အခန်း (၃၇၉-၃၈၀)
Vol. 32 Ch. 379-380
အခန်း(၃၇၉)
ဇိုင်ယွန်ရဲ့ လက်သီးတစ်ချက်တည်းနဲ့တင် သူတို့အပေါင်းအဖော် အယောက်နှစ်ဆယ်လောက် ပိပြားသွားတာကို မြင်လိုက်ရတော့ ဓားပြတွေအားလုံး မျက်လုံးထဲမှာ ကြောက်စိတ်တွေ အတိုင်းသား ပေါ်လာကြတော့တာပဲ။
အနီရောင်အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းကြီး မြေပြင်ပေါ်ကို ဆင်းသက်လိုက်တာနဲ့ ဓားပြတွေလည်း ဆက်မပြေးရဲတော့ဘဲ သူ့အနားကနေ ခပ်လှမ်းလှမ်းမှာပဲ အကွာအဝေးတစ်ခု ခြားပြီး နေကြတယ်။ ဒါပေမဲ့လည်း ဇိုင်ယွန်ကတော့ သူတို့ကို လိုက်လံရှာဖွေပြီး ဖျက်ဆီးအားပြင်းတဲ့ လက်သီးချက်တွေကို မရပ်မနား ထိုးနှက်နေတုန်းပါပဲ။ လက်သီးခပ်သွက်သွက် ဘယ်နှချက်တင် ဓားပြငါးဆယ်လောက် လေထဲကို ပျံတက်လွင့်ထွက်သွားရတယ်လေ။
ပျင်းရိလှပါတယ်ဆိုတဲ့ ဂျာကူကလည်း သူတို့နောက်မှာ ကျန်မနေခဲ့ဘူး။
ဓားပြတွေက သူတို့ရဲ့ ကြယ်လေးပွင့်မန္တန်တွေ၊ ဓားမြှောင်တွေကို ကိုင်ပြီး သူ့ဆီ ပြေးဝင်လာတဲ့အခါမှာတော့ ဂျာကူက တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့ဓားကို အိမ်ကနေ ဆွဲထုတ်လိုက်ပါတယ်။
သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ အပြာရောင်လျှပ်စီးတွေ တဖြတ်ဖြတ်နဲ့ လက်လာပြီး လျှပ်စစ်စွမ်းအင်စစ်စစ်အဖြစ် ပြောင်းလဲသွားကာ သူ့ဆီ ပြေးလာနေတဲ့ ဓားပြတွေကို အလျားလိုက် လျှပ်စီးတန်းကြီးတစ်ခုနဲ့ ဖြတ်သန်းရိုက်ခတ်လိုက်တယ်။
အပြာရောင်လျှပ်စီးဒဏ်ကို ခံလိုက်ရတဲ့ ဓားပြအယောက်နှစ်ဆယ်လောက်ဟာ တစ်တန်းကြီး တောင့်တင်းသွားပြီး တအောင့်နေတော့မှ အရေပြားတွေကနေ အငွေ့တွေတထောင်းထောင်းထွက်လျက် မြေပြင်ပေါ်ကို ဘုန်းဘုန်းလဲ ပြိုကျသွားကြတော့တယ်။
"လူကြွားကြီးတွေ" လို့ ရှီနာက သူမရဲ့ မောင်နှမနှစ်ယောက် သူတို့ရဲ့တန်ခိုးတွေကို ထုတ်ကြွားနေတာ မြင်တော့ နှာခေါင်းရှုံ့လိုက်မိတယ်။ ဓားပြတွေကို နှိမ်နင်းဖို့ သူတို့ကတော့ အဲဒီလို ဆန်းပြားတဲ့စွမ်းရည်တွေ လိုချင်လိုလိမ့်မယ်၊ ဒါပေမဲ့ သူမအတွက်ကတော့ နေရာအကွက်အကွင်းကျကျ ပစ်လိုက်တဲ့ မြားအနည်းငယ်ရှိရင်တင် လုံလောက်နေပြီလေ။
သူမက လေးကြိုးမှာ မြားတစ်စင်းကို တင်လိုက်ပြီး မျက်လုံးကိုမှိတ်၊ အသက်ကို ပြင်းပြင်းရှူလိုက်တယ်။
အဲဒီနောက်မှာတော့ စိတ်ကူးစိတ်သန်းတစ်ခု လျှပ်ခနဲ ပေါ်လာတာနဲ့ မြားကို လွှတ်လိုက်ရာ မြားစင်းက တစ်တန်းတည်းရှိနေတဲ့ ဓားပြတွေဆီကို ကွက်တိ ဦးတည်သွားပါတော့တယ်။
မြားက ဓားပြတစ်ယောက်ရဲ့ ရင်ဘတ်တည့်တည့်ကို မှန်ပြီး သူ့ကို နောက်က ဓားပြတစ်ယောက်ဆီ လွင့်စင်သွားစေတယ်၊ အဲဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဖြစ်သွားပြီး နောက်ဆုံးမှာတော့ ဓားပြရှစ်ယောက်လုံး မြားတစ်စင်းတည်းနဲ့တင် တန်းစီသီလျက်သား ဖြစ်သွားကြရတယ်။
ရှီနာက တည်ငြိမ်စွာနဲ့ပဲ မြားတွေကို တစ်စင်းပြီးတစ်စင်း ဆက်တိုက်လွှတ်နေပြီး အဲဒီလုပ်ငန်းစဉ်မှာတင် ဆက်တိုက်ထိမှန်တဲ့ ကွန်ဘိုချက်တွေ အများကြီး ရရှိသွားခဲ့တယ်။
