အခန်း ၆၃၈
Vol. 43 Ch. 638
အခန်း (၆၃၈) အသက်ဓာတ် ပေါင်းစပ်ခြင်းနှင့် ယဲ့ဖုန်း၏ အစစ်အမှန် ခွန်အား
“မကောင်းဘူးဗျ။ ဒါက သက်စောင့်စွမ်းအား ပေါင်းစပ်ခြင်း ပဲ”
“ရှောင်ချန်းထျန်းက တပိုင်း အဆင့် သူတော်စင် အဆင့်ကို မရောက်သေးဘဲနဲ့ တပိုင်း အဆင့် သူတော်စင် နည်းလမ်းကို သုံးနေတယ်။ ယဲ့ဖုန်း ရှုံးဖို့ များနေပြီ”
“တကယ်ကြီး သက်စောင့်စွမ်းအား ပေါင်းစပ်ခြင်း ဖြစ်နေတာပဲ၊ ဟူး...”
ရောက်ရှိနေသော ကောင်းကင်ဧကရာဇ် များသည် စိုးရိမ်တကြီး သက်ပြင်းချလိုက်ကြသည်။
ဟင်းလင်းပြင်ဖြိုခွဲအဆင့် တွင် သူတော်စင်ဖြစ်ရန်အတွက် လက်ရှိ၌ အခြေခံအားဖြင့် လမ်းကြောင်း တစ်ခုတည်းသာ ရှိပြီး၊ ၎င်းမှာ သက်စောင့်စွမ်းအား ပေါင်းစပ်ခြင်း ပင် ဖြစ်၏။
သာမန် ကျင့်ကြံသူများသည် ရွှေ၊ သစ်သား၊ ရေ၊ မီး နှင့် မြေကြီး ဟူသော ဓာတ်ကြီး ငါးပါး၏ ဝိညာဉ်စွမ်းအင် ကို သန့်စင်ကြသည်။
...
သူတော်စင်အဆင့် သို့ တက်လှမ်းရန်အတွက် ဤစွမ်းအင်ငါးမျိုးကို အစီအစဉ်အလိုက် ပေါင်းစပ်ရမည် ဖြစ်၏။
ဥပမာအားဖြင့် ကောင်းကင်ဧကရာဇ်အဆင့် စွမ်းအားရှင်တစ်ဦးသည် ရွှေနှင့် သစ်သား စွမ်းအင်များကို ဦးစွာ ပေါင်းစပ်လိုက်ပါက တပိုင်း အဆင့် သူတော်စင် ဖြစ်လာနိုင်ပေသည်။
ဤအဆင့်ကို တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဟု ခေါ်ဆိုသည်။
ထို့နောက် ရေ နှင့် ပေါင်းစပ်ခြင်းဖြင့် နှစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်လာနိုင်၏။
ဆက်လက်၍ မီး နှင့် ပေါင်းစပ်ခြင်းအားဖြင့် သုံးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်လာနိုင်ပေသည်။
နောက်ဆုံးတွင် မြေကြီး ကို ပေါင်းစပ်ခြင်းဖြင့် လေးဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်လာနိုင်သည်။
ထိုအချိန်သို့ ရောက်သောအခါ စွမ်းအင်ငါးမျိုးလုံး အပြည့်အဝ ပေါင်းစပ်သွားပြီဖြစ်ရာ သူတော်စင်အဆင့် နှင့် အဆုံးအစမဲ့ နီးကပ်သော အဆင့်တစ်ခုတွင် ရပ်တည်နေပြီ ဖြစ်တော့၏။
သူတော်စင်ဖြစ်ရန်အတွက် နောက်ဆုံး သူတော်စင်တက်လှမ်းခြင်း ကပ်ဘေး ကို ကျော်ဖြတ်ရန်သာ လိုအပ်တော့သည်။
မှတ်သားဖွယ်ကောင်းသည်မှာ သက်စောင့်စွမ်းအား ပေါင်းစပ်ခြင်း တစ်ကြိမ် ပြုလုပ်တိုင်း ဘေးအန္တရာယ်တစ်ခုကို ဖြတ်ကျော်ရမည် ဖြစ်၏။ ပထမဆုံး ပေါင်းစပ်ခြင်း အပါအဝင် ကမ္ဘာပျက်ကပ် ဘေးဒဏ် လေးကြိမ်နှင့် သူတော်စင်တက်လှမ်းခြင်း ကပ်ဘေး တစ်ကြိမ်ကို ခံနိုင်ရည် ရှိရမည်သာ။
