← Chapters

အခန်း (၃၇၅-၃၇၆)

Vol. 32 Ch. 375-376

အခန်း (၃၇၅-၃၇၆)

Vol. 32 Ch. 375-376

အခန်း(၃၇၅)

"ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ ဘယ်လိုခံစားရမလဲတောင် မသိတော့ဘူး" လို့ မိုက်ကယ်က သူ့နဖူးနှိပ်နယ်ရင်း ပြောလိုက်တယ်။

ဒီအကြောင်းကို သိလိုက်ရတာက သူ့စိတ်ဓာတ်ကို ကျဆင်းသွားစေမှာပါ။ အဲဒီအချိန်မှာပဲ ဗီရီယန်က သူတကယ် ကြားချင်နေတဲ့ စကားတစ်ခွန်းကို ပြောလိုက်တယ်။

"နတ်ဘုရားပန်းပဲဖို အပိုင်းအစကို ကြည့်ချင်လား"

ဒါပေါ့၊ သူက အရမ်းလိုချင်နေတဲ့ ခွေးလေးတစ်ကောင်လို ခေါင်းကို တဆတ်ဆတ်ငြိတ်ပြပြီး ဗီရီယန်ရဲ့နောက်ကိုလိုက်ကာ မှော်ကမ္ဘာငယ်လေးထဲ ပြန်ဝင်ခဲ့ကြတယ်။

နတ်သူငယ်တွေရဲ့ နယ်မြေထဲကို ကူးပြောင်းရောက်ရှိသွားတဲ့အချိန်မှာတော့ သူဟာ မီးလောင်ကျွမ်းထားတဲ့ သစ်ပင်အနည်းငယ်နဲ့ ပျက်စီးနေတဲ့ အသားမျှင်လက်တံတွေကို တွေ့လိုက်ရတယ်။ ဖလဲယားကော့ပ် စစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ပတ်ဝန်းကျင်ကို တော်တော်လေး ထိခိုက်ပျက်စီးစေခဲ့တာ အမှန်ပဲ၊ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ နတ်သူငယ်တွေရဲ့ ရွာကိုတော့ အများကြီး မထိခိုက်ခဲ့ပါဘူး။

မှိုဘုရင်က ရွာအပြင်ဘက်မှာ ထိုင်နေပြီး ဗီရီယန်အပြန်ကို စောင့်ရင်း သူ့ရဲ့ မှိုပွင့်ဖတ်လေးတွေကို လှုပ်ခါနေတယ်။ ဗီရီယန်က သူ့ရဲ့ အနီရောင်အပြောက်တွေပါတဲ့ ဦးထုပ်လေးကို ခပ်ဖွဖွပုတ်ပေးလိုက်တာနဲ့ မှိုဘုရင်က ရွှေလိုတလက်လက်တောက်ပနေတဲ့ အမှုန်တွေကို ဝမ်းသာအားရ မှုတ်ထုတ်လိုက်တော့တယ်။

"ကံကောင်းလို့ ဗီဗီရဲ့ ဒီသူငယ်ချင်းက မီးဒဏ်ကြောင့် အများကြီးမပျက်စီးအောင် တားဆီးပေးလိုက်နိုင်တာ" လို့ ဗီရီယန်က မှတ်ချက်ချလိုက်တယ်။

ဗီဗီက မှိုဘုရင်လို ကြယ်ခုနစ်ပွင့် သတ္တဝါမျိုးကို ဖန်တီးနိုင်တာ၊ ဒါမှမဟုတ် အမိန့်ပေးစေခိုင်းနိုင်တာကို မိုက်ကယ်က အခုထိ ယုံရခက်နေတုန်းပဲ။ သူ့မျက်စိထဲမှာတော့ ဒါက အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်လိုဖြစ်ပြီး ဗီဗီကတော့ သူ့နောက်ကို အမြဲတကောက်ကောက်လိုက်နေတဲ့ ပြဿနာရှာတတ်တဲ့ ကလေးမလေးတစ်ယောက်လိုပါပဲ။

"နတ်ဘုရားပန်းပဲဖို အပိုင်းအစက ဒီမှော်ကမ္ဘာငယ်လေးရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရှိတာ၊ ငါ့အိမ်ရဲ့ အောက်တည့်တည့်မှာပေါ့"

ဗီရီယန်က သူမရဲ့ ကိုယ်ပိုင်အိမ်ပေါ်မှာ ပျံဝဲပြီး တောင်ပံတွေကို ခတ်ခတ်ကာ တစ်အိမ်လုံးကို ဝန်းရံသွားစေမယ့် ရွှေရောင်ဖုန်မှုန့်လို အမှုန်အမွှားတွေကို လွှတ်ထုတ်လိုက်တယ်။ နောက်ဆုံးမှာတော့ အောက်ခြေမြေပြင်ကြီး မလှုပ်မယှက်မဖြစ်မီ ရွှေရောင်အလင်းတန်းတစ်ခုက မှိုအိမ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့တယ်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမရဲ့အိမ်က မြေပြင်ကနေ ကြွတက်လာပြီး အပေါ်ကို ဖြည်းဖြည်းချင်း ပျံတက်သွားတယ်။

"ဒါက ဟိုနာမည်ကြီးတဲ့ နတ်သူငယ် ဖုန်မှုန့်ပေါ့" လို့ မိုက်ကယ်က အံ့ဩတကြီး ပြောလိုက်တယ်။ သူ့ရဲ့ မှော်စွမ်းအင်ကို ကျွမ်းကျင်ပိုင်နိုင်မှုကြောင့် ဒီရွှေရောင်ဖုန်မှုန့်တွေက မန္တန်တစ်ခုကို ဖန်တီးဖို့ မှော်စွမ်းအင်တွေ စုစည်းထားတာသက်သက်ပဲဆိုတာ သူ သဘောပေါက်လိုက်တယ်။ အခြေခံအားဖြင့်တော့ ဒါက လေထဲပျံဝဲစေတဲ့ စွမ်းရည်ပေါ့။

မှိုအိမ်ရဲ့ အမြစ်တွေ မြေပြင်ကနေ ကျွတ်ထွက်သွားတာနဲ့အမျှ မြေသားတွေက လှုပ်ခတ်သွားပြီး အဖြူရောင်မီးလျှံတစ်ခု ပေါ်ထွက်လာတယ်၊ ထူးဆန်းတာက အဲဒီမီးလျှံက ပတ်ဝန်းကျင်က ဘယ်အရာကိုမှ လောင်ကျွမ်းခြင်းမရှိပါဘူး။

