← Chapters

အခန်း (၅၁၅-၅၁၆)

Vol. 28 Ch. 515-516

အခန်း (၅၁၅-၅၁၆)

Vol. 28 Ch. 515-516

အပိုင်း (၅၁၅) လောကကြီးကို မြင်ဖူးတဲ့ ယောက်ျားကိုမှ သဘောကျတာ။

တစ်နေကုန် ပြည့်တန်ဆာရုံများကို လည်ပတ်ပြီးနောက် ဖန်ကျန်းရီလည်း မျက်စိအစာကျွေးရတာ တော်တော်လေး ကျေနပ်သွားပြီ ဖြစ်၏။

ကျေနပ်အားရစွာဖြင့် ချူအိမ်တော်သို့ ပြန်လာခဲ့သည်။ အနည်းငယ် ပင်ပန်းနေသော်လည်း အခန်းသို့ ချက်ချင်း မပြန်သေးချေ။ ထိုအစား မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်သည်။

ဒုတိယသခင်မလေးအတွက် ဝိတ်ကျဆေး ကျိုပေးမည်ဟု ကတိပေးထားသဖြင့် ကတိတည်ရမည်သာ ဖြစ်၏။

မီးဖိုချောင်သို့ ရောက်သောအခါ ဆေးကျိုပြီး ကျန်နေသော ဆေးအကြွင်းအကျန်များကို ရှာဖွေကာ ရေနွေးတစ်အိုး တည်လိုက်သည်။

ချူအိမ်တော်က ကြီးမားလှသဖြင့် မီးဖိုချောင်တွင် အမြဲတမ်း ဆေးကျိုနေသူများ ရှိတတ်၏။

ထိုဆေးများက ရောဂါကုသရန် မဟုတ်ဘဲ အားဆေးများသာ ဖြစ်သည်။ ဥပမာ စိတ်တည်ငြိမ်စေသော ဆေးရည်မျိုး ဖြစ်သည်။

ဖန်ကျန်းရီက ဆေးအကြွင်းအကျန်များကို ကောက်ယူစဉ် ချူယိုယီ ဝမ်းမလျှောစေရန် သေချာစွာ စစ်ဆေးလိုက်သည်။ အရသာကို ထိန်းညှိရန်အတွက် ဆားနှင့် သကြား အနည်းငယ်ကိုပါ ထည့်သွင်းထားသဖြင့် တကယ့်ကို စေတနာပါသည်ဟု ဆိုရပေမည်။

မကျက်ခင်တွင် သူကိုယ်တိုင် ပန်းကန်တစ်ဝက်ခန့် မြည်းစမ်းကြည့်သေးသည်။ ဆေးအကြွင်းအကျန်များ ဖြစ်သဖြင့် ဆေးအာနိသင် သိပ်မရှိတော့ဘဲ ဟင်းခတ်အမွှေးအကြိုင်များနှင့် ပေါင်းစပ်လိုက်သောအခါ အရသာရှိသော ဆေးဘက်ဝင် ဟင်းရည်လေးနှင့် တူနေ၏။

တကယ့်ကို ဂရုတစိုက် ရှိလွန်းလှသည်။

ချူယိုယီ၏ အခန်းရှေ့သို့ ရောက်သောအခါ တံခါးကို ခေါက်လိုက်၏။

ဖန်ကျန်းရီကို မြင်သည်နှင့် ချူယိုယီက ချက်ချင်း ဝမ်းသာအားရဖြင့် မေးလိုက်သည်။ "ဆေးကျိုလို့ ပြီးပြီလား။"

"အင်း။ မြန်မြန်သောက်လိုက် ဒုတိယသခင်မလေး၊ ဒီဆေးက တစ်ခါသောက်တာနဲ့ သိသာတယ်၊ နောက်ထပ် နှစ်ရက်လောက် ယန်ချွန်းခေါက်ဆွဲ ဆက်စားပြီးရင် ပုံမှန်အတိုင်း ထမင်းပြန်စားလို့ ရပြီ၊ အဲဒီအခါကျရင် စားချင်တာ အကုန်စားလို့ ရပြီ။" ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

ချူယိုယီက တွေဝေမနေဘဲ ပန်းကန်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် နှုတ်ခမ်းကို သပ်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။ "အရသာတော့ မဆိုးပါဘူး၊ ဒါပေမဲ့ဘာလို့ ဆေးနံ့ သိပ်မရတာလဲ။"

"အင်း … အဲဒါက ကျုပ်ရဲ့ မိသားစု လျှို့ဝှက်ဆေးဖော်စပ်နည်းရဲ့ အံ့ဖွယ်အစွမ်းပဲလေ။ အာနိသင် ကောင်းရုံသာမက သောက်ရတာလည်း လွယ်ကူတယ်။ မနက်ဖြန်ကျရင် ယန်ချွန်းခေါက်ဆွဲ အပြင် တခြား သရေစာလေးတွေပါ စားလို့ရပြီ၊ အဲဒီအခါကျရင် သခင်မလေးအတွက် နေကြာစေ့ ဝယ်ပေးမယ်။"

ချူယိုယီက နှုတ်ခမ်းထောင့်တွင် ပေနေသော ဆေးရည်များကို သုတ်ကာ ရယ်မောပြီး ပြောလိုက်၏။ "ရှင်က လူတွေကို တော်တော် ဂရုစိုက်တတ်တာပဲနော်။"

"ဒါပေါ့ … ကျုပ်က ရွာဆယ်ရွာအနီးတစ်ဝိုက်မှာ လူတွေကို ဂရုစိုက်တတ်တယ်ဆိုပြီး နာမည်ကြီးတာလေ။"

တောက်ယွမ်ခရိုင်က ပြည်သူတွေထဲမှာ ကျုပ် ဖန်ကျန်းရီရဲ့ ကျေးဇူးကို မအောက်မေ့တဲ့သူ ဘယ်သူရှိလို့လဲ။

"ဟင်း … သခင်မလေးက ရှင့်ရဲ့ ကျေးဇူးကို မှတ်ထားပါ့မယ်၊ ရှင်းကျူကို ရှင်နဲ့ မိတ်ဆက်ပေးရမလား။" ချူယိုယီ၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်လေး ဖြတ်ပြေးသွား၏။