သူမရဲ့ဘေးမှာတော့ ယူမီစု ရှိနေပြီး သူမရဲ့အမေဆီကို ကပ်လာရဲတဲ့ ဘယ်လိုဓားပြကိုမဆို လှံကို ဝှေ့ယမ်းပြီး ကာကွယ်ပေးနေတယ်။ ဓားပြတွေဟာ ရှီနာက မြားတစ်စင်းပစ်တိုင်း သူတို့အပေါင်းအဖော် ဆယ်ဂဏန်းလောက်ကို နှိမ်နင်းနေတာ တွေ့သွားတဲ့နောက်မှာတော့ သူမကိုပဲ အဓိက ပစ်မှတ်ထားလာကြတော့တယ်။
က ယူမီစုရဲ့လေပြင်းနဲ့အတူ ကပြအက ပန်ကာဝင့်နေပြီး ဓားချက်တစ်ခုချင်းစီက လေထဲမှာ ကွေးညွတ်ဝှေ့ယမ်းနေတာမို့ ဘယ်လိုမှ ခန့်မှန်းလို့မရနိုင်အောင် ဖြစ်နေတော့တာပဲ။
ဒီ ဒရာဂွန်ဘွန်းတွေနဲ့မတူတာက ယူနာက ရန်သူတွေကို တစ်ယောက်ချင်းပဲ ရင်ဆိုင်တယ်။ ပြီးတော့ တစ်ယောက်ချင်းစီကိုလည်း သူမရဲ့ ဓား လက်ချက်တစ်ချက်တည်းနဲ့တင် လက်နက်ဖြုတ်သိမ်းပြီး နှိမ်နင်းနိုင်ခဲ့တယ်။
သူမ စစ်မြေပြင်ထဲမှာ ဝဲလည်ပတ်ချာ လှည့်ပတ်နေတာက ကြည့်ရတာ ဘဲလေးကချေသည်တစ်ယောက်နဲ့တောင် တူနေပါသေးတယ်။ ဒါပေမဲ့ အထင်တော့ မသေးလိုက်နဲ့၊ ဓားပြတွေကို နှိမ်နင်းတဲ့နေရာမှာတော့ သူမကလည်း ဒရာဂွန်ဘွန်းတွေလိုပဲ သေစေနိုင်လောက်တဲ့အစွမ်း ရှိတာပဲ။
အခုဆိုရင် ဒီအုပ်စုထဲမှာ အသန်မာဆုံး တိုက်ခိုက်ရေးသမားနှစ်ယောက်ကတော့ ဂရီးဗ်နဲ့ လိုင်လီယာတို့ ဖြစ်နေပြီ။
လိုင်လီယာက မြေပြင်ကနေ ဧရာမနွယ်ပင်ကြီးတွေကို ဖန်တီးပြီး ဓားပြအယောက်နှစ်ဆယ်လောက်ကို တစ်ပြိုင်နက်တည်း ကောက်မယူလိုက်တယ်။ ဂျီနီယပ် ကြယ်ခုနစ်ပွင့်မှော်ဆရာမတစ်ယောက်အနေနဲ့ ဒီဓားပြတွေထဲက ဘယ်သူမှ သူမရဲ့မှော်စွမ်းအားကို ယှဉ်နိုင်စွမ်း မရှိကြဘူး။
တစ်ဖက်မှာလည်း ဂရီးဗ်ကလည်း အလားတူ အခြေအနေမျိုးကို ရင်ဆိုင်နေရတာပါပဲ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ သေခြင်းတရားမှော်စွမ်းအင်က သူ့ဆီလာသမျှ ဓားပြတွေထက် အဆပေါင်းများစွာ သာလွန်နေလို့လေ။ သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ထိန်းချုပ်ထားတဲ့ မီသရယ်မှော်ဝင်ပစ္စည်း လက်စွပ်ကို ချွတ်လိုက်တာနဲ့ ဓားပြတွေဟာ သူ့အနားကိုတောင် မကပ်နိုင်တော့ဘဲ သူ့ပတ်ပတ်လည် မီတာအနည်းငယ်အတွင်းမှာတင် သတိလစ်ကုန်ကြတော့တာပဲ။
ဒီအတောအတွင်းမှာ ဖတ်ချ်နဲ့ အရိပ်ဝံပုလွေတွေကတော့ ဒီဓားပြတွေကို တိုက်ခိုက်ဖို့ တခြားနည်းလမ်းတစ်ခုကို သုံးနေကြတယ်။
သူတို့တွေကို ထိပ်တိုက်ရင်ဆိုင်မယ့်အစား ဒီ ရီနေးတားရဲ့ အရိပ်အဖွဲ့ဝင်တွေက သူတို့ရဲ့ မျက်လှည့်အကွက်တွေ သုံးပြီး ဓားပြတွေကို ပိတ်မိစေကာ စိတ်ဓာတ်တွေ တဖြည်းဖြည်း ကျဆင်းလာအောင် လုပ်ကြတယ်၊ နောက်ဆုံးမှာတော့ သူတို့ဟာ တစ်စက္ကန့်လေးတောင် တွေဝေမနေဘဲ အလွယ်တကူ အညံ့ခံမယ့် စိတ်ကူးမရှိတဲ့ ဇွန်ဘီတွေလို ဖြစ်သွားကြတယ်။
မိမိကိုယ်တိုင် အကြိမ်ပေါင်းတစ်ထောင်လောက် သေဆုံးရတာကို မြင်တွေ့ရတဲ့ စိတ်ထင်ယောင်မှားခြင်း ဝေဒနာထဲမှာ ပိတ်မိသွားပြီးတဲ့နောက်မှာတော့ သူတို့ဟာ အညံ့ခံဖို့နဲ့ သူတို့ကြုံတွေ့နေရတဲ့ အရူးအနှမ်းကိစ္စတွေကို ရပ်တန့်ဖို့အတွက် သိပ်ကို ပျော်ရွှင်သွားကြတော့တာပဲ။
