← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း (၁၂၄) လျှို့ဝှက်ဆန်းကြယ်သော ဧကရီ၊ မင်းရဲ့ ကျင့်စဉ်မီးဖိုကို ဖျက်ဆီးပစ်မယ်

လုယွင်ဖေးသည် အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ပြီး ချင်လော့က ရုတ်တရက် ပေါ်လာကာ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်လာမည်ကို ကြောက်ရွံ့နေခဲ့၏။

"ချင်လော့... ငါ ဒီကနေ ထွက်သွားတာနဲ့ မင်းကို သေချာပေါက် ကလဲ့စားချေမယ်... မင်းရဲ့ မိန်းမကို လုယူပြီး ငါ့ရဲ့ ဒေါသတွေကို ဖြေဖျောက်မယ်"

ယခင်က လုယွင်ဖေးသည် သူ၏ ရင်သပ်ရှုမောဖွယ် ရုပ်ရည်ကို အသုံးပြု၍ ရှန်ဝမ်နင်နှင့် နီးကပ်အောင် ကြိုးစားကာ သူမကို တဖြည်းဖြည်း သိမ်းသွင်းရန် စီစဉ်ထားခဲ့ပေသည်။

သို့ရာတွင် ယခုအခါ၌ သူက အထူးနည်းလမ်းအချို့ကို အသုံးပြုရကောင်း အသုံးပြုရနိုင်လေသည်။

"ချင်လော့… မင်းက သူတော်စင်သားတော်တွေ အများကြီးကို သတ်ခဲ့တာ... မင်း အပြင်ရောက်တာနဲ့ သေချာပေါက် သေရလိမ့်မယ်"

ယခင်က ချင်လော့ ဖျက်ဆီးခဲ့သော ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေများမှာ အလယ်အလတ်အဆင့် အင်အားသာ ရှိခဲ့ကြသည်။

သို့သော် ဝိညာဉ်နယ်မြေအတွင်း သူ သတ်ဖြတ်ခဲ့သော သူတော်စင်သားတော် နှင့် သူတော်စင်မလေးများမှာ အံ့မခန်းပါရမီရှင်များစာရင်းဝင်များ ဖြစ်ကြပြီး တစ်ဦးစီတိုင်းက အနာဂတ်တွင် တောင်တန်းတစ်သောင်းနယ်မြေ၏ ထိပ်တန်း တန်ခိုးရှင်များ ဖြစ်လာနိုင်စွမ်း ရှိကြပေ၏။

ထိုမြင့်မြတ်နယ်မြေများက သေချာပေါက် ရူးသွပ်သွားကြလိမ့်မည်။

သူတို့ အပြင်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် မြင့်မြတ်နယ်မြေများက ချင်လော့ကို အရူးများကဲ့သို့ ဝိုင်းဝန်းတိုက်ခိုက်ကြမည်ကို သူ ကြိုတင် တွေးတောထားပြီး ဖြစ်လေသည်။

"ဝိညာဉ်နယ်မြေ အနီးအနားမှာတင် မင်း သေသွားနိုင်တယ်... စိတ်မပူပါနဲ့... ရှန်ဝမ်နင်ကို ငါ သေချာ ဂရုစိုက်ပေးပါ့မယ်... ဟားဟားဟား"

ဤအကြောင်းကို တွေးတောရင်း လုယွင်ဖေးသည် ထူးဆန်းသော စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရ၏။

မကြာမီမှာပင် အနည်းငယ် တွန်းကန်နေသော စွမ်းအားတစ်ခုကို သူ ခံစားလိုက်ရပြီး သူ အပြင်သို့ ထွက်ခွာနိုင်တော့မည် ဖြစ်ပေသည်။

သူ အလွန် စိတ်သက်သာရာရသွားခဲ့သည်။

သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင် ရင်းနှီးနေသော အသံတစ်သံက မဝေးလှသော နေရာမှ ထွက်ပေါ်လာခဲ့လေသည်။

