← Chapters

အခန်း (၃၈၉-၃၉၀)

Vol. 33 Ch. 389-390

အခန်း (၃၈၉-၃၉၀)

Vol. 33 Ch. 389-390

အခန်း(၃၈၉)

“သခင် မိုက်ကယ်။ အဲဒီ ပေါက်ကွဲသွားတဲ့ မီးလျှံအမှတ်အသားတွေက ဘလေဇဲလ် ရဲ့ စွမ်းရည် မဟုတ်လား ဟင်။ ဒါနဲ့ သခင်လေးရဲ့ စွမ်းရည် ကော ဘာလဲ။ အဲဒီ နာရီတိုင်မတ်ကြီးလား” လို့ ရှီနာ က မေးလိုက်တယ်။

မိုက်ကယ် က သူ့ရဲ့ ရင်ဘတ်ကို ငုံ့ကြည့်လိုက်တော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ဖုံးအုပ်ထားတဲ့ နှလုံးသား ဧရိယာဟာ သိသိသာသာ ပိုကျယ်ပြန့်လာတာကို တွေ့လိုက်ရတယ်။

အခုအချိန်မှာတော့ နတ်ဘုရားပန်းပဲဖို ရဲ့ တန်ခိုး တွေဟာ သူ့နှလုံးသားထဲမှာ အောင်းနေတာကို သူ ခံစားနေရပြီ။

သူ ခန္ဓာကိုယ်ဖွဲ့စည်းခြင်း ပထမအဆင့်မှာတုန်းက ဒီတန်ခိုးကို မနည်းပဲ ခံစားခဲ့ရတာ။ ထိန်းလည်း မထိန်းချုပ်နိုင်ခဲ့ဘူး။ လေ့ကျင့်မှုတွေလုပ်ပြီး ဗီရီယန် ရဲ့ အကူအညီ ရမှသာ သူ့ရဲ့ စွမ်းရည် တွေကို တစ်နည်းနည်းနဲ့ သတိပြုမိလာတာ။

ဒါပေမဲ့ အဲဒီ စွမ်းရည် က အလိုလိုထွက်လာတာမျိုး။ ဘလေဇဲလ် နဲ့ တိုက်ပွဲအစောပိုင်းမှာ သူ့ရဲ့ စွမ်းရည် ကို မသုံးခဲ့တဲ့ အကြောင်းရင်းကလည်း ဘယ်လိုသုံးရမှန်း သူ မသိလို့ပဲ။

တိုက်ပွဲ အရှိန်အဟုန်ပြင်းထန်လာပြီး သူမကိုယ်တိုင် ဖျက်ဆီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရခါမှပဲ သူ့ရဲ့ စိတ်အောက်ခံက စွမ်းရည် ကို အသက်သွင်းလိုက်တာ ဖြစ်တယ်။

ဒါပေမဲ့ အခုတော့ ဒီ နတ်ဘုရားပန်းပဲဖို အပိုင်းအစအသစ်ကို စုပ်ယူလိုက်တာက သူ့ကို ခန္ဓာကိုယ်ဖွဲ့စည်းခြင်း ဒုတိယအဆင့်အထိ ကျော်လွန်တက်လှမ်းခွင့် ပေးလိုက်ပြီလေ။

အဲဒီအတွက်ကြောင့် သူ့ရဲ့ ဒီဗာ နဲ့ စွမ်းရည် တွေအပေါ် ထိန်းချုပ်နိုင်စွမ်းဟာ အတိုင်းအတာတစ်ခုအထိ မြင့်တက်လာတာကို သူ ခံစားလိုက်ရတယ်။

သူသာ အလိုရှိရင် သူ့ရဲ့ စွမ်းရည် နဲ့ ဒီဗာ ကို ဘယ်အချိန်မဆို ထုတ်သုံးလို့ရနေပြီ။

သူ မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ့ရဲ့ ဒီဗာ ကို ဆင့်ခေါ်ဖို့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေရဲ့ တန်ခိုးကို ချေးငှားလိုက်တယ်။

“ဝါး”

“လန်းလိုက်တာ”

“တကယ့် နင်ဂျာကျနေတာပဲ”

မိုက်ကယ် ရဲ့ ခေါင်းပေါ်က ဒီဗာ ကို ကြည့်ပြီး အားလုံးက အံ့ဩမှင်တက်နေကြတယ်။ ဇိုင်ယွန် က အပေါ်ကို ခုန်တက်ပြီး စက်ရုပ်လက်ကြီးကို သွားထိဖို့ ကြိုးစားပေမဲ့ အဲဒါနဲ့ ထိတွေ့လို့မရမှန်း သိလိုက်ရတယ်။ သူ့လက်က ဒီဗာ ကို ရိုးရိုး ပုံရိပ်ယောင်တစ်ခုလိုမျိုး ဖြတ်သန်းသွားရုံသက်သက်ပဲ ဖြစ်နေလို့ပါ။

မိုက်ကယ် က သူ့စိတ်ကို စုစည်းပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ရခဲ့တဲ့ ခံစားချက်ကို ပြန်လည် ပုံဖော်ကြည့်လိုက်တယ်။

'ငါက ဘလေဇဲလ် ရဲ့ ကိုယ်ပိုင် စွမ်းရည် နဲ့ ချိတ်ဆက်နိုင်တဲ့ ဗုံးနာရီတစ်ခုကို လုပ်နိုင်ခဲ့တာပေါ့'

သူ့ရဲ့ စွမ်းရည် က ဘယ်လိုပုံစံနဲ့ ဘာကြောင့် အလုပ်လုပ်သလဲဆိုတာကို သူ စတင်ဆန်းစစ်နေတုန်းမှာပဲ အရာတစ်ခုကို သဘောပေါက်သွားတယ်။

