← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅) မိုးကြိုးကာကွယ်ရေးဆေးလုံး၊ လီရှောင်ကို ချောက်ချခြင်း

[မိုးကြိုးကပ်ဘေး၏ စွမ်းအားကို အသုံးပြု၍ သတ်ဖြတ်ခြင်းရည်ရွယ်ချက် အောင်မြင်ပါသည်။ ကံကြမ္မာသားတော် လုယွင်ဖေးကို အနိုင်ယူပြီး သူ၏ ကံကြမ္မာတန်ဖိုးအားလုံးကို ရရှိပါသည်... ထိုတန်ဖိုးများကို ဗိလိန်အမှတ်များအဖြစ် အလိုအလျောက် ပြောင်းလဲသွားပါမည်]

"ယင်ကောင်ခြေထောက်ဆိုရင်တောင် အသားပါပဲလေ"

လုယွင်ဖေးမှာ အမှန်တကယ် ဆင်းရဲလွန်းကြောင်း သိရှိလိုက်ရသဖြင့် ချင်လော့က မှတ်ချက်ချလိုက်၏။

"ဒါက ကောင်းကင်မိုးကြိုးလား"

"မိုးကြိုးကပ်ဘေးလား"

"ဘယ်သူက ကောင်းကင်နဲ့ လူတွေကိုပါ ဒေါသထွက်စေမယ့် အလုပ်တစ်ခုခုကို လုပ်ခဲ့လို့လဲ... ဒါကြောင့် မိုးကြိုးကပ်ဘေး ကျလာတာ"

ဝိညာဉ်နယ်မြေအပြင်ဘက်တွင် လူအများအပြားက ကောင်းကင်ကို မော့ကြည့်နေကြပြီး သူတို့၏ မျက်လုံးများတွင် နက်ရှိုင်းသော တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့လေသည်။

အမျိုးသမီးက ချင်လော့ကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများမှာ နားလည်ရခက်နေခဲ့၏။

"မင်းကို ငါ မှတ်ထားမယ်"

"မင်း ကောင်းကောင်း အသက်ရှင်နိုင်ဖို့ မျှော်လင့်ပါတယ်... ငါတို့ ပြန်တွေ့ကြသေးတာပေါ့"

ထိုသို့ပြောဆိုပြီးနောက် ကောင်းကင်ထက်မှ မိုးကြိုးကပ်ဘေး ကျဆင်းလာပြီး သူမ၏ ပုံရိပ်ယောင်ကို ဖျက်ဆီးပစ်လိုက်လေသည်။

"အကြွေးက ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး"

ချင်လော့က ဂရုမစိုက်စွာဖြင့် ပခုံးတွန့်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် မိုးကြိုးကပ်ဘေးက သူ့ကို ပြင်းထန်စွာ ရိုက်ခတ်သွားရာ တစ်ကိုယ်လုံး နာကျင်မှုကို ခံစားလိုက်ရပေ၏။

[ကောင်းကင်တာအို၏ ဒေါသကို ရှာဖွေတွေ့ရှိပါသည်... မိုးကြိုးကပ်ဘေးက ပိုင်ရှင်ကို သတ်ဖြတ်ရန် ကြိုးစားနေပါသည်... မိုးကြိုးကာကွယ်ရေးဆေးလုံး (ကောင်းကင်တာအိုကို ဖုံးကွယ်ပြီး မိုးကြိုးကပ်ဘေး၏ တိုက်ခိုက်မှုကို တားဆီးရန်) လဲလှယ်ရန် စနစ်က အကြံပြုပါသည်]

"ခဏလေး... ဝတ္ထုတွေထဲမှာ မိုးကြိုးကပ်ဘေးက ခန္ဓာကိုယ်သန့်စင်ခြင်းကို ဖြစ်စေပြီး လူတွေကို ပိုသန်မာလာစေတယ်လို့ ပြောထားတာ မဟုတ်ဘူးလား"

[သင်ပြောသလိုပါပဲ... အဲဒါက ဝတ္ထုပါ... မိုးကြိုးကပ်ဘေးသည် ကြီးထွားလာနိုင်သော အန္တရာယ်မှန်သမျှကို ဖယ်ရှားရန် ရည်ရွယ်ပြီး ပိုင်ရှင်အနေဖြင့် ဤကမ္ဘာမှ ထွက်ခွာကာ ကောင်းကင်တာအို၏ အာရုံခံနိုင်စွမ်း နယ်ပယ်မှ မလွတ်မြောက်သရွေ့ အဆက်မပြတ် သတ်ဖြတ်ရန် ကြိုးစားနေမည် ဖြစ်ပါသည်]

