← Chapters

အခန်း ၁၂၆

Vol. 9 Ch. 126

အခန်း ၁၂၆

Vol. 9 Ch. 126

အခန်း ၁၂၆

‘ဒီ စကားက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ’

နီယန်မှ မျက်ခုံးလေး အနည်းငယ် ပင့်လိုက်ပြီးနောက် လွန်ခဲ့သော သုံးလခန့်တွင် နီတာကျူးအိမ်သို့ သူတို့ သွားရောက်ခဲ့စဉ် လျိုကျွမ်းမှ သူတို့အား အရှက်ခွဲရန် ပြောဆိုခဲ့သည့် စကားများဖြစ်ကြောင်း ပြန်လည်၍ သတိရသွားခဲ့သည်။

‘အမေက တကယ်ကို ရင့်ကျက်လာခဲ့ပြီပဲ’

လျိုကျွမ်းသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း အလိုလို ခံစားလိုက်ရလေသည်။ အကြောင်းမူကား ထိုစကားများသည် သူမပါးစပ်မှ ထွက်ခဲ့ဖူးသော စကားများ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ နီယန် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် နီချွေ့ဟွာမှ သူမ၏ လက်ကောက်ဝတ်အား ဆွဲယူလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်တော့သည်။

"တူမဆိုတာ ဦးလေးနဲ့ တူတတ်တယ်လို့ လူတွေက ပြောကြတယ် ကဲ ဒီမှာရှိတဲ့ လူတွေ အားလုံးပဲ ကြည့်ပြီး ပြောပေးကြပါဦး ကျွန်မတို့ရဲ့ ယန်ယန်က ဒီနီတာကျူးနဲ့ ဘယ်နေရာများ သွားတူနေလို့လဲ"

"တကယ်ပဲ ဘယ်နေရာမှကို မတူတာ"

"ယန်ယန်နဲ့ သူ့အမေက အရမ်းလှတာ ဒီ နီတာကျူး ဆိုတဲ့ကောင်က သူတို့အလှရဲ့ တစ်ဝက်လောက်တောင် မမီဘူး"

"သူတို့သမီးကို နဂါးဝတ်ရုံကြီး ဝတ်ပေးထားတာတောင် မင်းသမီးနဲ့ကို မတူပါဘူး အရှက်ကွဲစရာကြီး"

ရွာသားများမှ ဝိုင်းဝန်းလှောင်ပြောင် ပြောဆိုလိုက်ကြသည်။ လျိုကျွမ်းမှာ ဒေါသကြောင့် သေမတတ် ဖြစ်သွားပြီး မျက်လုံးများ နီရဲလာခဲ့ကာ အော်ဟစ်ပြောဆိုလိုက်သည်။

"နီချွေ့ဟွာ နင် ကျေးဇူးမကန်းနဲ့ နင်ကသာ တာကျူးရဲ့ ညီမ မဟုတ်ရင် 'နီ' ဆိုတဲ့ မျိုးရိုးနာမည်ကို ဘယ်လိုလုပ် ရမှာလဲ နင်ကိုယ်တိုင် ဒီမျိုးရိုးကို ခံယူရုံတင် မကဘူး နင့်သမီးကိုပါ ငါတို့ တာကျူးရဲ့ မျိုးရိုးနာမည်ကို ပေးထားသေးတယ် မဟုတ်ဘူးလား အခုကျတော့ နင့်အစ်ကို အရင်းကိုတောင် အသိအမှတ် မပြုဘူးဆိုတော့ ငါတို့တာကျူးရဲ့ မျိုးရိုးနာမည်ကို နင့်သမီးကို ပေးသုံးထားဖို့ နင့်မှာ ဘာအရည်အချင်းများ ရှိသေးလို့လဲ"

နီချန်ကွေ့မှ အော်ဟစ်ရယ်မောလိုက်ပြီးနောက် ပြာေလိုက်သည်။

"ငါ့အမေကလည်း 'နီ' မျိုးရိုးပဲ ဒါဆို ငါ့အမေကလည်း နင့်ဆွေမျိုး ဖြစ်နေတာပေါ့လေ ငါတို့ ကျင်းဟွာရွာက လူအများစုက 'နီ' မျိုးရိုးတွေချည်းပဲ ဒါဆို ငါတို့ 'နီ' မျိုးရိုးတွေ အားလုံးက နင့်ယောက်ျားရဲ့ မျိုးရိုး နာမည်ကို ယူသုံးထားကြတာပေါ့လေ ဟုတ်လား အရှက်မရှိတဲ့ လူတွေကို မြင်ဖူးပေမယ့် နင့်လောက် အရှက်မရှိတဲ့ ကောင်မမျိုးတော့ တစ်ခါမှ မမြင်ဖူးသေးဘူး"

"ဟုတ်ပါ့ ကမ္ဘာပေါ်မှာ 'နီ' မျိုးရိုးနာမည် ရှိတဲ့သူတွေ အားလုံးက သူ့နောက်လိုက်ပြီး မျိုးရိုးခံထားရတာများလား"