'ငါ့ရဲ့ စွမ်းရည် က ဘလေဇဲလ် ရဲ့ စွမ်းရည်ကို နည်းပညာဆိုင်ရာ အယူအဆတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်နိုင်တာပဲ။ ဗုံးတစ်လုံး ပေါက်ကွဲမလား၊ မပေါက်ကွဲဘူးလားဆိုတာကို ပတ်လမ်းတစ်ခုကနေ ထိန်းချုပ်တဲ့ ခေတ်ပေါ်အချိန်ကိုက်ဗုံးရဲ့ အယူအဆအတိုင်း ဖြစ်သွားအောင် ငါ လုပ်နိုင်ခဲ့တာ'

'ငါ့ရဲ့ စွမ်းရည် က နည်းပညာနဲ့ ပတ်သက်နေတာများလား' လို့ မိုက်ကယ် က သူ့ဘာသာ တွေးလိုက်မိတယ်။

အဲဒါက ဒီကမ္ဘာမှာ သူ လုပ်ဆောင်နေခဲ့တာတွေနဲ့ အတော်လေး ကိုက်ညီနေပုံရတယ်။ လူသားအားလုံး သက်တောင့်သက်သာရှိစေဖို့အတွက် ဒီကမ္ဘာမှာ နည်းပညာ တိုးတက်မှုတွေကို ပိုပြီး ဖန်တီးချင်ခဲ့တာလေ။

ဖြစ်နိုင်တာက သူ့ရဲ့ စွမ်းရည် က အဲဒီအရာရဲ့ လွှမ်းမိုးမှုကို ခံထားရတာလည်း ဖြစ်နိုင်တယ်။

[မင်းရဲ့ အတွေးက မှန်ကန်တယ်လို့ ယူဆစရာ အကြောင်းရှိပါတယ်။ ဒါပေမဲ့ ကောက်ချက်ချဖို့အတွက် အချက်အလက်တွေ ထပ်လိုပါသေးတယ်] လို့ နိုဗာ က ထပ်လောင်းပြောကြားလိုက်တယ်။

ဒါက သူ့ရဲ့ စွမ်းရည် ရဲ့ အကန့်အသတ်ကို သိနိုင်ဖို့အတွက် စမ်းသပ်မှုတွေ ပိုလုပ်ဖို့ လိုအပ်တယ်လို့ ပြောလိုက်တဲ့ သဘောပဲ။

'ငါ့ရဲ့ စွမ်းရည် က နည်းပညာနဲ့ ပတ်သက်နေတယ်ဆိုရင် ငါ စမတ်ဖုန်းတစ်လုံးတောင် ဖန်တီးနိုင်မှာပေါ့'

ဒီဖြစ်နိုင်ခြေကြောင့် စိတ်လှုပ်ရှားသွားတဲ့ မိုက်ကယ် ဟာ မျက်လုံးတွေကို မှိတ်ပြီး စမတ်ဖုန်းတွေအကြောင်းကို နက်နက်နဲနဲ တွေးတောလိုက်တယ်။

ဒါပေမဲ့ သူ့စိတ်ထဲမှာ အဲဒီအယူအဆကို ပုံဖော်ဖို့ ကြိုးစားတဲ့အခါမှာတော့ ရုတ်တရက် ဝေဝေဝါးဝါး ဖြစ်သွားပြီး အတွေးတစ်ခုတည်းအပေါ် အာရုံစူးစိုက်လို့ မရတော့ဘူး။

သူ့စိတ်ကို တစ်ခုခုက ပိတ်ဆို့ထားသလိုမျိုးပဲ။ ပိုပြီး တိတိကျကျ ပြောရရင် သူ့ရဲ့ စွမ်းရည် ဟာ စမတ်ဖုန်းလိုမျိုး အဆင့်မြင့်တဲ့အရာကို ဖန်တီးနိုင်လောက်အောင် အဆင့်မမြင့်သေးတာလည်း ဖြစ်နိုင်တယ်။

'ငါ့ရဲ့ အိုင်ဒီယာက ရှုပ်ထွေးလွန်းနေတယ်' လို့ သူက မျက်မှောင်ကုပ်ရင်း တွေးလိုက်တယ်။ 'ငါ့အတွက် ပိုပြီး ရိုးရှင်းတဲ့အရာတစ်ခု လိုအပ်တယ်'

နောက်ဆုံးတော့ သူက သူ့ရဲ့ အရင်ဘဝတုန်းက အမြဲရှိနေခဲ့တဲ့ အခြေခံအကျဆုံးနဲ့ အရိုးရှင်းဆုံး နည်းပညာပုံစံတစ်ခုကိုပဲ ရွေးချယ်လိုက်တယ်။ ဒါက ဒီကမ္ဘာမှာ သူ အမြန်ဆုံး အကောင်အထည်ဖော်ခဲ့တဲ့ အရာတွေထဲက တစ်ခုလည်း ဖြစ်တယ်။

သူက လက်ကို မြှောက်လိုက်တဲ့အခါမှာတော့ ရုတ်တရက် မြေကြီးထဲကနေ ဧရာမ သံရိုင်းတုံးကြီးတစ်ခု ထွက်ပေါ်လာပြီး သူ့လက်ဖဝါးဆီ ပျံသန်းလာခဲ့တယ်။

ဒီအယူအဆအပေါ် သူ အာရုံစူးစိုက်လိုက်တာနဲ့ သူ့ရင်ဘတ်ထဲက တန်ခိုးတွေ စတင်လှုပ်ရှားလာတာကို ခံစားလိုက်ရတယ်။ နတ်ဘုရားပန်းပဲဖို အပိုင်းအစက သူ့ကို တန်ခိုးတွေ ပံ့ပိုးပေးနေတာ။

