← Chapters

အခန်း ၆၃၄

Vol. 43 Ch. 634

အခန်း ၆၃၄

Vol. 43 Ch. 634

အခန်း (၆၃၄) ကောင်းကင် ကိုးထပ် နတ်ဘုရားကျင့်စဉ်၏ ဟင်းလင်းပြင် ဖြိုခွဲအခန်းကို ဖော်ထုတ်ခြင်း

ရှောင်ချန်းထျန်းသည် ကောင်းကင်ဧကရာဇ် နှစ်ပါးအား အသာအယာ လက်နှစ်ဖက် ပူးဆုပ်ကာ နှုတ်ဆက်လိုက်၏။ သူ၏ နှုတ်ခမ်းထောင့်တွင်မူ မထီမဲ့မြင် ပြုံးယောင်သန်းလျက် ရှိ၏။ ထို့နောက် အလွန်လှပသော မိန်းကလေး ပိုင်ကျီး၊ ကိုယ်ရံတော်အကြီးအကဲတို့နှင့်အတူ ထိုနေရာမှ ထွက်ခွာသွားတော့သည်။

ရှောင်ချန်းထျန်းတို့သည် ကြည့်ရှုနေသူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် နေရာရွှေ့ပြောင်း ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြ၏။

“ဖူး …”

ဝတ်ရုံဖြူ ကောင်းကင်ဧကရာဇ်သည် သွေးစိမ်းရှင်ရှင် တစ်ချက် ထပ်မံ အန်ထုတ်လိုက်၏။ သူ၏ မျက်နှာမှာ ပိုမို ဖြူလျော့လာသည်။ ၎င်းသည် ဝိညာဉ်အာရုံဖြင့် တစ်ချက် စစ်ဆေးလိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ဆို၏။

“ရှောင်ချန်းထျန်းက လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ကို သွားတဲ့ နေရာရွှေ့ပြောင်း ဝင်္ကပါကို သုံးသွားတာပဲ ... ကြည့်ရတာ ... သူက မြူခိုးဂိုဏ်းက ယဲ့ဖုန်းကို သွားရှာတာ ဖြစ်ရမယ်”ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားကြ၏။ ဝတ်ရုံဖြူ ကောင်းကင်ဧကရာဇ်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ကမ္ဘာတုန်စေမည့် တိုက်ပွဲကြီးတစ်ခုကို မကြာမီ မြင်တွေ့ရတော့မည် မဟုတ်ပါလား။

ရုပ်ခန္ဓာကျင့်စဉ် ကောင်းကင်ဧကရာဇ်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အံ့မခန်းလှသည်။ ယဲ့ဖုန်းသည် ရှောင်ချန်းထျန်း၏ ခွန်အားကို တောင့်ခံနိုင်လိမ့်မည်ဟု လူတိုင်းက ယူဆနေကြ၏။

“မိတ်ဆွေတို့ ... အဆင်ပြေကြရဲ့လား”ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှ နုနယ်လှပသော ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ ၎င်းမှာ နတ်ဘုရားပင်လယ် နဂါးဧကရီ ဖြစ်၏။

“ရတယ် ... မသေပါဘူး”နဂါးဝါ ကောင်းကင်ဧကရာဇ်က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

ဝတ်ရုံဖြူ ကောင်းကင်ဧကရာဇ်က မျက်မှောင်ကြုတ်လျက်၊

“စောစောက မင်းသာ ရှိနေရင် အတော်ပဲ ... ငါတို့ သုံးယောက် ပေါင်းထုတ်ထားတဲ့ နည်းစနစ်နဲ့ဆို ရှောင်ချန်းထျန်းကို တားဆီးနိုင်မှာ သေချာတယ်”“ဒါတွေ နောက်မှ ပြောကြတာပေါ့ ... အရင်ဆုံး ဒဏ်ရာ ပျောက်အောင် လုပ်ကြပါဦး”နတ်ဘုရားပင်လယ် နဂါးဧကရီသည် အဆင့်မြင့် ကုသရေး ဆေးလုံး နှစ်လုံးကို ထုတ်ယူကာ ကောင်းကင်ဧကရာဇ် နှစ်ပါးအား တစ်လုံးစီ ပေးလိုက်၏။

