← Chapters

အခန်း (၃၆၁-၃၆၂)

Vol. 31 Ch. 361-362

အခန်း (၃၆၁-၃၆၂)

Vol. 31 Ch. 361-362

အခန်း(၃၆၁)

ဂျာကူက သူ့ဆီကို ဓားမြှောင်တွေ အသီးသီး ချိန်ရွယ်ထားတဲ့ ဓားပြသုံးယောက်ကို ရင်ဆိုင်နေရတယ်။

"လာစမ်းပါ။ ငါ့ညီက ဟိုမှာ ဓားပြတွေကို ဘယ်ပြန်ညာပြန် ထိုးနှက်နေတာလေ။ သူ့ဆီပဲ သွားကြပါလား" လို့ သူက ညည်းညည်းညူညူ ပြောလိုက်တယ်။ "ငါက ပျင်းလှချည်ရဲ့..."

ဒါပေမဲ့ ဓားပြတွေကတော့ သူ့ဆီကိုပဲ ဆက်ပြီး တိုးကပ်လာကြတယ်။ သူတို့ရဲ့ ဓားမြှောင်တွေဟာ ကြယ်လေးပွင့်မန္တန်တွေကို တစ်ခုပြီးတစ်ခု သုံးလိုက်တာနဲ့အမျှ ထူးခြားဆန်းပြားတဲ့ အရောင်အသွေးတွေနဲ့ တောက်ပလာကြတယ်။

ရီထရီဗာခွေးလူသားတစ်ယောက်က သူ့ရဲ့ အမွှေးအမျှင်တွေလိုပဲ ရွှေရောင်တောက်ပနေတဲ့ ဓားမြှောင်ကို ကိုင်ပြီး ဂျာကူဆီ ပြေးဝင်လာတယ်။ သူ့ခြေဖဝါးအောက်က မြေပြင်ဟာ ဓားမြှောင်ရဲ့ လှုပ်ရှားမှုနောက်ကို လိုက်ပြီး မြေကြီးထဲကနေ ပင့်တက်လာခဲ့တယ်။

အဲဒီခွေးလူသားက ဂျာကူရဲ့ လည်ပင်းဆီကို လွှင့်အုပ်ပစ်လိုက်ပေမဲ့ ဂျာကူက သူ့ဓားနဲ့ ကာကွယ်လိုက်တယ်။

ဓားပြက ဂျာကူရဲ့ နံဘေးတွေကို ပိုင်းဖြတ်ဖို့ ဓားမြှောင်ကို ဝှေ့ယမ်းလိုက်ပြန်တယ်။ ဂျာကူ ရှောင်တိမ်းဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ သူ့ခြေဖဝါးအောက်က မြေပြင်က ကျွံကျသွားတာကြောင့် ခြေလှမ်းရွှေ့ဖို့ အားပြုစရာ မရှိဘဲ ဖြစ်သွားရတယ်။

ဓားမြှောင်က ဂျာကူရဲ့ ရင်ဘတ်ဆီ ဦးတည်လာနေပေမဲ့ သူ့ဆီ ရောက်ခါနီးလေးမှာတင် အရောင်စုံအလင်းအကာအကွယ်တစ်ခုက သူ့ပတ်ပတ်လည်မှာ ပေါ်ထွက်လာပြီး ဓားမြှောင်ရဲ့ မြေဒြပ်စင်မှော်ပညာကို ပြန်လည်တွန်းလှန်ပစ်လိုက်တယ်။

ဓားမြှောင်က လေထဲမှာ တန့်ခနဲ ရပ်တန့်သွားတာကြောင့် ခွေးလူသားမှာ အံ့ဩမှင်တက်သွားရတယ်။

မီလီစက္ကန့်ပိုင်းလောက်က ဂျာကူအတွက်တော့ လုံလောက်တဲ့ အချိန်တစ်ခုမို့ သူ့ဓားသွားကနေ ပြာလဲ့လဲ့ မိုးကြိုးလျှပ်စီးတွေ ဖြာထွက်လာတာနဲ့အတူ ဓားကို လွှဲယမ်းလိုက်တယ်။

ဓားသွားထဲက လျှပ်စစ်စွမ်းအင်ကို မြင်လိုက်ရတဲ့အခါ ခွေးလူသားရဲ့ မျက်နှာမှာ ကြောက်ရွံ့မှုတွေ အထိုင်းသား ပေါ်လာပြီး ဒါကပဲ ဂျာကူကို စိတ်ကြိုက် ဓားလွှဲပြီး ခွေးလူသားရဲ့ ရင်ဘတ်ကို ထိမှန်အောင် ပိုင်းချခွင့် ပေးလိုက်သလို ဖြစ်သွားတယ်။

"အူးဝူး..." ခွေးလူသားက ညည်းတွားအော်ဟစ်လိုက်တယ်။

သူ တိုက်ခိုက်လိုက်တဲ့ အဲဒီအချိန်မှာပဲ ကျန်တဲ့ ခွေးလူသားဓားပြ နှစ်ယောက်က သူ့ဆီကို ဒုန်းစိုင်းပြေးဝင်လာကြတာကြောင့် ဂျာကူမှာ အမောဖြေဖို့ အချိန်မရတော့ဘူး။

ဒီမှာတင် ဂျာကူရဲ့ ခြေထောက်တွေဟာ ပြာလဲ့လဲ့ မိုးကြိုးလျှပ်စီးတွေနဲ့အတူ မီးတောက်လျှံသွားပြီး လျှပ်စစ်အလင်းတန်းလေးတစ်ခုအဖြစ် ပြောင်းလဲကွယ်ပျောက်သွားတယ်။

ဓားပြနှစ်ယောက်ရဲ့ ဓားမြှောင်တွေကတော့ လေဟာနယ်ကိုပဲ စိုက်ဝင်သွားကြတယ်။ ဂျာကူ ရုတ်တရက် ပျောက်ကွယ်သွားတာကြောင့် သူတို့ ခြေဟန်ပျက်ပြီး မြေပြင်ပေါ်ကို လဲပြိုကျသွားကြတော့တယ်။

