Chapters

အခန်း ၁၆၆

Vol. 16 Ch. 166

အခန်း ၁၆၆

Vol. 16 Ch. 166

အခန်း ၁၆၆ - သုံးနှစ်ပြီးနောက် နောက်ထပ်သုံးနှစ်။

"အင်း... မင်းတို့ ပြောတာ မှန်ပါတယ်။ ဝက်အူချောင်းစားအုံးမလား။"

ပင်လယ်နတ်ဘုရားကျွန်းပေါ်တွင် မုတ်ဆိတ်မွှေးများဖြင့် အနည်းငယ် ရှုပ်ပွနေသော အလယ်အလတ်အရွယ် လူတစ်ယောက်က စကားပြောလိုက်သည်။ သူသည် ရှီလိုင်ခဲအကယ်ဒမီမှ ဒုတိယအသက်အကြီးဆုံးဖြစ်သူ၊အစားအသောက်နတ်ဘုရားဟု အမည်တွင်သော အော်စကာ ပင် ဖြစ်သည်။

အော်စကာသည် အသက်ငယ်သော်လည်း သူ၏ ဟော်မုန်းများ လွန်ကဲမှုကြောင့် မုတ်ဆိတ်မရိတ်ပါက ချက်ချင်းဆိုသလိုပင် အဘိုးကြီးပုံစံ ပေါက်တတ်သည်။

သူ၏ တောက်ပသော မျက်လုံးများကြောင့် သူ့ကို (မိန်းမတစ်ယောက်ယောက်၏ ထောက်ပံ့မှုကို ခံယူသူ) မျက်နှာပိုင်ရှင်ဟု မာဟုန်ကျွင်းက နောက်ပြောင်တတ်သည်။ သူသည် နင်ရုံရုံကို နှစ်သက်သော်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန်ခက်ခဲနေသည်။

အော်စကာသည် ရှီလိုင်ခဲအဖွဲ့တွင် အခြားသူများနှင့်မတူဘဲ တစ်ဦးတည်းသော ချစ်သူမဆုံးရှုံးသေးသူဖြစ်သည်။ ထန်စန်း၊ တိုက်မုပိုင် နှင့် မာဟုန်ကျွင်းတို့မှာ အော်စကာကို အလွန်ပင် မနာလို ဖြစ်နေကြသည်။

"ဒီကောင် အော်စကာကျ ကံကောင်းလိုက်တာ။"

"နင်ရုံရုံလို လှပတဲ့သူကို ရှောင်ချန်ယွီ မတွေ့သေးလို့ပေါ့ တကယ်လို့ သူသာ သိသွားရင် အော်စကာ သေချာပေါက် ဒုက္ခရောက်တော့မှာပဲ။"

အော်စကာကမူ ခါးသီးစွာ ပြုံးလိုက်သည်။

"ငါလည်း ပိုင်ဆိုင်ချင်တာပေါ့ ဒါပေမဲ့ နင်ရုံရုံ... သူက ငါ့လူ မဟုတ်သေးဘူး။"

အော်စကာနှင့် နင်ရုံရုံ၏ ဆက်ဆံရေးမှာ အတားအဆီးများစွာ ရှိနေသည်။ ပထမဆုံးအချက်မှာ နင်ရုံရုံသည် အော်စကာကို အစကတည်းက စိတ်မဝင်စားခြင်းဖြစ်သည်။

ဒုတိယအချက်မှာ နင်ရုံရုံ၏ အဆင့်အတန်းမြင့်မားပြီး အော်စကာမှာမူ နောက်ခံမရှိသည့် သာမန်သူ ဖြစ်နေခြင်းဖြစ်သည်။

တတိယအချက်မှာ နင်ရုံရုံသည် ထန်စန်း၏ စွမ်းရည်ကို မြင်ပြီးနောက် ထန်စန်းကိုသာ နှစ်သက်မိခြင်း ဖြစ်သည်။

နောက်ဆုံးအချက်မှာ ဘုံခုနစ်ဆင့်ပြဿဒ်

ဂိုဏ်းတွင်၏ စည်းမျဉ်းအရ ထောက်ပံ့ ရေးဝိဉာဥ်သခင်သည် အဆင့်မြင့် ထိပ်တန်းတုံ့လောတစ်ဦးကိုသာလက်ထပ်ခွင့်ရမည်ဟူသော စည်းကမ်းဖြစ်သည်။

သို့သော် ယခုအချိန်တွင် ရှောင်ချန်ယွီ၏ ပေါ်ပေါက်လာမှုကြောင့် အခြေအနေများ ပြောင်းလဲသွားသည်။ နင်ရုံရုံမှာ ထန်စန်းတို့နှင့်အတူ ပင်လယ်နတ်ဘုရားကျွန်းသို့ မလိုက်လာဘဲ ကျောင်းတော်သို့ ပြန်သွားခဲ့သည်မှာ အကောင်းဆုံး သက်သေပင်ဖြစ်သည်။

"သြော်... အားလုံးကလည်း ခက်ခဲနေကြတာပဲ။"

ရှီလိုင်ခဲအဖွဲ့ဝင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ ထန်စန်းက သူ၏ မျက်လုံးများတွင် စိတ်ဓါတ်ခိုင်မာစွာဖြင့် ပြောလိုက်သည်။

"အော်စကာ စိတ်မပူပါနဲ့ ငါတို့ ကြိုးစားကြမယ်။ အရှေ့ဘက်မှာ နှစ် ၃၀ အနောက်ဘက်မှာ နှစ် ၃၀ ငယ်ရွယ်သူကို ဆင်းရဲတယ်လို့ မကြည့်ပါနဲ့ဆိုတဲ့ စကားအတိုင်းပေါ့။"

"ဒါပေမဲ့ မင်း အရင်ကလည်း ဒီအတိုင်း ပြောခဲ့တာပဲ မဟုတ်လား။ သုံးနှစ်ကြာတော့ ငါတို့ အစုတ်ပြတ်သတ်သွားခဲ့တာပဲ။"

"ဒါဆိုရင် နောက်ထပ် သုံးနှစ်ပေါ့။"

"သုံးနှစ်ပြီးရင် နောက်ထပ် သုံးနှစ်... ဒါဆို နှစ် ၃၀ မဖြစ်သွားဘူးလား။"

"မင်း... သွားစမ်းပါကွာ။"

ထန်စန်းက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် အော်လိုက်သည်။