"ဒါကို ငါတို့က ထာဝရမီးလျှံလို့ ခေါ်တယ်" လို့ ဗီရီယန်က ပြောလိုက်ပြီး မီးလျှံတွေရဲ့ အလင်းရောင်က သူမရဲ့မျက်နှာပေါ်မှာ ဖြတ်ပြေးသွားတယ်။ "ငါတို့ရဲ့ ဒီတောအုပ်ထဲက ဘေးမဲ့တောလေးကို ထိန်းသိမ်းထားနိုင်အောင် ကူညီပေးခဲ့တာ ဒါပဲလို့ ငါတို့ ယုံကြည်ကြတယ်။

ငါတို့ရဲ့ ဘိုးဘွားတွေနဲ့ သူတို့မတိုင်ခင်က လူတွေအားလုံးက နတ်သူငယ်မျိုးနွယ်စုကို ဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ ကာကွယ်စောင့်ရှောက်ဖို့ ငါတို့ကို မှာကြားခဲ့ကြတယ်။ ငါတို့ထဲက အများစုကတော့ ဒါက ဒီမှော်ကမ္ဘာငယ်လေးနဲ့ ဒီနတ်ဘုရားပန်းပဲဖို အပိုင်းအစကို ကာကွယ်တာလို့ပဲ ထင်ခဲ့ကြတယ်။

ဒါပေမဲ့ မင်းနဲ့ ဆုံတွေ့ရတဲ့ ကံကြမ္မာက ငါတို့နတ်သူငယ်မျိုးနွယ်ကို ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ တစ်နေရာတည်းမှာ ငြိမ်နေဖို့မဟုတ်ဘူးဆိုတာ ငါ့ကို သဘောပေါက်စေခဲ့တယ်။ ဒါက ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါစီးဆင်းသွားတာလည်း ဖြစ်နိုင်တာပဲ။

လူသားတွေက အပြောင်းအလဲကြီးတစ်ခုနဲ့ ရင်ဆိုင်နေရပြီ။ ဒါကို ဒီမှော်ကမ္ဘာငယ်လေးထဲမှာတောင် ငါ ခံစားနေရတယ်။ လက်ရှိအခြေအနေက ဖြည်းဖြည်းချင်း ပြောင်းလဲနေပြီး ဒါက ငါတို့အတွက် ပြဿနာဖြစ်လာနိုင်တယ်။ အကယ်၍ မင်းနဲ့ ငါတို့နဲ့ မဆုံခဲ့ရင် ငါတို့က တခြားလူသားတွေနဲ့ မလွဲမသွေ မဟာမိတ်ဖွဲ့ဖို့ ဖိအားပေးခံရမှာ သေချာတယ်။

မင်းဘက်က ရပ်တည်တာက လာမယ့်အပြောင်းအလဲမှာ ငါတို့မျိုးနွယ်စုကို ကာကွယ်ရုံတင်မကဘဲ ပိုပြီးတော့လည်း တိုးတက်စေမယ်လို့ ငါ ယုံကြည်တယ်။

ငါ မင်းကို ပေးအပ်ပါတယ်... ငါတို့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစပေါ့"

မိုက်ကယ်က မြေကြီးထဲမှာ မြှုပ်နှံထားတဲ့ တဟုန်းဟုန်းတောက်လောင်နေတဲ့ အဖြူရောင်မီးလျှံဆီကို ပျံဝဲသွားလိုက်တယ်။ သူ နီးကပ်လာတာနဲ့အမျှ မြေကြီးထဲကနေ ထွက်ပေါ်လာတဲ့ သတ္တုရောင် တောက်ပမှုကို တွေ့လိုက်ရတယ်။

သူ့နှလုံးသားက စတင်လှုပ်ခတ်လာတာကို ခံစားလိုက်ရတယ်၊ ပိုပြီးတိတိကျကျပြောရရင် သူ့နှလုံးသားထဲက နတ်ဘုရားပန်းပဲဖို အပိုင်းအစပေါ့။ အဲဒါက သူ့ရဲ့ မျိုးတူစုကို အာရုံခံမိသွားတာပါ။

"စိတ်တော့မကောင်းပါဘူး၊ ဒါပေမဲ့ ငါတို့လက်ထဲမှာရှိတဲ့ အပိုင်းအစတွေက တခြားမျိုးနွယ်စုတွေ ကိုင်ဆောင်ထားတာတွေနဲ့ ယှဉ်ရင် သေးငယ်ပါတယ်။ ဒါပေမဲ့လည်း ဒါက မင်းရဲ့ ဒီဗာကို အဆင့်နှစ်ဆင့်အထိ ကျော်လွန်သွားစေနိုင်မှာပါ" လို့ ဗီရီယန်က သတိပေးလိုက်တယ်။

မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်ပြီး နတ်ဘုရားပန်းပဲဖို အပိုင်းအစဆီကနေ ခံစားလိုက်ရတဲ့ သဘာဝအလျောက် ဆွဲဆောင်မှု၊ ဒါမှမဟုတ် သံလိုက်စွမ်းအားရဲ့ ဆွဲငင်မှုကို ခွင့်ပြုလိုက်တယ်။

နောက်ဆုံးမှာတော့ သူ့ရဲ့လက်ဖဝါးက တဟုန်းဟုန်းတောက်လောင်နေတဲ့ အဖြူရောင်မီးလျှံကို ဖြတ်သန်းသွားခဲ့ပြီ။

သူ ထိတွေ့လိုက်တာနဲ့ မီးလျှံက သူဟာ ထိုက်တန်မှု ရှိ၊ မရှိ စမ်းသပ်တဲ့အလား ပိုပြီးတော့တောင် တောက်လောင်လာတယ်။ ဒီမီးက ဘယ်အရာကိုမဆို လောင်ကျွမ်းပြာချနိုင်တာပါ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့ရဲ့အရေပြားပေါ်မှာ သက်တံရောင်ဒိုင်းတစ်ခု ပေါ်လာပြီး အဖြူရောင်မီးလျှံကို တွန်းလှန်ပစ်လိုက်တာကြောင့် သူ ပိုပြီးတိုးသွားနိုင်ခဲ့တယ်။

မီးလျှံက အံ့ဩသွားတဲ့အလား စက္ကန့်ပိုင်းလောက် ငြိမ်သွားတယ်။ သူ့လက်ထဲက အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ် က ရင်းနှီးနေပြီး သူ့ရဲ့ကိုယ်ပိုင်မီးလျှံကို ဖြည့်ဆည်းပေးနေသလိုပဲ။

