← Chapters

အခန်း ၂၉၁၀

Vol. 231 Ch. 2910

အခန်း ၂၉၁၀

Vol. 231 Ch. 2910

အခန်း(၂၉၁၀)

“ဒီလူက တကယ်ပဲ အဆင့်နိမ့် စကြဝဠာကနေ လာတာလား”

လင်းရှီယောင်ထံမှ စကားကိုကြားလိုက်ရလျှင် လျှိုမန်ချင်သည် မှင်တက်သွားခဲ့ပြီး အချိန်အတော်ကြာ ပြန်လည် သတိမဝင်လာနိုင် ဖြစ်နေခဲ့သည်။

အင်မော်တယ်လောက ဆိုသည်မှာ စကြဝဠာ၏ မူလမြစ်ဖျားခံရာ ဖြစ်ပြီး အဆင့်နိမ့် စကြဝဠာနှင့် လုံးဝ ကွဲပြားနေသော လောကနှစ်ခု ဖြစ်သည်။

ဆိုရလျှင် အင်မော်တယ်လောကရှိ တလော့အင်အားစု တစ်ခုမှ မည်သည့် သာမန် တပည့် မဆို အဆင့်နိမ့် စကြဝဠာသို့ သွားရောက်ခဲ့မည် ဆိုလျှင် ထိပ်တန်း ပါရမီရှင် အဖြစ် သတ်မှတ်ခံရလိမ့်မည် ဖြစ်သည်။

ဤအကြောင်းရင်းကြောင့်ပင် အဆင့်နိမ့်စကြဝဠာတွင် စိုးမိုးခြယ်လှယ်နိုင်ခဲ့ကြသည့် မရေမတွက်နိုင်သော ပါရမီရှင်များသည် အင်မော်တယ် လောကသို့ ဝင်ရောက်လာပြီးနောက်တွင် သာမန်လူများ ကဲ့သို့ ဖြစ်သွားကြခြင်း ဆိုလည်းမမှားပေ။

အင်မော်တယ်လောကတွင် မရေမတွက်နိုင်သော ပါရမီရှင်များစွာ ရှိသော်လည်း ရွှေအင်မော်တယ် အဆင့်ကို ရောက်ရှိနိုင်သူမှာ အလွန်တရာပင် ရှားပါးသည်။

ရွှေအင်မော်တယ် အဆင့်ဖြင့် တလော့အင်မော်တယ် အဆင့်ကို ယှဥ်ပြိုင်နိုင်သူ ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာမရှိချေ။

ထို့အပြင် လျှိုမန်ချင် သိထားသော အချက်တစ်ခုမှာ လင်းရှီယောင်သည် ပိယွင်အင်မော်တယ် နန်းတော်သို့ ဝင်ရောက်ပြီးနောက်တွင် အဆင့်နိမ့် စကြဝဠာသို့ တစ်ကြိမ်သာ သွားရောက်ခဲ့ဖူးသည်။

ယင်းမှာ ပကတိအင်မော်တယ်အဆင့်ကိုပင် မထိုးဖောက်ရသေးသည့် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က ဖြစ်၏။

ရှင်းလင်းစွာဆိုရလျှင် လင်းရှီ‌ယောင်နှင့် အနက်ရောင်ဝတ်စုံဝတ်လူငယ် ဆုံတွေ့ခဲ့သည်မှာ ဆယ်စုနှစ် အနည်းငယ်မျှသာ ရှိသေးသည်။

အဆင့်နိမ့် စကြဝဠာမှ ကျင့်ကြံသူများသည် အင်မော်တယ်လောကသို့ တက်လှမ်းလာကာစတွင် အတုအယောင် အင်မော်တယ် အဆင့်သာ ရှိကြသည်။

ဆယ်စုနှစ် အနည်းငယ်အတွင်း အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် အတုအယောင် အင်မော်တယ် အဆင့်ကနေ ပကတိအင်မော်တယ် အဆင့်၊ ထိုမှတစ်ဆင့် ကောင်းကင်အင်မော်တယ် အဆင့်များကို ဖြတ်ကျော်ကာ ရွှေအင်မော်တယ်အဆင့်ကို ရောက်ရှိလာခဲ့ရုံသာမက တလော့ အင်မော်တယ်နှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်းရှိသည့် စွမ်းရည်ကို ပိုင်ဆိုင်နေခဲ့သည်။

ဤမျှအထိ ကြောက်မက်ဖွယ်ရာ တိုးတက်နှုန်းသည် အမှန်တကယ်ပင် ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းနေခဲ့၏။

“တလော့ အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူပါလား.. မင်း.. မင်း ဘယ်သူလဲ”

