← Chapters

အခန်း ၃၁၃

Vol. 27 Ch. 313

အခန်း ၃၁၃

Vol. 27 Ch. 313

အခန်း (၃၁၃) - နတ်ဆိုးများကို ဝါးမျိုခြင်း

ဘာသာပြန် - အားသစ်

နတ်ဆိုးဧကရာဇ်နှစ်ကောင်က ကြီးမားလှသော အသက်အမြုတေကြီးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့မျက်ဝန်းများက ချက်ချင်းပင် လောဘတကြီး ဖြစ်သွားသည်။

ရွှစ် ရွှစ်

နတ်ဆိုးဧကရာဇ်မိုနှင့် နတ်ဆိုးဧကရာဇ်ကင်းခြေများတို့က ကြီးမားလှသော အသက်အမြုတေကြီးဆီသို့ ချက်ချင်းဆိုသလို ပြေးဝင်သွားကြသည်။ သိသာစွာပင် သူတို့နှစ်ကောင်စလုံး အသက်အမြုတေကို ရယူလ်ုနေကြသည်။

ဤအသက်အမြုတေက သူတို့အတွက် သေလောက်အောင် ဆွဲဆောင်မှုရှိနေပုံရသည်။ ယခင်က သူတို့ ယဇ်ပလ္လင်ကို ဆက်တိုက် တိုက်ခိုက်နေခဲ့ခြင်းက ယဇ်ပလ္လင်အောက်တွင် အသက်အမြုတေတစ်ခု ရှိနေကြောင်း သိထားကြသောကြောင့် ဖြစ်ပုံရသည်။

“လင်းဖုန်း... မြန်မြန်၊ အဲဒီ အသက်အမြုတေကို သူတို့ ရသွားလို့ မဖြစ်ဘူး။ အဲဒါကိုသာ သူတို့ ဝါးမြိုသွားရင် မင်းအတွက် သေချာပေါက် သေလမ်းပဲ ရှိတော့မယ်”

ရုတ်တရက် လောင်ဘီသမ်၏ အသံက လင်းဖုန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာ၏။ သူ့လေသံက အလွန် စိုးရိမ်တကြီး ဖြစ်နေပုံရသည်။

“သူတို့က အသက်အမြုတေကို ဝါးမြိုနိုင်တယ်ပေါ့”

“ဝါးမြိုနိုင်ရုံတင် ဘယ်ကမလဲ။ ဟိုဂူတွေထဲမှာ ပျောက်ဆုံးသွားတဲ့ အသက်အမြုတေတွေကိုလည်း သူတို့ ဝါးမြိုခဲ့ကြတယ်လို့တောင် ငါ သံသယရှိတယ်။ ဒါကြောင့်လည်း ဒီကောင်တွေ ဒီလောက် အစွမ်းထက်တဲ့ အဆင့်အထိ ကြီးထွားလာနိုင်ခဲ့တာပဲ။ ဒီ ဧရာမအသက်အမြုတေကြီးကိုသာ သူတို့ ဝါးမြိုလိုက်မယ်ဆိုရင် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုနဲ့ ယှဉ်နိုင်တဲ့ အဆင့်အထိတောင် ရောက်သွားနိုင်တယ်ကွ”

လင်းဖုန်း အသက်ရှူမှားသွားသည်။ ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်းနှင့် ယှဉ်နိုင်သော အဆင့်တစ်ခုဖြင့်ဆိုလျှင် ယင်းတို့က စကြဝဠာကျင့်ကြံခြင်းစနစ် သို့မဟုတ် တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံခြင်း မရှိသော သာမန်နတ်ဆိုးဧကရာဇ်ဆိုလျှင်ပင် အသက်ဝိညာဉ် အသွင်ပြောင်းလဲခြင်း ငါးကြိမ်အထိပြီးမြောက်ထားသည့် နတ်ဆိုးကြီးများက လူသားကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ဤနတ်ဆ်ုးဧကရာဇ်နှစ်ကောင်က ဤဂူများကို ဇွဲကောင်းကောင်းဖြင့် စောင့်ကြပ်နေပြီး ထွက်သွားရန် ငြင်းဆန်နေကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဤအသက်အမြုတေများက သူတို့အတွက် အလွန် အကျိုးရှိနေသောကြောင့်ပင်။

