အခန်း ၇၆
Vol. 8 Ch. 76
အခန်း (၇၆)
အေးချမ်းစွာ နေထိုင်သော အိမ်တော်သခင်နှင့် မြို့တော်မှ ကောလာဟလများ
လက်ဆွဲထွန်စက် (၁၀) စီးကို တရားဝင် အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် ချင်းရှီးခရိုင်၏ မြေရိုင်းဖော် ထုတ် ခြင်း လုပ်ငန်းစဉ်မှာ ဒဏ္ဍာရီဆန်ဆန် တိုးတက်မှုခေတ်ကာလတစ်ခုဆီသို့ ရောက်ရှိသွားခဲ့လေသည်။
နားကွဲမတတ် ဆူညံနေသော အင်ဂျင်သံကြီးများမှာ လယ်ကွင်းများအတွင်း၌ အားအထားရဆုံးသော တေးဂီတ သံစဉ်တစ်ခု ဖြစ်လာခဲ့ပေသည်။
ယခင်ကာလများ၌ မြေရိုင်းများကို ဖော်ထုတ်ရန်အတွက် ခွန်အားကြီးမားသော အလုပ်သမား ရာပေါင်းများစွာက ဆယ်ရက်မှ လဝက်အထိ အချိန်ယူခဲ့ရလေသည်။ ယခုအခါတွင်မူ နံနက်ခင်းတစ်ပိုင်းခန့်သာ မောင်းနှင်ရသော 'စက်မှုထွန်စက်' တစ်စီးဖြင့် ထိုမြေများကို သေသပ်စွာ ရှင်းလင်းဖော်ထုတ်နိုင်ပြီ ဖြစ်ပေသည်။
မြေသားများကို နက်ရှိုင်းစွာ ထွန်ယက်ထားသဖြင့် နူးညံ့ပြီး မြေဆီသြဇာ ပြည့်ဝသွားခဲ့လေသည်။
မာကျောသော ကျောက်ခဲများနှင့် သစ်ပင်အမြစ်များမှာ သံမဏိထွန်သွားများရှေ့တွင် တို့ဟူးတုံးများကဲ့သို့ပင် အလွယ်တကူ ကျိုးပဲ့ပျက်စီးသွားခဲ့ရပေသည်။
လူအများ၏ ကနဦး အံ့အားသင့်မှုနှင့် ကိုးကွယ်ယုံကြည်မှုတို့မှာ တဖြည်းဖြည်းဖြင့် ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသော ပြင်းပြသည့် ကြည်ညိုလေးစားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
သူတို့သည် 'စက်မှုထွန်စက်' ကို မောင်းနှင်နေကြသော အစောင့်တပ်သားများကို မနာလိုမှုနှင့် အံ့သြကြည်ညို မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ကြလေသည်။
သူတို့၏ အမြင်တွင် နတ်ဘုရားသားရဲကို ထိန်းချုပ်နိုင်သူ မည်သူမဆိုသည် နတ်ဘုရားတစ်ပါးနှင့် တူညီနေပေ သည်။
လယ်ယာမြေများ၊ 'နတ်ဘုရားမျိုးစေ့' များနှင့် 'အသက်ဝင်နေသည့်နတ်ဘုရားမြေဆီလွှာ' တို့ ရှိနေခြင်းကြောင့် ချင်းရှီးခရိုင်၏ အနာဂတ်မှာ တောက်ပလျက် ရှိနေပေသည်။
ဖန်းဟန်သည် စိုက်ပျိုးရေးနှင့် ပတ်သက်သော သီးခြားကိစ္စရပ်အားလုံးကို ညှိနှိုင်းစီစဉ်ရန်အတွက် အသစ်ခန့်အပ် လိုက်သော ခရိုင်အုပ်ချုပ်ရေးမှူး ချန်ထျင်းနှင့် လျိုရှီးရွာ၏ ရွာသူကြီးအို ကျောက်ထျဲ့ရှန်းတို့ထံသို့ လွှဲအပ်ထားခဲ့ လေသည်။
