← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း (၂၅၄)

ငါ နင့်ကို သတ်စေချင်လို့လား

ယောင်ရန်သည် သူမ၏ သေနတ်ကို တစ်ဖန် ပြန်လည် မြှောက်လိုက်သည်ကို မြင်သောအခါ၊ ထိပ်ပြောင် သော အမျိုးသားသည် ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ပြောလိုက်လေသည်။

"ငါ့အစ်ကိုက ဗဟိုအစိုးရမှာ ဝန်ကြီးတစ်ယောက်ပဲ...၊ နင် ငါ့ကို ထိရဲရင် သူက...။”

"ဒိုင်း... "

"ဘုတ်... "

ယောင်ရန်သည် မျက်လုံးများ ပြူးလျက်၊ သွေးအိုင်ထဲတွင် လဲလျောင်းကာ သေဆုံးသွားသော ထိပ်ပြောင်သည့် အမျိုးသားကို တည်ငြိမ်စွာ ကြည့်နေခဲ့လေသည်။

ကျန်ရှိနေသော အမျိုးသား လေးဦးမှာ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ကျောရိုးထဲအထိ စိမ့် တက်သွားကာ အလွန်အမင်း ထိတ်လန့်သွားကြ၏။ သူတို့၏ ပေါင်များမှ နာကျင်နေသော်လည်း မည်သူ မျှ အသံတစ်ချက်ပင် မထွက်ရဲကြပေ။

ထိပ်ပြောင်သော အမျိုးသားကို ရှင်းလင်းပြီးနောက်၊ ယောင်ရန်သည် ကျန်ရှိနေသော အမျိုးသား လေး ဦးဆီသို့ သူမ၏ အကြည့်များကို ပြောင်းလိုက်လေသည်။ သူမက သူတို့ကို သေလူများသဖွယ် ကြည့်နေ သည်ကို မြင်သောအခါ၊ သူတို့၏ နဖူးပေါ်တွင် ချွေးစေးများ ပျံ့လာတော့၏။

သူတို့၏ မျက်ဝန်းများအတွင်းရှိ ကြောက်ရွံ့မှုများကို သတိပြုမိကာ ယောင်ရန်က မေးလိုက်လေသည်။

"နင်တို့ ငါတို့ရဲ့ အစွမ်းကို သိသိကြီးနဲ့ ဘာလို့ လာခိုးရတာလဲ...။”

အသက် (၃၀) ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးသည် သူ၏လက်များကို တင်းတင်းဆုပ်ကာ တုန်ရီနေ သော အသံဖြင့် ပြန်ဖြေလိုက်လေ၏။

"ဒီနေ့ ကျွန်တော် ရေမရှာနိုင်ရင် ကျွန်တော့်မိသားစု သေရပါလိမ့်မယ်...၊ မြို့ထဲမှာ အနှံ့ရှာပေမဲ့ ရေတစ် စက်တောင် မတွေ့ခဲ့ပါဘူး...။ ထိပ်ပြောင်နဲ့လူက ခင်ဗျားတို့ဆီမှာ ရေတွေအများကြီးရှိတယ်လို့ ပြော တယ်၊ ပြီးတော့ သူ့ကို ကားကူမောင်းပေးရင် ကျွန်တော့်ကို ရေဝေပေးမယ်လို့လည်း ပြောခဲ့လို့ပါ...။”

ယောင်ရန်သည် ထိုသူကို ခဏမျှ စဉ်းစားသလို ကြည့်နေပြီးနောက် ကျန်ရှိသော သူများကို လှည့်မေး လိုက်ပြန်လေသည်။

"နင်တို့ရော ဘာကြောင့်လဲ...။”

သူတို့၏ ကံကြမ္မာကို လက်လျှော့လိုက်ကြသဖြင့် သူတို့၏ စိတ်ထဲ၌ ထူးဆန်းသော သက်သာရာရမှုမျိုး ခံစားလိုက်ရ၏။ ထိုအမျိုးသားများသည် သေဘေးကို ရင်ဆိုင်ရန် အသင့်ပြင်ထားသကဲ့သို့ မြေပြင်ပေါ်၌ လဲလျောင်းရင်း သွေးထွက်နည်းစေရန် သူတို့၏ ဒဏ်ရာများကို ဖိထားကြလေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူတို့ထဲမှ အငယ်ဆုံးဖြစ်သူက ပြန်ဖြေလိုက်၏။