ထို့ကြောင့် လင်းဖုန်း တိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားကို အရူးအမူး စုစည်းလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် လက်တံများက အလွန်များပြားလွန်းနေ၏။ နတ်ဆိုးဧကရာဇ်ကင်းခြေများက ယင်းတို့ကို မထိန်းချုပ်ထားလျှင်တောင်မှ ယင်းတို့က လင်းဖုန်းကို အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်လှောင်ထားနိုင်ဆဲပင်။

“လောင်ကျွမ်းစမ်း”

လင်းဖုန်း လုံးဝ တုံ့ဆိုင်းမနေချေ။ သူက တိုက်ပွဲဝင်ခန္ဓာကိုယ် ဆယ်မီတာကို ချက်ချင်း လောင်ကျွမ်းစေလိုက်သည်။ ဤသည်က နောက်ဆုံး နည်းလမ်းဖြစ်၏။ ဤကဲ့သို့ လောင်ကျွမ်းခြင်းက အမြဲတစေ ဆုံးရှုံးမှုဖြစ်စေသည်။ သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က မီတာ၂၆၀ မှ မီတာ၂၅၀ သို့ ချက်ချင်း ကျုံ့ဝင်သွားသည်။

သို့သော် တိုက်ပွဲဝင်ခန္ဓာကိုယ် ဆယ်မီတာကို ချက်ချင်း လောင်ကျွမ်းစေခြင်းမှ ထွက်ပေါ်လာသော စွမ်းအားက ကမ္ဘာမြေကိုပင် တုန်လှုပ်စေလောက်သည်။ လင်းဖုန်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော လက်တံများက တစ်ပြိုင်နက် ပြတ်တောက်သွား၏။

ဆုတ်ပြဲသွားသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

လက်တံများအားလုံး ပြတ်တောက်သွားသဖြင့် နတ်ဆိုးဧကရာဇ်ကင်းခြေများပင်လျှင် တန်ပြန်သက်ရောက်မှု အတိုင်းအတာတစ်ခုအထိ ခံစားလိုက်ရသည်။ သို့သော် သူ လှည့်ပင် မကြည့်ချေ။ ယင်းအစား ကြီးမားလှသော အနီရောင်သလင်းကျောက်ကြီးဆီသို့ ရူးရူးမူးမူး ပျံသန်းသွားသည်။ ထို့အပြင် သူ့ပါးစပ်ကို အစွမ်းကုန် ဟထားပြီး တစ်လုတ်တည်းဖြင့် မျိုချပစ်ရန် ပြင်ဆင်နေသည်။

“ကျောင်းအုပ်ကြီး... သူတို့ကို တားလိုက်” လင်းဖုန်းက အော်ပြောလိုက်သည်။

ထိုအနီရောင်သလင်းကျောက်က နတ်ဆိုးဧကရာဇ်နှစ်ကောင်အတွက် အလွန်အရေးကြီးကြောင်းကို ပြိုင်ဘက်ကင်းလက်သီးသူတော်စင်လည်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုနတ်ဆိုးဧကရာဇ်နှစ်ကောင်ကို အောင်မြင်ခွင့် ပြု၍မရပေ။

“ကမ္ဘာပျက်နတ်ဘုရားမီးတောက်”

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ၏ နောက်ဆုံးလက်ကျန် ခွန်အားများကို အစွမ်းကုန် စုစည်းလိုက်သည်။ တစ်ခဏအတွင်း အဆုံးအစမဲ့ ကြယ်တာရာစွမ်းအားများက မီတာတစ်ရာ မြင့်မားသော မီးတောက်ဘီလူးကြီးတစ်ကောင်အဖြစ် စုစည်းသွားသည်။ ထိုဘီလူးကြီးက ဟိန်းဟောက်လိုက်ပြီး အပြင်းအထန် ဆောင့်ထုချလိုက်သည်။

