← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း (၂၅၂)

ဆုံးဖြတ်ချက်

ရှီရွှမ်း၏ မေးခွန်းကို ဟွမ်ချန်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်လေသည်။

"သေချာတာပေါ့၊ ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်မှာပါ...။”

ဟွမ်ချန်သည် ရှီရွှမ်း၏ အပြုံးက ပိုမိုနက်ရှိုင်းလာသည်ကို မြင်သောအခါ ရယ်မောရင်း ပြောလိုက်လေ ၏။

"ကျွန်တော် ကျောပိုးအိတ်တွေ သွားယူလိုက်ဦးမယ်...။”

ရှီရွှမ်းက ခေါင်းငြိမ့်ပြကာ ဟွမ်ချန် အထဲသို့ ပြန်ဝင်သွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် သူ သည် စင်္ကြံလမ်းအဆုံးရှိ ပြတင်းပေါက်များဆီသို့ လျှောက်သွားကာ အနီးနားရှိ တိုက်ခန်းအဆောက်အ အုံများကို အကဲခတ်နေမိလေသည်။

အခြားတိုက်ခန်းများမှ သူတို့ကို စောင့်ကြည့်နေကြသော လူများကို မြင်သောအခါ သူက ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။

"ငါတို့ ခဏနေရင် ထွက်ခွာတဲ့အခါ ပြဿနာတချို့ ရှိလာနိုင်တယ်၊ ကြိုတင်ပြင်ဆင်ထားတာ အကောင်း ဆုံးပဲ...။”

ခဏမျှ စဉ်းစားပြီးနောက် သူသည် ပစ္စည်းများ သိမ်းဆည်းရန်နှင့် ရွှေ့ပြောင်းရန်အတွက် အခန်းအမှတ် (၂၀၀၁) သို့ ပြန်လာခဲ့လေသည်။ တစ်ချိန်တည်းမှာပင် အထပ် (၂၀) ရှိ ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့သည် ကျွင်းချန်မြို့မှ လုံယုတို့အဖွဲ့နှင့်အတူ ထွက်ခွာမည့် အစီအစဉ်ကို သူတို့၏ မိသားစုဝင်များအား ပြောပြ နေကြလေ၏။

ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော စီမာဟောက်က ပြောလိုက်လေသည်။

"ငါ ဒီည ဒီမှာပဲနေပြီး တို့မိဘတွေ ပစ္စည်းသိမ်းတာကို ကူညီပေးမယ်၊ နေရာချွေတာဖို့အတွက် ငါတို့ရဲ့ ပရိဘောဂအချို့ကိုတော့ ထားခဲ့ရလိမ့်မယ်...။”

စီမာယွမ်က ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။

"သစ်သားပရိဘောဂတွေကို ထင်းအဖြစ် ခုတ်ထွင်လိုက်ရင်ကော၊ အဲဒါတွေကို ဒီအတိုင်း ထားခဲ့မယ့် အစား လမ်းမှာ လိုအပ်လာရင် သုံးလို့ရတာပေါ့...။”

နှမြောတသ ဖြစ်နေကြသော်လည်း ကမ္ဘာကြီးမှာ ယခင်ကကဲ့သို့ မဟုတ်တော့ကြောင်း လူတိုင်း သိကြ ပေသည်။ သံယောဇဉ်ထက် ရှင်သန်မှုက ပို၍ အရေးကြီးလှ၏။ အကယ်၍ သူတို့၏ တန်ဖိုးရှိသော သစ်သားပရိဘောဂများက သူတို့၏ အသက်ရှင်သန်မှုကို အထောက်အကူပြုနိုင်ပါက ထင်းအဖြစ် အသုံးပြုရသည်မှာ ထိုက်တန်လှပေသည်။

အထပ် (၁၉) နှင့် (၂၀) တို့တွင် ပစ္စည်းသိမ်းဆည်းရင်း အလုပ်ရှုပ်နေချိန်၌ အခြားအဆောက်အအုံမှ မန်နေဂျာများသည် အဆောက်အအုံ (၃) ၏ မန်နေဂျာထံသို့ ရောက်ရှိလာခဲ့ကြလေသည်။

