အခန်း ၁၂၉
Vol. 9 Ch. 129
အခန်း ၁၂၉
လမ်းမပေါ်သို့ ပထမဆုံး အကြိမ် ရောက်ရှိခဲ့စဉ်ကနှင့် မတူတော့ဘဲ နီချွေ့ဟွာ၏ စိတ်နေစိတ်ထားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ပြောင်းလဲမှုသည် ဝတ်စား ဆင်ယင်မှုတွင် သာမက အမူအကျင့်နှင့် ဟန်ပန် သွင်ပြင်များတွင်ပါ ထင်ဟပ်နေလေသည်။ အကယ်၍သာ ကြိုတင် မပြောပြထားလျှင် လွန်ခဲ့သော သုံးလကျော်တွင် သူမသည် စာမတတ် ပေမတတ် တောသူမကြီး တစ်ယောက် ဖြစ်ခဲ့သည်ဟု မည်သူကမျှ ခန့်မှန်းမိကြလိမ့်မည် မဟုတ်ပေ။
နီယန် ဝယ်ယူလိုက်သော ဆိုင်ခန်း နေရာသည် အလွန်အမင်း အချက်အချာကျ လှပေသည်။ လူစည်ကားသော မြို့လယ်ခေါင်တွင် တည်ရှိပြီး ကျောင်းများ စာကြည့်တိုက်များနှင့် လူနေရပ်ကွက်များမှာ ဆိုင်ခန်းအား ဝန်းရံလျက်ရှိပေသည်။ ထိုခဏ၌ နီယန်သည် ပစ္စုပ္ပန်အား ကျော်လွန်ကာ အနာဂတ်၏ ကြီးပွား တိုးတက်မှုများကိုပါ ကြိုတင် မြင်ယောင်နေသကဲ့သို့ ရှိလေသည်။
ယခုလက်ရှိတွင် သူမ၏ ဆိုင်ခန်းလေး အတွက် ယွမ် ၂၅,၁၀၀ သာ ကုန်ကျခဲ့သော်လည်း နောက်ထပ် နှစ်နှစ် သုံးနှစ်ခန့် အကြာတွင် ဤဆိုင်ခန်း၏ တန်ဖိုးမှာ ဆယ်ဆ ရာဆ ထောင်ဆမှသည် သောင်းဂဏန်းအထိ သေချာပေါက် ထိုးတက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။
ထို့ကြောင့် အိမ်ခြံမြေဈေးနှုန်းများ မတက်သေးမီ ယခုအချိန်အား အခွင့် ကောင်းယူကာ သူမအနေဖြင့် နောက်ထပ် အဆောက်အအုံ အနည်းငယ်ခန့် ထပ်မံ၍ ဝယ်ယူထားရပေမည်။
အကယ်၍ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူမအနေဖြင့် စီးပွားရေး ဆက်လက်၍ မလုပ်ချင်တော့လျှင်ပင် အိမ်မှာ ထိုင်ရင်း အိမ်လခ ကောက်ရုံဖြင့် လုံလောက်နေပြီ ဖြစ်သည်။ ထိုအချိန်သို့ ရောက်လျှင် အိမ်လခများ လိုက်ကောက်ရလွန်း၍ သူမပင် ပင်ပန်းသွားနိုင်သေးသည်။
နီယန်မှ သော့အား ထုတ်ယူကာ ဆိုင်တံခါးကို ဖွင့်လိုက်လေသည်။ ဆိုင်ခန်းအတွင်း၌ မည်သည့် အလှဆင်မှုမျှ မရှိသေးဘဲ ဟာလာဟင်းလင်း ဖြစ်နေပေသည်။ မီးဖိုချောင်နှင့် ရေချိုးခန်းများအား ဖယ်ချန်ထား လိုက်လျှင်ပင် စတုရန်းမီတာ ငါးဆယ်ကျော် ကျယ်ဝန်းသေးသည်။
နီယန်သည် အကြမ်းဖျင်း တွက်ချက် ကြည့်လိုက်လေရာ သာမန် နှစ်ယောက်ထိုင် စားပွဲများအား နေရာချမည်ဆိုပါက အနည်းဆုံး စားပွဲ နှစ်ဆယ်ခန့် အလွယ်တကူ ဆံ့နိုင်ကြောင်း တွေ့လိုက်ရသည်။
ကလေးအား ချီထားသော နီချွေ့ဟွာသည် ဆိုင်ခန်း၏ အလယ်တွင် ရပ်လျက် မယုံနိုင်သော လေသံဖြင့် မေးလိုက်သည်။
"ယန်ယန် ဒီဆိုင်ခန်းက တကယ်ပဲ ငါတို့ပိုင်သွားပြီလား"
သူမ၏ အသံသည် ဟာလာဟင်းလင်း ဖြစ်နေသော ဆိုင်ခန်းအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ နီယန်မှ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ဒါပေါ့ သမီးတို့ ပိုင်တာပေါ့ ဒီမှာကြည့် ဒါက ဂရန်စာချုပ်လေ"
