အခန်း ၂၅၁
Vol. 26 Ch. 251
အခန်း (၂၅၁)
သိမ်းဆည်းခြင်း (၂)
အဖွားချွမ်သည် သူမ၏ မြေးဖြစ်သူကို ကြည့်ကာ ပြောလိုက်လေသည်။
"မိန်းကလေးယောင်နဲ့ သခင်လေးလုံတို့က မြို့ထဲမှာ မရေမတွက်နိုင်တဲ့ မျိုးရိုးဗီဇပြောင်းကြွက်တွေ ပုန်း အောင်းနေတာကို ရှာတွေ့ခဲ့တယ်တဲ့၊ အဲဒီကြွက်တွေက ရာသီဥတု နည်းနည်းလေး အေးလာတာနဲ့ အ ပြင်ကို ထွက်လာလိမ့်မယ်လို့ သူတို့ ထင်နေကြတယ်၊ ဒါကြောင့် မနက်ဖြန် ဒါမှမဟုတ် သဘက်ခါမှာ ထွက်ခွာဖို့ သူတို့ စီစဉ်နေကြတယ်...။"
ချွမ်ယွမ်ဝေ့သည် ထိုစကားကို ကြားသောအခါ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်သွားရ၏။ လွန်ခဲ့သော ရက်အ နည်းငယ်က သူနှင့် စီမာညီအစ်ကိုတို့သည် ရိက္ခာရှာဖွေရင်း မျိုးရိုးဗီဇပြောင်းကြွက်အချို့နှင့် ရင်ဆိုင်ခဲ့ရ ပြီး၊ ကြွက်တစ်ကောင်ကို သတ်နိုင်ရန်ပင် အင်မတန်မှ အားစိုက်ထုတ်ခဲ့ရလေသည်။
အကယ်၍ လုံယုနှင့် သူ၏သူငယ်ချင်းများပင် ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြပြီဆိုလျှင် အခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းနေပေလိမ့်မည်။
လုံယုတို့၏ အုပ်စုနောက်သို့ လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည် အနည်းဆုံးတော့ လုံယုတို့ အနားတွင် နေထိုင်ခြင်းဖြင့် သူနှင့် စီမာညီအစ်ကိုတို့အတွက် အကာအကွယ်အချို့ ရရှိနိုင်မည်ဖြစ်ပြီး နောင်တွင်လည်း ရိက္ခာရှာဖွေရာ၌ သူတို့နောက်သို့ လိုက်ပါနိုင်မည်သာ ဖြစ်သည်။
အကယ်၍ သူတို့ ကံကောင်းပါက လုံယုတို့နှင့် အမြဲတမ်းအဖွဲ့ဝင်များအဖြစ် ပူးပေါင်းခွင့် ရရှိနိုင်ပေ သည်။
သူ ဆုံးဖြတ်ချက် ချပြီးနောက် အဖွားဖြစ်သူဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"အဖွား၊ အထဲဝင်ပြီး အဘိုးကို ပြောလိုက်ပါ၊ ကျွန်တော်တို့ အစ်ကိုလုံတို့နဲ့အတူ လိုက်သွားမယ်လို့၊ ပြီး တော့ ပစ္စည်းတွေကိုလည်း ချက်ချင်း စသိမ်းဖို့ လိုတယ်၊ ကျွန်တော် အာယွမ်ကို အရင်သွားပြောပြီးမှ ပြန်လာပြီး အဖွားတို့ကို ကူသိမ်းပေးမယ်...။"
အဖွားချွမ်သည် ထိုစကားကို ကြားသောအခါ ခေါင်းငြိမ့်ပြရင်း၊
"အေးအေး…၊ ငါ အဘိုးကို ချက်ချင်း သွားပြောလိုက်မယ်...။" ဟု ဆိုကာ အခန်းထဲသို့ ဝင်သွားခဲ့လေ သည်။
အဖွားချွမ်က အဘိုးချွမ်ကို သတင်းသွားပြောနေစဉ်အတွင်း ချွမ်ယွမ်ဝေ့သည် သူတို့၏ တံခါးကို ပိတ် ကာ စီမာတို့မိသားစု တံခါးကို သွား ခေါက်လိုက်လေသည်။
