← Chapters

အခန်း ၆၃၇

Vol. 43 Ch. 637

အခန်း ၆၃၇

Vol. 43 Ch. 637

အခန်း (၆၃၇) ရှေးဟောင်း မူလနဂါးနှင့် ပေါင်းစပ်ခြင်း၊ ရုပ်ခန္ဓာကျင့်ကြံသူ ကောင်းကင်ဧကရာဇ်

ရှောင်ချန်းထျန်း၏ စကားများကြောင့် ယဲ့ဖုန်း၏ မျက်လုံးအစုံမှာ ရုတ်ချည်း ထက်ရှသွား၏။

"မင်းက ကံကြမ္မာ ရတနာပုလဲ အကြောင်းကို သိနေပုံ ရတယ်"

ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲကို သိမ်းဆည်းလိုက်လေရာ သူ၏ နောက်ကျောဘက်၌ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားများ အမြောက်အမြား ကျန်ရစ်ခဲ့ပေသည်။ ၎င်းစွမ်းအားများသည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့်၏ အလယ်အလတ် အဆင့်ခန့်တွင်သာ ရှိနေသော်ငြားလည်း ထိုအရာများ၏ သန့်စင်မှုမှာ ရှောင်ချန်းထျန်း၏ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားထက် များစွာ သာလွန်နေချေ၏။

"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူးကွ"

ရှောင်ချန်းထျန်းသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ယိုင်နဲ့နဲ့ ဆုတ်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းဆီမှာ ရှိနေတာ ကံကြမ္မာ ရတနာပုလဲပဲ ဖြစ်ရမယ်။ ငါ သေသေချာချာကို ခံစားလို့ရတယ်။ အဲဒါက အမြင့်မြတ်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခုပဲ။ မင်းရဲ့ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားက ငါ့ထက် ပိုသန့်စင်တယ် ဆိုပေမယ့် အရေအတွက် အားဖြင့်တော့ အရမ်းနည်းလွန်းနေတယ်။ ငါ့ကို ယှဉ်နိုင်ဖို့ဆိုတာ အများကြီး လိုသေးတယ်ကွ"

"အရေးမကြီးပါဘူးလေ... တိုက်ခိုက်ကြတာပေါ့"

ယဲ့ဖုန်းက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်ပြီး သူ၏ ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားများကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူ၏ လက်များကို သဘာဝအတိုင်း ချထားလိုက်ရာမှ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်စွမ်းအားများ အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာပြီး သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် ပုံပျက်သွားစေနိုင်သော စွမ်းအားနယ်ပယ်ကြီး တစ်ခုကို ဖြစ်ပေါ်လာစေတော့သည်။

ယဲ့ဖုန်း၏ သုံးမီတာ အကွာအဝေးအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် မည်သည့်အရာမဆို တွန့်လိမ်နေသော လေဟာနယ်၏ ဖိအားကြောင့် အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲခံရမည်သာ။

'ဒါက ကောင်းကင်ဧကရာဇ်အဆင့် ရုပ်ခန္ဓာကျင့်ကြံသူ တစ်ယောက်ရဲ့ ကာကွယ်ရေးနယ်မြေပဲ'

"ရှေးဟောင်း မူလနဂါး... ကောင်းကင်ဟိန်းသံ"

“ဝေါင်း…”

ရှောင်ချန်းထျန်းက ညာသံပေးကာ ဟိန်းဟောက်လိုက်လေရာ သူ၏နောက်ကွယ်ရှိ ပေတစ်ရာခန့် ရှည်လျားသော ရှေးဟောင်း မူလနဂါးကြီးကလည်း ဒေါသတကြီး လိုက်ပါ ဟိန်းဟောက်လိုက်၏။ ထို့နောက် ကမ္ဘာတစ်ခုလုံးနီးပါး လေးလံလှသော ၎င်း၏ ဧရာမအမြီးကြီးဖြင့် အောက်သို့ ရိုက်ချလိုက်တော့သည်။

‘ဝုန်း’... ဟူသော မြည်ဟည်းသံကြီးနှင့်အတူ လေဟာနယ်တစ်ခုလုံး သိမ့်သိမ့်ခါသွား၏။

ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်ပြီး သန်းချီသော ကျင့်ကြံသူများ၏ ရှေ့မှောက်၌ပင် ရှေးဟောင်း မူလနဂါး၏ နတ်ဘုရားနဂါး အမြီးရိုက်ချက်ကို ခိုင်ခိုင်မာမာ ခုခံကာကွယ်လိုက်ပေသည်။