ကြီးမားလှသော အခက်အခဲများ ရှိနေခြင်းကြောင့် သူတော်စင်ဖြစ်ရန်မှာ ကောင်းကင်သို့ တက်ရသကဲ့သို့ ခက်ခဲလှပေသည်။
များစွာသော ကျင့်ကြံသူများသည် ကောင်းကင်ဧကရာဇ်အဆင့် ထက် မတိုးတက်ဘဲ တစ်သက်လုံး နေထိုင်သွားကြရပြီး စွမ်းအင်များကို ပေါင်းစပ်ရန်ပင် မကြိုးစားနိုင်ကြချေ။
သေချာသည်မှာ သူတော်စင်ဖြစ်ရန် ရွှေ၊ သစ်သား၊ ရေ၊ မီး နှင့် မြေကြီး ဟူသော ဓာတ်ကြီးငါးပါးကို အတိအကျ ပေါင်းစပ်ရန် မလိုသလို၊ အစီအစဉ်အတိုင်း လုပ်ဆောင်ရန်လည်း မလိုအပ်ပေ။ မည်သည့် စွမ်းအင်ငါးမျိုးကိုမဆို ပေါင်းစပ်နိုင်ပါက သူတော်စင် ဖြစ်လာနိုင်သည်။
ပေါင်းစပ်လိုက်သော စွမ်းအင်များက သူတော်စင်ဖြစ်ပြီးနောက် ပိုင်ဆိုင်လာမည့် စွမ်းအားအပေါ် အကျိုးသက်ရောက်မှု ရှိစေမည် ဖြစ်၏။
လောလောဆယ်တွင် ရှောင်ချန်းထျန်းက စွမ်းအင် နှစ်မျိုးကို ရွေးချယ်ထားခဲ့လေပြီ။
၎င်းတို့မှာ ရှေးဟောင်း မူလနဂါး သွေးမျိုးဆက် နှင့် ရှေးဟောင်း သူရဲကောင်း ဝိညာဉ်စွမ်းအား တို့ပင် ဖြစ်ကြသည်။ နောင်တစ်ချိန် ပထမဆုံး စွမ်းအင်ပေါင်းစပ်သည့်အခါ တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်လာရန် ဤစွမ်းအားနှစ်ခုကို အပြည့်အဝ ပေါင်းစပ်မည်ဟု သူ ဆုံးဖြတ်ထားပြီး ဖြစ်၏။
နောက်ပိုင်းတွင် မည်သည့်စွမ်းအားများကို ထပ်မံ ပေါင်းစပ်မည် ဆိုသည်ကိုမူ အချိန်တန်မှသာ ဆုံးဖြတ်မည်ပင်။
“ငါ့အတွက် ပေါင်းစပ်စေ”
ရှောင်ချန်းထျန်းသည် ထိုစွမ်းအားနှစ်ခုကို ခေတ္တမျှ ပေါင်းစပ်လိုက်ရာ သူ့ကို ကြေမွလုမတတ် ဖြစ်စေသည့် အလွန် ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံနိုင်ရည် ရှိခဲ့ရသည်။
သို့သော် နောက်ဆုံးတွင် သူ တောင့်ခံနိုင်ခဲ့၏။ ရှောင်ချန်းထျန်း၏ နောက်ကွယ်တွင် ရွှေရောင် ရှေးဟောင်း မူလနဂါး ကြီး တစ်ကောင် မာနထောင်လွှားစွာ ရပ်တည်နေပြီး ယခင်ကထက် ငါးဆမျှ ပိုမို အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေတော့သည်။
အကယ်၍ သူသာ စစ်မှန်သော တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် ဖြစ်လာပြီး ပေါင်းစပ်မှုကို အပြီးသတ်မည်ဆိုပါက ထိုပေါင်းစပ်မှုက သူ၏ စွမ်းအားကို ဆယ်ဆအထိ တိုးမြှင့်ပေးနိုင်ပေမည်။