စီမာယွမ် တံခါးဖွင့်ပေးလိုက်သောအခါ ချွမ်ယွမ်ဝေ့က ပြောလိုက်လေ၏။
"ငါ မင်းနဲ့ အရေးကြီးတဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိတယ်...။”
သူ၏ တည်ကြည်လေးနက်နေသော မျက်နှာအမူအရာကို ကြည့်ကာ စီမာယွမ်က ပြန်ဖြေလိုက်သည်။
"ဝင်ခဲ့ပါ အစ်ကိုယွမ်ဝေ့...။”
စီမာယွမ်သည် တံခါးကို ပိတ်လိုက်ပြီးနောက် ဧည့်ခန်းရှိ ချွမ်ယွမ်ဝေ့၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင် ကာ မေးလိုက်လေသည်။
"အစ်ကိုယွမ်ဝေ့၊ ဘာကိစ္စများ ပြောမလို့လဲ...။”
ချွမ်ယွမ်ဝေ့က စီမာယွမ်ကို ကြည့်ကာ ရှင်းပြလိုက်လေ၏။
"ငါ ကျွင်းချန်မြို့ကနေ ထွက်ပြီး အစ်ကိုလုံနောက်ကို လိုက်ဖို့ စီစဉ်နေတယ်…၊ မင်းတို့ရော ငါတို့နဲ့ လိုက် မလား…၊ ဒါမှမဟုတ် ကျွင်းချန် စစ်အခြေစိုက်စခန်းကို သွားမလား...။”
ထိုစကားကို ကြားသောအခါ စီမာယွမ်သည် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်လေသည်။
"သူတို့က မျိုးရိုးဗီဇပြောင်းကြွက်တွေကြောင့် ထွက်သွားကြမှာလား...။”
ချွမ်ယွမ်ဝေ့က ခေါင်းငြိမ့်ပြကာ ပြောလေသည်။
"ဟွမ်ကျိဟွေးက ငါ့အဖွားကို ပြောသွားတယ်၊ အစ်ကိုဟွမ်တို့က ကားတွေနဲ့ ရိက္ခာတွေ ထပ်ရှာဖို့ ဒီည အပြင်ထွက်ကြမယ်တဲ့၊ သူတို့ ပြန်ရောက်တာနဲ့ ချက်ချင်း ထွက်သွားကြတော့မှာ...။”
သူသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလိုက်လေ၏။
"ငါ ဒီည သူတို့နဲ့အတူ လိုက်လို့ရမလားလို့ သွားမေးဖို့ စိတ်ကူးထားတယ်၊ ငါတို့ ထွက်မသွားခင် ဓာတ်ဆီ နဲ့ ကားတွေ ရှာဖို့ လိုသေးတယ်...။”
စီမာယွမ်သည် ချွမ်ယွမ်ဝေ့၏ စကားကို နားထောင်ပြီးနောက် ခေတ္တမျှ စဉ်းစားနေခဲ့မိလေသည်။ ခဏအ ကြာတွင်မူ သူက ပြောလိုက်လေသည်။
"ကျွန်တော်လည်း အစ်ကိုနဲ့အတူ ဒီည လိုက်ခဲ့ချင်တယ်...။”
ထိုစကားကို ကြားသောအခါ ချွမ်ယွမ်ဝေ့သည် မတ်တပ်ရပ်လိုက်ပြီး ၊
"ကောင်းပြီလေ…၊ ဒါဆိုရင် ငါတို့ အစ်ကိုလုံဆီသွားပြီး ဒီည သူတို့နဲ့အတူ လိုက်လို့ရမလားဆိုတာ သွား မေးရမယ်...။”
သူ ခြေလှမ်းမလှမ်းရသေးခင်မှာပင် စီမာယွမ်က တားလိုက်ပြီး၊
"ခဏလေး အစ်ကို…၊ ကျွန်တော့် မိဘတွေကို အရင် ပြောလိုက်ပါဦးမယ်...။”
ချွမ်ယွမ်ဝေ့သည် ခေါင်းငြိမ့်ပြကာ စီမာယွမ် ပြန်ထွက်လာသည်အထိ စောင့်ဆိုင်းနေလိုက်၏။