"ကောင်းပြီ... ငါ လဲလှယ်လိုက်မယ်... ဒါနဲ့ ဗိလိန်အမှတ် ဘယ်လောက်ကုန်မလဲ"

[လဲလှယ်ခြင်း အောင်မြင်ပါသည်]

[ဗိလိန်အမှတ် ၂၀၀,၀၀၀ အသုံးပြုပါသည်]

[ရရှိသောအရာ - မိုးကြိုးကာကွယ်ရေးဆေးလုံး (အဆင့် သတ်မှတ်ချက် မရှိပါ)... အထူးဆေးလုံးဖြစ်ပြီး ဤကောင်းကင်တာအို၏ မိုးကြိုးကပ်ဘေး အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ပေးနိုင်ပါသည်]

"ဘုရားရေ... ဒီပစ္စည်းက ဒီလောက်တောင် ဈေးကြီးတာလား"

နောက်ထပ် မိုးကြိုးကပ်ဘေးတစ်ခုက ချင်လော့ကို ပြင်းထန်စွာ ရိုက်ခတ်လာပြီး သူ၏ အရေပြားနှင့် အသားများကို ဆုတ်ဖြဲသွားခဲ့လေသည်။

အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ သူက ဆေးလုံးကို ပါးစပ်ထဲသို့ ချက်ချင်း ထည့်လိုက်၏။

ချင်လော့က မိုးကြိုးကာကွယ်ရေးဆေးလုံးကို မျိုချလိုက်ပြီးနောက် သူ့ဆီသို့ ပြေးဝင်လာသော မိုးကြိုးကပ်ဘေးက လမ်းကြောင်းပျောက်သွားကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

သူ ရှောင်တိမ်းလိုက်ရာ မိုးကြိုးကပ်ဘေးက မြေပြင်ပေါ်သို့သာ ပြင်းထန်စွာ ကျဆင်းသွားခဲ့ပေ၏။

ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်တိုက်များက လမ်းကြောင်းပျောက်သွားသကဲ့သို့ ရည်ရွယ်ချက်မဲ့စွာ လွင့်မျောနေပြီး မွန်းကျပ်နေသော မိုးကြိုးသံများ အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့လေသည်။

"ဟူး... ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ ထင်တယ်"

ချင်လော့က နဖူးမှ ချွေးများကို သုတ်လိုက်ပြီး သက်သာရာရသွားသော လေသံဖြင့် ပြောဆိုလိုက်သည်။

"စနစ် ပြောတာ မှန်တယ်... မိုးကြိုးကပ်ဘေးက ခန္ဓာကိုယ်သန့်စင်ဖို့ မကူညီပေးဘူး... အဲဒီအစား ခန္ဓာကိုယ်ကို ထိခိုက်စေတာပဲ"

သူ၏ ခန္ဓာကိုယ်ထဲတွင် တာအိုမိုးကြိုးစွမ်းအားများက ရူးသွပ်စွာ လှုပ်ရှားနေခဲ့၏။

မော့ကြည့်လိုက်ရာ လူအများအပြား၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်နေကြောင်း ချင်လော့ သတိပြုမိသွားပြီး သူ ပြုံးလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူတို့က ယဲ့လန်နှင့် အခြားသူများကို ဆက်သွယ်ရန် ကျောက်စိမ်းအဆောင်ကို အသုံးပြုနေကြပြီ ဖြစ်ပေ၏။

နောက်တစ်ဆင့်တွင် သူတို့က ကြီးမားသော စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

လုပ်ရပ်တိုင်းက ပြန်လည်သက်ရောက်မှု ရှိလေသည်။

"သူတို့ ထွက်လာပြီ"

"သူတော်စင်မလေး ထွက်လာပြီ"

"သူတော်စင်သားတော် ထွက်လာပြီ"

ပုံရိပ်များက ဝိညာဉ်နယ်မြေထဲမှ တစ်ခုပြီးတစ်ခု တွန်းထုတ်ခံလိုက်ရ၏။

‘ဘာလို့ ထွက်လာတဲ့လူ အရေအတွက်က ဒီလောက် နည်းနေရတာလဲ…’