ဆေးလုံးများကို သောက်သုံးပြီးနောက်တွင်မူ ကောင်းကင်ဧကရာဇ် နှစ်ပါး၏ မျက်နှာများမှာ သွေးရောင် ပြန်လွှမ်းလာတော့သည်။ ၎င်းတို့သည် ချက်ချင်း ထရပ်လိုက်ကြပြီး ဝေးကွာသော နေရာရွှေ့ပြောင်း ခန်းမဆောင်ဆီသို့ ဦးတည်လိုက်ကြ၏။

“လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ကို သွားရမယ် ... ရှောင်ချန်းထျန်း ဘာလုပ်မလဲဆိုတာ ငါ ကိုယ်တိုင် ကြည့်ချင်တယ်”ဝတ်ရုံဖြူ ကောင်းကင်ဧကရာဇ်က ရှေ့ဆုံးမှ ဦးဆောင်လိုက်၏။

“သွားကြစို့ ... ငါတို့လည်း သွားကြည့်ရမယ်”“ဒီနေ့တော့ ပွဲကောင်း ကြည့်ရတော့မှာပဲ”ပွဲကြည့်ရသည်ကို ဝါသနာပါသော အခြား ကျင့်ကြံသူများသည်လည်း ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ လျှို့ဝှက်ဆန်းကြယ် မြို့တော်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ကူးပြောင်းသွားကြတော့၏။

လျှို့ဝှက်ဆန်းကြယ် မြို့တော်။

နေရာရွှေ့ပြောင်း ဝင်္ကပါကို စောင့်ကြပ်နေသော ကျင့်ကြံသူသည် အံ့ဩတုန်လှုပ်လျက် ရှိ၏။ အမည်မသိ အစွမ်းထက် ပညာရှင်များစွာမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြ၏။ ၎င်းတို့၏ အရှိန်အဝါများကြောင့် စောင့်ကြပ်သူ၏ ခြေထောက်များမှာ ကျောက်သား ဖြစ်သွားသည့်အလား မလှုပ်နိုင်တော့ချေ။

“ဘယ်လိုဖြစ်လို့ လူတွေ ဒီလောက် အများကြီး ရောက်လာတာလဲ”စောင့်ကြပ်သူ၏ ရင်ထဲတွင် တုန်လှုပ်မှုများ ပိုမို ပြင်းထန်လာတော့သည်။

*

မြူခိုးဂိုဏ်း။

ယဲ့ဖုန်းသည် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေ ထိုင်နေ၏။ သူ၏ အရှေ့တွင် ‘ကောင်းကင် ကိုးထပ် နတ်ဘုရားကျင့်စဉ်’ ဟု ရေးထိုးထားသော ရှေးဟောင်း ကျမ်းစာအချို့ ရှိနေ၏။ သူသည် အားလပ်ချိန်ကို အသုံးပြုကာ ထိုကျင့်စဉ်ကို စတင် ကျင့်ကြံနေခြင်း ဖြစ်၏။ ၎င်းသည် ဝိညာဉ်အာရုံ အနှစ်သာရနှင့် ပေါင်းစပ်ထားသူ ဖြစ်ရာ ဝိညာဉ်အာရုံနှင့် ဆက်နွှယ်သော ကျင့်စဉ်များကို ကျင့်ကြံရန် အလွန် သင့်တော်လှသည်။ ထို့ပြင် ဉာဏ်အလင်းပွင့် နှလုံးသား၏ ငါးပုံနှစ်ပုံကို ပိုင်ဆိုင်ထားပြီး ပါရမီမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့် ကျင့်ကြံမှုမှာ အလွန် ချောမွေ့နေတော့သည်။