သို့သော် သူသည် ယာယီ ပေါင်းစပ်မှုကိုသာ ပြုလုပ်နေခြင်း ဖြစ်သဖြင့် စွမ်းအား အပြည့်အဝကို အမြင့်ဆုံးအထိ မရောက်ရှိနိုင်ခဲ့ချေ။
သို့တိုင်အောင် ငါးဆမျှ တိုးလာခြင်းကပင် အလွန် ကြောက်စရာ ကောင်းနေပြီ ဖြစ်၏။
“ယဲ့ဖုန်း၊ ဒီတိုက်ခိုက်မှုက လောလောဆယ် ဒီသခင်လေးရဲ့ အသန်မာဆုံး တိုက်ကွက်ပဲ။ တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် တောင်မှ အနိုင်နိုင်.. ရင်ဆိုင်ရလိမ့်မယ်။ မင်း ခံနိုင်ရည် ရှိမလား ဆိုတာ ကြည့်ရသေးတာပေါ့ကွာ”
ရွှေရောင် ရှေးဟောင်း မူလနဂါး ၏ တိုက်ခိုက်မှုကို ရှောင်တိမ်း၍ မရနိုင်ချေ။
ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကဲ့သို့ပင် ၎င်းသည် ယဲ့ဖုန်း၏ ဝိညာဉ်အရှိန်အဝါကို ပစ်မှတ်ထား ပိတ်လှောင်ထားပြီးဖြစ်ရာ အတင်းအကျပ် ခုခံရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
“ဒါက သက်စောင့်စွမ်းအား ပေါင်းစပ်ခြင်း လား။ အသိပညာ အသစ်တစ်ခု ရလိုက်တာပဲ”
ယဲ့ဖုန်းက ရှောင်ချန်းထျန်းကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်သည့် အမူအရာ လုံးဝ မရှိခဲ့ချေ။
'သက်စောင့်စွမ်းအား ပေါင်းစပ်ခြင်း လား။ မူလချီ ရဲ့ ပုံမှန်အခြေအနေကိုရော သက်စောင့်စွမ်းအား ပေါင်းစပ်ခြင်း လို့ သတ်မှတ်လို့ ရမလားပဲ'
ယဲ့ဖုန်း စိတ်ထဲမှ တွေးတောနေမိသည်။
“ကြည့်ရတာ သက်စောင့်စွမ်းအား ပေါင်းစပ်ခြင်း က ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ မင်း နားမလည်သေးဘူး ထင်တယ်။ မင်း ဒါကို ရှောင်နိုင်မယ်လို့ ထင်နေတာလား။ နောက်ဘာဖြစ်လာမလဲ ဆိုတာ မင်း တွေ့ရလိမ့်မယ်ကွ”
ရှောင်ချန်းထျန်းက ဟိန်းဟောက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ရှေ့သို့ တွန်းထုတ်လိုက်တော့၏။
သူ၏ နောက်ကွယ်ရှိ ရွှေရောင် ရှေးဟောင်း မူလနဂါး ကြီးမှာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ပြီး မြင့်မားသော ကောင်းကင်သို့ ပျံတက်သွားလေသည်။ ယဲ့ဖုန်း၏ ဝိညာဉ်ကို ပိတ်ဆို့လျက် သနားညှာတာမှု ကင်းမဲ့စွာဖြင့် ထိုးဆင်းလာသည်။
“ဂိုဏ်းချုပ်ယဲ့၊ သတိထားပါ။ ဒီတိုက်ခိုက်မှုက ဝိညာဉ်ကို ပိတ်လှောင်ထားလို့ ရှောင်လို့မရဘူး၊ အမြန် အရှုံးပေးလိုက်ပါ”
အဖြူရောင်ဝတ်ရုံ ကောင်းကင်ဧကရာဇ် က ကျယ်လောင်စွာ သတိပေးလိုက်သည်။