သူတို့အားလုံး သူ၏အိမ်သို့ စုပြုံရောက်ရှိလာကြသည်ကို မြင်သောအခါ အဆောက်အအုံမန်နေဂျာသည် သတိထားမိသွားပြီး မေးလိုက်လေ၏။

"ခင်ဗျားတို့အားလုံး ဘာကိစ္စနဲ့ ဒီကို ရောက်လာကြတာလဲ...။”

အခြားမန်နေဂျာများသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အဆောက်အအုံ (၅) မှ မန်နေဂျာက စတင်ပြောဆိုလိုက်လေသည်။

"အထပ် (၂၀) ကလူတွေ ပစ္စည်းတွေသိမ်းပြီး အလုပ်ရှုပ်နေကြတာကို ကျွန်တော် သတိထားမိတယ်…၊ သူတို့ ဘာလုပ်ဖို့ ပြင်နေကြတာလဲဆိုတာ ခင်ဗျား သိသလား...။”

ယောင်ရန်ထံမှ ရေဝယ်ယူပြီးနောက် အဆောက်အအုံမန်နေဂျာ၏ အထပ် (၂၀) မှ လူများအပေါ် ထားရှိ သော အမြင်မှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခင်က သူသည် ထိုလူများကို ကြောက်ရွံ့သဖြင့် ခပ်လှမ်းလှမ်းတွင်သာ နေခဲ့သော်လည်း၊ ယခုမူ သူသည် သူတို့ကို လေးစားလာပြီး ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် မျှော်လင့်နေမိခြင်းပင်။

နံနက်ပိုင်းက လုံယုသည် အထပ် (၂၀) ရှိ ပြတင်းပေါက်များကို ဖြုတ်နေသည်ကို သူ သတိထားမိခဲ့၏။ သူ သံသယဖြစ်မိသော်လည်း လောလောဆယ်တွင် စောင့်ကြည့်ရန်သာ ဆုံးဖြတ်ထားလေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြန်ဖြေလိုက်၏။

"သူတို့ ထွက်သွားဖို့ ပြင်ဆင်နေကြပုံပဲ...။”

ထိုစကားကို ကြားသောအခါ အခြားမန်နေဂျာများသည် သူတို့၏ သံသယမှာ မှန်ကန်ကြောင်း အတည် ပြုလိုက်ကြလေသည်။ သူနှင့် လာရောက်မဆွေးနွေးမီကပင် သူတို့သည် သူ့ကို ခေါင်းဆောင်အဖြစ် တင် မြှောက်ရန် သဘောတူထားကြပြီး ဖြစ်၏။ သူသည် အထပ် (၂၀) မှ လူများနှင့် အနီးကပ်ဆုံးသူ ဖြစ်သော ကြောင့် သူတို့နှင့် ထိုလူများကြားတွင် ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ပေလိမ့်မည်။

အဆောက်အအုံမန်နေဂျာသည် သူတို့၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သောအခါ မျက်မှောင်ကြုတ် သွားလေ၏။

"ခင်ဗျားတို့ ကျွန်တော့်ကို ဘာလုပ်ခိုင်းချင်တာလဲဆိုတာ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ကျွန်တော် ခင်ဗျား တို့ကို ကူညီမှာ မဟုတ်ဘူး...။” ဟု သူက အေးစက်စွာ ပြောလိုက်လေသည်။

အဆောက်အအုံ (၉) မှ မန်နေဂျာက လှောင်ပြုံးပြုံးရင်း ၊

"အစ်ကိုကြီး၊ ခင်ဗျားမှာ ရွေးချယ်စရာ ရှိနေတယ်လို့ တကယ်ပဲ ထင်နေတာလား…၊ ခင်ဗျား ကျွန်တော် တို့နဲ့ ပူးပေါင်းရုံပဲ ရှိတယ်၊ မဟုတ်ရင် အထပ် (၂၀) ကလူတွေ ထွက်သွားတဲ့အခါ ခင်ဗျား အဆောက် အအုံ (၃) မှာ တစ်ယောက်တည်း ကျန်ခဲ့လိမ့်မယ်...။”

