အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း(၂၂၀)
“ဒါဆို ငါ သွားတော့မယ်နော်” အတန်းထဲကနေ ထွက်လာရင်း မာရူးက သူ့အတန်းဖော်တွေကို နှုတ်ဆက်လိုက်တယ်။ သူက လွယ်အိတ်ကို လွယ်ပြီး လှေကားအတိုင်း ဆင်းလာခဲ့တယ်။ ကျောင်းဆင်းချိန်မို့ တိုးဝှေ့နေတဲ့ ကျောင်းသားအုပ်ကြီးကြားထဲကနေ တိုးထွက်လာပြီးတဲ့နောက် ကျောင်းဂိတ်ပေါက်ကနေ ထွက်ပြီး ကျောင်းရှေ့ တည့်တည့်မှာရှိတဲ့ လူကူးခုံးကျော်တံတားဆီကို တန်းတန်းမတ်မတ် လျှောက်လာခဲ့တယ်။ ခုံးကျော်တံတား တစ်ဖက်ခြမ်းမှာရှိတဲ့ သစ်သီးဖျော်ရည်ဆိုင်ထဲမှာ စောင့်နေမယ်လို့ သူ့ရည်းစားက ပြောထားတာလေ။ သူက ခုံးကျော်တံတားကို ဖြတ်ကျော်ပြီး ဆိုင်ရှေ့ကို ရောက်လာခဲ့တယ်။ ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ သူမကို ကြည့်ရင်း ဆိုင်ထဲကို ဝင်လာခဲ့တယ်။
“စောသားပဲ” မာရူးက ဝင်ထိုင်ရင်း စကားစလိုက်တယ်။ သူမက ကျောင်းဝတ်စုံ ဝတ်ထားလိမ့်မယ်လို့ သူ ထင်နေတာ၊ ဒါပေမဲ့ ရိုးရိုးအဝတ်အစားတွေပဲ ဝတ်ထားတာကိုး။
“ဒီနေ့က ငါတို့ကျောင်း တည်ထောင်တဲ့နေ့လေ။ နင့်ကို အရင်က မပြောဖူးဘူးလား”
“မင်း ပြောခဲ့ရင် ကိုယ် မှတ်မိမှာပေါ့”
“မေ့သွားတာလည်း ဖြစ်နိုင်တာပဲကို”
“ကံမကောင်းစွာပဲပဲ၊ ကိုယ်က ကိုယ့်ရဲ့ မှတ်ဉာဏ်ကို တော်တော်လေး ယုံကြည်ချက်ရှိတာ။ မင်းသာ ပြောခဲ့ရင် ကိုယ် ဘယ်တော့မှ မမေ့ဘူး”
“အေးပါ၊ အေးပါ၊ နင် တော်ပါတယ်၊ သိပါပြီရှင်”
“မင်းရည်းစားက ဘယ်လောက်တောင် ထူးချွန်လဲဆိုတာ အခုမှ သိတာလား”
“ငါကတော့လေ...” သူမက အဲဒီလိုပြောရင်း လက်သီးဆုပ်လေး ထောင်ပြတယ်။
“တစ်ခုခု သောက်မလား” မာရူးက သူမဘေးက ခုံပေါ်မှာ သူ့လွယ်အိတ်ကို တင်ရင်း မေးလိုက်တယ်။
သူမက ‘စတော်ဘယ်ရီဖျော်ရည်’ လို့ အသံတိုးတိုးလေးနဲ့ ပြန်ဖြေတယ်။ မာရူးက သောက်စရာတွေ သွားမှာဖို့ ကောင်တာဆီ ချက်ချင်းသွားပြီးမှ သူ့နေရာသူ ပြန်လာထိုင်တယ်။
“ဒါနဲ့ နင့်အင်တာဗျူးက မနက်ဖြန်မလား”
“အင်း”
“ရင်ခုန်နေမှာပဲ”
“အင်တာဗျူးအတွက်ကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ကိုယ့်အပေါ် မျှော်လင့်ချက်ထားနေကြတဲ့ လူတွေအကုန်လုံးကြောင့် စိတ်ဖိစီးနေရတာ”
“ငါ ဒီနေ့ မလာခဲ့သင့်ဘူးလားမသိဘူး” သူမရဲ့ မျက်နှာပေါ်က အပြုံးတွေအကုန် ပျောက်ကွယ်သွားရင်း မေးလိုက်တာပါ။ မာရူးကတော့ ပခုံးပဲ တွန့်ပြလိုက်တယ်။