သူတို့ တိုက်ပွဲထဲကနေ ခဏတာ လွတ်ထွက်သွားတဲ့အချိန်မှာ ဂျာကူက ဒီအခွင့်အရေးကို သုံးပြီး ဒဏ်ရာရထားတဲ့ ခွေးလူသားနောက်ကို လိုက်လံတိုက်ခိုက်တယ်။

ခွေးလူသား အလဲလဲအကွဲကွဲကနေ ပြန်အထမှာတင် သူ့ရှေ့မှာ ဂျာကူ ရုတ်တရက် ပေါ်လာပြီး ဓားကို အပေါ်ပင့်ဝှေ့လိုက်တာကို မြင်လိုက်ရတယ်။ ဓားဝှေ့ယမ်းမှုနဲ့အတူ လျှပ်စစ်စွမ်းအင်တွေ ပါလာပြီး ခွေးလူသားကို ရစ်ပတ်ကာ ရိုလာကိုစတာတွဲတွေထဲက လူမရှိတဲ့ ထိုင်ခုံတစ်ခုဆီ တည့်တည့်မတ်မတ် လွင့်စင်သွားစေတယ်။

"မင်း ဒါအတွက် ပြန်ပေးဆပ်ရမယ်၊ အူးဝူး..."

ခွေးလူသားနှစ်ယောက်ကတော့ အရှိန်ပြန်ရလာပြီး ဂျာကူဆီကို နောက်တစ်ကြိမ် ဒုန်းစိုင်းပြေးဝင်လာကြပြန်တယ်။

ခွေးလူသားက ဂျာကူကို လှမ်းအော်ဟစ်လိုက်ပြီးတဲ့နောက် သူ့ဓားမြှောင်ပတ်လည်မှာ မှော်စက်ဝိုင်းတစ်ခု ပေါ်လာတယ်။ မကြာခင်မှာပဲ သူ့ဓားမြှောင်တစ်ခုလုံးနဲ့ ထိပ်ဖျားအထက်က တိုင်လုံးကြီးတစ်ခုဆီအထိ မီးတောက်တွေ ဝုန်းခနဲ ပွင့်ထွက်လာပြီး ဓားကြီးတစ်လက်ရဲ့ ပုံသဏ္ဌာန် ဖန်တီးလိုက်တယ်။ သူက ဂျာကူဆီ ဓားနဲ့ ပိုင်းချလိုက်တာကြောင့် ဂျာကူကလည်း သူ့ဓားနဲ့ပဲ ပြန်လည်ပယ်ဖျက်လိုက်တယ်။ လျှပ်စစ်စွမ်းအင်နဲ့ မီးတောက်တွေ တဖြန်းဖြန်း ပေါက်ကွဲတိုက်ခိုက်ကြတယ်။

တစ်ချိန်တည်းမှာပဲ ဘူဒေါ့ဂ်ခွေးလူသားက သူ့ဓားမြှောင်ကို မြှောက်ပြီး ကြယ်လေးပွင့်မန္တန်ဖြစ်တဲ့ ဖျက်ဆီးခြင်းလေပြင်း ကို သုံးလိုက်တယ်။ သူက ဓားကို အပေါ်တစ်ချက် အောက်တစ်ချက် နှစ်ကြိမ်တိုင်တိုင် လွှဲယမ်းလိုက်ရာ မှော်စက်ကွင်းနဲ့ ပြုလုပ်ထားတဲ့ မြင်သာထင်သာရှိတဲ့ လေလှိုင်းပုံသဏ္ဌာန်ကြီး ထွက်ပေါ်လာခဲ့တယ်။

လေလှိုင်းက ဂျာကူကို တိုက်ခတ်ပစ်ဖို့ ကြိုးစားရင်း နောက်ဆုံးမှာ ဘူဒေါ့ဂ်ရဲ့ မေးရိုးတွေနဲ့ တူတဲ့ ပုံစံမျိုးအဖြစ် ပြောင်းလဲသွားတယ်။

ဒီကြားထဲမှာ ရှက်ပတ်ခွေးလူသားက ဂျာကူကို ကြီးမားပြီး လေးလံတဲ့ ဓားခုတ်ချက်တွေနဲ့ ဆက်တိုက် ဖိအားပေးနေပြီး ဂျာကူက ကာကွယ်လိုက်တိုင်း အပူရှိန်နဲ့ ပြင်းအားက ပိုပိုပြီး တက်လာတယ်။

သူတို့နှစ်ယောက်စလုံးက အဆင့်ခြင်း ညီမျှနေကြတာမို့ ရှက်ပတ်ခွေးလူသားကတော့ ဂျာကူတစ်ယောက် သူ့အပေါင်းအဖော်ရဲ့ လေလှိုင်းတိုက်ကွက်အောက်မှာ အားနည်းသွားလိမ့်မယ်လို့ သေချာတွက်ထားတယ်။

ဒါပေမဲ့ ဒီမှာတင်ပဲ ဒရာဂွန်ဘွန်းဆီမှာ မီသရယ် မှော်ဝင်ပစ္စည်းရဲ့ စွမ်းအားတွေ ပေါ်ထွက်လာတာနဲ့အတူ ဂျာကူရဲ့ ဓားဟာ တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်လာခဲ့တယ်။

ချက်ချင်းဆိုသလိုပဲ ဂျာကူရဲ့ ဓားအသုံးပြုနိုင်စွမ်း ကိုယ်ခန္ဓာစွမ်းအားဟာ ကြယ်တစ်ပွင့်အဆင့်အထိ မြင့်တက်သွားတယ်။

ဂျာကူရဲ့ လျှပ်စစ်ဓားက သူ့ရဲ့ မီးတောက်ဓားကို ပွတ်တိုက်သွားပြီး အရှိန်အဟုန်က သူ့လက်ထဲကနေ လွတ်ထွက်လုနီးပါးအထိ ဖြစ်သွားတာကို မြင်လိုက်ရတဲ့အခါ ရှက်ပတ်ခွေးလူသားရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရတော့တယ်။