သူ့ရဲ့ ဒီဗာ က အောက်ကို လှမ်းပြီး သံရိုင်းတုံးကို လှမ်းဖမ်းလိုက်ကာ စက်မှုလက်ချောင်းတွေနဲ့ မြဲမြံစွာ ညှပ်ထားလိုက်တယ်။ အဲဒီနောက်မှာတော့ ရုတ်တရက် လက်ရဲ့ နောက်ကျောဘက်ကနေ ပြောင်းပြန် အယ်လ် ပုံသဏ္ဌာန် တိုင်တစ်ခု ထွက်လာပြီး သံရိုင်းတုံးကို ထင်ထင်ရှားရှား ဖြတ်တောက်မယ့် အနီရောင် လေဆာတစ်ခုကို စတင်ပစ်လွှတ်လိုက်တော့တယ်။

“လန်းလိုက်တာ။ ဘာလုပ်နေတာလဲ အကိုကြီး မိုက်ကယ်” လို့ ဇိုင်ယွန် က ဒီဗာ ကို စိတ်အားထက်သန်စွာနဲ့ ချောင်းကြည့်ရင်း ပြောလိုက်တယ်။

မိုက်ကယ် က ဇိုင်ယွန် ကို ကြည့်ပြီး ရိုးရှင်းတဲ့ ညွှန်ကြားချက်တစ်ခု ပေးလိုက်တယ်။ “မင်းကို ရိုးရိုး မီးလုံးတစ်လုံး ဖန်တီးစေချင်တယ် ဟုတ်ပြီလား။ ငါ ပြောတဲ့အချိန်ကျရင် အဲဒါကို ငါ့ဆီ လှမ်းပစ်လိုက်”

ဇိုင်ယွန် က ချက်ချင်းပဲ လုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်။ ဒါပေမဲ့ ရှီနာ က ချက်ချင်းပဲ ကြားဖြတ်ဝင်ပြောလာတယ်။

“သခင်လေး မိုက်ကယ်။ ဇိုင်ယွန် က ရမ်းကားလွန်းတဲ့ အကျင့်ရှိတာမို့ ဒီတာဝန်အတွက် မသင့်တော်ဘူးလို့ ထင်ပါတယ်။ သခင်လေးရဲ့ ဘေးကင်းမှုကို သေချာစေဖို့အတွက် ကျွန်မကိုပဲ လုပ်ခွင့်ပြုပါ” လို့ သူမက ပြောလိုက်တယ်။

“ဟေး” လို့ ဇိုင်ယွန် က စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်အော်လိုက်ပေမဲ့ အဲဒီပြောဆိုချက်ကိုတော့ မငြင်းဆန်နိုင်ခဲ့ဘူး။

“ကောင်းပြီ။ ရိုးရိုး ကြယ်လေးပွင့်မန္တန် တစ်ခုဆိုရင် လုံလောက်ပါပြီ” လို့ သူက ရှီနာ ကို ပြောလိုက်တယ်။

အဖြူရောင် အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်း မလေးဟာ ခေါင်းညိတ်ပြပြီး တိုက်ပွဲဝင်ဖို့ အသင့်ပြင်လိုက်တယ်။

ဒီဗာ က သံရိုင်းတုံးပေါ်မှာ ပုံဖော်ခြင်းကို အဆုံးသတ်လိုက်တဲ့အခါ ကြမ်းတမ်းတဲ့ သတ္တုတုံးဟာ အပေါ်ဘက်မှာ စောင်းနေတဲ့ တြိဂံပုံစံပါရှိတဲ့ ထောင့်မှန်စတုဂံပုံစံ ဖြစ်သွားခဲ့တယ်။

ယူနာ က အဲဒါ ဘာလဲဆိုတာ ချက်ချင်း မှတ်မိသွားတယ်။ သူမ အရင်ဘဝတုန်းက ဒီနည်းပညာကို သန်းနဲ့ချီပြီး သုံးခဲ့ဖူးတာလေ။

“အဲဒါက”

အဲဒီအချိန်မှာပဲ မိုက်ကယ် က ရှီနာ ကို ခေါင်းညိတ်ပြပြီး မီးလုံးမန္တန်ကို လွှတ်ဖို့ အချက်ပြလိုက်တယ်။

သူမရဲ့ လက်ဖဝါးရှေ့မှာ ဧရာမ မှော်ကန်တော့ကွင်းကြီးတစ်ခု ပေါ်လာပြီး လေထုထဲမှာ လေးပေပတ်လည်ရှိတဲ့ မီးလုံးတစ်လုံး ဖန်တီးဖို့ သူမခန္ဓာကိုယ်ထဲက မှော်စွမ်းအင် တွေကို စုစည်းလိုက်တယ်။ အဲဒါ ပေါ်လာရုံတင် တောအုပ်ရဲ့ ပတ်ဝန်းကျင် အပူချိန်ကို အနည်းငယ် မြင့်တက်သွားစေပြီး အရာအားလုံးကို ဝါကျင်ကျင် အရောင်သန်းသွားစေတယ်။

“မီးလုံး” လို့ ရှီနာ က အော်ဟစ်လိုက်ပြီး ကြယ်လေးပွင့်မန္တန် ကို မိုက်ကယ် ဆီ ပစ်လွှတ်လိုက်တယ်။ သူမရဲ့ တိကျတဲ့ ပစ်မှတ်ထားမှုကြောင့် အဲဒါက ဘေးမချော်ဘဲ အလယ်တည့်တည့်ကို တန်းတန်းမတ်မတ် ဦးတည်သွားခဲ့တယ်။

“အပြစ်ဆိုဖွယ်မရှိဘူး” လို့ မိုက်ကယ် က တိုးတိုးလေး ရေရွတ်လိုက်တယ်။

မီးလုံးက သူ့ဆီ အတော်လေး မြန်ဆန်တဲ့ အရှိန်နဲ့ ပြေးဝင်လာတာမို့ သူက သူ့ရဲ့ ဒီဗာ လက်ထဲက သံထည်ပစ္စည်းကို ယူပြီး မီးလုံးဆီ လှမ်းပစ်လိုက်တယ်။

