← Chapters

အခန်း ၆၃၂

Vol. 43 Ch. 632

အခန်း ၆၃၂

Vol. 43 Ch. 632

အခန်း (၆၃၂) လက်နက်သွန်းလုပ်ရေး မီးဖို အဆင့်တက်ခြင်းနှင့် ကောင်းကင် ကျောက်စာတိုင် အပိုင်းအစ

“ဝေါ... ဝေါ... ဝေါ…”

လက်နက်သွန်းလုပ်ရေး မီးဖိုဆီမှ မပြတ်တမ်း အသံများ ထွက်ပေါ်နေ၏။ ၎င်းမှာ အလွန် စိတ်လှုပ်ရှားနေပုံရပြီး အသွင်ပြောင်းလဲမှုကို သဘောကျ နှစ်ခြိုက်နေဟန် ရှိ၏။

“အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ ဖြစ်နေရင်တောင် 'တကယ့် မွှေးရနံ့ နိယာမ' ကိုတော့ မလွန်ဆန်နိုင်ဘူးပဲ လား”ယဲ့ဖုန်းက ပြုံးလိုက်သည်။ ကောင်းကင်ပေါက် ခရမ်းရွှေလှံကို အသွင်ပြောင်းလဲပေးနေသည့် ဖြစ်စဉ်အတွင်း လက်နက်သွန်းလုပ်ရေး မီးဖိုမှာလည်း အဆင့်မြှင့်တင်မှု စွမ်းအင် အမြောက်အမြားကို စုပ်ယူနိုင်ခဲ့၏။ (၆) နာရီခန့် အကြာတွင်မူ ၎င်းသည် အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းရန် လုံလောက်သော အခြေအနေသို့ ရောက်ရှိသွားတော့၏။

ဒိုင်း ...

မီးဖိုဖုံးမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ကောင်းကင်ပေါက် ခရမ်းရွှေလှံမှာ လေထဲသို့ ပျံတက်လာ၏။ ၎င်းသည် ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ကြီး အထက်တွင် အဟုန်ပြင်းစွာ ဝဲပျံနေပြီး အလွန် ပျော်ရွှင်နေဟန် ရှိ၏။ လှံ၏ အဆင့်အတန်းမှာ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ အဖြစ်သာ ရှိနေသော်လည်း မျက်နှာပြင်ပေါ်တွင် ပိုမို ရှုပ်ထွေးသော ဝင်္ကပါပုံစံများ ထွင်းထုခြင်း ခံထားရသဖြင့် စွမ်းအားမှာ (၃၀) ရာခိုင်နှုန်း တိုးတက်လာခဲ့၏။ ယဲ့ဖုန်းကိုယ်တိုင် အသုံးမပြုလျှင်ပင် ဤလှံကြီးမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် အမြင့်ပိုင်း ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။

“မဆိုးဘူးပဲ”ယဲ့ဖုန်းက ချီးကျူးလိုက်သည်။ လက်နက်သွန်းလုပ်ရေး မီးဖိုမှာ လောလောဆယ်တွင် အဆင့်နိမ့် ဝိညာဉ်ရတနာမျှသာ ရှိသေးသည်မှာ နှမြောစရာပင်။ အကယ်၍ ၎င်းသာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပါက ခရမ်းရွှေလှံ၏ စွမ်းအားကို နှစ်ဆ တိုးသွားစေမည်မှာ သေချာလှသည်။

ချွင်... ချွင်... ချွင်... ။

ခရမ်းရွှေလှံက ၎င်း၏ ထိပ်ဖျားဖြင့် အဆင့်တက်နေသော မီးဖိုကို အသာအယာ ခေါက်လိုက်သည်။ ချီးကျူးနေသည့် ပုံစံမျိုးပင် ဖြစ်၏။

“မင်းက ငါ့မီးဖိုကို ဖျက်ဆီးချင်နေတာ လား”ယဲ့ဖုန်းက လှမ်းဖမ်းလိုက်သည်။ ခရမ်းရွှေလှံကို ဆုပ်ကိုင်ကာ ခန်းမဆောင် အပြင်ဘက်သို့ ပစ်ထုတ်လိုက်၏။

လှံကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ စိတ်ကောက်သွားသည့်အလား မြူခိုးတောင်ထိပ်ကို လှည့်ပတ် ပျံသန်းနေတော့၏။ လှံဖျား၏ ဘေးတစ်ဖက်စီတွင် ထူးခြားသော ပုံစံတစ်ခု ထွက်ပေါ်လာသည်ကို ယဲ့ဖုန်း သတိပြုမိလိုက်သည်။ ၎င်းမှာ ကြည့်ရသည်မှာ ထိတ်လန့်ဖွယ် မျက်လုံးတစ်စုံနှင့် တူနေ၏။

“ဟင်... ဒါက ဂိုဏ်းချုပ်ရဲ့ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ လား”တောင်ထိပ်ပေါ်ရှိ နှစ်တစ်ထောင် ရှေးဟောင်း ထင်းရှူးပင်မှာ ယခုအခါ မီတာ (၅၀၀) ခန့် မြင့်မားနေပြီ ဖြစ်၏။ ၎င်း၏ ပင်စည်ပေါ်ရှိ ဧရာမ လူမျက်နှာကြီးက လှံကြီးကို ငေးကြည့်နေ၏။ ခရမ်းရွှေလှံမှာလည်း ထင်းရှူးပင်ကို တစ်ချက် အကဲခတ်ပြီးနောက် မြူခိုးဂိုဏ်း၏ နေရာအနှံ့သို့ ဆက်လက် ပျံသန်းသွားတော့သည်။

“ဟိုးမှာ ကြည့်စမ်း... ဂိုဏ်းချုပ်ရဲ့ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာကြီး ပဲ”တပည့်များမှာလည်း စူးစမ်းလိုစိတ်ဖြင့် ရပ်ကြည့်နေကြ၏။ လူအများ၏ ချီးကျူးမှုကို ရရှိသောကြောင့် ခရမ်းရွှေလှံမှာ အလွန် ကျေနပ်သွားလေတော့သည်။ သာယာသော တုန်ခါသံများကို မကြာခဏ ထုတ်လွှတ်နေပြီး ၎င်းမှာ တေးဂီတတစ်ခုပမာပင်။

ပျံသန်းလာသော တောင်ထိပ်တွင်မူ၊

အတွင်းစည်း အကြီးအကဲ လီဇီလုံသည် ရူးသွပ်နဂါး အရိုးလှံကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ ခရမ်းရွှေလှံ၏ အသံကြောင့် သူသည် နက်ရှိုင်းသော နားလည်မှု တစ်ခုကို ရရှိသွား၏။ လှံအသိမှာ တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။ ၎င်းတစ်ဦးတည်း မဟုတ်ဘဲ လှံကို အသုံးပြုသည့် တပည့်များ အားလုံးမှာလည်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကြပြီး ကျင့်ကြံခြင်း အရှိန်အဟုန်မှာ တစ်ဟုန်ထိုး မြန်ဆန်လာခဲ့တော့၏။

မြူခိုးတောင်ထိပ်၏ အထွတ်အထိပ်တွင် ယဲ့ဖုန်းမှာ ထိုအချက်ကို သတိပြုမိသွားပြီး နှုတ်ခမ်းများ တွန့်ရုံ ပြုံးလိုက်၏။

“ကောင်းတယ်”“ခရမ်းရွှေလှံ ထဲမှာ 'ဖန်ဆင်းခြင်း ခရမ်းရွှေ' ပါဝင်နေတယ် ... သူ့ရဲ့ အသံမှာ နက်ရှိုင်းတဲ့ အနက်အဓိပ္ပာယ်တွေ ပါနေတော့ လှံကျင့်စဉ်သမားတွေ အတွက် ဉာဏ်အလင်းပွင့်ဖို့ အခွင့်အရေး ရသွားတာ ပေါ့”“သူရှိနေရင် လီဇီလုံတို့ရဲ့ ကျင့်ကြံမှုလမ်းစဉ်က အများကြီး ပိုချောမွေ့သွားမှာ သေချာတယ်”ယဲ့ဖုန်းက ဘေးရှိ လက်နက်သွန်းလုပ်ရေး မီးဖိုကို လှည့်ကြည့်လိုက်သည်။