အခြားတစ်ဖက်မှာလည်း ဖတ်ချ်က ဒီအခွင့်အရေးကို သုံးပြီး အိုင်းရွန်းမေဒင် ဂိုဏ်းအတွက် အဖွဲ့ဝင်အသစ်တွေ ပိုပြီး စည်းရုံးနေတယ်။ ဒီဂိုဏ်းကို လက်ခံလိုက်တဲ့သူတွေဟာ စစ်မြေပြင်ကနေ ဆန်းကြယ်စွာနဲ့ပဲ တယ်လီပို့ထွက်သွားပြီး ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး၊ ငြင်းပယ်တဲ့သူတွေကတော့ အဲဒီအတွေ့အကြုံတွေကို လုံးဝ မေ့လျော့သွားကြရတာပဲ။
ဒီအဖွဲ့နှစ်ဖွဲ့တည်းနဲ့တင် ဓားပြအင်အားရဲ့ ထက်ဝက်လောက်ကို လျှော့ချပစ်ဖို့ လုံလောက်နေပြီ။ ပြီးတော့ သူတို့ချည်းပဲဆိုရင်တောင် တစ်နာရီအတွင်းမှာ ဒီဓားပြအုပ်စုကြီးတစ်ခုလုံးကို အလွယ်တကူ နှိမ်နင်းနိုင်လောက်တယ်။
ဒါပေမဲ့လည်း အဲဒီအချိန်မှာ ရီနေးတားစစ်သည်တော်တွေနဲ့ ပြုပြင်ပြောင်းလဲထားတဲ့ အကျဉ်းသားတွေကလည်း ဓားပြတွေကို နှိမ်နင်းတဲ့နေရာမှာ ကူညီပေးလာကြပြန်တယ်။
ကုလားအုတ်လူသားတွေက ရှေ့တန်းကို ပြေးဝင်လာပြီး သူတို့နဲ့ တိုက်မိတဲ့ ကံဆိုးမိုးမှောင်ကျတဲ့ ဘယ်လိုဓားပြကိုမဆို နင်းခြေပစ်ကြတယ်။ ပြီးတော့ အနီရောင်ဟော့ဘ်မျောက်လူကလည်း ကုလားအုတ်လူသားအနားကို ကပ်ရဲတဲ့ ဘယ်ဓားပြကိုမဆို သူ့ရဲ့လှံတိုနဲ့ ထိုးနှက်တိုက်ခိုက်တယ်။ ဒီမျိုးနွယ်စုနှစ်ခုက လက်တွဲညီညီ လုပ်ဆောင်ကြပြီး ဓားပြတွေကို နှိမ်နင်းတဲ့နေရာမှာ ဒရာဂွန်ဘွန်းတစ်ယောက်စာလောက်နီးနီး ထိရောက်မှု ရှိနေတာပဲ။
နောက်တန်းမှာတော့ ရီနေးတားရဲ့ တူရိယာပညာရှင်တွေက မြူးကြွတဲ့ စည်းချက်တွေကို တီးခတ်ပေးနေပြီး လူတိုင်းကို သူတို့ရဲ့ ကျင့်စဉ်ထက် ကြယ်တစ်ပွင့်အဆင့် ပိုမြင့်တဲ့အဆင့်အထိ တက်လှမ်းနိုင်အောင် ကူညီပေးနေကြတယ်။
ဒါကပဲ သူတို့ရဲ့ အချိုဓါတ်အရှိန်အစွမ်း စွမ်းရည်ကို မသုံးရသေးဘဲနဲ့ ဓားပြတွေကို အသာစီးရစေတဲ့ အချက်ပေါ့။
လူတိုင်းက ဓားပြတွေကို သိပ်ကို အလွယ်တကူ နှိမ်နင်းနေကြချိန်မှာ ဓားပြတွေထက် မဆိုစလောက်လေးပဲ ပိုသန်မာတဲ့ ရီနေးတားအုပ်စုတစ်စုလည်း ရှိနေပါသေးတယ်။
စလစ်ဇီနဲ့ အကျဉ်းသားတွေဟာ ရီနေးတားနိုင်ငံသား စစ်စစ် မဖြစ်သေးတာမို့ သူတို့မှာ နိုးထလာတဲ့ တန်ခိုးစွမ်းအားတွေ မရှိကြသေးဘူး။ သူတို့ရရှိထားတဲ့ တစ်ခုတည်းသော အားသာချက်ကတော့ တူရိယာပညာရှင်တွေ ပေးထားတဲ့ မှော်စွမ်းအင် မြှင့်တင်မှုပဲ ဖြစ်ပါတယ်။
ဓားပြဟောင်းတွေနဲ့ လက်ရှိဓားပြတွေ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ တချို့က စလစ်ဇီရဲ့ မျက်နှာကို မှတ်မိသွားကြတော့တယ်။
"စလစ်ဇီ... မင်း သေသွားပြီလို့ ငါတို့ ထင်နေတာ" လို့ ဓားပြတစ်ယောက်က ပြောလိုက်တယ်။
မကြာခင်မှာပဲ ဓားပြတွေက လိမ္မော်ရောင် အကျဉ်းသားဝတ်စုံ ဝတ်ထားတဲ့ တခြားအကျဉ်းသားတွေကိုလည်း မှတ်မိသွားကြတယ်။ ဒါတွေက ရီနေးတားရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီလို့ ထင်မှတ်ထားပြီး ပျောက်ကွယ်သွားခဲ့တဲ့ ဓားပြတွေချည်းပါပဲ။
"ဘာတွေဖြစ်နေတာလဲ... မင်းတို့အားလုံးက ဘာလို့ ရီနေးတားတွေဘက်က ကူညီနေကြတာလဲ"
စလစ်ဇီက သူ့ရဲ့ အပေါင်းအဖော်ဟောင်းတွေကို ကြည့်ပြီး ဖျောင်းဖျပြောဆိုလိုက်တယ်။