နီချွေ့ဟွာသည် ဂရန်စာချုပ်အား လှမ်းယူလိုက်လေရာ သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲလာလေတော့သည်။
‘သူ အိပ်မက်မက်နေတာ မဟုတ်ဘူး တကယ်ကို အိပ်မက်မက်နေတာ မဟုတ်ဘူး’
"အမေ မငိုနဲ့လေ"
နီယန်သည် လက်လှမ်းလိုက်ကာ နီချွေ့ဟွာ၏ မျက်နှာပေါ်မှ မျက်ရည်စများအား သုတ်ပေးလိုက်သည်။
"သမီးတို့ရဲ့ နေ့ရက်ကောင်းတွေက အခုမှ စတင်တော့မှာလေ"
ဟုတ်ပေသည်။ နီယန်၏ လုပ်ငန်းခွင် အသက် မွေးဝမ်းကျောင်းမှု လုပ်ငန်းသည်လည်း ယခုမှ စတင်နေခြင်းသာ ဖြစ်ပြီး တောက်ပသော အနာဂတ်သည် ရှေ့တွင် စောင့်ကြိုနေဆဲ ဖြစ်သည်။
"အင်း"
နီချွေ့ဟွာမှ ခေါင်းညိတ်လိုက်သည်။ ဆိုင်ခန်း ဝယ်ယူနိုင်ခြင်း အထိမ်းအမှတ် အနေဖြင့် အရသာရှိသော ညစာတစ်နပ် ချက်ပြုတ်ရန် နီယန်သည် နီချွေ့ဟွာအား ဟင်းသီးဟင်းရွက်ဈေးသို့ ခေါ်ဆောင်သွားခဲ့သည်။
အမဲသားနှင့် သိုးသား ရောင်းချသော ထိပ်ပြောင်ပြောင်နှင့် ဈေးသည်ကြီးသည် နီယန်အား မှတ်မိနေပြီ ဖြစ်သည်။
"ရှောင်နီ ဒီနေ့ ဘာယူမလဲ"
နီယန်မှ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ထုံးစံအတိုင်းပဲ ပေးပါ"
"ကောင်းပြီလေ"
ထိပ်ပြောင်ပြောင်နှင့် ဈေးသည်ကြီးသည် အသားများအား အလျှင်အမြန် ချိန်တွယ်လိုက် ပြီးနောက် မေးလိုက်သည်။
"ရှောင်နီ ဒီအမျိုးသမီးက မင်းအမေလား"
"ဟုတ်တယ်"
နီယန်မှ ခေါင်းညိတ်ပြလိုက်ရင်း ဖြေလိုက်လေသည်။ ထိုအခါ ဈေးသည်ကြီးသည် စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့် သွားရတော့သည်။ နီယန် တစ်ယောက် ဤမျှ လှပနေသည်မှာ အဆန်း မဟုတ်တော့ချေ။ သူမ၏ မိခင်ကိုယ်တိုင်သည် သာမန် လူတန်းစား ရုပ်ရည်မျိုး မဟုတ်သောကြောင့်ပင် ဖြစ်သည်။ ဝတ်စားဆင်ယင်မှုနှင့် အမူအရာတို့အား ကြည့်ခြင်းအားဖြင့် ပညာတတ် အသိုင်းအဝိုင်းမှ ဆင်းသက်လာသူ ဖြစ်ကြောင်း သိသာလှသည်။
ယခုအခါ ဆောင်းဦးပေါက် ရောက်နေပြီ ဖြစ်သဖြင့် ဟင်းသီးဟင်းရွက်ဈေးမှ အထွက်တွင် နီယန်သည် နီချွေ့ဟွာအား ကုန်တိုက်သို့ ဆက်လက်၍ ခေါ်ဆောင်သွားရန် ဆုံးဖြတ် လိုက်တော့သည်။ ဆောင်းဦးနှင့် ဆောင်းရာသီ အတွက် အဝတ်အစားအချို့ ဝယ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ပထမဆုံးအကြိမ် ကုန်တိုက်သို့ လာရောက်ခဲ့စဉ်ကနှင့် လုံးဝမတူတော့ဘဲ ယခုတစ်ခေါက်တွင် သားအမိ နှစ်ယောက်လုံး၏ ဝတ်စားဆင်ယင်မှုမှာ အပြစ် ပြောစရာမရှိအောင် သပ်ရပ်လှပနေသဖြင့် အရောင်းစာရေးများမှ အလွန်တရာ ဖော်ရွေ ပျူငှာစွာဖြင့် သူတို့အနားသို့ အုံခဲလာကြတော့သည်။ ဤအဖြစ်အပျက်သည် ငွေကြေးနှင့် အဆင့်အတန်း၏ အရေးပါမှုအား နီချွေ့ဟွာအား ထပ်မံ၍ သတိပြုမိစေပြန်သည်။
