပေသည်။
ယခင် သူတော်စင်လေးပါး၏ ဇင်စိတ်ထားကို စမ်းသပ်မှုအတွင်း ကွမ်ယင် သည် ကျူးပါကျဲ ၏ လက်ချက်ဖြင့် မျက်နှာပန်း အကြီးအကျယ် ပျက်ခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် အရာအားလုံးသည် ယုတ္တိတန်နေပုံ ပေါ်သည် မဟုတ်ပါလော။
'ကွမ်ယင် က ကောင်းယန် နဲ့ ငါ့ရဲ့ ပတ်သက်မှုကို ပုံစံယူပြီး… ကျူးပါကျဲ ကို ပစ်မှတ်ထားဖို့ နောက်တစ်ကြိမ် ထပ်မံပုံတူကူးချနေတာလား...'
အတန်ကြာ တွေးတောပြီးနောက် ကျန်းလျို ၏ စိတ်အခြေအနေမှာ ညှိုးကျသွားပြီး တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ ဒေါသများ ပေါက်ကွဲထွက်လာလေသည်။
သူ့အနေဖြင့် ခုခံရန် အကူအညီမဲ့နေခဲ့ရပြီး ယခုအခါ သူတို့က ထိုဇာတ်ကွက်မျိုးကို ဒုတိယအကြိမ် ထပ်မံဖန်တီးချင်နေကြပြန်သည်လော။
မည်သို့ပင်ဖြစ်စေ သူတို့သည် ဆရာနှင့် တပည့် ဖြစ်ကြသည်လေ။ သူသည် ဤအရာအားလုံးကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ရာ ကျူးပါကျဲ ဤအခက်အခဲကို ကျော်ဖြတ်နိုင်ရန် အတတ်နိုင်ဆုံး ကူညီပေးသင့်ပေသည်။
ဒင်... "အချစ် ဘေးဒုက္ခ" မစ်ရှင် ပွင့်သွားပါပြီ။
မစ်ရှင် လိုအပ်ချက် - ကျူးပါကျဲ ဤအချစ်ဘေးဒုက္ခကို ကျော်ဖြတ်နိုင်ရန် ကူညီပေးရန်။
အောင်မြင်မှု ဆုလာဘ် - အတွေ့အကြုံမှတ် ၃၀၀,၀၀၀ နှင့် ရာဇဝင် အရည်အသွေး ရတနာသေတ္တာ ၁ လုံး။
တစ်ပြိုင်နက်တည်းမှာပင် ဂိမ်းစနစ်ထံမှ အသိပေးချက်က သူ့ စိတ်ထဲတွင် ရုတ်တရက် မြည်ဟည်းလာလေသည်။ နောက်ထပ် မစ်ရှင်တစ်ခု ဖြစ်လေသည်။
သို့ရာတွင် ဤမစ်ရှင်ကို ရရှိပြီးနောက် ကျန်းလျို မှာ ပျော်ရွှင်မှု မခံစားရပေ။ ဆန့်ကျင်ဘက်အားဖြင့် သူ၏ ရင်ထဲတွင် ပို၍ပင် လေးလံသွားလေသည်။
ဤမစ်ရှင်အရ ကြည့်မည်ဆိုလျှင် ဤအချစ်ဘေးဒုက္ခသည် ကွမ်ယင် ဗောဓိသတ် မှ ကျူးပါကျဲ အား ပစ်မှတ်ထား၍ အမှန်တကယ် ဖန်တီးထားသည့် ထောင်ချောက်တစ်ခု ဖြစ်နေသည်လော။
သို့မဟုတ်ပါက... ဤမစ်ရှင်အတွက် အဘယ်ကြောင့် ဤမျှ မြင့်မားသော ဆုလာဘ်ကို ပေးအပ်ထားရမည်နည်း။
ထို့နောက်တွင် လဝက်ခန့် အချိန်ကုန်လွန်သွားခဲ့လေသည်။ ဤလဝက်အတွင်း ကျူးပါကျဲ နှင့် ကျူးကျူး တို့သည် ခွဲခွာ၍မရအောင် တွယ်ကပ်နေကြပြီး သူတို့၏ ဆက်ဆံရေးမှာ အလွန်လျင်မြန်စွာ နွေးထွေးလာခဲ့လေသည်။
ကျန်းလျို နှင့် ကျန်ရစ်သော လူပျိုကြီး တစ်သိုက်မှာ လဝက်နီးပါးခန့် သူတို့၏ ကြည်နူးနေမှုများကို အောင့်အည်း သည်းခံ ထိုင်ကြည့်နေခဲ့ရလေသည်။
"ငါတော့ တကယ် နားမလည်နိုင်ဘူး... နေ့တိုင်း ဖက်တွယ်ပွေ့ဖက်နေရတာ ဘာများ အဓိပ္ပာယ်ရှိလို့လဲ... တစ်ယောက်ကို တစ်ယောက် ကပ်နေရတာ အဲဒီလောက်တောင် ပျော်ဖို့ကောင်းသလား..."