“ကိုယ်ပေးထားတဲ့ လက်စွပ်လေးကို မင်း ဝတ်ထားသားပဲ”
သူမရဲ့ လက်ချောင်းလေးမှာ လွန်ခဲ့တဲ့နှစ်က သူ လက်ဆောင်ပေးခဲ့တဲ့ ယုန်ရုပ်ပုံစံ လက်စွပ်လေး ရှိနေတယ်။ သူမက လက်စွပ်ကို သူ့လက်နဲ့ ပြန်အုပ်လိုက်ပေမဲ့ သူကတော့ အကုန်မြင်သွားပြီလေ။
“မင်းနဲ့ လိုက်ဖက်ပါတယ်”
“... ကလေးဆန်မနေဘူးလား”
“မင်းနဲ့ကြည့်တော့ ချစ်စရာလေးပါ”
“အဲ... အဲလိုလား”
သူမက လက်စွပ်ကို အုပ်ထားတဲ့ လက်ကို ဖယ်လိုက်တယ်။ မာရူးက သောက်စရာတွေ သွားယူဖို့ ကောင်တာဆီ သွားလိုက်တယ်။ ရာသီဥတုက တဖြည်းဖြည်း ပူလာပြီ။ ဖန်ခွက်အပြင်ဘက်မှာ သီးနေတဲ့ ရေစက်ကလေးတွေကို ထိတွေ့ရတာ ခံစားလို့ကောင်းသား။
“ဒါနဲ့ မင်းက ကိုယ့်ကို အားပေးဖို့ လာတာပေါ့ဟုတ်လား”
“ဟင့်အင်း၊ မဟုတ်ပါဘူး” သူမက ဖျော်ရည်ကို တစ်ငုံသောက်ပြီး ပျော်ရွှင်တဲ့မျက်နှာပေးနဲ့ ပြောလိုက်တယ်။ သူမရဲ့ မျက်နှာပေါ်မှာ ကျေနပ်တဲ့အပြုံးလေး ပွင့်လန်းသွားတယ်။
သူမကို ကြည့်နေရုံတင်နဲ့တင် မာရူးတစ်ယောက် နေ့စဉ်ပင်ပန်းသမျှတွေ အကုန်ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။ မာရူး စိုက်ကြည့်နေတာကို သိသွားတော့ သူမက မျက်မှောင်လေး နည်းနည်းကြုတ်လိုက်တယ်။
“ငါ့ကို အဲလိုကြီးမကြည့်နဲ့”
“ဘာလို့လဲ”
“တစ်မျိုးကြီးပဲ”
“ကိုယ့်ရည်းစားကိုယ် ကြည့်တာ ဘာဆန်းလို့လဲ”
“အာ….”
သူမက မာရူးရဲ့ နဖူးကို သူ့လက်ညှိုးလေးနဲ့ တောက်လိုက်တယ်။ ထပ်ပြီး စနောက်နေရင် ဗျစ်တောက်ဗျစ်တောက် ပြောတာ ခံရတော့မယ်လို့ မာရူး သိလိုက်တာမို့ အဲဒီနားမှာတင် ရပ်လိုက်တော့တယ်။ သူက အကြည့်ကို လွှဲလိုက်ပြီး သူ့ရှေ့က စတော်ဘယ်ရီဖျော်ရည်ကို သောက်လိုက်တယ်။ ဂတ်စ်အချိုရည်နဲ့ စတော်ဘယ်ရီအရသာ ပေါင်းစပ်မှုက တော်တော်လေး အဆင်ပြေတယ်။ နောက်ဆို ဒီဆိုင်ကို ခဏခဏ လာရမယ်လို့ သူ စဉ်းစားနေမိတယ်။
“သောက်ပြီးရင် သွားကြစို့” ဆိုင်ကောင်းကောင်းလေး တစ်ဆိုင် ရှာတွေ့ပြီလို့ စဉ်းစားနေတုန်းမှာပဲ အဲဒီအသံကို မာရူး ကြားလိုက်ရတယ်။
သူမက လက်ဆွဲအိတ်ကို သူ့ခြေထောက်ပေါ်တင်ပြီး ထဖို့ ပြင်နေပြီ။
“အကုန်သောက်လိုက်ပြီလား”
“ဟင်။ အင်း”
၄၀၀ မီလီလီတာဆံ့တဲ့ ဖန်ခွက်က ပထမဆုံး ထွက်လာတုန်းက အပြည့်နီးပါး ရှိနေတာကို သူမက တစ်ငုံတည်းနဲ့ အကုန်သောက်ချပစ်လိုက်တာ။ ခါတိုင်းဆို ဖန်ခွက်တစ်ခွက်တည်းနဲ့ တစ်နာရီလောက် စကားပြောတတ်တဲ့ သူမအတွက်တော့ ဒါက တော်တော်လေး ထူးဆန်းနေတယ်။