ရှောင်ချန်းထျန်း၏ တိုက်ခိုက်မှုမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဤနေရာသို့ ရောက်ရှိနေသူများထဲတွင် တပိုင်း အဆင့် သူတော်စင် မှလွဲ၍ မည်သူမျှ ဤတိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည်မဟုတ်ချေ။ ယဲ့ဖုန်းသည် ထူးကဲစွာ သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ရုပ်ခန္ဓာကျင့်ကြံသူ ကောင်းကင်ဧကရာဇ် တစ်ဦး ဖြစ်သော်ငြားလည်း ဤတိုက်ခိုက်မှုက သူ့ကို သတ်ပစ်နိုင်သလို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်သည်။
“ကိစ္စမရှိပါဘူး”
ယဲ့ဖုန်းက ခေါင်းခါလိုက်ပြီး လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။ သူ၏ ကိုယ်ခန္ဓာပေါ်ရှိ စွမ်းအားငါးမျိုးမှာ စတင် ပေါင်းစပ်လာပြီး မူလချီ ၏ ပုံမှန်အခြေအနေ အတွင်းသို့ ဝင်ရောက်သွားကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကောင်းကင်ဧကရာဇ်အဆင့် ထက် အဆပေါင်းများစွာ ချက်ချင်း မြင့်တက်သွားစေတော့သည်။
ထို့နောက် သူ စတင် ခြေလှမ်းလိုက်သည်။
“တစ်လှမ်း ချီကျင့်ကြံ၊ စကြဝဠာ နိုးထ”
ယဲ့ဖုန်းက ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို အသက်သွင်းလိုက်သည်။
မူလချီ အရင်းအမြစ် ၏ ဆယ်ဆ တိုးပွားလာမှုအတွက်မူ သူ မလိုအပ်ဟု ထင်မြင်မိ၏။
ရှောင်ချန်းထျန်းမှာ ထိုအရာကို အသုံးပြုရန် မတန်ပါချေ။
‘ဝုန်း..”
ကြမ်းတမ်းလှသော ကောင်းကင်နှင့် မြေကြီး စွမ်းအင်များမှာ ရူးသွပ်စွာ ဝင်ရောက်လာပြီး ယဲ့ဖုန်း၏ ကိုယ်ခန္ဓာအတွင်းသို့ အကုန်အစင် စီးဝင်သွားကာ သူ၏ အမြန်နှုန်းကို တစ်ဟုန်ထိုး မြင့်တက်သွားစေတော့၏။
“ခုနစ်လှမ်း ကောင်းကင်အရှင်မြတ်၊ စကြဝဠာမှာ ပြိုင်ဘက်ကင်း”
ဆယ်ဆသော အချိန်စီးဆင်းမှု အမြန်နှုန်းကြောင့် သူ၏ လှုပ်ရှားမှုများမှာ အလွန် မြန်ဆန်နေပုံရသည်။ မျက်တောင်တစ်ခတ်အတွင်း သူ ခုနစ်လှမ်း လှမ်းပြီးသွားခဲ့ပြီ ဖြစ်၏။
“ဒါ ပေဟယ် ဧကရာဇ် ရဲ့ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ပဲ။ ရေပန်းစားနေတဲ့ သတင်းတွေထဲက လိုပဲ... မင်းက ဒီဝိညာဉ်ပိတ်လှောင်တဲ့ နတ်ဘုရားစွမ်းရည်ရဲ့ အသန်မာဆုံး စွမ်းအားကို ပြသနိုင်တာပဲ။ တကယ်ကို မင်းက ကောင်းကင်က ပေးထားတဲ့ ပါရမီရှင်ကိုး”
ရှောင်ချန်းထျန်းသည် ယဲ့ဖုန်းထံမှ ထွက်ပေါ်လာသော ရူးသွပ်လှသည့် အရှိန်အဝါကို ခံစားလိုက်ရပြီး ရင်တုန်သလို ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
“ဝုန်း..”
