← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း (၇၆) အစ်မပိုင်ကျဲ့က အကောင်းဆုံးပဲ

လီရှန်းဟွာ၏ အနှောင့်အယှက်ပေးမှုကြောင့် ရွာသားများစွာ လာရောက်ကြည့်ရှုရန် စုရုံးလာကြလေသည်။

"ဟိုဟာက မုဆိုးမဝူရဲ့ သမီး လီရှန်းဟွာ မဟုတ်လား..."

"အဖွဲ့ခေါင်းဆောင်လီလန်ဆီကနေ တင်တောင်းစရိတ် ယွမ်တစ်ရာ တောင်းခဲ့တဲ့ မိန်းမဆိုတာ အဲ့တစ်ယောက်လား..."

"ခေါင်းဆောင်ကျိုးကိုတောင် အဲ့လိုပြောရဲတယ်ပေါ့လေ..."

"ခေါင်းဆောင်ကျိုးက မိန်းမတွေကို ခွဲခြားဆက်ဆံတယ်လို့ သူက ပြောတာလား၊ သူ ရူးနေပြီလား..."

"လီလန်က အဲ့အရူးမကို မယူခဲ့တာ တော်သေးတာပေါ့..."

"..."

ကြည့်ရှုနေကြသော ရွာသားများမှာ လီရှန်းဟွာကို လက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြလေသည်။

ကျိုးလျဲ့ရှန်းသည် ရွှမ်းရွှေရွာရှိ ဝါရင့်မုဆိုးတစ်ဦးဖြစ်ပြီး မုဆိုးဒါဇင်ပေါင်းများစွာကို အုပ်ချုပ်ရသည့် လျဲ့ရှန်မုဆိုးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ မုဆိုးဒါဇင်ပေါင်းများစွာမှာ သူ၏ ဦးဆောင်မှုကို မေးခွန်းထုတ်စရာမလိုဘဲ လိုက်နာကြလေသည်။ လီရှန်းဟွာက သူတို့၏ခေါင်းဆောင်ကို အမျိုးသမီးများအား ခွဲခြားဆက်ဆံသည်ဟု စွပ်စွဲသည်ကို ကြားလိုက်ရသည့်အခါ ကျိုးလျဲ့ရှန်းအပေါ် သစ္စာရှိသော မုဆိုးများမှာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြတော့သည်။

"လီရှန်းဟွာ နင် ဘာပြောလိုက်တယ်..."

"ငါတို့အစ်ကိုကြီးက ကွန်မြူနစ်အဖွဲ့ရဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်နေတာလေ၊ ဘယ်သူက နင့်ကို ခွဲခြားဆက်ဆံနေလို့လဲ..."

"မုဆိုးမဝူ ခင်ဗျား ဆက်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေမယ်ဆိုရင် ခင်ဗျားရဲ့ နံစော်နေတဲ့ ပါးစပ်ကို ဆွဲဖြဲပစ်မယ်နော်..."

"နင့်ရဲ့ အသုံးမကျတဲ့ မောင်နှစ်ယောက်က ခေါင်းဆောင်ရဲ့ စကားကို နားမထောင်ဘဲ ပြဿနာရှာလို့ တောဝက်တောင်ကြောမှာ ကျန်းဝေ့ကော် သေလုနီးပါး ဖြစ်ခဲ့ရတာလေ၊ ခေါင်းဆောင်က စည်းမျဉ်းတွေအတိုင်း လုပ်ခဲ့တာကို နင့်ပါးစပ်ကနေ မိန်းမတွေကို ခွဲခြားဆက်ဆံတယ်လို့ ဘယ်လိုလုပ် ပြောထွက်ရတာလဲ..."

"ထွက်သွားစမ်း နင်က ဒီအသားကို စားဖို့ မထိုက်တန်ဘူး..."

"..."

ရွှမ်းရွှေရွာရှိ မုဆိုးများအားလုံးမှာ အရပ်ရှည်ပြီး တောင့်တင်းခိုင်မာကြကာ လီရှန်းဟွာ၏ ရှေ့တွင် တောင်ကုန်းငယ်များနှင့် သစ်ပင်ကြီးများပမာ ရှိနေကြလေသည်။ ဖိနှိပ်ထားသော လေထုမှာ လွှမ်းမိုးနေပြီး လီရှန်းဟွာကို အသက်ရှူကြပ်လာစေသည်။ လီရှန်းဟွာ၏ မျက်နှာမှာ မည်းမှောင်သွားသော်လည်း သူမက ခေါင်းမာနေဆဲပင် ဖြစ်သည်။

"ငါ့မောင်တွေရဲ့ ကိစ္စက ပြီးသွားပြီလေ၊ ဒါ့အပြင် ကျန်းဝေ့ကော်လည်း အကောင်းပကတိ ပြန်ရောက်လာတာပဲ မဟုတ်လား အားလုံး အဆင်ပြေနေတာပဲ မဟုတ်လား..."