“ကိုယ့်မှာ ဒီလောက်တောင် ကျန်သေးတယ်” မာရူးက အပြည့်နီးပါး ကျန်သေးတဲ့ သူ့ဖန်ခွက်ကို ပြရင်း ပြောလိုက်တယ်။
“ဒါဆိုလည်း မြန်မြန်သောက်လေ” သူမက မျက်မှောင်ကြုတ်ရင်း ပြောတယ်။
“ဒီနေ့ ဘာလို့ ဒီလောက်တောင် လောနေရတာလဲ”
“စကားများမနေနဲ့၊ မြန်မြန်သောက်စမ်းပါ”
သူမက မာရူးရဲ့ ဖန်ခွက်ထဲက ဖျော်ရည်တစ်ဝက်ကို သူ့ခွက်ထဲ လောင်းထည့်ပြီး တစ်ကျိုက်တည်းနဲ့ ထပ်သောက်ချလိုက်ပြန်တယ်။ မာရူးက ဘာလို့ အဲလိုလုပ်တာလဲလို့ မေးချင်ပေမဲ့ သူမရဲ့ အတင်းအကျပ် တွန်းအားပေးနေတဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ သူ့အပိုင်ကိုပဲ မျိုချလိုက်ရတော့တယ်။ သူ သောက်လို့လည်း ပြီးရော သူမက ချက်ချင်း ထရပ်တယ်။
“သွားကြစို့”
“ဘယ်လဲ”
“လိုက်ခဲ့”
မာရူး လွယ်အိတ်ကို ကောက်ကိုင်လိုက်တာနဲ့တင် သူမက သူ့အဝတ်အစားကို ဆွဲခေါ်နေတာ ခံလိုက်ရတယ်။ တစ်ခုခုနောက်ကနေ လိုက်လံဖမ်းဆီးနေသလို ဖြစ်နေတဲ့ သူမကို ကြည့်ပြီး မာရူး ဇဝေဇဝါ ဖြစ်သွားတယ်။
“တစ်ခုခု ဖြစ်လို့လား”
“ဟင့်... ဟင့်အင်း”
‘အော်’ သူမ စကားတွေတောင် ထစ်နေပြီပဲ။ ပျာပျာသလဲ ဖြစ်နေတဲ့ မျက်နှာပေးကို အထင်အရှား မြင်နေရပေမဲ့ သူမရဲ့ ခြေလှမ်းတွေကတော့ မရပ်တန့်သွားဘူး။ သူတို့ လမ်းကို ဖြတ်ကူးပြီး လမ်းမကြီးထဲကို ဝင်ခဲ့ကြတယ်။ ဒီနေရာက ဒီတစ်ဝိုက်မှာရှိတဲ့ အထက်တန်းကျောင်းသားတွေ အကုန်စုဝေးရာနေရာလေ။ ကျောင်းဝတ်စုံ ဝတ်ထားတဲ့ လူအုပ်ကြီးကြားထဲကနေ တိုးထွက်သွားတဲ့ သူမနောက်ကို မာရူး အမြန် လိုက်သွားခဲ့တယ်။
“ငါတို့ ဘယ်သွားနေတာလဲ”
“ရောက်တော့မှာပါ”
ဘယ်ကိုသွားမလဲဆိုတာ မပြောဘဲ သူမက ဆက်လျှောက်နေတယ်။ လျှို့ဝှက်ချက်တစ်ခုကို သိထားလို့ အလွန်အမင်း ပျော်ရွှင်နေတဲ့ မိန်းကလေးတစ်ယောက်လို ဖြစ်နေတာမို့ မာရူး မသိမသာ ပြုံးမိသွားတယ်။ လမ်းဘေးမုန့်ဆိုင်တွေကို ဖြတ်ကျော်ပြီးတဲ့နောက် ဆိုင်တွေအများကြီးရှိတဲ့ လမ်းတစ်ခုကို ရောက်လာပြီး ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ကာ ဆိုင်တစ်ဆိုင်ဆီကို ဝမ်းသာအားရ လျှောက်သွားတယ်။ သူမက အလိုအလျောက် ပွင့်တဲ့တံခါးကနေ ဝင်သွားခဲ့တယ်။ မာရူး ခေါင်းမော့ပြီး ဆိုင်နာမည်ကို ကြည့်လိုက်တယ်။ ဒီဆိုင်က ပေါ့ပေါ့ပါးပါးနဲ့ ကုတ်အင်္ကျီတွေ ရောင်းတဲ့ဆိုင်ပဲ။
‘ကုတ်အင်္ကျီတွေလား’ မာရူး တွေးမိတယ်။