ဖန်ကျန်းရီက မော့ကြည့်ကာ စကားမပြောနိုင်ဖြစ်သွားသည်။ ဘာတွေ လာရှုပ်နေတာလဲ၊ ကျုပ်ညီလေး သဘောကျနေတဲ့ ကောင်မလေးကို စီစဉ်ပေးရဲသေးတယ်ပေါ့လေ။

သူက ချူယိုယီကို ပြုံးစစဖြင့် ကြည့်ကာ ပြောလိုက်၏။ "ထားလိုက်ပါတော့၊ ကျုပ်က သူ မျှော်မှန်းလို့ မရနိုင်တဲ့ ယောက်ျားတစ်ယောက်ပါ။ ကျုပ်ညီလေး တစ်ယောက်က ရှင်းကျူကို သဘောကျနေလို့ .. ဒုတိယသခင်မလေး အားရင် သူတို့နှစ်ယောက်ကို သဘောတူအောင် ကူညီပေးပါ။ သူ့နာမည်က လိုင်ကော်အာပါ။"

ချူယိုယီက မျက်စောင်းထိုးကာ ပြောလိုက်သည်။ "ရှင့်ကို ကူညီဖို့တောင် ပျင်းသေးတယ်။ ဘာတွေမာန်တက်နေတာလဲ။ ကျွန်မက ရှင်းကျူကို ရှင့်အတွက် မိတ်ဆက်ပေးမယ်ဆိုတာကို ကျေးဇူး တင်သင့်နေပြီ။ ရှင်က မလိုချင်ဘူးတဲ့လား၊ အရူး ကျနေတာပဲ။"

ကျုပ်ကို အရူးတဲ့လား။

ဖန်ကျန်းရီက အသံထွက်အောင် ရယ်မောလိုက်ပြီး ချူယိုယီကို ကြည့်ကာ ခေါင်းယမ်းရင်း ပြောလိုက်၏။ "တောင်တန်းစိမ်းလေးက လှလွန်းလို့ ကျုပ်ငေးကြည့်နေမိသလို၊ တောင်တန်းစိမ်းလေးကလည်း ကျုပ်ကို ပြန်ပြီး ငေးကြည့်နေလိမ့်မယ်လို့ ယုံတယ်။ သွားပြီ။ … နားတော့လေ။"

ပြောပြီးသည်နှင့် လက်နှစ်ဖက်နောက်ပစ်ကာ ထွက်သွားတော့သည်။

ချူယိုယီမှာ နေရာတွင်ပင် မှင်တက်သွား၏။

“တောင်တန်းစိမ်းလေးက လှလွန်းလို့ ကျုပ်ငေးကြည့်နေမိသလို၊ တောင်တန်းစိမ်းလေးကလည်း ကျုပ်ကို ပြန်ပြီး ငေးကြည့်နေလိမ့်မယ်လို့ ယုံတယ်။”

တကယ့်ကို ကောင်းတဲ့ ကဗျာလေးပဲ။ သူမက ကျောင်းစတက်ခါစသာ ရှိသေးပေမဲ့ ကောင်းကောင်းနားလည်နေပြီ။ ဒီကဗျာက တကယ့်ကို အလွန်ကောင်းတဲ့ ကဗျာတစ်ပုဒ်ဆိုတာ တစ်ချက် နားထောင်ရုံနဲ့ သိသာတယ်။

ဖန်ထန်ကျင့်က ဒီလောက်တောင် စာပေ ဝါသနာပါတာလား။

ဒါက ငါ့ကို လှတယ်လို့ ချီးကျူးနေတာလား ... တွေးရင်း တွေးရင်း ချူယိုယီ၏ မျက်နှာလေး နီရဲလာ၏။

ဖန်ကျန်းရီက ဖြည်းညှင်းစွာဖြင့် အခန်းဆီသို့ ပြန်လျှောက်လာရင်း ငွေရှာမည့် အစီအစဉ်ကို ဆက်လက် စဉ်းစားနေသည်။

ဒီနေ့ကတော့ အခြေခံအုတ်မြစ် ချလိုက်တာပဲ၊ နောက်ထပ် ကူညီမယ့် လူတချို့ လိုအပ်သေးတယ်။ အားလုံး အဆင်သင့်ဖြစ်လို့ ပြဿနာ မရှိဘူးဆိုရင် နောက်ရက်အနည်းငယ်လောက်ဆို ငွေဝင်လာတော့မှာပဲ။

အခန်းတံခါးရှေ့သို့ ရောက်သောအခါ ဖန်ကျန်းရီ ရုတ်တရက် ခြေလှမ်း ရပ်သွား၏။

အောက်ကို ငုံ့ကြည့်လိုက်တော့ လူတစ်ယောက်က ဒူးနှစ်ဖက်ကို ဖက်ကာ ရှိုက်ငင် ငိုကြွေးနေသည်။

ဖန်ကျန်းရီက ထိုသူ့ကို နှစ်ချက်လောက် ကန်လိုက်၏။ "ဟေ့ .. ညီလေး၊ တခြားနေရာမှာ သွားငိုပါလား၊ ကျုပ်လမ်းကို ပိတ်နေတယ်။"

အကန်ခံလိုက်ရသဖြင့် ထိုလူက ခေါင်းမော့ကြည့်လာသည်။ ဖန်ကျန်းရီကို မြင်သောအခါ ဝမ်းနည်းစွာဖြင့် မေးလိုက်သည်။ "အစ်ကိုကြီး .. ပြန်လာပြီလား။"

"သောက်ကျိုးနည်း … ကော်အာပါလား၊ ဘယ်သူက မင်းကို ထပ်အနိုင်ကျင့်ပြန်ပြီလဲ။" ဖန်ကျန်းရီ ချက်ချင်း လန့်ဖျပ်သွား၏။

ဒါ လိုင်ကော်အာ မဟုတ်ဘူးလား။ ဘာလို့ တံခါးဝမှာ ထိုင်ငိုနေရတာလဲ။

လိုင်ကော်အာက နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။ "ကျွန်တော် ရှင်းကျူကို သွားဖွင့်ပြောတာ၊ သူ လက်မခံဘူး။"

ဖွင့်ပြောတာ။

ဖန်ကျန်းရီ အံ့ဩသွား၏။ ညီလေး … အသိအကျွမ်းဖြစ်တာ ဘယ်နှစ်ရက် ရှိသေးလို့လဲ။ မင်းက ဒီလောက်တောင် သတ္တိရှိတာလား။