"အခုပဲ အညံ့ခံလိုက်ကြပါတော့... မင်းတို့ ဒါတွေ ဆက်လုပ်နေဖို့ မလိုတော့ဘူး... ငါတို့အားလုံး ရီနေးတားတွေရဲ့ လက်ထဲမှာ ကယ်တင်ခြင်းကို ရရှိခဲ့ကြပြီ"
သူတို့ချင်း ဓားမြှောင်ချင်း ရိုက်ခတ်တိုက်ခိုက်ရင်း စလစ်ဇီက ရီနေးတားအကျဉ်းထောင်တွေထဲမှာ သူတို့ ကြုံတွေ့ခဲ့ရသမျှတွေကို စတင်ပြောပြပါတော့တယ်။
သူက ထိုနေရာက ကောင်းမွန်လှတဲ့ နေထိုင်မှု အခြေအနေတွေအကြောင်း၊ ဂူထဲမှာ နေထိုင်ရတာထက် အဆပေါင်းများစွာ ပိုကောင်းတဲ့အကြောင်းတွေကို ပြောပြတယ်။
ဒါပေါ့... အများစုကတော့ သံသယဝင်ကြတယ်။ ဒါပေမဲ့ တချို့ကတော့ စပြီး ယုံကြည်လာကြပြီ။
"အစ်ကို" လို့ ဓားပြတစ်ယောက်က စစ်မြေပြင်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကို ကြည့်ပြီး ပြောလိုက်တယ်။
"ဒါ တကယ်ပဲလား"
အကျဉ်းသားဝတ်စုံဝတ်ထားတဲ့ လူက ခေါင်းညိတ်ပြတယ်။
"အကုန်အမှန်တွေပဲ၊ အဲဒါထက်တောင် ပိုသေးတယ်။ ရီနေးတားမှာဆိုရင် ငါ ဘယ်သူ့ကိုမှ သတ်စရာ၊ လုယက်စရာမလိုဘဲ ငါလိုချင်တာမှန်သမျှ အကုန်ရနိုင်တယ်"
နောက်ဆုံးမှာတော့ တခြားအကျဉ်းသားတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို ဓားပြတွေကို လိုက်ပြောပြကြတော့တယ်။ သူတို့အားလုံးက သူတို့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြောပြနေကြတာမို့ အခုဆိုရင် ပိုပြီးတော့တောင် ယုံကြည်လောက်စရာ ဖြစ်နေပြီလေ။
"တကယ်လား... အလကား ကျွေးပြီး အလကား ပေးနေတာလား... အဲဒါ... ငါတစ်သက်လုံး လိုချင်ခဲ့တဲ့အရာပဲ" လို့ ဓားပြတစ်ယောက်က ပြောရင်း သူ့ရဲ့ဓားမြှောင်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်တယ်။
သူတစ်ယောက်တည်းတင် မဟုတ်ပါဘူး။ ဓားပြတွေ ပိုပိုပြီးတော့ သူတို့ရဲ့ဓားတွေကို အောက်ချလာကြပြီး အညံ့ခံဖို့နဲ့ အဲဒီအကျဉ်းသားတွေ ပြောပြတဲ့ အတွေ့အကြုံတွေကို သူတို့ကိုယ်တိုင် ခံစားချင်လာကြတော့တယ်။
ဒါပေမဲ့လည်း သူတို့ရဲ့နောက်ကနေ ထွက်ပေါ်လာတဲ့ မီးတောက်တွေ တဖြန်းဖြန်းမြည်သံကြောင့် သူတို့ ချက်ချင်းပဲ ကြောက်လန့်တုန်လှုပ်သွားကြပြန်တယ်။
သူတို့ အညံ့ခံလို့ မရဘူးလေ။ သူတို့က ဘလေဇဲလ်ကို ကြောက်ကြတယ်၊ ပြီးတော့ သူမ သူတို့ကို ဘာလုပ်မလဲဆိုတာကိုလည်း ကြောက်ကြသလို ပိုအရေးကြီးတာက ဖလဲယားကော့ပ်က သူတို့အဖွဲ့အစည်းကို ဘာလုပ်မလဲဆိုတာကို ကြောက်နေကြတာ။
သူတို့မှာ သတ္တိ မရှိကြသေးဘူး။
"ဒါ ငါကိုယ်တိုင် တည်ထောင်ခဲ့တဲ့ လူယုတ်မာဓါးပြအဖွဲ့ ဟုတ်ရဲ့လား... သူရဲဘောကြောင်တဲ့ အုပ်စုတစ်စုပါလား"
ရုတ်တရက်ဆိုသလို တောအုပ်ထဲကနေ လေးနက်လှတဲ့ အသံကြီးတစ်သံ ဟိန်းထွက်လာတယ်။ ကျန်ရှိနေတဲ့ လူယုတ်မာဓါးပြအဖွဲ့ဝင်တွေအားလုံးက အဲဒီအသံရဲ့ လေယူလေသိမ်းကို မှတ်မိတာမို့ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ကြတယ်။
နောက်ဆုံးတော့ လိမ္မော်ရောင် အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားတဲ့ ထွားကြိုင်းတောင့်တင်းတဲ့ လူကြီးတစ်ယောက် ရှေ့ကို လျှောက်လှမ်းလာပြီး ဓားပြအားလုံးရဲ့ ရှေ့မှောက်မှာ ကိုယ်ထင်ပြလိုက်တယ်။
"မဖြစ်နိုင်တာ..."