မွန်းတည့်ချိန် မတိုင်မီမှာပင် ယဲ့ဖုန်းသည် ကောင်းကင် ကိုးထပ် နတ်ဘုရားကျင့်စဉ်၏ အနိမ့်၊ အလယ်၊ အမြင့် အတွဲများနှင့် နတ်ဘုရား အခန်းကဏ္ဍတို့ကို ကျွမ်းကျင်သွားတော့၏။ ယခုအခါ သူ၏ ဝိညာဉ်အာရုံ စွမ်းအားမှာ မူလနတ်ဘုရား အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေ၏။ ၎င်းမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် တစ်ပိုင်း ကျင့်ကြံသူများထက်ပင် ပိုမို သန်မာနေ၏။

'ကောင်းကင် ကိုးထပ် နတ်ဘုရားကျင့်စဉ်က နတ်ဘုရား အခန်းအထိပဲ ရှိတာ နှမြောစရာပဲ ... နောက်ဆက်တွဲ ကျင့်စဉ်တွေကိုတော့ ငါ့ဘာသာငါ ဖန်တီးရတော့မယ် ... '

ယဲ့ဖုန်းသည် လက်ကွက်များ ဖော်လိုက်၏။ သူ၏ ရင်ဘတ်ပေါ်သို့ အချိန် (၁၀) ဆ အရှိန်မြှင့်တင်ပေးသော အချိန်ဝင်္ကပါတစ်ခုကို ရိုက်နှိပ်လိုက်၏။ ထို့နောက် သူသည် အချိန် (၁၀) ဆ အမြန်နှုန်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။ သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ နှေးကွေးသွားသလို ခံစားရ၏။ တပည့်များ၏ လှုပ်ရှားမှုများမှာ အလွန်အမင်း တုံ့ဆိုင်းနေပြီး အနှေးပြကွက်များအတိုင်း မြင်တွေ့နေရ၏။

'ဝိညာဉ်အာရုံ စွမ်းအားဆိုတာ ကိုယ့်ရဲ့ အသိစိတ်ပင်လယ်ကို ရှာဖွေဖို့ လိုတယ် ... သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်တွေကို အထဲမှာ သိမ်းဆည်းပြီး မျက်ခုံးကြားမှာ ဝိညာဉ်အာရုံပင်လယ်ကို တည်ဆောက်ရမယ် ... '

ယဲ့ဖုန်းသည် ရှေးလူတို့ ချမှတ်ခဲ့သော အခြေခံအုတ်မြစ်ပေါ်တွင် မူတည်၍ ဆက်လက် တွက်ချက်၏။ အပြင်လောကတွင် (၁) နာရီ ကုန်ဆုံးသွားသော်လည်း သူ၏ အသိစိတ်ထဲတွင်မူ (၁၀) နာရီခန့် ကုန်ဆုံးသွားသလို ခံစားရသည်။ ၎င်းသည် နောက်ဆက်တွဲ ကျင့်စဉ်၏ အကြမ်းထည်ကို ရရှိသွားတော့၏။ ဒုတိယ (၁) နာရီတွင် သူသည် ဆက်လက် တွက်ချက်ကာ ပိုမို သန့်စင်လိုက်သည်။ တတိယ (၁) နာရီတွင်မူ ကျင့်စဉ်မှာ ပြီးပြည့်စုံလုနီးပါး ဖြစ်လာ၏။ ပဉ္စမ (၁) နာရီသို့ ရောက်သောအခါ ...

ယဲ့ဖုန်းသည် အချိန် (၁၀) ဆ အမြန်နှုန်းမှ ပြန်လည် ထွက်လာ၏။ မြည်ဟီးနေသော သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း အစာ သုံးဆောင်လိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။

အပြင်လောကတွင် (၅) နာရီသာ ကုန်ဆုံးခဲ့သော်လည်း သူသည် (၅၀) နာရီတိုင်အောင် မနားတမ်း တွက်ချက်ခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ (၄) ရက် (၄) ညနှင့် ညီမျှ၏။ နောက်ဆုံးတွင် သူသည် ကောင်းကင် ကိုးထပ် နတ်ဘုရားကျင့်စဉ်၏ ‘ဟင်းလင်းပြင် ဖြိုခွဲအခန်း’ ကို ပြီးပြည့်စုံအောင် ဖန်တီးနိုင်ခဲ့လေပြီ။