ဆိုင်ထဲကို ဝင်လာရင်း သူမက ခဏလောက် ဝေခွဲမရဖြစ်နေပြီးမှ ဆိုင်ဝန်ထမ်းတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့ ထောင့်တစ်ထောင့်ဆီကို ရောက်သွားတယ်။ ပြသထားတဲ့ ကုတ်အင်္ကျီအစီအရီကို မာရူး ဝေ့ကြည့်လိုက်တယ်။ သူ့ရဲ့ အရင်ဘဝတုန်းက ကုမ္ပဏီကို ပထမဆုံး စဝင်ခဲ့စဉ်အခါကို ပြန်သတိရမိစေတာမို့ သူ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ အဲဒီတုန်းက ခံစားခဲ့ရတဲ့ ရင်ခုန်သံတွေ၊ ကြောက်ရွံ့မှုတွေနဲ့ စိတ်လှုပ်ရှားမှုတွေက သူ့နှလုံးသားရဲ့ ထောင့်တစ်နေရာမှာ ပြန်ပေါ်လာတယ်။
“ဘာလုပ်နေတာလဲ” နောက်ကနေ အနားကပ်လာရင်း သူမက မေးလိုက်တယ်။
“နောင်ကျရင် ငါ ကုမ္ပဏီကောင်းကောင်းတစ်ခုမှာ အလုပ်ရသွားရင် နင့်ကို ကုတ်အင်္ကျီတစ်ထည်လောက် တိုင်းပေးဖို့ တောင်းဆိုလို့ရမလား”
“ဘာတွေ ပြောနေတာလဲ။ ဘာမဟုတ်တာကြီးကို”
သူမက မာရူးရဲ့ နားရွက်ကို ဆွဲလိုက်တယ်။ မာရူး ကိုယ်ကို လှည့်လိုက်တော့ နက်ကတိုင်တွေ ပြသထားတဲ့နေရာကို မြင်လိုက်ရတယ်။
“ဒီကို လာဦး”
မှန်တင်ခုံ မှန်အပြည့်အစုံရှေ့မှာ ရပ်နေရင်း မာရူးက သူမ စမ်းသပ်ပေးနေတဲ့ နက်ကတိုင်ကို စိုက်ကြည့်နေမိတယ်။
“ဒီအရောင်က နင်နဲ့ လိုက်ရဲ့လား” သူ့ရင်ဘတ်ပေါ်မှာ အပြာရင့်ရောင် နက်ကတိုင်ကို ကပ်ကြည့်ရင်း သူမက သူ့ကိုယ်သူ ပြန်မေးနေတာ။
မကြာခင်မှာပဲ သူမက မကျေနပ်တဲ့ပုံစံနဲ့ နက်ကတိုင်ကို ပြန်ချထားလိုက်တယ်။ ခေါင်းလေး စောင်းရင်း တခြားနက်ကတိုင်တွေကို လိုက်ကြည့်နေပြန်တယ်။ စောစောက ဆိုင်ဝန်ထမ်းအမျိုးသမီးက သူ့ပါးစပ်ကို လက်နဲ့ပိတ်ပြီး ပြုံးစိစိလုပ်နေတာကို မာရူး မြင်လိုက်ရတယ်။ သူလည်း ပြုံးမိမှာပဲလေ။ သူမက သူ့အတွက် နက်ကတိုင်တစ်ချောင်း ရွေးပေးနေတာကို သူ အတိုင်းထက်အလွန် ပျော်နေရပြီး သူမရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတာကလည်း မဆိုးလှပါဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ ကြားဖြတ်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
“မင်း ကိုယ့်ကို နက်ကတိုင် လက်ဆောင်ပေးမလို့လား”
“အင်း။ ငါက အမြဲတမ်း လက်ခံရတဲ့ဘက်က ဖြစ်နေတာကို။ နင့်မှာ မနက်ဖြန် အင်တာဗျူးရှိတော့ နက်ကတိုင်ဆိုရင် အဆင်ပြေမယ်လို့ တွေးမိလို့။ ကုတ်အင်္ကျီနဲ့ ရှူးဖိနပ်တွေကျတော့ အများကြီး ဈေးကြီးလွန်းလို့လေ”