"အဲဒါ... အဲဒါ... သေမင်းလက်သည်းပဲ"
လူယုတ်မာဓါးပြအဖွဲ့ရဲ့ မူလတည်ထောင်သူကြီးဟာ သေဆုံးသွားပြီလို့ အားလုံးက ထင်မှတ်နေခဲ့ကြရာကနေ နှစ်ပေါင်းများစွာကြာမှ ပြန်လည်ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ သူက ရီနေးတားကုမ္ပဏီရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပြန်လာခဲ့တာလေ။
ဒါကပဲ နောက်ဆုံး အဆုံးအဖြတ် ဖြစ်သွားပါတော့တယ်။ ဓားပြတွေဟာ နောက်ဆုံးမှာတော့ အညံ့ခံဖို့ အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားကြပြီ။ သူတို့က သေမင်းလက်သည်းရဲ့ ခြေရင်းမှာ ကြောက်ရွံ့ရိုသေမှုတွေနဲ့အတူ သူတို့ရဲ့ဓားမြှောင်တွေကို ဖြည်းဖြည်းချင်း အောက်ချလိုက်ကြပါတော့တယ်။
* * * * * * * *
စာစဉ်(၃၂)
အခန်း(၃၈၀)
လူယုတ်မာဓါးပြအဖွဲ့ရဲ့ နောက်ဆုံးကျန်တဲ့လူက ရီနေးတားဆီမှာ လက်နက်ချအညံခံလိုက်တဲ့အခါ အရာအားလုံး တကယ်ပဲ ပြီးဆုံးသွားပြီလို့ ထင်ရပါတယ်။
ဒါပေမဲ့ ရီနေးတားနိုင်ငံသားတွေ အောင်ပွဲခံဖို့ ပြင်ဆင်နေတုန်းမှာပဲ ဂူဝကနေ ဧရာမမီးလျှံကြီးတစ်ရပ် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အနားနားက ရှိသမျှအရာအားလုံးကို ဝါးမြိုမီးရှို့ရင်း ပတ်ပတ်လည်ကို ပြန့်နှံ့သွားတာကြောင့် ဂူကြီးဟာ နောက်တစ်ကြိမ် ပြန်လည်လှုပ်ခတ်သွားပြန်တယ်။
"ငါ့ရဲ့ဒေါသက အကန့်အသတ်မရှိဘူး"
ဘလေဇဲလ်ရဲ့ ဒေါသတကြီးအော်ဟစ်သံက တောအုပ်တစ်ခုလုံးကို ဟိန်းထွက်သွားပြီး ဓါးပြတွေရဲ့ ကျောရိုးထဲအထိ စိမ့်တက်သွားလောက်အောင် ချမ်းစိမ့်စရာ ကောင်းလှပါတယ်။
သေမင်းလက်သည်းက ချက်ချင်းပဲ သူတို့ရှေ့မှာ ကာဆီးရပ်လိုက်ပြီး ဘေးကင်းလုံခြုံမှာဖြစ်ကြောင်း အာမခံလိုက်တယ်။ "ငါတို့ ရီနေးတား အရာရှိတွေက ငါ့ထက် အများကြီး ပိုသန်မာတယ်။ အခု မင်းတို့က ရီနေးတားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီဆိုတော့ သူတို့က မင်းတို့ကို ကာကွယ်ပေးလိမ့်မယ်"
စနစ်တကျ လျှောက်လှမ်းလာတဲ့ ခြေသံတွေက ဂူထဲကနေ ပဲ့တင်ထွက်လာပြီး ဖလဲယားကော့ပ် စစ်သည်တော်တပ်မတော်ကြီးတစ်ခုလုံး စီတန်းထွက်ပေါ်လာခဲ့တယ်။
ဒီလူတွေကတော့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ အင်အား နှစ်ရာပါဝင်တဲ့ ဘလေဇဲလ်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ တန်ခိုးအရှိန်အဝါတွေက ဂူထဲကနေ လျှံထွက်နေပေမဲ့ ခဏအကြာမှာတော့ တစ်ကိုယ်လုံး မီးလျှံတွေ တောက်လောင်နေတဲ့ ဘလေဇဲလ်ကိုယ်တိုင် အပြင်ဘက် မြေကွက်လပ်ထဲကို လှမ်းထွက်လာတဲ့အချိန်မှာတော့ ဘယ်အရာကမှ သူမရဲ့ အရှိန်အဝါကို မယှဉ်နိုင်တော့ပါဘူး။
ဘလေဇဲလ်က သူမရဲ့ ခန္ဓာကိုယ်အကောက်အကွေ့အလှတွေကို ပိုမိုပေါ်လွင်စေတဲ့ မီးလျှံရောင် လိမ္မော်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတယ်။ ကတ္တရာစေးလို နက်မှောင်တဲ့ ဆံပင်တွေနဲ့ ဝင်းမွတ်တဲ့ ရုပ်ရည်ကြောင့်သာ သူမမျက်နှာပေါ်မှာ မှုန်ကုပ်နေတဲ့ အရိပ်အယောင်တွေ မရှိရင် သူမကို အလှပဂေးတစ်ယောက်လို့ ခေါ်ကြမှာ သေချာပါတယ်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" သူက စူးစူးဝါးဝါး အော်ဟစ်လိုက်တယ်။
ဒီ ရီနေးတားနိုင်ငံသားတွေက သူမရဲ့ အစီအစဉ်တွေကို ဘယ်လိုမျိုး အမြဲတမ်း လာရောက်နှောင့်ယှက်နေနိုင်လဲဆိုတာ သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရတယ်။ သူမရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဒီလူယုတ်မာဓါးပြအဖွဲ့ကို သူတို့က တစ်နည်းနည်းနဲ့ အနိုင်ယူသွားခဲ့ကြတာပဲ။