ဟင်းလင်းပြင် ဖြိုခွဲအခန်းတွင် အဆင့် (၉) ဆင့် ပါဝင်သည်။ အဆင့် တစ်ဆင့် ကျွမ်းကျင်တိုင်း ဝိညာဉ်အာရုံ စွမ်းအားမှာ နှစ်ဆ တိုးလာမည် ဖြစ်၏။ အဆင့် (၉) ၏ အထွတ်အထိပ်သို့ ရောက်ပါက ဝိညာဉ်အာရုံမှာ ကောင်းကင်ဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပါသည်။

ဗိုက်ပြည့်သွားပြီးနောက် ယဲ့ဖုန်း ကျင့်ကြံမှုကို စတင်၏။ ဤကျင့်စဉ်မှာ သူကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်ရာ အားစိုက်မှု တစ်ဝက်နှင့် ရလဒ် နှစ်ဆကို ရရှိလေသည်။ (၆) နာရီအတွင်းမှာပင် သူ၏ ဝိညာဉ်အာရုံ စွမ်းအားမှာ ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၃) ၏ အထွတ်အထိပ်သို့ တစ်ဟုန်ထိုး တိုးတက်သွားတော့သည်။ ဤကဲ့သို့သော အဆင့်တက်နှုန်းမှာ ကောင်းကင်ကိုပင် စိန်ခေါ်နေသည့်အလား ရှိနေတော့၏။

'ငါ့ရဲ့ ကျင့်ကြံခြင်း ပါရမီက ဒီလောက်တောင် မြင့်တာလား ... '

ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်မိသည်။

အကယ်၍ ကောင်းကင် ကိုးထပ် နတ်ဘုရားကျင့်စဉ်ကို အခြားသူတစ်ဦးအား ပေးကျင့်ပါက နာမည်ကြီး တပိုင်း အဆင့် သူတော်စင် ပင်လျှင် ဟင်းလင်းပြင်ဖြိုခွဲအဆင့် (၃) သို့ ရောက်ရန် ရက်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ သို့သော် ယဲ့ဖုန်းမှာမူ (၆) နာရီသာ အချိန်ယူခဲ့ရခြင်း ဖြစ်၏။

“ဆက်ပြီး ကျင့်ကြံရမယ် ... ဟင်”ယဲ့ဖုန်းသည် သူ၏ ဝိညာဉ်အာရုံကို ကောင်းကင်ဧကရာဇ် အဆင့်သို့ တက်လှမ်းရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ထူးခြားသော အာရုံတစ်ခု ရလိုက်သဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်၏။

ထိုနေရာတွင် ပုံရိပ် သုံးခု ရှိနေ၏။

ရှောင်ချန်းထျန်းသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ သူသည် လေဟာနယ်ထဲရှိ အမြင့်ဆုံးဓားဝင်္ကပါကို အာရုံခံမိသဖြင့် အကြည့်များမှာ စူးရှသွား၏။

ထိုစဉ်၊ ဘေးမှ ကိုယ်ရံတော်အကြီးအကဲက စကားဆိုလာ၏။

“သခင်လေး ... ဒါက ဟင်းလင်းပြင်ဖြိုခွဲအဆင့် အမြင့်ပိုင်းတွေကို သတ်နိုင်တဲ့ အလွန်ကြီးမားတဲ့ ဂိုဏ်းအကာအကွယ် ဝင်္ကပါပဲ ... မြူခိုးဂိုဏ်းရဲ့ အခြေခံက တော်တော် တောင့်တင်းတာပဲ ... ဒီလို ဝင်္ကပါမျိုးတောင် ပိုင်ဆိုင်ထားတယ်”ရှောင်ချန်းထျန်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ... သူတို့ရဲ့ အခြေခံက ချီးကျူးစရာပဲ ... အလွန်ကြီးမားတဲ့ ဝိညာဉ်ကြောလည်း ရှိသေးတယ် ... ဒါနဲ့တင် မြူခိုးဂိုဏ်းက ကြယ်ငါးပွင့် အင်အားစု ဖြစ်လာဖို့ အလားအလာ ရှိနေပြီ”ဘေးရှိ လှပသော ပိုင်ကျီးက ချိုမြစွာ ရယ်မောလျက် ဆို၏။