"ဘာလဲဟ..." ခွေးလူသားက အော်ဟစ်လိုက်တယ်။

ဂျာကူက ဓားပြရဲ့ ရင်ဘတ်ကို ကန်ထုတ်ပြီး လွှင့်ပစ်လိုက်ပြီးမှ ချက်ချင်းကိုယ်ကိုလှည့်ကာ သူ့မျက်နှာဆီ တည့်တည့်ဦးတည်လာတဲ့ လေလှိုင်းတိုက်ကွက်ကို ရင်ဆိုင်လိုက်တယ်။

မေးရိုးကြီးတွေက အကျယ်ကြီးပွင့်လာပြီး သူ့မျက်နှာကို ကိုက်ခဲဖို့ ညှပ်ပိတ်ချလိုက်တယ်။ ဒါပေမဲ့ နောက်ဆုံးစက္ကန့်မှာပဲ သူက ဓားကို သုံးပြီး မေးရိုးကြီးကို အတင်းအဓမ္မ ပွင့်နေအောင် လုပ်ထားလိုက်တယ်။

သူ့ဓားက လေလှိုင်းစက်ဝန်းနဲ့ လုံးထွေးနေတဲ့အချိန်မှာပဲ အနောက်က ဘူဒေါ့ဂ်ခွေးလူသားက ဓားမြှောင်နဲ့ သူ့ဝမ်းဗိုက်ကို ထိုးစိုက်ဖို့ ပြေးဝင်လာခဲ့တယ်။

ဒီမှာတင် ဂျာကူရဲ့ ဓားပတ်ပတ်လည်မှာ လျှပ်စစ်စွမ်းအင်တွေ တဟုန်းဟုန်း တက်လာတယ်။

ခဏကလေးအတွင်းမှာတင် ဓားက လေလှိုင်းမေးရိုးရဲ့ ချုပ်ကိုင်မှုထဲကနေ ပျောက်ကွယ်သွားခဲ့တယ်။

လေလှိုင်းစက်ဝန်းပတ်လည်မှာ ဖြတ်ပိုင်းလိုင်းတွေ ရုတ်တရက် ပေါ်လာပြီး ဓားရဲ့ အပိုင်းပိုင်းဖြတ်တောက်ခြင်းကို ခံလိုက်ရတာကြောင့် တစ်စစီ လွင့်စင်ထွက်သွားကြတော့တယ်။

ဘူဒေါ့ဂ်လူသားရဲ့ လက်ကောက်ဝတ်က မှော်စက်ဝိုင်း ကွယ်ပျောက်သွားပြီး သူ့ဆီမှာ ခဏတာ အားနည်းချက်တစ်ခု ပေါ်လာခဲ့တယ်။

ဂျာကူက ဒီအခွင့်အရေးကို သုံးပြီး ဓားကို မြှောက်ကာ ဓားဖျားနဲ့ ခွေးလူသားရဲ့ ရင်ဘတ်ကို ခပ်ဖွဖွလေး တို့ထိလိုက်တယ်။

"ရှင်းလင်းခြင်း" လို့ သူက ပြောလိုက်တာနဲ့ သူ့ဓားကနေ ခွေးလူသားဆီ လျှပ်စစ်စွမ်းအင်တွေ တိုးဝင်သွားပြီး နှလုံးခုန်စက်လိုမျိုး ပြင်းထန်တဲ့ လျှပ်စစ်ရှော့ခ်တစ်ခုကို ပေးလိုက်တယ်။

ဘူဒေါ့ဂ်ခွေးလူသားဟာ ထိုင်ခုံတစ်ခုဆီ လွင့်စင်သွားပြီး ခါးပတ်က သူ့ရင်ဘတ်ကို ရစ်ပတ်ထားတဲ့အချိန်မှာပဲ သူ့ခန္ဓာကိုယ်ကနေ မီးခိုးတွေ ထွက်လာခဲ့တယ်။

"သုံးယောက်ပြီးပြီ" ဂျာကူက ဓားကို ပခုံးပေါ်တင်ရင်း တိုးတိုးကလေး ရေရွတ်လိုက်တယ်။

သူက ဘေးဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ ဓားပြလေးယောက်က ဝိုင်းရံထားတာကြောင့် ဇိုင်ယွန်တစ်ယောက် ရှောင်တိမ်းလှုပ်ရှားနေရတာကို မြင်လိုက်ရတယ်။

သူတို့အားလုံးက ကြယ်လေးပွင့်အဆင့်မှာ ရှိနေကြပေမဲ့ ဇိုင်ယွန်ကတော့ မီသရယ် မှော်ဝင်ပစ္စည်းက ပေးထားတဲ့ ကြယ်တစ်ပွင့်အဆင့် မြှင့်တင်မှုကြောင့် သူတို့ရဲ့ တိုက်ကွက်တွေကို ရှောင်တိမ်းနိုင်နေတယ်။

ဒါပေမဲ့လည်း ရန်သူက လေးယောက်တောင် ဖြစ်နေတာလေ။ ဇိုင်ယွန်က တစ်ဦးချင်းစီထက် ပိုသန်မာပေမဲ့ သူတို့ရဲ့ အရေအတွက်ကြောင့်ပဲ အခြေအနေက တစ်ဆို့နေခဲ့တယ်။ ဇိုင်ယွန် တိုက်ခိုက်လို့လည်းမရ၊ လွတ်မြောက်လို့လည်း မရဘဲ ရှောင်ရုံပဲ ရှောင်နေနိုင်တယ်။

"ဟေ့ ညီလေး...အကူအညီ လိုသေးလား" ဂျာကူက လှမ်းမေးလိုက်တယ်။

ဇိုင်ယွန်က နှာခေါင်းရှုံ့လိုက်ပြီး "နောက်နေတာလား။ ငါ့ဆီကနေ ဒါကို လုဖို့ မကြိုးစားနဲ့။ ငါ ရမှတ်တွေ လိုတယ်လေ။ အစ်ကိုက သုံးယောက်တောင် ရသွားပြီဥစ္စာ"