ချန်ထျင်းသည် ယခုအခါတွင် ဖန်းဟန်၏ စွမ်းရည်များကို အပြည့်အဝ ယုံကြည်သွားခဲ့ပြီဖြစ်ကာ သူ၏စကား တိုင်းကို နားထောင်လျက် ရှိလေသည်။
သူသည် ဖန်းဟန်ပြောသမျှ စကားလုံးတိုင်းကို ဘုရားသခင်၏ တရားတော်ကဲ့သို့ သတ်မှတ်ကာ မည်သည့်အရာ ကိုမျှ မချန်လှပ်ဘဲ အကောင်အထည်ဖော်ခဲ့လေသည်။ သူသည် ရွာတစ်ရွာချင်းစီ၏ မြေရိုင်းဖော်ထုတ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ စီစဉ်ရန်အတွက် သူ၏ စီမံခန့်ခွဲမှုစွမ်းရည်များကိုပင် ဦးဆောင်အသုံးပြုခဲ့ ပေသည်။
အစောင့်တပ်ဖွဲ့ကို လေ့ကျင့်ပေးခြင်းနှင့် တိုးချဲ့ခြင်းတို့ကို နျူအာနှင့် မာပေါ်ကော့တို့က တာဝန်ယူ ကိုင်တွယ်ခဲ့ ကြလေသည်။
သန့်စင်ပြီး ဆားနှင့် သံထည်ပစ္စည်းများကို ရောင်းချခြင်း၊ ဆေးမြစ်များကို ဝယ်ယူခြင်းကဲ့သို့သော ကုန်သွယ်မှု လုပ်ငန်းများမှာလည်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ဖန်းဟန်သည် ရုတ်တရက်ပင် အားလပ်ချိန်များစွာ ရရှိလာခဲ့ပြီး အလုပ်များကို ကိုယ်တိုင်ဝင်မလုပ်တော့သော စီမံခန့်ခွဲသူစစ်စစ်တစ်ဦး ဖြစ်လာခဲ့လေသည်။
အရာအားလုံးကို ကိုယ်တိုင်လုပ်ဆောင်ခြင်းဖြင့် ကြီးပွားတိုးတက်လိုသော စရိုက်မျိုးဖြင့် သူ မွေးဖွားလာခဲ့ခြင်း မဟုတ်ကြောင်းကို သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့လေသည်။
သူ အနှစ်သက်ဆုံးသော နေထိုင်မှုပုံစံမှာ ကောင်းမွန်စွာ လည်ပတ်နိုင်သော လုပ်ငန်းစဉ်တစ်ခုကို တည်ဆောက် ရန်၊ ကျွမ်းကျင်သော အလုပ်များကို ကျွမ်းကျင်သူများထံ လွှဲပြောင်းပေးရန်နှင့် နောက်ကွယ်တွင်နေထိုင်ကာ ရလဒ်များကို ခံစားရန်ပင် ဖြစ်ပေသည်။
နံနက်ခင်းအချိန်တွင် ပါးလွှာသော မြူခိုးများမှာ ကင်းစင်သွားခြင်း မရှိသေးပေ။
ဖန်းဟန်သည် ပိုင်ကျီရိုနှင့် လျူရူမေတို့၏ လက်များကို ဆုပ်ကိုင်ထားခဲ့ပြီး သူတို့၏ နောက်တွင်မူ တက်ကြွနေ သော ပိုင်ရွှီကျန်းနှင့် ကျက်သရေရှိပြီး လှပတင့်တယ်လှသော နန်ကုန်းယွင်ရှူတို့က လိုက်ပါလာကြကာ လျိုရှီး ရွာဘေးရှိ မြစ်ကမ်းပါးတစ်လျှောက်တွင် လမ်းလျှောက်နေခဲ့ကြလေသည်။
မြစ်ရေမှာ ကြည်လင်နေပြီး ဖြည်းညင်းစွာ စီးဆင်းနေလေသည်။
အဝေးရှိ လယ်ကွင်းများထဲတွင် စိမ်းလန်းသော အကွက်များကို မြင်တွေ့နေရပြီ ဖြစ်ပေသည်။
ထိုအရာများမှာ အသက်ဝင်မှုများဖြင့် ပြည့်နှက်နေသော ပထမဆုံး စိုက်ပျိုးထားသည့် 'အင်မော်တယ်ဆန်' ၏ နုနယ်သော အညွန့်လေးများပင် ဖြစ်လေသည်။