ဒီ သံထည်ပစ္စည်း သေးသေးလေးဟာ ဒီမီးလုံးထဲမှာ အရည်ပျော်သွားသင့်တာ။

ဒါပေမဲ့ အဲဒါက သာမန် မှော်စွမ်းအင် တွေရဲ့ ဒဏ်ကို မခံရတဲ့ ဆန်းကြယ်တဲ့ တန်ခိုးတစ်ခု ကိန်းအောင်းနေပုံရတယ်။

လိမ္မော်သီးတစ်လုံးထက်မကြီးတဲ့ ထောင့်မှန်စတုဂံ သံထည်ပစ္စည်းဟာ မီးလုံးရဲ့ အလယ်တည့်တည့်ကို တန်းတန်းမတ်မတ် ဝင်သွားပြီး အလယ်ဗဟိုမှာတင် ရပ်တန့်သွားခဲ့တယ်။

အဲဒီနောက်မှာတော့ သံသေတ္တာထဲကနေ ဆန်းကြယ်တဲ့ တန်ခိုးတစ်ခု ထွက်ပေါ်လာပြီး မီးလုံးတစ်ခုလုံးဆီ ပျံ့နှံ့သွားတော့တယ်။

ရုတ်တရက် မီးလုံးဟာ လေထုထဲမှာတင် လုံးဝ အေးခဲရပ်တန့်သွားခဲ့တယ်။ သူ့ရဲ့ အရှိန်အဟုန်ဟာ လမ်းခုလတ်မှာတင် တန့်သွားတာ ဖြစ်တယ်။

“ရပ်သွားပြီ” လို့ ရှီနာ က အံ့ဩတကြီး ပြောလိုက်တယ်။

ဒီအဆင့်မှာတင် လိုင်လီယာ က ငြိမ်သက်နေတဲ့ မီးလုံးနားကို တိုးကပ်သွားပြီး ပိုပြီး ထိတ်လန့်စရာကောင်းတဲ့ အရာတစ်ခုကို သတိပြုမိသွားတယ်။

“မီး မှော်စွမ်းအင် က မလှုပ်ရှားတော့ဘူး” လို့ သူမက ရေရွတ်လိုက်တယ်။

မီးလုံးဟာ အချိန်ကာလထဲမှာ အေးခဲသွားသလိုမျိုး ဖြစ်နေပြီး သူ့ရဲ့ မီးတောက်တွေက ပုံမှန်လို တဖျတ်ဖျတ် မတောက်တော့ဘူး။ အဲဒါက ရုပ်ပိုင်းဆိုင်ရာ နိယာမတွေနဲ့ မှော်ပညာရဲ့ နိယာမတွေကို လုံးဝ ဆန့်ကျင်ပြီး ဘာလှုပ်ရှားမှုမှ မရှိဘဲ တည်ငြိမ်နေခဲ့တယ်။

“ဒါက မဖြစ်နိုင်တာ မဟုတ်ဘူးလား” လို့ ဂျာကူ က အံ့ဩတကြီး စိုက်ကြည့်နေတယ်။

ယူနာ တစ်ယောက်တည်းသာ မီးလုံးက လေထုထဲမှာ ဘာကြောင့် ရပ်သွားရသလဲဆိုတာကို အနည်းငယ် နားလည်ပုံရတယ်။

သူမက မိုက်ကယ် ဆီ လှည့်ကြည့်လိုက်တယ်။ “ဒါက ခလုတ် ကြောင့် မဟုတ်လား ဟင်” လို့ သူမက မေးလိုက်တယ်။

မိုက်ကယ် က ခေါင်းညိတ်ပြလိုက်တယ်။ သူ သူ့ရဲ့ ဒီဗာ နဲ့ ဖန်တီးခဲ့တဲ့ အရာက ဖွင့်လို့ ပိတ်လို့ ရတဲ့ ရိုးရှင်းတဲ့ ခလုတ် တစ်ခုပဲ ဖြစ်တယ်။

ဒါက အလွန် အခြေခံကျတဲ့ နည်းပညာဖြစ်ပြီး ခေတ်သစ်ကမ္ဘာက ရှုပ်ထွေးလှတဲ့ ဖန်တီးမှုအချို့ရဲ့ အုတ်မြစ်လည်း ဖြစ်တယ်။

အခုအချိန်မှာတော့ ဒါက သူ့ရဲ့ စွမ်းရည် နဲ့ သူ ပုံဖော်နိုင်တဲ့ တစ်ခုတည်းသော နည်းပညာ ဖြစ်နေသေးတယ်။

ဒါတောင်မှ အဲဒါက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ သူ မျှော်လင့်မထားခဲ့ဘူး။

အဲဒီ ခလုတ် က မှော်မန္တန်တွေကို ဖွင့်လို့ ပိတ်လို့ ရနေတာပဲ

* * * * * * * *

စာစဉ်(၃၃)

အခန်း(၃၉၀)

ဒါကတော့ တကယ့်ကို အမှန်တရားအသစ်ကြီးတစ်ခုပါပဲ။ အဲဒီစွမ်းရည်တွေက လက်တွေ့ကမ္ဘာကြီးကို ဘယ်လောက်အထိ ရိုက်ခတ်ဖျက်ဆီးပစ်နိုင်လဲဆိုတာ သူ အခုမှပဲ ကောင်းကောင်းသဘောပေါက်သွားတော့တယ်။ သူ ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ ကမ္ဘာ့နိယာမတွေကို ကွေးညွတ်ပစ်နေတာလေ။