"ရှက်စရာကောင်းလိုက်တာ"

"တကယ်ကို အရှက်မရှိကြတာပဲ"

ဝန်းရံနေသူများ၏ လှောင်ပြောင်သရော်သံများအား ကြားရသောအခါ နီတာကျူးမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။

‘သတ္တိကောင်းလှချည်လား နီချွေ့ဟွာ’

‘နင် နည်းနည်းလေး အဆင်ပြေလာတာနဲ့ ငါတို့ကိုတောင် ကျောခိုင်းရဲနေပြီပေါ့လေ’

‘နင့်အစ်ကိုကြီးကို လေးစားရကောင်းမှန်း နင် မသိတော့ဘူးလား’

"နီချွေ့ဟွာ နင်ကတော့ သေချင်နေတာပဲ"

နီတာကျူးသည် နီချွေ့ဟွာ၏ အနားသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ကာ အင်္ကျီလက်အား ခေါက်တင်လျက် ရိုက်နှက်ရန် ပြင်လိုက်လေသည်။ မည်သို့ပင် ဖြစ်စေ နီချွေ့ဟွာသည် မိန်းမသား တစ်ယောက်သာ ဖြစ်သည်။ သန်မာ ထွားကြိုင်းသော နီတာကျူးအား သူမအနေဖြင့် မည်သို့ ယှဉ်နိုင်မည်နည်း။

"မိန်းမတွေကို ရိုက်နေပြီ လူကိုရိုက်နေပြီဟေ့"

နီချန်ကွေ့မှ နီချွေ့ဟွာအား မျက်ရိပ်ပြလိုက် ပြီးနောက် ရုတ်တရက် မြေပြင်ပေါ်သို့ ထိုင်ချကာ အသံကုန် အော်ဟစ်တော့သည်။

"လူယုတ်မာတွေ ငါတို့ ကျင်းဟွာရွာကို လာပြီး လူကိုရိုက်နေတယ်ဟေ့"

နီချွေ့ဟွာကလည်း အခြေအနေအား ချက်ချင်း သဘောပေါက်သွားပြီးနောက် မြေပြင်ပေါ်သို့ လိုက်ထိုင်ကာ အသံပြဲကြီးဖြင့် အော်ဟစ်လိုက်သည်။

"ကယ်ကြပါဦး လူသတ်နေပါပြီ"

သူတို့နှစ်ယောက်၏ အပေးအယူတည့်လှသော သရုပ်ဆောင်မှုများကြောင့် နီတာကျူး တစ်ယောက် ကြောင်တောင်တောင် ဖြစ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။

‘သူက စတောင် မရိုက်ရသေးဘူး ဒီမိန်းမနှစ်ယောက်က မြေကြီးပေါ် ထိုင်ချပြီး အော်နေကြပြီလား’

‘ဒါက ဘာသဘောလဲ’

‘ညစ်လုံးသုံးတာလား’

‘သူတို့က တကယ်ကြီးကို ညစ်လုံးသုံးနေတာပဲ နည်းနည်းလေးမှတောင် အရှက်မရှိကြဘူးလား’

‘သူက တကယ်ပဲ ဘာမှမလုပ်ရဲဘူးလို့ သူတို့ ထင်နေကြတာလား’

"မြန်မြန် မြန်မြန်သွားကြစို့ လူဆိုးတွေက မမနီယန်ကို အနိုင်ကျင့်နေပြီ"

ဂေါ်တန်နှင့် ကွေ့ပေါင်တို့သည် ကလေးတစ်သိုက်အား ဦးဆောင်ကာ ထိုနေရာသို့ ပြေးလာကြကုန်သည်။

"မမနီယန် မကြောက်နဲ့နော် မမကို ကာကွယ်ဖို့ သားတို့ ရောက်လာပြီ"

(**အမလေး သူရဲကောင်းလေများ ဟဟ**)

"ချီတက်ကြဟေ့"

"မိစ္ဆာကောင်တွေကို နှိမ်နှင်းကြ"

နီတာကျူး လက်ပါရန် ပြင်လိုက်သည့် အချိန်လေးမှာပင်

ခြံဝင်းအတွင်းသို့ ကလေးတစ်သိုက် အုံခဲ၍ ဝင်ရောက်လာကြ ပြီးနောက် လက်ထဲတွင် လက်နက်ကိုယ်စီ ကိုင်ဆောင်လျှက် နီတာကျူးတို့ မိသားစုအား အကြင်နာကင်းမဲ့စွာ ဝင်ရောက် ရိုက်နှက်ကြတော့သည်။

ခဲကိုင်ထားသော ကလေးများမှ ခဲများဖြင့် ပေါက်ကြသည်။ တုတ်ကိုင်ထားသော ကလေးများက တုတ်များဖြင့် ရိုက်ကြ၏။ အချို့ဆိုလျှင် တိုက်ရိုက်ပင် ဝင်ကိုက်ကြတော့သည်။ အရာအားလုံးသည် လျင်မြန်လွန်းလှသဖြင့် အခြေအနေမှာ ခဏတွင်းချင်း ဖရိုဖရဲ ဖြစ်သွားကြတော့သည်။