"ငါမင်းကို သူ့အနားပဲ ကပ်ခိုင်းတာလေ။ မင်းက သွားပြီး ဖွင့်ပြောလိုက်တာလား။"

ဖန်ကျန်းရီက မတတ်သာစွာဖြင့် လိုင်ကော်အာဘေးတွင် ဝင်ထိုင်ပြီး မေးလိုက်၏။ "ပြောပါဦး၊ ဘာတွေဖြစ်ခဲ့တာလဲ။"

လိုင်ကော်အာက ကိုယ့်ကိုယ်ကိုယ် စကားပြောသလို တစ်ယောက်တည်း ရေရွတ်နေသည်။

"ဒီနေ့ ကျုပ် သူနဲ့ စကားပြောတာ၊ သူက ကျုပ်ကိုတောင် ပြုံးပြသေးတယ်။ ကျုပ် အရမ်း စိတ်လှုပ်ရှားသွားပြီး သူ့ကို သဘောကျတယ်လို့ ပြောလိုက်တာ၊ အဲဒါ သူက ချက်ချင်း လှည့်ထွက်သွားတယ်။"

"ဒါပဲလား။"

"ဒါပဲ။"

"….."

တကယ့်ကို ရိုးရှင်းပြီး ကြမ်းတမ်းလိုက်တာ၊ တကယ့် ငါ့ရဲ့ ညီလေး ပီသပါပေတယ်။

ဖန်ကျန်းရီက ဂုဏ်ယူစွာဖြင့် လိုင်ကော်အာ၏ ပခုံးကို ပုတ်ကာ မေးလိုက်၏။ "အဲဒီနောက်ပိုင်း တခြား ဘာမှ မရှိတော့ဘူးပေါ့။"

"သူက ကျုပ်ကို စကားမပြောတော့ ကျုပ် အနောက်ကနေ လိုက်ပြီး မေးတာပေါ့။ သူက ပြောတယ် … လောကကြီးကို မြင်ဖူးတဲ့ ယောက်ျားကိုမှ သဘောကျတာတဲ့။"

လိုင်ကော်အာမှာ အလွန် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

အကြောင်းပြချက်တွေ။ အကုန်လုံးက အကြောင်းပြချက်တွေချည်းပဲ။ ဖန်ကျန်းရီက စိတ်ထဲမှ ကြိတ်ပြီး ဝေဖန်လိုက်၏။

"ကော်အာရယ် … တကယ်တော့ တစ်ယောက်တည်း နေရတာလည်း ကောင်းပါတယ်၊ တစ်ယောက်တည်း ဗိုက်ဝရင် မိသားစုတစ်ခုလုံး ဗိုက်မဆာတော့ဘူးလေ။ ပိုက်ဆံရှိလာရင် ပြည့်တန်ဆာရုံ သွားမယ်။ အိုလာလို့ လုပ်ကျွေးမယ့်သူ မရှိလည်း မြစ်ထဲ ခုန်ချလိုက်ရင် အားလုံး ပြီးသွားတာပဲ။ လွတ်လွတ်လပ်လပ် နေလို့ရပါတယ်။ သိပ်ပြီး အလေးအနက် မထားပါနဲ့။" ဖန်ကျန်းရီက နှစ်သိမ့်ပေးလိုက်သည်။

"အစ်ကိုကြီး ကျုပ် ပြောစရာ ရှိလို့... ကျုပ် လောကကြီးကို သွားကြည့်ချင်တယ်။"

ဖန်ကျန်းရီ မေးလိုက်၏။ "ဒါဆို မင်းဘယ်သွားပြီး လောကကြီးကို ကြည့်မလို့လဲ။"

"ကျုပ်အထင် မိုင်တစ်ရာကျော်လောက်တော့ သွားသင့်တယ်လို့ ထင်တာပဲ၊ ယူတိန့်မြို့ ပတ်ဝန်းကျင် မိုင်တစ်ရာလောက်ကို အကုန် လျှောက်သွားမယ်။ အဲဒီအခါကျရင် ရှင်းကျူ ဘာမှ ပြောစရာ မရှိတော့ဘူးပေါ့။" လိုင်ကော်အာက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"..."

သာမန်ပြည်သူတို့၏ အမြင်ကျယ်မှုဆိုသည်မှာ ဤမျှသာလျှင် ဖြစ်၏။ တစ်သက်တာလုံး တစ်နေရာတည်း၌သာ နေထိုင်လာခဲ့ရာ သွားလာလှုပ်ရှားနိုင်သည့် အကွာအဝေးမှာ မိုင်နှစ်ဆယ်ခန့်ဆိုလျှင်ပင် အမြင့်ဆုံးသော အတိုင်းအတာ တစ်ခု ဖြစ်နေခဲ့၏။

လိုင်ကော်အာကဲ့သို့သော သူတောင်းစားတစ်ယောက်အနေဖြင့် ဤမျှလောက်အထိ စိတ်ကူးယဉ်နိုင်စွမ်း ရှိနေသည်ကိုပင်လျှင် ဖန်ကျန်းရီ အလွန်အမင်း ကျေနပ်အားရနေသည်။

သို့ပေမည့် ဤသို့သော အောက်ကျခံပြီး လိုက်နေသည့် အပြုအမူကို ကြားရသည်မှာ အလွန် ရင်နာစရာ ကောင်းလှသည်၊။

ဖန်ကျန်းရီက မခံစားနိုင်တော့သဖြင့် လိုင်ကော်အာ၏ ပခုံးကို ဖက်ကာ သူတို့ ခြေအောက်ရှိ မြေကြီးကို လက်ညှိုးထိုးပြရင်း မေးလိုက်၏။ "မင်း ကြည့်စမ်း… ငါတို့ ခြေအောက်က ကမ္ဘာမြေကြီးက ဘယ်လောက် ကျယ်လဲ။"

"အဆုံးမရှိဘူးလေ အစ်ကိုကြီး … အဲဒီလို ပျင်းစရာကောင်းတဲ့ မေးခွန်းတွေကို ကျုပ် မတွေးချင်ဘူး၊ နောက်ထပ် နှစ်လလောက် ပိုက်ဆံစုပြီးရင် ခရီးထွက်တော့မလို့။"