ရှုပ်ထွေးတဲ့ ပတ်လမ်းတွေ ဘာမှမပါဘဲ ဝါယာကြိုးတစ်စုလောက်ပဲ ရှိတဲ့ ရိုးရိုးရှင်းရှင်း ခလုတ်တစ်ခုက ခလုတ်နှိပ်လိုက်ရုံရုံလေးနဲ့ မန္တန်တွေရဲ့ စီးဆင်းမှုကို ထိန်းချုပ်နိုင်နေတာဟာ တစ်နည်းနည်းနဲ့တော့ ဖြစ်ပျက်နေတာပါပဲ။ ဒါက ဘယ်လိုမျိုး အလုပ်လုပ်လဲဆိုတာ စဉ်းစားလို့တောင် မရနိုင်ဘူး။ ဝါယာကြိုးတွေက အဲဒီမန္တန်နဲ့ ဘယ်လိုနည်းနဲ့မှ ဆက်စပ်နေတာလည်း မဟုတ်ဘဲနဲ့။

“ဒါ တကယ့်ကို အံ့ဩဖို့ကောင်းလိုက်တာ” ယူနာက သူမရှေ့မှာ တောင့်ခဲနေတဲ့ မီးလုံးကြီးကို ကြည့်ပြီး အံ့ဩတသ ဖြစ်နေရှာတယ်။

“ဒါက ဒီဗာတစ်ယောက်ရဲ့ တန်ခိုးပေါ့လေ... တကယ်ကို ဦးနှောက်ခြောက်သွားတာပဲ။ နောက်ထပ်ကော ဘာတွေလုပ်နိုင်သေးလဲဟင်... ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တာမျိုးလား”

“ဟိဟိဟိ... မိုက်ကယ်ရေ၊ မင်းရဲ့ စေ့စပ်ထားတဲ့သူ... အာ၊ မဟုတ်ပါဘူး... မင်းရဲ့ အသည်းကျော်သူငယ်ချင်းလေးက မင်းကို မေးခွန်းမေးနေတယ်လေ” လိုင်လီယာက မိုက်ကယ်ကို ယူနာ့ဘက် ရောက်သွားအောင် တွန်းပို့ရင်း ပြောလိုက်တယ်။

“စမ်းသပ်ကြည့်ကြတာပေါ့” သူက ယူနာ့ကို ပြောလိုက်တယ်။

သူ့ရဲ့ စွမ်းရည်အသစ်ရဲ့ အကန့်အသတ်က ဘယ်လောက်အထိ ရှိမလဲဆိုတာကို သူ တော်တော်လေး စိတ်ဝင်စားနေမိတာ။ ပထမဆုံးအနေနဲ့ သူက ရှေ့မှာရှိတဲ့ မီးလုံးကြီးပေါ် အာရုံစိုက်လိုက်ပြီး အလယ်က သံခလုတ်နဲ့ ချိတ်ဆက်လိုက်တယ်။

အဲဒါကို ပြန်ပွင့်သွားဖို့ စိတ်ထဲကနေ အမိန့်ပေးလိုက်တဲ့အခါမှာတော့ ခလုတ်ဆီကနေ ‘ဖြောက်’ ဆိုတဲ့ ပြတ်သားတဲ့ အသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာတယ်။

အာရုံချင်း ဆက်သွယ်ပြီး ပွင့်သွားတာနဲ့ မီးလုံးကြီးက ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားသွားတော့တယ်။ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်က လမ်းခုလတ်မှာရပ်တန်းမသွားဘူးခဲ့သလိုမျိုး မိုက်ကယ်ရှိတဲ့ဘက်ကို အရင်အရှိန်အဟုန်အတိုင်း တဟုန်ထိုး ပြေးဝင်သွားတော့တာပေါ့။

သူ့ပတ်ပတ်လည်မှာ သက်တံရောင် အကာအကွယ်ဒိုင်းတစ်ခု ပေါ်လာပြီး ကြယ်လေးပွင့်မန္တန်ရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးလိုက်တဲ့အပြင် အဲဒီထဲက မှော်စွမ်းအင်တွေကိုလည်း ဘာမှမရှိတော့တဲ့အထိ ခြေဖျက်ပစ်လိုက်တယ်။

သံခလုတ်ကတော့ သူ့လက်ဖဝါးထဲကို ကွက်တိ ပြန်ကျလာပြီး သုံးဖို့ အသင့်ဖြစ်နေခဲ့ပြီ။

“သခင်... ဒီသစ်ပင်ကြီး လဲကျမလာအောင် တားပေးနိုင်မလား” ဂျာကူက သူ့ဓားကို အိတ်ထဲကနေ ဆွဲထုတ်ပြီး သွက်လက်တဲ့ လှုပ်ရှားမှုတစ်ခုနဲ့အတူ သစ်ပင်ကို တစ်ဝက်ကနေ ပိုင်းဖြတ်လိုက်ရင်း မေးလိုက်တယ်။

အရွယ်အစား အလတ်စားလောက်ရှိတဲ့ သစ်ပင်ကြီးရဲ့ ပင်စည်ပေါ်မှာ ပါးလွှာတဲ့ ဓားရာတစ်ကြောင်း ပေါ်လာပြီး ဓားဖြတ်သွားတဲ့ နေရာကနေ ဖြည်းဖြည်းချင်း လျှောကျလာတော့တယ်။

သစ်သားတွေ ကျိုးပဲ့သံက သစ်ပင်ကြီးဆီကနေ မြည်ဟည်းထွက်လာပြီး ဖြည်းဖြည်းချင်း လဲပြိုကျလာခဲ့ပြီ။

မိုက်ကယ်က လဲကျနေတဲ့ သစ်ပင်ကြီးဆီကို သူ့ရဲ့ သံခလုတ်ကို အမြန်ပဲ လှမ်းပစ်လိုက်ရာ ပင်စည်ကို တည့်တည့်မတ်မတ် သွားမှန်တော့တယ်။