"တကယ်ပဲ... ကောင်းကင်ဧကရာဇ်အဆင့် ရုပ်ခန္ဓာကျင့်ကြံသူ တစ်ယောက်မှာ အားကောင်းတဲ့ စွမ်းအားရှိတာပဲ"

"ဒီလှုပ်ရှားမှု တစ်ခုတည်းနဲ့တင် ကောင်းကင်ဧကရာဇ် အများစုကို ချေမှုန်းဖို့ လုံလောက်နေပါပြီ။ ငါတော့ တကယ်ကို လေးစားမိတယ်"

ပတ်ဝန်းကျင်မှ တိုက်ပွဲကို စောင့်ကြည့်နေကြသော ကောင်းကင်ဧကရာဇ်များ အားလုံးမှာ အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် အဝေးသို့ နောက်ဆုတ်သွားကြ၏။

ယဲ့ဖုန်း နှင့် ရှောင်ချန်းထျန်း တို့ ထုတ်လွှတ်လိုက်သော အရှိန်အဟုန်မှာ အလွန်ပင် အားကောင်းလှပေ၏။ မည်သို့သော တိုက်ခိုက်မှုမျိုးမဆို သူတို့၏ အစွမ်းကုန် တိုက်ခိုက်မှုများနှင့် သွားရောက် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။

"ရှေးဟောင်း မူလနဂါး... ငါ့ခန္ဓာနဲ့ ပေါင်းစပ်မယ်"

ရှောင်ချန်းထျန်းသည် လက်ဟန်များ ပြုလုပ်လိုက်လေရာ ထိုရှည်လျားလှသော ရှေးဟောင်း မူလနဂါးကြီးသည် ရုတ်တရက် ပြိုကျသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။ ထို့နောက် ရေတွက်၍မရနိုင်လောက်အောင် များပြားသော အဖြူရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ သူ၏ ရုပ်ခန္ဓာ စွမ်းအားကို ရိုင်းစိုင်းကြမ်းတမ်းစွာဖြင့် တစ်ဟုန်ထိုး တိုးပွားလာစေတော့၏။

ယခုအခါတွင် ရှောင်ချန်းထျန်းသည် ရုပ်ခန္ဓာကျင့်ကြံသူ ကောင်းကင်ဧကရာဇ် အဆင့်သို့ တကယ်ပင် ရောက်ရှိသွားချေပြီ။

"ဟိုက်"

လူတိုင်းမှာ အသက်ရှူဖို့ပင်မေ့သွားကြပြီး ပင့်သက်ကိုသာ ရှိုက်သွင်းလိုက်ကြရတော့သည်။

ပုံမှန်အချိန်၌ ရှောင်ချန်းထျန်း ပင်လျှင် လုံလုံလောက်လောက်.. ကြောက်စရာကောင်းနေပြီ ဖြစ်သော်လည်း ယခုအခါ ရှေးဟောင်း မူလနဂါး နှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် သူ၏ စွမ်းအားသည် အနည်းဆုံး နှစ်ဆခန့် တိုးတက်သွားခဲ့လေပြီ။

သို့ဆိုလျှင် ယဲ့ဖုန်းသည် သူ၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်ပါတော့မည်နည်း။

လူအုပ်ကြီးမှာ ယဲ့ဖုန်းအတွက် အထူးပင် စိုးရိမ်ပူပန်လာကြ၏။

ကျောင်းယန် သန့်စင်သောမြို့တော် မှ ကျင့်ကြံသူများအပါအဝင် ဤကြီးမားသော တိုက်ပွဲကြီးကို အာရုံစိုက် စောင့်ကြည့်နေကြသော စုစုပေါင်း ကျင့်ကြံသူ အရေအတွက်မှာ သန်းဆယ်ဂဏန်းပင် ကျော်လွန်နေပေသည်။

ထိုအထဲတွင် အများစုက ယဲ့ဖုန်း အနိုင်ရမည်ကိုသာ မျှော်လင့်နေကြ၏။ အကြောင်းမူကား ရှောင်ချန်းထျန်းသည် တားမြစ်နယ်မြေမှ လာသူတစ်ဦး ဖြစ်သောကြောင့်ပင်။