"သူတို့က ငါ့မောင်တွေကို လျဲ့ရှန်တပ်ဖွဲ့ကနေ ထုတ်ပစ်လိုက်တာ ထားပါတော့၊ ဒါပေမဲ့ ငါ့ကို အသားတောင် မပေးဘူးလား၊ ငါက ဘာလို့ မရရမှာလဲ၊ ငါ့အမေက မုဆိုးမဖြစ်နေလို့ အနိုင်ကျင့်လို့ရတယ် ထင်နေကြတာလား..."

"တပ်ဖွဲ့ခေါင်းဆောင်ရှန်းက တစ်ချိန်တုန်းက ကွန်မြူနစ်အဖွဲ့က အသားဝေရင် အိမ်ထောင်စုတိုင်းရဖို့ အာမခံတယ်လို့ ပြောခဲ့ဖူးတယ်လေ ဘာလို့ သူတို့အားလုံး ရပြီး ငါတို့မိသားစုက မရရတာလဲ..."

"အဲဒါကိုများ နင်တို့က ခွဲခြားဆက်ဆံတာ မဟုတ်ဘူးလို့ ပြောနေသေးတယ်ပေါ့လေ..."

လီလန်နှင့် စေ့စပ်ထားမှု ပျက်ပြားသွားကတည်းက ရွှမ်းရွှေရွာရှိ မည်သူကမျှ သူမအတွက် အိမ်ထောင်ဖက် ရှာပေးရန် မကြိုးစားကြတော့သဖြင့် လီရှန်းဟွာသည် ဆက်ဆံရေး ပျက်ပြားသွားမည်ကို မကြောက်တော့ချေ။

သူမ၏ မောင်ဖြစ်သူမှာ လျဲ့ရှန်တပ်ဖွဲ့မှ ထုတ်ပယ်ခံလိုက်ရပြီး သူမကိုယ်တိုင်လည်း အသားမရခဲ့ပေ။ ယနေ့တွင်မူ လီလန်အား အသက်ကြီးကြီး အမျိုးသမီးတစ်စုက ဝိုင်းရံကာ အိမ်ထောင်ဖက်များ မိတ်ဆက်ပေးနေသည်ကို သူမ မြင်တွေ့ခဲ့ရပြီး သူသည် ပိုင်ကျဲ့နှင့် အလွန်ရင်းနှီးစွာ စကားပြောကာ ရယ်မောနေလေသည်။ လီရှန်းဟွာသည် သူမ၏ အတွင်းစိတ်ထဲ၌ ပေါက်ကွဲခါနီး မီးတောင်တစ်ခုပမာ ဒေါသအဟုန်များ ဆူပွက်လာသည်ကို ခံစားလိုက်ရတော့သည်။

မလှမ်းမကမ်းတွင် လီလန်သည် မျက်မှောင်ကြုတ်သွားပြီး သွေးရူးသွေးတန်း ရူးသွပ်နေသော လီရှန်းဟွာကို အေးစက်စွာ လှမ်းကြည့်လိုက်လေသည်။

ဤမိန်းမကို မတွေ့ရတာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူမ၏ မျက်နှာမှာ ပိုပိုပြီး ရုပ်ဆိုးလာသည်ဟု သူ ခံစားလိုက်ရသည်။ မည်သည့်အတွက်ကြောင့် မိမိအား ရုပ်ပိုင်းဆိုင်ရာအရ ပိုပိုပြီး ပျို့အန်ချင်စိတ်များ ဖြစ်လာစေရသနည်းဟု သူ တွေးနေမိသည်။

သူသည် ခေါင်းကိုသာ ခါယမ်းလိုက်မိတော့သည်။

လီရှန်းဟွာကဲ့သို့ မိန်းမတစ်ယောက်ကို လက်ထပ်မိသူတိုင်းသည် မြေမြှုပ်မိုင်းတစ်ခုကို လက်ထပ်မိခြင်းပင် ဖြစ်သည်။ သူမသည် အနှေးနှင့်အမြန် ပေါက်ကွဲလာမည်ဖြစ်ပြီး မိသားစုအတွက် ကံဆိုးမှုများကို ယူဆောင်လာမည်သာ ဖြစ်သည်။ ဇနီးတစ်ယောက်ကို ရွေးချယ်ရာတွင် ကိုယ်ကျင့်တရားကောင်းမွန်ပြီး စိတ်ခံစားမှု တည်ငြိမ်သူတစ်ဦးကို ရှာဖွေရန်မှာ အလွန်အရေးကြီးပေသည်။

"အစ်မပိုင်ကျဲ့က အမွှေးဆုံးပဲ..."