ရီနေးတားဆိုတာ တောသားကုမ္ပဏီအသေးလေးတစ်ခုပဲ ဖြစ်ရမှာပါ။ ဒါပေမဲ့ သူတို့ရဲ့တန်ခိုးက သူမ မျှော်လင့်ထားတာထက် အဆမတန် ပိုမိုကြီးမားနေခဲ့တယ်။
ဒါတင်မကသေးဘဲ တောအုပ်ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့အခါ လူယုတ်မာဓါးပြအဖွဲ့ဟာ လူအင်အားအသာစီးရနေသေးတာတောင် ရန်သူ့ထံမှာ အညံခံနေကြတာကို သူ မြင်လိုက်ရတယ်။
"လူယုတ်မာဓါးပြအဖွဲ့။ ဖလဲယားကော့ပ်က မင်းတို့ကို ဘာတွေကမ်းလှမ်းခဲ့လဲဆိုတာ မေ့သွားကြပြီလား။ မင်းတို့သာ ငါတို့ကုမ္ပဏီအပေါ် သစ္စာရှိခဲ့ရင် ဂုဏ်အသရေနဲ့ တန်ခိုးအာဏာတွေက မင်းတို့လက်တစ်ကမ်းမှာ ရှိနေမှာ"
သူမရဲ့ဘေးမှာတော့ လူယုတ်မာဓါးပြအဖွဲ့ရဲ့ လက်တစ်ဖက်ပြတ်ခေါင်းဆောင် ဝါနို ရှိနေပြီး အနည်းဆုံးတော့ အခုအချိန်မှာ လက်နှစ်ဖက်စာလောက်ပဲ ရေတွက်လို့ရတော့တဲ့ အဖွဲ့ဝင်အချို့လည်း ရှိနေကြပါတယ်။
ဝါနိုက ပတ်ပတ်လည်ကို လှည့်ကြည့်ရင်း နောက်ဆုံးမှာတော့ သေမင်းလက်သည်းကို လှမ်းမြင်သွားခဲ့တယ်။ သူ့မျက်နှာမှာ အံ့ဩသွားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပေမဲ့ နောက်ဆုံးမှာတော့ ခေါင်းကိုသာ ခါယမ်းလိုက်ပါတော့တယ်။
"မင်းက ဘာဖြစ်လို့ ဖလဲယားကော့ပ်ဆီမှာ အညံခံလိုက်ရတာလဲ" သေမင်းလက်သည်းက မေးလိုက်တယ်။ "လူယုတ်မာဓါးပြအဖွဲ့ဆိုတာ တစ်ချိန်က လွတ်လပ်မှုကို ကိုယ်စားပြုခဲ့တာ။ အခုတော့ မင်းတို့က သူတို့ရဲ့ ရိုးရိုးကျွန်တွေ ဖြစ်နေပြီ"
ဝါနိုက မြေပြင်ကို ခြေဆောင့်လိုက်တယ်။ "မင်းထွက်သွားပြီးကတည်းက အခြေအနေတွေ ပြောင်းလဲသွားပြီ။ ငါတို့က အသက်ရှင်သန်ရေးကို အားလုံးထက် ဦးစားပေးရတယ်။ ငါက အဖွဲ့အစည်းကို အရာအားလုံးထက် ဦးစားပေးတယ်။ ဖလဲယားကော့ပ်က အနာဂတ်ပဲ။ ငါတို့ သူတို့ဘက်က ရပ်တည်ရမယ်"
သေမင်းလက်သည်းက ခေါင်းခါလိုက်တယ်။ အဲဒီလူက သူ့လမ်းသူ ရွေးချယ်သွားခဲ့ပြီမို့ သူ ဘာမှမတတ်နိုင်တော့ပါဘူး။
ဘလေဇဲလ်က သူမရဲ့ စစ်သည်တော်တွေရဲ့ ဒေါသအရှိန်အဝါတွေကို ရီနေးတားအပေါ် ပုံချတော့မယ့်အချိန်မှာပဲ ရုတ်တရက်ဆိုသလို သူတို့အုပ်စုကြားထဲက တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို သတိပြုမိသွားခဲ့တယ်။
အလွန်သေးငယ်တဲ့ အရွယ်အစားနဲ့ ခတ်ခတ်လှုပ်ရှားနေတဲ့ အဲဒီတောင်ပံတွေကို ကြည့်ရုံနဲ့ တခြားမှားစရာ မရှိတော့ပါဘူး။
"နတ်သူငယ်တစ်ကောင်ပဲ။ ငါ့ဘဝမှာ တစ်ခါမှ မမြင်ဖူးသေးဘူး" ဘလေဇဲလ်က တိုးတိုးလေး ရေရွတ်လိုက်တယ်။
သူမရဲ့မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်လာခဲ့တယ်။ ဒါက သူမ စောင့်မျှော်နေခဲ့တဲ့ အခိုက်အတန့်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကလည်း သူမ ဒီတောအုပ်ထဲကို ပထမဆုံး ရောက်ချင်ခဲ့တဲ့ အကြောင်းရင်းတွေထဲက အစိတ်အပိုင်းတစ်ခုပါပဲ။
သူမက နတ်သူငယ်တွေကို လိုချင်နေတာပါ။
"ဒီရီနေးတားနိုင်ငံသားတွေ မင်းကို ဘာတွေပေးထားလဲတော့ ငါမသိဘူး။ ဒါပေမဲ့ ငါတို့ ဖလဲယားကော့ပ်က မင်းကို ပိုပြီး ပေးနိုင်တယ်ဆိုတာတော့ မှတ်ထားလိုက်ပါ"
နတ်သူငယ်တွေ ဘာကို အနှစ်သက်ဆုံးလဲဆိုတာ သူမ အသေအချာ သိနေတယ်။
"စစ်သည်တို့။ ငါ့ကို ကြောက်ရွံ့ကြစမ်း" သူက အမိန့်ပေးလိုက်တယ်။
သူမ အဲဒီစကားတွေကို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် သူမရဲ့ အမိန့်အောက်မှာရှိတဲ့ စစ်သည် နှစ်ရာဟာ ကြောက်လန့်တုန်လှုပ်ပြီး နောက်ဆုတ်သွားကြတော့တယ်။ သူတို့ရဲ့ စစ်ဖိနပ်တွေ တုန်ခါလာပြီး ဒူးတွေ ညွတ်ခွေကျလာကာ... ဖလဲယားကော့ပ်ရဲ့ စစ်သည်တစ်ယောက် ဖြစ်လာဖို့အတွက် သူတို့ ဖြတ်သန်းခဲ့ရတဲ့ ပြင်းထန်လှတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လေ့ကျင့်ခန်းတွေကို ပြန်လည်သတိရလာကြတာပဲ ဖြစ်ပါတယ်။