ဂျာကူက ခေါင်းခါလိုက်တယ်။ "ငါတို့က အဖွဲ့လိုက် လုပ်ဆောင်နေကြတာလေ၊ သိရဲ့မလား။ အလောင်းရေတွက်နေတာ မဟုတ်ဘူး"

သူတို့က မိန်းကလေးတွေနဲ့ ပြိုင်ပွဲလုပ်နေကြတာ ဖြစ်ပေမဲ့ ဇိုင်ယွန်ကတော့ ယောက်ျားလေးအချင်းချင်းလည်း ပြိုင်ချင်နေတာပါ။ သူက ဓားပြတွေကို အများဆုံး ဖမ်းဆီးနိုင်တဲ့သူ ဖြစ်ချင်နေတယ်။ ဒါမှသာ သူတို့ နိုင်သွားရင် သူက အဆုံးစွန်သော အောင်နိုင်သူ ဖြစ်လာမှာလေ။

"ငါ ဒါကို ကိုင်တွယ်နိုင်ပါတယ်" ဇိုင်ယွန်က ပြောလိုက်တယ်။ "ခဏကလေးပဲ အားပြန်ဖြည့်ဖို့ လိုတာ"

ဒီမှာတင် ဓားမြှောင်လေးလက်က သူ့ဆီကို တစ်ပြိုင်နက်တည်း ထိုးစိုက်လာတာကြောင့် သူ့မှာ ရှောင်ကွင်းဖို့ လမ်းမရှိတော့ဘူး။

ဓားပြတွေကတော့ သူတို့ နောက်ဆုံးမှာ သူ့ကို မိပြီလို့ ထင်လိုက်ကြပေမဲ့ နောက်ဆုံးစက္ကန့်မှာတင် ဇိုင်ယွန်က အပေါ်ကို ခုန်တက်လိုက်တယ်။

လေထဲမှာတင် ဇိုင်ယွန်က သူ့အိတ်ကပ်ထဲကနေ ချောကလက်လုံးလေးတစ်လုံးကို ထုတ်ပြီး အခွံရော အကုန်လုံးကို တစ်လုပ်တည်း မျိုချပစ်လိုက်တယ်။

သူ့ခန္ဓာကိုယ်က အချိုဓါတ်အရှိန်အစွမ်းကို အသက်သွင်းလိုက်တာနဲ့အမျှ တုန်တုန်ရီရီ ဖြစ်သွားပြီး သူ့ရဲ့ မှော်စွမ်းအားက ကြယ်ငါးပွင့်အဆင့်နီးပါးအထိ ရောက်ရှိသွားခဲ့တယ်။

သူ့ရဲ့ လက်အိတ်တွေက အမည်းရောင်နဲ့ ခရမ်းရောင်အလင်းတွေ တောက်ပလာတာနဲ့အတူ ဇိုင်ယွန်က အောက်ဘက်ကို ထိုးနှက်လိုက်ပြီး သူ ဖန်တီးလိုက်တဲ့ တုန်ခါမှုလှိုင်းကို သုံးကာ သစ်ပင်တွေရဲ့ အထက်၊ တောအုပ်တစ်ခုလုံးကို လှမ်းမြင်နိုင်တဲ့ အမြင့်အထိ ရောက်အောင် ပိုပိုပြီး မြင့်တက်သွားခဲ့တယ်။

အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ကို မော့ကြည့်ပြီး မျက်မှောင်ကုတ်နေကြတဲ့ ခွေးလူသားဓားပြတွေကို မြင်လိုက်ရတယ်။

မြေပြင်က တုန်ခါလာတယ်။ မဟုတ်ဘူး၊ မြေပြင်မဟုတ်ဘူး။ သူတို့အပေါ်က လေထုကြီး တုန်ခါနေတာ။ ပြီးတော့ ဒါတွေအားလုံးရဲ့ မြစ်ဖျားခံရာကတော့ တခြားသူမဟုတ်ဘဲ ဇိုင်ယွန်ကိုယ်တိုင်ပဲ ဖြစ်နေလို့ပဲ။

သူတို့ တုံ့ပြန်မှုမလုပ်နိုင်ခင်မှာပဲ ဇိုင်ယွန်ရဲ့ လက်အိတ်တွေကနေ စူးရှတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပြီး လေထုကို ထိုးနှက်လိုက်ရာ သူ့အောက်က လေဟာနယ်ကြီးပါ အက်ကွဲသွားခဲ့တယ်။

ခွေးလူသားဓားပြတွေဟာ အောက်ဘက် သူတို့ဆီကို ပျံ့နှံ့လာတဲ့ အက်ကွဲကြောင်းတွေကို ခဏကလေး မြင်လိုက်ရတယ်။ ဒါပေမဲ့ အဲဒီအက်ကွဲကြောင်းတွေ သူတို့ဆီ ရောက်လာတာနဲ့တစ်ပြိုင်နက် သူတို့ရဲ့ ဦးခေါင်းထိပ်ကနေ ခြေဖဝါးအထိ ဆင်အကောင်တစ်ထောင်ရဲ့ အားပြင်းမှုကို ခံစားလိုက်ရပြီး သူတို့ ရပ်နေတဲ့ မြေပြင်ကနေ ပေါက်ကွဲမှုကြီး ဖြစ်သွားတော့တယ်။

တောအုပ်ပတ်ပတ်လည်မှာ မြေကြီးတွေ၊ မြက်ခင်းတွေနဲ့ ကျောက်ခဲတွေ ပေါက်ကွဲထွက်သွားပြီး တောအုပ်ရဲ့ မြေပြင်ကို ပျက်စီးယိုင်နဲ့သွားစေတယ်။