လီလန်သည် နှင်းများဖုံးလွှမ်းနေသော တောင်တန်းဖြူဖြူများကို ကြည့်ရင်း ပြောလိုက်သည်။ ပိုင်ကျဲ့သည် လူကောင်းတစ်ယောက်ဖြစ်ရုံသာမက စုန့်ဟွာမြစ်၏ စီးဆင်းနေသော ရေစီးကြောင်းပမာ နူးညံ့သိမ်မွေ့သော စိတ်ထားလည်း ရှိသည်။

သူမသည် သူ့အပေါ် တစ်ခါမျှ ဒေါသထွက်ခဲ့ဖူးခြင်း မရှိချေ။ ထိုသို့သော သွေးရူးသွေးတန်းဖြစ်မှု၊ ထိုရူးသွပ်နေသော အခြေအနေမျိုး သူမ၌ ရှိမည်မဟုတ်ပေ။ ပိုင်ကျဲ့သည် အိမ်နီးနားချင်းမှ နူးညံ့သိမ်မွေ့သော အစ်မကြီးတစ်ဦးကဲ့သို့ အမြဲတမ်း ဖြစ်တည်နေခဲ့သည်။

"အဲ့မိန်းမရဲ့ စကားတွေက အရမ်းကို ဆိုးရွားလွန်းတယ်..."

"ခေါင်းဆောင်ကျိုးက ကွန်မြူနစ်အဖွဲ့ရဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့တာကို သူက လှည့်ပြီး စွပ်စွဲနေတယ် မောက်မာပြီး အကြောင်းပြချက်မရှိဘဲ ပြုမူနေတာပဲ..."

"ဟမ့်... အရှက်မရှိလိုက်တာ..."

အမျိုးသမီးတစ်ဦးအနေဖြင့် ပိုင်ကျဲ့သည် လီရှန်းဟွာကဲ့သို့သော လူမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ အကြောင်းပြချက်မဲ့ကာ အဖြူကို အမည်းဟု ပြောင်းလဲပြောဆိုတတ်ပြီး အလိုလိုက်ခံထားရသော ကလေးဆိုးတစ်ယောက်ကဲ့သို့ ပြုမူတတ်သူမျိုး ဖြစ်သည်။

သူမ၏မောင်ဖြစ်သူမှာ ပြဿနာရှာကာ လူတစ်ယောက်ကို သေလုနီးပါး ဖြစ်စေခဲ့သည်။ ခေါင်းဆောင်ကျိုးက သူတို့နှစ်ယောက်စလုံးအား အပြစ်ပေးခြင်းမှာ ပုံမှန်ပင် ဖြစ်ပေသည်။ သူတို့မှာ မိသားစုတစ်စုတည်းမှ ဖြစ်ကြသည်။

လီရှန်းဟွာ သူမသည် သူတို့၏ အစ်မဖြစ်ပြီး လူသေလုနီးပါး ဖြစ်စေခဲ့သည်တောင်မှ အသားကို စားချင်နေသေးသည်မှာ အိပ်မက်မက်နေခြင်းသာ ဖြစ်ရမည်။

ဤအသားကို လီလန်က အမဲလိုက်ခဲ့ခြင်း ဖြစ်သည်ကို ပြောနေစရာပင် မလိုတော့ချေ။ လီရှန်းဟွာသည် ထိုစဉ်က လီလန်ထံမှ တင်တောင်းစရိတ် ယွမ်တစ်ရာကို တောင်းခံခဲ့ပြီး ယခုအခါ လီလန် အမဲလိုက်လာသော တောဝက်သားကို လာရောက်လက်ခံရန် မည်သို့ ရဲတင်းနေသနည်းဟု သူမ တွေးမိသည်။ အသားမရသည့်အပြင် ခေါင်းဆောင်ကျိုးကိုပင် ခွဲခြားဆက်ဆံသည်ဟု စွပ်စွဲနေသေးသည် မဟုတ်ပါလော။

အရှက်မရှိလိုက်သည်ဖြစ်ခြင်း။

"လီရှန်းဟွာက ရွံစရာကောင်းလိုက်တာ၊ အရင်တုန်းက နင့်ကို အနိုင်ကျင့်ခဲ့ပြီး အခုကျတော့ ခေါင်းဆောင်ကျိုးကို စော်ကားနေပြန်ပြီ..."