"ဝုန်း"

မီးဖိုမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ပြင်းထန်သော ကောင်းကင်ဘေးဒဏ် တိမ်တိုက်များကို ဆွဲဆောင်လိုက်၏။ သို့သော် မီးဖိုမှာ ကောင်းကင်ဘေးဒဏ်ကို ကြောက်ရွံ့ခြင်း မရှိပေ။ မည်မျှပင် မိုးကြိုးများ ပစ်ချစေကာမူ ၎င်းက အားလုံးကို ဝါးမြိုပစ်၏။ အသွင်ပြောင်းလဲမှုကို ချောမွေ့စွာ ပြီးမြောက်သွားတော့၏။

“ဝေါ …”

မီးဖိုမှာ ယဲ့ဖုန်း၏ လက်ဝါးထက်သို့ ပြန်လည် ကျဆင်းလာသည်။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ ဝင်္ကပါပုံစံများမှာ ပိုမို ရှုပ်ထွေး သိမ်မွေ့လာ၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ထုတ်လွှတ်နေပြီး ယခင်ကထက် အဆပေါင်းများစွာ ပိုမို သန်မာလာခဲ့တော့၏။

[အဆင့်မြှင့်တင်မှု စွမ်းအင် - (၂၅) ရာခိုင်နှုန်း]

ကောင်းကင်ဘေးဒဏ်ကို အမှီပြု၍ မီးဖိုမှာ စွမ်းအင် အမြောက်အမြား စုပ်ယူနိုင်ခဲ့သည်။ နောက်ထပ် ဤပမာဏ၏ နှစ်ဆခန့် ရရှိပါက အဆင့်မြင့် ဝိညာဉ်ရတနာ အဖြစ်သို့ တက်လှမ်းနိုင်မည် ဖြစ်၏။

ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်လိုက်သည်။ ခေါင်းအရွယ်အစားခန့်ရှိသော ရှေးဟောင်း ကြေးနီပိုင်း တစ်ခုမှာ သူ၏ လက်ဝါးပေါ်တွင် ပေါ်လာ၏။ ၎င်းသည် ပိဿာပေါင်း (၁၀၀၀) ခန့် လေးလံပြီး သိသိသာသာကို ဖိသိပ်ထားသည့် အရာ ဖြစ်၏။ ယဲ့ဖုန်းက ထိုကြေးနီပိုင်းကို ကိုင်ကာ အားဖြင့် ဆွဲဖြဲလိုက်၏။

"ဂျွတ်.. "

ကြေးနီမှာ နှစ်ခြမ်း ပြတ်သွားသည်။ အဖြူရောင် ကျောက်စာတိုင် အပိုင်းအစများမှာ မြေပေါ်သို့ ကျလာတော့၏။ ယဲ့ဖုန်းက ကြေးနီပိုင်းများကို မီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီး မြေပေါ်မှ ကျောက်စာတိုင် အပိုင်းအစကို ကောက်ယူလိုက်သည်။

“ထင်တဲ့အတိုင်းပဲ”သူသည် စားပွဲပေါ်သို့ လက်ဖြင့် တို့လိုက်ရာ အခြား အဖြူရောင် ကျောက်စာတိုင် အပိုင်းအစ (၂) ခု ပေါ်လာသည်။ ၎င်းတို့မှာ ကောင်းကင် ကျောက်စာတိုင် အပိုင်းအစများ ဖြစ်၏။ ယဲ့ဖုန်းသည် အပိုင်းအစ (၃) ခုကို ပေါင်းစပ်လိုက်ရာ တစ်ပေခန့် မြင့်ပြီး အထူ တစ်လက်မခန့်ရှိသော ပြည့်စုံသည့် ကောင်းကင် ကျောက်စာတိုင် တစ်ခု ဖြစ်ပေါ်လာသည်။