ဂျာကူက လျှပ်စစ်အလင်းတန်းအဖြစ် ပြောင်းလဲလိုက်ပြီး ဧရာမ ကျောက်တုံးကြီးတွေ သံရထားလမ်းပေါ်ကို ပြုတ်ကျပြီး ရိုလာကိုစတာကို မဖျက်ဆီးခင် အချိန်မီ ရောက်ရှိသွားခဲ့တယ်။

"ဟူး..." ဂျာကူက သက်ပြင်းချလိုက်တယ်။ "ဒါကြောင့်မို့ ငါက အစွမ်းကုန် မထုတ်တာပေါ့" လို့ သူ့ညီရဲ့ ဆင်ခြင်တုံတရားမဲ့မှုကို ခေါင်းခါရင်း ပြောလိုက်တယ်။

* * * * * * * *

စာစဉ်(၃၁)

အခန်း(၃၆၂)

ဂျေကော့တစ်ယောက် မိမိပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း မြင်တွေ့နေရတဲ့ မြင်ကွင်းကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေမိတယ်။ ဒီလူတစ်ပိုင်းသတ္တဝါတွေဟာ သူ့ရဲ့ ခွေးလူသား ဓားပြတွေကို တန်ဖိုးမရှိတဲ့ အမှိုက်သရိုက်တွေလိုမျိုး အစိမ်းလိုက် ဖျက်ဆီးနေကြတာပဲ။ သူ့လူတွေဟာ ကြယ်လေးပွင့်အဆင့်မှာ ရှိကြတဲ့ လေးစားလောက်တဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်ကြပေမဲ့ သုံးယောက်တစ်ယောက် စုဝိုင်းတိုက်ခိုက်တာတောင်မှ အကြေးခွံတွေနဲ့ အဲဒီလူတစ်ပိုင်းသတ္တဝါ တစ်ဦးတည်းကိုတင် မနိုင်နိုင်ဘဲ ဖြစ်နေကြတယ်။

ဒါက လုံးဝမဖြစ်နိုင်တဲ့ အရာပဲ။ ဒါတင်မကသေးဘူး၊ သူတို့က ဓားပြတွေကို အနိုင်တိုက်နေရုံတင် မကဘဲ ချောက်ကမ်းပါးထဲကို ဝူးခနဲ မောင်းနှင်ထွက်ခွာသွားတဲ့ ထူးဆန်းတဲ့ ရထားလုံးကြီးထဲ ဝင်ဖို့ပါ တွန်းပို့နေကြသေးတယ်။ အဲဒီရထားလုံးစီးပြီး ပြန်ဆင်းလာတဲ့သူတွေအားလုံးဟာ ကြောက်လန့်တကြားနဲ့ သတိလစ်မေ့မြောနေကြတာကို သူ သတိထားမိလိုက်တယ်။

'နေဦး... သူတို့က ဒရာဂွန်ဘွန်းတွေလား'

ဒီအသိတရားက ဂျေကော့အတွက်တော့ သိပ်ကို နောက်ကျသွားခဲ့ပါပြီ။ ရီနေးတားရဲ့ ဒရာဂွန်ဘွန်းတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေလို့ ကောလာဟလ ထွက်ခဲ့ဖူးပေမဲ့ အခုအချိန်အထိ သူတို့ထဲက ဘယ်သူမှ မယုံကြည်ခဲ့ကြဘူး။

အစွမ်းထက်တာက သူတို့တင် မဟုတ်သေးဘူး။ သူ ဘေးဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ ဓားပြငါးယောက်ကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ ဓားတစ်လက်ကိုင် ထူးဆန်းတဲ့ အရိုးစုမိစ္ဆာကြီးကို မြင်လိုက်ရပြန်တယ်။

ဒါဟာ ကောင်းကင်ဘုံစစ်သည်တော်တစ်ယောက် လှုပ်ရှားနေတာကို ကြည့်နေရသလိုပဲ။ အဲဒီအရိုးစုဟာ မှော်စွမ်းအင် ဒါမှမဟုတ် မှော်ပညာကို သုံးရုံမျှသာ သုံးစွဲပြီး ဓားပြတွေကို ကစားနေသလိုမျိုး၊ သူတို့ရဲ့ ဓားမြှောင်တွေကို တိကျသေချာလှတဲ့ အနုစိတ်ချက်တွေနဲ့ ပယ်ဖျက် လွှဲရှောင်နေခဲ့တယ်။

ဂျေကော့ဟာ ကြယ်ခြောက်ပွင့် တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်နေတာတောင်မှ သူ့ရဲ့ ပင်ကိုယ်စိတ်က အဲဒီလိုလူမျိုးနဲ့ သွားပြီး မပြိုင်ဆိုင်သင့်ဘူးလို့ သတိပေးနေတယ်။

ဒီ ရီနေးတားနိုင်ငံသား သုံးယောက်တည်းနဲ့တင် သူတို့လူအင်အားကို အတုံးအရုံး ခြေမှုန်းနေပြီ ဖြစ်တယ်။ ဒါပေမဲ့ သူတို့နဲ့အတူ အရိပ်ထဲကနေ လှုပ်ရှားနေတဲ့ နောက်ထပ်တစ်ယောက်လည်း ရှိနေသေးတဲ့ပုံပဲ။

ဓားပြငါးယောက်ဟာ အိပ်မက်မက်နေတုန်းအတိုင်း မျက်လုံးတွေ လုံးဝအာရုံမရှိဘဲ သူတို့ဘာသာသူတို့ လမ်းလျှောက်လာနေကြတယ်။

သူတို့ဟာ ရထားလုံးတစ်ခုဆီ ရောက်တဲ့အထိ ဆက်ပြီး လျှောက်လှမ်းသွားကြတယ်။

"မင်းတို့ ဘာလုပ်နေကြတာလဲ။ အဲဒါနဲ့ ဝေးဝေးနေစမ်း" သူ သတိပေးလိုက်ပေမဲ့ သူ့စကားတွေက သူတို့အတွက် ဘာအဓိပ္ပာယ်မှ ရှိမနေခဲ့ဘူး။ သူတို့ဟာ ရထားလုံးတွေထဲကို ကိုယ့်အလိုအလျောက် ဝင်စီးပြီး ထိုင်ခုံခါးပတ်တွေကို သူတို့ရဲ့ ရင်ဘတ်တွေမှာ ပတ်ထားလိုက်ကြတယ်။

