← Chapters

အခန်း ၁၃၄

Vol. 9 Ch. 134

အခန်း ၁၃၄

Vol. 9 Ch. 134

အခန်း ၁၃၄

ဝမ်ကျင်းဖန်သည် ပုံမှန်အားဖြင့် အလွန်အကျွံ ဂျီးများပြီး စေးနှဲတတ်သူ ဖြစ်သော်လည်း ရင်းနှီးသူများနှင့် ဆက်ဆံရာတွင်မူ ဖော်ရွေတတ်ပေသည်။ ထို့ပြင် သူမနှင့် ဝမ်ထျဲ့နျူတို့မှာ ဆွေမျိုးများလည်း ဖြစ်ကြသည်။ ဝမ်ထျဲ့နျူမှ အခြေအနေအား အပြုံးဖြင့် ရှင်းပြလိုက်သည်။ ဝမ်ကျင်းဖန်မှာ အလွန်အံ့အားသင့်သွားပြီး နောက် သေချာစေရန် ပြန်မေးလိုက်သည်။

"အစ်ကိုထျဲ့နျူ နောက်နေတာလား တကယ်ပြောနေတာလား ကျွန်မကို လာမစနဲ့နော်"

နီဖာချိုက်၏ ကျန်းမာရေးမှာ မကောင်းလှသဖြင့် ဝမ်ကျင်းဖန်သည် စားဝတ်နေရေး အတွက် အတော်လေး ရုန်းကန်နေရရှာသည်။ ထို့ကြောင့် ယွမ် ၆၀ ရမည်ဆိုသော သတင်းသည် သူမအား အလွန်အမင်း စိတ်လှုပ်ရှား သွားစေခဲ့သည်။ ထိုယွမ် ၆၀ သာ ရပါက လာမည့် နှစ်သစ်ကူး အတွက် သူတို့မိသားစု ကောင်းကောင်းမွန်မွန် စားသောက်နိုင်ပြီ မဟုတ်ပါလား။

သို့သော်လည်း သူမသည် နီယန်၏ ကွယ်ရာတွင် အတင်းအဖျင်းများ ပြောဆိုခဲ့သေးသည်။ နီယန်သည် အမှန်ပင် သူမအား အကူအညီ တောင်းပါ့မည်လား။ သူမ ယုံဖို့ အတော်လေး ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။ ဝမ်ထျဲ့နျူမှ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ငါက လိမ်ပြောစရာလား ငါ့မှာ အလုပ်မရှိလို့ လျှောက်လုပ်နေတယ် ထင်နေလား ရော့ ဒါက နင့်ရဲ့ လုပ်အားခ မနက်ဖြန် နေ့လယ်လောက် အားရင် မြို့ထဲမှာ ငါတို့နဲ့ လာဆုံလိုက်"

"ကောင်းပြီလေ ကျွန်မ လာခဲ့မယ်"

ဝမ်ကျင်းဖန်က ငွေများအား ဝမ်းသာအားရ လှမ်းယူလိုက်ပြီး ထျဲ့နျူအား အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုတော့သည်။ ဝမ်ထျဲ့နျူမှ ဆက်၍ ပြောလိုက်သည်။

"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး ကျေးဇူးတင်ချင်ရင် ယန်ယန့်ကိုသာ ကျေးဇူးတင်လိုက်"

ဝမ်ကျင်းဖန်မှ ရယ်မောလိုက်ရာ ပျော်ရွှင်နေသော မျက်နှာပေါ်တွင် သူမ၏ မျက်လုံးများပင် ပျောက်လုမတတ် ဖြစ်သွားပြီး အော်ပြောလိုက်သည်။

"ဟုတ်ပါ့ ဟုတ်ပါ့ ယန်ယန့်ကို ကျေးဇူးတင်ရမှာပေါ့ ယန်ယန့်ကို ကျေးဇူးတင်ရမှာပေါ့"

သူမက နီယန့်အပေါ် အထင်လွဲခဲ့ကာ မိုက်မဲစွာ ပြုမူခဲ့မိလေသည်။ ကံကောင်းထောက်မစွာဖြင့် နီယန်မှ ခွင့်လွှတ်တတ်သူ ဖြစ်ပြီး သူမ၏ အတိတ်မှ လုပ်ရပ်များအား အာဃာတ မထားခဲ့ချေ။ ယခုအချိန်တွင် ဝမ်ကျင်းဖန်သည် ကျေးဇူးတင် ရုံမျှမက နီယန့်အပေါ် နက်နက်ရှိုင်းရှိုင်း လေးစားသွားမိခဲ့ခြင်း ဖြစ်သည်။ ယခင်တွင် နီယန်နှင့် ပတ်သက်၍ သူမ ပြောဆိုခဲ့မိသော ကြမ်းတမ်းသည့် စကားများအား ပြန်တွေးမိပြီး အလွန်အမင်း နောင်တရနေမိသည်။