“ကောင်းကင် ကျောက်စာတိုင် အစုံအလင် ရပြီ ပေါ့”ယဲ့ဖုန်းက ပြုံးကာ ပြောလိုက်သည်။ ကောင်းကင် ကျောက်စာတိုင် အစုံအလင် ရရှိပြီ ဖြစ်သော်လည်း ၎င်းကို လက်နက်သွန်းလုပ်ရေး မီးဖိုဖြင့် ပြန်လည် ပြုပြင်ရန် လိုအပ်သေးသည်ကို ယဲ့ဖုန်း သဘောပေါက်လိုက်၏။ သို့သော် ကောင်းကင် ကျောက်စာတိုင်မှာ အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်၏။ အလယ်အလတ်အဆင့်သို့ ခုမှ တက်လှမ်းထားသည့် မီးဖိုမှာ သုံးပိုင်းကွဲနေသော ၎င်းကို ပြန်လည် ပြုပြင်ရန် မလုံလောက်သေးပေ။

၎င်းမှာ ခရမ်းရွှေလှံကို အသွင်ပြောင်းပေးခြင်းနှင့် မတူပေ။ ခရမ်းရွှေလှံတွင် ဝိညာဉ် ပါဝင်ပြီး အနာအဆာ ကင်းသဖြင့် ဖြစ်စဉ်အတွင်း ပူးပေါင်းနိုင်သောကြောင့် အောင်မြင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ကောင်းကင် ကျောက်စာတိုင်မှာမူ ကျိုးပဲ့နေပြီး သေဆုံးနေသည့် အရာနှင့် တူနေ၏။ ဤအခြေအနေတွင် လက်နက်သွန်းလုပ်ရေး မီးဖိုမှာ အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ရတနာ အဆင့်သို့ ရောက်မှသာ ပြုပြင်နိုင်ပေလိမ့်မည်။

“မီးဖို အဆင့်တက်တဲ့ အထိ စောင့်ရမှာ ပဲ ... အဲ့ဒီအချိန်ကျရင် (၁၀) ခုမြောက် တောင်တန်းကြီး ဆီကို သွားဖို့ ကြိုးစားကြည့်ရမယ်”ယဲ့ဖုန်းက သူ့ဘာသာ တီးတိုး ရေရွတ်လိုက်သည်။ အခုဆိုရင် သူက ရုပ်ခန္ဓာကျင့်စဉ် ကောင်းကင်ဧကရာဇ် တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ ဤကမ္ဘာကျယ်ကြီးမှာ သူ သွားချင်ရာ သွားနိုင်တော့၏။ တောင်တန်းကြီး (၁၀) ခု သို့မဟုတ် တားမြစ်နယ်မြေ (၅) ခု ဆီသို့ မည်သည့် အချိန်တွင် သွားရမလဲ ဆိုသည်ကို သူ စဉ်းစားနေတော့၏။

ကျောင်းယန် သန့်စင်သော မြို့တော်။

“မင်း ‘ယဲ့ဖုန်း’ ဆိုတဲ့ နာမည်ကို ကြားဖူး လား”“သိတာပေါ့ ... သူက မြူခိုးဂိုဏ်းချုပ် လေ ... သူက ရုပ်ခန္ဓာကျင့်စဉ် ကောင်းကင်ဧကရာဇ် တဲ့ ... ဝတ်ရုံဖြူ ကောင်းကင်ဧကရာဇ်တို့ တောင် သူ့ကို ကြောက်ရတယ် လို့ ပြောကြတယ်”“ယဲ့ဖုန်းကို ကျောင်းယန် ရှေးဟောင်း သူတော်စင် က သဘောကျနေတယ် လို့တောင် ကောလဟာလတွေ ထွက်နေတာ”“ကောလာဟလက ကောလဟာလ ပါပဲ ကွာ ... သူတော်စင် တစ်ပါးက ဘာလို့ ကောင်းကင်ဧကရာဇ် တစ်ယောက်ကို ဂရုစိုက်မှာ လဲ ... တပိုင်း အဆင့် သူတော်စင် ဆိုရင်တော့ တစ်မျိုးပေါ့”“ဟွန်း... မင်းက ဘာမှ မသိဘဲ နဲ့”*

