← Chapters

အခန်း ၂၉၀၉

Vol. 231 Ch. 2909

အခန်း ၂၉၀၉

Vol. 231 Ch. 2909

အခန်း(၂၉၀၉)

လင်းရှီယောင်နှင့် လျှိုမန်ချင်တို့ နှစ်ဦးစလုံး၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး အရှင်ပိချွမ်၏ မေးခွန်းကို ဘာတစ်ခွန်းမျှ ပြန်လည် မဖြေကြားခဲ့ကြပေ။

“မင်းတို့ မပြောလည်း ဘာမှမဖြစ်ပါဘူး.. မင်းတို့ စန်းယဲ့မြို့ဘက်ကို ထွက်ပြေးနေတာကို ကြည့်ရင် မင်းတို့က ယဲ့မိသားစုရဲ့ နောက်ကွယ်က အင်အားစုနဲ့ ပတ်သက်နေတာပဲ ဖြစ်ရမယ်”

အရှင်ပိချွမ်က မိန်းကလေးနှစ်ဦးကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ နှစ်ယောက်က ပိယွင်အင်မော်တယ် နန်းတော်ရဲ့ အစီအစဥ်ကို သိနေပြီ ဆိုမှတော့ ဒီအရှင်နဲ့ အတူ ပြန်လိုက်လာပြီး ဘိုးဘေးရဲ့ ပြန်လည်ရှင်သန်ခြင်း အတွက် မင်းတို့ရဲ့အသက်ကို ပေးလှူဖို့ ပြင်ထားလိုက်တော့”

စကားဆုံးသည်နှင့် အရှင်ပိချွမ်သည် လက်တစ်ဖက်ကို တိုက်ရိုက် ဆန့်ထုတ်ကာ မိန်းကလေးနှစ်ဦးကို လှမ်းဖမ်းလိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင် လျှိုမန်ချင် ထံကနေ တလော့အရှိန်အဝါများ ပြည့်နှက်နေသည့် တောက်ပသော အင်မော်တယ် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် ပုံရိပ်ယောင် တစ်ခု အဖြစ် လျင်မြန်စွာ စုစည်းသွားခဲ့သည်။

“မင်းတို့က ပိယွင်အင်မော်တယ်နန်းတော်ရဲ့ တပည့်တွေ မဟုတ်ဘူးပဲ”

အရှင်ပိချွမ်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“တလော့အင်မော်တယ် တစ်ပါးရဲ့ ရှေ့မှာ တလော့ ဓမ္မခန္ဓာကိုယ်က ဘာတတ်နိုင်မှာမို့လဲ”

စကားဆုံးသည်နှင့် အရှင်ပိချွမ်က သူ၏ လက်တစ်ဖက်ကို မြှောက်၍ အသာအယာ ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ အင်မော်တယ် အဆီအနှစ်စွမ်းအားများသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ချက်ချင်းဆိုသလို ထောင်ချီသော ရေခဲမြားများအဖြစ် ပြောင်းလဲသွားခဲ့ပြီး တလော့ဓမ္မခန္ဓာကိုယ် ဆီသို့ ချက်ချင်းဆိုသလို ဦးတည်သွားခဲ့သည်။

“ရွှစ်.. ရွှစ်.. ရွှစ်..”

ရေခဲမြားများ၏ ထိုးဖောက်မှုကြောင့် တလော့ ဓမ္မ ခန္ဓာကိုယ် ပုံရိပ်သည် ချက်ချင်းဆိုသလိုပင် အပေါက်ငယ်လေးများအဖြစ် ထိုးဖောက်ခံလိုက်ရ၏။

နောက်ထပ် တစ်စက္ကန့်တွင် တလော့ဓမ္မခန္ဓာကိုယ် ပုံရိပ်သည် လေထုထဲတွင် တိုက်ရိုက် ပြိုကွဲပျက်စီးသွားခဲ့ပြီး အလင်းစက်လေးများ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

“အပင်ပန်းခံပြီး ရုန်းကန်မနေပါနဲ့.. ဒီအရှင်နဲ့ပဲ ပြန်လိုက်ခဲ့ပါ”