“ဒါပေမဲ့ ကိုယ်က အင်တာဗျူးအတွက် ကုတ်အင်္ကျီ ဝတ်မှာမဟုတ်ဘူး” သူ့ရဲ့ စကားကြောင့် သူမက မေးခွန်းထုတ်တဲ့ မျက်လုံးတွေနဲ့ ပြန်စိုက်ကြည့်လာတယ်။ အဲဒါကလည်း သူ့အတွက်တော့ ချစ်စရာကောင်းနေတာပါပဲ။
“ကိုယ်က ကိုယ့်ရဲ့ ကာရိုက်တာနဲ့ ကိုက်ညီတဲ့ အဝတ်အစားကို ဝတ်ရမှာလေ။ ကိုယ်က ကုမ္ပဏီဝန်ထမ်းအဖြစ် သရုပ်ဆောင်ရမှာဆိုရင် ကုတ်အင်္ကျီ ဝတ်ရမှာပေါ့၊ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ ကာရိုက်တာက လူမိုက်ပုံစံလေ”
“တကယ်လား”
သူမလက်ထဲက နက်ကတိုင်က ကြမ်းပြင်ပေါ်ကို အားကိုးရာမဲ့စွာ လျှောကျသွားခဲ့တယ်။ တွဲလောင်းကျနေတဲ့ နက်ကတိုင်က သူမရဲ့ လက်ရှိခံစားချက်ကို ကိုယ်စားပြုနေသလိုပဲ။
“ဒါပေမဲ့...”
သူမ စောစောက စမ်းပေးခဲ့တဲ့ နက်ကတိုင်တွေထဲက တစ်ချောင်းကို မာရူး အမြန် ကောက်ကိုင်လိုက်တယ်။
“တစ်နေ့နေ့ကျရင်တော့ ကိုယ် လိုအပ်လာမှာပဲလေ၊ ဒါကြောင့် အခုကတည်းက မင်းဆီကနေ လက်ခံရရှိထားတာက မဆိုးပါဘူး။ မဟုတ်ဘူး၊ တကယ်တော့ အခု မင်းဆီကနေ ရထားတာက ပိုတောင် ကောင်းသေးတယ်။ ကံကောင်းစေတဲ့ အဆောင်အယောင်တစ်ခုအဖြစ် သဘောထားလိုက်မယ်”
မာရူးလက်ထဲက နက်ကတိုင်က အစင်းကြောင်းပါတဲ့ အပြာရင့်ရောင် ဖြစ်ပါတယ်။ နက်ကတိုင်တွေထဲမှာတော့ အများဆုံး ရွေးချယ်လေ့ရှိတဲ့ အမျိုးအစားပေါ့။ သူမ ရွေးခဲ့တဲ့ နက်ကတိုင်နဲ့ မာရူး ရွေးလိုက်တဲ့ နက်ကတိုင်ကို နှိုင်းယှဉ်ကြည့်ပြီးမှ သူမက ခေါင်းညိတ်ပြတယ်။
“အဲဒါက နင်နဲ့ လိုက်ပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရိုးလွန်းတယ်”
“ရိုးရိုးနက်ကတိုင်တွေက အကောင်းဆုံးပဲလေ”
မာရူးက နက်ကတိုင်ကို ကိုင်ပြီး မှန်ရှေ့မှာ ရပ်လိုက်တယ်။ တော်တော်ကြာကြာ မထိတွေ့ဖြစ်ခဲ့တဲ့ ပိုးသားရဲ့ ခံစားချက်၊ ပြီးတော့ နက်ကတိုင်ရဲ့ ချောမွတ်တဲ့ ခံစားချက်ကြောင့် လူတွေအကုန်လုံး ဘာလို့ ငယ်ငယ်ကတည်းက စာကို ကြိုးစားပမ်းစား သင်ယူခဲ့ကြလဲဆိုတာကို သူ တွေးမိစေတယ်။
သူက နက်ကတိုင်ကို စည်းဖို့ ပြင်လိုက်တုန်း၊ မှန်ထဲကနေ သူ့ကို စိုက်ကြည့်နေတဲ့ သူမရဲ့ ပုံရိပ်ကို မြင်လိုက်ရတယ်။
“ကိုယ့်ကို စည်းပေးပါဦး” ကိုယ်ကို လှည့်ရင်း မာရူးက ပြောလိုက်တယ်။
သူက သူ့မျက်နှာပေါ်မှာ အပြုံးအကြီးကြီးနဲ့ သူမဆီကို ကိုယ်ကို ရှေ့တိုးလိုက်တယ်။ သူမက နောက်ကို နည်းနည်း ဆုတ်သွားတယ်။
“ငါက ဘာလို့ လုပ်ပေးရမှာလဲ”
“မင်းပဲ ဝယ်ပေးတာကို။ ဒီလောက်တော့ လုပ်ပေးသင့်တာပေါ့”
“...”