အဲဒီအချိန်မှာပဲ မြေပြင်က တုန်ခါသွားတယ်။ သတ္တုပိုင်းအစက ပွပွယွယွဖြစ်နေတဲ့ မြေကြီးထဲကနေ သူ့ဘာသာသူ ရုန်းထွက်လာတော့တယ်။ နတ်ဘုရားပန်းပဲဖို အပိုင်းအစက မြေကြီးထဲကနေ ပေါ်ထွက်လာပြီး မိုက်ကယ်ရဲ့အနားဆီကို တိုးဝင်လာခဲ့ပြီ။

နောက်ဆုံးမှာတော့ အဲဒါက မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့နှလုံးသားဆီကို ဒုန်းစိုင်းဝင်သွားပြီး မိုက်ကယ်ကို နောက်ပြန်လွင့်သွားစေကာ မှိုဘုရင်ရဲ့ ရင်ခွင်ထဲကို ကျရောက်သွားစေတယ်။

သူ အောက်ကို ငုံ့ကြည့်လိုက်တော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစက သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားပေမဲ့ ဒဏ်ရာလည်း မရှိသလို ဝင်သွားတဲ့ အပေါက်လည်း မတွေ့ရဘူး။ ဒါပေမဲ့ သူ ခံစားရတယ်။ အဲဒါက သူ့ရဲ့ အရေပြားနဲ့ ကလီစာတွေကို ကျော်ဖြတ်ပြီး သူ့နှလုံးသားရဲ့ အပေါ်ဘက် ကန့်လန့်ဖြတ်အဆို့ရှင် နှစ်ခုနားမှာ နေရာတစ်ခု ရှာတွေ့သွားတဲ့အထိပဲ။

ပြီးတော့ အဲဒါက သူ့နှလုံးသားမှာ ကပ်နေတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစအဟောင်းနဲ့ ဆုံတွေ့သွားတယ်။ အဲဒီနှစ်ခုက ပဟေဠိအပိုင်းအစတစ်ခုလို ကလစ်ခနဲ အံဝင်ခွင်ကျမဖြစ်မှီ ခဏလောက် တုံ့ဆိုင်းသွားကြတယ်။

သူတို့က မိုက်ကယ်ရဲ့နှလုံးသားထဲမှာ နောက်ဆုံးတော့ ပြန်လည်ဆုံတွေ့ခွင့်ရသွားတဲ့ ကွဲကွာနေတဲ့ ညီအစ်ကိုတွေလိုပါပဲ။

မိုက်ကယ်က ဒါနဲ့တင် ပြီးသွားပြီလို့ ထင်လိုက်တာ။ ဒါပေမဲ့ အဲဒီနောက်မှာတော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစနှစ်ခုက မကြုံစဖူး စွမ်းရည်တွေနဲ့ လှိုင်းထလာတော့တယ်။

ဒါက သူ့ရဲ့ မှော်စွမ်းအင် ကျွမ်းကျင်မှုနဲ့တောင် မတွန်းလှန်နိုင်တဲ့ ပြင်ပကလာတဲ့ စွမ်းရည်တစ်ခုပဲ။

သူ့ရဲ့ ဒီဗာက သူ့အပေါ်မှာ ပေါ်ထွက်လာတယ်။ စက်ရုပ်လို လက်တံကြီးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာကလွဲလို့ ဘာမှကိုင်ဆောင်မထားဘူး။

နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေဆီကနေ စွမ်းရည်တွေ တဒိန်းဒိန်း ခုန်လှုပ်နေတာကို သူ ခံစားလိုက်ရတာနဲ့အမျှ သူ့အပေါ်က ဒီဗာက စတင်လှုပ်ရှားလာတယ်။

ဗီရီယန်က အဲဒီကိုယ်ထည်မပါတဲ့ လက်ကြီးက စတင်ကြီးထွားလာတာကို မြင်တော့ သူမရဲ့လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတယ်။ လက်ကောက်ဝတ်ကနေ တံတောင်ဆစ်အထိ ဆက်သွားပြီး သူ့ရဲ့စက်ရုပ်တည်ဆောက်ပုံက ပိုပြီးပေါ်ထွက်လာတယ်။

အဆစ်ကို ရောက်သွားတာနဲ့ ကြီးထွားမှုက ရပ်တန့်သွားတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ ဒီဗာက မှေးမှိန်ပြီး ပျောက်ကွယ်သွားတော့တယ်။

နောက်ဆုံးတော့ မိုက်ကယ်က တန်ခိုးတွေ ငြိမ်သက်သွားတာကို ခံစားလိုက်ရတယ်။ သူက သူ့ရဲ့ ပုံမှန်စည်းချက်အတိုင်း ဖြည်းဖြည်းချင်း ပြန်ခုန်လာတဲ့ သူ့နှလုံးသားကို ဖိထားလိုက်တယ်။

သူက စိတ်တည်ငြိမ်အောင် ပြန်လုပ်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ မှော်စွမ်းအင်တွေ စုဆောင်းတာက ပြန်လည်ကောင်းမွန်လာဖို့ အထောက်အကူဖြစ်စေတယ်ဆိုတာ သူ သိလိုက်ရတယ်။

"ဟူး..."

သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာနဲ့ သူ့လက်တွေကို ကြည့်လိုက်ပြီး ထူးခြားတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ ဒီဗာက သူ့အပေါ်မှာ မရှိနေရင်တောင် အဲဒီရဲ့ တည်ရှိမှုကို သူ ခံစားနိုင်နေပြီ။ ဒါတင်မကဘဲ သူ နိုးထတော့မယ့် တန်ခိုးအသစ်၊ ဒါမှမဟုတ် စွမ်းရည်အသစ်ကိုလည်း သူ စတင်အာရုံရနေပြီ။

ဒါက လက်အသစ်တစ်ဖက် ရလိုက်သလိုမျိုးပဲ။ ဒါပေမဲ့ ဒီလက်က ထုံကျင်နေဆဲဖြစ်ပြီး သူ ထိန်းချုပ်လို့ မရသေးတဲ့ အရာတစ်ခုပေါ့။

ဒါပေမဲ့လည်း ဒါက အရင်ကထက်စာရင် အများကြီး ကွာခြားသွားတာပါ။ အရင်တုန်းကဆိုရင် သူက သူ့ရဲ့ စွမ်းရည်အသစ်ကိုတောင် မခံစားနိုင်ခဲ့ဘူး။