ရွာသားများသည် ဖန်းဟန်နှင့် သူ၏အဖွဲ့ကို မြင်တွေ့လိုက်ရသောအခါ အဝေးမှနေ၍ ရပ်တန့်ကာ ရိုသေလေးစား စွာဖြင့် ဦးညွှတ်အရိုအသေပေးကြပြီး သူတို့၏ မျက်လုံးများထဲတွင် အသန့်စင်ဆုံးသော ကျေးဇူးတင်မှုနှင့် ကြည်ညို လေးစားမှုများ ပြည့်နှက်နေခဲ့ကြလေသည်။
ဖန်းဟန်သည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ရိုးရှင်းစွာ ပြုံးပြကာ ခေါင်းညိတ်၍ အသိအမှတ်ပြုပေး လိုက်လေသည်။
သူသည် ဤခံစားချက်ကို သဘောကျမိလေ၏။
ဤသည်မှာ အထီးကျန်ပြီး ခြောက်လှန့်နေခြင်းမျိုး မဟုတ်ဘဲ လူတိုင်း၏ အားထားယုံကြည်မှုကို ခံရခြင်းမှရရှိ လာသော ကျေနပ်မှုတစ်ခုပင် ဖြစ်ပေသည်။
“ခင်ပွန်း...၊ ဟိုမှာကြည့်ပါဦး...။ စပါးပင်လေးတွေက အတော်မြန်မြန် ကြီးထွားလာတာပဲနော်...။ ရက်တိုတိုလေး ပဲ ရှိသေးတာကို ဒီလောက်တောင် ရှည်လာပြီလေ...။”
ပိုင်ကျီရိုသည် ဖန်းဟန်၏ ဘေးတွင် မှီတွယ်လိုက်ပြီး သူမ၏ နူးညံ့သော မျက်နှာလေးပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု တောက်ပနေခဲ့လေသည်။
သူမသည် လယ်ကွင်းထဲရှိ နုနယ်သော အစိမ်းရောင်လေးများကို လက်ညှိုးထိုးပြလိုက်ရာ သူမ၏ လှပသော မျက်ဝန်းများမှာ ကျေနပ်မှုများဖြင့် တောက်ပနေခဲ့လေ၏။
“ဟုတ်တယ် ခဲအို…၊ နှစ်လလောက်နေရင် တစ်မူကို အထွက်နှုန်း ကျင်းတစ်ထောင်တောင် ထွက်တဲ့ 'အင် မော်တယ်ဆန်' ကို စားရတော့မယ်နော်.... အိပ်မက်တစ်ခုလိုပဲ ခံစားရတယ်...။”
ပိုင်ရွှီကျန်းသည် ရှေ့သို့ပြေးသွားပြီးနောက် ပျော်ရွှင်နေသော သမင်လေးတစ်ကောင်ကဲ့သို့ ပြန်ပြေးလာခဲ့ကာ သူမ၏ ကြည်လင်သောအသံလေးမှာ မျှော်လင့်တောင့်တမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ဖန်းဟန်သည် ပြုံးလိုက်ပြီး သူ၏ သယ်ဆောင်ရလွယ်ကူသော သိုလှောင်နေရာထဲမှ လှပစွာ ထုပ်ပိုးထားသော ချောကလက်အချို့ကို စိတ်အာရုံဖြင့် ထုတ်ယူလိုက်လေသည်။
“ရော့...၊ ဓါက မင်းအတွက် ဆုကြေးပဲ...။”
“ဝါး... 'ချောကလက်' ပဲ...။”
ပိုင်ရွှီကျန်းမှာ ပထမဆုံး အော်ဟစ်လိုက်သူပင် ဖြစ်လေသည်။ သူမသည် ထုပ်ပိုးမှုကို ကျွမ်းကျင်စွာ ဆွဲဖြဲလိုက် ပြီး နူးညံ့ကာ အရသာကြွယ်ဝလှသော အရာကို ပါးစပ်ထဲသို့ ထည့်လိုက်ရင်း ပျော်ရွှင်စွာဖြင့် မျက်လုံးလေး များကို မှိတ်ထားလိုက်လေ၏။
နန်ကုန်းယွင်ရှူနှင့် လျူရူမေတို့သည် ချောကလက်များကို ပြုံးလျက်ဖြင့် လက်ခံယူလိုက်ကြပြီးနောက် အနည်း ငယ်စီ ကိုက်စားကာ အရသာကို မြည်းစမ်းလိုက်ကြလေသည်။