“ပါးစပ်ပိတ်ပြီး လုပ်ပေးပါ၊ ဒီနေ့ မင်းနောက်ကို လိမ္မာရေးခြားရှိရှိ လိုက်လာခဲ့တာကိုပဲ သိတယ်မလား”
သူမသာ ဆင်ခြင်တုံတရားနဲ့ စဉ်းစားနိုင်ရင် အဲဒီအကျိုးအကြောင်းပြချက်က တစ်ခုခု မှားယွင်းနေတယ်ဆိုတာ သတိထားမိမှာပါ၊ ဒါပေမဲ့ မာရူးက သူမကို အဲလိုတွေးဖို့ အခွင့်အရေး မပေးခဲ့ဘူး။ ဒါတင်မကဘဲ သူမက သူ့ကို အပြင်းအထန် ငြင်းဆန်ခြင်း မရှိတာကို ကြည့်ခြင်းအားဖြင့် သူမလည်း အဲဒါကို သိပ်အစ်မုန်းဘူးဆိုတာ သူ ခံစားမိတယ်။ ရှက်နေတာပဲ ဖြစ်လိမ့်မယ်။ သူမက ဆိုင်ဝန်ထမ်းရဲ့ တည်နေရာကို စစ်ဆေးဖို့ ဖြည်းဖြည်းချင်း ကိုယ်ကို လှည့်ကြည့်ပြီးမှ သူ့နားကို ချဉ်းကပ်လာခဲ့တယ်။
“ဘယ်လို လုပ်ရမှာလဲ”
“နင် သဘောရှိသာ လုပ်ပါ”
သူမရဲ့ သေးသွယ်တဲ့ လက်ချောင်းလေးတွေက နက်ကတိုင်ရဲ့ အစွန်းနှစ်ဖက်ကို ကိုင်လိုက်တယ်။ ပထမတော့ သူမ ရှက်နေခဲ့ပေမဲ့ မကြာခင်မှာပဲ အာရုံစိုက်လာတယ်။ နက်ကတိုင်ကို စည်းဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်နေတယ်။ သူမရဲ့ မျက်နှာပေါ်က ချစ်စရာကောင်းတဲ့ ဝေခွဲမရ ဖြစ်နေမှုကို ကြည့်ရင်း မာရူးက စိတ်ရှည်လက်ရှည် စောင့်နေခဲ့တယ်။
သုံးမိနစ်လောက် ကုန်လွန်သွားပြီးတဲ့နောက်မှာတော့ -
“... အဲဒါက မှန်တဲ့နည်းလမ်း မဟုတ်ဘူးမလား” သူမက နက်ကတိုင်ပေါ်ကနေ လက်ကို ဖယ်ရင်း ပြောလိုက်တယ်။
မာရူးက ‘ကြည့်ရအောင်’ လို့ ပြောပြီး မှန်ထဲကို ကြည့်လိုက်တယ်။ နက်ကတိုင်ကတော့ သေချာပေါက် စည်းထားပြီးသားပါ။ ပုံစံကြီးကတော့ အကြီးအကျယ် မှားယွင်းနေတာကလွဲရင်ပေါ့။
“ပထမဆုံးအကြိမ်အတွက်တော့ တော်ပါတယ်။ လက်ရာလည်း ပြောင်မြောက်သားပဲ”
မာရူးက ထူးဆန်းနေတဲ့ အထုံးကို ဖြည်လိုက်တယ်။ ပြီးတော့ ဖြည်းဖြည်းချင်း စနစ်တကျ ပြန်စည်းလိုက်တယ်။ အောက်က အပိုင်းအသေးလေးကို ဆွဲချရုံတင် ကျန်တော့တဲ့ အနေအထားအထိ ရောက်သွားပြီ။
“ရော့၊ ဒါကို ကိုင်ပြီး အောက်ကို ဖြည်းဖြည်းချင်း ဆွဲချလိုက်”
သူမက နက်ကတိုင်ကို သေသေချာချာ ဆွဲချလိုက်တယ်။ မာရူးရဲ့ လည်ပင်းပေါ်မှာ အနည်းငယ် တင်းကျပ်သွားတဲ့ ခံစားချက်ကြောင့် ဒါဟာ လောကကြီးအပေါ် ထားရှိတဲ့ လူတစ်ယောက်ရဲ့ သန္နိဋ္ဌာန်ကို ကိုယ်စားပြုတယ်ဆိုတာ သူ ထပ်ပြီး သတိပြုမိသွားတယ်။ နက်ကတိုင် စည်းထားပြီးရင်တော့ မိသားစုကို လုပ်ကျွေးဖို့ လစာရအောင် ဝေဖန်မှုတွေဆိုတဲ့ ကျည်ဆန်မိုးတွေနဲ့ အရည်အချင်းမရှိမှုဆိုတဲ့ ဗုံးဒဏ်တွေကို ရှောင်ကွင်းရမှာလေ။