အရှင်ပိချွမ်က သာမန် လှုပ်ရှားမှုလေးဖြင့်ပင် လျှိုမန်ချင်ထုတ်ဖော်လိုက်သည့် တလော့ဓမ္မခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက်တွင် အရှင်ပိချွမ်က သူ၏ လက်ဖဝါးကိုဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားသည့် လက်ဖဝါး တစ်ဖက်သည် မိန်းကလေးနှစ်ဦး ထံသို့ ဦးတည်လာခဲ့သည်။

မိန်းကလေးနှစ်ဦးသည် သူတို့ဆီသို့ ဦးတည်လာသည့် ဧရာမလက်ဝါးကြီးကို ကြည့်ရင်း မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။

သူတို့ကဲ့သို့ ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူများသည် တလော့အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်သည့် အရှင်ပိချွမ်၏ ရှေ့တွင် မည်သည့်ခုခံနိုင်စွမ်းမှ မရှိချေ။

သို့သော်လည်း သူတို့နှစ်ဦး ဒုက္ခရောက်တော့မည်ဟု ထင်မှတ်နေကြသော အချိန်မှာပင် သူတို့ထံသို့ ဦးတည်၍ သက်ရောက်လာသည့် ကြီးမားသော လက်ဖဝါးကြီးသည် ဆက်လက်ကျဆင်းလာခြင်း မရှိခဲ့ပေ။

လင်းရှီယောင်တို့ နှစ်ဦးက အလွန်အမင်း အံ့အားသင့်သွားခဲ့ပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်ကြသည်။

ထိုအခါ ကြည်လင်တောက်ပသော ဧရာမ လက်ညှိုးတစ်ချောင်းက အရှင်ပိချွမ်၏ ဧရာမ လက်ဖဝါးကြီးကို ရှေ့တိုးမလာစေရန် ထောက်ကန်ထားသည်ကို မြင်လိုက်ရ၏။

လင်းရှီယောင်တို့ နှစ်ယောက်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် လက်ညှိုးပိုင်ရှင်ကို မကြည့်ဘဲ မနေနိုင်ဖြစ်သွားခဲ့ကြသည်။

ထိုအခါ ဟင်းလင်းပြင်ထက်တွင် ဝင့်ကြွားစွာ ရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရ၏။

“ကျန်း.. ကျန်းချန်လား”

လင်းရှီယောင်က အနက်ရောင်ဝတ်စုံဝတ် လူငယ်ကိုမြင်လျှင် အိပ်မက်မက်နေသည်ဟု ထင်မှတ်ကာ သူ့မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

သူတို့ကို ကယ်တင်ရန် ရုတ်တရက် ရောက်လာသည့်သူက ကျန်းချန် ဖြစ်နေလိမ့်မည်ဟု လင်းရှီယောင် တစ်ခါမှ မတွေးထားခဲ့ချေ။

ထိုစဥ်က သူမသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ သွားရောက်ခဲ့စဥ်တွင် သူမ၏ ဘိုးဘေး ချန်ထားရစ်ခဲ့သော ရတနာတစ်ပါး ဖြစ်သည့် အချိန်မျှော်စင်ကို ပိယွင်အင်မော်တယ် နန်းတော်သို့ ယူဆောင်မလာလိုခဲ့ချေ။

ယင်းအခိုက်အတန့်တွင် သူမသည် အလွန်အမင်း ပါရမီ ထူးချွန်သော ကျန်းချန်နှင့် ဆုံတွေ့ခဲ့ရသဖြင့် ကျန်းချန်နှင့်သဘောတူညီမှုတစ်ခု ပြုလုပ်ကာ အချိန်မျှော်စင်ကို လွှဲပြောင်းပေးခဲ့သည်။

ကျန်းချန်အနေဖြင့် အင်မော်တယ်လောကသို့ တက်လှမ်းလာပြီး နောက်တွင် သူမကို ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ကျန်းချန်က ပါရမီ အလွန်အမင်း ထူးချွန်ပြီး အချိန်မျှော်စင်၏ အကူအညီ ရှိနေလျှင်ပင် အင်မော်တယ်လောကသို့ တက်လှမ်းရန်မှာ မလွယ်ကူချေ။

ထို့အပြင် သူမက ကျန်းချန်ကို တလော့အင်မော်တယ် အဆင့်နှင့် ယှဥ်ပြိုင်နိုင်စွမ်း မရှိသရွေ့ ပိယွင်အင်မော်တယ် နန်းတော်တွင် သူမကို လာရောက် မရှာဖွေရန် မှာခဲ့ဖူးသည်။