တစ်နေ့ အားလုံး အနားယူရန် ရပ်နားလိုက်ချိန်၌ သစ်ကိုင်းပေါ်တွင် လှဲလျောင်းနေသော စွန်းဝူခုန်း သည် မလှမ်းမကမ်း၌ ကျူးပါကျဲ နှင့် အမျိုးသမီး မိစ္ဆာ တို့ ပွေ့ဖက်ကာ အချင်းချင်း ချစ်ခင်ကြင်နာမှုများ ပြသနေသည်ကို ကြည့်ရင်း နှုတ်ခမ်းကို တွန့်ကွေးကာ တိတ်ဆိတ်စွာ မထီမဲ့မြင် ပြုလိုက်လေသည်။
သို့သော် စွန်းဝူခုန်း ၏ အမြင်အာရုံမှာ စူးရှလှပေသည်။ သူသည် ဤအရာများကိုသာ သတိပြုမိခဲ့ခြင်း မဟုတ်ပေ။ မိစ္ဆာ အချို့ ကင်းလှည့်ရင်း ထင်ရှားစွာဖြင့် ချဉ်းကပ်လာနေသည်ကိုလည်း မြင်တွေ့လိုက်ရလေသည်။
"ဆရာ... မိစ္ဆာငယ် နှစ်ကောင် လာနေတယ်..."
သစ်ကိုင်းပေါ်တွင် လှဲလျောင်းနေရင်း တစ်ဖက်သို့ လှည့်ရန်ပင် ပျင်းရိနေသော စွန်းဝူခုန်း သည် ကျန်းလျို အား လှမ်းသတိပေးလိုက်လေသည်။
"ဟုတ်လား..."
ဤစကားကို ကြားသောအခါ ကျန်းလျို ၏ မျက်လုံးများ အရောင်လင်းလက်သွားပြီး စွန်းဝူခုန်း ညွှန်ပြသော ဦးတည်ရာသို့ ရင်ဆိုင်ရန် မတ်တပ်ရပ်လိုက်လေသည်။
အမှန်တကယ်ပင် ၎င်းတို့မှာ ဝံပုလွေမိစ္ဆာ ကြီး နှစ်ကောင် ဖြစ်နေလေသည်။
"ဟီးဟီးဟီး... ချောမွေ့နူးညံ့တဲ့ ဘုန်းကြီးပဲ... ဒီနေ့တော့ ငါတို့ နှစ်ကောင်လုံးအတွက် စားပွဲကြီး ဖြစ်တော့မယ်..."