"စလိုင်းမ်နတ်ဘုရားအတွက်ဆို ဘာမဆို..." လို့ သူတို့က တိုးတိုးလေး ရေရွတ်နေကြတယ်။

ဂျေကော့အပါအဝင် ဘယ်သူမှ သတိမထားမိလိုက်ဘဲ သူတို့ရဲ့ ခြေထောက်တွေမှာ အရိပ်တစ်ခု ကပ်ငြိနေခဲ့ပြီး ဖတ်ချ်က သူတို့ရဲ့ သတိအာရုံတွေကို စိတ်ကူးယဉ်မျက်လှည့်တွေထဲမှာ ပိတ်လှောင်ထားလိုက်တာပဲ။ အဲဒီနောက်မှာတော့ သူတို့ဟာ ဖတ်ချ်ရဲ့ ညွှန်ကြားချက်တွေကို ကိုယ့်အလိုအလျောက် လိုက်နာသွားကြတော့တယ်။

"ငါ တောင့်ခံနိုင်စွမ်း ကုန်ပြီ" ဂျေကော့ အော်ဟစ်လိုက်တယ်။ သူ ပါရမီရှင် အင်ဂျင်နီယာတွေဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူတို့ဟာ ပတ်ဝန်းကျင်က တိုက်ပွဲကို လုံးဝဂရုမစိုက်ဘဲ မှတ်စုတွေ ဆက်ရေးနေကြတာကို မြင်လိုက်ရတယ်။

သူဟာ အမွှေးအမျှင်တွေ ထောင်ထနေရင်း ခြေလေးဖက်လုံးနဲ့ သူတို့ဆီ ပြေးဝင်သွားပြီး ပါးစပ်ကြီးကို အကျယ်ကြီး ဖြဲကာ ခုန်အုပ်လိုက်တော့တယ်။

အဲဒီ ခဏတာအတွင်းမှာပဲ ဂျေကော့ဟာ ပါရမီရှင် အင်ဂျင်နီယာအုပ်စုကြားထဲက ရွှေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရတယ်။ အဲဒီကောင်လေးက သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ခေါင်းထဲအထိ ကြိုတင်မြင်နေရသလိုမျိုး ကြည်လင်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတာကို သူ မြင်နိုင်ခဲ့တယ်။

သူ့ရဲ့ ပင်ကိုယ်အသိစိတ်ကြောင့် တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်လိုက်ရပြီး သူ့ရဲ့ လက်သည်းတွေက မြေကြီးနဲ့ မြက်ခင်းပြင်ထဲကို ထိုးစိုက်လျှောတိုက်သွားခဲ့တယ်။

ရွှေရောင်ဆံပင်နဲ့ ကောင်လေးက သူ့ကို လာပြီး တိုက်ခိုက်ဖို့ ဖိတ်ခေါ်နေသလိုမျိုး တည့်တည့်ကြီး စိုက်ကြည့်နေတယ်။ ဒါပေမဲ့လည်း ဂျေကော့ရဲ့ ရင်ထဲမှာတော့ မကောင်းတဲ့ ခံစားချက်ကြီးတစ်ခု ရှိနေခဲ့တယ်။ အကယ်၍ အဲဒီ ဒရာဂွန်ဘွန်းတွေနဲ့ အရိုးစုမိစ္ဆာသာ အစွမ်းပြနေတာဆိုရင် ဒီကလေးငယ်လေးကိုလည်း သူ လျှော့မတွက်သင့်ဘူးဆိုတာ သေချာနေပြီလေ။

ဂျေကော့ရဲ့ အမြီးဟာ အပေါ်ကို ထောင်တက်သွားပြီး ထိတ်လန့်သွားတဲ့ ကြောင်တစ်ကောင်လိုမျိုး အမွှေးတွေပါ ထောင်ထသွားခဲ့တယ်။

"မင်း အညံ့ခံမလား" ကောင်လေးက သူ့ကို မေးလိုက်တယ်။

လူယုတ်မာဓါးပြအဖွဲ့ရဲ့ ကြယ်ခြောက်ပွင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့ မာနက 'ဟင့်အင်း' လို့ ပြောဖို့ ဖြစ်နေပေမဲ့ သူ့ရဲ့ အသက်ရှင်ချင်တဲ့ ပင်ကိုယ်စိတ်ကြောင့်ပဲ ခေါင်းကို ငြင်သာစွာ ညိတ်ပြလိုက်မိတော့တယ်။

"ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ" ကောင်လေးက ပြောပြီး သူ့နောက်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။

ဂျေကော့ လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ ခွေးလူသား ဓားပြတွေ အားလုံးနီးပါးဟာ ရှုံးနိမ့်လို့ပဲဖြစ်ဖြစ်၊ ရိုလာကိုစတာ စီးပြီးတဲ့ ခံစားချက်ကြောင့်ပဲဖြစ်ဖြစ် မြေပြင်ပေါ်မှာ လဲကျနေကြပြီဆိုတာ မြင်လိုက်ရတယ်။ သူတစ်ယောက်တည်းသာ မတ်တပ်ရပ်လျက် ကျန်ခဲ့တာပဲ။

"ငါ... ငါ အညံ့ခံပါတယ်..." သူ ပြောလိုက်တယ်။

မိုက်ကယ်က ခွေးလူသား ဓားပြတွေအားလုံးကို စာရင်းတွက်ချက်လိုက်တဲ့အခါ အရေအတွက်က နှစ်ဆယ်ကျော် အထက်မှာ ရှိနေတာကြောင့် ဒါဟာ တစ်ရက်တည်းအတွက် အတော်လေးကို အဆင်ပြေတဲ့ ရလဒ်ပဲ ဖြစ်တယ်။