အရှင်ပိချွမ်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏ အကြည့်က ချက်ချင်းဆိုသလို အလွန်တရာ လေးနက်သွားခဲ့သည်။

တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ပါရမီရှင်သည် အင်မော်တယ်လောကတွင် အလွန်တရာ ရှားပါးသည်။

မိုးကြိုးအင်မော်တယ် နယ်မြေတစ်ခုလုံးတွင်ပင် ဤကဲ့သို့ အနှိုင်းမဲ့ ပါရမီရှင်မျိုးသည် သုံး၊ လေးယောက်ထက် မပိုပေ။

ဤကဲ့သို့သော ပါရမီရှင်များသည် ဟန်ယွင်အဆင့် အင်အားစု သို့မဟုတ် အင်မော်တယ်ဘုရင်အဆင့် အင်အားစုမှ ပါရမီရှင်များသာ ဖြစ်ကြသည်။

အရှင်ပိချွမ်သည် ပိယွင်အင်မော်တယ်နန်းတော်မှ ထွက်ပြေးလာသော တပည့်နှစ်ဦးကို လိုက်လံဖမ်းဆီးရာတွင် ဤကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်နှင့် ဆုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့မိချေ။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားတို့ ပိယွင် အင်မော်တယ်နန်းတော်ကို ပြဿနာရှာဖို့လာတဲ့လူပဲ”

ထိုစကားကို ကြားလျှင် အရှင်ပိချွမ်၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး တစ်စုံတစ်ရာကို‌ တွေးမိသွားခဲ့ကာ ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ပြောလိုက်သည်။

“မင်း.. မင်းက စန်းယဲ့မြို့က ယဲ့မိသားစုရဲ့ နောက်ကွယ်ကလူလား”

လက်ရှိအချိန်တွင် ပိယွင် အင်မော်တယ် နန်းတော် ရင်ဆိုင်နေရသည့် အကြီးမားဆုံး ရန်သူမှာ စန်းယဲ့မြို့ရှိ ယဲ့မိသားစု နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူပင် ဖြစ်သည်။

လင်းရှီယောင်နှင့် လျှိုမန်ချင်တို့ ဦးတည်ခဲ့ကြသည့် အရပ်မျက်နှာသည် စန်းယဲ့မြို့ ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် သူ့ရှေ့မှ တလော့အင်မော်တယ် တစ်ပိုင်းအဆင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် စန်းယဲ့မြို့မှ ဖြစ်နိုင်ခြေ အလွန်များ၏။

တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ပါရမီရှင်မျိုးသည် ဟန်ယွင်အဆင့် အင်အားစု မဟုတ်လျှင် မတွေ့ရသလောက် ရှားပါး၏။

သူတို့ မှန်းဆထားသည့်အတိုင်းပင် စန်းယဲ့မြို့ရှိ ယဲ့မိသားစု၏ နောက်ကွယ်တွင် ဟန်ယွင်အဆင့် အင်အားစုက ပံ့ပိုးပေးထားပုံရသည်။

“ယဲ့မိသားစုရဲ့ နောက်ကွယ်က လူက ကျန်းချန် ဖြစ်နေတာလား”

အရှင်ပိချွမ်၏ စကားကို ကြားလိုက်ရလျှင် လင်းရှီယောင်နှင့် လျှိုမန်ချင်တို့ နှစ်ဦးစလုံး မှင်တက်သွားခဲ့ကြသည်။

သိထားရမည့် အချက်မှာ စန်းယဲ့မြို့ရှိ ယဲ့မိသားစု၏ နောက်ကွယ်မှလူသည် ပိယွင်အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ် သုံးပါးကို ဆက်တိုက် ဆိုသလို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

သာမန် ထိုက်ယီအဆင့် အင်အားစုပင်လျှင် ယင်းကဲ့သို့ လုပ်ဆောင်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။

သူတို့က စန်းယဲ့မြို့၏ နောက်ကွယ်တွင် ဟန်ယွင်အဆင့် အင်အားစု၏ ပံ့ပိုးမှု ရှိနေနိုင်ခြေ အလွန်များသည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော် တကယ်တမ်း နောက်ကွယ်တွင် ရှိနေသူမှာ အဆင့်နိမ့်စကြဝဠာကနေ တက်လှမ်းလာသည့် ကျန်းချန် ဖြစ်နေခဲ့သည်။

ကျန်းချန်သည် အင်မော်တယ်လောကသို့ တက်လှမ်းလာပြီးနောက်တွင် အင်မော်တယ် လောကရှိ ဟန်ယွင်အဆင့်အင်အားစု တစ်စုစု၏ မျက်စိကျခြင်းကို ခံရကာ ဟန်ယွင်အဆင့် အင်အားစုထဲသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်နိုင်ပါသလော။