အခုဆိုရင် သူသာ လိုချင်ရင် အဲဒီသတ္တုချော်ရည်တွေကို လှုပ်ရှားအောင် လုပ်နိုင်ပြီလို့ သူ ခံစားနေရတယ်။

သူကတော့ တိုးတက်မှုကောင်းတွေ ရခဲ့ပြီလို့ ထင်နေပေမဲ့ ဗီရီယန်ကတော့ တခြားစီ တွေးနေတယ်။

"ဒါပဲလား။ မင်းက ဒီနတ်ဘုရားပန်းပဲဖို အပိုင်းအစနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းရဲ့ တတိယအဆင့်ကို ကျော်လွန်သွားရမှာလေ။ ဒါပေမဲ့ မင်းက ပထမအဆင့်မှာပဲ ရှိနေသေးတယ်"

မိုက်ကယ်က မျက်လုံးကိုမှိတ်ပြီး သူ့ဒီဗာရဲ့ တည်ရှိမှုကို ကြည့်လိုက်တယ်။ အဲဒါက သိသိသာသာ ကြီးထွားလာတာ မှန်ပေမဲ့ လက်တစ်ဖက်လုံး ဖြစ်ပေါ်လာဖို့တော့ မလုံလောက်သေးဘူး။

"မင်းရဲ့လက်မကနေ ရင်ဘတ်အထိ နည်းနည်းလောက် ကြီးထွားလာရမှာလေ။ ဒါပေမဲ့ အဲဒီအစား မင်းက ဒုတိယအဆင့်ရဲ့ တစ်ဝက်လောက်ပဲ ရောက်သေးတယ်"

"ငါ့လို သဘာဝအလျောက် မက်ဂ်နက်တစ် ဖြစ်တဲ့သူတွေက ကျင့်ကြံဖို့အတွက် နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ပိုလိုတာ ထင်တယ်..."

ဗီရီယန်က အလေးအနက် တွေးတောနေတယ်။ သူမရဲ့စိတ်ထဲမှာတော့ ဒါက မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့လည်း သဘာဝအလျောက် မက်ဂ်နက်တစ်တွေအကြောင်း သူမရဲ့အသိပညာက သူမထင်ထားသလောက် မနက်နဲတာလည်း ဖြစ်နိုင်တာပဲ။

"ငါလည်း မသိတော့ဘူး။ ဒါပေမဲ့ ဒီပုံစံအတိုင်းဆိုရင် မင်းက အဆင့်တွေကို ကျော်ဖြတ်ဖို့အတွက် သာမန် မက်ဂ်နက်တစ်တစ်ယောက်ထက် နှစ်ဆလောက် ပိုကြိုးစားရမယ့်ပုံပဲ"

မိုက်ကယ်က ဒါကို စိတ်ပျက်သွားပေမဲ့လည်း ရွေးချယ်စရာ မရှိပါဘူး။ သူက သူ့ရဲ့ ဒီဗာကို နည်းနည်းလေးဖြစ်ဖြစ် တိုးတက်အောင် လုပ်နိုင်ခဲ့တာကိုပဲ ကျေးဇူးတင်နေမိတယ်။

အနည်းဆုံးတော့ အခု သူက သူ့ရဲ့ စွမ်းရည်အသစ်ကို နိုးထဖို့ ကြိုးစားလို့ ရပြီပေါ့။

* * * * * * * *

စာစဉ်(၃၂)

အခန်း(၃၇၆)

“မင်း အခု အာရုံစိုက်မှ ရတော့မယ်”

မိုက်ကယ်ရဲ့ မျက်နှာနားမှာ ဝဲပျံနေရင်း ဗီရီယန်က တိုးတိုးကပ်ပြောလိုက်တယ်။

“မင်းခန္ဓာကိုယ်ထဲမှာ ခံစားနေရတဲ့ တန်ခိုးတွေ တိုးလျှံတက်လာတာဟာ မင်းရဲ့ စွမ်းရည်ကို နှိုးဆွပေးဖို့ ကူညီပေးလိမ့်မယ်”

သူ့ရဲ့ ရင်ဘတ်ကို သူ ငုံ့ကြည့်လိုက်တဲ့အခါ နတ်ဘုရားပန်းပဲဖိုအသစ်က သူ့နှလုံးသားထဲမှာ အခြေကျဖို့ စတင်ပြင်ဆင်နေတာကို တွေ့လိုက်ရတယ်။ အဲဒါက အထဲမှာ တလူးလူးတလွန့်လွန့်နဲ့ အဆင်ပြေဆုံးနေရာကို လိုက်ရှာနေတာပါ။ ဒါကြောင့်ပဲ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ တန်ခိုးတွေ တဟုန်ထိုး တက်လာပြီး စွမ်းရည် နိုးထခါနီး အခြေအနေအထိ တွန်းပို့ပေးနေတာ ဖြစ်တယ်။

“အာရုံစိုက်စမ်း။ မင်းရဲ့ စွမ်းရည်ဆိုတာ မင်းရဲ့ ပင်ကိုယ်ဗီဇအတိုင်း အထဲမှာ ရှိပြီးသားအရာပဲ။ မင်း ဘယ်အရာမှာ အကျွမ်းကျင်ဆုံးလဲဆိုတာ မင်းကိုယ်တိုင် အသိဆုံး ဖြစ်ရမယ်”

ဘေးကနေ အကျိုးအကြောင်း ထောက်ပြပြောဆိုပေးနေတဲ့ လူကြီးတစ်ယောက်လို ဗီရီယန်က ဆက်ပြောနေတယ်။

မိုက်ကယ် မျက်လုံးတွေကို မှိတ်ပြီး အာရုံ စူးစိုက်လိုက်ပါတယ်။ သတ္တုချော်ရည်တွေ လှုပ်ရှားသွားတဲ့ အချိန်တုန်းက သူ ဘာတွေ တွေးနေခဲ့လဲဆိုတာကို ပြန်စဉ်းစားကြည့်မိတယ်။

'ငါ သဟဇာတသေနတ် အကြောင်း တွေးနေခဲ့တာပဲ' လို့ သူ ကိုယ့်ဘာသာ ပြန်တွေးလိုက်တယ်။ 'အဲဒါက သိပ်ပြီး ထိရောက်မှု မရှိဘူးလို့ ငါထင်တယ်။ သေနတ်တစ်ခါပစ်တိုင်း တစ်ခါ ပြန်ကျည်ဖြည့်နေရတာကို ငါမလိုချင်ဘူး'