"ကျွန်တော့်မိသားစုက ရေကြီးတုန်းက သေကုန်ကြပြီ...။ အခု ကျွန်တော့်မှာ ညီမလေးတစ်ယောက်ပဲ ကျန်ပါတော့တယ်...။ သူက ဒီနှစ်မှ ခြောက်နှစ်ပဲ ရှိဦးမှာ...၊ ကျွန်တော့်အသက်နဲ့ လဲရရင်တောင် သူ့ကို ငတ်ပြီး အသေမခံနိုင်ဘူး...။”

သူသည် သူမထက် အသက်မကြီးမှန်း သိသာလှသဖြင့် ယောင်ရန်က မေးလိုက်လေသည်။

"နင် အသက် ဘယ်လောက်လဲ...။”

"နောက်လဆို ဆယ့်ကိုးနှစ် ပြည့်ပါပြီ...။” သူက ပြန်ဖြေလိုက်၏။

ယောင်ရန်သည် ထိုအဖြေကို ကြားသောအခါ တိတ်ဆိတ်သွားတော့သည်။ သူမ၏ အတိတ်ဘဝတွင် လည်း ကမ္ဘာပျက်ကပ် စတင်ချိန်၌ သူမမှာ သာမန် တက္ကသိုလ်ကျောင်းသူလေးတစ်ဦးသာ ဖြစ်ခဲ့သည် မဟုတ်ပါလား။ ကံဆိုးစွာပင် ကမ္ဘာကြီးမှာ ရက်စက်လွန်းလှသဖြင့် သူမသည် ရှင်သန်ရန်အတွက် မည် သည့်အရာကိုမဆို ပြုလုပ်ခဲ့ရလေသည်။

သူမ၏ အတိတ်က အတွေ့အကြုံများကို ပြန်လည်အမှတ်ရမိကာ ယောင်ရန်သည် သေနတ်ကို အောက် ချလိုက်ပြီး ပြောလိုက်၏။

"နင်တို့ သွားကြတော့...။”

ထိုအမျိုးသား လေးဦးမှာ ကြောင်အသွားကြပြီး သူတို့၏ ပေါင်မှ နာကျင်မှုကိုပင် ခေတ္တမျှ မေ့လျော့သွား ခဲ့ကြလေသည်။ ခဏအကြာတွင်မူ အငယ်ဆုံး အမျိုးသားက မဝံ့မရဲ မေးလိုက်၏။

"ခင်ဗျား... ကျွန်တော်တို့ကို တကယ်ပဲ လွှတ်ပေးမှာလား...။”

ယောင်ရန်က မျက်ခုံးပင့်ကာ ပြန်မေးလိုက်လေသည်။

"ငါ နင့်ကို သတ်စေချင်လို့လား...။”

ထိုလူငယ်က ခေါင်းကို အလျင်အမြန် ခါရမ်းကာ ပြောလိုက်၏။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး...။ အခုချက်ချင်း ထွက်သွားပါ့မယ်...။”

သွေးများဖြင့် စွန်းထင်နေသော လမ်းကြောင်းကြီးကို ချန်ထားလျက် သူတို့ ခက်ခဲစွာ ထွက်ခွာသွား သည်ကို ကြည့်ရင်း သူမက ထပ်ပြောလိုက်လေသည်။

"နင်တို့ရဲ့ ခေါင်းဆောင်ကိုလည်း တစ်ခါတည်း ခေါ်သွားကြ...။”

သူမ၏ စကားကြောင့် သူတို့သည် ထိပ်ပြောင်သော အမျိုးသား၏ အလောင်းကို မလိုလားဘဲ တရွတ် တိုက် ဆွဲယူကာ ထွက်ခွာသွားကြတော့သည်။

သူတို့ ထွက်သွားပြီးနောက် ယောင်ရန်သည် တန်ချီချီဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ချီချီ...၊ ရိက္ခာတွေကို မြန်မြန် တင်ကြစို့...။”