စီမာယွမ်က သူ့ကို ကြည့်ကာ ဆော်အော်လိုက်လေသည်။
"သွားကြစို့...။”
ထို့နောက် သူတို့နှစ်ဦးသည် အထပ် (၂၀) သို့ တက်ခဲ့ကြတော့သည်။
အထပ် (၂၀) သို့ ရောက်ရှိသောအခါ စင်္ကြံလမ်းတွင် ပုံထားသော ရိက္ခာများကိုလည်းကောင်း၊ တံခါးများ မရှိတော့သော အခန်းသုံးခန်းကိုလည်းကောင်း တွေ့လိုက်ရသဖြင့် သူတို့နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိသွားကြလေသည်။ လုံယုတို့အဖွဲ့နှင့်အတူ လိုက်လိုပါက သူတို့လည်း အမြန်ဆုံး ပစ္စည်းသိမ်းဆည်းရန် လိုအပ်ကြောင်း သိသာလှပေသည်။
ဟွမ်ချန်သည် သူတို့နှစ်ဦးကို မြင်သောအခါ အံ့သြဟန်မပြဘဲ ပြုံး၍ မေးလိုက်လေသည်။
"အစ်ကိုချွမ်၊ အစ်ကိုစီမာ၊ တစ်ခုခု လိုတာရှိလို့လား...။”
ချွမ်ယွမ်ဝေ့က ပြန်ဖြေလိုက်၏။
"ဟွမ်ကျိဟွေးက ငါ့အဖွားကို ပြောပြတယ်၊ မင်းတို့ ကားတွေနဲ့ ရိက္ခာတွေ ရှာဖို့ ဒီည အပြင်ထွက်မယ် ဆို...။”
ဟွမ်ချန်က ခေါင်းငြိမ့်ပြလိုက်ရာ ချွမ်ယွမ်ဝေ့က ဆက်ပြောလိုက်လေသည်။
"ငါတို့လည်း မင်းတို့နဲ့အတူ လိုက်ချင်လို့…၊ အဲဒါကြောင့် ငါတို့မှာ ကားနဲ့ ဓာတ်ဆီ လိုနေသေးတယ်လေ၊ အစ်ကိုဟွမ်…၊ ငါတို့ ဒီည မင်းတို့နဲ့အတူ လိုက်ခဲ့လို့ ရမလား...။”
ဟွမ်ချန်က ခေါင်းငြိမ့်ကာ ပြောလိုက်လေသည်။
"ရတာပေါ့၊ မင်းတို့ ငါတို့နဲ့အတူ လိုက်ခဲ့လို့ ရပါတယ်…၊ ဒါပေမဲ့ ငါတို့က နေဝင်တာနဲ့ ထွက်မှာနော်...။”
ဟွမ်ချန်၏ စကားကို ကြားသောအခါ ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့၏ မျက်ဝန်းများ ဝင်းလက်သွားကြ၏။
စီမာယွမ်သည် ခေါင်းငြိမ့်ပြကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုဟွမ်၊ ငါတို့ ထွက်ခွာမယ့်အချိန် နောက်မကျစေဖို့ အမြန်ပြန်ပြီး ပစ္စည်း တွေသိမ်းလိုက်ပါဦးမယ်...။”
ဟွမ်ချန်က "ကောင်းပါပြီ...။” ဟု ပြန်ပြောလိုက်၏။
သူတို့ ထွက်သွားပြီးနောက် ရှီရွှမ်းသည် ဆန်အိတ်နှစ်အိတ်ကို သယ်ဆောင်လာရင်း ထွက်လာခဲ့လေ သည်။ သူက မေးလိုက်လေ၏။
"သူတို့က ငါတို့နဲ့ ပူးပေါင်းဖို့ လာမေးကြတာလား...။”
ဟွမ်ချန်သည် သူ့ကို လှည့်ကြည့်ကာ လက်မထောင်ပြလိုက်လေသည်။ ထို့နောက် သူက သိချင်စိတ်ဖြင့် မေးလိုက်၏။
"အစ်ကိုရှီ၊ သူတို့ ဒီည ငါတို့နဲ့အတူ လိုက်ချင်နေမယ်ဆိုတာ ခင်ဗျား ဘယ်လိုသိတာလဲ...။”