တားမြစ်နယ်မြေမှ လူများသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်ရန် ဝန်မလေးကြသကဲ့သို့ အန္တရာယ်လည်း အလွန်များလှပေသည်။

ထို့အပြင် ရှောင်ချန်းထျန်းသည် ယခင်က ထိပ်တန်း အင်အားစု အများအပြားမှ ကောင်းကင်ဧကရာဇ်အဆင့် စွမ်းအားရှင်များကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ထိုအင်အားကြီးဂိုဏ်းများကို မျက်နှာပျက်စေခဲ့ဖူးသည်။ သို့ဖြစ်ရာ ယဲ့ဖုန်းကသာ ရှောင်ချန်းထျန်းအား အနိုင်ယူ၍ မိမိတို့၏ ဂုဏ်သိက္ခာကို ကယ်တင်ပေးနိုင်လိမ့်မည်ဟု ပို၍ပင် မျှော်လင့်နေကြပါ၏။

သို့သော် ယခုအခါတွင်မူ ယဲ့ဖုန်းသည် အမှန်တကယ်ပင် အားနည်းနေဟန် ရှိချေသည်။

"ယဲ့ဖုန်း... မင်းရဲ့ အကြီးမားဆုံး အားကိုးရာက မင်းရဲ့ ကောင်းကင်ဧကရာဇ်အဆင့် ရုပ်ခန္ဓာကျင့်ကြံမှု စွမ်းအားပဲ ဖြစ်ရမယ် မဟုတ်လား။ ဒါပေမယ့် ရှေးဟောင်း မူလနဂါး သွေးမျိုးဆက်က ငါနဲ့ ပေါင်းစပ်လိုက်တာနဲ့ ငါကလည်း ကောင်းကင်ဧကရာဇ်အဆင့် ရုပ်ခန္ဓာကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအားကို ထုတ်သုံးနိုင်တယ်..နှမြောစရာပဲ နှမြောစရာပါပဲ"

“ဝုန်း... ဝုန်း... ဝုန်း…”

မြင့်မားသော ကောင်းကင်ယံထက်တွင် ယဲ့ဖုန်းနှင့် ရှောင်ချန်းထျန်းတို့သည် အပြန်အလှန် လက်သီးများဖြင့် သည်းကြီးမည်းကြီး ထိုးနှက်နေကြသည်။

လက်သီး တစ်ချက်စီသည် ရန်သူ၏ ခန္ဓာကိုယ်နှင့် မထိတွေ့မီကပင် ဟင်းလင်းပြင်ကို အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်လိုက်၏။

"အရမ်း ကြောက်စရာ ကောင်းတာပဲ"

"ဒါက ကောင်းကင်ဧကရာဇ်အဆင့် ရုပ်ခန္ဓာ ကျင့်ကြံသူ နှစ်ယောက်ရဲ့ ထိပ်တိုက် ရင်ဆိုင်မှုလား။ တကယ်ကို အရမ်း ကြောက်စရာ ကောင်းတာပဲ"

ကြည့်ရှုသူများမှာ တိုက်ပွဲ၏ အရှိန်အဟုန် သက်ရောက်မည်ကို ကြောက်ရွံ့ကာ နောက်သို့ ဆုတ်ခွာသွားကြတော့သည်။

"ဒီလောက် အံ့သြစရာကောင်းတဲ့ စွမ်းအား... ဒါကြောင့်မို့လို့ ရုပ်ခန္ဓာကျင့်ကြံသူ ကောင်းကင်ဧကရာဇ် တစ်ယောက်နဲ့ တိုက်ခိုက်ရတာ ဘယ်လိုခံစားရလဲ ဆိုတာပါပဲ။ ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းလိုက်သလဲ"

ယဲ့ဖုန်းသည် ရှောင်ချန်းထျန်း၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ခုခံကာကွယ်ရင်း သူ၏ လက်သီးများကို ဆက်လက် လွှဲယမ်းနေ၏။ ပြိုင်ဘက်ထံမှ ထွက်ပေါ်လာသော လက်သီးတစ်ချက်စီတိုင်းသည် ရှေးဟောင်း မူလနဂါး ၏ ပုံရိပ်ယောင်ကို ထွက်ပေါ်လာစေပြီး သူ၏ လက်သီးများတွင် လွှမ်းမိုးနိုင်သော စွမ်းအားများကို ထပ်လောင်း ပေါင်းထည့်ပေးနေတော့သည်။