“အဟင်းဟင်း..သခင်လေး ... ပိုင်ကျီးရဲ့ ခွန်အားနဲ့ဆိုရင် ဒီဝင်္ကပါကို ဖောက်နိုင်မလား ဟင်”“မင်းရဲ့ ခွန်အားက ယွီကျူးနဲ့ မတိမ်းမယိမ်းပဲ ... ဒီဝင်္ကပါကို ဖောက်ဖို့က မခက်ခဲပါဘူး ... စကားမစပ် ... မင်း ဒီတစ်ခေါက် လာတာက ယွီကျူးကို ပြန်စိန်ခေါ်ချင်လို့ မဟုတ်လား ... ပြီးခဲ့တဲ့ အပွဲမှာ မင်း ရှုံးခဲ့တယ်ဆိုတော့ ... ဒီတစ်ခါတော့ ထပ်မရှုံးစေနဲ့ဦး”ရှောင်ချန်းထျန်း၏ အသံမှာ မကျယ်သော်လည်း ပိုင်ကျီး၏ နားထဲသို့ ရောက်သောအခါ သူမသည်

အံ တင်းတင်းကြိတ်လိုက်၏။ သူမ၏ မျက်ဝန်းများအတွင်း ဒေါသရိပ်များ ဖြတ်ပြေးသွား၏။

“ဟွန်း ... နောက်တစ်ခါ တွေ့ရင် ယွီကျူး ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ ပြရသေးတာပေါ့”“အမှန်တရားက စကားလုံးတွေထက် ပိုကျယ်လောင်ပါတယ် ... ” ရှောင်ချန်းထျန်းက တီးတိုးဆိုရင်း မြူခိုးတောင်ထိပ်ပေါ်ရှိ ယဲ့ဖုန်းကို ငုံ့ကြည့်လိုက်၏။

“ကြည့်စမ်း ... သူ ငါတို့ကို သတိထားမိသွားပြီ”

*

“ဘယ်သူတွေများ ရောက်လာတာလဲ”ယဲ့ဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သူ့ကိုယ်ခန္ဓာ တစ်ချက် လှုပ်ရှားလိုက်သည်။ သူသည် ကောင်းကင်ယံထက်သို့ ရောက်ရှိသွား၏။ ရှောင်ချန်းထျန်းနှင့် အဖွဲ့၏ အရှေ့တွင် ရပ်လိုက်သည်။

သူသည် အရာရာကို ပုံဖော်နိုင်သော မျက်လုံးကို အသုံးပြုကာ တစ်ချက် ကြည့်လိုက်၏။

'ချန်းချင်း တားမြစ်နယ်မြေရဲ့ သားတော် ရှောင်ချန်းထျန်း ... တပိုင်း အဆင့် သူတော်စင် အဆင့် ကိုယ်ရံတော်အကြီးအကဲ ... ပြီးတော့ ပိုင်ကျီး ဆိုတဲ့ ကိုယ်ံတော် အစေခံမ ... အင်း ... ဒီ အစေခံမက ဘယ်လောက်အထိ နီးစပ်တာလဲ မသိဘူး ... '

ယဲ့ဖုန်းသည် သူတို့၏ အခြေခံ အချက်အလက်များကို မြင်တွေ့လိုက်ရသည်။ သူသည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သော်လည်း မျက်နှာမှာမူ တဖြည်းဖြည်း တည်ကြည် လေးနက်လာ၏။