"ယန်ယန် သမီး ညီမလေးကို ခဏလောက် ချီထားပေးဦး အမေ ရေအိမ် ခဏသွားလိုက်ဦးမယ်"
ဟုဆိုကာ နီချွေ့ဟွာသည် ကလေးအား နီယန့်ထံ ကမ်းပေးလိုက်လေသည်။ နီယန်မှ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"အမေ သမီး လိုက်ခဲ့ပေးမယ်လေ"
နီချွေ့ဟွာမှ ငြင်းဆန်လိုက်ပြီး ပြောလိုက်သည်။
"မလိုပါဘူး အမေက ကလေးမှ မဟုတ်တာ အမေ့ဘာသာ သွားတတ်ပါတယ်"
ယခုအခါ သူမသည် အတိတ်အချိန်ကကဲ့သို့ ကြောက်ရွံ့ တုန်လှုပ်တတ်ပြီး စာမတတ်ပေမတတ် အားနည်းသော နီချွေ့ဟွာ မဟုတ်တော့ပေ။ ဤကာလတိုလေး အတွင်း မိခင်ဖြစ်သူ၏ သိသာ ထင်ရှားသော အပြောင်းအလဲများအား သိမြင်ထားသော နီယန်သည်လည်း စိတ်မပူတော့ဘဲ ပြောလိုက်သည်။
"ဒါဆိုလည်း သွားလေ သမီး ဒီကနေပဲ စောင့်နေမယ်"
"အဟွတ် အဟွတ် အဟွတ်"
ရေအိမ်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် နီချွေ့ဟွာသည် ပြင်းထန်လှသော ချောင်းဆိုးသံကြီးအား ကြားလိုက်ရသည်။ သူမသည် ဘေးဘက်သို့ လှည့်ကြည့်လိုက်လေရာ အမှိုက်ပုံးဘေးတွင် ကွေးကွေးလေး ထိုင်ကာ နာကျင်စွာ ချောင်းဆိုးနေသော အဘွားအိုတစ်ဦးအား တွေ့လိုက်ရသည်။
အဘွားအိုမှာ မျက်လုံးများ နီရဲလာခဲ့ကာ မျက်နှာ တစ်ခုလုံး ဖြူဖျော့နေပြီး မည်သည့် အချိန်တွင်မဆို မေ့လဲကျသွားနိုင်မည့် ပုံပေါက်နေခဲ့သည်။
"အဒေါ် အဆင်ပြေရဲ့လား"
ငယ်စဉ်ကတည်းမှ မိခင်မေတ္တာအား မခံစားခဲ့ရဖူးသော နီချွေ့ဟွာမှာ အဘွားအို တစ်ဦးတည်း ဒုက္ခ ရောက်နေသည်အား မကြည့်ရက်သဖြင့် လှမ်းမေးလိုက်လေသည်။ အဘွားအိုမှ ချောင်းဆိုးနေသည့် ကြားမှပင် ပြန်ဖြေလိုက်သည်။
" အဒေါ် အဆင်ပြေပါတယ်"
သူမ မည်သို့ ဖြစ်မိမှန်း သူမကိုယ်တိုင်ပင် မသိတော့ပေ။ ဆေးများ သောက်နေသည့် တိုင်အောင် မကြာသေးမီကမှ ချောင်းဆိုးခြင်းမှာ ပို၍ ဆိုးရွားလာခဲ့သည်။ နီချွေ့ဟွာမှ အဘွားအိုအား တွဲထူပေးလိုက်ပြီးနောက် ပြောလိုက်သည်။
"ဟိုဘက်မှာ ခဏလောက် သွားထိုင်ရအောင်နော် ကျွန်မ တွဲပို့ပေးမယ်"
"ကျေးဇူးတင်ပါတယ် သမီးရယ်"
အဘွားအိုမှ နီချွေ့ဟွာအား လှည့်ကြည့် လိုက်သောအခါ သူမ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး နီချွေ့ဟွာ၏ လက်အား ကိုင်ထားသော သူမ၏ လက်အုပ်လေးမှာ အလိုအလျောက် တင်းကြပ် သွားတော့သည်။
‘သူမ အမြင်မှားနေတာလား’
"ကလေးမလေး"
ချောင်းဆိုးခြင်းအား မျိုသိပ်ကာ အဘွားအိုမှ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။
"သမီးက ဘယ်ကလာတာလဲ"
နီချွေ့ဟွာက အပြုံးလေးဖြင့် မေးလိုက်သည်။
"ကျွန်မတို့ မိသားစုက ယန်ကျင်းမြို့ကနေ လာတာပါ"
‘ယန်ကျင်းတဲ့လား’
ယန်ကျင်းနှင့် ဂွမ်ကွမ်မြို့တို့မှာ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးလှပေသည်။