လူငါးဆယ်ကျော် ဝင်သွားခဲ့ပြီး ယခုအချိန်အထိ အနည်းငယ်မျှသာ ထွက်လာသေးသည်။

တစ်ဝက်တောင် မရှိသေးချေ။

လီချန်က လူအုပ်ထဲတွင် ရှာဖွေကြည့်သော်လည်း ရှန်ချင်းယန်ကို မတွေ့ရသဖြင့် သူ စတင် စိုးရိမ်ထိတ်လန့်လာခဲ့လေသည်။

ရွှမ်ထျန်းတာအိုဂိုဏ်း၏ သူတော်စင်က မျက်လုံးများ ပြူးကျယ်နေပြီး ထိုမျှော်လင့်ချက် ရောင်ခြည်လေးကို အသည်းအသန် ဖမ်းဆုပ်ရန် ကြိုးစားနေခဲ့သော်လည်း ထင်ရှားစွာပင် သူက စိတ်ပျက်ရမည် ဖြစ်ပေ၏။

ချန်ယီ မရှိတော့ချေ။

သူ အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီ။

ဤအခိုက်အတန့်တွင် လူအများစုနှင့် မရင်းနှီးသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ သူက အဝေးသို့ ချက်ချင်း ထွက်ပြေးသွားခဲ့လေသည်။

"ဒီကောင်လေးက…"

"လီရှောင်!"

"မဟာနတ်ဆိုးဂိုဏ်းက နတ်ဆိုးသားတော်ပဲ"

မဟာနတ်ဆိုးဂိုဏ်းနှင့် ရန်ငြိုးရှိသော မြင့်မြတ်နယ်မြေက လီရှောင်ကို တားဆီးရန် တစ်စုံတစ်ယောက်ကို ချက်ချင်း စေလွှတ်လိုက်၏။

‘ဘုန်း!’တွင်းနက်ကြီးတစ်ခု ပေါ်လာပြီး အဘိုးအိုတစ်ဦးက သူတော်စင်ရုပ်တုကို တားဆီးလိုက်လေသည်။

"ငါ ဒီမှာ ရှိတယ်... ငါ့ဂိုဏ်းရဲ့ နတ်ဆိုးသားတော်ကို မင်း ထိခိုက်အောင် လုပ်ချင်တယ်ဆိုရင် ငါ့ကို အရင် ကျော်သွားလိုက်"

'ဘုန်း!'

အားကောင်းသော အငွေ့အသက်က ကောင်းကင်သို့ ထိုးတက်သွားပြီး လူအများအပြားကို တုန်လှုပ်သွားစေခဲ့ပေ၏။

အဘယ်ကြောင့်ဆိုသော် ဤသူမှာ မဟာသူတော်စင် ဖြစ်နေသောကြောင့်ပင်။

"မဟာသူတော်စင်!"

"မဟာနတ်ဆိုးဂိုဏ်းက မဟာသူတော်စင်တစ်ပါးကို တကယ်ပဲ စေလွှတ်ခဲ့တာလား"

ဤနေရာက စစ်မြေပြင် မဟုတ်ဘဲ မျိုးဆက်သစ်လူငယ်များ သီးသန့် အချက်အလက် ဖလှယ်သည့် လျှို့ဝှက်နယ်မြေတစ်ခုမျှသာ ဖြစ်လေသည်။

စွန်ဝူခုန်းကဲ့သို့သော မဟာစစ်သည်တော် တစ်ဦးကို အစောင့်အဖြစ် မည်သူက စေလွှတ်မည်နည်း။

မိမိကိုယ်ကိုယ် အလွန်သတိထားသော ချင်လော့မှလွဲ၍ အလွန် ရက်စက်ကြမ်းကြုတ်သော မဟာနတ်ဆိုးဂိုဏ်းသာ ရှိပေသည်။

လီရှောင်သည် သူတို့၏ မဟာနတ်ဆိုးဂိုဏ်းတွင် နှစ်ငါးထောင်လျှင် တစ်ကြိမ်သာ ပေါ်ထွက်လာသော ပါရမီရှင်တစ်ဦးဖြစ်ပြီး ဤနေရာတွင် သူ့ကို အဆုံးရှုံးခံ၍ မဖြစ်နိုင်ချေ။