ဖန်ကျန်းရီက သူ့ကို တစ်ချက် စောင်းကြည့်လိုက်သည်။

လက်တွေ့လုပ်ဆောင်မယ့်သူပဲ။ တကယ် ကြောက်စရာ ကောင်းတာပဲ။ မိန်းမဆိုတာ ယောက်ျားတွေ ရှေ့ဆက်ဖို့ တွန်းအားပဲ။

"ကော်အာရယ်၊ မင်း ခဏလေး စောင့်အုံး… အစ်ကိုကြီး မင်း ကို ပြောစရာ ရှိတယ်။ မင်းက လောကကြီးကို မြင်ဖူးချင်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျင်းတိုင်းပြည် ပြင်ပကို ထွက်မှ လောကကြီးကို မြင်ဖူးတယ်လို့ ခေါ်မှာပေါ့။ အနောက်ဘက်မှာ နိုင်ငံတွေ အများကြီး ရှိတယ်၊ အဲဒီကိုရောက်မှ လောကကြီးကို မြင်ဖူးတာပေါ့။ အဲဒီအခါကျရင် ရှင်းကျူ တစ်ယောက်တည်းကို ပြောမနေနဲ့တော့၊ ဟိုဘက်မှာ ဆံပင်ရွှေရောင်၊ မျက်လုံးပြာပြာ နိုင်ငံခြားသူ အချောအလှလေးတွေ အများကြီး ရှိတယ်။ နောင် မင်း ရှင်းကျူကိုတောင် မေ့သွားလိမ့်မယ်။"

"ဆံပင်ရွှေရောင်၊ မျက်လုံးပြာပြာဆိုတာ မိစ္ဆာတွေ မဟုတ်ဘူးလား။ ကျုပ် မလိုချင်ပါဘူး။" ဖန်ကျန်းရီ လျှောက်ပြောနေသည်ကို ကြားသောအခါ လိုင်ကော်အာက မျက်ရည်များကို သုတ်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် သက်သာသွား၏။

ဖန်ကျန်းရီက တည်ကြည်စွာဖြင့် ပြောလိုက်သည်။ "ငါ မင်း ကို မလိမ်ပါဘူး၊ ဒီကမ္ဘာကြီးက အရမ်းကျယ်တယ်။ မိုင်ပေါင်း ထောင်သောင်းချီပြီး ရှိလောက်တယ်။ မိုင်တစ်ရာလောက် သွားတာက ဘာလောကကြီးကို မြင်ဖူးမှာလဲ၊ ရှင်းကျူ ကြားရင် မင်းကို ရယ်နေလိမ့်မယ်။"

"တကယ်လား အစ်ကိုကြီး။" လိုင်ကော်အာက ခေါင်းမော့ကြည့်လိုက်သည်။

ဖန်ကျန်းရီ၏ မျက်နှာထားက နောက်နေသည့်ပုံ မပေါ်ပေ။

"အစ်ကိုကြီးသာ လိမ်ပြောမိရင် ရင်ဘတ်ထဲက နှလုံးကို ထုတ်ပြီး မင်းအတွက် ချေပစ်လိုက်မယ်။" ဖန်ကျန်းရီက နေရာတွင်ပင် ကျိန်တွယ်လိုက်၏။

လိုင်ကော်အာက ကိုယ့်ကိုယ်ကိုယ် စကားပြောသလို ရေရွတ်လိုက်သည်။ "ဒီကမ္ဘာကြီးက မိုင်ပေါင်း ထောင်သောင်းချီပြီး ကျယ်တာလား ... ဒါဆို ဘယ်အချိန်ရောက်မှ အဆုံးထိ သွားနိုင်မှာလဲ။"

"လမ်းလျှောက်သွားလို့ ဘယ်ရမလဲ၊ သင်္ဘောစီးရမှာပေါ့။"

သင်္ဘောစီးရမယ်...။ လိုင်ကော်အာက ရေရွတ်ပြီးနောက် မေးလိုက်၏။ "အစ်ကိုကြီး ကျုပ်ဆီလာတာ ဘာကိစ္စ ရှိလို့လဲ။"

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ နားနားသို့ ကပ်ကာ ပြောလိုက်သည်။ "မင်းမှာ သူတောင်းစား သူငယ်ချင်းတွေ အများကြီး သိတယ်မလား၊ မနက်ဖြန်ကျရင် ငါ မင်းကို..."

အပိုင်း (၅၁၆) ပြည့်တန်ဆာရုံ၏ နတ်ဘုရား။

နောက်တစ်နေ့ နံနက်စောစောတွင် ဖန်ကျန်းရီက လိုင်ကော်အာကို ခေါ်ဆောင်ပြီး ချူယိုယီအား ကျောင်းတော်သို့ လိုက်ပို့လိုက်သည်။

ချူယိုယီဘက်ကို ဖြစ်သလို အကြောင်းပြချက် ပေးကာ လှည့်စားထားခဲ့၏။

သိပ်မကြာမီမှာပဲ ကျောင်းတော်အတွင်းသို့ ရောက်ရှိသွားသည်။

စာဖတ်အစေခံ တစ်စုက စိတ်လှုပ်ရှားစွာဖြင့် ထရပ်ကာ ဖန်ကျန်းရီကို ကြည့်ပြီး တပြိုင်နက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ “အစ်ကိုကြီးဖန်၊ မင်္ဂလာနံနက်ခင်းပါ။”

ဖန်ကျန်းရီက လက်ကာပြလိုက်ပြီး ပြုံးကာ ပြန်ဖြေလိုက်၏။ “ကောင်းပြီ ကောင်းပြီ၊ ကျောင်းသားတွေ အားလုံး ထိုင်ကြပါ။”

စာဖတ်အစေခံ တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ခဲ့သည်။ “အစ်ကိုကြီးဖန် … ဒီနေ့ အဆင့်မြင့် လက်တွေ့ သင်ခန်းစာ ရောက်ပြီမလား၊ ကျုပ်ကတော့ လက်တွေ့ လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ။”

