← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) လှပသော မုဆိုးမလေးက လီလန်အား ညစာစားရန် ဖိတ်ခေါ်ခြင်း

"ရှောင်လန်... မင်းရဲ့ အစ်မက မိုက်တယ်မလား..."

"ပြတ်သားလှပါတယ်..."

"ဟွန့်... ဟိုသောက်ကောင်မက ကြောက်သွားလို့... မဟုတ်ရင်တော့ သူ့ကို ကောင်းကောင်း ပညာပေးလိုက်မှာ..."

အပြန်လမ်းတွင် ပိုင်ကျဲ့နှင့် လီလန်တို့သည် ရွာလမ်းလေးပေါ်၌ ယှဉ်တွဲ၍ လျှောက်လာခဲ့ကြသည်။

စောစောက ရွာအဝင်ဝတွင် ပိုင်ကျဲ့သည် လီရှန်းဟွာအား ခနဲ့တဲ့တဲ့ စကားတစ်ခွန်း ပြောဆိုခဲ့လေသည်။

ထိုရလဒ်အနေဖြင့် လီရှန်းဟွာမှာ အခြေအတင် ပြောဆိုရာတွင် မနိုင်တော့ဘဲ အရှုံးပေးကာ ထွက်ပြေးသွားခဲ့ရသည်။

ကျိုးလျဲ့ရှန်းမှာ အလွန်ဝမ်းသာသွားပြီး သူ၏ဘက်မှ ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သောအနေဖြင့် ပိုင်ကျဲ့အတွက် အသားငါးကျင်းကို ထပ်မံလှီးဖြတ်ပေးလိုက်လေသည်။

မိန်းမများနှင့် သဘောထားသေးသိမ်သူများကို ဆက်ဆံရသည်မှာ အလွန်ခက်ခဲလှသည်။ ကျိုးလျဲ့ရှန်းသည် မိန်းမတစ်ယောက်ကို ဘယ်တော့မှ ပြဿနာမရှာရဟူသော မူကြမ်းတစ်ခုကို ကောင်းစွာ နားလည်ထားပေသည်။

မိန်းမတစ်ယောက်၏ ပါးစပ်သည် အမည်းကို အဖြူဖြစ်သွားစေနိုင်ပြီး ကြီးမားသော ဆူပူအုံကြွမှုကြီးကိုလည်း ဖြစ်စေနိုင်စွမ်းရှိပေသည်။

သေချာသည်မှာ ကျိုးလျဲ့ရှန်းသည် လီရှန်းဟွာကို ကြောက်ရွံ့နေခြင်း မဟုတ်ပေ။ သူမ၏ အရှုပ်အရှင်းများတွင် ပါဝင်ပတ်သက်မိပြီး ဆေးကြော၍မရနိုင်တော့ဘဲ ရွံရှာဖွယ်ကောင်းလာမည်ကိုသာ ကြောက်ရွံ့နေခြင်း ဖြစ်သည်။

ထို့ကြောင့် ပိုင်ကျဲ့က အချိန်မီ ရှေ့ထွက်လာပြီး လီရှန်းဟွာအား မောင်းထုတ်ရာတွင် ကူညီပေးခဲ့သဖြင့် ခေါင်းဆောင်ကျိုးမှာ အလွန်ပင် စိတ်သက်သာရာ ရသွားခဲ့လေသည်။

အပိုဆောင်းအနေဖြင့် အသားငါးကျင်းကို ရရှိလိုက်သဖြင့် သူမမှာ အလွန်ပင် ဝမ်းသာပျော်ရွှင်သွားခဲ့လေသည်။

"ဒီနေ့ည အစ်မအိမ်ကို ညစာလာစားလှည့်... အစ်မ အရသာရှိတာတစ်ခု ချက်ကျွေးမယ်..."

လမ်းဆုံတစ်ခုသို့ ရောက်ရှိလာပြီး လမ်းခွဲကြတော့မည့်အချိန်တွင် ပိုင်ကျဲ့က လီလန်ကို ပြောလိုက်သည်။

"အစ်မ... ဘာဟင်းကောင်းတွေ စားရမှာလဲ..."