"အစ်ကိုယွင်ဖေး... တစ်ရက်လောက် မတွေ့ရတာ သုံးရာသီလောက် ကြာသွားသလိုပဲနော်"

"ငါတို့ ပြန်တွေ့ကြပြီဆိုတော့ မင်းရဲ့ နောက်ဆုံးခရီးကို ငါ လိုက်ပို့ပေးရင်ကော ဘယ်လိုလဲ"

‘ဒေါက်... ဒေါက်... ဒေါက်…’

ချင်လော့၏ ခြေသံတစ်ချက်စီသည် လုယွင်ဖေး၏ နှလုံးသားကို နင်းချေနေသကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေကာ မျက်နှာကို အလွန် အကျည်းတန်သွားစေခဲ့လေသည်။

"ချင်လော့!"

လုယွင်ဖေးက အံကြိတ်ကာ ချင်လော့ကို ကြည့်လိုက်၏။

လေးနှင့် မြှားတစ်စင်းက သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ သူက လေးကြိုးကို ဆွဲကာ မြှားကို ချိန်ရွယ်လိုက်သည်။

‘ဝှစ်’ခနဲ အသံနှင့်အတူ မြှားတစ်စင်းက ချင်လော့၏ နဖူးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ပေသည်။

ချင်လော့က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ တာအိုဓားချီတစ်ချက် ပေါ်လာပြီး ပေါ့ပေါ့ပါးပါးပင် ရွေ့လျားသွားခဲ့၏။

‘ဘုန်း!’

ထိုဓားချီက မြှားနှင့် ပြင်းထန်စွာ ဝင်တိုက်မိပြီး ချက်ချင်း ပေါက်ကွဲသွားရာ လုယွင်ဖေး၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့လေသည်။

"သူ ပိုသန်မာလာသလိုပဲ"

အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ သူက လေးကြိုးကို ချက်ချင်း ဆွဲကာ မြှားတစ်စင်း၊ နှစ်စင်း၊ ... ခုနစ်စင်းအထိ ပစ်လွှတ်လိုက်၏။

‘ခုနစ်ပွင့်ဆိုင် ကြယ်တာရာမြှား!’

'ဝှစ်!' 'ဝှစ်!' 'ဝှစ်!'

မြှားများက လေထုကို ဆုတ်ဖြဲသွားသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

ဤမြှားများကို ပစ်လွှတ်ပြီးနောက် သူ၏ အသက်ရှူနှုန်းက အားနည်းသွားပြီး မောပန်းသွားခဲ့လေသည်။

ဤသည်မှာ သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုပင် ဖြစ်ပေ၏။

မြှားခုနစ်စင်းက တစ်ဆက်တည်း ဖြစ်နေပြီး မြှားတစ်စင်းစီ၏ စွမ်းအားက ပိုမို မြင့်တက်လာနေခဲ့သည်။

သတ္တမမြောက် မြှား၏ စွမ်းအားမှာ အလွန် ကြီးမားလွန်းသဖြင့် သူတော်စင်တစ်ပါးကိုပင် တုန်လှုပ်သွားစေနိုင်လေသည်။

"ဒီလောက်ပဲလား"

ချင်လော့က လှောင်ပြောင်လိုက်၏။

"ငါ့ရဲ့ ဓားတစ်သောင်းကျင့်စဉ်က တကယ်တမ်း ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါလည်း စမ်းသပ်ကြည့်ချင်သေးတယ်"

"ဓားသောင်းချီ ပစ်လွှတ်ခြင်း!"