"ငါ သွားပြီး သူ့ကို ရှင်းလိုက်မယ်..."

ဒေါသထွက်နေသော ပိုင်ကျဲ့က အသားဝေသည့် နေရာဆီသို့ လျှောက်သွားလေသည်။

"အစ်မပိုင်ကျဲ့..."

လီလန်သည် မူလက ပိုင်ကျဲ့အား ပြဿနာများ အလွယ်တကူ ဖြစ်ပေါ်လာနိုင်သောကြောင့် လီရှန်းဟွာကို မရန်စရန် ဖျောင်းဖျချင်ခဲ့သည်။ သို့သော် အစ်မပိုင်ကျဲ့သည်လည်း အမျိုးသမီးတစ်ဦးဖြစ်ပြီး လီရှန်းဟွာထက် ပိုမိုအတွေ့အကြုံရှိသောကြောင့် သူမထက် ဆိုးရွားမည်မဟုတ်ဟု သူ တွေးလိုက်မိသည်။

လီလန်သည် ဘေးနားတွင် ရပ်ကာ လက်ပိုက်ရင်း ပွဲကို ကြည့်နေလေသည်။ ပိုင်ကျဲ့သည် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော်လည်း သူ့အတွက်သာ ဖြစ်သည်။ သူမ သဘောမကျသော သူများနှင့် ပတ်သက်လာလျှင်မူ အစ်မပိုင်ကျဲ့သည် အလွန်တရာ ရက်စက်ကြမ်းကြုတ်နိုင်ပေသည်။ ပိုင်ကျဲ့ ငယ်ရွယ်စဉ်က ရွာထဲတွင် "အဖြူရောင်နတ်ဆိုး" ဟူသော နာမည်ပြောင်တစ်ခု ရှိခဲ့သည်။ ထိုနာမည်ပြောင်မှာ အလကားရထားခြင်း မဟုတ်ပေ။

"ခေါင်းဆောင်ကျိုးက ရွှမ်းရွှေရွာရဲ့ အဖွဲ့စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ခဲ့တာပါ၊ ဘယ်စည်းမျဉ်းကိုမှ ချိုးဖောက်ခဲ့တာ မရှိပါဘူး..."

"အဖွဲ့စည်းမျဉ်းတွေမှာ လူတစ်ယောက်က ကြီးလေးတဲ့အမှားကို ကျူးလွန်ရင် တစ်ဖွဲ့လုံးကို အကြောင်းကြားပြီး မုဆိုးအဖွဲ့ကနေ ထုတ်ပယ်ရမယ်လို့ ပြဋ္ဌာန်းထားတယ်လေ မုဆိုးအဖွဲ့ဝင် မဟုတ်တဲ့ ဘယ်သူမဆို အသားမရနိုင်ပါဘူး..."

အသားလာရောက်ထုတ်ယူကြသော ရွာသားများ၏ အိမ်ထောင်စုတိုင်းတွင် ရွာ၏ ထုတ်လုပ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ထားပြီး မုဆိုးအဖွဲ့ဝင်ဖြစ်သော မုဆိုးတစ်ဦးစီ ရှိကြလေသည်။

"လီရှန်းဟွာ နင့်ခံစားချက်ကို ငါ နားလည်ပါတယ်လေ နင့်မောင်က ပြဿနာရှာလို့ ခေါင်းဆောင်ကျိုးက အလုပ်ဖြုတ်လိုက်တာလေ ဒါပေမဲ့ နင့်ဒေါသတွေကို ခေါင်းဆောင်ကျိုးအပေါ်မှာ ပုံချလို့ မရဘူးလေ..."

ရှန်းဖူကွေ့သည် အခြေအနေကို ငြိမ်းချမ်းစေရန် ဝင်ရောက်စွက်ဖက်ကာ စေ့စပ်ပေးသူအဖြစ် ပြုမူလိုက်သည်။

"ဒီလိုလုပ်ပါလား ခေါင်းဆောင်ကျိုးရဲ့ ဝေစုကိုတော့ ထိလို့မရဘူးလေ ငါ့ဝေစုကို နင့်ကို ပေးမယ် နင် အိမ်ယူသွားလိုက်ပေါ့..."