ဝုန်း

မီးတောက်ဘီလူးကြီးက ဝုန်းခနဲ ပေါက်ကွဲသွားသည်။ ယင်းက နတ်ဆိုးဧကရာဇ်နှစ်ကောင်ကို အနည်းငယ် ဟန့်တားနိုင်ခဲ့သော်လည်း နတ်ဘုရားနယ်မြေ၏ အားဖြည့်မှုမရှိသဖြင့် ယင်းတို့ကို အချိန်အကြာကြီး မတားဆီးနိုင်ချေ။

အခြားတစ်ဖက်တွင် ပြိုင်ဘက်ကင်းလက်သီး သူတော်စင်၏ ယခင်ကတည်းက ရှိနေသော ဒဏ်ရာများက ပိုမိုဆိုးရွားလာသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း သိသိသာသာ ကျဆင်းသွားခဲ့၏။

နတ်ဆ်ုးဧကရာဇ်ကင်းခြေများက အနီရောင်သလင်းကျောက်ကို မျိုချတော့မည့်အချိန်မှာပင် နတ်ဆိုးဧကရာဇ်မိုက ရုတ်တရက် သူ့အမြီးကို ပြင်းပြင်ထန်းထန် လွှဲရမ်းလိုက်သည်။

ဖျောင်း

ဤတိုက်ခိုက်မှုက နတ်ဆိုးဧကရာဇ်ကင်းခြေများ၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။ ချက်ချင်းပင် ကင်းခြေများ၏ ဧရာမခန္ဓာကိုယ်ကြီး လွင့်ထွက်သွား၏။ သူ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သို့သော် နောက်ကျသွားခဲ့လေပြီ။ နတ်ဆိုးဧကရာဇ်မိုက သွေးစွန်းနေသော ပါးစပ်ကြီးကို ဟကာ အသက်အမြုတေကို တစ်လုတ်တည်း မျိုချလိုက်သည်။ နတ်ဆိုးဧကရာဇ်ကင်းခြေများက သူ့လက်တံများကို အသုံးပြုကာ နတ်ဆိုးဧကရာဇ်မိုကို ရစ်ပတ်လိုက်သော်လည်း အချိန်မမီတော့ချေ။

နတ်ဆိုးဧကရာဇ်နှစ်ကောင်က ရူးသွပ်နေသည့်အလား အပြင်းအထန် တိုက်ခိုက်နေကြသည်။ တစ်ချိန်တည်းမှာပင် ဂူတစ်ခုလုံးကလည်း ယိမ်းထိုးလှုပ်ခါနေ၏။ မကြာမီ ပြိုကျတော့မည်မှာ ထင်ရှားနေသည်။

“သူတော်စင်လင်းဖုန်း... မြန်မြန် ထွက်သွားကြစို့”

ဂူက ပြိုကျတော့မည်ကို မြင်လိုက်ရသဖြင့် ပြိုင်ဘက်ကင်းလက်သီး သူတော်စင်ကလည်း ဆုတ်ခွာရန် တွေးလိုက်သည်။

လင်းဖုန်းက နတ်ဆိုးနှစ်ကောင်ကြားရှိ တိုက်ပွဲကို လှမ်းကြည့်လိုက်သည်။ သူ အသက်အမြုတေကို ရရှိရန် အခွင့်အရေး ရှိနေသေးသည်။ မဟုတ်လျှင် သူ ထွက်သွားသည်နှင့် နတ်ဆိုးဧကရာဇ်မိုကသာ အသက်အမြုတေကို ဖြည်းဖြည်းချင်း ချေဖျက်သွားပေလိမ့်မည်။ သို့ဆိုလျှင် နတ်ဆိုးဧကရာဇ်မိုအနေဖြင့် ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုအဆင့်ရှိ ကြောက်မက်ဖွယ်ကောင်းသည့်နတ်ဆိုးကြီးတစ်ကောင် ဖြစ်လာနိုင်ခြေ အလွန်များသည်။