အခြားတစ်ယောက်ကလည်း အားကျမခံ ဝင်ပြောလိုက်၏။ “အစ်ကိုကြီးဖန် .. ကျုပ် သင်တန်းကြေးတွေ အဆင်သင့် ပြင်ထားပြီးပြီ၊ မြန်မြန် သင်ပေးပါတော့၊ ဥပမာတွေ ဆက်နားမထောင်ချင်တော့ဘူး။”

နောက်တစ်ယောက်က ထပ်ပြောလာ၏။ “ကျုပ်ကတော့ ဥပမာတွေ ဆက်နားထောင်ချင်ပါသေးတယ်။”

ဖန်ကျန်းရီက ချောင်းဟန့်လိုက်သည်။ “အဟမ်း .. အဟမ်း … ဒီနေ့တော့ ကျုပ်တို့ စာမသင်တော့ဘူး၊ ခင်ဗျား တို့ကို အထူးတာဝန် တစ်ခု ပေးမယ်၊ ကျုပ်အတွက် စာနည်းနည်းလောက် ကူးရေးပေးကြ။ ကော်အာ … စာရွက်နဲ့ စုတ်တံတွေ ဝေပေးလိုက်။”

လိုင်ကော်အာက စကားတစ်ခွန်းမှ မပြောဘဲ ဖန်ကျန်းရီ၏ အနောက်မှ ထွက်လာကာ ကြိုတင် ပြင်ဆင်ထားသော စာရွက်နှင့် စုတ်တံများကို ထုတ်ယူလိုက်၏။

လူတိုင်းကို စာမူတစ်စောင်စီ ဝေပေးလိုက်ပြီး ထိုစာမူမှာ ဖန်ကျန်းရီ တစ်ညလုံး အိပ်မရေးဘဲ ရေးသားထားခြင်း ဖြစ်သည်။

စာဖတ်အစေခံများက စာမူကို ယူကာ ဖတ်ရှုလိုက်ကြပြီး သိပ်မကြာခင်မှာပဲ လူတိုင်း၏ မျက်နှာများမှာ နီရဲလာကာ အသက်ရှူသံများ ပြင်းထန်လာကြခဲ့၏။

လူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ “အစ်ကိုကြီးဖန်၊ ဒါက အစ်ကိုကြီး ရေးထားတာလား။”

ဖန်ကျန်းရီက တည်ငြိမ်စွာ ညွှန်ကြားလိုက်၏။ “အများကြီး မမေးနဲ့၊ မြန်မြန်သာ ကူးရေးကြ၊ ကူးရေးပြီးရင် ကျုပ်ကို ပြောအုံး။ ဟိုတစ်ယောက် .. ရှောင်လျို၊ ခင်ဗျား သွားပြီး ကျုပ်အတွက် လက်ဖက်ရည် တစ်အိုးလောက် သွားဖျော်ခဲ့။”

အားလုံး စီစဉ်ပြီးသွားသောအခါ ဖန်ကျန်းရီက ကုလားထိုင်ပေါ်တွင် မှီကာ သရေစာများကို အေးဆေးစွာ စားရင်း လက်ဖက်ရည် သောက်နေသည်။

တစ်နာရီခန့် အကြာတွင် စာမူ ရာပေါင်းများစွာကို သေသပ်စွာ ကူးရေးပြီးသွား၏။

ဖန်ကျန်းရီက လက်ညှိုးထိုးပြကာ လိုင်ကော်အာအား တိုးညင်းစွာ မှာကြားလိုက်မည်။ “ကော်အာ .. ဒါတွေကို လမ်းမပေါ်မှာ သွားကပ်လိုက်။ အစိုးရရုံးတွေနဲ့ ဝေးဝေးနေဖို့ မမေ့နဲ့၊ စာတတ်ပေတတ်တွေ၊ သူဌေးတွေ များတဲ့ နေရာတွေမှာ ရွေးကပ်။ ကျုပ်ဆီမှာ အကြွေစေ့ နည်းနည်း ကျန်သေးတယ်၊ မင်းရဲ့ သူငယ်ချင်းတွေကို သွားဝေပေးလိုက်။”

လိုင်ကော်အာက ခေါင်းညိတ်ပြလိုက်ခဲ့၏။ “စိတ်ချပါ အစ်ကိုကြီး .. ဒီလောက် အသေးအဖွဲ ကိစ္စလေးကို သေချာပေါက် သေသေချာချာ လုပ်ပေးပါ့မယ်၊ ဒါပေမဲ့ ဒီအပေါ်မှာ ဘာတွေ ရေးထားတာလဲ။”

ဖန်ကျန်းရီက လက်ကာပြလိုက်သည်။ “အများကြီး မမေးနဲ့၊ လုပ်စရာ ရှိတာသာ သွားလုပ်တော့။”

---

မွန်းလွဲပိုင်း အချိန်အတွင်းမှာပဲ ကြော်ငြာစာရွက်များသည် သူတောင်းစားများ၏ လက်မှတစ်ဆင့် ယူတိန့်မြို့၏ လမ်းမကြီးများ၊ လမ်းသွယ်များ အားလုံးသို့ စတင် ပျံ့နှံ့သွားခဲ့၏။

သူတောင်းစားများက ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ရာတွင် အလွန် သေချာစွာ လုပ်ဆောင်နေကြသည်။

သူတောင်းစား အချင်းချင်း အကူအညီ တောင်းခံရုံသာမက၊ စာရွက်တစ်ရွက် ကပ်လျှင် ကြေးပြားဆယ်ပြား ရမည် ဆိုသောကြောင့် ဤမျှ လွယ်ကူပြီး ငွေရလွယ်သော အလုပ်မျိုးကို မည်သူက မက်မက်မောမော မလုပ်ဘဲ နေမည်နည်း။

သူတောင်းစားများက ယူတိန့်မြို့၏ အခြေအနေကို အလွန် ကောင်းစွာ သိရှိထားကြသည်။

ကျင်းတိုင်းပြည်၏ ပထမဆုံးသော ကြော်ငြာစာရွက်များသည် ယူတိန့်မြို့အတွင်းရှိ ချမ်းသာကြွယ်ဝသော နေရာအားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

ကျောင်းတော်နှင့် စားသောက်ဆိုင်ကြီးများ၏ အပေါက်ဝများမှာတော့ သဘာဝကျကျပင် အဆိုးရွားဆုံး ပစ်မှတ်များ ဖြစ်လာခဲ့၏။