လီလန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"ဂျုံဖြူမုန့်ပေါင်းပေါ့..."

ပိုင်ကျဲ့က လီလန်အား ဆွဲဆောင်မှုအပြည့်ရှိသော အပြုံးလေးတစ်ခုဖြင့် ပြုံးပြလိုက်သည်။

"ကျွန်တော်က ဂျုံဖြူမုန့်ပေါင်းတွေကို အကြိုက်ဆုံးပဲ... အစ်မ ကျွန်တော့်အတွက် ပိုလုပ်ပေးနော်..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ပိုင်ကျဲ့မှာ ပါးစပ်ကိုအုပ်၍ မထိန်းနိုင်မသိမ်းနိုင် ရယ်မောလိုက်လေသည်။

"ကောင်းပါပြီ... ကောင်းပါပြီ... အစ်မ အများကြီး ပိုလုပ်ပေးထားပါ့မယ်..."

"ဒီနေ့ညသာ လာခဲ့ပါ... မင်းကို ဗိုက်တင်းသွားတဲ့အထိ ကျွေးပါ့မယ်..."

"အင်း..."

လီလန်သည် ခေါင်းညိတ်လိုက်သော်လည်း ပိုင်ကျဲ့တစ်ယောက် ဘာကို ရယ်မောနေသနည်းဆိုသည်ကိုမူ နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေဆဲပင်။

"ကဲပါ... မင်းရဲ့ ဦးနှောက်သေးသေးလေးနဲ့ လိုက်တွေးမနေပါနဲ့တော့... ဒီနေ့ညကျရင် မင်း သိလာမှာပါ..."

ပိုင်ကျဲ့သည် ပြုံးလျက် လီလန်၏ ပခုံးကို ပုတ်ပေးလိုက်သည်။

သူမသည် ခြေလှမ်းဆယ်ဂဏန်းခန့် ရှေ့သို့ဆက်လျှောက်သွားပြီး လီလန်ကို မမြင်ရတော့သည့်အခါ နံရံထောင့်ကိုမှီ၍ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်လေသည်။

သူမ၏ မျက်နှာမှာ ရဲရဲနီသွားပြီး စကားများ ထစ်အသွားကာ "စောစောက ငါ ဘာတွေ ပြောလိုက်မိတာလဲ..."

"ရှောင်လန်က အရမ်းငယ်သေးတာကို..."

"ငါသာ သူ့ကို လမ်းမှားရောက်အောင် ဆွဲခေါ်သွားမိရင် ဘယ်လိုလုပ်မလဲ…”

ထိုစကားအနည်းငယ်မှာ ပိုင်ကျဲ့၏ ပါးစပ်မှ မရည်ရွယ်ဘဲ ထွက်ကျလာခြင်း ဖြစ်သည်။

သူမသည် လီလန်ကို နောက်ပြောင်ကာ ရိသဲ့သဲ့လုပ်ချင်ရုံသာ ဖြစ်ပေသည်။

ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီး သူမ၏ ကလေးမှာလည်း ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားပြီးနောက်ပိုင်းတွင် သူမသည် မြို့နှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ကာ သူမ၏ အခြေအနေသစ်နှင့် အသားကျစေရန် ရွာသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

ထိုနေ့က သူမသည် လီလန်ထံမှ စားစရာအချို့ကို ငှားရမ်းရန်သာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ နှစ်အတော်ကြာ မတွေ့ရပြီးနောက် သူမ၏နောက်သို့ တကောက်ကောက် လိုက်တတ်သော ကောင်လေးမှာ သူမထက်ပင် အရပ်ပိုရှည်လာခဲ့ပြီ ဖြစ်သည်။