သူက ပစ္စတိုသေနတ်ပုံစံကို နမူနာယူပြီး ဖန်တီးထားတာမို့လို့ သူ့လက်နက်ရဲ့ ပစ်ခတ်နှုန်းက သိပ်ကို နှေးကွေးလွန်းလှတယ်။ သူ့လက်ချောင်းတွေကြားထဲမှာ သေနတ်တစ်ခါ ကျည်ဖြည့်လိုက်တိုင်း ခန္ဓာကိုယ်ထဲက မှော်စွမ်းအင် ရှစ်ခုလုံးကို ထုတ်သုံးပြီး အတူတူ ဖိသိပ်ခြေဖျက်ရတယ်။ အဲဒီလို လုပ်မှသာ ကျည်ဆန်နဲ့ တွန်းကန်ပစ်လွှတ်မယ့် ပေါက်ကွဲမှုက ဖြစ်ပေါ်လာတာပါ။

တိုက်ပွဲအရှိန် ပြင်းထန်နေတဲ့ အချိန်မှာတော့ သူ့ရဲ့ မသိစိတ်က ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရင်း သူ့ရဲ့ စွမ်းရည်ကို စတင်နှိုးဆွပေးခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို လွှတ်ပေးလိုက်တယ်။ ဖလဲယားကော့ပ် စစ်သည်တော်တွေ ဝိုင်းရံထားပြီး သူ့အသက်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ အဲဒီအခိုက်အတန့်ကို စိတ်ထဲမှာ ပြန်လည် ပုံဖော်ကြည့်နေမိတယ်။

[မင်းရဲ့ စိတ်အာရုံထဲမှာ ပုံရိပ်ယောင် တိုက်ပွဲဆင်နွှဲမှု စနစ်တစ်ခု ဖန်တီးနေပါတယ်...]

နိုဗာက သူ့ရဲ့ စိတ်ထဲကို ကုဒ်နံပါတ်အစုအဝေးတွေ တင်ပေးလိုက်တာကြောင့် တောအုပ်ရဲ့ ပုံရိပ်ယောင်မြင်ကွင်းကို သူ့စိတ်ထဲမှာ မြင်တွေ့လိုက်ရတယ်။

ဒီတောအုပ်ဟာ သူ တကယ် ရောက်နေခဲ့တဲ့ တောအုပ်နဲ့ တစ်ထေရာတည်း တူညီနေတာပါ။ ပတ်ပတ်လည်မှာ မီးလောင်ထားတဲ့ မြက်ခင်းတွေနဲ့ လဲပြိုနေတဲ့ သစ်ပင်တွေအထိ ပါဝင်နေပြီး မူရင်းနေရာအတိုင်း အပြည့်အစုံ ကူးယူထားသလိုမျိုး ဖြစ်နေတယ်။

အဲဒီနောက်မှာတော့ ဖလဲယားကော့ပ် စစ်သည်တော်တွေ သူ့ရှေ့တည့်တည့်မှာ ရုတ်တရက် ပေါ်လာပါတယ်။ သူတို့က အချိန်တွေ ရပ်တန့်သွားသလိုမျိုး တစ်နေရာတည်းမှာ တောင့်တောင့်ကြီး ရပ်နေကြတယ်။

သူတို့ပုံစံက တကယ့်လူတွေအတိုင်း ဖြစ်နေလွန်းလို့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအင် အရိပ်အယောင်တွေကိုတောင် မြင်နေရတယ်။ နိုဗာရဲ့ မှော်ကျင့်စဉ် ခွဲခြမ်းစိတ်ဖြာမှု အကူအညီကြောင့် သူတို့တွေဟာ တကယ့်လူတွေလိုပဲ မှော်မန္တန်တွေကို အစစ်အမှန်အတိုင်း သုံးနိုင်မယ်ဆိုရင်တောင် သူ အံ့ဩမိမှာ မဟုတ်တော့ဘူး။

[ဒါကို ဘယ်လောက်အထိ အစစ်အမှန်နဲ့ တူစေချင်လဲ။ ကျေးဇူးပြုပြီး အဆင့် ၁ ကနေ ၁၀ အထိ သတ်မှတ်ပေးပါ]

အင်း... အဆင့် ၈ လောက်ဆိုရင် အတော်ပဲ ထင်တယ်။

[နားလည်ပါပြီ]

ဗီဒီယိုဂိမ်းတစ်ခုလိုပဲ မိုက်ကယ်ရဲ့ အမြင်အာရုံထဲမှာ ဂဏန်းတွေ နောက်ပြန်ရေတွက်နေတာ ပေါ်လာတယ်။

[ပုံရိပ်ယောင်စမ်းသပ်မှုကို ၃... ၂... ၁... မှာ စတင်ပါမယ်...]

သူ့ရှေ့မှာ အစိမ်းရောင်နဲ့ [စပါပြီ] ဆိုတဲ့ စာတန်း လင်းခနဲ ပေါ်လာတာနဲ့တစ်ပြိုင်နက်... ငြိမ်သက်နေတဲ့ ဖလဲယားကော့ပ် စစ်သည်တော်တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်စက်ရုပ်တွေလိုမျိုး ချက်ချင်းပဲ သက်ဝင်လှုပ်ရှားလာကြတော့တယ်။

“သူ့ကို ဝိုင်းတိုက်ကြ”

ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ စစ်သည်တစ်ယောက်က သွေးဆာနေတဲ့ အသံနဲ့ အော်ဟစ်အမိန့်ပေးလိုက်တယ်။

မိုက်ကယ်ကတော့ သူ့ပတ်ပတ်လည်မှာ ပေါ်ထွက်လာတဲ့ နိုဗာရဲ့ အစစ်အမှန်နီးပါး တူလှတဲ့ ပုံရိပ်ယောင် ဗိသုကာ ဖန်တီးမှုကို ကြည့်ပြီး အံ့ဩတကြီး စိုက်ကြည့်နေမိတာပေါ့။ သေသေချာချာ မသိရင်တော့ ဒါက နိုဗာ ဖန်တီးပေးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာတစ်ခု မဟုတ်ဘဲ တကယ့်အစစ်အမှန်ကြီးလို့ သူ ထင်မိမှာ သေချာတယ်။

ဝုန်း...