ထိုအချိန်ကျလျှင် သူတို့ မည်မျှ ဝေးဝေးထွက်ပြေးသည်ဖြစ်စေ အလကားပင် ဖြစ်ပေလိမ့်မည်။

“ကျောင်းအုပ်ကြီး... ခင်ဗျား ဒဏ်ရာရနေတယ်။ မြန်မြန် ထွက်သွားပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ နတ်ဆိုးဧကရာဇ်နှစ်ကောင် အနီရောင်သလင်းကျောက်ကို ရသွားတာကို ကျွန်တော် ခွင့်ပြုလို့မဖြစ်ဘူး”

ထိုသို့ပြောပြီးသည်နှင့် လင်းဖုန်း ချက်ချင်းပင် တိုက်ပွဲထဲသို့ ဝင်ရောက်သွားသည်။

ဝုန်း

လင်းဖုန်း၏ မီတာ၂၅၀ရှိသော တိုက်ပွဲဝင်ခန္ဓာကိုယ်ကြီးက နတ်ဆိုးနှစ်ကောင်ကြားတိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားတော့သည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်က အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ထို့အပြင် သူက နတ်ဆိုးဧကရာဇ်ကင်းခြေများနှင့် အတူတူ ပူးပေါင်းကာ နတ်ဆိုးဧကရာဇ်မိုကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ သူတို့ကြားတွင် ပြောစရာမလိုဘဲ နားလည်မှုတစ်ခု ရှိနေပုံရသည်။

နတ်ဆိုးဧကရာဇ်မိုက အကြိမ်ကြိမ် ဟိန်းဟောက်နေသော်လည်း လင်းဖုန်းနှင့် နတ်ဆိုးဧကရာဇ်ကင်းခြေများတို့ကြောင့် ဆက်တိုက် ဆုတ်ခွာနေရသည်။ သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရသွား၏။

နတ်ဆိုးဧကရာဇ်မိုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နောက်တစ်ကြိမ် ကြီးထွားလာပုံရသည်။ တစ်ချိန်တည်းမှာပင် သူက မြေပြင်ကို အရူးအမူး ထုနှက်လိုက်သည်။

ခရက်

နောက်ဆုံးတွင် သူ့ရိုက်ချက်များကြောင့် မြေပြင်ပေါ်၌ အက်ကွဲကြောင်းများ ပိုမိုကျယ်ပြန့်လာသည်။

ဝရုန်း

တစ်ခဏအတွင်း အက်ကွဲကြောင်းများ ပိုမိုကြီးမားလာပြီး မကြာမီ မြေပြင်ကလည်း ပြိုကျသွားသည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ဧရာမတွင်းကြီးတစ်တွင်း ပေါ်လာ၏။ အထဲတွင် အမှောင်အတိလွှမ်းနေပြီး မည်မျှအထိ နက်ရှိုင်းကြောင်းကို မည်သူမျှမသိနိုင်ချေ။

နတ်ဆိုးဧကရာဇ်မိုက ဧရာမတွင်းကြီးထဲသို့ တိုက်ရိုက် ပြုတ်ကျသွားသည်။ နတ်ဆိုးဧကရာဇ်ကင်းခြေများက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး နောက်မှ လိုက်လံခုန်ဆင်းသွားသည်။

လင်းဖုန်း အံတင်းတင်းကြိတ်လိုက်ပြီး သူလည်း လိုက်ပါခုန်ဆင်းသွား၏။ အသက်အမြုတေကို နတ်ဆိုးဧကရာဇ်နှစ်ကောင်၏ လက်ထဲသို့ ကျရောက်ခွင့် မပြုနိုင်ပေ။

“ကျောင်းအုပ်ကြီး... တစ်လအတွင်း ကျွန်တော် ပြန်ပေါ်မလာဘူးဆိုရင် ခင်ဗျား ကျွန်တော့်ကို စောင့်နေစရာ မလိုတော့ဘူး”

လင်းဖုန်း၏ အသံက ဂူထဲတွင် ပဲ့တင်ထပ်နေဆဲပင်။ သို့သော်လည်း လင်းဖုန်းကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အံကြိတ်လိုက်မိသည်။ သူ လင်းဖုန်းနှင့်အတူ အောက်သို့ တကယ် ခုန်ဆင်းသွားချင်သော်လည်း သူက သူတော်စင်တစ်ပါးဖြစ်၏။ လူသားမျိုးနွယ်၏ သူတော်စင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်ပြီး မရေမတွက်နိုင်သော လူသားများ၏ မျှော်လင့်ချက်ကို ပခုံးထမ်းထားရသူ ဖြစ်သည်။