“နင်က ဘာလို့ ဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ” သူမက နှုတ်ခမ်းဆူရင်း မေးတယ်။
“မင်းလည်း ကိုယ့်အသက်အရွယ် ရောက်လာရင် လုပ်တတ်သွားမှာပါ”
“ငါ အဲလိုမျိုး မေးတိုင်း နင်က နင့်အသက်ကိုပဲ အမြဲ ခုတုံးလုပ်ပြောနေတာပဲ”
“ဟွန့်” သူမက နှာမှုတ်လိုက်ပြီး နက်ကတိုင်ကို ဖြည်ကာ ဆိုင်ဝန်ထမ်းဆီကို လျှောက်သွားတယ်။ မာရူးက ဆိုင်ထဲက ကုတ်အင်္ကျီတွေကို ဝေ့ကြည့်ပြီး ကောင်တာဆီ လျှောက်လာခဲ့တယ်။
“ဝမ် ၅ သောင်းပါ”
“ဝမ် ၅ သောင်းလား”
“ဟုတ်ကဲ့ပါ”
“အာ... ဟုတ်ကဲ့”
သူမက စိတ်မသက်မသာ အပြုံးလေးနဲ့ သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်တယ်။ ဈေးနှုန်းက သူမ ခန့်မှန်းထားတာထက် ပိုများနေတဲ့ပုံပဲ။ မာရူးက သူ့ပိုက်ဆံအိတ်ကိုပဲ အစားထုတ်ပေးရမလားလို့ ဝေခွဲမရ ဖြစ်သွားမိပေမဲ့ ဒီနေ့တော့ သူ့ရဲ့ စိတ်အလိုကို ထိန်းချုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမက မာနကြီးတဲ့ မိန်းကလေးတစ်ယောက်လေ။ သူမက အကူအညီမတောင်းမချင်း သူ ငြိမ်ငြိမ်လေး နေပေးတာက ပိုကောင်းပါလိမ့်မယ်။
ကံကောင်းထောက်မစွာပဲ သူအစ်မှာ ပိုက်ဆံမလောက်မင ဖြစ်မနေခဲ့ပါဘူး။ သို့ပေမဲ့ ဝမ် ၅ သောင်း သုံးပြီးတဲ့နောက်မှာတော့ သူမရဲ့ ပိုက်ဆံအိတ်က လုံးဝ ပြောင်သလင်းခါသွားခဲ့တယ်။
‘သူမ အတင်းအကျပ် တွန်းအားပေး သုံးလိုက်တာပဲ’
ဝန်ထမ်းက နက်ကတိုင်ကို စာအိတ်အိတ်ထဲ ထည့်ပေးတယ်။ သူမက အိတ်ကို လက်ခံရယူပြီး မာရူးဆီ ကမ်းပေးတယ်။
“သေသေချာချာ သုံးနော်”
“တစ်သက်လုံး သုံးမှာမို့လို့ အဲဒါအတွက်တော့ မင်း စိုးရိမ်မနေနဲ့”
“ဒါဆို ငါတို့ လုပ်စရာရှိတာလည်း ပြီးပြီဆိုတော့ လမ်းခွဲကြစို့လေ။ နင် မနက်ဖြန် မနက်စောစော ဆိုးလ်ကို သွားရမှာမဟုတ်လား”
မာရူးက သူမနောက်ကနေ ဆိုင်ပြင်ကို လိုက်ထွက်လာခဲ့တယ်။ နေဝင်စပြုလာပြီမို့ ကောင်းကင်ကြီးက ခရမ်းရောင် သန်းလာနေတယ်။ လမ်းမီးတိုင်တွေက တစ်တိုင်ပြီးတစ်တိုင် လင်းလာပြီး ဆိုင်ဆိုင်းဘုတ်တွေကလည်း မီးပွင့်လာကြပြီ။ ရာသီအလိုက် နောက်ဆုံးလက်ကျန် လျှော့ဈေး ပိုစတာတွေကိုလည်း နေရာအနှံ့ မြင်တွေ့နေရတယ်။