ရှီရွှမ်းသည် ဆန်အိတ်များကို အခြားအိတ်များနှင့်အတူ စုပုံထားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ဒါက သိသာနေတာပဲလေ၊ စီမာတို့နဲ့ ချွမ်တို့ မိသားစုမှာ ကားမှမရှိတာ၊ တကယ်လို့ သူတို့ ကျွင်းချန်မြို့ ကနေ ငါတို့နဲ့အတူ ထွက်ခွာချင်တယ်ဆိုရင် သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်တွေ လိုအပ်မှာပဲ...။”
"ဟွမ်ကျိဟွေးက ငါတို့ ကားတွေနဲ့ ရိက္ခာတွေ ရှာဖို့ ဒီည ထွက်မယ်ဆိုတာ သူတို့ကို ပြောပြခဲ့ပုံရတယ်၊ အဲဒါကို သိတော့ သူတို့လည်း လိုက်ချင်ကြမှာပေါ့…။ ဒါကြောင့် အစ်ကိုချွမ်နဲ့ အစ်ကိုစီမာတို့က ခွင့် တောင်းဖို့ ရောက်လာကြတာလေ...။”
ဟွမ်ချန်သည် တွေးတောစွာ ခေါင်းငြိမ့်ရင်း ရေရွတ်လိုက်လေသည်။
"သူတို့ ကျွင်းချန် စစ်အခြေစိုက်စခန်းကို သွားဖို့ စီစဉ်ထားတယ်လို့ ငါ ထင်နေတာ၊ ဘာပဲဖြစ်ဖြစ် ငါတို့မှာ လည်း သွားမယ့် ဦးတည်ချက် အတိအကျ မရှိသေးဘူး၊ လမ်းမှာ ဘာတွေဖြစ်လာမလဲဆိုတာလည်း ဘယ်သူမှ မသိနိုင်ဘူး…။ သူတို့အတွက်တော့ ငါတို့နောက် လိုက်တာထက် ကျွင်းချန် စစ်အခြေစိုက် စခန်းကို သွားတာက ပိုပြီး ဘေးကင်းနိုင်တယ်...။”
ရှီရွှမ်းက ခေါင်းခါလိုက်ပြီး၊
"သူတို့သာ သွားနိုင်မယ်ဆိုရင် စစ်တပ်က အသက်ရှင်ကျန်ရစ်သူတွေကို လက်ခံနေပြီလို့ ကြေညာ က တည်းက သွားကြမှာပေါ့၊ ချွမ်ယွမ်ဝေ့နဲ့ စီမာယွမ်တို့က သူတို့မှာ ရိက္ခာ ပြတ်လပ်နေပြီလို့ ပြောထား တော့၊ အခု သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုက ငါတို့နဲ့အတူ လိုက်ဖို့ပဲ...။”
"လူများလေလေ ရှင်သန်နိုင်ခြေ ပိုများလေလေပဲလေ…၊ ဒါ့အပြင် သူတို့ဆီမှာ တိုက်ခိုက်နိုင်တဲ့သူက သုံး ယောက်ပဲ ရှိပြီး ကျန်တာက လူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ၊ ငါတို့ကတော့ အားလုံး တိုက်ခိုက်နိုင် ကြတဲ့အပြင် မိသားစုဝင် ဝန်ထုပ်ဝန်ပိုးလည်း မရှိကြဘူးလေ...။”
"ငါတို့အဖွဲ့နဲ့ ပူးပေါင်းတာက သူတို့အတွက် အားနည်းချက်ထက် အားသာချက်က ပိုများတယ်၊ ငါတို့ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်ဆိုပေမဲ့ သူတို့ မိသားစုတွေအတွက် ပိုပြီး ဘေးကင်းလုံခြုံမှု ရနိုင်တာ ပေါ့၊ နောင်မှာ ရိက္ခာရှာထွက်ရင်လည်း သူတို့ ငါတို့နဲ့အတူ လိုက်နိုင်သေးတယ်လေ...။”
ရှီရွှမ်းက ပြုံးကာ မေးလိုက်လေသည်။
"မင်းသာ သူတို့နေရာမှာဆိုရင် ကျွင်းချန် စစ်အခြေစိုက်စခန်းကို သွားမလား ဒါမှမဟုတ် ငါတို့နဲ့ ပူးပေါင်း မလား...။”