စာတတ်ပေတတ်များ ဖြစ်စေ၊ သာမန် ပြည်သူများ ဖြစ်စေ၊ စပ်စုချင်စိတ် ဆိုသည်မှာ မည်သူ့ထံတွင်မဆို အမြဲတမ်း ရှိနေတတ်ပြီး လူတိုင်း၏ ရင်ထဲတွင် အတင်းအဖျင်း ပြောလိုစိတ်များ တောက်လောင်နေတတ်သည်။

ကြော်ငြာစာရွက်များကို အဆောက်အအုံ အသီးသီး၏ တိုင်များပေါ်တွင် ကပ်လိုက်သောအခါ သိပ်မကြာခင်မှာပဲ စပ်စုလိုသူများက လာရောက် ဝိုင်းအုံကြည့်ရှုကြသည်။

ရှေ့ဆုံးတွင် ရပ်နေသူများမှာ စာတတ်ပေတတ်များ ဖြစ်ပြီး ပြည်သူတစ်စုကလည်း စာတတ်ပေတတ်များက ၎င်းတို့အား စာရွက်ပေါ်ရှိ အကြောင်းအရာများကို ဖတ်ပြရှင်းပြမည့် အချိန်ကို မျှော်လင့်တကြီး စောင့်စားနေကြ၏။

သို့ပေမည့် ယနေ့မှာတော့ အားလုံး စိတ်ပျက်သွားကြရသည်။

စာတတ်ပေတတ် များစွာက ရပ်တန့်၍ ဝိုင်းအုံကြည့်ရှုနေကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် နားလည်ရခက်သော အပြုံးများ ပေါ်လွင်နေသည်။ တချို့ကမူ ခေတ်ပျက်နေပြီ၊ ယုတ်ညံ့လိုက်တာ ဟု ကျယ်လောင်စွာ ဆဲရေး တိုင်းထွာနေကြခဲ့၏။

သို့သော်ငြား သူတို့၏ မျက်လုံးများကမူ တစ်ချက်လေးမျှ မခွာကြပေ။

ကြော်ငြာစာရွက်ပေါ်ရှိ အကြောင်းအရာများမှာ ဖန်ကျန်းရီ သေချာစွာ ရေးသားထားသော ပြည့်တန်ဆာရုံ လမ်းညွှန် ပင် ဖြစ်သည်။

ယမန်နေ့က သွားရောက်လည်ပတ်ခဲ့သော ပြည့်တန်ဆာရုံများ အကြောင်းကို စာရွက်ပေါ်တွင် အသေးစိတ် ရေးသားထားပြီး တိကျသော တည်နေရာ၊ ပတ်ဝန်းကျင် အလှဆင်မှုနှင့် အစားအသောက်များ အကြောင်းကိုပါ ဝေဖန်သုံးသပ်ထား၏။

အချိန်ကန့်သတ်ချက် ရှိသောကြောင့် အကြောင်းအရာ တော်တော်များများကို သူက ဖြစ်သလို ဖန်တီး၍ လျှောက်ရေးထားခြင်း ဖြစ်သည်။

ယနေ့အတွက် ပထမဆုံး လမ်းညွှန်တွင် ပြည့်တန်ဆာရုံမှ နာမည်ကြီး မိန်းကလေး တစ်ယောက်ကို အထူးရွေးချယ်ကာ အသေးစိတ် ဖော်ပြထား၏။

မည်သည့် အရည်အချင်းများကို ကျွမ်းကျင်သည်၊ ရုပ်ဆင်းသွင်ပြင် မည်သို့ ရှိသည်၊ ခန္ဓာကိုယ် အချိုးအစား မည်သို့ ရှိသည်နှင့် ထူးခြားချက် အမျိုးမျိုးကို ဖော်ပြထားခဲ့သည်။

သုံးနှုန်းထားသော စကားလုံးများမှာ အလွန် ရမ္မက်ဆန်ပြီး အသံချိုချို ကိုယ်လုံးနုနု၊ ရေခဲလို အသားအရေ၊ ကျောက်စိမ်းလို အရိုးအဆစ် စသည်ဖြင့် ရေးသားထားခဲ့၏။

အရေးအကြီးဆုံးမှာ အောက်ဘက်တွင် အလွန် အသက်ဝင်လှသော အတွေ့အကြုံ ရေးသားချက် တစ်ခု ပါဝင်နေခြင်း ဖြစ်သည်။

ပြည့်တန်ဆာရုံ တံခါးဝသို့ ဝင်ရောက်လာချိန်မှ စတင်၍ စိတ်ခံစားမှုများ၊ ဝန်ဆောင်မှု မိတ်ဆက်များ၊ လှုပ်ရှားမှုများ နှင့် နောက်ဆုံး အဆုံးသတ် ခံစားချက်များကိုပါ ရေးသားထား၏။

အဆုံးသတ်တွင် ဖန်ကျန်းရီက မိန်းမပေါင်းများစွာကို တွေ့ကြုံဖူးသော်လည်း ယနေ့တွင်မူ မျက်စိပွင့်သွားရကြောင်း အလွန်အမင်း ချီးကျူးရေးသားထားသည်။

မူလတည်းက ပြည်သူများ၏ ဘဝမှာ ပုံမှန်အားဖြင့် ပျင်းစရာကောင်းပြီး စာတတ်ပေတတ်များ၏ ဘဝမှာလည်း သိပ်ပြီး စိတ်လှုပ်ရှားစရာ မကောင်းလှချေ။

စာတတ်ပေတတ်များက အချိန်အတော်ကြာ ဖတ်ရှုပြီးနောက် တီးတိုး ဆွေးနွေးလာကြခဲ့၏။

“အစ်ကိုဟန် … ဒီအပေါ်မှာ ရေးထားတဲ့ အကြောင်းအရာတွေက တကယ်ပဲလား။” တစ်ယောက်က မေးလိုက်သည်။

“အတုမဖြစ်နိုင်ဘူး။ စကားလုံး အသုံးအနှုန်းတွေက ရှင်းလင်းပြတ်သားပြီး ခံစားချက်တွေ အပြည့်ပါနေတယ်၊ ရိုးရှင်းပေမဲ့ နက်နဲတယ်။” နောက်တစ်ယောက်က ပြန်ဖြေလိုက်၏။