နီတာကျူးတို့ မိသားစုတွင် ခွန်အားရှိသည် ဆိုဦးတော့ ဤမျှ များပြားသော ကလေးတစ်သိုက်အား မည်သို့မျှ တွန်းလှန်နိုင်စွမ်း မရှိကြချေ။ နီတာကျူးမှာ နှာခေါင်း သွေးထွက်ကာ မျက်နှာတစ်ခုလုံး ဖူးယောင်သွားပြီးနောက် မျက်လုံးများပင် ဖွင့်မရတော့ချေ။ လျိုကျွမ်းမှာလည်း အပြင်းအထန် အရိုက်ခံရသဖြင့် စုတ်ပြတ် သတ်သွားရလေတော့သည်။ လျိုရှန်းရှုန်းမှာလည်း အရိုက် ခံရရုံသာမက သူမ သေသေချာချာ ကျစ်ထားသော ဆံပင်ရှည်ကြီးထဲတွင် ဆူးကပ်သီးများ အပြည့် ကပ်ပါသွားတော့သည်။

"သေစမ်း လူဆိုးတွေ သေလိုက်ကြ မမနီယန်ကို အနိုင်ကျင့်တဲ့ ကောင်တွေ"

ယန်ကွေ့ပေါင်နှင့် ဂေါ်တန်တို့သည် နီတာကျူး၏ ကိုယ်ပေါ်သို့ တိုက်ရိုက် တက်ခွလိုက်ပြီးနောက် အော်ဟစ်နေကြလေသည်။

"မိစ္ဆာကောင်တွေကို သတ်"

ဘေးတွင် ရပ်ကြည့်နေသော လူကြီးများထဲမှ တစ်ဦး တစ်ယောက်ကမျှ သူတို့အား တားဆီးလိုသည့် အရိပ်အယောင် မပြကြချေ။ ဂေါ်တန်၏ အဘွားဆိုလျှင် ဘေးမှရပ်ကာ ဂေါ်တန်ကိုပင် အားပေးအားမြှောက် ပြုနေသေးသည်။

နီယန်သည် ကျင်းဟွာရွာတွင် နေထိုင်လာခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်ပြီး ရွာသားများစွာကို ကူညီခဲ့ဖူးလေသည်။ လွန်ခဲ့သော တစ်လခန့်တွင် ဂေါ်တန်၏ အဘွားမှာ အင်ပျဉ်ထွက်လာပြီး ယားယံလွန်းသဖြင့် ညဘက်များတွင် အိပ်မရဖြစ်ခဲ့သည်။ နီယန်မှ ဆေးမြစ်များဖြင့် ဖော်စပ်ထားသော ဆေးညွှန်းတစ်ခုအား အသုံးပြုကာ ကုသပေးခဲ့ပြီး တစ်ပြားတစ်ချပ်မျှပင် မယူခဲ့ပေ။

နီချွေ့ဟွာသည်လည်း အလွန်ရိုးသားပြီး အေးအေးချမ်းချမ်း နေတတ်သူ ဖြစ်သည်။ သူတို့သားအမိ နှစ်ယောက်လုံးမှာ လူကောင်းများ ဖြစ်ကြလေရာ ထို အရှက်မရှိသော လူတစ်စု၏ အနိုင်ကျင့်မှုကိုတော့ ခံနိုင်လိမ့်မည် မဟုတ်ပေ။

သူမရှေ့မှ မြင်ကွင်းအား ကြည့်ရင်း နီယန်၏ နှာခေါင်းဝတွင် ရုတ်တရက် စပ်ဖျဉ်းဖျဉ်း ဖြစ်လာကာ ငိုချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။ မူကျင်းပေါင် အဘွားအိုမူနှင့် နီတာကျူးတို့ မိသားစုသည် လူ့သဘာဝ၏ အကျည်းတန်ဆုံးသော အစိတ်အပိုင်းများအား သူမအား ပြသခဲ့သော်လည်း ကျင်းဟွာရွာမှ ရွာသားများနှင့် ကလေးငယ်များမှာမူ လူ့သဘာဝ၏ အကြင်နာတရား အပြည့်ဝဆုံးသော အစိတ်အပိုင်းများအား ပြသပေးခဲ့ကြသည်။

ဤလောကကြီးတွင် ညဉ့်ဦးယံ ရှိသကဲ့သို့ နေ့အချိန် ဆိုသည်မှာလည်း ရှိစမြဲပင် ဖြစ်သည်။ အခြေအနေများ မိမိဘက်တွင် မဟန်တော့သည်အား မြင်သောအခါ နီတာကျူးသည် ဇနီးနှင့် သမီးဖြစ်သူအား အမြန်ဆွဲခေါ်ကာ အရှက်တကွဲ အကျိုးနည်းဖြင့် ထွက်ပြေးရတော့သည်။

All Chapters