သူများ အတင်းပြောသည့် ပါးစပ် သူများအပေါ် ယုတ်မာသည့် စိတ် နောက်နောင် နီယန့်အကြောင်း ဘယ်သူပင် ဖြစ်စေ မကောင်းပြောရဲပြောကြည့် ဝမ်ကျင်းဖန်မှ ဖြတ်ရိုက်ပစ်ဖို့ သစ္စာဆိုလိုက်သည်။

နီယန် ပြန်ရောက်လာသောအခါ နီချွေ့ဟွာမှ ဟင်းသီးဟင်းရွက် အားလုံးကို ဆေးကြော ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။ ငါးနှင့် ပုစွန်များကိုလည်း သေသပ်စွာ စဉ်းထားပြီးပြီ ဖြစ်သည်။

အမဲရိုးများကို အိုးထဲတွင် ပြုတ်ထားလေရာ ဆွဲဆောင်မှုရှိသော ရနံ့များက လေထုထဲတွင် သင်းပျံ့နေခဲ့သည်။ နီယန်မှ အင်္ကျီလက်အား ခေါက်တင်လိုက်ပြီးနောက် ဟော့ပေါ့အရည် စတင်၍ ပြင်ဆင်တော့သည်။ ကျင်းဟွာရွာရှိ လူတိုင်းမှာ သက်ကြီးရွယ်အိုများ မှအစ သုံးနှစ်အရွယ် ကလေးငယ်များ အထိ အစပ်ကြိုက်ကြသဖြင့် ကလေးများ အတွက် အစပ်ပေါ့ပေါ့ လုပ်ပေးရန် သူမ ပူပန်နေစရာ မလိုပေ။

သို့သော်လည်း အစပ်မစားနိုင်သည့် ကလေးများ ပါလာမည် စိုးသဖြင့် အစပ်မပါသော ဟော့ပေါ့ အရည် တစ်မျိုးကိုလည်း ပြင်ဆင်လိုက်လေသည်။ ဟော့ပေါ့ အတွက် ကြေးနီအိုးမှာ အကန့်ပါရှိသဖြင့် "အရသာနှစ်မျိုး" ဟော့ပေါ့လုပ်ရန် အလွန်သင့်တော်သည်။

ဟော့ပေါ့အရည် ပြင်ဆင် ပြီးနောက် နီယန်သည် ငါးဖက်ထုပ်နှင့် ပုစွန်ဖက်ထုပ်တို့ကိုလည်း စတင်၍ ပြုလုပ်သည်။ ယခင်တွင် တစ်ကြိမ် အောင်မြင်စွာ ပြုလုပ်ဖူးသဖြင့် ယခုတစ်ခေါက်တွင် ပိုမိုမြန်ဆန်စွာ ပြီးစီးသွားခဲ့သည်။ ငါးဖက်ထုပ်နှင့် ပုစွန်ဖက်ထုပ်တို့မှာ အရသာရှိရုံသာမက အာဟာရ တန်ဖိုး မြင့်မားပြီး ကုန်ကျစရိတ်လည်း သက်သာသဖြင့် နီယန်မှ အများအပြား ပြုလုပ် ထားလိုက်သည်။

ကျန်သည်များကိုမူ အမဲသားနှင့် သိုးသားများအား ပြင်ဆင်ခြင်း ဖြစ်သည်။ ဟော့ပေါ့အတွက် လိုအပ်သည်များ ပြင်ဆင် ပြီးနောက် နီယန်သည် အသားအရေ ကျန်းမာ လှပစေရန် အထောက်အကူ ပြုသော အရံဟင်းလျာ သုံးမျိုးကိုလည်း ချက်ပြုတ်လိုက်လေသည်။

ထို့ပြင် အေးမြသော ဆီးသီးချိုချဉ်ဖျော်ရည် အိုးကြီးတစ်အိုးကိုလည်း ပြင်ဆင်လိုက်သေးသည်။ ပူလောင်နေသော ဟော့ပေါ့နှင့် အေးမြသော ဆီးသီးချဉ်ဖျော်ရည်တို့၏ ပေါင်းစပ်မှုမှာ တကယ့်ကို ပြီးပြည့်စုံလှသည်။