ယဲ့ဖုန်းသည် ဖိအားများစွာအောက်သို့ ကျရောက်နေပေသည်။

သို့သော်ငြားလည်း သူ၏ထံတွင် ကြောက်ရွံ့မှု လုံးဝမရှိချေ။

သူသည် အချိန်စွမ်းအားကို အသုံးမပြုရသေးသကဲ့သို့ သူ၏ ကောင်းကင်ဧကရာဇ်အဆင့် ဝိညာဉ်အာရုံ စွမ်းအားကိုလည်း ထုတ်မသုံးရသေးပေ။ ထို့အပြင် သူ၏ မူလချီ ပုံစံကိုလည်း တံဆိပ်မခွာရသေးချေ။

အကယ်၍ သူသာ ထိုသို့ ပြုလုပ်ခဲ့ပါက ရှောင်ချန်းထျန်းအား အလွယ်တကူ နှိမ်နင်းနိုင်မည်သာ ဖြစ်၏။ သို့သော် ထိုသို့ဆိုလျှင် တိုက်ပွဲမှာ အလွန်ပင် ပျင်းစရာကောင်းသွားပေလိမ့်မည်။

ဂုဏ်သတင်း အမှတ်များ ပိုမိုရရှိရန်အတွက် သူသည် စိတ်လှုပ်ရှားဖွယ်ရာနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဦးစွာ ဆင်နွှဲရမည်ပင်။

အကျိုးသက်ရောက်မှုကို အမြင့်ဆုံးဖြစ်စေရန် ကျင့်ကြံသူများ၏ စိတ်ဝင်စားမှုကို အစွမ်းကုန် နိုးဆွရမည် ဖြစ်၏။

"အချိန် ဝင်္ကပါ... စီးဆင်းမှုနှုန်း သုံးဆ"

ယဲ့ဖုန်းသည် အချိန်သုံးဆ မြန်ဆန်သော အခြေအနေသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွား၏။ သူ၏ အာရုံများမှာ သုံးဆခန့် တိုးလာသကဲ့သို့ ခံစားလိုက်ရပေသည်။ ရှောင်ချန်းထျန်း၏ ပြင်းထန်လှသော လက်သီးများမှာလည်း အများကြီး နှေးကွေးသွားသယောင် ရှိနေတော့သည်။

ထို့ကြောင့် သူသည် ဆက်လက်၍ မခုခံတော့ဘဲ ခပ်သွက်သွက် ရှောင်တိမ်းနေလိုက်၏။

“ဝုန်း... ဝုန်း... ဝုန်း…”

ရှောင်ချန်းထျန်း ထံမှ ထွက်ပေါ်လာသော လက်သီး တစ်ချက်စီတိုင်းသည် လေဟာပြင်ကိုသာ ထိမှန်သွားပြီး ဟင်းလင်းပြင်ကို ချိုးဖျက်သွားသော်လည်း ယဲ့ဖုန်း၏ ဆံချည် တစ်မျှင်ကိုမျှ မထိခိုက်နိုင်တော့ချေ။

"ကြည့်စမ်း... ယဲ့ဖုန်းက တကယ်ကို လက်နောက်ပိုက်ပြီး ရပ်နေတာပဲ"

ယဲ့ဖုန်းက မခုခံဘဲ သူ့နောက်ကျောတွင် လက်များကို ချိတ်ထားကာ ရှောင်ချန်းထျန်း၏ တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းနေသည်ကို လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က သတိထားမိသွားသည်။

"မင်းရဲ့ အမြန်နှုန်းနဲ့ တုံ့ပြန်မှုတွေက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းနိုင်ရတာလဲ"

ရှောင်ချန်းထျန်း တစ်ယောက် အလွန်ပင် အံ့အားသင့်သွားတော့၏။

သူ မည်သို့ပင် ကြိုးစား၍ လက်သီးဖြင့် ထိုးနှက်နေစေကာမူ ယဲ့ဖုန်း၏ အရိပ်ကိုပင် မထိနိုင်ချေ။

"ရှောင်ချန်းထျန်း... မင်းက အရမ်းနှေးလွန်းတယ်ကွ"