သူမက လက်နှစ်ဖက်ကို နောက်ပစ်ပြီး လမ်းအတိုင်း လျှောက်လာခဲ့တယ်။ အကြိုက်တွေ့စရာတစ်ခုခု တွေ့ရင် ခဏခဏ ရပ်ကြည့်တတ်ပေမဲ့ အကြာကြီးတော့ အချိန်မဖြုန်းပါဘူး။ သို့ပေမဲ့ သူတို့နှစ်ယောက် လမ်းထဲကနေ ထွက်ခါနီးမှာပဲ ဆိုင်တစ်ဆိုင်ရှေ့မှာ သူမ ရပ်သွားတယ်။ သူမရဲ့ အကြည့်တွေက ကြမ်းတမ်းလှတဲ့ သစ်သားစင်တစ်ခုပေါ်မှာ တင်ကျန်နေခဲ့တယ်။ အတိအကျ ပြောရရင်တော့ စင်ပေါ်က ဖိနပ်တစ်စုံကို သူမ စိုက်ကြည့်နေမိတာ။ ဖိနပ်တစ်စုံကို ပိုပြီး အနီးကပ် မြင်ရအောင် သူမ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်တယ်။ သူမရဲ့ အကြည့်အတိုင်း မာရူး လိုက်ကြည့်လိုက်တော့ ရိုးရိုးဖိနပ်အပြားလေး တစ်စုံကို မြင်လိုက်ရတယ်။ အဖျားမှာ ရေစက်အရွယ်အစား ပုလဲလုံးလေး ပါတဲ့ မက်မွန်ရောင် ဖိနပ်ကလေးပါ။ ဈေးနှုန်းက ဝမ် ၃ သောင်း ဖြစ်နေတယ်။
သူမက အိတ်ထဲက ပိုက်ဆံအိတ်ဆီ လက်လှမ်းလိုက်ပေမဲ့ ချက်ချင်းပဲ တုံ့ဆိုင်းသွားပြီး ကိုယ်ကို လှည့်လိုက်တယ်။ မာရူးက ဘာမှမဖြစ်သလိုမျိုး ဆိုင်ကို ဖြတ်လျှောက်သွားခဲ့ပေမဲ့ အဲဒီဖိနပ်ကိုတော့ သူ့ခေါင်းထဲမှာ သေသေချာချာ မှတ်သားထားလိုက်ပြီ။
“ငါ ဒီကနေ ဘတ်စ်ကား စီးသွားလို့ရတယ်”
ဘတ်စ်ကား ရောက်လာတော့ သူမက ကားပေါ်တက်ရင်း လက်ပြနှုတ်ဆက်တယ်။ မီးခိုးအမြောက်အမြား ချန်ထားရစ်ပြီး ဘတ်စ်ကား ထွက်ခွာသွားတာကို အတည်ပြုပြီးတဲ့နောက် မာရူးက သူ့လက်ကို အိတ်ကပ်ထဲထည့်ပြီး စောစောက ဆိုင်ဆီကို ပြန်လှည့်လျှောက်လာခဲ့တယ်။
“ဟယ်လို”
သူမ စောစောက အကြည့်မခွာနိုင် ဖြစ်ခဲ့တဲ့ ဖိနပ်အပြားလေးကို မာရူး ကောက်ကိုင်လိုက်တယ်။ သူ့အသံကို ကြားတော့ ဆိုင်ရှင်က အမြန် ထွက်လာခဲ့တယ်။
“ဟုတ်ကဲ့၊ မောင်ရင်လေး။ ဘာလိုချင်လို့လဲ”
“ဒါလေး ထုပ်ပေးပါဗျာ”
“အိုး... ဘယ်သူ့ကို လက်ဆောင်ပေးမလို့လဲ”
အဲဒီမေးခွန်းကို ကြားတော့ မာရူးက သူ့ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံအချို့ကို ထုတ်ပေးရင်း အသံတိုးတိုးနဲ့ ပြန်ဖြေလိုက်တယ်။
“ကျွန်တော် တစ်သက်လုံး စောင့်ရှောက်သွားမယ့် မိန်းကလေးတစ်ယောက်အတွက်ပါ”
* * * * * * * * *