စစ်သည်သုံးယောက်က မီးတောက်တွေ တောက်လောင်နေတဲ့ ဓားတွေကို လေထဲမှာ အရှိန်ပြင်းပြင်း ဝှေ့ယမ်းလိုက်တဲ့အခါ၊ မီးလျှံ ပျားပုတုံးငှက်တွေ ဥက္ကာပျံတွေလိုတရဟော ထွက်ပေါ်လာပြီး မိုက်ကယ်ဆီကို တဟုန်ထိုး တိုးဝင်လာကြတော့တာပဲ။

သူ့ရဲ့ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ် ပေါ်လာလိမ့်မယ်လို့ တွေးပြီး မိုက်ကယ်တစ်ယောက် ယုံကြည်ချက်အပြည့်နဲ့ ငြိမ်ရပ်နေမိတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အဲဒီအကာအကွယ်က လုံးဝ ပေါ်မလာခဲ့ပါဘူး။

ချက်ချင်းပဲ... မီးလျှံငှက်တွေက သူ့ရဲ့ရင်ဘတ်ဆီကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်ပြီး မီးတောက်တွေ ဝုန်းခနဲ ပေါက်ကွဲထွက်သွားတာကြောင့် မိုက်ကယ်တစ်ယောက် လေထဲကို တန်းခနဲ လွင့်ထွက်သွားပြီး အနောက်က သစ်ပင်တစ်ပင်ဆီကို ဝုန်းခနဲ သွားဆောင့်မိပါတော့တယ်။

“အဟွတ်... အဟွတ်...”

သူ သတိပြန်ဝင်လာလို့ ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့အဝတ်အစားတွေက စုတ်ပြဲပြီး လောင်ကျွမ်းနေတာကို တွေ့လိုက်ရတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့ အရေပြားတွေပါ ပေါက်ကွဲမှုဒဏ်ကြောင့် မီးလောင်ဖုတွေ ထွက်ပြီး သွေးချင်းချင်းနီအောင် ဒဏ်ရာရသွားခဲ့တာပေါ့။

သူ ခံစားလိုက်ရတဲ့ အသည်းခိုက်မတတ် နာကျင်မှုက တကယ့်အစစ်အတိုင်းပါပဲ။ အစစ်အမှန်အဆင့်ကို '၈' လို့ ရွေးထားခဲ့တာမို့ နိုဗာက နာကျင်မှုကို နည်းနည်းတော့ လျှော့ချပေးထားပုံရတယ်လို့ သူ ခန့်မှန်းလိုက်မိတယ်။ ဒါဟာ သူ ဒီကမ္ဘာကို ပြန်လည်ဝင်စားပြီးကတည်းက ပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန် ဒဏ်ရာရဖူးတာ ဖြစ်ပါတယ်။

[ မင်းရဲ့ လုံခြုံရေးအကာအကွယ်တွေကို ပြန်ဖွင့်ပေးရမလား] နိုဗာက စိုးရိမ်တကြီး မေးလိုက်တယ်။

'မလိုဘူး။ ငါ့ရဲ့ စွမ်းရည်အစစ်အမှန်တွေ နိုးထလာဖို့အတွက် ငါ့မှာ တကယ့်သေရေးရှင်ရေး တိုက်ပွဲရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ခံစားချက်မျိုး လိုအပ်တယ်'

သူ အဲဒီလို တွေးလိုက်ရုံပဲရှိသေးတယ်... စစ်သည်ဆယ်ယောက်လုံးက သူ့ကို အသက်ရှူချောင်ခွင့် တစ်စက္ကန့်တောင်မပေးဘဲ အရပ်မျက်နှာအနှံ့ကနေ ဝိုင်းအုံ တိုးဝင်လာကြပြန်တယ်။ သူတို့က အခွင့်အရေးရတိုင်း သူ့ကို အမိအရ ချေမှုန်းဖို့ သူတို့ရဲ့ အပြင်းထန်ဆုံး မီးဒြပ်စင်မန္တန်တွေကို အကုန်ထုတ်သုံးပြီး တရစပ် ဖိတိုက်နေကြတာပါ။

သူ့မှာ အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ် မရှိတော့တာမို့လို့ မိုက်ကယ်ကပဲ ပိုပြီး ဦးဆောင်လှုပ်ရှားကာ ကာကွယ်ရေးအတွက် ဧရာမ ရေတံတိုင်း တွေကို ဝုန်းခနဲ ဆွဲတင်လိုက်ပြီး သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ မီးတောက်ဓားချက်တွေကို တားဆီးဟန့်တားလိုက်ရတယ်။

တစ်ချိန်တည်းမှာပဲ ပျံသန်းခြင်း စွမ်းရည်ကလည်း သူ့အတွက် အကောင်းဆုံး လက်နက် ဖြစ်လာခဲ့တယ်။ အကယ်၍ သူသာ မြေပြင်မှာပဲ ပိတ်မိနေရင် ခံရမယ့် အကွက်ကျကျ ပေါင်းစပ်တိုက်ကွက်တွေကို ရှောင်ကွင်းဖို့အတွက် အဲဒီစွမ်းရည်ကိုပဲ သုံးပြီး လေထဲမှာ စွန်တစ်ကောင်လို ပေါ့ပေါ့ပါးပါးလေး ပျံသန်းရှောင်ကွင်းနေခဲ့ရလို့ပါပဲ။

နောက်ဆုံးတော့ သူ တောင့်ခံမနေတော့ဘဲ လက်ကို မြှောက်လိုက်ပြီး လက်ညှိုးနဲ့ လက်မကို သေနတ်ပုံစံ လုပ်လိုက်တယ်။ ပေါင်းစည်းခြင်းရဲ့ ဆန်းကြယ်တဲ့တန်ခိုးတွေက သူ့ရဲ့ လက်ညှိုးဆီ လှိုင်းလုံးလို စီးဆင်းသွားချိန်မှာပဲ... စစ်သည်တစ်ယောက်က ဓားဖျားမှာ မီးတောက်ဝိုင်းကြီးတွေ ဒေါသတကြီး လည်ပတ်နေတဲ့ ဓားကွက်နဲ့ သူ့ဆီကို မိုးပေါ်ကနေ ငုံ့လျှိုးထိုးစိုက်ချလာတယ်။

ဓားချက် သူ့ရဲ့ဦးခေါင်းဆီ မထိမှန်ခင် မီလီစက္ကန့်ပိုင်းအလိုမှာပဲ မိုက်ကယ်က စိတ်ထဲကနေ မောင်းခလုတ်ကို ဖြတ်ခနဲ ဆွဲလိုက်ပြီး ပေါင်းစည်းခြင်းကျည်ဆန်တစ်တောင့်တည်းနဲ့ ဓားရော၊ အဲဒီစစ်သည်ကိုပါ တည့်တည့် ပစ်ခတ်လိုက်ပါတော့တယ်။

ဒုန်း...