ကျန်းချန်အနေဖြင့် အင်မော်တယ်လောကသို့ ရောက်ရှိလာခဲ့လျှင်ပင် တလော့ အင်မော်တယ် အဆင့် အထိ ကျင့်ကြံရန်မှာ ဘယ်လိုမှ ဖြစ်နိုင်သောအရာ မဟုတ်ချေ။

သို့သော်လည်း ယခုအခါတွင် အရှင်ပိချွမ် လိုက်လံ ဖမ်းဆီးနေစဥ် ကျန်းချန်သည် သူမတို့၏ ရှေ့တွင် ရုတ်တရက်ပေါ်လာခဲ့ပြီး အရှင်ပိချွမ်၏ တိုက်ခိုက်မှုကို လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် တားဆီးကာ သူမ တို့ကို ကယ်တင်ပေးခဲ့သည်။

ကျန်းချန်က မယုံကြည်နိုင်လောက်အောင် အံ့ဩနေသော လင်းရှီယောင်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံး၍ နှုတ်ဆက်လိုက်သည်။

“သခင်မလေးလင်း.. မတွေ့ရတာတောင် အတော်ကြာပြီ”

မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ပြီးနောက်တွင် လင်းရှီယောင်၏ မျက်နှာထက်၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ကျန်းချန်.. ရှင် အင်မော်တယ်လောကကို ဘယ်ကတည်းက ရောက်လာတာလဲ”

“အင်မော်တယ်လောကဆီ ရောက်နေတာ အတော်ကြာပါပြီ”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ချက်ချင်းဆိုသလိုပင် ဆန့်ကျင်ဘက်ရှိ အရှင်ပိချွမ်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒီလူ့ကို ရှင်းပစ်ပြီးမှပဲ ပြောကြတာပေါ့”

“ကောင်းပြီ”

လင်းရှီယောင်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို သတိပေးလိုက်သည်။

“သတိထားပါ.. သူက ပိယွင်အင်မော်တယ်နန်းတော်က တလော့အင်မော်တယ်ပဲ”

“ငါသိပါတယ်.. တလော့ အင်မော်တယ် အစောပိုင်းအဆင့်လောက်က ငါမသတ်ဘူးတာလည်း မဟုတ်ဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ခြေတစ်လှမ်း လှမ်းလိုက်ရာ အရှင်ပိချွမ်၏ ရှေ့သို့ တိုက်ရိုက် ဆိုသလို ရောက်ရှိသွားခဲ့သည်။

အရှင်ပိချွမ်က သူ၏ လက်ဖဝါးကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ကျန်းချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ကောင်လေး မင်းဘယ်သူလဲ.. ဘာဖြစ်လို့ ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ရဲ့ ကိစ္စကို ဝင်ရောက် စွက်ဖက်နေရတာလဲ”

အစောပိုင်းက သူ၏ တိုက်ခိုက်မှုတွင် သူ၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုခဲ့သော်လည်း ယင်းသည် သာမန် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကို အလွယ်တကူ ဖိနှိပ်နိုင်စွမ်းရှိသည်။

သူ၏ ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရွှေအင်မော်တယ် အဆင့်တွင်သာ ရှိသော်လည်း သူ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်မှာ အမှန်တကယ်ပင် ထူးခြားနေခဲ့၏။

“ငါ့နာမည်က ကျန်းချန်.. လင်းရှီယောင်က ငါ့ရဲ့သူငယ်ချင်းပဲ.. ငါ့သူငယ်ချင်းရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ဘယ်သူမှ ထိခိုက်အောင် လုပ်ခွင့်မရှိဘူး”

ကျန်းချန်က အရှင်ပိချွမ်ကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်လေး.. မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ဒီအရှင်ကို တားဆီးဝံ့မှတော့ သေဖို့သာ ပြင်ထားလိုက်တော့”

ဤအခိုက်အတန့်တွင် အရှင်ပိချွမ်၏ မျက်ဝန်းများသည် အေးစက်သွားခဲ့သည်။

သူ့ရှေ့မှ ကောင်လေးသည် ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်နိုင်သော်လည်း အဆုံးသတ်တွင် ရွှေအင်မော်တယ် အဆင့် ကျင့်ကြံသူမျှသာ ဖြစ်သည်။