ခလုတ်က သစ်ပင်နဲ့ ရိုက်မိသွားတာနဲ့ သတ္တုဆီကနေ ဆန်းကြယ်တဲ့ တန်ခိုးတစ်ခု ထွက်ပေါ်လာပြီး သစ်ပင်မှာ ကပ်ငြိသွားစေခဲ့တယ်။

မိုက်ကယ်က သူ့စိတ်ကို အမြန်ဆုံး အာရုံစိုက်လိုက်ပြီး အာရုံခံစားမှုနဲ့ပဲ သံခလုတ်ကို အပိတ်နေရာဆီ ရွှေ့လိုက်တယ်။

သတ္တာခလုတ်ကလေး မြည်သွားတာနဲ့ တစ်ပြိုင်နက် သစ်ပင်ကြီးဟာ လေထဲမှာတင် ချက်ချင်း ရပ်တန့်သွားတော့တယ်။ မီးလုံးကြီးလိုပဲ သစ်ပင်ကြီးကလည်း အချိန်တွေ ရပ်တန့်သွားတဲ့အတိုင်း ဖြစ်နေခဲ့ပြီ။ ဒါပေမဲ့ သစ်ကိုင်းတွေပေါ်ကနေ ကြွေကျလာတဲ့ သစ်ရွက်တွေကတော့ သူ့ခလုတ်ရဲ့ သက်ရောက်မှု မရှိဘဲ မြေပြင်ပေါ်ကို လျှောခနဲ ကြွေကျနေတုန်းပဲ။

သူ့ရဲ့ စွမ်းရည်က အဲဒီသစ်ရွက်တွေကို သစ်ပင်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မသတ်မှတ်တော့တာကြောင့် ထိန်းချုပ်လို့မရတာ ဖြစ်ပုံရတယ်။

ဒီလို တောင့်ခဲနေတဲ့ အခြေအနေမှာတင် မိုက်ကယ်က သစ်ပင်ကြီးကို အရင်လဲကျမယ့် လမ်းကြောင်းထဲကနေ ဖြည်းဖြည်းချင်း အပေါ်ကို မြှောက်တင်လိုက်တယ်။

သူ သတိထားမိတာကတော့ ဒါက လုံးဝ လေးမနေဘူးဆိုတာပါပဲ။ အလေးချိန် အနည်းငယ်တော့ ရှိနေသေးပေမဲ့ တော်တော်လေးကို လျော့ပါးသွားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။

ပြီးတော့ သူက လဲကျနေတဲ့ သစ်ပင်ကြီးကို တခြားသစ်ပင်တွေကို မထိခိုက်စေမယ့် လွင်ပြင်အလွတ်တစ်ခုဆီ တစ်မီတာလောက် အကွာကို ရွှေ့ပစ်လိုက်တယ်။

စိတ်ထဲကနေ ရိုးရိုးရှင်းရှင်းလေးပဲ တွေးလိုက်ပြီး ခလုတ်ကို ပြန်ဖွင့်ပေးလိုက်ရာ သစ်ပင်ကြီးဟာ နောက်ဆုံးမှာတော့ မြေပြင်ပေါ်ကို ဘုန်းခနဲ လဲကျသွားတော့တယ်။

“....ဒါ တကယ်ကို လန်းတာပဲ သခင်”

ရှက်တတ်တဲ့ ယူမီစုတောင်မှ မိုက်ကယ်ရဲ့ စွမ်းရည်တွေကို ကြည့်ပြီး အံ့ဩမိတာကို မအောင့်နိုင်ဘဲ ထုတ်ပြောလိုက်မိတယ်။

“သခင်မိုက်ကယ်... ကျွန်မကြည့်ရသလောက်တော့ သခင်လေးရဲ့ ခလုတ်က အားအင်တွေ၊ စွမ်းအင်တွေ၊ အဟုန်တွေကို စိတ်ကြိုက် အဖွင့်အပိတ် လုပ်ပြီး ကြိုးကိုင်နိုင်တဲ့ပုံပဲရှင့်” ရှီနာက သူမ မှတ်စုထဲ ရေးမှတ်ထားတာတွေကို ကြည့်ရင်း ရှင်းပြနေတယ်။

“ဒါက ဒီကမ္ဘာပေါ်က ဘယ်လို ရူပဗေဒ နိယာမ ဒါမှမဟုတ် မှော်ကျင့်စဉ် စည်းမျဉ်းတွေနဲ့မှ ကိုက်ညီမနေဘူး”

“ဒါပေါ့... ငါ့သားက သူလုပ်ချင်တာမှန်သမျှ အကုန်လုပ်နိုင်တာ။ ရူပဗေဒတို့ မှော်ပညာတို့ကို ဖောက်ဖျက်ရတာက သူ့အတွက်တော့ အသေးအဖွဲလေးပါ” လိုင်လီယာက လေလုံးထွားလိုက်တယ်။

မိုက်ကယ်ကတော့ နည်းနည်း ရှက်ကိုးရှက်ကန်းဖြစ်ပြီး ခေါင်းကိုသာ ခါယမ်းနေမိတော့တယ်။

‘နေပါဦး’ သူက ကိုယ့်ဘာသာ တွေးလိုက်မိတယ်။ ‘အရာအားလုံးကို ငါ့ခလုတ်နဲ့ သက်ရောက်မှုရှိအောင် လုပ်လို့ရတာလား’

“ဘယ်သူ စမ်းသပ်မှုမှာ ပါဝင်ကူညီချင်လဲ” သူက ခလုတ်ကို လက်ထဲ ကိုင်ထားရင်း အားလုံးကို လှမ်းမေးလိုက်တယ်။