တန်ချီချီက ခေါင်းငြိမ့်ပြကာ ဂျုံမှုန့်အိတ်ကို သယ်၍ သူမအနားသို့ ချဉ်းကပ်လာခဲ့၏။ ယောင်ရန် ကုန်တင်ကား၏ တံခါးကို ဖွင့်နေသည်ကို ကြည့်ရင်း သူမက မေးလိုက်လေသည်။

"မမယောင်ရန်...၊ ဘာလို့ အဲဒီလူတွေကို မသတ်လိုက်တာလဲ...။”

ယောင်ရန်က သူမကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်လေ၏။

"တစ်ခါတလေမှာ လူတွေက ရှင်သန်ဖို့ ဒါမှမဟုတ် ချစ်ရတဲ့သူတွေကို ကာကွယ်ဖို့အတွက် ပြစ်မှုတွေ ကျူးလွန်ဖို့ အတင်းအကျပ် ခိုင်းစေခံရတာမျိုး ရှိတတ်တယ်...။ ငါ သူတို့ကို မသတ်လိုက်ပေမဲ့ သူတို့ရဲ့ ပေါင်တွေကိုတော့ ဒဏ်ရာရအောင် လုပ်ထားတယ်လေ...။ သူတို့ ဒီနေရာကနေ အသက်ရှင်ပြီး ထွက် သွားနိုင်ရင်တောင် နောက်ပိုင်းမှာ ရှင်မရှင်ဆိုတာကတော့ မသေချာပါဘူး...။”

"ငါတို့ဆီက ခိုးဖို့ ကြိုးစားတဲ့အတွက် ငါ သူတို့ကို အပြစ်ပေးလိုက်ပြီ၊ အဲဒါနဲ့တင် လုံလောက်ပြီလို့ ထင်ပါ တယ်...။ ထိပ်ပြောင်ကတော့ ငါတို့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့တာလေ...။ သူ့ကို သတ် လိုက်တာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်တာပဲ...။”

ယောင်ရန်က ခေတ္တမျှ ရပ်တန့်ကာ ဆက်ပြောလိုက်လေ၏။

"လူသတ်ဖို့နဲ့ ငါ့လက်မှာ သွေးစွန်းဖို့ကို ငါ စိတ်ကူးမရှိပါဘူး...။ ဒါပေမဲ့ စွမ်းအားတွေအပေါ်မှာ မျက်ကန်း တစ္ဆေမဖြစ်အောင်တော့ ငါ ကြိုးစားရမယ်...။ စွမ်းအားက နင့်ကို ကာကွယ်ပေးနိုင်သလို၊ နင့်ရဲ့ စိတ်နှလုံး က လမ်းမှားရောက်သွားမယ်ဆိုရင် နင့်ကို ပြန်ပြီး ဖျက်ဆီးပစ်နိုင်တယ်...။”

ယောင်ရန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် တန်ချီချီက ပြုံးကာ ပြောလိုက်လေသည်။

"မမယောင်ရန်...၊ မမက မြင်ရသလောက် အေးစက်တဲ့လူ မဟုတ်မှန်း ကျွန်မ သိနေသားပဲ...။”

ယောင်ရန်သည် တန်ချီချီ၏ စကားကြောင့် အံ့အားသင့်သွားရ၏။ သူမက တန်ချီချီကို ပြုံးကြည့်ကာ ပြောလိုက်လေသည်။

"နင် ပြောတာ မှန်ချင်လည်း မှန်မှာပေါ့လေ...။”

သူတို့ ရိက္ခာများ တင်နေစဉ်မှာပင် ဟွမ်ကျိဟွေးသည် ရိက္ခာအချို့နှင့်အတူ ပြန်ရောက်လာခဲ့ပြီး၊ သူမ၏ နောက်တွင် စီမာဟောက်နှင့် သူ၏ ဇနီးတို့ ပါလာကြလေသည်။

သူတို့ ရောက်ရှိလာသည်ကို မြင်သောအခါ၊ ယောင်ရန်သည် အခြားကုန်တင်ကားတစ်စီး၏ တံခါးကို ဖွင့်ပေးလိုက်ရင်း ပြောလိုက်လေ၏။