ယဲ့ဖုန်းက နှုတ်ခမ်းထောင့်တွင် မဲ့ပြုံးတစ်ချက် ပြုံးရင်း ပြောလိုက်သည်။

သူ စကားပြောနေစဉ်အတွင်း အခြားသူများအတွက် ပုံမှန်အသံထွက် ဖြစ်စေရန် သေချာစေရန်အတွက် စကားပြောဆိုခြင်းကို တမင်တကာ နှေးကွေးအောင် ပြုလုပ်ထား၏။

“ဝီ…”

ရုတ်တရက် ယဲ့ဖုန်းက လက်သီးတစ်ချက်ကို ညာသံပေးကာ ထိုးသွင်းလိုက်ရာ အရှိန်ရလာပြီး လက်သီး၏ အမြန်နှုန်းမှာ တစ်ဟုန်ထိုး မြင့်တက်သွားတော့သည်။

ဝုန်း...

ရှောင်ချန်းထျန်းမှာ မျက်နှာကို တိုက်ရိုက် အထိုးခံလိုက်ရ၏။ သူသည် လုံးဝ သည်းမခံနိုင်လောက်အောင် ဖြစ်သွားကာ မျက်လုံးများပင် ပြူးထွက်လာတော့မတတ် နာကျင်မှုကို ခံစားလိုက်ရတော့သည်။

“ဖတ်... ဖတ်... ဖတ်…”

ယဲ့ဖုန်းသည် ဆက်လက်၍ လက်သီးများ ထိုးသွင်းနေပြီး ရှောင်ချန်းထျန်း၏ ပြင်းထန်လှသော တန်ပြန်လက်သီးများကိုမူ ပွတ်ကာသီကာလေးဖြင့် အလွယ်တကူ ရှောင်တိမ်းနေ၏။

တစ်ပြိုင်နက်တည်းမှာပင် ရှောင်ချန်းထျန်း၏ ရင်ဘတ်ပေါ်သို့ လက်သီးချက် ဒါဇင်ပေါင်းများစွာကို သည်းကြီးမည်းကြီး ထိုးနှက်လိုသူသည်ရှောင်ချန်းထျန်း.. နောက်သို့ လွင့်ထွက်သွားလေ၏။ ဝေဒနာကို မအောင့်နိုင်တော့ဘဲ သွေးများ ဝေါ့ခနဲ အန်ချလိုက်ရတော့သည်။

"ရှောင်ချန်းထျန်းက ရှုံးနေပြီဟ"

"ယဲ့ဖုန်းက ခုနက ရှင်းရှင်းလင်းလင်း အားနည်းနေတာလေ။ ဒါပေမယ့် သူ့အမြန်နှုန်းက ဘာလို့ ရုတ်တရက် ဒီလောက်တောင် မြင့်တက်သွားရတာလဲ။

အရမ်းကို ကြောက်စရာ ကောင်းပါလားဟေ"

"ဒါဆို ယဲ့ဖုန်းက အစစ်အမှန် ရုပ်ခန္ဓာကျင့်ကြံသူ ကောင်းကင်ဧကရာဇ်ပဲ။ သူက ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး ခိုင်မာတဲ့ ခွန်အားတွေ ရှိရုံသာမက သူ့ရဲ့ တုံ့ပြန်မှု အမြန်နှုန်းကလည်း ထိပ်တန်းပဲ။ ရှေးဟောင်း မူလနဂါးကို အားကိုးပြီး ရုပ်ခန္ဓာကျင့်ကြံသူ ကောင်းကင်ဧကရာဇ် အဆင့်ကို ယာယီ တက်လှမ်းခဲ့တဲ့ ရှောင်ချန်းထျန်း လို လူမျိုးနဲ့ သူက ဘယ်လိုမှ နှိုင်းယှဉ်လို့မရဘူး"

အဝါရောင်နဂါး ကောင်းကင်ဧကရာဇ်ကလည်း ထိုသို့ပင် ထင်ကြေး ပေးခဲ့သည်။

ဤစကားကို လူအုပ်ကြီး ကြားလိုက်ရသောအခါ ၎င်းတို့က တညီတညွတ်တည်း သဘောတူလိုက်ကြတော့၏။

တူညီသော ရုပ်ခန္ဓာကျင့်ကြံသူ ကောင်းကင်ဧကရာဇ် အဆင့်တွင် ရှိနေပါလျက်နှင့် တုံ့ပြန်မှုအမြန်နှုန်းတွင် ထိုမျှ ကွာဟမှုရှိနေခြင်း၊ ဤကဲ့သို့ အလွယ်တကူ ရိုက်နှက်ခံရခြင်းတို့မှာ မဖြစ်နိုင်သောအရာပင်။