ရှန်းဖူကွေ့သည် သူ မူလက အိမ်သို့ ယူသွားရန် ရည်ရွယ်ထားသော ဝက်နံရိုးချည်းသာဖြစ်သည့် အသားဆယ်ကျင်းရှိရာ အရောင်းခုံဘေးသို့ လက်ညှိုးထိုးပြလိုက်သည်။

"တပ်ဖွဲ့ခေါင်းဆောင်ရှန်း မလုပ်ပါနဲ့ အဲ့တာက စည်းမျဉ်းတွေကို ဆန့်ကျင်နေပါတယ်..."

ကျိုးလျဲ့ရှန်းသည် ရှန်းဖူကွေ့အား တားဆီးလိုက်သည်။

"ဖယ်လိုက်ကြစမ်း..."

ကျိုးလျဲ့ရှန်းသည် သူ၏ လက်အောက်ငယ်သားများကို အော်ဟစ်လိုက်သည်။ မုဆိုးများမှာ လိမ္မာယဉ်ကျေးစွာပင် လမ်းဖယ်ပေးလိုက်ကြသည်။ ကျိုးလျဲ့ရှန်းသည် လီရှန်းဟွာထံသို့ တည့်တည့်မတ်မတ် လျှောက်သွားကာ သူ၏မျက်နှာမှာ တည်ကြပ်နေပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်း အသားလိုချင်ရင် မင်းရဲ့မောင် လီဟူကို လာယူခိုင်းလိုက်..."

ထိုစကားကို ကြားလိုက်ရသည့်အခါ လီရှန်းဟွာ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သရော်လှောင်ပြောင်သော အသံတစ်သံကို ကြားလိုက်ရလေသည်။

"ခေါင်းဆောင်ကျိုး ဘာလို့ သူ့ကို အသားတွေ ပေးနေရတာလဲ..."

"ဒီအသားက ရှောင်လန် တောင်ပေါ်မှာ အမဲလိုက်လာတာလေ သူ့ရဲ့ အသုံးမကျတဲ့ မောင်နှစ်ယောက်က ဘာအလုပ်မှ မလုပ်ဘဲနဲ့ သူက ဘာလို့ ရရမှာလဲ..."

"ဒါ့အပြင် တင်တောင်းစရိတ် ယွမ်တစ်ရာတောင်းတဲ့ မိသားစုမျိုးက အသားပြတ်လပ်နေတဲ့ မိသားစုနဲ့ မတူဘူး မဟုတ်လား..."

"ပိုက်ဆံတွေ အများကြီးရှိနေတာပဲ၊ နင့်မိသားစုက အစားအသောက် ပြတ်လပ်နေမှာ မဟုတ်ပါဘူး နင်က ဒီနေရာကို လာပြီး အသားတောင်းရဲသေးတယ်ပေါ့လေ..."

"လီရှန်းဟွာ နင် အဲလိုမထင်ဘူးလား..."

လီရှန်းဟွာသည် မော့ကြည့်လိုက်ရာ လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမှ လီလန်နှင့်အတူ စကားပြောကာ ရယ်မောနေခဲ့သော ပိုင်ကျဲ့မှာ လှောင်ပြောင်သည့် အပြုံးတစ်ခုဖြင့် သူမထံ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။

"ဘယ်သူက ဂရုစိုက်လို့လဲ..."

"ဒီတောဝက်သားက မာကျောပြီး ညှီစော်နံတယ် အလကားပေးရင်တောင် ငါ ယူမှာမဟုတ်ဘူး..."

လီရှန်းဟွာသည် ပိုင်ကျဲ့အား စူးရဲစွာ စိုက်ကြည့်ပြီးနောက် အထိတ်တလန့်ဖြင့် ထွက်ပြေးသွားတော့သည်။

"အိုး ခွေးမက ကြောက်သွားတာပဲ သူက ရန်ဖြစ်ဖို့ သိပ်အသုံးမကျပါဘူးလေ..."

"ငါ အော်ဆဲရတာတောင် အားမရသေးဘူး၊ သူက ထွက်ပြေးနေပြီ..."

ပိုင်ကျဲ့သည် တစ်ခဏမျှ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားတော့သည်။ သူမသည် ခေါင်းလှည့်ကာ လီလန်အား မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး နှုတ်ခမ်းစွန်းတွင်မူ ကျေနပ်ဂုဏ်ယူနေသော အပြုံးတစ်ခု ပေါ်လွင်နေလေသည်။

လီလန်သည် သူမအား လက်မထောင်ပြလိုက်သည်။

"အစ်မပိုင်ကျဲ့ အစ်မက အကောင်းဆုံးပဲ..."

All Chapters