တားမြစ်နယ်မြေ (၅) ခုမှ လူများ။

တားမြစ်နယ်မြေမှ လူများသည် မွေးရာပါ ရက်စက်တတ်ကြသည်ဟု သူ ကြားဖူးထား၏။ မိမိတို့၏ သက်တမ်းကို ရှည်ကြာစေရန်အတွက် နိုင်ငံပေါင်းများစွာမှ သက်ရှိများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော တားမြစ်နယ်မြေမှ ပညာရှင်များစွာ ရှိခဲ့ဖူး၏။ ထို့ကြောင့် ယဲ့ဖုန်းသည် ၎င်းတို့အပေါ်တွင် ကောင်းသော အမြင် မရှိချေ။

“မင်းက မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း လား ... ရုပ်ခန္ဓာကျင့်စဉ် ကောင်းကင်ဧကရာဇ် ဆိုတာ မင်းပဲလား”ရှောင်ချန်းထျန်းက ယဲ့ဖုန်းကို ကြည့်လိုက်၏။ သို့သော် ယဲ့ဖုန်း၏ ကိုယ်ပေါ်တွင် မည်သည့် ကျင့်ကြံခြင်း အရှိန်အဝါမျှ မတွေ့ရချေ။ အသက်ဓာတ် စွမ်းအားပင် မတွေ့ရပေ။

သည်လို လူက တကယ်ပဲ ရုပ်ခန္ဓာကျင့်စဉ် ကောင်းကင်ဧကရာဇ် ဖြစ်နိုင်ပါ့မလား။ သို့မဟုတ် ယဲ့ဖုန်း၏ အရှိန်အဝါ ဖုံးကွယ်သော နည်းစနစ်က အလွန် နက်ရှိုင်းလွန်းသဖြင့် သူ မမြင်နိုင်ခြင်းလော။

ရှောင်ချန်းထျန်း၏ ခန့်မှန်းချက်မှာ မှန်ကန်၏။ ယဲ့ဖုန်းသည် သူ၏ အရှိန်အဝါကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ပုံမှန် အခြေအနေတွင် သူသည် သာမန်လူတစ်ဦးနှင့် မခြားပေ။

“မှန်တယ် ... ငါက မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းပဲ”ယဲ့ဖုန်း၏ စကားအဆုံးတွင် ကျင့်ကြံသူ အများအပြားမှာ မြူခိုးဂိုဏ်းအနီးသို့ ရောက်ရှိလာကြ၏။ သူတို့သည် အဝေးမှနေ၍ စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

“ကြည့်စမ်း ... သူတို့ ရင်ဆိုင်လိုက်ကြပြီ”“ကမ္ဘာပျက်မယ့် တိုက်ပွဲကြီး ဖြစ်တော့မယ် ... နာမည်ကျော် ရုပ်ခန္ဓာကျင့်စဉ် ကောင်းကင်ဧကရာဇ်က ချန်းချင်း တားမြစ်နယ်မြေရဲ့ သားတော်ကို ယှဉ်နိုင်မလား မသိဘူး”“ငါကတော့ ယဲ့ဖုန်းကို နိုင်စေချင်တယ် ... ဒါမှ ရှောင်ချန်းထျန်းရဲ့ မောက်မာမှုကို နှိမ်နင်းနိုင်မှာ”လူအုပ်ကြီးမှာ ပွစိပွစိနှင့် တွတ်ထိုးနေကြ၏။

လူအုပ်ကြားတွင် ဝတ်ရုံဖြူ ကောင်းကင်ဧကရာဇ်နှင့် အခြား ဟင်းလင်းပြင်ဖြိုခွဲအဆင့် အကြီးအကဲများလည်း ရှိနေကြသည်။

ထိပ်တန်း အစီအစဉ် တင်ဆက်သူ ကျန်းလင်းဘိုးဘေးနှင့် လင်မြောင်ဘိုးဘေးတို့လည်း ရောက်ရှိလာကြပြီ ဖြစ်၏။

ရောက်လာသူမှာ ချန်းချင်း တားမြစ်နယ်မြေမှ ရှောင်ချန်းထျန်း ဖြစ်ကြောင်း သိလိုက်ရသောအခါ ဘိုးဘေး နှစ်ဦးစလုံး၏ မျက်နှာများမှာ မှိုင်းညှို့သွားကြတော့‌သည်။

--

All Chapters