အဲဒီစစ်သည်က လေထဲမှာ တစ်စက္ကန့်လောက် ငြိမ်ကျသွားပြီး... ဂိမ်းထဲကလိုမျိုး ပစ်ဇယ်တုံးလေးတွေအဖြစ် ဝုန်းခနဲ ပြိုကွဲ ပျောက်ကွယ်သွားတော့တာပဲ။

သူ နောက်တစ်ချက် ထပ်မပြင်နိုင်သေးခင်မှာတင် ကျန်တဲ့ စစ်သည်ရှစ်ယောက်က သွေးပျက်စရာကောင်းတဲ့ အရှိန်အဟုန်နဲ့ သူရှိတဲ့နေရာကို ဝိုင်းအုံလာပြီး လက်နက်တွေကို အရပ်မျက်နှာအနှံ့ ဝှေ့ယမ်း တိုက်ခိုက်ကြပြန်တယ်။

ဒါပေမဲ့ မိုက်ကယ်က ပိုပြီးမြန်ပါတယ်။ သူက သူ့ကိုယ်သူ အမှောင်ထုထဲက အရိပ်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲလိုက်ပြီး သူတို့ရဲ့ တိုက်ကွက်အားလုံးကို ဟာလာဟင်းလင်း ဖြစ်သွားအောင် ရှောင်ကွင်းကာ ဝိုင်းရံထားတဲ့ကြားကနေ ဖျတ်ခနဲ လွတ်မြောက်သွားခဲ့တယ်။

စစ်သည်တွေက သူ့ကို ရှာဖို့ ဇဝေဇဝါနဲ့ ပတ်ပတ်လည်ကို လာလှည့်ကြည့်လိုက်ချိန်မှာတော့... သစ်ပင်တွေရဲ့ အပေါ်ဘက်ကနေ ပေါင်းစည်းခြင်းတန်ခိုး အလင်းတန်းတစ်ခုက ဥက္ကာပျံလို ကျရောက်လာပြီး နောက်ထပ် စစ်သည်တစ်ယောက်ကို တည့်တည့်ထိမှန်ကာ ပစ်ဇယ်တုံးလေးတွေအဖြစ် ခြေဖျက်ပစ်လိုက်ပြန်တယ်။

သူတို့က ကျဆုံးသွားတဲ့ ရဲဘော်အတွက် ဝမ်းနည်းဖို့ နေနေသာသာ၊ အပေါ်ကို ချက်ချင်း ပြေးတက်လာပြီး သူ့ဆီကို မီးတောက်မန္တန်တွေကို မိုးပိုးရွာသလို လှမ်းပစ်ကြတော့တာပဲ။ ဒါပေမဲ့ သူတို့ ကံဆိုးသွားတာကတော့ မိုက်ကယ်ဟာ အရိပ်တွေထဲကို ထပ်မံ ပျောက်ကွယ်သွားပြန်တာကြောင့် ဘယ်နေရာမှာမှ ရှာမတွေ့တော့တာပဲ။

သူက ဒီအတိုင်းပဲ အရိပ်ထဲမှာ နဂါးတစ်ကောင်လို ပုန်းအောင်းနေပြီး သူတို့ရဲ့ အာရုံလွှဲသွားတဲ့ အချိန်ကျမှ သဟဇာတသေနတ် နဲ့ အလစ်အငိုက် လှမ်းလှမ်းပစ်တဲ့ ဗျူဟာအတိုင်း ဆက်လုပ်နေခဲ့တယ်။

မကြာခင်မှာပဲ သူ ဘာမှ အားစိုက်ထုတ်စရာမလိုဘဲ သူတို့ရဲ့ ထက်ဝက်လောက်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တာပေါ့။ သူ့ရဲ့ ကုန်ခမ်းမှုမရှိတဲ့ မှော်စွမ်းအင်တွေနဲ့ အဆုံးမရှိတဲ့ မှော်မန္တန်အမျိုးမျိုးကြောင့် အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ် မရှိတော့ရင်တောင် ဒီ ကြယ်ငါးပွင့်စစ်သည်တွေကို အလွယ်တကူ လက်လှည့်သလို ကစားနိုင်နေတာပါ။

သူတို့အားလုံးကို ထပ်ပြီး အနိုင်ယူဖို့ဆိုတာ အချိန်ပိုင်းမျှသာ လိုတော့တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ ဒီပုံရိပ်ယောင်တိုက်ပွဲဟာ သူ့ရဲ့ စွမ်းရည်အစစ်အမှန် နိုးထလာဖို့အတွက် ဘာမှ အထောက်အကူ မပြုခဲ့ပါဘူး။

'နိုဗာ... ငါ့အတွက် ဒီထက်မက ပိုပြီး သေရေးရှင်ရေးဆန်တဲ့ စိန်ခေါ်မှုမျိုး လိုချင်တယ်'

[ နားလည်ပါပြီ ... ပုံရိပ်ယောင်စမ်းသပ်မှုရဲ့ အခက်အခဲအဆင့်ကို အမြင့်ဆုံးအထိ မြှင့်တင်နေပါတယ် ... ၃ ... ၂ ... ၁ ... ]

ဝုန်း...

တိုက်ပွဲက ပိုပြီးကြောက်စရာကောင်းတဲ့ အရှိန်အဟုန်နဲ့ တစ်ကျော့ပြန် စတင်လာခဲ့တယ်။ ကျန်နေတဲ့ စစ်သည်ငါးယောက်က မိုက်ကယ်ကို စိုက်ကြည့်လိုက်တဲ့ မျက်လုံးချင်းအကြည့်မှာတင် တစ်ခုခု ထူးခြားပြောင်းလဲသွားတာကို သူ ဗီဇအသိနဲ့တင် ခံစားလိုက်ရတယ်။

သူက အရိပ်အဖြစ် ချက်ချင်း ပြောင်းလဲပြီး သစ်ပင်တစ်ပင်ရဲ့ အမှောင်ထောင့်ထဲကို ဆုတ်ခွာလိုက်ကာ၊ ထွက်လာပြီး သဟဇာတသေနတ် နဲ့ ပစ်ဖို့ အကောင်းဆုံးအချိန်ကို စောင့်ဆိုင်းနေခဲ့မိတာပေါ့။