မြို့တော်၏ လမ်းကြားများတွင်လည်းကောင်း၊ အင်အားစု အသီးသီးတွင်လည်းကောင်း ယဲ့ဖုန်းနှင့် မြို့စားမင်းတို့ တွေ့ဆုံခဲ့သည့် အကြောင်းကိုသာ ဆူညံစွာ ဆွေးနွေးနေကြ၏။

“ငါ တော်တော် သိချင်မိတယ် ... ရှန်ကျိုးတိုက်ကြီး တောင်ဘက်စွန်းမှာ ရှိတဲ့ မြူခိုးဂိုဏ်းမှာ ဘယ်လိုလုပ် ရုပ်ခန္ဓာကျင့်စဉ် ကောင်းကင်ဧကရာဇ် တစ်ယောက် ထွက်လာနိုင်တာ လဲ ... အဲ့ဒီမှာက အဆင့်မြင့် ဝိညာဉ်ကြောတောင် မရှိဘူး

မဟုတ်လား”

“ဒါတော့ ငါလည်း နားမလည်ဘူး ...”

အဆင့်မြင့် ကျင့်ကြံသူ အချို့ကလည်း အကြိတ်အနယ် ဆွေးနွေးနေကြဆဲပင်။ ယဲ့ဖုန်းမှာ အလွန် အစွမ်းထက်လွန်းသဖြင့် သူတို့မှာ တိုက်ရိုက် တော့ သွားရောက် မစုံစမ်းရဲကြပေ။

မဟုတ်လျှင် လက်သီးတစ်ချက်တည်းနှင့် လွင့်ထွက်သွားရမည်မှာ သေချာလှ၏။

“မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းက ‘ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း’ ကို ပြီးပြည့်စုံအောင် သုံးနိုင်တယ် တဲ့ ... သူက ပေဟယ်ဧကရာဇ်ရဲ့ ဆက်ခံသူ ဖြစ်ဖို့ များတယ်”

“ပေဟယ်ဧကရာဇ် အကြောင်း ပြောရရင် အဲ့ဒီကောင်က တကယ် ကြောက်စရာ ကောင်းတာ ... အရင်တုန်းက မြင့်မြတ်သော မြို့တော် အားလုံးနဲ့ ကြယ်ငါးပွင့် အင်အားစုက ဘိုးဘေးတွေကို တံမြက်လှည်းသလို ရှင်းပစ်ခဲ့တာ လေ”

“ဒါပေမဲ့ ပေဟယ်ဧကရာဇ်က အဲ့ဒီတုန်းက ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၇) ပဲ ရှိသေးတာ မဟုတ်လား ... ကောင်းကင်ဧကရာဇ် တောင် မဟုတ်ဘူး လေ ... ယဲ့ဖုန်းက ရုပ်ခန္ဓာကျင့်စဉ် ကောင်းကင်ဧကရာဇ် ဆိုတော့ သူက ဘယ်လိုလုပ် ပေဟယ်ရဲ့ ဆက်ခံသူ ဖြစ်မှာ လဲ”

“မင်းက အူကြောင်ကြောင် နဲ့ ... ပေဟယ်ဧကရာဇ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီက အဲ့ဒီအဆင့် မှာ ရှိခဲ့တာ လေ ... သူ့ရဲ့ ပါရမီနဲ့ ဆိုရင် အခုဆို အနည်းဆုံး တပိုင်း အဆင့် သူတော်စင် ဖြစ်နေလောက်ပြီ ... သူက ယဲ့ဖုန်းကို မမွေးထုတ်ပေးနိုင်စရာ အကြောင်း ရှိလို့ လား”

“အင်း... ဟုတ်သားပဲ”