ထို့ကြောင့် လူတိုင်း၏အမြင်တွင် ယဲ့ဖုန်းသည်သာ စစ်မှန်သော ရုပ်ခန္ဓာကျင့်ကြံသူ ကောင်းကင်ဧကရာဇ်ဖြစ်ပြီး ရှောင်ချန်းထျန်းသည် အတုအယောင်မျှသာ ဖြစ်ကြောင်း မှတ်ယူလိုက်ကြ၏။

"မင်း ငါ့ကို တကယ် ထိခိုက်အောင် လုပ်နိုင်ခဲ့တယ်ပေါ့"

ရှောင်ချန်းထျန်းသည် အဝေးကြီးသို့ လွင့်စင်ဆုတ်ခွာသွားပြီးနောက် သူ၏ အင်္ကျီလက်စဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူ၏ မျက်နှာထက်တွင်ကား ထိတ်လန့်မှုများ အပြည့်အဝ ဖုံးလွှမ်းနေတော့သည်။

"သခင်လေး အမှန်တကယ် ဒဏ်ရာရသွားပြီ"

ပိုင်ကျီးသည် ထိတ်လန့်တကြားဖြစ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။

တပိုင်း အဆင့် သူတော်စင် အစောင့်အရှောက်သည် ယဲ့ဖုန်း၏ နည်းလမ်းများကို မယုံနိုင်စရာကောင်းလောက်အောင် တွေ့မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။ သူကိုယ်တိုင်ပင်လျှင် ထိုလှုပ်ရှားမှုများကို မမြင်နိုင်ခဲ့ချေ။

ယဲ့ဖုန်း၏ တုံ့ပြန်မှုနှင့် အမြန်နှုန်းသည် ရှောင်ချန်းထျန်းထက် များစွာ သာလွန်နေလိမ့်မည်ဟု သူ လုံးဝ ယုံကြည်မထားခဲ့ပေ။ ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရခက်သော နည်းစနစ်တစ်ခုကြောင့်သာ ဖြစ်ရမည်ဟု တွေးတောလိုက်၏။

တပိုင်း အဆင့် သူတော်စင် တစ်ဦးအနေဖြင့်ပင် ထိုအရာကို မမြင်နိုင်ခဲ့ပေ။

"ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား... ငါ့ကို စွမ်းအားပေးပါ"

ရှောင်ချန်းထျန်းသည် ဤရှုံးနိမ့်မှုကို လုံးဝ သည်းမခံနိုင်ချေ။ သူသည် အားပြင်းစွာ လက်လှမ်းလိုက်ရာ ကောင်းကင်ဧကရာဇ်အဆင့် ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားလေတော့သည်။ ထိုအခိုက် သူ၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် ထပ်မံ၍ တိုးမြင့်လာခဲ့ပြီး သာမန် ကောင်းကင်ဧကရာဇ်များကိုပင် ထိတ်လန့်သွားစေမည့် အဆင့်သို့ ရောက်ရှိသွားချေပြီ။

"တကယ်ကို ကြောက်စရာကောင်းတာပဲ"

"ရှောင်ချန်းထျန်းရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် လက်သီးတစ်ချက်တည်းက ငါ့ကို ဒုက္ခိတ ဖြစ်သွားစေနိုင်တယ်"

အချို့သော ကောင်းကင်ဧကရာဇ်များ၏ မျက်နှာများမှာ ဖြူဖျော့ပြာနှမ်းသွားကြ၏။

ခက်ခဲကြမ်းတမ်းသော ကျင့်ကြံအားထုတ်မှုဖြင့်သာ ရှောင်ချန်းထျန်းနှင့် ရင်ပေါင်တန်းနိုင်မည့် အခွင့်အရေး တစ်ရပ် ရရှိမည်ဟု သူတို့ အစက ထင်မှတ်ထားခဲ့ကြပေသည်။