“တကယ်ပဲ အဲဒီလောက်တောင် အရသာရှိတာလား။” တခြားသူက ဝင်မေးလိုက်သည်။

“မပြောနဲ့တော့ အစ်ကိုဟန်၊ ဒီည ကျုပ်အရင်သွားပြီး လမ်းသွားဖောက်ကြည့်လိုက်မယ်။” ထိုသူက ပြောကာ ထွက်သွားရန် ပြင်လိုက်၏။

စာတတ်ပေတတ် တစ်စုမှာ စိတ်လှုပ်ရှားစွာ ပြောဆိုပြီးနောက် ခါးကိုကိုင်းကာ ပြေးထွက်သွားကြသည်။

ဤကဲ့သို့သော ထူးဆန်းလှသည့် သတင်းမှာ သဘာဝကျကျပင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် အလျင်အမြန် ပျံ့နှံ့သွားပြီး မကြာမီမှာပဲ ဤသတင်းသည် လူအများ၏ ပါးစပ်ဖျားမှတစ်ဆင့် ယူတိန့်မြို့ တစ်ဝက်လောက်အထိ ပျံ့နှံ့သွားခဲ့၏။

...

ညအချိန်သို့ ရောက်ရှိလာခဲ့သည်။

ပြည့်တန်ဆာရုံများတွင် မီးပုံးများ ချိတ်ဆွဲကာ ဧည့်သည်များကို စတင် လက်ခံနေကြ၏။

သို့ပေမည့် ယနေ့ ချွန်းယွီရုံမှာ ပုံမှန်နှင့် မတူဘဲ ထူးခြားနေသည်။

မေမေကြီး ယွီနျန်မှာ ချွေးသံတရဲရဲဖြင့် ဘယ်ညာ အဆက်မပြတ် နှုတ်ဆက်နေရပြီး လူအုပ်ကြီးက တိုးဝှေ့ ဝင်ရောက်လာနေသည်။ စားပွဲထိုးများပင်လျှင် ဟင်းပွဲများ ချပေးရန် ဘယ်ညာ အပြေးအလွှား သွားလာ နေရ၏။

တကယ့်ကို အသက်လုပြီး ပြေးလွှားနေရသကဲ့သို့ ခံစားနေရသည်။

“ဒီနေ့ … ဒီနေ့ ဘာလို့ ဒီလောက်တောင် လူများနေရတာလဲ၊ တကယ် ဘာတွေ ဖြစ်ကုန်တာလဲ။” ယွီနျန်က ဘေးနားရှိ အစောင့်ကို စိုးရိမ်တကြီး မေးလိုက်၏။

ပုံမှန်ဆိုလျှင် လူများလာသည်ကို သူမ ဝမ်းသာရမည် ဖြစ်သော်လည်း ယနေ့ လာရောက်သူ အရေအတွက်မှာ အလွန် များပြားလွန်းနေသည်။

စိတ်ထဲတွင်ပင် မလုံခြုံမှု တစ်ခုကို ခံစားနေရ၏။

အစောင့်ကလည်း ဘာမှနားမလည်ဘဲ အလျင်အမြန် ပြန်ဖြေလိုက်သည်။ “ကျုပ်လည်း မသိဘူး။ မရတော့ဘူး မရတော့ဘူး။ လူအရမ်းများနေလို့ ဧည့်သည်တွေက ဆဲဆိုနေကြပြီ။ ဘယ်လိုလုပ်ကြမလဲ … အခု တံခါး ပိတ်လိုက်ရမလား။”

ယွီနျန်က စိတ်ကို တည်ငြိမ်အောင် ထိန်းပြီး ပြတ်သားစွာ ပြောလိုက်၏။ “မဖြစ်ဘူး။ ဒီနေ့လို ဧည့်သည် အများကြီး လာတာ ရှားတယ်၊ သာမန်မဟုတ်တဲ့ ကိစ္စတစ်ခုခု သေချာပေါက် ဖြစ်နေပြီ။ ခဏနေအုံး … ဧည့်သည် တစ်ယောက်လောက်ကို သွားမေးကြည့်လိုက်မယ်။”

ယွီနျန်က တံခါးဝသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ အထဲဝင်လာမည့် သခင်လေး တစ်ယောက်ကို တားပြီး မာယာပါပါ ပြုံး၍ နှုတ်ဆက်လိုက်သည်။ “သခင်လေး လာပြီလား ရှင်။”

သခင်လေးက ယွီနျန်ကို တွန်းဖယ်လိုက်ပြီး ပြောလိုက်ခဲ့၏။ “စကားများမနေနဲ့။ ခင်ဗျားတို့ဆီက ရှို့အာ ဆိုတဲ့ ကောင်မလေးကို ခေါ်လိုက်။ သခင်လေး .. ကျုပ်ဒီနေ့ သူ့ရဲ့ အရည်အချင်းကို လာစမ်းသပ်တာ။”

ရှို့အာ။ ပုံမှန်ဆိုလျှင် ရှို့အာက ဤမျှလောက် နာမည်ကြီးနေလို့လား။

ယွီနျန်က အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။ “သခင်လေး … သခင်လေး ပြောတာ ဘယ်ရှို့အာကို ပြောတာလဲ ရှင်။”

“ဟေ့ … ခြေထောက် မဆေးတတ်ပေမဲ့ သစ်ခွပန်းရနံ့လေး ရနေတဲ့ ရှို့အာလေ။” သခင်လေးက အထဲသို့ အတင်း လှမ်းကြည့်နေပြီး လူအုပ်ကြီး ဆူညံနေသည်ကို မြင်သောအခါ စိတ်ထဲတွင် အတော်လေး စိတ်ပျက်သွား၏။

ကြည့်ရတာ ယနေ့ အလှည့်ကျဖို့ တော်တော် စောင့်ရမည့်ပုံပေ။

“ဘာ။” ယွီနျန် တစ်ခဏမျှ ကြောင်အမ်းသွားသည်။

ဒီလိုလူမျိုး မရှိပါဘူး။ ဘယ်သူက ခြေထောက်မဆေးဘဲ သစ်ခွပန်းရနံ့ ရနေရမှာလဲ။ သေးသောက်ပြီး မူးနေတာလား။