အငွေ့အသက်များ ငြိမ်သက်သွားပြီး ထွက်မလာသေးသော သူတို့၏ ကိုယ်ပိုင် သူတော်စင်မလေးများနှင့် သူတော်စင်များကို စောင့်ဆိုင်းနေသူများက ဝိညာဉ်နယ်မြေထဲမှ လူများ ပို၍ ထွက်လာမည်ကို မျှော်လင့်နေကြဆဲပင် ဖြစ်လေသည်။

တာအို၏ သူတော်စင်သားတော် နှင့် သူတော်စင်မလေးများ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိထားပြီးဖြစ်သော သူတော်စင်များက ကျယ်လောင်စွာ မေးခွန်းထုတ်လာကြ၏။

"မြင့်မြတ်နယ်မြေက သူတော်စင်မလေးကို ဘယ်သူကသတ်တာလဲ"

"ဘယ်သူက သူတော်စင်သားတော် ကို သတ်တာလဲ"

"ချန်းမုမြင့်မြတ်နယ်မြေက ငါ့ရဲ့ သူတော်စင်သားတော် ကို ဘယ်သူ သတ်တာလဲ"

လူအများအပြားက ချင်လော့အပေါ်သို့ မသိစိတ်မှ အာရုံစိုက်ထားပြီး တစ်စုံတစ်ယောက်က စကားပြောရန် ပြင်လိုက်ချိန်မှာပင် လင်းဟောက် စကားပြောလာသည်ကို ကြားလိုက်ရလေသည်။

"စီနီယာအစ်မရှန် သေသွားပြီ... ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက စီနီယာအစ်မရှန် သေသွားပြီ"

လူအများအပြား အံ့အားသင့်သွားကြ၏။

ရှန်ချင်းယန်၏ စွမ်းအား၊ ကြောက်မက်ဖွယ်ကောင်းမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့ကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးဖြစ်ကာ ယခု သူမ သေဆုံးသွားပြီလား။

'ဝှစ်!'

လီချန်က လင်းဟောက်၏ဘေးတွင် ချက်ချင်း ပေါ်လာပြီး သူ၏ မျက်လုံးများတွင် ဒေါသများ တောက်လောင်နေခဲ့လေသည်။

သူက ဟိန်းဟောက်လိုက်၏။

"အဲဒါ တကယ်လား"

ရှန်ချင်းယန် သေဆုံးသွားသည့် မြင်ကွင်းကို တွေးမိချိန်၌ လင်းဟောက်မှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

တာအိုသည် ရှန်ချင်းယန် သေဆုံးသွားသည့်အတွက် အမှန်တကယ် နှလုံးကွဲကြေနေခြင်းလား၊ သို့မဟုတ် သူ၏ မပြီးပြတ်သေးသော အလုပ်များအတွက် ဝမ်းနည်းနေခြင်းလား ဆိုသည်မှာ ရှင်းလင်းမှု မရှိချေ။

"ငါ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာ"

"ဘယ်သူလဲ"

လီချန်ထံမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် ပေါက်ကွဲထွက်လာခဲ့၏။

"မဟာနတ်ဆိုးဂိုဏ်းက လီရှောင်ပဲ"

လင်းဟောက်၏ စကားများက ပုန်းကွယ်ကာ ပြဇာတ်ကို ကြည့်ရန် ပြင်နေသော လီရှောင်ကို လုံးဝ ကြက်သေသေသွားစေခဲ့ပေသည်။

လီချန်၏ အကြည့်က လီရှောင်အပေါ်သို့ ချက်ချင်း ကျရောက်သွားပြီး သူ၏ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်က တဟုန်ထိုး မြင့်တက်လာခဲ့လေသည်။

"လီရှောင်... ငါ့ရဲ့ ရုပ်တစ်သောင်းမြင့်မြတ်နယ်မြေက သူတော်စင်မလေးအတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်"

လင်းဟောက်၏ စကားများကို မည်သူကမျှ သံသယမဝင်ခဲ့ကြချေ။

ထို့ပြင် မဟာနတ်ဆိုးဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးက လူသတ်ခြင်းမှာ ပုံမှန်ပင် ဖြစ်လေသည်။