ဤကောင်းကင်ဘုံမှ အရသာမှာ မည်မျှပင် မြည်းစမ်းခဲ့ရသည်ဖြစ်စေ သူတို့အတွက် အမြင့်မားဆုံးသော သာယာ ကြည်နူးမှုကို ပေးစွမ်းနိုင်ဆဲပင် ဖြစ်လေသည်။
နန်ကုန်းယွင်ရှူသည် ဖန်းဟန်၏ အခြားတစ်ဖက်တွင် မှီတွယ်လိုက်ပြီး သူ၏ထံမှ ထွက်ပေါ်နေသော နွေးထွေး မှုကို ခံစားလိုက်လေသည်။ သူမ၏ရှေ့တွင်ရှိသော ငြိမ်းချမ်းပြီး မျှော်လင့်ချက်များရှိနေသည့် ဤမြေပြင်ကို ကြည့်ရှုရင်း လွန်ခဲ့သောလအနည်းငယ်က သူမ ကြုံတွေ့ခဲ့ရသည့် မျှော်လင့်ချက်ကင်းမဲ့နေသော အခြေအနေများ ကို ပြန်လည်အမှတ်ရလာမိလေသည်…။
ခင်ပွန်းဖြစ်သူ၏ သနားစရာကောင်းလှသော သေဆုံးမှု၊ သူမ၏ အထီးကျန်မှုနှင့် အကူအညီမဲ့မှု၊ လီမိသားစုနှင့် ဝမ်မိသားစုတို့၏ ကစားစရာများ ဖြစ်လာနိုင်သည့် အခြေအနေများ စသည်တို့မှာ ဘဝတစ်ခုစာမျှ ကြာမြင့်သွားခဲ့ ပြီဟုပင် ခံစားလိုက်ရလေသည်။
ဤသည်မှာ သူမရှေ့တွင် ရပ်နေသော အမျိုးသားပင် ဖြစ်ပေသည်။
သူမအား ငရဲချောက်ကမ်းပါးထဲမှ ဆွဲထုတ်ပေးခဲ့သူမှာ သူပင် ဖြစ်လေသည်။
သူမအား တည်ငြိမ်သော အိမ်တစ်လုံးနှင့် ယခင်က တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးသော လေးစားမှု၊ ချစ်ခြင်း မေတ္တာတို့ကို ပေးစွမ်းခဲ့သူမှာလည်း သူပင် ဖြစ်ပေသည်။
သူ၏ နတ်ဘုရားတစ်ပါးကဲ့သို့သော စွမ်းရည်များဖြင့် မျှော်လင့်ချက် ကင်းမဲ့နေခဲ့သော ဤနယ်မြေကို လူတိုင်းတောင့်တရသည့် နိဗ္ဗာန်ဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲပေးခဲ့သူမှာလည်း သူပင် ဖြစ်လေသည်။
သူမ၏ ကျေးဇူးတင်မှု၊ မှီခိုအားထားမှုနှင့် ချစ်ခင်မြတ်နိုးမှုတို့မှာ ယှက်နွယ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကာ မေ့ဖျောက်၍မရနိုင်သော ခံစားချက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
နန်ကုန်းယွင်ရှူသည် ဖန်းဟန်၏ ပခုံးပေါ်သို့ ညင်သာစွာ မှီချလိုက်ပြီး သူမ၏ အသံမှာ မကြားတကြားဖြင့် အနည်းငယ် တုန်ယင်နေခဲ့လေသည်။
“ရှင့်ကို တွေ့ဆုံရခြင်းက ကျွန်မဘဝရဲ့ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာတစ်ခုပါပဲ...။”
[ဒင်...။ နန်ကုန်းယွင်ရှူထံမှ ပြင်းထန်သော ပျော်ရွှင်မှုနှင့် မှီခိုအားထားမှုကို စစ်ဆေးတွေ့ရှိရပါသည်...။ ပျော်ရွှင်မှုတန်ဖိုး (+၆၀) ၊ စွမ်းအင် (+၆၀)...။]