အဲဒီအမှတ်ရမှုတွေအားလုံးက ကြောက်ရွံ့မှုတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ပြီးတော့ အဲဒါက ဗီဗီလို နတ်သူငယ်တစ်ကောင်အတွက် အထင်းသား သိရှိခံစားနိုင်တဲ့ အရာတစ်ခုပေါ့။
အတိုင်းအဆမရှိတဲ့ ကြောက်ရွံ့မှု ခံစားချက်ကြီးက တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတာကြောင့် ဗီဗီကိုတောင် မိန်းမောသွားစေလုနီးပါး ဖြစ်သွားစေတယ်။
သူမက ကန္တာရထဲမှာ ရေငတ်မွတ်နေတဲ့ ခွေးတစ်ကောင်လို ဖြစ်နေပြီး အခုတော့ သူမရှေ့မှာ သမုဒ္ဒရာကြီးတစ်ခုလုံးကို မြင်တွေ့လိုက်ရသလိုပါပဲ။
နတ်သူငယ်တစ်ယောက်အနေနဲ့ သူမရဲ့ ပင်ကိုယ်ဗီဇက အဲဒီကြောက်ရွံ့မှုနောက်ကို လိုက်သွားပြီး မိမိရဲ့ အာဟာရအတွက် ဝါးမြိုပစ်ဖို့ ပြောနေခဲ့တယ်။
တကယ်လို့သာ တခြားနတ်သူငယ်တစ်ကောင် ဒီမှာရှိနေရင် ဘလေဇဲလ်ရဲ့ လှည့်ကွက်ထဲကို ကျဆုံးသွားလောက်ပြီ ဖြစ်ပါတယ်။ နတ်သူငယ်တစ်ယောက်ရဲ့ ကြောက်ရွံ့မှု စိတ်ခံစားချက်အပေါ် ဇီဝကမ္မဗေဒအရ လိုအပ်ချက်ကို ဘယ်လို ကိုယ်တိုင်စည်းကမ်းထိန်းသိမ်းမှုမျိုးကမှ မပြောင်းလဲနိုင်လို့ပဲ။
"မင်း ရီနေးတားကို စွန့်ခွာပြီး ငါတို့ဘက်ကို ကူးလာစေချင်တယ်။ အဲဒီလိုလုပ်ရင် မင်းနဲ့ မင်းရဲ့ မျိုးနွယ်စုတစ်ခုလုံး မင်းတို့အလိုရှိသလောက် ကြောက်ရွံ့မှုတွေကို စားသောက်နိုင်စေရမယ်လို့ ငါကတိပေးတယ်" ဘလေဇဲလ်က ဆွဲဆောင်မှုရှိပြီး ညှို့ယူရစ်ပတ်နိုင်တဲ့ အသံမျိုးနဲ့ ပြောလိုက်တယ်။
ဗီဗီက ကြောက်လန့်နေတဲ့ ဖလဲယားကော့ပ် စစ်တပ်ဆီကို ဖြည်းဖြည်းချင်း ပျံသန်းသွားခဲ့တယ်။
ယူနာက သူမနောက်ကို လိုက်ဖမ်းဖို့ ကြိုးစားပေမဲ့ လိုင်လီယာက သူမရဲ့လက်ကို ဆွဲပြီး တားဆီးလိုက်တယ်။
"ဘာဖြစ်လို့လဲ။ သူမကို သူတို့ရဲ့ မျှားခေါ်ရာနောက် ပါသွားအောင် အဖြစ်မခံနိုင်ဘူးလေ"
လိုင်လီယာက သူမရဲ့လက်ကို ဆုပ်ကိုင်ထားရင်း "သူမကို ယုံကြည်လိုက်ပါ" လို့ ပြောလိုက်တယ်။
တစ်ဖက်မှာတော့ ဘလေဇဲလ်က သူမရဲ့ လှည့်ကွက်တွေက နတ်သူငယ်အပေါ်မှာ အလုပ်ဖြစ်နေတာကို မြင်လိုက်ရတာကြောင့် မျက်နှာမှာ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒါက ဒီလောက်အထိ လွယ်ကူလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။ အခုဆိုရင် သူမ လိုအပ်တာက ဒီနတ်သူငယ်က သူတို့ရဲ့ ဘုရင်မရှိတဲ့ အရပ်မျက်နှာကို ညွှန်ပြပေးဖို့ပဲ ဖြစ်ပြီး အဲဒီအခါကျရင် ဘလေဇဲလ်ဟာ ဒီကျိန်စာသင့်အမှိုက်ပုံကြီးထဲကနေ နောက်ဆုံးမှာ ထွက်ခွာသွားနိုင်တော့မှာပေါ့။
"ဒါကို မင်းရဲ့ ပစ်ဇီဘုရင်မကို ပြောလိုက်ပါ။ ဖလဲယားကော့ပ်က မင်းတို့အလိုရှိသမျှ ကြောက်ရွံ့မှုတွေအားလုံးကို ပေးဖို့ အသင့်ရှိတယ်။ အလဲအလှယ်အနေနဲ့ မင်းတို့ရဲ့ ငါတို့ကုမ္ပဏီအပေါ် ထာဝရသစ္စာစောင့်သိမှုနဲ့ မင်းတို့လက်ထဲမှာရှိနေတဲ့ ကျန်ရှိနေသေးတဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းကို လိုချင်တယ်"
ဗီဗီက ကြောက်ရွံ့မှုတွေကို ဝါးမြိုချင်တဲ့ စိတ်တွေနဲ့ လုံးဝမိန်းမောတွေဝေနေတဲ့ ပုံစံမျိုးနဲ့ စစ်သည်တွေရဲ့ အနားကို ပိုပြီး တိုးကပ်သွားခဲ့တယ်။
"ဘယ်လိုလဲ" ဘလေဇဲလ်က မေးလိုက်တယ်။ "မင်း အဝစားပြီးတာနဲ့ ဒီကနေ လစ်ပြီး မင်းတို့ဘုရင်မကို ငါ့ဆီခေါ်ခဲ့တော့"
နတ်သူငယ်မလေးဟာ သူမရဲ့ ကြီးမားလှတဲ့ အလိုရမ္မက်တွေနောက်ကို လိုက်ပါသွားတော့မယ်လို့ ဘလေဇဲလ် ထင်မှတ်နေတဲ့ အချိန်မှာပဲ ရုတ်တရက်ဆိုသလို တောအုပ်တစ်ခုလုံးမှာ ရယ်မောသံတွေ ပဲ့တင်ထွက်လာခဲ့ပါတယ်။
"ဟိဟိ....ဟိဟိဟိဟိ....ဟိဟိဟိဟိဟိဟိဟိဟိ"