လူတိုင်းမှာ ယဲ့ဖုန်းနှင့်

ပေဟယ်ဧကရာဇ်ကို ဆက်စပ်တွေးတောနေကြတော့သည်။ ထိုနှစ်ယောက်မှာ တစ်ဦးနှင့်တစ်ဦး သိကျွမ်းကြမည်ဟု ယုံကြည်နေကြ၏။

ထိုစဉ် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

“မြူခိုးဂိုဏ်းမှာ အဆင့်မြင့် ဝိညာဉ်ကြော မရှိဘူး လို့ ဘယ်သူ ပြောတာ လဲ ... မြူခိုးဂိုဏ်းမှာ အရမ်း ကြီးတဲ့ ဝိညာဉ်ကြောကြီး ရှိတယ် ... အဲ့ဒါကို ယဲ့ဖုန်း ကိုယ်တိုင် ဖန်တီးခဲ့တာ လို့ ငါ ကြားတယ်”

“တချို့က သူ့ကို ကံကြမ္မာရဲ့ သားတော် လို့တောင် ခေါ်နေကြတာ”

“ဘုရားရေ…”

ဆွေးနွေးမှုများက ပိုမို အံ့ဩဖွယ် ကောင်းလာ၏။

ကံကြမ္မာရဲ့ သားတော် ဟုတ်လား။ ၎င်းမှာ သာမန် ကိစ္စ မဟုတ်ပေ။

အကယ်၍ အမှန်ဖြစ်ပါက ကျောင်းယန် ရှေးဟောင်း သူတော်စင် ကိုယ်တိုင်ပင် ယဲ့ဖုန်းကို ‘တာအို ရောင်းရင်း’ ဟု ခေါ်ဆိုရမည် ဖြစ်၏။

“ယဲ့ဖုန်းက ကံကြမ္မာရဲ့ သားတော် မဟုတ်နိုင်ပါဘူး ... ဒါပေမဲ့ သူက ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား အမြောက်အမြားရဲ့ အသိအမှတ်ပြုမှုကို ခံရတာကိုတော့ ငါ ကိုယ်တိုင် မြင်ခဲ့တယ် ... သူက ကောင်းကင်ရဲ့ ရွေးချယ်ခံ ဖြစ်တာကတော့ အမှန်ပဲ”

*

လက်ဖက်ရည်ဆိုင်၏ အပေါ်ဆုံးထပ်ရှိ သီးသန့် အခန်းတစ်ခုအတွင်း။

လူသုံးဦး ထိုင်နေကြ၏။ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်၏။

ခန္ဓာကိုယ်တွင် မည်သည့် အရှိန်အဝါမျှ မရှိသော အဘိုးအို တစ်ဦး။ သို့သော် သူ၏ မျက်လုံးများ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်တိုင်း လေဟာနယ်ကိုပင် ကြိတ်ခြေနိုင်မည့်အလား ထက်မြက်သော အလင်းတန်းများ လျှပ်ခနဲ ပေါ်ထွက်လာတတ်သည်။

မျက်ခုံးကြားတွင် အစိမ်းရောင် မီးတောက် အမှတ်အသား နှစ်ခု ပါရှိသည့် ချောမောသော လူငယ် တစ်ဦး။ သူ၏ လက်ထဲတွင် ပျက်စီးနေသော ရတနာပုလဲလုံး တစ်ခုကို ကိုင်ထား၏။ သူ၏ ကျင့်ကြံခြင်းမှာ အလွန် ပြင်းထန်ပြီး ကောင်းကင်ဧကရာဇ် တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေ၏။

နောက်ဆုံး တစ်ဦးမှာမူ အလွန် ဆွဲဆောင်မှု ရှိသော မိန်းကလေး တစ်ဦး ဖြစ်၏။ သူမမှာ ကျစ်ဆံမြီး နှစ်ဖက်ကို ကျစ်ထားပြီး သူမ၏ အမူအရာ တိုင်းမှာ အစွမ်းကုန် မြူဆွယ်နိုင်စွမ်း ရှိနေတော့‌သည်။

--

All Chapters