"ကျွန်တော်တို့အားလုံး ထွက်သွားတဲ့အခါ ခင်ဗျားမှာ ကိုယ့်ဘာကိုယ် ရုန်းကန်ရလိမ့်မယ်၊ ခင်ဗျား တစ်ယောက်တည်းနဲ့ မိသားစုကို ကာကွယ်နိုင်မယ်လို့ ထင်နေတာလား…၊ ခင်ဗျားမှာ ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ်တယ်၊ ဒါကြောင့် ရွေးချယ်စရာ မရှိတော့တဲ့အချိန်အထိ စောင့်နေမယ့်အစား ဒီအခွင့် အရေးကို ယူလိုက်တာက ပိုကောင်းလိမ့်မယ်...။”

အဆောက်အအုံမန်နေဂျာသည် သူတို့က သူ့ကို အထပ် (၂၀) နှင့် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခု အဖြစ် အသုံးပြုလိုမှန်း နားလည်လိုက်လေသည်။ သူ မလိုလားသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိ တော့မှန်း သိလိုက်၏။

ကြာရှည်စွာ တိတ်ဆိတ်နေပြီးနောက် သူက သဘောမတူချင်ဘဲ သဘောတူလိုက်ရလေသည်။

"ကောင်းပြီ၊ ကျွန်တော် သူတို့နဲ့အတူ လိုက်လို့ရမလားဆိုတာ သူတို့ကို မေးကြည့်ပေးမယ်၊ ဒါပေမဲ့ ဘာကိုမှတော့ အာမမခံနိုင်ဘူးနော်….၊ သူတို့ ငြင်းလိုက်ရင်တော့ ကျွန်တော့်ကို အပြစ်မတင်ကြနဲ့...။”

အခြားမန်နေဂျာများသည် သူ၏ အဖြေကို ကျေနပ်သွားကြပုံရ၏။

အဆောက်အအုံ (၁၀) မှ မန်နေဂျာက သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"ကျွန်တော်တို့ ခင်ဗျားကို အပြစ်မတင်ပါဘူး…၊ အခုကစပြီး ခင်ဗျားက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ပဲ…၊ ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ...။”

အဆောက်အအုံမန်နေဂျာက သက်ပြင်းချရင်းပြန်ဖြေလိုက်လေသည်။

"ငါ့ကို လောင်ဟန်လို့ပဲ ခေါ်ပါ...။”

အခြားသူများကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်ကြလေ၏။

"အခုကစပြီး ကျွန်တော်တို့ကို စောင့်ရှောက်ပေးပါဦး လောင်ဟန်...။”

လောင်ဟန်က သူတို့ကို ကြည့်ကာ ပြောလိုက်လေသည်။

"အထပ် (၂၀) က ထွက်ခွာဖို့ စီစဉ်နေမှတော့ ငါတို့လည်း ပြင်ဆင်ထားသင့်တယ်…၊ တကယ်လို့ သူတို့ က ငါတို့ရဲ့ တောင်းဆိုမှုကို ငြင်းလိုက်ရင် ငါတို့ သူတို့နောက်ကနေ တိတ်တဆိတ် လိုက်သွားရလိမ့်မယ်…၊ ခင်ဗျားတို့ ပြန်သွားပြီး လူတိုင်းကို ပစ္စည်းသိမ်းထားဖို့နဲ့ နောက်ထပ် ညွှန်ကြားချက်တွေကို စောင့်နေဖို့ ပြောလိုက်ကြတော့...။”

အခြားသူများကလည်း သဘောတူကြပြီး ထွက်ခွာသွားကြတော့သည်။

"ကောင်းပါပြီ၊ ဒါဆိုရင် ခင်ဗျားဆီက သတင်းကောင်းကို စောင့်နေပါ့မယ်...။”

သူတို့ ထွက်သွားပြီးနောက် လောင်ဟန်သည် တံခါးပိတ်လိုက်ရာ သူ၏ ဇနီးဖြစ်သူက သူ့ကို စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမကို ခဏမျှ တိတ်ဆိတ်စွာ ကြည့်နေပြီးမှ ပြောလိုက်လေသည်။

"ပစ္စည်းတွေ သိမ်းကြစို့၊ ငါတို့ ထွက်သွားဖို့ လိုနေပြီ...။”

