← Chapters

အခန်း ၁၂၈

Vol. 9 Ch. 128

အခန်း ၁၂၈

Vol. 9 Ch. 128

အခန်း ၁၂၈

ရင်ထဲတွင် အလုံးကြီး တစ်လုံး ဆို့နေသလို ခံစားရစေသော နီယန်အား မြင်တွေ့ရမည့် အဖြစ်မှ ရှောင်ရှားရန် အတွက် လျိုကျွမ်းသည် ဆွန်းချွမ်းရှန်၏ ဆိုင်ဘက်သို့ တမင်တကာ လမ်းလွှဲကာ သွားခဲ့လေသည်။

သူမမှ ပိုက်ဆံ ပြားသုံးဆယ်အား ထုတ်ပေးလိုက် ပြီးနောက် ပြောလိုက်သည်။

"အစ်မချွမ်းရှန် ကျွန်မကို ခေါက်ဆွဲတစ်ပွဲလောက် ပေးပါ"

စားပွဲပေါ်မှ အကြွေစေ့များအား ကောက်ယူရင်း ဆွန်းချွမ်းရှန်မှ မယူချင် ယူချင် ဟန်ဆောင်ကာ ပြောလိုက်သည်။

"ရှောင်လျိုရယ် တို့တွေက ညီအစ်မ အရင်းတွေလိုပဲဟာ နင့်ဆီက ပိုက်ဆံကို ငါက ဘယ်လိုလုပ် ယူရက်မှာလဲ"

ထိုစကားများ အဆုံးတွင် သူမက ရုတ်တရက် အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။

"ရှောင်လျို နင့်မျက်နှာက ဘာဖြစ်လာတာလဲ နင့်ယောက်ျား တာကျူးနဲ့ ရန်ဖြစ်လာတာလား"

လျိုကျွမ်းမှ အပြုံးတစ်ခုအား အတင်း ဖန်တီးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဘာမှမဖြစ်ပါဘူး တံခါးနဲ့ တိုက်မိသွားလို့ပါ"

"ဪ"

ဆွန်းချွမ်းရှန်မှ သိသာလှသည့် အဓိပ္ပာယ်များ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

‘ဟင်းဟင်း’

‘လျိုကျွမ်းက ငါ့ကိုများ အရူးလို့များ ထင်နေသလား မသိဖူး ငါ့ကို အရူး လာလုပ်ချင်နေသေးတယ်’

‘တံခါးနဲ့ တိုက်မိတာက ဒီလိုပုံစံမျိုး ဖြစ်သွားနိုင်လို့လား’

‘သူသည် သေချာပေါက် တစ်ခုခုကို ကမ်းကုန်အောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခဲ့လို့ နီတာကျူးက ထိုးကြိတ်လိုက်တာပဲ ဖြစ်ရမယ်’

‘ဆွန်းချွမ်းရှန်မှ လျိုကျွမ်းအတွက် ခေါက်ဆွဲတစ်ပွဲ သွားလုပ်ပေးလိုက်တော့သည်။ ခေါက်ဆွဲစားနေစဉ် လျိုကျွမ်းမှ မေးလိုက်သည်။

"အစ်မချွမ်းရှန် အစ်မက ဒီဆိုင်ခန်းကို ဘယ်အဖွဲ့အစည်းဆီက ငှားထားတာလဲ"

ဆွန်းချွမ်းရှန်မှ ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဘာလို့လဲ ရှောင်လျို နင်က စီးပွားရေး စလုပ်မလို့လား"

"ကျွန်မက စီးပွားရေးလုပ်ဖို့ ပါရမီ မပါပါဘူး ကျွန်မ ယောင်းမလေးက အလုပ်မရှိလို့ သူက စမ်းလုပ်ကြည့်ချင်တယ်ဆိုလို့ မေးပေးတာပါ"

"ဪ"

ဆွန်းချွမ်းရှန်မှ ခေါင်းညိတ် ပြလိုက်ပြီး သူမ ဆိုင်ခန်း ငှားရမ်းခဲ့သည့် နေရာအား လျိုကျွမ်း ထံသို့ ပြောပြလိုက်လေတော့သည်။ ခေါက်ဆွဲ စားပြီးသည်နှင့် တစ်ပြိုင်နက် လျိုကျွမ်းသည် အငှားချ ထားရေးရုံးသို့ အပြေးအလွှား သွားလေတော့သည်။ ရုံးတာဝန်ခံအား တွေ့သောအခါ လာရင်း ကိစ္စအား ပြောလိုက်လေသည်။

"မင်္ဂလာပါ ကျွန်မ စီးပွားရေးလုပ်ဖို့ ဆိုင်ခန်း တစ်ခန်းလောက် ငှားချင်လို့ပါ"