ဤအခိုက်အတန့်တွင် အခြေအနေကို သဘောပေါက်ရန် နှေးကွေးနေသော သူတော်စင်များစွာက လီရှောင်အပေါ်သို့ အာရုံစိုက်လာကြ၏။

လီရှောင်က သူတို့ကိုပါ တိုက်ခိုက်ခဲ့သကဲ့သို့ သူတို့ ဝေဝါးစွာ ခံစားလိုက်ရပေသည်။

လီရှောင်မှာ သူ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ကို ခံစားလိုက်ရသည်။

သူက ချင်လော့ကို လူရွှင်တော်တစ်ဦးကဲ့သို့ ဖြစ်သွားမည်ကိုသာ ကြည့်ချင်ခဲ့သော်လည်း ယင်းအစား ပြဇာတ်က သူ၏ ပြဇာတ် ဖြစ်လာခဲ့လေသည်။

"ငါ မလုပ်ဘူး!"

လီရှောင်က ချက်ချင်း တုံ့ပြန်လိုက်၏။

"ချောက်ချတာ!... ဒါက သက်သက် ချောက်ချတာ!"

"လင်းဟောက်!... ခွေးကောင်... မင်းက ငါ့ကို ချောက်ချရဲတယ်ပေါ့"

လင်းဟောက်က လီရှောင်ကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

"မင်းက စီနီယာအစ်မရှန်ကို သတ်ရုံတင်မကဘဲ စော်ကားခဲ့သေးတယ်... လီရှောင်... မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်တယ်... အား!"

ဤအခိုက်အတန့်တွင် လင်းဟောက်၏ သရုပ်ဆောင်မှုမှာ အော်စကာဆုရ သရုပ်ဆောင်တစ်ဦး၏ သရုပ်ဆောင်မှုကဲ့သို့ အလွန် လက်တွေ့ကျလွန်းနေပေ၏။

ချင်လော့က လင်းဟောက်ကို လက်ခုပ်ပင် မတီးဘဲ မနေနိုင်ခဲ့ချေ။

သူ၏ အမြင်အာရုံထဲတွင် လျိုကျင်းကျင်းနှင့် အခြားသူများကို သူ မြင်တွေ့နိုင်နေပြီ ဖြစ်လေသည်။

အခြားသူများအားလုံး၏ အာရုံက လီရှောင်အပေါ်သို့ ရောက်ရှိနေသည်ကို အခွင့်ကောင်းယူကာ လျိုကျင်းကျင်းနှင့် အခြားသူများအနီးသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်၏။

လင်းဟောက်၏ ဝမ်းနည်းပြီး ဒေါသထွက်နေသော အမူအရာကို မြင်တွေ့ရချိန်၌ မည်သူကမျှ မငြင်းဆိုနိုင်ကြချေ။

ချင်လော့ပင်လျှင် သိရှိလေသည်။

လင်းဟောက်သည် ရှန်ချင်းယန်၏ သစ္စာရှိသော အချစ်ရူးတစ်ယောက်ဖြစ်ပြီး ဤလူများက သူ ဘာကြောင့် ယခုကဲ့သို့ ဖြစ်နေသည်ကို အပြည့်အဝ သိရှိကြပေ၏။

"မင်းက စီနီယာအစ်မရှန်ကို သတ်ရုံတင်မကဘူး... ရွှမ်ထျန်းတာအိုဂိုဏ်းက အစ်ကိုချန်နဲ့ မြူခိုးမြင့်မြတ်နယ်မြေက အစ်ကိုလုတို့ကိုပါ သတ်ခဲ့တယ်... တခြား သူတော်စင်နဲ့ သူတော်စင်မလေးတွေကိုလည်း မင်း သေချာပေါက် သတ်ခဲ့တာပဲ... မင်းရဲ့ ပြစ်မှုတွေက အရမ်းကိုများလွန်းတယ်"

ဤအခိုက်အတန့်တွင် ဝူတာဟိုင်က ဝင်ပြောလိုက်၏။

"လီရှောင်က ဉာဏ်အလင်းပွင့်လက်ဖက်ရွက်တွေကို ခိုးသွားရုံတင်မကဘဲ အပင်ကိုပါ ခုတ်လှဲသွားသေးတယ်... ငါတို့ နောက်ဆို ဉာဏ်အလင်းပွင့်လက်ဖက်ရည်ကို သောက်ရတော့မှာ မဟုတ်ဘူး"

ဤသည်က အတည်ပြုလိုက်ခြင်းပင်။

လီရှောင်က တရားခံ ဖြစ်လေပြီ။

'ဘုန်း!'