ချင်လော့က သူ၏ ချင်းဖုန်းဓားဖြင့် လုယွင်ဖေးဆီသို့ ချိန်ရွယ်လိုက်ရာ တာအိုဓားချီများစွာက သူ၏ ပတ်လည်တွင် စုစည်းလာပြီး သူ၏ လက်ထဲရှိ ချင်းဖုန်းဓား၏ ပုံသဏ္ဌာန်အတိုင်း ပြောင်းလဲသွားခဲ့ပေသည်။

ထူထပ်သိပ်သည်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသော မြင်ကွင်းက လုယွင်ဖေး၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေပြီး သူ၏ မျက်နှာကို သေမင်းတမန်ကဲ့သို့ ချက်ချင်း ဖြူရော်သွားစေခဲ့လေသည်။

သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။

"တားလို့ မရနိုင်ဘူး... လုံးဝ တားလို့ မရနိုင်ဘူး”

လင်းဟောက်က ဤမြင်ကွင်းကို အမှောင်ထဲမှ ကြည့်နေရင်း အလွန် အံ့အားသင့်နေခဲ့၏။

"အရှင်မင်းသားက အရမ်း အစွမ်းထက်လွန်းတယ်... သူက လိုဏ်ဂူကောင်းကင်အဆင့်ပဲ ရှိသေးတာလေ... သူသာ သူတော်စင် ဖြစ်လာရင် ဒီကမ္ဘာမှာ ဘယ်သူက သူ့ကို ယှဉ်နိုင်တော့မှာလဲ"

"အရှင်မင်းသားနဲ့ ရန်သူ ဖြစ်ရတာက တစ်သက်တာ အိပ်မက်ဆိုးတစ်ခုပဲ"

တစ်ချိန်တည်းမှာပင် သူ မကောင်းဆိုးဝါးဘက်သို့ မကူးပြောင်းခဲ့ပါက သူ၏ လက်ရှိအခြေအနေမှာ လုယွင်ဖေးထက် အများကြီး ပိုကောင်းနေမည် မဟုတ်ကြောင်း တွေးမိကာ အလွန် ဝမ်းသာမိပေ၏။

"သွားစမ်း!"

ချင်လော့က သူ၏ ချင်းဖုန်းဓားကို ဝှေ့ယမ်းလိုက်ရာ ပျက်စီးစေနိုင်သော တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

ဓားချီများက ဟိန်းဟောက်ကာ ပြေးထွက်သွားကြသည်။

မျက်တောင်တစ်ခတ်အတွင်း လုယွင်ဖေး ပစ်လွှတ်လိုက်သော ခုနစ်ပွင့်ဆိုင် ကြယ်တာရာမြှားများမှာ လုံးဝ လွှမ်းမိုးခံလိုက်ရ၏။

ချင်လော့၏ ဓားချီအောက်တွင် မြှားခုနစ်စင်းမှာ တစ်စက္ကန့်မျှပင် ခံနိုင်ရည် မရှိခဲ့ချေ။

"ပြေးမယ်"

လုယွင်ဖေး၏ ဖိနပ်များက အပြာရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူ၏ အမြန်နှုန်းက သူတော်စင်အဆင့်၏ အနိမ့်ဆုံး သတ်မှတ်ချက်သို့ ချက်ချင်း ရောက်ရှိသွားခဲ့လေသည်။

"အရည်အချင်းတော့ သိပ်မရှိဘူး... ဒါပေမဲ့ တော်တော် သတိထားတတ်တာပဲ... ကံမကောင်းစွာနဲ့ပဲ မင်းက ငါနဲ့ လာတွေ့နေတာကိုး"

ဓားချီများက လုယွင်ဖေးဆီသို့ ပြေးဝင်သွားပြီး မျက်တောင်တစ်ခတ်အတွင်း သူ့ကို မှီသွားကာ လွှမ်းခြုံသွားခဲ့ပေ၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ ကျော့ရှင်းလှပသော ပုံရိပ်ယောင်တစ်ခုက လုယွင်ဖေး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

သူမက နဂါးကိုးကောင် ခေါင်းစည်းကို ဝတ်ဆင်ထားပြီး ဖီးနစ်သရဖူက တောက်ပနေကာ နဂါးပုံစံများ ထိုးနှက်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။

သူမ၏ ကိုယ်ဟန်က မတ်မတ်ရပ်နေပြီး မျက်လုံးများက နက်ရှိုင်းကာ အမြင့်ဆုံးသော ခမ်းနားကြီးကျယ်မှုကို ထုတ်လွှတ်နေခဲ့၏။