တာဝန်ခံဖြစ်သော သက်လတ်ပိုင်း အရွယ် အမျိုးသမီးမှ ပြန်ပြောလိုက်သည်။

"တောင်းပန်ပါတယ် ရဲဘော် ကျွန်မတို့ဆီက ဆိုင်ခန်းတွေ အကုန်လုံး ငှားထားပြီးသားပါ လွတ်တဲ့နေရာ မရှိတော့ပါဘူး"

‘လွတ်တဲ့နေရာ မရှိတော့ဘူး’

‘ဒါ အရမ်းကောင်းတာပဲ’

ထို့နောက် လျိုကျွမ်းသည် ငွေအထပ်လိုက်အား ထုတ်ယူလိုက် ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

"နီယန် ငှားထားတဲ့ ဆိုင်ခန်းကို သုံးဆပေးပြီး ငှားချင်ပါတယ်"

သူမသည် နီယန်အား စီးပွားရေး ဆက်လုပ်၍ မရအောင် လုပ်ပစ်တော့မည် ဖြစ်သည်။ ထိုအခါ နီယန်မှ သူမဆီ ဒူးထောက်ပြီး လာရောက် တောင်းပန်ရတော့မည် ဖြစ်သည်။

‘ဈေးသုံးဆပေးမယ်တဲ့လား’

တာဝန်ခံ အမျိုးသမီးသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် အငှားစာချုပ်အား စစ်ဆေး ကြည့်လိုက်လေသည်။ နီယန်၏ စာချုပ်မှာ နှစ်ရက်အတွင်း သက်တမ်း ကုန်ဆုံးတော့မည်အား တွေ့လိုက်ရသဖြင့် သူမမှ ရှင်းပြပေးလိုက်သည်။

"အဲ့ဒီဆိုင်ခန်း အတွက် ငှားရမ်းခက လောလောဆယ် တစ်လကို ယွမ် ၂၅ ပါ အကယ်၍ ရှင်က သုံးဆပေးမယ်ဆိုရင် တစ်လကို ယွမ် ၇၅ ဖြစ်သွားပါလိမ့်မယ် ပြီးတော့ ကျွန်မတို့က စရန်ငွေ အဖြစ် သုံးလစာ ကြိုတောင်းပါတယ် ဒါကြောင့် ရှင်က ကြိုတင်ငွေ ယွမ် ၃၀၀ ပေးသွင်းရပါလိမ့်မယ်"

‘ယွမ် ၃၀၀ ဆိုတာ ဘာများလဲ နီယန်က တစ်နေ့တည်းနဲ့တင် အဲ့ဒီလောက် ရှာနိုင်တာပဲဟာ’

အဲ့ဒီဆိုင်ခန်းအား သူတို့ ငှားလိုက်တာသည်နှင့် တစ်ပြိုင်နက် နီယန် အနေနဲ့ ယွမ် ၃၀၀ တင်မက လိုအပ်ရင် ယွမ် ၃၀၀၀ တောင် ပေးရပေလိမ့်မည် ဖြစ်သည်။ ထိုစကားအား ကြားသောအခါ လျိုကျွမ်းမှာ အလွန်ဝမ်းသာသွားပြီး မေးလိုက်သည်။

"ဒါဆို ရှင်က ကျွန်မကို ငှားမယ်ဆိုတဲ့ သဘောပေါ့နော်"

အမျိုးသမီးမှ ဆက်၍ ပြန်ဖြေပေးလိုက်သည်။

"ကျွန်မ ငှားပေးနိုင်ပါတယ် ဒါပေမဲ့ နောက်လဆန်းမှပဲ ရပါမယ်"

ယခုလအတွက် စာချုပ်သက်တမ်းသည် မကုန်သေးပါချေ။ လျိုကျွမ်းမှ ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။

"ရပါတယ် အခုပဲ စာချုပ် ချုပ်လိုက်ကြရအောင်"

မည်သို့ပင် ဆိုစေ နောက်လရောက်ရန် နီးနေပြီ ဖြစ်ရာ နီယန်အားး နောက်ထပ် နှစ်ရက်လောက်ပဲ ပျော်ခွင့်ပေးလိုက်ဦးမည်။ လျိုကျွမ်းမှ ဆိုင်ခန်း ငှားရမ်းခအတွက် သူမ စုဆောင်း ထားသမျှ ငွေအားလုံး ဖြစ်သော ယွမ် ၃၀၀ အား ပေးချေလိုက်တော့သည်။