ဂိမ်းထဲမှာ အမှတ်အချို့ ရရှိခဲ့ရုံတင် မကဘဲ သူ့ရဲ့ ရိုလာကိုစတာ လုပ်ဆောင်ချက်ကိုပါ စမ်းသပ်နိုင်ခဲ့သေးတယ်။

"ရလဒ်တွေက ဘယ်လိုလဲ" သူက ပါရမီရှင် အင်ဂျင်နီယာတွေကို မေးလိုက်တယ်။

"အဆင်ပြေတယ် သခင်။ ခွေးလူသား မျိုးနွယ်စုတွေအားလုံး မိုးကြိုးဂူကြောင့် အကြီးအကျယ် ကြောက်လန့်သွားကြတယ်။ မျှော်လင့်ထားတဲ့အတိုင်း မိုးကြိုးနဲ့ လျှပ်စီးက ခွေးမျိုးနွယ်ဝင် သတ္တဝါတွေအားလုံးရဲ့ အားနည်းချက်ဆိုတာ သက်သေပြလိုက်တာပဲ၊ အခုဆိုရင် ရိုလာကိုစတာတွေကနေ ကြောက်ရွံ့မှုကို ထုတ်လုပ်ဖို့ ဒါကို အသုံးချလို့ရပြီ"

မိုက်ကယ်က ရထားလုံးကို တစ်ခေါက်တည်း စီးပြီးတာတောင် ထိုင်ခုံတွေမှာ ပတ်ထားလျက်သား ရှိနေသေးတဲ့ ခွေးလူသား ဓားပြတွေအားလုံးကို ကြည့်လိုက်တယ်။

"ငါတို့ အရှိန်အဝါကို လျှော့ချရမယ်။ ငါတို့ရဲ့ ဖောက်သည်တွေ ရထားစီးရင်း သတိလစ်တာမျိုး အများကြီး မဖြစ်စေချင်ဘူး။ ၅၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချလိုက်ပါ" လို့ သူက သူတို့ကို ပြောလိုက်တယ်။

"နားလည်ပါပြီ သခင်။ မကြာခင်မှာပဲ ပထမဆုံး ရိုလာကိုစတာအတွက် နောက်ဆုံးပုံစံကို ရရှိတော့မှာပါ"

ပါရမီရှင် အင်ဂျင်နီယာတွေဟာ စီမံကိန်းကို ပိုပြီး လုပ်ဆောင်နိုင်ဖို့ ဒေတာတွေနဲ့ ရှေ့ပြေးပုံစံတွေကို ယူဆောင်ရင်း ခံတပ်ဆီကို အမြန် ပြန်သွားကြတော့တယ်။

ခြုံငုံပြောရရင် ဒါဟာ သိပ်ကို ကျေနပ်စရာကောင်းတဲ့ စမ်းသပ်မှုတစ်ခုပဲ။ ဒီကရတဲ့ ဒေတာတွေက ပါရမီရှင် အင်ဂျင်နီယာတွေကို ရိုလာကိုစတာဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပေမဲ့ စီးရတာ ပျော်စရာကောင်းနေဆဲ ဖြစ်မယ့် မျှတတဲ့ အနေအထားကို အပြည့်အဝ ချိန်ညှိပေးနိုင်လိမ့်မယ်။

"ကဲ... ဓားပြတွေအားလုံးကို စုစည်းပြီး ငါတို့ရဲ့ အကျဉ်းထောင်ဆီ ခေါ်သွားကြစို့" လို့ သူက တောအုပ်ထဲကို လှမ်းအော်လိုက်တယ်။

သစ်ကိုင်းတွေအောက်၊ ကျောက်တုံးတွေအောက်နဲ့ မြေပြင်ပေါ်က အက်ကြောင်းတွေကြားထဲကနေ မည်းမှောင်နေတဲ့ အရိပ်တွေ ပေါ်ထွက်လာကြတယ်။ သူတို့အားလုံးဟာ အကျဉ်းသားတွေကို ရီနေးတား နိုင်ငံတော်ဆီ ခေါ်ဆောင်သွားရမယ့် အောက်ခြေ အရိပ်အော့ခ်တွေ ဖြစ်ကြတယ်။

မကြာခင်မှာပဲ ဂျေကော့နဲ့ ကျန်တဲ့ ခွေးလူသားတွေဟာ စုစည်းခြင်း ခံလိုက်ရပြီး တယ်လီပို့လုပ်ကာ ထွက်ခွာသွားကြတော့တာကြောင့် မိုက်ကယ်နဲ့ သူ့ရဲ့ အဖွဲ့သားတွေသာ ကျန်ရစ်ခဲ့တော့တယ်။

"ဝူး... ဒါက ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲ" ဇိုင်ယွန်က လေထဲကို လက်သီးချက်တွေ ထိုးရင်း အော်ဟစ်လိုက်တယ်။

"မိန်းကလေးတွေက ငါတို့ထက် ပိုပြီး စွမ်းဆောင်နိုင်မယ်လို့ မင်း ထင်လား"

"အောင်ပွဲခံတာ ရပ်စမ်း။ မင်း ရိုလာကိုစတာကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်သွားတာ။ ငါသာ ဝင်မပါခဲ့ရင် စမ်းသပ်မှုကြီးက ပျက်စီးသွားပြီ။ နောက်တစ်ခါ ငါ့ကို ဝန်ထုပ်ဝန်ပိုးတွေ ထပ်မတိုးနဲ့။ ငါ အခုတင် တော်တော်လေး ပင်ပန်းနေပြီ" ဂျာကူက သူ့ညီရဲ့ ခေါင်းကို ခေါက်ရင်း ဗြစ်တောက်ဗြစ်တောက် ပြောလိုက်တယ်။

"ဟို..ဟို…ဟိုး... ငါ... ငါ ဘာပြောမလို့လဲဆိုတာ မေ့သွားပြီ" ဂရီးဗ်က သူ့ရဲ့ စကားလုံးတွေကို ပြန်မှတ်မိဖို့ လုံးပန်းရင်း သူ့ဘာသာ ရေရွတ်နေမိတယ်။