သူသည် သေသပ်သော မျက်နှာသွင်ပြင်၊ စင်းသော နှာတံနှင့် ထင်ရှားသော မေးရိုးအချိုးအစားတို့ကို ပိုင်ဆိုင်ထားပြီး အထူးသဖြင့် သူ၏ ကြီးမား၍ တောက်ပသော မျက်လုံးများက ပို၍ ဆွဲဆောင်မှုရှိလှပေသည်။

ထို့အပြင် လီလန်၏ ထူးချွန်ပြောင်မြောက်သော အမဲလိုက်စွမ်းရည်များက သူ့အား ထောင်ချောက်တစ်ခုတည်းဖြင့်ပင် တောယုန်များနှင့် မိုးပျံနဂါးများကို အမြောက်အမြား ဖမ်းဆီးနိုင်စေသည်။

ယနေ့ဆိုလျှင် တောင်ပေါ်သို့တက်၍ အလေးချိန် ကျင်း(၆၀၀) ကျော်ရှိသော တောဝက်ကြီးကိုပင် အမဲလိုက်နိုင်ခဲ့လေသည်။

ထိုကောင်လေးမှာ တောင့်တင်းခိုင်မာသော မုဆိုးကြီးတစ်ဦးအဖြစ်သို့ ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။

ဤအရာက ပိုင်ကျဲ့အား နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်သွားခဲ့ပြီး သူမ၏ ရင်ထဲတွင် ရှင်းပြ၍မရနိုင်သော ခံစားချက်များကို လှုပ်ခတ်သွားစေတော့သည်။

ပြီးခဲ့သည့်အကြိမ်က ပိုင်ကျဲ့သည် လီလန်၏ အိမ်သို့သွား၍ သူ၏အဝတ်များကို လျှော်ဖွပ်ပေးနေစဉ် ထူးခြားသော ရနံ့တစ်ခုကို ရှူရှိုက်မိခဲ့သည်။

ထိုရနံ့က သူမကို စွဲမက်စေခဲ့ပြီး ရင်ကို လှုပ်ရှားသွားစေခဲ့သည်။

သူမ တွေးတောနေစဉ်မှာပင် ပိုင်ကျဲ့သည် ရုတ်တရက် သူမ၏ ရင်ဘတ်ပေါ်တွင် စိုစွတ်မှုကို ခံစားလိုက်ရလေသည်။

"အင်း... ပြန်ထွက်လာပြန်ပြီ... တော်တော် စိတ်အိုက်စရာကောင်းတာပဲ..."

"စိုစွတ်နေတော့ တော်တော်လေး နေရခက်တာပဲ..."

"အမြန်ပြန်ပြီး အဝတ်အစား သွားလဲမှပါ..."

အခြားတစ်ဖက်တွင်မူ လီလန်သည် သူ၏ စိတ်ထဲတွင် ဆက်တိုက်ထွက်ပေါ်လာသော အီလက်ထရောနစ် အသိပေးသံများကို နားထောင်ရင်း လုံးဝ အံ့အားသင့်နေခဲ့လေသည်။

[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်း +၅၀၀]

[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်း +၅၀၀]

လမ်းဆုံတွင် အချိန်တိုလေးအတွင်းမှာပင် အစ်မပိုင်ကျဲ့သည် သူ၏ နှစ်သက်ခြင်းအမှတ်ကို အမှတ် နှစ်ထောင်တိတိ တိုးလာစေခဲ့သည်။

"အစ်မပိုင်ကျဲ့က... ငါ့ကို သဘောကျနေတာလား..."

လီလန်က လူမိုက်တစ်ယောက် မဟုတ်ပေ။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ပိုင်ကျဲ့သည် သူ၏ အဝတ်များကို လျှော်ဖွပ်ပေးကာ ဟင်းများချက်ပေးခဲ့သည့်အချက်နှင့် သူမ၏အိမ်သို့ ညစာစားရန် ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ခဲ့သည်များကို ထောက်ရှုကြည့်လျှင် ပိုင်ကျဲ့သည် သူ့အပေါ် စိတ်ဝင်စားနေသည်မှာ ထင်ရှားလှပေသည်။