သူမ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ အလင်းဖောက်ထွင်းနိုင်သော အလင်းတန်းဒိုင်းလွှားတစ်ခုက လုယွင်ဖေးကို ဖုံးလွှမ်းသွားခဲ့သည်။

ဓားချီများအားလုံးက လုယွင်ဖေး၏ ပတ်လည်ရှိ အလင်းတန်းဒိုင်းလွှားကို ဝင်တိုက်မိသော်လည်း လှိုင်းဂယက်အနည်းငယ်သာ ဖြစ်ပေါ်စေပြီး ကာကွယ်မှုကို မဖောက်ထွင်းနိုင်ခဲ့ချေ။

ကံကြမ္မာကို လက်ခံထားပြီးဖြစ်သော လုယွင်ဖေးမှာ ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ရ၏။

သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သက်သာရာရမှုနှင့် ဇဝေဇဝါဖြစ်မှု ရောနှောနေသော အရိပ်အယောင်တစ်ခုကို ပြသနေခဲ့သည်။

ဤအမျိုးသမီးကို သူ လုံးဝ မရင်းနှီးကြောင်း ထင်ရှားပေသည်။

"ထွက်သွားစမ်း!"

အမျိုးသမီးက ချင်လော့ရှိရာဘက်သို့ ဟစ်အော်လိုက်ရာ ဓားချီများအားလုံး ချက်ချင်း နောက်သို့ လွင့်စင်သွားခဲ့လေသည်။

ချင်လော့၏ အမူအရာက လေးနက်သွားခဲ့၏။

သူ့ရှေ့ရှိ အမျိုးသမီးမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းနေပေသည်။

သူမ၏ တိုက်ခိုက်မှုကို အကဲခတ်ကြည့်ရလျှင် ဤနေရာတွင် သူမ ပြသနေသော စွမ်းအားမှာ အလွန် အစွမ်းထက်နေခြင်း မရှိသော်လည်း သူ၏ တာအိုဓားချီ တစ်သောင်း တိုက်ခိုက်မှုကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည်။

ဓားချီ၏ နည်းလမ်းများက ထင်ရှားနေပေသည်။

"ပျံ့နှံ့နေတဲ့ တိုက်ခိုက်မှုတွေက အလုပ်မလုပ်ဘူးဆိုတော့ အကုန်လုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်မယ်"

အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ချင်လော့က နောက်သို့ လွင့်စင်သွားသော ဓားချီများကို ချက်ချင်း အသက်သွင်းလိုက်ပြီး စုစည်းလိုက်လေသည်။

တာအိုဓားချီ တစ်ခုနှင့် နောက်ဆုံးထွက်ပေါ်လာသော ဓားချီတို့က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး နောက်တစ်ကြိမ် ထပ်မံ ပေါင်းစပ်ကာ ထိုလုပ်ငန်းစဉ်က ထပ်တလဲလဲ ဖြစ်ပေါ်နေခဲ့၏။

အမျိုးသမီး၏ အမူအရာက လေးနက်သွားခဲ့သည်။

သူမက ချင်လော့ရှိရာဘက်သို့ ကြည့်ကာ လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။

"မင်းနဲ့ ဓားတစ်သောင်းစံအိမ်က ဘာပတ်သက်မှု ရှိလဲ... မင်းက ဘာလို့ ဓားတစ်သောင်းစံအိမ်ကို ပြန်လာတာလဲ"

"သိချင်လား"

ချင်လော့၏ နှုတ်ခမ်းများက လှောင်ပြောင်သော အမူအရာဖြင့် တွန့်ကွေးသွားခဲ့သည်။

"ဒါဆို ဒူးထောက်ပြီး တောင်းပန်လေ... ငါ စိတ်အခြေအနေ ကောင်းရင် ပြောပြကောင်း ပြောပြလိမ့်မယ်"