[ဒင်...။ ပိုင်ကျီရိုထံမှ ပြင်းထန်သော ချစ်ခင်မြတ်နိုးမှုကို စစ်ဆေးတွေ့ရှိရပါသည်...။ ချစ်ခင်မှုအဆင့် (+၃၀) ၊ စွမ်းအင် (+၃၀)...။]
[ဒင်...။ ပိုင်ရွှီကျန်းထံမှ ပြင်းထန်သော ပျော်ရွှင်မှုကို စစ်ဆေးတွေ့ရှိရပါသည်...။ ပျော်ရွှင်မှုတန်ဖိုး (+၃၀) ၊ စွမ်းအင် (+၃၀)...။]
[ဒင်...။ လျူရူမေထံမှ ခိုင်မာသော ပိုင်ဆိုင်မှုခံစားချက်ကို စစ်ဆေးတွေ့ရှိရပါသည်...။ ပျော်ရွှင်မှုတန်ဖိုး (+၂၅) ၊ စွမ်းအင် (+၂၅)...။]
ဖန်းဟန်သည် သူ၏ဦးနှောက်ထဲတွင် ထွက်ပေါ်လာသော အသိပေးချက်အသံများကို နားထောင်ရင်း သူ၏ ရင်ခွင်ထဲရှိ အမျိုးသမီးထံမှ နူးညံ့သော နွေးထွေးမှုကို ခံစားလိုက်ရချိန်တွင် ငြိမ်းချမ်းမှုတစ်ခုက သူ၏ နှလုံးသား ထဲတွင် ကိန်းအောင်းသွားခဲ့လေသည်။
အိမ်တော်သခင်တစ်ဦးအဖြစ် အေးချမ်းစွာ နေထိုင်ရသော ဤဘဝမှာ အတော်လေး ကောင်းမွန်ပုံပေါ်ပေသည်။
ထိုအချိန်မှာပင် ရွာအဝင်ဝဘက်မှ မာပေါ်ကော့မှာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့ပြီး သူ၏ မျက်နှာ အမူအရာမှာ အနည်းငယ် လေးနက်နေခဲ့လေသည်။
“သခင်ကြီးဖန်း...။”
သူသည် အနီးသို့ ချဉ်းကပ်လာပြီးနောက် ရိုသေစွာဖြင့် ဦးညွှတ်လိုက်လေ၏။
“မြောက်ဘက်ကနေ ကုန်သည်ယာဉ်တန်းတစ်ခု ခရိုင်မြို့ပြင်ကို ရောက်နေပါတယ်...။ အရွယ်အစားက တော် တော် လေး ကြီးမားတယ်...။ တာဝန်ခံတာဝန်ခံက 'အင်မော်တယ်ဖန်း' ဆိုတဲ့ သခင်ကြီးနဲ့ တွေ့ဆုံခွင့်ရဖို့ အထူး တောင်းဆိုနေပြီး တန်ဖိုးကြီးလက်ဆောင်တွေလည်း ယူဆောင်လာပါတယ်...။”
“အို...။”
ဖန်းဟန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်လေသည်။
“သူတို့ကို အစည်းအဝေးခန်းမမှာ စောင့်ခိုင်းထားလိုက်လေ...။”
ယနေ့ခေတ် ချင်းရှီးခရိုင်တွင် ရေးသားထားခြင်း မရှိသော စည်းမျဉ်းတစ်ခု ရှိနေပြီ ဖြစ်ပေသည်။
ဤနေရာတွင် စီးပွားရေးလုပ်လိုသော သို့မဟုတ် ဖြတ်သန်းသွားလိုသော မည်သည့် နယ်ခြားကုန်သည်ယာဉ်တန်း မဆို လျိုရှီးရွာသို့ ဦးစွာလာရောက်ကာ အစစ်အမှန် 'ဒေသခံဧကရာဇ်' ဖြစ်သော ဖန်းဟန်အား အရိုအသေပေးကြ ရမည် ဖြစ်လေသည်။
ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သလို အင်အားကြီးမားသူအပေါ်သို့ ထားရှိသော လေးစားမှုလက္ခဏာတစ်ခု လည်း ဖြစ်ပေသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ အစည်းအဝေးခန်းမအတွင်း၌ ဖြစ်လေသည်။