ယွီနျန်က အကူအညီ တောင်းသည့် အကြည့်ဖြင့် အစောင့်ကို ကြည့်လိုက်ရာ အစောင့်က နဖူးမှ ချွေးများကို သုတ်၍ သူမအနားသို့ ကပ်လာပြီး တိုးညင်းစွာ ပြောလိုက်၏။

“ခင်ဗျား သတိမထားမိဘူး ထင်တယ်၊ ဒီနေ့ ထူးဆန်းတယ်၊ လာသမျှ ဧည့်သည်တိုင်းက ရှို့အာကိုချည်းပဲ တောင်းနေကြတယ်။ အခုဆိုရင် လူဆယ်ယောက်လောက် သူ့ဆီကို ဝင်သွားပြီ။ ထပ်လက်ခံလို့ မရတော့ဘူး။ ထပ်လက်ခံရင် ဒုက္ခရောက်တော့မယ်။”

ဆယ်ယောက်လောက်။ ယွီနျန်က နာကျင်စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။

သူမက ပုံမှန်အားဖြင့် လက်အောက်မှ မိန်းကလေးများအပေါ် အတော်လေး တင်းကျပ်သူ ဖြစ်သော်လည်း ဤမျှလောက် ရက်စက်သူတော့ မဟုတ်ချေ။

“မင်း ရူးနေလား။ လူဆယ်ယောက်ကျော်ကို ရှို့အာဆီ လွှတ်လိုက်ရင် အသက်ပါ သေသွားနိုင်တယ်။ ရှို့အာ သေးပေါက်ချိန်တောင် ရပါ့မလားဟဲ့။” ယွီနျန်က ပြောလိုက်မည်။

အစောင့်က အခက်တွေ့နေသည့် မျက်နှာဖြင့် ပြန်ဖြေလိုက်ခဲ့၏။ “သူတို့ ပေးတာက အရမ်းများနေတာကိုး၊ ပြီးတော့ တအားလည်း ကြမ်းတယ်လေ။ ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူး။ နောက်မှာလည်း လူနှစ်ဆယ်လောက် စောင့်နေသေးတယ်။”

“ဟင် .. ” ယွီနျန် အာမေဍိတ်သံ ထွက်သွားသည်။

သခင်လေးမှာ စောင့်ရသည်ကို စိတ်မရှည်တော့ဘဲ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “မြန်မြန် စီစဉ်ပေးလေ။ ရှို့အာ ရှိတယ် မဟုတ်လား။”

ယွီနျန်က မတတ်သာဘဲ ရှေ့တိုးကာ မေးလိုက်သည်။ “သခင်လေး ဘာလို့ ရှို့အာကိုမှ အတင်း ရှာနေရတာလဲ ရှင်။ ကျွန်မတို့ဆီမှာ ကောင်မလေး အကောင်းစားတွေ အများကြီး ရှိပါသေးတယ်။”

သခင်လေးက ရင်ဘတ်ထဲမှ ကြော်ငြာစာရွက် တစ်ရွက်ကို ထုတ်ကာ ရိုက်ချလိုက်ပြီး ပြောလိုက်၏။ “သခင်လေး ကျုပ်အဝေးကြီးကနေ လာတာ ရှို့အာကို တွေ့ဖို့အတွက်ပဲ။ ခင်ဗျားတို့ ချွန်းယွီရုံက ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံတာလား။”

ယွီနျန်က ကြော်ငြာစာရွက်ကို အလျင်အမြန်ယူကာ ဖြန့်ကြည့်လိုက်ပြီး မျက်လုံးများဖြင့် လျင်မြန်စွာ ဖတ်ရှုလိုက်ရာ နေရာတွင်ပင် မှင်တက်သွားမည်။

“ဒါ.. ဒါက... အရက်နတ်ဆိုးကြီး။ ဒါ ဘယ်က ပုဂ္ဂိုလ်ကြီးလဲ။”

သခင်လေးက အထင်သေးသော မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။ “အရက်နတ်ဆိုးကြီးကိုတောင် မသိဘူးလား၊ တစ်မနက်ခင်းလေး အတွင်းမှာတင် သူက မြို့တစ်မြို့လုံးမှာ နာမည်ကြီးနေပြီ။ အပြင်မှာ ပြောနေကြတာက သူက မိန်းမပေါင်းများစွာကို တွေ့ကြုံဖူးပြီး အတွေ့အကြုံ အရမ်းများတယ်တဲ့။ သူက ရှို့အာကို ချွန်းယွီရုံရဲ့ အကောင်းဆုံး အထွတ်အထိပ်လို့ ပြောထားတယ်။ ခင်ဗျား မေမေကြီးက တကယ် အခြေအနေကို နားမလည်ဘူးပဲ …. မြန်မြန် ရှို့အာကို သွားစီစဉ်ပေးစမ်းပါ။”

ယွီနျန် စကားပြန်ပြောရန် ပြင်လိုက်စဉ် အပေါ်ထပ်မှ ရန်ဖြစ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဒီနေ့ ဘယ်သူက ကျုပ်နဲ့ လာလုပြီး ရှို့အာကို ယူမလဲ … ဒါက ကျုပ်သခင်လေးရွှီကို စော်ကားတာပဲ။” တစ်ယောက်က အော်ဟစ်လိုက်၏။

“ခင်ဗျား က ဘာကောင်မို့လို့လဲ။ အကုန်လုံး ထွက်သွားစမ်း။ ကျုပ်အရင် လာတာ။” အခြားတစ်ယောက်ကလည်း ဝင်ရောက် ဟန့်တားသည်။

“အားလုံး မဆူကြပါနဲ့။ အားလုံးက စာတတ်ပေတတ်တွေချည်းပဲ။ ဒီလို ရန်ဖြစ်နေလို့ ဘယ်သင့်တော်ပါ့မလဲ။ ရှို့အာရေ … ကျုပ်တို့ ဆယ့်ခြောက်ယောက် ရှိတယ်၊ ဒီနေ့ ဘယ်သူ့ကို ရွေးမလဲဆိုတာ ခင်ဗျား ပဲ ဆုံးဖြတ်လိုက်ပါ။” နောက်ထပ်လူတစ်ယောက်က အော်ပြောလိုက်၏။

[ဖန်ကျန်းရီ နှင့် ပြည့်တန်ဆာ review ..စာစဉ် (၂၈) ပြီးပါပြီ။]

All Chapters