ပုံရိပ်ယောင် အမျိုးသမီး၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့၏။

သူမက ချင်လော့ကို ဟစ်အော်လိုက်သည်။

"ငါ့ကို ဒီလောက် မလေးမစား လုပ်ရဲတယ်ပေါ့... ဒီနေ့ ငါ ဧကရီက မင်းကို သေခွင့်ပေးမယ်"

'ဧကရီ' ဟူသော စကားလုံးကို ကြားချိန်၌ ချင်လော့ တုန်လှုပ်သွားပြီး သူ၏ အမူအရာက အလွန် လေးနက်သွားခဲ့ပေသည်။

"ကျွတ်... ငါတို့က ဧကရာဇ်အဆင့် တန်ခိုးရှင်တစ်ယောက်ကို စော်ကားမိသွားတာလား"

"ဒါပေမဲ့ ဒီနေရာက ဝိညာဉ်နယ်မြေလေ... မင်းက မဟာဧကရာဇ် တစ်ပါး ဖြစ်နေရင်တောင်မှ မင်းက ပုံရိပ်ယောင်တစ်ခုမျှသာပဲ"

"ဓားများအားလုံး တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း!... သေစမ်း!"

ဓားချီများအားလုံးက တစ်ခုတည်းအဖြစ် ချက်ချင်း စုစည်းသွားပြီး ချင်လော့က ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ပြင်းထန်စွာ ခုတ်ချလိုက်လေသည်။

"သေစမ်း!"

‘ဘုန်း!’

ဤဓားခုတ်ချက်က ကောင်းကင်ကြီးကို ကြီးမားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားစေသကဲ့သို့ပင်။

အမျိုးသမီး၏ အမူအရာက လေးနက်နေပြီး တောက်ပသော အလင်းတန်းတစ်ခု သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ တာအိုဓားချီဆီသို့ ပြေးဝင်သွားခဲ့၏။

‘ဘန်း!’

နှစ်ခု ဝင်တိုက်မိသွားပြီး တောက်ပသော အလင်းတန်းကြောင့် လုယွင်ဖေးနှင့် အခြားသူများ မျက်လုံးမှိတ်လိုက်ရကာ မျက်စိကန်းသွားတော့မည်ဟု ခံစားလိုက်ရလေသည်။

"ချင်လော့က အရမ်း အစွမ်းထက်လွန်းတယ်... သူ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ... ဒါပေမဲ့ ကံကောင်းတာက... ငါ့ကို ကာကွယ်ပေးမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ တန်ခိုးရှင်တစ်ယောက် ရှိနေလို့ ငါ အသက်ရှင်နိုင်ခဲ့တယ်... ဟားဟားဟား"

အထူးသဖြင့် ဝိညာဉ်နယ်မြေက သူ့ကို စတင် တွန်းကန်နေပြီဖြစ်ရာ လုယွင်ဖေး ထွက်ခွာရတော့မည် ဖြစ်ပေသည်။

"ဒီလို ကပ်ဘေးကနေ လွတ်မြောက်လာပြီးရင် ကောင်းမွန်တဲ့ ကံကြမ္မာတွေ သေချာပေါက် ရောက်လာမှာပဲ... အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက ငါ လုယွင်ဖေးရဲ့ မိသားစုအကြီးအကဲ ဖြစ်ကောင်း ဖြစ်နိုင်တယ် ငါ လုယွင်ဖေးတော့ ကျော်ကြားတော့မယ်... ဟားဟားဟား"

"တားနိုင်တာလား"

အပြင်ဘက်သို့ တွန်းကန်နေသော စွမ်းအားကို သူလည်း ခံစားမိသဖြင့် ချင်လော့က မျက်မှောင်ကြုတ်လိုက်၏။

‘ဒါပေမဲ့ လုယွင်ဖေးကို လွှတ်ပေးလိုက်ရမလား... ရယ်စရာကောင်းလိုက်တာ…’

"ချင်လော့... ဟားဟားဟား... စိတ်မပူပါနဲ့... ငါ ပြန်ရောက်ရင် ညီမငယ်ရှန်ကို သေချာ ဂရုစိုက်ပေးပါ့မယ်... ဟားဟားဟား"

လုယွင်ဖေးသည် အခန်းထဲမှ တစ်ဝက်ခန့် ထွက်သွားပြီဖြစ်ချိန်၌ ရူးသွပ်စွာ ရယ်မောလိုက်လေသည်။

"သေစမ်း!"