ဗီဗီက ရူးသွပ်စွာ ရယ်မောလိုက်တာကြောင့် ဘလေဇဲလ် အံ့အားသင့်သွားရတယ်။ "မင်း ဘာဖြစ်နေတာလဲ"
"ကျွန်မလား" ဗီဗီက တခိခိ ရယ်မောရင်း ပြောလိုက်တယ်။ "ကျွန်မ တစ်ခုခုကို သတိပြုမိသွားလို့ပါ"
ဗီဗီက ရီနေးတားနိုင်ငံသားတွေ၊ ယူနာ၊ လိုင်လီယာနဲ့ ဒရာဂွန်ဘွန်းတွေကို ပြန်လှည့်ကြည့်လိုက်တယ်။
သူမရဲ့ နှလုံးသားထဲမှာ နွေးထွေးတဲ့ ခံစားချက်တစ်ခု ပြည့်နှက်သွားခဲ့တယ်။ ဒါက ဒီလူတွေနဲ့ ဆက်ဆံရတိုင်း သူမ ခံစားရလေ့ရှိတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
ပြီးတော့ တစ်နည်းနည်းနဲ့ ယူငင်စားသောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကြောက်ရွံ့မှုတွေ အများကြီးကို မြင်တွေ့လိုက်ရပြီးတဲ့နောက်မှာတောင် ဗီဗီက အဲဒါကို တောင့်တတဲ့ စိတ်ဆန္ဒ အနည်းငယ်မျှတောင် မရှိတော့ပါဘူး။
လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတောင် ဘယ်လိုစိတ်ခံစားချက်မျိုးကိုမှ မဝါးမြိုခဲ့ရပေမဲ့ သူမဟာ ပြည့်ဝနေပြီလို့ ခံစားနေရပြီ ဖြစ်ပါတယ်။
အဲဒါက မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့... စိတ်ခံစားချက်တွေကို ဝါးမြိုမယ့်အစား သူမရဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အဲဒီစိတ်ခံစားချက်တွေကို ကိုယ်တိုင် ကြုံတွေ့ခံစားနေရတာကို သတိပြုမိသွားတဲ့ အချိန်အထိပါပဲ။
သူမ ရီနေးတားနဲ့ သူ့ရဲ့လူတွေအပေါ် တစ်ခုခုကို ခံစားမိနေခဲ့တယ်။ သူမ သူတို့လိုမျိုး ဘဝကို ဖြတ်သန်းခံစားကြည့်ချင်တယ်။
ကြောက်ရွံ့မှုတွေက သူမကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပါဘူး။
"မင်းရဲ့ ကမ်းလှမ်းချက်ကို ကျွန်မ ငြင်းပယ်တယ်" သူက ပြတ်ပြတ်သားသား ပြောလိုက်တယ်။
"မင်း ဖန်တီးတဲ့ ကြောက်ရွံ့မှုတွေက ရွံစရာကောင်းလှတယ်"
ဗီဗီက ကိုယ်ကိုမလှည့်ခင် ခေါင်းကို နောက်ပြန်လှည့်ကြည့်လိုက်တယ်။
"ဒါတင်မကသေးဘူး။ မိုက်ကယ်ရဲ့ ရိုလာကိုစတာက ပိုပြီးတော့တောင် ပျော်စရာကောင်းသေးတယ် ဟိဟိ"
ဗီဗီ ထွက်ခွာသွားတဲ့အခါ သူမရဲ့ တောင်ပံတွေပေါ်က ရွှေရောင်ဖုန်မှုန့်တွေသာ ကျန်ရစ်ခဲ့ပါတော့တယ်။
ဘလေဇဲလ်ရဲ့ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့တယ်။ သူမက ငြင်းပယ်ခံရမှုအပေါ် အရှက်ရနေတယ်။
"မင်းမှာ ငါ့ကို ငြင်းပယ်ဖို့ ဘယ်လိုအခွင့်အရေးမျိုး ရှိလို့လဲ" သူက စူးစူးဝါးဝါး အော်ဟစ်လိုက်တယ်။ "ဝါနို။ သူမကို တိုက်ခိုက်စမ်း"
လက်တစ်ဖက်ပြတ် ဓါးပြက သူ့ရဲ့ဓားကို မြှောက်လိုက်တယ်။ ထိပ်တန်း ကြယ်ခြောက်ပွင့် တိုက်ခိုက်ရေးသမားတစ်ယောက်အနေနဲ့ သူက ဘလေဇဲလ်ကလွဲရင် ဒီနေရာမှာ အသန်မာဆုံးလူပဲ ဖြစ်ပါတယ်။
သူက ဘလေဇဲလ်ရဲ့ ဘေးကနေ ပျောက်ကွယ်သွားပြီး ဗီဗီရဲ့ နောက်ကွယ်က ဝေဟင်ထက်မှာ ပြန်လည်ပေါ်ထွက်လာခဲ့တယ်။
သူ့ရဲ့ဓားရိုးမှာ မှော်အသိုင်းအဝိုင်းတစ်ခု ပေါ်လာပြီး နောက်ဆုံးမှာတော့ ဓားသွားဟာ အောက်ခြေက ချော်ရည်တွေကို ပြသနေတဲ့ အက်ကွဲကြောင်းတွေနဲ့အတူ တောက်လောင်နေတဲ့ မီးတောင်ကျောက်ဆောင်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။
သူက ဓားကို လွှဲယမ်းလိုက်တဲ့အခါ ချော်ရည်မိစ္ဆာဂူ လို့ခေါ်တဲ့ ကြယ်ခြောက်ပွင့်မန္တန်ကို အသုံးပြုပြီး ဗီဗီကို ဘက်ပေါင်းစုံကနေ ဝိုင်းရံပိတ်ဆို့ထားတဲ့ ဧရာမ မီးသွေးကျောက်တုံးကြီးတွေကို သူ့ပတ်ပတ်လည်မှာ ဖန်တီးလိုက်တယ်။
မီးတောင်ကျောက် ဓားသွားနဲ့ မီးသွေးကျောက်တုံးတွေက မီးတောင်ပေါက်ကွဲမှုရဲ့ အရှိန်နှုန်းနဲ့အပြိုင် ဗီဗီရှိရာဆီကို စုပြုံဦးတည်သွားပါတော့တယ်။
* * * * * * * *