နေ့စဉ်လျှို့ဝှက်သေတ္တာဖွင့်စနစ်ကို ဖွင့်ရန်နှင့် အဆင့်မြှင့်တင်ရန်အတွက် နှစ်သက်ခြင်းအမှတ်များ လိုအပ်ပေသည်။

နေ့တစ်နေ့တွင် နှစ်သက်ခြင်းအမှတ်များကို ပို၍ စုဆောင်းနိုင်လေ၊ နောက်တစ်နေ့တွင် ပို၍မြင့်မားသော အဆင့်ရှိ လျှို့ဝှက်သေတ္တာများကို ဖွင့်နိုင်လေ ဖြစ်သည်။

ဥပမာအားဖြင့် အဆင့် ၄ လျှို့ဝှက်သေတ္တာသည် စတုတ္ထအလွှာတွင် ပါဝင်ပြီး နှစ်သက်ခြင်းအမှတ် နှစ်ထောင် လိုအပ်ပေသည်။

နှစ်သက်ခြင်းအမှတ်များကို ဖခင်၊ ညီမနှင့် ဦးလေးကျန်းတို့ကဲ့သို့သော ရင်းနှီးသည့်လူများ၏ သဘောကျနှစ်သက်မှုမှ ရရှိခြင်း ဖြစ်သည်။

သို့မဟုတ် လျူဇီနှင့် ကျန်းဝေ့ကော်တို့ကဲ့သို့သော လူများထံမှလည်း ဖြစ်နိုင်ပေသည်။

ဤအရာအားလုံးမှာ မိသားစုနှင့် သူငယ်ချင်းသံယောဇဉ်များမှ ဆင်းသက်လာသော နှစ်သက်ခြင်းခံစားချက်များသာ ဖြစ်သည်။

စုဆောင်းမှုတစ်ခုစီတွင် ပုံမှန်အားဖြင့် အမှတ်တစ်ရာထက် ပိုလေ့မရှိပေ။

သို့သော် ပြီးခဲ့သည့်အကြိမ်က ပညာတတ်လူငယ်ရုံးမှ ပညာတတ်မိန်းကလေး တုံယွီရှု ရောက်လာချိန်မှစ၍ နှစ်သက်ခြင်းအမှတ်များကို စုဆောင်းရရှိတိုင်း အမှတ်တစ်ရာအကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့သည်။ ၎င်းမှာ အမှတ် သုံးရာအထိ တိုက်ရိုက်ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

သုံးဆတောင် ဖြစ်သွားခဲ့သည်။

နောက်ပိုင်းတွင် လီလန်သည် ထိုအခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ ပညာတတ်မိန်းကလေး တုံယွီရှုသည် သူ၏အပေါ်တွင် ခံစားချက်အချို့ ရှိနေနိုင်သည်ဟု ကောက်ချက်ချမိလေသည်။

ဤကောင်းမွန်သော ခံစားချက်မှာ အမျိုးသားတစ်ဦးအပေါ်ထားရှိသော အမျိုးသမီးတစ်ဦး၏ ချစ်ခင်မြတ်နိုးမှုပင် ဖြစ်သည်။

သဘောကျနှစ်သက်မှု ပိုများလေလေ၊ နှစ်သက်ခြင်းအမှတ်များက ပို၍ ပေါက်ကွဲထွက်လာလေလေပင် ဖြစ်သည်။

၎င်းသည် အမျိုးသမီး၏ စိတ်ခံစားချက်များကို အလုံးစုံ လိုက်နာနေခြင်း ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် အမျိုးသမီးတစ်ဦးက သူ့ကို ပို၍ သဘောကျလေလေ၊ နှစ်သက်ခြင်းအမှတ်များ ပို၍ ထွက်ပေါ်လာလေလေပင် ဖြစ်သည်။

လီလန်သည် ဤအချက်မှန်ကန်ကြောင်းကို အစ်မပိုင်ကျဲ့နှင့် ယခုလေးတင် သက်သေပြနိုင်ခဲ့လေသည်။