အိမ်အပြန်လမ်းတွင် လျိုကျွမ်း တစ်ယောက် လေထဲတွင် လမ်းလျှောက် နေရသကဲ့သို့ ခံစားနေရလေသည်။ သူမဆီသို့ ငွေကြေးများ အလုံးအရင်းဖြင့် ဝင်ရောက် လာတော့မည်ကိုပင် မြင်ယောင်နေမိပြီ ဖြစ်သည်။ သူမ အိမ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ခင်ပွန်းဖြစ်သူ နီတာကျူးမှ စိုးရိမ်တကြီး မေးလိုက်သည်။

"ဘယ်လိုလဲ အဆင်ပြေခဲ့ရဲ့လား"

"ပြေပြီ အကုန် အဆင်ပြေသွားပြီ"

လျိုကျွမ်းမှ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ လျိုရှန်းရှုန်းမှ အနားသို့ လျှောက်လာပြီး မေးလိုက်လေသည်။

"အမေ အဖေ အခု သမီးအတွက် ကလဲ့စားချေပေးလို့ ရပြီလား"

"ရပြီပေါ့"

လျိုရှန်းရှုန်းမှ ဆက်၍ ပြောလိုက်သည်။

"ဒါဆိုရင် သမီး နီယန်ရဲ့ ဆံပင်တွေကို ပြောင်နေအောင် ညှပ်ပစ်မယ် သူ သမီးကို ဒူးထောက်ပြီး တောင်းပန်တာကို လိုချင်တယ်"

သူမ၏ လှပသော ဆံပင်ရှည်ကြီးအား သတိရမိတိုင်း လျိုရှန်းရှုန်းမှာ နီယန်ကို အသေကိုက် သတ်ချင်စိတ်များ ပေါက်လာရလေသည်။ လျိုကျွမ်းမှ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"စောင့်ကြည့်နေလိုက် နောက်နှစ်ရက် နေရင် နီယန် ငါတို့ဆီကို တောင်းပန်လာလိမ့်မယ် အဲ့ဒီကျရင် အဲ့ဒီအရသာ ဘယ်လိုလဲဆိုတာ သူ့ကို ပြရသေးတာပေါ့"

ငွေလည်း ပေးချေပြီးပြီ ဖြစ်ကာ စာချုပ်လည်း ချုပ်ပြီးသွားပြီ ဖြစ်သဖြင့် အခု ဆိုင်ခန်းသည် သူတို့ပိုင်သွားပြီ ဖြစ်သည်။ နီယန် စီးပွားရေး လုပ်ချင်လျှင် သူတို့အား လာတောင်းပန်ရတော့မည် ဖြစ်သည်။ ထို့နောက် လျိုရှန်းရှုန်းမှ မေးလိုက်သည်။

"သမီး အဲ့ဒီနေရာကို သွားပြီး ပိုက်ဆံကောက်လို့ ရသေးလား"

"ရတာပေါ့ သေချာပေါက် ရတာပေါ့"

လျိုကျွမ်းမှ ကြွားလုံး ထုတ်လိုက်လေသည်။

"အဲ့ဒီကောင်စုတ်မလေး ရှာသမျှ ပိုက်ဆံတွေ အကုန်လုံး သမီးအတွက်ချည်းပဲ"

နီတာကျူးတို့ မိသားစု ချမ်းသာတော့မည်ဟု အိပ်မက် မက်နေကြချိန်တွင် နီယန်မှာမူ ထိုနေ့ အတွက် ဆိုင်သိမ်း ပြီးနောက် ဓာတ်ရထားဂိတ်သို့ ထွက်လာခဲ့တော့သည်။ ရထားဂိတ်တွင် နီချွေ့ဟွာသည် ကလေးလေးအား ချီထားလျက် မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

"ယန်ယန် ဒီဘက်မှာ"

နီယန်သည် သူမ၏ စက်ဘီးအား နီချွေ့ဟွာဘေးတွင် ရပ်လိုက်ပြီးနောက် ပြောလိုက်သည်။

"အမေ တက် သမီးတို့ရဲ့ ဆိုင်ခန်းကို သွားကြည့်ဖို့ အမေ့ကို ခေါ်သွားမလို့"

"အေးပါကွယ်"

နီချွေ့ဟွာ၏ မျက်နှာပေါ်မှ အပြုံးများ မပျောက်ဘဲ ကလေးငယ်လေးအား ချီလျက် စက်ဘီးပေါ်သို့ တက်လိုက်လေသည်။ ယနေ့သည် နီချွေ့ဟွာ အတွက် ကာလ ရှည်ကြာစွာ ပျောက်ဆုံးနေခဲ့သော အပျော်ရွှင်ဆုံး နေ့တစ်နေ့ပင် ဖြစ်ပေလိမ့်မည်။

All Chapters