ကျန်းချန်၏ မွန်းစတားဆန်သော ပါရမီဖြင့် ဆိုလျှင် ယင်းမှာ မဖြစ်နိုင်သော အရာတော့ မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန် ပေါ်လာသဖြင့် အနည်းဆုံးတော့ ယနေ့တွင် သူမတို့နှစ်ဦး ဘေးကင်းသွားခဲ့ချေပြီ။

ကျန်းချန်က အရှင်ပိချွမ်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်တယ်.. ငါက စန်းယဲ့မြို့က ယဲ့မိသားစုရဲ့ နောက်ကွယ်ကလူပဲ.. မင်းတို့ ပိယွင်အင်မော်တယ်နန်းတော်က တလော့အင်မော်တယ်သုံးပါးကို သတ်လိုက်တာ ငါပဲ”

“ဟမ့်.. ငါ့ကို ကြွားလုံးထုတ်မနေနဲ့”

အရှင်ပိချွမ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“မင်းရဲ့ နောက်ကွယ်ကလူ ရောက်လာရင်တော့ ဒီအရှင် လှည့်ပြန်သွားရလိမ့်မယ်.. မင်းလို တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူကတော့ ဒီအရှင်ရဲ့ရှေ့မှာ မောက်မာဖို့ အရည်အချင်း မရှိသေးဘူး”

“ဝုန်း..”

စကားဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် နက်မှောင်သော သမုဒ္ဒရာကြီးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုသမုဒ္ဒရာကြီးထဲတွင် တလော့အင်မော်တယ် စွမ်းအားများက ပြည့်နှက်နေခဲ့၏။

“ကောင်လေး.. မင်းလို တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူကို တကယ့် တလော့အင်မော်တယ်ရဲ့ စွမ်းအားက ဘယ်လိုလဲ ဆိုတာ မင်းအမြင်ကျယ်အောင် ပြသပေးမယ်”

အရှင်ပိချွမ်၏ စကားသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

သူက မျက်တောင်တစ်ခတ်အတွင်း ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ကျန်းချန်၏ ဦးခေါင်းအထက်ရှိ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် ခြေတစ်ဖက်ကို မြှောက်ကာ ကျန်းချန်ကို နင်းချလိုက်၏။

“ဝုန်း..”

အရှင်ပိချွမ်၏ ပတ်ဝန်းကျင်ရှိ နက်မှောင်သော သမုဒ္ဒရာကြီးသည် သူ၏ ခြေဖဝါးအောက်တွင် ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး ဟင်းလင်းပြင်ကို ချေမှုန်နိုင်စွမ်း ရှိသည့် ပေပေါင်းထောင်ချီ အမြင့်ရှိသော ဧရာမ ခြေထောက်တစ်ဖက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ့ထံသို့ ဧရာမ အနက်ရောင် ခြေထောက်က ကောင်းကင်ယံကနေ ကျဆင်းလာသော်လည်း ကျန်းချန်သည် တည်ငြိမ်သောအမူအရာဖြင့်ပင် ဓားကျိုးကို ထုတ်ယူကာ အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

နောက်ထပ် တစ်စက္ကန့်တွင် ဟင်းလင်းပြင်ထက်တွင် အလင်းတံခါးတစ်ချပ် ဖြစ်ပေါ်လာခဲ့ပြီး အပြာရောင်ဝတ်စုံဝတ် ဓားအင်မော်တယ် ထွက်ပေါ်လာခဲ့ကာ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

ကောင်းကင်ထောက်တိုင် ကဲ့သို့ ပေပေါင်းထောင်ချီ မြင့်မားသည့် အနက်ရောင် ခြေထောက်ကြီးသည် အပြာရောင် ဓားအင်မော်တယ်၏ ကြောက်မက်ဖွယ် ဓားအလင်းအောက်တွင် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။

အဆုံးသတ်တွင် ဓားအလင်းသည် ဧရာမ ခြေထောက်ကို ချေမှုန်းပစ်လိုက်ပြီး အရှင်ပိချွမ်၏ ညာဘက် ခြေထောက်ပေါ်သို့ တိုက်ရိုက်ပင် သက်ရောက်သွားခဲ့ကာ ညာဘက်ခြေထောက် တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဤသို့ဖြင့်ပင် ဟင်းလင်းပြင်ထဲ၌ သွေးမိုးများ ရုတ်တရက် ရွာကျသွားခဲ့၏။

“အား..”