ချင်လော့က မိုးကြိုးပစ်လွှတ်လိုက်သည့် အရှိန်ဖြင့် လုယွင်ဖေးဆီသို့ ပြေးဝင်သွားခဲ့၏။

ချင်လော့၏ တိုက်ခိုက်မှုကို လမ်းလွှဲပေးပြီးနောက် အမျိုးသမီး၏ ပုံရိပ်က အလွန်အမင်း ဝေဝါးသွားခဲ့သည်။

ဤအခိုက်အတန့်တွင် သူမက အော်ဟစ်လိုက်၏။

"ငါ့ရဲ့ ကျင့်စဉ်မီးဖိုကို မထိခိုက်စေနဲ့"

ဤစကားများကို လုယွင်ဖေး ကြားလိုက်ရချိန်၌ သူ၏ အမူအရာက ချက်ချင်း အေးခဲသွားခဲ့လေသည်။

"ကျင့်စဉ်မီးဖို... ဘယ်သူက ကျင့်စဉ်မီးဖိုလဲ"

ချင်လော့နှင့် အမျိုးသမီးတို့ တိုက်ခိုက်နေသည်ကို ကြည့်ရင်း လုယွင်ဖေး၏ မျက်နှာပေါ်တွင် ထိတ်လန့်နေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။

သူက ကျင့်စဉ်မီးဖိုလား…

ချင်လော့၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

"ဒီနေ့ မင်းတို့ နှစ်ယောက်စလုံးရဲ့ နောက်ဆုံးခရီးကို ငါ လိုက်ပို့ပေးမယ်"

‘ဘုန်း!’

ဝိညာဉ်နယ်မြေအပြင်ဘက်ရှိ ကောင်းကင်ကြီးက ချက်ချင်းပင် မည်းမှောင်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားပြီး ကမ္ဘာကြီး၏ အရောင်အသွေးများ ပြောင်းလဲသွားခဲ့လေသည်။

တာအိုမိုးကြိုးစွမ်းအားများ စုစည်းလာခဲ့၏။

အမျိုးသမီးက ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် နက်ရှိုင်းသော တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။

"မိုးကြိုးကပ်ဘေး!"

မျက်တောင်တစ်ခတ်အတွင်း မိုးကြိုးကပ်ဘေးက ကောင်းကင်ထက်မှ ကျဆင်းလာပြီး ချင်လော့၊ သူမနှင့် လုယွင်ဖေးတို့ကို လွှမ်းခြုံသွားခဲ့လေသည်။

ထိုလုယွင်ဖေးမှာ ပထမဆုံး လှိုင်းတွင်ပင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပေ၏။

"ဟင့်အင်း!"

လုယွင်ဖေး၏ ဟိန်းဟောက်သံက ပဲ့တင်ထပ်သွားပြီး အမျိုးသမီး၏ ပုံရိပ်ယောင်ကို ပို၍ပင် ဝေဝါးသွားစေခဲ့သည်။

ဤသည်ကို မြင်ချိန်၌ ချင်လော့က ပြုံးလိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်၏။

"တစ်ယောက်မှ အလွတ်မပေးဘူး... အရမ်း ကောင်းတယ်"

သူ၏ စကားများက သူမ၏ နှလုံးသားကို ထိုးဖောက်သွားသော ချွန်ထက်သည့် ဓားတစ်လက်ကဲ့သို့ ဖြစ်နေပြီး သူမ၏ ဒေါသကို မီးတောက်သွားစေခဲ့လေသည်။

"တောင်းပန်ပါတယ်... မင်းရဲ့ ကျင့်စဉ်မီးဖိုက မိုးကြိုးပစ်ခံရပြီး သေသွားပြီ"

All Chapters