သူ့ရဲ့ စမ်းသပ်မှုက ဘာလဲဆိုတာ ခန့်မှန်းရ လွယ်ကူပါတယ်။ သူ့ရဲ့ စွမ်းရည်တွေက လူသားတစ်ယောက်ပေါ်မှာကော အလုပ်ဖြစ်ပါ့မလားဆိုတာ သူ သိချင်နေတာ။ သူတို့ကိုလည်း တခြားအရာတွေလိုပဲ ‘အဖွင့်’ ‘အပိတ်’ လုပ်လို့ရမလား။ အဲဒါက ဘယ်လိုမျိုး သက်ရောက်မှု ရှိမလဲ။

ဒီမေးခွန်းကြောင့် အားလုံး တိတ်ဆိတ်သွားကြတယ်။

သူတို့အားလုံးက မိုက်ကယ်အပေါ် သစ္စာရှိကြပေမဲ့ ဒီဗာတွေရဲ့ ဆန်းကြယ်တဲ့ တန်ခိုးနဲ့ အသုံးချခံရမယ့် အလုပ်ကိုတော့ သိပ်ပြီး သဘောကျပုံမပေါ်ကြဘူး။

“ကျွန်တော် လုပ်မယ်” ဇိုင်ယွန်က တက်တက်ကြွကြွနဲ့ ပြောလိုက်တယ်။

မိုက်ကယ်က ခေါင်းညိတ်ပြလိုက်ပြီး စိတ်အားထက်သန်နေတဲ့ ဒရာဂွန်ဘွန်းနားဆီ လျှောက်သွားလိုက်တယ်။

ဇိုင်ယွန်တော့ ဒါကြောင့် ဘာမှ ထိခိုက်ဒဏ်ရာရမှာ မဟုတ်ပါဘူးနော်။

[မင်း လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေအရတော့ ဇိုင်ယွန်ရဲ့ ကျန်းမာရေးကို ဒီခလုတ်က ထိခိုက်စေဖို့ အခွင့်အလမ်း သိပ်မရှိပါဘူး] နိုဗာက ဝင်ပြောတယ်။

သစ်ပင်ကြီးတုန်းကလည်း စမ်းသပ်မှုကြောင့် ဘာမှ ပျက်စီးမသွားခဲ့ဘူးလေ။ မီးလုံးကြီးတောင်မှ သူ့ရဲ့ မှော်စွမ်းအင်တွေ လျော့နည်းမသွားခဲ့ဘူး။ အရာအားလုံးက အဖွင့်အပိတ် လုပ်ပြီးတာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြတာချည်းပဲ။

“မင်း ငါ့ကို ယုံတယ်မလား” သူက ဇိုင်ယွန်ကို မေးလိုက်တယ်။

“မေးနေစရာတောင် မလိုဘူး အစ်ကိုမိုက်ကယ်”

ဇိုင်ယွန်က မိုက်ကယ်ရဲ့ လက်ထဲကနေ ခလုတ်ကို လှစ်ခနဲ လုယူလိုက်ပြီး သူ့ရဲ့ ရင်ဘတ်ပေါ်ကို ချက်ချင်း ဖိကပ်လိုက်တော့တယ်။

သံခလုတ်က စက္ကန့်ပိုင်းလောက် တန်ခိုးတွေ တဖျတ်ဖျတ် တောက်ပသွားပြီး ဇိုင်ယွန်ရဲ့ အကြေးခွံတွေပေါ်မှာ ကပ်ငြိသွားခဲ့ပြီ။

“မင်း...”

မိုက်ကယ်က ဇိုင်ယွန်ကို စိတ်မြန်လွန်းလို့ ဆူပူချင်သွားပေမဲ့ နောက်ကျသွားခဲ့ပါပြီ။ ခလုတ်က သူ့အပေါ်မှာ ကပ်သွားခဲ့ပြီလေ။

ဇိုင်ယွန်ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားတယ်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်က မှော်စွမ်းအင် စီးဆင်းမှုတွေတောင် ရပ်တန့်သွားပြီး အချိန်တွေ ထဲထဲဝင်ဝင် တောင့်ခဲသွားသလို ဖြစ်သွားခဲ့ပြီ။

“ဇိုင်ယွန်... ငါပြောတာ ကြားရလား” မိုက်ကယ်က သူ့မျက်နှာရှေ့မှာ လက်ကို ယမ်းပြရင်း မေးလိုက်တယ်။

ခဏအကြာမှာတော့ ဇိုင်ယွန်ရဲ့ မျက်လုံးတွေက ရုတ်တရက် ဘေးဘက်ကို ရွေ့သွားပြီး မိုက်ကယ်နဲ့ မျက်လုံးချင်း ဆုံသွားတယ်။ ပြီးတော့ သူ့မျက်နှာက ရွဲ့စောင်းလာပြီး ပါးစပ်ကို လှုပ်ရှားကာ သူ နောက်ပြောင်ချင်တဲ့ အချိန်တိုင်း လုပ်လေ့ရှိတဲ့ ထူးဆန်းတဲ့ မျက်နှာပေးမျိုး လုပ်ပြလာတော့တယ်။

သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တော်တော်များများက ပြန်လည် အသက်ဝင်လှုပ်ရှားလာပြီး နောက်ဆုံးမှာတော့ တစ်ကိုယ်လုံး ပုံမှန်အတိုင်း ပြန်လည် လှုပ်ရှားသွားတော့တာပေါ့။ သူ့ရင်ဘတ်ပေါ်က သံခလုတ်တောင် ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားပြီး မိုက်ကယ်ရဲ့ စွမ်းရည်အောက်ကနေ လုံးဝ ရုန်းထွက်နိုင်သွားတဲ့ သဘောကို ပြလိုက်တယ်။

“ဝိုး...” ဇိုင်ယွန်က သူ့နားထင်တွေကို နှိပ်နယ်ရင်း ပြောလိုက်တယ်။ “ဒါ တော်တော် ထူးဆန်းတာပဲ။ အိပ်ပျော်နေတုန်း ရုတ်တရက် အတင်းနှိုးလိုက်သလိုမျိုး ခံစားရတယ်”