ဖတ်ချ်က မိုက်ကယ်ဆီ ခုန်ဆင်းလာပြီး အလေးပြုလိုက်တယ်။ "သခင်... ကျွန်တော်တို့ဆီ လာနေတဲ့ ဓားပြတွေကို ထပ်ပြီး သတိပြုမိထားတယ်။ သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ကြမလား"

"ဟုတ်တာပေါ့... သွားကြစို့" ဇိုင်ယွန်က ဂျာကူက သူ့ရဲ့ ကော်လာကို မဆွဲကိုင်ခင်မှာတင် အပြေးထွက်သွားရင်း ပြောလိုက်တယ်။

မိုက်ကယ် ရယ်မောလိုက်တယ်။ "အေးဗျာ... မိန်းကလေးတွေ သူတို့ဆီ အရင်မရောက်ခင် သွားကြစို့"

အဲဒီလိုနဲ့ မိုက်ကယ်နဲ့ ကောင်လေးတွေဟာ လူယုတ်မာဓါးပြအဖွဲ့တွေကို အနိုင်ယူရင်း ရှေ့ကို ဆက်လက် ချီတက်ခဲ့ကြတယ်။ သဘာဝကျစွာပဲ မိုက်ကယ်ဟာ ဟိုနားဒီနားမှာ စမ်းသပ်မှု အနည်းငယ် ပြုလုပ်ခဲ့ပေမဲ့ ခွေးလူသားတွေတုန်းကလို အကြီးအကြီးအကျယ်တော့ မဟုတ်ပါဘူး။

ဥပမာအားဖြင့် သူဟာ ရေခဲနဲ့ပတ်သက်လို့ အားနည်းချက်ရှိတဲ့ ပုတ်သင်ညိုလူသား အချို့နဲ့ ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ရိုးရိုးရေခဲတင် မဟုတ်ဘဲ တောင်ထိပ်ကရတဲ့ ရေခဲမျိုး ဖြစ်နေတာပဲ။ ဒါကြောင့် သူတို့ရဲ့ ခံနိုင်ရည်ကို စမ်းသပ်ဖို့ ရေခဲသီးသန့် မန္တန်တွေကို သူ အသုံးပြုခဲ့တယ်။

သူ့မှာ ဧဝရက်တောင်တက်ခြင်း ဆိုတဲ့ အပြင်အဆင်နဲ့ ရိုလာကိုစတာတစ်ခု ဖန်တီးဖို့ စိတ်ကူးတစ်ခု ရရှိခဲ့တယ်။ ဒီလိုစီးနင်းမှုက အအေးဓာတ်၊ အမြင့်ပိုင်းနဲ့ ရေကို ကြောက်ရွံ့တတ်တဲ့ လူတစ်ပိုင်းသတ္တဝါတွေကို ပစ်မှတ်ထားလိမ့်မယ်။ ကံကောင်းထောက်မစွာပဲ သူ့ရဲ့ စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပါရမီရှင် အင်ဂျင်နီယာတွေအတွက် လုံလောက်တဲ့ ဒေတာတွေကို သူ စုဆောင်းနိုင်ခဲ့တယ်။

နေထွက်ကနေ နေဝင်တဲ့အထိ မိုက်ကယ်နဲ့ ကောင်လေးတွေဟာ မနားတမ်း တိုက်ခိုက်ပြီး ဓားပြတွေကို နှိမ်နင်းခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့ရဲ့ စုစုပေါင်း စာရင်းက အတိအကျ ၅၂၃ ယောက် ဖြစ်ခဲ့တယ်။

ရှေ့တည့်တည့်မှာ လူယုတ်မာဓါးပြအဖွဲ့ရဲ့ ဂူရှိနေတာကြောင့် ဇိုင်ယွန်က ညအချိန်မှာပါ ဆက်ပြီး ချီတက်ဖို့ ဇွတ်တောင်းဆိုခဲ့ပြီး မိုက်ကယ်ကလည်း သဘောတူလိုက်တယ်။

အဲဒီအချိန်မှာပဲ သူ့ရှေ့မှာ အရိပ်တစ်ခု ပေါ်လာတာကို သူ မြင်လိုက်ရတယ်။ အရိပ်အော့ခ်တစ်ယောက်ဟာ သူ့ရှေ့မှာ ဒူးထောက်လိုက်ပြီး အရေးကြီးတဲ့ သတင်းအချို့ကို တင်ပြခဲ့တယ်။

"သခင်... ဓားပြအချို့ ရွှေလမ်းမကြီးဆီကို ရောက်တော့မယ်။ လောလောဆယ်မှာတော့ အဲဒါကို ဆောက်လုပ်ရေး အလုပ်သမားတွေနဲ့ ပါရမီရှင် အင်ဂျင်နီယာတွေပဲ ခုခံကာကွယ်နေကြတာ။ အရိပ်အော့ခ်တွေကို ဝင်ပါဖို့ ကျွန်တော် ပြောလိုက်ရမလား"

မိုက်ကယ်အနေနဲ့ နောက်ကို တယ်လီပို့လုပ်ပြီး အခြေအနေကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ သူ မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

"စစ်ကူတွေ ရောက်လာပြီလား" သူ မေးလိုက်တယ်။

"ဟုတ်ပါတယ် သခင်။ သူတို့နဲ့ သူတို့ရဲ့ ကိရိယာတွေ ဒီကို ဘေးကင်းကင်းနဲ့ ရောက်ရှိနေပါပြီ"

"ကောင်းပြီ။ ဒါဆို သူတို့ကိုပဲ တိုက်ခိုက်ပါစေ။ အန္တရာယ်ရှိလာမှပဲ ဝင်ပါတော့။ သူတို့ဘာသာသူတို့ ရှင်းနိုင်ပါတယ်၊ အထူးသဖြင့် သူတို့ပါ ရှိနေတာဆိုတော့"

* * * * * * * *

စာစဉ်(၃၁)

All Chapters