သူကဲ့သို့ ဂုဏ်သိက္ခာ ကြီးမားသော တလော့ အင်မော်တယ်တစ်ပါးသည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူလောက်ကို အဘယ်ကြောင့် ကြောက်ရွံ့ရပါမည်နည်း။

အရှင်ပိချွမ်က သူ၏ လက်ဖဝါးကို ထပ်မံ၍ ဆန့်ထုတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ အင်မော်တယ် အဆီအနှစ် စွမ်းအားများသည် လှိုင်းထန်နေသော သမုဒ္ဒရာမှ လှိုင်းလုံးကြီးများ ကဲ့သို့ အရှင်ပိချွမ်၏ လက်ဖဝါးထဲတွင် စုစည်းသွားခဲ့သည်။

ထို့နောက်တွင် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးများသည် ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။

ယခုတစ်ကြိမ်တွင် အရှင်ပိချွမ်သည် မည်သည့် စွမ်းအားကိုမှ ထိန်ချန်ထားခြင်း မရှိဘဲ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ကျန်းချန်ကို အစွမ်းကုန် တိုက်ခိုက်လိုက်သည်။

ပိချွမ်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် ခြေတစ်လှမ်းမျှပင် နောက်ဆုတ်သွားခြင်း မရှိခဲ့ပေ။

သူ၏ လက်ထဲတွင် ဓားကျိုးတစ်လက် ရုတ်တရက် ပေါ်လာခဲ့ပြီး သူက ထိုဓားကျိုးဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ တောက်ပသော ဓားအလင်းသည် အနှိုင်းမဲ့ကောင်းကင်ဓားတစ်စင်း ကဲ့သို့ သူ့ဆီသို့ ဦးတည်လာသည့် စွမ်းအင်လှိုင်းလုံးများကို ချေမှုန်းပစ်လိုက်သည်။

ဓားအလင်းက စွမ်းအင် လှိုင်းလုံးများကို ဖျက်ဆီးပစ်လိုက်ပြီးနောက်တွင် ဟင်းလင်းပြင်ထဲ၌ အနက်ရောင် အက်ကြောင်းကြီးကိုပင် ဖြစ်ပေါ်စေခဲ့သည်။

“တကယ်ကို အစွမ်းထက်လွန်းတာပဲ”

ကျန်းချန်က အရှင်ပိချွမ်၏ တိုက်ခိုက်မှုကို ချေဖျက်လိုက်သည်အား မြင်လျှင် လင်းရှီယောင်နှင့် လျှိုမန်ချင်တို့ နှစ်ဦးလုံးသည် အံ့ဩ တုန်လှုပ်သွားခဲ့ပြီး တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

လျှိုမန်ချင်က စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။

“အစ်မရှီယောင်.. သူက ဘယ်သူလဲ.. သူက ရွှေအင်မော်တယ်အဆင့်နဲ့တောင် တလော့ အင်မော်တယ် အဆင့်ကို တိုက်ခိုက်နိုင်တယ်.. ကျွန်မတို့ ကျိရှအင်မော်တယ်နန်းတော်က ထိပ်တန်းပါရမီရှင်တောင် အဲလို စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး”

လင်းရှီယောင်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

“သူ့နာမည်က ကျန်းချန်.. အဆင့်နိမ့်စကြဝဠာကနေ တက်လှမ်းလာတဲ့ အနှိုင်းမဲ့ ပါရမီရှင်တစ်ယောက်ပဲ”

သူမနှင့် ကျန်းချန်တို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ဆုံတွေ့ခဲ့ကြသည်မှာ ဆယ်စုနှစ် အနည်းငယ်မျှသာ ရှိသေးသည်။

ကျန်းချန် မည်မျှ ထူးချွန်သည်ကို သူမ သိသော်လည်း ဆယ်စုနှစ်အနည်းငယ် အတွင်းမှာပင် တလော့အင်မော်တယ်နှင့် ရင်ဘောင်တန်းနိုင်လောက်သည် အထိ အစွမ်းထက်လာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

ပိုထျန်း အင်မော်တယ်ဂိုဏ်းမှ သူမ၏ ဘိုးဘေးသည် အချိန်မျှော်စင်ကို ပိုင်ဆိုင်ခဲ့ဖူးသော်လည်း ကျင့်ကြံခြင်း အရှိန်အဟုန်ကမူ ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိခဲ့ခြင်း မရှိပေ။

အခန်း (၂၉၀၉)ပြီး၏။

All Chapters