သူက ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး ဘာမှ ပုံမှန်မဟုတ်တာ မရှိမှန်း သိလိုက်ရတယ်။ ရှီနာက ဇိုင်ယွန်နား လျှောက်သွားပြီး သူ့ခေါင်းကို ချက်ချင်း ဖြုန်းခနဲ ရိုက်ပစ်လိုက်တော့တယ်။ ပြီးတော့ နောက်တစ်ခါဆို သတိထားဖို့နဲ့ မိုက်ကယ်ရဲ့ ညွှန်ကြားချက်ကို စောင့်ဖို့အတွက် ဆူပူကြိမ်းမောင်းပါလေရော။

ငါ့ရဲ့ ခလုတ်က လူသားတွေအပေါ်မှာ အလုပ်ဖြစ်တာတော့ မှန်ပေမဲ့ ခဏတာပဲ ခံတာပဲ။ တစ်စက္ကန့်လောက်ပဲ ကြာတယ်။

[လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက မင်းရဲ့ အခုလက်ရှိ စွမ်းရည်တွေအတွက်တော့ သိပ်ပြီး ဆန်းပြားလွန်းနေလို့ ဖြစ်နိုင်ပါတယ်] နိုဗာက ထပ်လောင်းပြောတယ်။

သူလည်း အဲဒီအဆိုကို သဘောတူပါတယ်။ ဇိုင်ယွန်ကို ခဏလောက် တောင့်ခဲသွားအောင် လုပ်နိုင်တယ်ဆိုတဲ့ အချက်ကပဲ နောက်နောင် သူ့ရဲ့ စွမ်းရည်တွေ ပိုပြီး သန်မာလာရင် လူတွေကိုပါ တောင့်ခဲပစ်နိုင်မယ့် အလားအလာ ရှိနေတာလေ။

အဲဒီနောက်မှာတော့ သူက သူ့စွမ်းရည်ကို သုံးပြီး စမ်းသပ်မှုတွေ ပိုလုပ်ခဲ့ကာ မန္တန်မျိုးစုံနဲ့ မှော်စွမ်းအင်မျိုးစုံကို စမ်းသပ်ကြည့်ခဲ့တယ်။ သူ သိသလောက်တော့ ခလုတ်က အဲဒီအရာအားလုံးအပေါ် သက်ရောက်မှု ရှိနေခဲ့တာပါပဲ။ ဒါပေမဲ့ ဂရီးဗ်ဆီကနေ ရလာတဲ့ ကြယ်ရှစ်ပွင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ ပိုသန်မာတဲ့ မန္တန်တွေကတော့ သက်ရောက်မှု ရှိဖို့ အခွင့်အလမ်း နည်းပါတယ်။ အဲဒီမန္တန်တွေက သူ့စွမ်းရည်ရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်သွားပြီး စက္ကန့်ပိုင်းအတွင်းတင် ပြန်ပွင့်သွားတတ်ကြလို့ပါ။

အဲဒီနောက်မှာတော့ သူက တစ်ကြိမ်တည်းနဲ့ ခလုတ်တစ်ခုထက်မက ဖန်တီးနိုင်မလားဆိုတာ စမ်းသပ်ကြည့်ပြန်တယ်။ သူက သူ့ရဲ့ ဒီဗာဆီကို သံရိုင်းတုံး နှစ်တုံး ထပ်ပေးလိုက်ရာ ဒီဗာက ချက်ချင်းပဲ အလုပ်စလုပ်ပြီး သုံးလို့ရတဲ့ ခလုတ်နှစ်ခုကို ကွက်တိ ဖန်တီးပေးလာခဲ့တယ်။

ဒါပေမဲ့ အဲဒီနောက်မှာတော့ သူ့ရဲ့ ဒီဗာက နောက်ထပ် ခလုတ်တစ်ခု ထပ်လုပ်ဖို့ ငြင်းဆန်ခဲ့တော့တယ်။ သူ့အတွက် လက်ရှိ အကန့်အသတ်က ခလုတ်သုံးခုပဲ ဖြစ်ပုံရတယ်။

ဒီခလုတ်သုံးခုစလုံးက ဘာပြဿနာမှမရှိဘဲ တစ်ပြိုင်နက်တည်း အလုပ်လုပ်နိုင်ကြပြီး အာရုံခံစားမှုနဲ့တင် အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့တယ်။

ပြီးတော့ ဒီခလုတ်တွေအတွက် အချိန်ကန့်သတ်ချက် မရှိဘူးဆိုတာကိုလည်း သူ သိလိုက်ရတယ်။ လက်တွေ့ကမ္ဘာမှာ သူ့ရဲ့ ဒီဗာ ပေါ်ထွက်နေသရွေ့တော့ အဲဒီခလုတ်တွေက အသက်ဝင်နေမှာပဲ။ ဒါပေမဲ့ သူ့အပေါ်မှာ ဒီဗာကို အချိန်ပြည့် ရှိနေအောင် လုပ်ဖို့ကတော့ ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်နေတယ်။

သူ့ရဲ့ အကန့်အသတ်က တစ်နာရီပဲ ရှိတာ။ အဲဒီနောက်မှာတော့ သူ တော်တော်လေး အားအင်ကုန်ခမ်းသွားသလို ခံစားရပြီး သူ့ရဲ့ ဒီဗာကလည်း လက်တွေ့ကမ္ဘာထဲကနေ ပျောက်ကွယ်သွားတော့တယ်။ အဲဒီလို ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ စွမ်းရည်က အလုပ်မလုပ်တော့ဘဲ ခလုတ်တွေကလည်း ရိုးရိုး သံတုံးတွေအဖြစ် ပြန်ပြောင်းသွားတော့တာပေါ့။

* * * * * * * *

All Chapters