သူ့ဇနီးက သူ့အနားသို့ ချဉ်းကပ်လာပြီး မေးလိုက်လေ၏။

"ရှင် အထပ် (၂၀) ကလူတွေဆီ သွားပြီး စကားပြောမလို့လား...။”

လောင်ဟန်က သက်ပြင်းချကာ ခေါင်းငြိမ့်ပြလိုက်လေသည်။

"ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး…၊ ကျွင်းချန် စစ်အခြေစိုက်စခန်းအထိ ရောက်ဖို့ ငါတို့မှာ ရိက္ခာ အလုံ အလောက် မရှိသလို ကိုယ့်ဘာကိုယ်လည်း ရှင်သန်နိုင်မှာ မဟုတ်ဘူး၊ ငါတို့အတွက် အကောင်း ဆုံး ရွေးချယ်မှုက အထပ် (၂၀) က လူတွေနောက်ကို လိုက်ဖို့ပဲ...။”

"ရှင် သူတို့နဲ့ ဘယ်အချိန်မှာ သွားပြီး စကားပြောမှာလဲ...။” ဟု သူမက ထပ်မေးပြန်သည်။

လောင်ဟန်က ပြတ်သားစွာ ပြန်ဖြေလိုက်၏။

"ငါ အခုပဲ သွားတော့မယ်…၊ သူတို့ ဘယ်အချိန်မှာ ထွက်သွားမလဲဆိုတာ ငါ မသိဘူး…၊ ဒါကြောင့် ငါတို့ အစီအစဉ်ဆွဲနိုင်ဖို့ အမြန်ဆုံး စုံစမ်းရမယ်...။”

သူမက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ဒီမှာ ခဏလောက် စောင့်ဦး...။”

သူ့ဇနီးက အိပ်ခန်းထဲသို့ ဝင်သွားပြီးနောက် သပ်ရပ်လှပသော သစ်သားသေတ္တာငယ်လေး တစ်လုံးကို ကိုင်၍ ပြန်ထွက်လာသည်ကို လောင်ဟန် ကြည့်နေမိ၏။ ထိုသေတ္တာငယ်လေးကို မြင်လိုက်သောအခါ လောင်ဟန်သည် သူမအတွက် စိတ်မကောင်း ဖြစ်သွားရလေသည်။

"မိန်းမ... မင်း...။”

သူသည် စကားကို အဆုံးမသတ်နိုင်ဘဲ သူ့ဇနီးကို ဝမ်းနည်းစွာသာ ကြည့်နေမိတော့သည်။ သူမသည် သေတ္တာလေးကို သူ့အား ကမ်းပေးကာ သူ၏လက်ကို အသာအယာ ဆုပ်ကိုင်ရင်း ပြောလိုက်လေသည်။

"ဒါကို ယူသွားပြီး မိန်းကလေးယောင်ကို ပေးလိုက်ပါ…၊ သူမက ရှေးဟောင်းပစ္စည်းတွေကို မြတ်နိုးတယ် လို့ ကျွန်မကြားမိတယ်…၊ ဒါက ကျွန်မတို့တွေ ထွက်ခွာတဲ့အခါ သူ ကျွန်မတို့ကို ခေါ်သွားဖို့အတွက် ဆွဲ ဆောင်နိုင်ပါလိမ့်မယ်...။”

လောင်ဟန်သည် သစ်သားသေတ္တာငယ်ကို ယူလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်လေသည်။

"ငါ နားလည်ပါပြီ…၊ မင်း သွားပြီး ပစ္စည်းတွေ စသိမ်းနှင့်တော့၊ ငါ အခု အထပ် (၂၀) ကို သွားလိုက်ဦး မယ်...။”

"ဟုတ်ကဲ့...။”

လောင်ဟန် ထွက်သွားပြီးနောက် သူမသည် တံခါးကို မှီကာ ခဏမျှ တိတ်တဆိတ် ငိုကြွေးနေမိလေ သည်။ စိတ်တည်ငြိမ်သွားသည့် အခါမှသာ မျက်ရည်များကို သုတ်၍ ပစ္စည်းများ စတင်သိမ်းဆည်းတော့ ၏။

All Chapters