ဟင်းလျာများ အားလုံး စားပွဲပေါ်သို့ ရောက်ရှိ လာသည်နှင့် တစ်ပြိုင်နက် ဂေါ်တန်နှင့် ယန်ကွေ့ပေါင်တို့သည် ကလေးများ အားလုံးကို စားပွဲဆီသို့ ခေါ်ဆောင် လာကြသည်။ အသက်အရွယ်စုံ ကလေး ဆယ့်ငါးယောက်ခန့် ရှိပြီး အကြီးဆုံးမှာ တစ်ဆယ့်သုံးနှစ်နှင့် အငယ်ဆုံးမှာ ငါးနှစ် ခြောက်နှစ်ခန့် ရှိသည်။

ကလေးတွေ အများကြီးအား မြင်လိုက်ရသဖြင့် နီယွင်လေးမှာ ဝမ်းသာအားရ ရယ်မော နေတော့သည်။ ဖြူဖြူဖွေးဖွေးနှင့် ဖောင်းမို့နေသော နီယွင်လေးမှာ ကလေးများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး အားလုံးသည် သူမလေးနှင့် ဝိုင်းဝန်း ဆော့ကစားနေကြသည်။

မကြာမီတွင် နီချန်ကွေ့ အလုပ်မှ ပြန်ရောက်လာခဲ့လေသည်။ အိမ်ထဲတွင် လူတွေ အပြည့် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ပထမတွင် အံ့အားသင့် သွားပြီးနောက် ရယ်မောကာ မေးလိုက်သည်။

"နီယန် အိမ်မှာ ပါတီပွဲ ထပ်လုပ်နေပြန်ပြီလား"

"မနက်ဖြန် ကွေ့ပေါင် ပြန်တော့မှာမို့လို့ နှုတ်ဆက်ပွဲ လုပ်ပေးနေတာပါ ဒေါ်လေးနီ သွားလက်ဆေးလိုက် ပြီးရင် စားလို့ရပြီ"

နီချန်ကွေ့သည် ချက်ချင်း လက်သွား ဆေးလိုက်သည်။ ကလေးများသည်လည်း လိမ္မာရေးခြားရှိစွာဖြင့် စားပွဲပတ်လည်တွင် နေရာယူလိုက်ကြသည်။ အစပ်အရသာနှင့် နီရဲနေသော ဆီအနှစ်ရည် မွှေးပျံ့နေသော အဖြူရောင် ဟင်းရည် ဆူပွက်နေသော ဟင်းရည်များ၏ ဆွဲဆောင်မှုရှိသော ရနံ့များသည် သူတို့၏ အာရုံကို ဖမ်းစားထားပြီး ဟင်းအမယ်များအား ထည့်မပြုတ်ရသေးမီမှာပင် အားလုံးမှာ သွားရည်ကျနေကြပြီ ဖြစ်သည်။ နီချန်ကွေ့ လက်ဆေးပြီးနောက် ပြန်ဝင်လာကာ အပြုံးဖြင့် ပြောလိုက်သည်။

"ကောင်းကောင်းစားကြနော် ဒေါ်လေးကို စောင့်မနေကြနဲ့"

နီယန်က ကလေး တစ်ယောက်ချင်းစီ အတွက် ဆီဆမ်း ထားသော အချဉ်ရည် ပန်းကန်လုံးလေးများ ဝေပေးလိုက်ပြီး ပြောလိုက်သည်။

"ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး စားကြနော် ဒီနေ့ မမနီယန့်ဆီမှာ စားနိုင်သလောက် စားလို့ရတယ်"

ကလေးများ အားလုံးသည် ဝမ်းသာအားရဖြင့် ချက်ချင်း စတင် စားသောက်ကြတော့သည်။ မကြာမီမှာပင် လေထုထဲတွင် ပီတိဖြစ်ဖွယ် အံအားတကြီး အော်သံများ ပြည့်နှက်သွားတော့သည်။

"ဒါ အရမ်းစားလို့ ကောင်းတာပဲ"

"မမနီယန်က အရမ်းတော်တာပဲ"

ဖန်းဟူသည် ပုစွန်ဖက်ထုပ်အား တစ်ကိုက် ကိုက်လိုက်ပြီးနောက် နီယန်ဘက်သို့ လှည့်ကာ ပလုပ်ပလောင်းဖြင့် ပြောလိုက်သည်။

"မမနီယန်က အရမ်းမိုက်တာပဲ မမ ချက်တာက သားအမေ ချက်တာထက် အများကြီး ပိုကောင်းတယ်"

"အင်း ငါ့အမေ ချက်တာထက်လည်း ပိုကောင်းတယ်"

All Chapters