ကျန်းလျိုကို တွေ့သော အခါ ထိုဝံပုလွေမိစ္ဆာ နှစ်ကောင်က လောဘများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လူစကားကို ပြောဆိုလိုက်ကြလေသည်။
သို့သော် ၎င်းတို့မှာ သာမန် မိစ္ဆာ နှစ်ကောင်သာ ဖြစ်ပြီး ထည့်သွင်းစဉ်းစားရန်ပင် မတန်ပေ။ ကျန်းလျို သည် သူ၏လက်ကို မြှောက်လိုက်ရာ မီးလုံးတစ်လုံး ပေါက်ကွဲထွက်ပေါ်လာပြီး ဝံပုလွေမိစ္ဆာ တစ်ကောင်အား ထိမှန်ကာ ပေါက်ကွဲသွားလေတော့သည်။
ဘုန်း...
ဝံပုလွေမိစ္ဆာသည် သနားစရာကောင်းလောက်အောင် အော်ဟစ်သွားပြီး မြေပြင်ပေါ်တွင် မည်းနက်ကျွမ်းလောင်ကာ လဲကျသွားလေသည်။ ၎င်း၏ သွေးတန်းမှာ ခန်းခြောက်သွားပြီး ချက်ချင်းပင် သေဆုံးသွားခဲ့လေသည်။
ဒင်... အတွေ့အကြုံမှတ် ၁၀၅ မှတ် ရရှိပါသည်။
"မန္တန်တွေ သုံးတတ်တဲ့ ဘုန်းကြီး ဟုတ်လား..."
ဘေးနားရှိ အခြား ဝံပုလွေမိစ္ဆာတစ်ကောင်သည် ၎င်း၏ အဖော်ဖြစ်သူ တစ်ချက်တည်းဖြင့် ချက်ချင်းသေဆုံးသွားသည်ကို မြင်သောအခါ ထိတ်လန့်တကြားဖြစ်သွားပြီး လှည့်ထွက်ပြေးလေတော့သည်။
သို့သော် ကျန်းလျိုက သူ့ကို ထွက်ပြေးရန် အခွင့်အရေးမပေးပေ။
ဝှစ်...
တောက်ပသည့် ဖိနပ်၏ အထူးအကျိုးသက်ရောက်မှု အသက်ဝင်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ လျှပ်တစ်ပြက် ပြေးလွှားသွားကာ ထွက်ပြေးနေသော ဝံပုလွေမိစ္ဆာ၏ အနောက်သို့ ချက်ချင်းရောက်ရှိသွားပြီး ၎င်း၏ခေါင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်လေသည်။
"ပြောစမ်း... မင်းတို့ မိစ္ဆာတွေက ဘယ်ကလာတာလဲ... မင်းတို့ရဲ့ ဘုရင်ကြီးက ဘယ်လိုပုံစံရှိလဲ..."
ကျန်းလျိုက အေးဆေးတည်ငြိမ်သော လေသံဖြင့် မေးလိုက်လေသည်။
ခေါင်းကို အဆုပ်ကိုင်ခံထားရသော ဝံပုလွေမိစ္ဆာမှာ အလွန်အမင်း ထိတ်လန့်သွားပြီး မဖြေဘဲ မနေရဲချေ။
"ကျွန်... ကျွန်တော်က လေလိုက်တောင် က မိစ္ဆာပါ... ကျွန်... ကျွန်တော်တို့ရဲ့ ဘုရင်ကြီးက လေလိုက် ဝံပုလွေစစ်သူကြီး ပါ... ခင်... ခင်ဗျား ကျွန်တော့်ကို သတ်ရဲရင်… ကျွန်တော်တို့ရဲ့ ဘုရင်ကြီးက သေချာပေါက် ခင်ဗျားကို..."