စောစောက အစ်မပိုင်ကျဲ့သည် သူ့ကို တကယ်သဘောကျသွား၍သာ နှစ်သက်ခြင်းအမှတ် တစ်ထောင်တိတိကို ပေးခဲ့ခြင်း ဖြစ်ရပေမည်။

တစ်နည်းအားဖြင့်ဆိုရသော် သူ့အပေါ်ထားရှိသော ပိုင်ကျဲ့၏ ခံစားချက်များမှာ... မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို သဘောကျသည့် အမျိုးအစားပင် ဖြစ်သည်။

"ဒီနေ့ည အစ်မပိုင်ကျဲ့ဆီမှာ ညစာသွားစားမယ်... ပစ္စည်းတွေ ပိုရလာရင် မနက်ဖြန် အဆင့် ၄ လျှို့ဝှက်သေတ္တာကို ဖွင့်လို့ရပြီ..."

လီလန်က ဆုံးဖြတ်လိုက်သည်။

"ရှပ်... ရှပ်..."

ရွာလမ်းလေးတစ်လျှောက် နှင်းများကို နင်းဖြတ်လျှောက်လာစဉ် အသံများ ထွက်ပေါ်နေသည်။

သူသည် အချိန်တိုအတွင်းမှာပင် အိမ်သို့ ရောက်ရှိသွားခဲ့သည်။

ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ခေါင်မိုးအောက်တွင် ချထားသော အလေးချိန် ကျင်း(၁၀၀)ခန့်ရှိသည့် တောဝက်သားများကို တွေ့မြင်နိုင်ပေသည်။

ဤအရာမှာ တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ယခုလေးတင် ပြန်လည်သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

"သား... မင်း ကျင်း(၆၀၀) ကျော်ရှိတဲ့ ဝက်ဘုရင်ကြီးကို အမဲလိုက်နိုင်ခဲ့တယ်လို့ တပ်ဖွဲ့ခေါင်းဆောင်ရှန်း ပြောတာ ကြားလိုက်တယ်..."

လီတာ့ဟိုင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"ဟုတ်တယ်... ကျွန်တော် ကံကောင်းသွားလို့ သုံးချက်ပဲ ပစ်လိုက်ရတယ်..."

လီတာ့ဟိုင်...

လီတာ့ဟိုင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။

သုံးချက်သာ ပစ်ခတ်ခဲ့သည်တဲ့လား။ ထိုစကားကို နားထောင်ကြည့်ပါ။ ၎င်းမှာ လူသားများ ပြောဆိုသည့် စကားမျိုး ဟုတ်ပါရဲ့လား။

မည်သို့ပင်ဖြစ်စေ သူကတော့ အလွန်ပင် ဝမ်းသာနေခဲ့သည်။ သူ၏ သားဖြစ်သူက ပို၍ အရည်အချင်းရှိပြီး အောင်မြင်လေလေ၊ ဖခင်တစ်ယောက်အနေဖြင့် သူက ပို၍ ဂုဏ်ယူရလေလေပင် ဖြစ်သည်။

အနာဂတ်တွင် မိမိ၏ ကလေးကို ဘယ်သူက မအောင်မြင်စေချင်ဘဲ နေမည်နည်း။

ဖခင်တိုင်းက သူတို့၏သားများ အောင်မြင်ကြီးပွားလာရန် မျှော်လင့်ကြသည်ချည်းသာ ဖြစ်သည်။

"မင်း ပင်ပန်းနေပြီလား... လာခဲ့... အဖေ မင်းအတွက် စားစရာတစ်ခုခု ချက်ပေးမယ်..."

"ကျွန်တော့်ရဲ့ ဒုတိယညီမနဲ့ အငယ်ဆုံးညီမကော ဘယ်မှာလဲ..."