အဲဒီအချိန်မှာပဲ. မယုံနိုင်စရာကောင်းတာက စစ်သည်ငါးယောက်လုံးက သူ အရိပ်အဖြစ် ပြောင်းလဲပုန်းအောင်းနေတာကိုတောင် ကွက်ကွက်ကွင်းကွင်း သိနေသလိုမျိုး သူ့ဆီကို တည့်တည့်ကြီး လှည့်ကြည့်လာကြတယ်။ ဒါတင်မကသေးဘဲ သူတို့ရဲ့ခန္ဓာကိုယ်တွေကလည်း အမှောင်ထု အရိပ်အဖြစ် ချက်ချင်း ပြောင်းလဲလိုက်ကြပြီး၊ တောအုပ်တစ်ခုလုံးကို လွှမ်းမိုးကာ သူ့နောက်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်နဲ့ လိုက်လံ အမဲလိုက်ကြတော့တယ်။

“ဒါက... ဒါက ဘာကြီးလဲ” မိုက်ကယ် မျက်ခုံးပင့်ရင်း တိုးတိုးရေရွတ်မိသွားခဲ့တယ်။

စစ်သည်ငါးယောက်က အရိပ်အသွင်နဲ့ သစ်ပင်တွေကို ဝါးမြိုဖြတ်ကျော်ပြီး သူ့နောက်ကို တရစပ် လိုက်လံ လှုပ်ရှားနေချိန်မှာ မိုက်ကယ်က ရုတ်တရက် တယ်လီပို့လုပ်ပြီး သူတို့ရဲ့ နောက်ကျောဘက်မှာ လျှပ်ခနဲ ပေါ်လာကာ ပစ်ခတ်ဖို့ လက်ကို မြှောက်လိုက်တယ်။

သူ မောင်းခလုတ်ကို ဆွဲလိုက်တဲ့အခါ စူးရှတဲ့အလင်းတန်းက သူ အာရုံစူးစိုက်ထားတဲ့ နေရာဆီ တည့်တည့် ပြေးထွက်သွားခဲ့တာပေါ့။

ဒါပေမဲ့ အံ့ဩစရာကောင်းတာက စစ်သည်တွေအားလုံးဟာ မောင်းခလုတ်ဆွဲလိုက်တဲ့ အချိန်နဲ့ တစ်ထေရာတည်းမှာပဲ. လျှပ်စီးလို မြန်ဆန်တဲ့အရှိန်နဲ့ တယ်လီပို့လုပ်ပြီး ရှောင်ကွင်းသွားကြတာကြောင့် မျက်စိတစ်မှိတ်အတွင်း ရောက်သွားတဲ့ ကျည်ဆန်ကို လွတ်အောင် ရှောင်နိုင်ခဲ့ကြတယ်။

ဝုန်း...

သူတို့က မိုက်ကယ်ရဲ့ နောက်ကျောဘက်မှာ သရဲတစ္ဆေတွေလို ပြန်လည် ပေါ်လာပြီး ဓားတွေကို အဟုန်ပြင်းပြင်း ဝှေ့ယမ်းကာ သူ့ဆီကို တရစပ် တိုးဝင်လာကြတော့တယ်။

သူတို့ တစ်ယောက်ချင်းစီက မတူညီတဲ့ ဒြပ်စင်အစွမ်းတွေကို ပြသနေကြတာ ဖြစ်တယ်။ တစ်ယောက်က ကောင်းကင်ယံက မိုးကြိုး၊ တစ်ယောက်က လှိုင်းလုံးကြီးတွေလို ရေ၊ တစ်ယောက်က လေဆင်နှာမောင်းလို လေ၊ တစ်ယောက်က တောင်ပူစာလို မြေ ဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ အမှောင်နဲ့ အရိပ်မန္တန်တွေကို စုပေါင်းပြီး သုံးစွဲနေကြတာပါ။

သူ့ရဲ့ သဟဇာတသေနတ် ကျည်ပြန်ဖြည့်နေတဲ့ မီလီစက္ကန့်ပိုင်း အချိန်အတွင်းမှာပဲ မိုက်ကယ်က လက်ကို ဝှေ့ယမ်း မြှောက်လိုက်ပြီး သူ့ရဲ့ ပတ်ပတ်လည်မှာ ဆန်းကြယ်တဲ့ မှော်စက်ဝိုင်းငါးခုကို တစ်ပြိုင်တည်း ဖန်တီးလိုက်တယ်။

စက်ဝိုင်းတစ်ခုစီက ဖလဲယားကော့ပ် စစ်သည်တွေ သုံးစွဲတဲ့ သီးခြားမန္တန်တွေကို ပြန်လည် တန်ပြန်ချေဖျက်နိုင်မယ့် ဒြပ်စင်တွေနဲ့ ပြုလုပ်ထားတဲ့ ရိုးရှင်းပြီး ခိုင်မာလှတဲ့ တံတိုင်းတစ်ခုစီကို ဝုန်းခနဲ ထွက်ပေါ်လာစေပါတယ်။

သူ့ရဲ့ ခုခံမှုက ထိရောက်မှုရှိခဲ့တာကြောင့် သူတို့ရဲ့ ပြင်းထန်လှတဲ့ တိုက်ကွက်တွေကို လွှဲပြောင်းပေးနိုင်ခဲ့ပြီး၊ ဓားချက်တွေ ဟာလာဟင်းလင်း ဖြစ်သွားတဲ့ အခိုက်အတန့်မှာပဲ မိုက်ကယ်က မျက်လုံးတွေ လင်းခနဲဖြစ်သွားကာ ပြန်လည် တိုက်စစ်ဆင်လိုက်တော့တယ်။

ဒြပ်စင်ကျည်ဆန် အမြောက်အမြားဟာ စစ်သည်တွေဆီကို ကောင်းကင်က မိုးရွာချလိုက်သလိုမျိုး ပြင်းထန်လှတဲ့ အရှိန်အဟုန်နဲ့ ကျရောက်သွားခဲ့ပါတော့တယ်။

ဒါပေမဲ့ အဲဒီကျည်ဆန်တွေ မထိမှန်ခင် စက္ကန့်ပိုင်းအလိုမှာပဲ သူတို့ရဲ့ ပတ်ပတ်လည်မှာ ရောင်စုံလင်းလက်နေတဲ့ ဒိုင်းကာတစ်ခု ပေါ်လာပြီး မိုက်ကယ်ရဲ့ မန္တန်ကို အစွမ်းမဲ့သွားအောင် လုပ်ဆောင်လိုက်တော့တယ်။

* * * * * * * *

All Chapters