သို့သော်ငြားလည်း ရှောင်ချန်းထျန်းသည် တပိုင်း အဆင့် သူတော်စင် အဆင့်သို့ မဖောက်ထွက်ရသေးဘဲနှင့် တပိုင်း အဆင့် သူတော်စင် အဆင့်နှင့် နီးစပ်သော စွမ်းအားကို ကိုင်စွဲထားနိုင်လောက်အောင် ကြောက်စရာကောင်းနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

"ရှောင်ချန်းထျန်း... မင်းရဲ့ စွမ်းအားက တိုးလာတယ်... ဒါပေမယ့် မင်းရဲ့ တုံ့ပြန်မှု အမြန်နှုန်းကရော"

ယဲ့ဖုန်းသည် လေထဲတွင် ခန့်ညားစွာ ရပ်တန့်နေဆဲဖြစ်ပြီး လက်နှစ်ဖက်ကိုလည်း နောက်ပစ်ထားဆဲပင် ဖြစ်၏။

လတ်တလော အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက်တွင်မူ သူသည် ရှောင်ချန်းထျန်း၏ ခွန်အား အခြေခံအုတ်မြစ်ကို အကြမ်းဖျင်းအားဖြင့် နားလည်သွားခဲ့ချေပြီ။

ဤလူသည် မယုံနိုင်လောက်အောင်ပင် စွမ်းအားကြီးမားလှပေ၏။

သူ၏ အခြေခံအုတ်မြစ်ကို ဖယ်ရှားလိုက်လျှင်ပင် သာမန် ကောင်းကင်ဧကရာဇ်တစ်ပါးထက် အဆပေါင်းများစွာ ပို၍ သန်မာနေသေးသည်။ သူသည် တိုက်ပွဲများ၌ ရွယ်တူများကို စိုးမိုးနိုင်ခဲ့ခြင်းအတွက် အံ့သြစရာ လုံးဝမရှိချေ။

ကောင်းကင်ဧကရာဇ်အဆင့် စွမ်းအားရှင်တိုင်းနီးပါးသည် အတိတ်က ပါရမီရှင်တစ်ယောက် သို့မဟုတ် သဘာဝလွန် ဖြစ်တည်မှုတစ်ရပ် ဖြစ်ခဲ့ဖူးကြပေသည်။ သို့သော် ရှောင်ချန်းထျန်းမှာကား သူတို့ထက် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းနေပြီး တကယ့်ကိုပင် အံ့မခန်း ပါရမီရှင်တစ်ယောက်ဖြစ်ကာ စိမ်းပြာရောင် တားမြစ်နယ်မြေ၏ သားတစ်ယောက် ဖြစ်ရန် အပြည့်အဝ ထိုက်တန်လှပေ၏။

"ဟွန့်... မင်းကို ရင်ဆိုင်ဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်ကွ"

ရှောင်ချန်းထျန်းသည် လက်ဟန်များ ပြုလုပ်ရင်း ကြွေးကြော်လိုက်သည့်အခိုက်၊ ရှေးဟောင်း မူလနဂါး၏ ပုံရိပ်ယောင်များနှင့် ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား တိမ်တိုက်များသည် သူ၏ နောက်ကွယ်တွင် ပြန်လည်ပေါ်ထွက်လာတော့သည်။

ထိုအခိုက်အတန့်၌ ထိုအရာနှစ်ခုသည် စတင် ပေါင်းစပ်လာချေပြီ။

'ဒါက သက်စောင့်စွမ်းအား ပေါင်းစပ်ခြင်းပဲ'

တိုက်ပွဲကို အနီးကပ် စောင့်ကြည့်နေသော ကျောင်းယန် သန့်စင်သောမြို့တော်၏ မြို့စားမင်းမှာ ထိတ်လန့်တကြား ထခုန်မိပြီး လုံးဝ အံ့အားသင့်သွားရ၏။

သက်စောင့်စွမ်းအား ပေါင်းစပ်ခြင်း ဆိုသည်မှာ တပိုင်း အဆင့် သူတော်စင် အဆင့်သို့ တက်လှမ်းရန် နည်းလမ်းတစ်ခုပင် ဖြစ်ပေသည်။

'ဒီလှုပ်ရှားမှုနဲ့ဆိုရင် ယဲ့ဖုန်းဟာ အသေအချာပဲ သေရတော့မှာပါလား’

--

All Chapters