"အစ်ကိုစီမာ...၊ မမ...၊ ရှင်တို့ရဲ့ ပစ္စည်းတွေကို ဒီထဲမှာ ထည့်လို့ ရတယ်နော်...။”

စီမာဟောက်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေးယောင်...။”

ယောင်ရန်က ကားသော့ကို သူ့အား ကမ်းပေးလိုက်ရင်း တိုက်တွန်းလိုက်၏။

"အာယုတို့ ပြန်မလာခင် အားလုံးကို မြန်မြန် တင်လိုက်ကြစို့...။”

"ကောင်းပါပြီ...။”

ထို့နောက် စီမာဟောက်နှင့် သူ၏ ဇနီးတို့သည် ပစ္စည်းများကို အောက်ထပ်သို့ အလျင်အမြန် သယ်ယူ လာကြတော့သည်။

သူတို့ ကုန်တင်ကားနှင့် ဘတ်စ်ကားပေါ်သို့ ရိက္ခာများ တင်နေကြစဉ်မှာပင် လုံယုနှင့် အခြားသူများသည် မြို့လယ်ခေါင် အနီးသို့ နောက်ဆုံးတွင် ရောက်ရှိလာကြ၏။ လမ်းတစ်လျှောက်တွင် သူတို့သည် အသုံးပြု ၍ရနိုင်သည့် ယာဉ်များ ရှိမရှိကို တစ်စီးချင်းစီ လိုက်လံ စစ်ဆေးခဲ့ကြလေသည်။

နာရီပေါင်းများစွာ ရှာဖွေပြီးနောက်၊ ရှီရွှမ်းသည် ကုန်တင်ကား နှစ်စီးနှင့် ညွန်များ ပေကျံနေသော အက်စ်ယူဗွီ ကားတစ်စီးကို ပြင်ဆင်နိုင်ခဲ့လေသည်။

သူ အလုပ်ပြီးသွားသောအခါ လုံယုကို ကြည့်ကာ ပြောလိုက်၏။

"ခေါင်းဆောင်...၊ ကုန်တင်ကားတွေကတော့ သုံးလို့ရပြီ၊ ဒါပေမဲ့ အက်စ်ယူဗွီ ကားကတော့ ဆီကုန်နေ တယ်...။ ကျွန်တော်တို့ ဓာတ်ဆီ အရင်ရှာပြီး ဖြည့်ရမယ်...။”

လုံယုက ခဏမျှ စဉ်းစားပြီး ပြန်ပြောလိုက်လေသည်။

"မင်းတို့ ကားတွေကို အရင် သန့်ရှင်းရေး လုပ်ထားလိုက်ကြ...။ ငါ အာချန်နဲ့အတူ ဓာတ်ဆီ သွားရှာလိုက် မယ်...။”

"ဟုတ်ကဲ့ ခေါင်းဆောင်...။”

လုံယုနှင့် ဟွမ်ချန်တို့သည် ဓာတ်ဆီထည့်ရန် ဘူးများကို လိုက်လံရှာဖွေကြလေသည်။ လုံယုသည် ဆီစုပ် စက် ကို ယူလာခဲ့သဖြင့် ဘူးများကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ဆီစုပ်ယူခြင်းကို စတင်နိုင်ခဲ့ပေ၏။

သူတို့ အလုပ်လုပ်နေကြစဉ် အချိန်များမှာ ကုန်ဆုံးသွားခဲ့လေသည်။ ကုန်တင်ကားများနှင့် အက်စ်ယူဗွီ ကားကို စက်နှိုးနိုင်သည့် အချိန်တွင်မူ သန်းခေါင်ကျော်နေခဲ့ပြီ ဖြစ်၏။

လုံယုသည် သူ၏ အင်္ကျီဖြင့် မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ရင်း ပြောလိုက်လေသည်။

"စူပါမားကတ်ကို သွားကြစို့...။”

ထို့နောက် သူတို့ ခြောက်ဦးသည် ကုန်တင်ကား နှစ်စီးနှင့် အက်စ်ယူဗွီ ကားကို မောင်းနှင်ကာ တစ်နာရီခန့် အကြာတွင် စူပါမားကတ်သို့ ရောက်ရှိလာကြတော့သည်။

All Chapters