လက်ဝါးမိုးကြိုး…
ဝံပုလွေမိစ္ဆာ စကားမဆုံးမီမှာပင် ကျန်းလျို၏ လက်ဝါးမှ မိုးကြိုးတစ်ချက် ပေါက်ကွဲထွက်ပေါ်လာ၏။ တောက်ပသော အပြာရောင် လျှပ်စီးတန်းသည် မိစ္ဆာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားကာ ပွဲချင်းပြီး ဓာတ်လိုက်သေဆုံးသွားစေလေသည်။
မြင်မြင်ချင်း တိုက်ခိုက်လာသော ဤကင်းလှည့် မိစ္ဆာနှစ်ကောင်ကို ကြည့်ရုံဖြင့် ဝံပုလွေတောင်တန်း ပေါ်ရှိ ဝံပုလွေမိစ္ဆာများသည် မကောင်းဆိုးဝါးများဖြစ်ကြောင်း ကျန်းလျို ကောက်ချက်ချလိုက်လေသည်။ ထို့ကြောင့် သူက စွန်းဝူခုန်းနှင့် အခြားသူများကို လှမ်းခေါ်လိုက်လေသည်။
"တပည့်တို့... သွားကြစို့... ရှေ့မှာ လေလိုက်တောင် ရှိတယ်… အဲဒီအထဲမှာ လေလိုက် ဝံပုလွေစစ်သူကြီး ရှိနေတယ်... ဒီလို အလွန်ဆိုးသွမ်းတဲ့ မိစ္ဆာတွေကို ရှင်းလင်းပစ်ကြရအောင်..."
ထိုသို့ပြောဆိုရင်း သူသည် သူတို့ကို မစောင့်တော့ဘဲ ရှေ့သို့ ဆက်လက်ထွက်ခွာသွားလေသည်။
ဝံပုလွေတောင်တန်း တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်မှာ မိစ္ဆာစစ်သူကြီး တစ်ကောင်မျှသာ ဖြစ်လေသည်။ ကျန်းလျိုအတွက်မူ တိုက်ပွဲဝင်ခြင်းဖြင့် အဆင့်မြှင့်တင်ရန် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။
သံစပ်တုတ် ကို ထုတ်ယူလိုက်ပြီးနောက် ကျန်းလျိုသည် ရှေ့သို့ တက်သွားကာ ကြုံတွေ့ရသမျှ ဝံပုလွေမိစ္ဆာတိုင်းကို ရိုက်နှက်သတ်ဖြတ်လေတော့သည်။
အတွေ့အကြုံမှတ် များမှာ သိပ်မများသော်လည်း ဤဝံပုလွေမိစ္ဆာများမှာ အရေအတွက် များပြားလှသောကြောင့် လုံလောက်သော စုဆောင်းမှု ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ ဝံပုလွေများဆိုသည်မှာ အုပ်စုဖွဲ့နေထိုင်တတ်သော သတ္တဝါများ ဖြစ်ကြသည် မဟုတ်ပါလော။
သူ၏ နောက်တွင်တော့... ကျန်းလျို၏ ခေါ်သံကို ကြားသည်နှင့် စွန်းဝူခုန်းသည် ခုန်လွှားကာ နောက်မှ လိုက်သွားလေသည်။ အလားတူပင် နဂါးမြင်းဖြူ နှင့် ရှားဝူကျင်း တို့သည်လည်း နောက်မှလိုက်ရန် မတ်တပ်ရပ်လိုက်ကြလေသည်။
သို့သော် မထွက်ခွာမီ ရှားဝူကျင်းသည် အမျိုးသမီး မိစ္ဆာ ကို ချစ်ခင်ကြင်နာစွာ ပွေ့ဖက်ထားဆဲဖြစ်သော ကျူးပါကျဲကို ပြန်ကြည့်လိုက်လေသည်။ ထို့နောက်... ထိုရေသူရဲကြီးမှာ တိတ်ဆိတ်စွာ ခေါင်းခါယမ်းလိုက်မိလေသည်။
သူက သူ့ကို ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့မှာ မြန်မြန်ဆန်ဆန် သွားနေကြခြင်း မဟုတ်သဖြင့် သူ၏ ဒုတိယနောင်တော်သည် မကြာမီ အမီလိုက်လာနိုင်မည် ဖြစ်လေသည်။
***