ဖန်းဟန်သည် ပင်မနေရာတွင် ထိုင်ကာ လက်ဖက်ရည်ကို အေးအေးလူလူ သောက်သုံးနေခဲ့လေ၏။ အောက် ဘက်တွင်မူ ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး လိမ္မာပါးနပ်ကာ စွမ်းဆောင်ရည်ရှိပုံပေါ်သော သက်လတ်ပိုင်း တာဝန်ခံတစ်ဦးမှာ တုန်ယင်စွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေခဲ့ပြီး ခေါင်းကိုပင် မမော့ရဲအောင် ဖြစ်နေခဲ့ လေသည်။
သူ၏အမည်မှာ ဆွန်းဖူဖြစ်ပြီး တစ်နှစ်ပတ်လုံး မြောက်ဘက်နှင့် တောင်ဘက်သို့ သွားလာနေသော ကုန်သည် ယာဉ်တန်းကြီးတစ်ခု၏ တာဝန်ခံပင် ဖြစ်ပေသည်။
ဤတစ်ကြိမ်တွင် သူတို့၏ ကုန်သည်ယာဉ်တန်းမှာ တောင်ဘက်ရှိ ချမ်းသာကြွယ်ဝသော ခရိုင်များသို့ သွားရောက်ရာလမ်းတွင် ချင်းရှီးခရိုင်ကို ဖြတ်သန်းသွားရန် မူလက ရည်ရွယ်ထားခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ချင်းရှီးခရိုင်သို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏ရှေ့မှ မြင်ကွင်းကြောင့် လုံးဝကို အံ့အားသင့်သွားခဲ့ကြရလေသည်။
လမ်း၏ တစ်ဖက်တစ်ချက်စီတွင် သေသပ်စွာ ထွန်ယက်ထားသော လယ်ကွင်းကျယ်ကြီးများရှိနေပြီး စိမ်းလန်း စိုပြည်ကာ အသက်ဝင်မှုများဖြင့် ပြည့်နှက်နေလေသည်။
သူတို့ ဖြတ်သန်းသွားခဲ့သော ရွာများမှာလည်း သန့်ရှင်းသေသပ်နေခဲ့ပေသည်။ ရွာသားများမှာ ရိုးရှင်းစွာ ဝတ်ဆင် ထားကြသော်လည်း သူတို့အားလုံး၏ မျက်နှာများမှာ ပန်းရောင်သန်းနေကာ ခွန်အားများဖြင့် ပြည့်ဝနေကြပြီး သဘာဝဘေးဒဏ်ခံရသူများ၏ လက္ခဏာများ လုံးဝမရှိချေ။
သူတို့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်မှာ ဒဏ္ဍာရီလာ 'စက်မှုနတ်ဘုရားထွန်စက်' ကို လက်တွေ့မြင်လိုက်ရခြင်း ပင် ဖြစ်ပေသည်။
နွားများ သို့မဟုတ် မြင်းများ မလိုအပ်ဘဲ ကိုယ်တိုင်မောင်းနှင်နိုင်သော ထိုသံမဏိသားရဲကြီးများမှာ လယ်ကွင်း များကို လျင်မြန်စွာ ထွန်ယက်နေကြလေသည်။ သူတို့၏ စွမ်းဆောင်ရည်မှာ သူတို့ကဲ့သို့သော အတွေ့အကြုံရင့် စီးပွားရေးသမားများကိုပင် ကြက်သီးထစေရန် လုံလောက်လှပေသည်။
ဆွန်းဖူသည် ချင်းရှီးခရိုင်ရှိ 'အင်မော်တယ်ဖန်း' နှင့် ပတ်သက်သော ကောလဟာလများမှာ ကောလဟာလများ သက်သက် မဟုတ်နိုင်ကြောင်း ချက်ချင်းပင် နားလည်သွားခဲ့လေသည်။
သူသည် အနည်းငယ်မျှပင် ပေါ့ဆရန် မဝံ့ရဲတော့ဘဲ အရိုအသေပေးရန်အတွက် တန်ဖိုးကြီးမားသော လက်ဆောင်များကို ချက်ချင်းပင် ပြင်ဆင်ခဲ့လေတော့သည်။