တာအို၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်က လီရှောင်၏ တည်နေရာကို ပိတ်လှောင်လိုက်၏။

"လီရှောင်... သေဖို့ ပြင်ထား!"

"ငါ မလုပ်ဘူး!"

လီရှောင်က မျက်နှာနီရဲစွာဖြင့် အော်ဟစ်လိုက်သည်။

"ချောက်ချတာ!... ဒါက သက်သက် ချောက်ချတာ!"

လီချန်က အေးစက်စွာ ပြန်လည်ဖြေကြားလိုက်၏။

"အဲဒါက ချောက်ချတာ ဖြစ်ဖြစ် မဖြစ်ဖြစ်... ဝိညာဉ်ကို ရှာဖွေကြည့်ရင် သိရမှာပဲ"

"မိတ်ဆွေတို့... ဒီသူခိုးကို အတူတူ ဖမ်းကြစို့"

မဟာနတ်ဆိုးဂိုဏ်း၏ အကြီးအကဲမှာလည်း ထိတ်လန့်သွားခဲ့လေသည်။

သူသည် မဟာသူတော်စင်တစ်ပါး မှန်သော်လည်း ဤနေရာတွင် သူတော်စင် ဒါဇင်ပေါင်းများစွာ ရှိနေပြီး သူတော်စင်ဘုရင်များလည်း အများအပြား ပါဝင်လေသည်။

သူ မည်မျှပင် အစွမ်းထက်ပါစေ သူတို့ကို မတားဆီးနိုင်ချေ။

လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ မီးခိုးနက်များက လီရှောင်ကို ဖုံးလွှမ်းသွားပြီး အဝေးသို့ ပျောက်ကွယ်သွားခဲ့ပေ၏။

လီရှောင်က အကြီးအကဲကို သနားစရာကောင်းသော အမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။

"အကြီးအကဲ... ကျွန်တော် တကယ် မလုပ်ခဲ့ပါဘူး"

အကယ်၍ သူသာ လုပ်ခဲ့လျှင် ဝန်ခံရန် အနည်းငယ်မျှ ကြောက်ရွံ့နေမည် မဟုတ်သော်လည်း သူ မလုပ်ခဲ့သဖြင့် အပြစ်က သူ၏ ခေါင်းပေါ်သို့ ကျရောက်လာရာ သူ အလွန် ဆိုးရွားစွာ ခံစားနေရလေသည်။

လီရှောင်၏ အမူအရာကို မြင်ချိန်၌ အဘိုးအို၏ နှုတ်ခမ်းများ တွန့်ကွေးသွားသော်လည်း သူက ပြန်လည်ဖြေကြားခဲ့ဆဲပင် ဖြစ်၏။

"ကောင်းပြီ... ငါ မင်းကို ယုံတယ်"

လီရှောင်၏ မျက်နှာက အံ့အားသင့်မှုကြောင့် ဝင်းလက်သွားခဲ့သည်။

"ကျွန်တော် သိသားပဲ... အကြီးအကဲက ကျွန်တော့်ကို ယုံမယ်ဆိုတာလေ...ကျွန်တော်တို့ ပြန်ရောက်ရင် အကြီးအကဲကို တာအိုလက်ဖက်ရည် တိုက်ပါ့မယ်"

သူ စကားပြောပြီးသည်နှင့် လေထုက အနည်းငယ် ထူးဆန်းနေသကဲ့သို့ သူ ခံစားလိုက်ရလေသည်။

သူက ချက်ချင်း ရှင်းပြလိုက်၏။

"ကျွန်တော် ဉာဏ်အလင်းပွင့်လက်ဖက်ပင်ကို ခုတ်လှဲရုံလေးပဲ လုပ်ခဲ့တာ... အကြီးအကဲ ယုံလား"

"စကားတွေ များမနေနဲ့တော့... အရင် ထွက်ပြေးကြစို့!"

အဘိုးအိုက ဆက်မဖြေချင်တော့ချေ။

လီရှောင်က သူ၏ ယုံကြည်မှုကို လျစ်လျူရှုပြီး သူ့ကို ဖြတ်ရိုက်လိုက်ခြင်းပင်

All Chapters