သူ့အနေဖြင့် ဂရုမစိုက်ဘဲ အရာအားလုံးကို စွန့်စား၍ မရနိုင်ပေ။

“လင်းဖုန်း... မင်း အသက်ရှင်ရမယ်”

ပြိုင်ဘက်ကင်းလက်သီး သူတော်စင် အံကြိတ်လိုက်မိသည်။ ထို့နောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်သို့ အလျင်အမြန် ပျံသန်းပျောက်ကွယ်သွားသည်။

…

သူ့ပတ်ဝန်းကျင်တစ်ခွင်လုံးက အဆုံးအစမဲ့ အမှောင်ထုဖြင့်သာ ဖုံးလွှမ်းနေ၏။ လင်းဖုန်း တွင်းနက်ကြီးထဲသို့ ရောက်နေသည်။

သူ ဘယ်ရောက်နေမှန်း မသိသော်လည်း သူ ပြုတ်ကျနေကြောင်းကိုမူ ရှင်းရှင်လင်းလင်း ခံစားနေရသည်။ သူ မိနစ်အနည်းငယ်ကြာအောင် ပြုတ်ကျနေရသည့်အလား ခံစားနေရသော်လည်း အောက်ခြေကို မမြင်ရသေးချေ။

လင်းဖုန်းက နတ်ဆိုးဧကရာဇ်မိုကို လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားပြီး နတ်ဆ်ုးဧကရာဇ် ကင်းခြေများကလည်း နောက်မှ ထပ်ကြပ်မကွာ ကပ်ပါလာသည်။

နတ်ဆိုးဧကရာဇ်မို၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားက တစ်စတစ်စ ပိုသန်မာလာသည်။ ယင်းက တဖြည်းဖြည်း တိုးပွားနေဆဲဖြစ်ပုံရပြီး ကြောက်မက်ဖွယ်ရာ အစွမ်းသတ္တိများ ပါဝင်နေပုံရသည့် ခပ်မှိန်မှိန် အနီရောင်အလင်းတန်းတစ်ခု ရှိနေသည်။

“အဲ့ကောင် အသက်အမြုတေကို ချေဖျက်နေပြီ။ လင်းဖုန်း... မင်းမှာ အချိန်သိပ်မကျန်တော့ဘူး။ မင်း အသက်အမြုတေကို အမြန်ဆုံး ပြန်ယူရမယ်။ မဟုတ်ရင် အဲ့ကောင် လုံးဝချေဖျက်ပြီးသွားရင် မင်း ဒုက္ခအကြီးကြီး ရောက်လိမ့်မယ်။”

လင်းဖုန်း အမှန်တကယ်ပင် ဒုက္ခအကြီးကြီး ရောက်နေလေပြီ။ နတ်ဆိုးဧကရာဇ်မိုကိုယ်တိုင်က ဧကရာဇ်အဆင့် နတ်ဆိုးတစ်ကောင် ဖြစ်၏။ ထို့အပြင် သူက အသက်အမြုတေကို ဖြည်းဖြည်းချင်း ချေဖျက်နေသည်။ သူ့ခွန်အားက အချိန်တိုင်းလိုလို စဉ်ဆက်မပြတ် တိုးပွားနေ၏။

“ငါ စွန့်စားရမယ်”

လင်းဖုန်း လက်ကိုဆန့်ထုတ်ကာ လှမ်းဖမ်းလိုက်ပြီး နတ်ဆိုးဧကရာဇ်မို၏ ထူထဲသော အနက်ရောင် အကြေးခွံများကို အတင်းအဓမ္မ ဆွဲဖြဲလိုက်သည်။

နတ်ဆိးဧကရာဇ်မိုက အရူးအမူး ဟိန်းဟောက်လိုက်သည်။ သူ့က ပါးစပ်ကို ဟလိုက်ပြီး လင်းဖုန်းကို တစ်ကောင်လုံး မျိုချချင်သည့်အလား လင်းဖုန်း၏ ပခုံးကို ကိုက်ချလိုက်သည်။

လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကလည်း အလျင်အမြန် ကုန်ခမ်းနေသည်။ နတ်ဆိုးဧကရာဇ်မိုတွင်လည်း အဆိပ်ရှိပုံရပြီး လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အလျင်အမြန် ဝင်ရောက်ကျူးကျော်နေ၏။ လင်းဖုန်း၏ ဒီရေတိုက်ပွဲဝင်ခန္ဓာကိုယ်က ခံစစ်တွင် ထူးချွန်သော်လည်း အဆိပ်များ ဝင်ရောက်ကျူးကျော်ခြင်းကိုမူ အလုံးစုံ မတားဆီးနိုင်ချေ။

တဖြည်းဖြည်းနှင့် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ကုန်ခမ်းမှုက ပိုကြီးမားလာသည်။ သူ့ခွန်အားများ ပိုပြီး အားနည်းလာကြောင်းကိုလည်း သူ ခံစားလိုက်ရသည်။

ဝုန်း

နောက်ဆုံးတွင် လင်းဖုန်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ဤနေရာက မြေအောက်မြစ်တစ်စင်း ဖြစ်ပုံရ၏။ ယင်းက အရိုးခိုက်မတတ် အေးစိမ့်နေပြီး ရေက သူ့ခါးအထိသာ ရောက်သည်။

ရွှစ် ရွှစ် ရွှစ်

ရုတ်တရက် လင်းဖုန်းနောက်မှ နတ်ဆိုးဧကရာဇ်ကင်းခြေများက လက်တံရှည်များကို ဆန့်ထုတ်လိုက်သည်။ လက်တံသောင်းပေါင်းများစွာက လင်းဖုန်းနှင့် နတ်ဆိုးဧကရာဇ်မိုကို တိုက်ရိုက်ချည်နှောင်လိုက်သည်။

နတ်ဆိုးဧကရာဇ်ကင်းခြေများ၏ လက်တံများက အဆိပ်ပြင်းလှ၏။ ထို့ကြောင့် အဆိပ်များက လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းလိုလိုသို့ ပိုမို ဝင်ရောက်လာသည်နှင့်အမျှ တိုက်ပွဲဝင်ခန္ဓာကိုယ်လည်း ပြိုလဲလုနီးနီး ဖြစ်နေလေပြီ။

သို့သော် နတ်ဆိုးဧကရာဇ်မိုက လင်းဖုန်း၏ ပခုံးကို အပြင်းအထန် ကိုက်ထားဆဲပင်။ သူက နတ်ဆိုးဧကရာဇ်ကင်းခြေများကို ကြောက်ရွံ့ပုံ မပေါ်ချေ။ သူက အချိန်ဆွဲထားချင်ရုံသာဖြစ်၏။ အသက်အမြုတေကို အလုံးစုံ ချေဖျက်ပြီးမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။

“မင်းက ငါ့ကို ဝါးမျိုချင်တယ်ဆိုရင် ငါကလည်း မင်းကို ပြန်ဝါးမျိုပစ်နိုင်တယ်ကွ”

လင်းဖုန်း၏ ရက်စက်ကြမ်းကြုတ်မှုက လုံးဝ နိုးကြားလာသည်။ သူက နတ်ဆိုးဧကရာဇ်မို၏ ဝမ်းဗိုက်ပေါ်ရှိ အကြေးခွံများကို လက်နှစ်ဖက်ဖြင့် ရုတ်တရက် ဆွဲဖြဲလိုက်သည်။ ထို့နောက် သူက ပါးစပ်ကို ဟလိုက်ပြီး မတ်ဆိုးဧကရာဇ်မို၏ ဝမ်းဗိုက်ကို ကိုက်ချလိုက်သည်။

ချက်ချင်းပင် လင်းဖုန်းက နတ်ဆိုးဧကရာဇ်မို၏ ဝမ်းဗိုက်တစ်ဝက်နီးပါးကို ပြင်းပြင်းထန်ထန် ကိုက်ဖြတ်လိုက်တော့သည်။

ထာဝရသိုင်းတာအိုအရှင်

All Chapters