အရှင်ပိချွမ်က နာကျင်စွာ အော်ဟစ်လိုက်ရပြီး ပေပေါင်းထောင်ချီခန့် အထိ ယိုင်တိယိုင်တိုင်ဖြင့် ဆုတ်ခွာသွားခဲ့ရသည်။

“မင်းက တလော့အင်မော်တယ် ဖြစ်ပေမဲ့ မင်းရဲ့စွမ်းရည်က ပိကျန့်ထက်တောင် အများကြီး အားနည်းလွန်းတယ်.. ပိကျန့်တောင်မှ ငါ့ရဲ့လက်ထဲမှာ ကျဆုံးသွားခဲ့ရတာကို မင်းက ဘာမို့လို့ ငါရှေ့မှာ လာပြီးတော့ မာန်တက်နေရတာလဲ”

ကျန်းချန်က အရှင်ပိချွမ်ကို မထီမဲ့မြင် ကြည့်ကာ ကြုံးဝါးလိုက်ပြီး အရှင်ပိချွမ်ကို အသက်ရှူရန် အခွင့်အရေးပင် လုံးဝ မပေးခဲ့ပေ။

သူက ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ် စွမ်းအားကို ထုတ်ဖော်ကာ ဓားကျိုးကို အသုံးပြု၍ အရှင်ပိချွမ်ကို တိုက်ခိုက်လိုက်သည်။

အစောပိုင်းက ဒဏ်ရာအပြင်းအထန် ရရှိထားသော အရှင်ပိချွမ်သည် ထိုဓားချက်ကို ခုခံရန် လုံးဝ ခဲယဥ်းနေခဲ့၏။

ထိုခဏမှာပင် အရှင်ပိချွမ်၏ ခန္ဓာကိုယ်သည် ဓားအလင်း၏ သက်ရောက်မှုကို ခံလိုက်ရပြီး သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အက်ကွဲကြောင်းများသည် အရှင်ပိချွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့သည်။

အဆုံးသတ်တွင် အရှင်ပိချွမ်၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲတွင် တစ်လက်မချင်းစီ ပေါက်ကွဲသွားခဲ့ပြီး သွေးမှုန်များ အဖြစ် ပြောင်းလဲကာ အောက်ဘက်သို့ ကျဆင်းသွားခဲ့သည်။

အရှင်ပိချွမ်ကို သတ်ဖြတ်ပြီးသည့်တိုင် ဓားအလင်းသည် လုံးဝ ရပ်တန့် မသွားဘဲ ကောင်းကင်ယံရှိ တိမ်တိုက် အများအပြားကို ပိုင်းဖြတ်ပစ်ပြီးမှ တဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။

“အရှင်ပိချွမ်က ဒီလိုပဲ ကျဆုံးသွားပြီလား”

ဤအခိုက်အတန့်တွင် လင်းရှီယောင်နှင့် လျှိုမန်ချင် တို့သည် မှင်တက်နေခဲ့ကြပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

တလော့ အင်မော်တယ် အဆင့်နှင့် ‌ရွှေအင်မော်တယ် အဆင့်တို့ကြားတွင် ကျော်ဖြတ်ရန် မဖြစ်နိုင်လောက်သည့် ကွာဟချက်ကြီး တစ်ခု ရှိနေခဲ့သည်။

အင်မော်တယ်လောကတွင် ရွှေအင်မော်တယ် အဆင့်ဖြင့် တလော့ အင်မော်တယ်ကို ရင်ဆိုင် တိုက်ခိုက်နိုင်သူသည် အနှိုင်းမဲ့ ပါရမီရှင်ဟု ဆို၍ရ၏။

ယခုအခါတွင် ကျန်းချန်သည် တလော့ အင်မော်တယ် တစ်ပါးဖြစ်သော အရှင်ပိချွမ်ကို အလွယ်တကူပင် သတ်ဖြတ်ပစ်ခဲ့သည်။

ရွှေအင်မော်တယ် အဆင့်ဖြင့် တလော့ အင်မော်တယ်ကို သတ်ဖြတ်နိုင်သည့် ပါရမီမျိုးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။

လင်းရှီယောင်နှင့် လျှိုမန်ချင်တို့ မှင်တက်နေကြသည့် အချိန်မှာပင် ကျန်းချန်၏ ဓားချက်ဖြင့် ပိချွမ် သေဆုံးသွားသော နေရာကနေ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခုသည် ထိတ်လန့်တကြားဖြင့် ကောင်းကင်ယံ ဆီသို့ ထွက်ပြေးသွားခဲ့သည်။

အခန်း (၂၉၁၀)ပြီး၏။

All Chapters