လီလန်သည် သူ၏ ကျားခေါင်းတံဆိပ် ပြောင်းနှစ်လုံးထိုး အမဲလိုက်သေနတ်ကို ချိတ်ဆွဲလိုက်ပြီး အိမ်ထဲတွင် လိုက်ရှာကြည့်သော်လည်း သူ၏ ဒုတိယညီမနှင့် အငယ်ဆုံးညီမတို့ကို မတွေ့ရပေ။

"သူတို့က ဆရာမတုံဆီမှာ စာသင်နေတုန်းပဲလေ..."

လီတာ့ဟိုင်က ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ လီလန်သည် ခေါင်းညိတ်ပြလိုက်သည်။

"အဖေ... ကျွန်တော် မစားတော့ဘူး... ဒီနေ့ည အစ်မပိုင်ကျဲ့ဆီမှာ စားမယ်လို့ ပြောထားပြီးပြီ..."

"ကောင်းပြီလေ... အိမ်မှာ မုန့်ညက် နည်းနည်း ကျန်သေးတယ်... နောက်မှ မင်းအစ်မဆီ နည်းနည်း ယူသွားပေးလိုက်ဦး..."

လီလန်က ခေါင်းညိတ်လိုက်ပြီး သူ၏အခန်းထဲသို့ ပြန်ဝင်ကာ သန့်ရှင်းရေးလုပ်၍ ရေနွေးကြိုကာ မျက်နှာသစ်လိုက်လေသည်။

သူသည် ကန်းပေါ်တွင် ခဏမျှ လှဲလျောင်းနေပြီးနောက် မုန့်ညက်အချို့ကို ယူ၍ တံခါးပေါက်မှထွက်ကာ ရွာအရှေ့ဘက်စွန်းရှိ အစ်မပိုင်ကျဲ့၏ အိမ်ဆီသို့ ထွက်လာခဲ့လေသည်။

အစ်မပိုင်ကျဲ့၏ အိမ်သို့ ရောက်ရှိသွားသောအခါ…

"အစ်မ... ကျွန်တော် ရောက်ပြီ... အိမ်မှာ ရှိလား..."

လီလန်သည် ခြံဝင်းထဲမှ လှမ်းခေါ်လိုက်သော်လည်း မည်သူကမျှ ပြန်မထူးပေ။

သူသည် တံခါးကို ခေါက်တော့မည်ပြုစဉ် တံခါးမှာ စေ့ရုံသာ စေ့ထားသဖြင့် တွန်းလိုက်သည်နှင့် ပွင့်သွားတော့သည်။

လီလန်သည် ခြံဝင်းအတွင်းသို့ ဝင်သွားလိုက်သည်။

"အစ်မ... ဦးလေး... ကျွန်တော် ရောက်ပြီ..."

လီလန်သည် ထူထဲသော လိုက်ကာကြီးကို ဆွဲဖယ်၍ အထဲသို့ ဝင်ရန် ပြင်လိုက်စဉ်...

အိမ်ထဲမှ ရေကျသံကို ကြားလိုက်ရပြီး မွှေးကြိုင်သော ရနံ့တစ်ခုပါ ထွက်ပေါ်လာလေသည်။

သူသည် ခေါင်းလှည့်၍ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ကြည့်လိုက်သည်။

ရုတ်တရက် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်များပင် ခြောက်သွေ့သွားတော့သည်။

နေရာတစ်ခုလုံးမှာ ရေခိုးရေငွေ့များဖြင့် ဖုံးလွှမ်းနေလေသည်။

ထိုရေငွေ့များကြားတွင် ဖြူဖွေး၍ ကျော့ရှင်းလှပသော ခန္ဓာကိုယ်တစ်ခုကို မပီဝိုးတဝါး မြင်တွေ့နေရပေသည်။

ကောက်ကြောင်းအချိုးအစားကျလွန်းသော ခန္ဓာကိုယ်၊ သွယ်လျသော ခါး၊ ရှည်လျားဖြောင့်တန်းနေသည့် ဖြူဖွေးသော ခြေတံများနှင့် ထင်ရှားလှသော ရင်သားများဖြင့် သူမသည် ဝတ်လစ်စလစ် ရေသူမလေးတစ်ကောင်နှင့် တူနေတော့သည်။

All Chapters