ယဲ့ဖုန်း စတင် လှုပ်ရှားလိုက်ပြီ ဖြစ်၏။
သန်းချီသော ကြယ်တာရာ စုများအလား လေးလံလှသည့် သူ၏ ခြေထောက်က ပြင်းပြင်းထန်ထန် နင်းချလိုက်သည်။ ရွှေရောင် ရှေးဟောင်းနဂါး ကြီးမှာ ဝမ်းနည်းစွာ အော်ဟစ်လိုက်ပြီး စွမ်းအင်စီးကြောင်း နှစ်ခုအဖြစ် ပြိုကျသွားကာ ရှောင်ချန်းထျန်း၏ ရင်ဘတ်ကို ဝင်ဆောင့်သွားတော့၏။
“အွတ်”
သူသည် သွေးများ အဟုန်လိုက် အန်ထွက်လာပြီး အနောက်သို့ လွင့်ထွက်သွားသည်။
“သူ ရှုံးသွားပြီ၊ ရှောင်ချန်းထျန်း တကယ်ကြီး ရှုံးသွားပြီဟေ့”
“ယဲ့ဖုန်းက ရုပ်ခန္ဓာကျင့်ကြံသူ ကောင်းကင်ဧကရာဇ် သက်သက် မဟုတ်ဘူးကွ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ကောင်းကင်ဧကရာဇ် ထက်ကို အများကြီး သာလွန်နေတယ်။ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို အသုံးပြုနေတုန်းမှာ သူ့ရဲ့ အဟုန်က လုံးဝကို လွှမ်းမိုးနေပြီး တစ်ဆင့်ပြောင်း တပိုင်း အဆင့် သူတော်စင် နဲ့တောင် ယှဉ်နိုင်တယ်”
“ဟားဟားဟား၊ ဒါက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲကွာ”
ကြည့်ရှုနေသူများမှာ အစပိုင်းတွင် အံ့အားသင့်သွားခဲ့ကြသော်လည်း နောက်ပိုင်းတွင် အားရပါးရ ရယ်မောလိုက်ကြ၏။ ယခင်က အရှက်ကွဲမှုများကို ဆေးကြောပေးမည့် စိတ်လှုပ်ရှားကြည်နူးမှု တစ်ခုကို ခံစားလိုက်ကြရသည်။
“သခင်လေး”
ပိုင်ကျီးက ရူးသွပ်စွာ ပြေးလာပြီး ပြာနှမ်းနေသော ရှောင်ချန်းထျန်းကို ဖမ်းထိန်းလိုက်ကာ အထက်တန်းအဆင့် ကုသခြင်း ဆေးလုံး တစ်လုံးကို အမြန် ထုတ်ယူလိုက်၏။
“မလိုဘူး”
ရှောင်ချန်းထျန်းက ဆေးလုံးကို တွန်းဖယ်လိုက်ပြီး သူ၏ အင်္ကျီလက်စအောက်တွင် လက်သီးများကို တင်းတင်းဆုပ်ထားရင်း ယဲ့ဖုန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ဘာလို့လဲ။ ဘာလို့လဲ”
သူ လက်မခံနိုင်သလို နားလည်း မလည်နိုင်အောင် ဖြစ်နေရ၏။
နောက်ဆုံးအချိန်တွင် ယဲ့ဖုန်း၏ ကျင့်ကြံမှုအဆင့်က ဘာကြောင့် ရုတ်တရက် အဆပေါင်းများစွာ တိုးလာရသနည်း။ ထိုသို့သာ မဟုတ်ခဲ့လျှင် ယဲ့ဖုန်းက ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို အပြည့်အဝ အသုံးပြုနိုင်လျှင်တောင်မှ သူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။
“ငါက မင်းထက် ပိုသန်မာတယ်၊ အဲဒါပဲ အကြောင်းပြချက်က”
ယဲ့ဖုန်းက ထပ်ပြီး ရှင်းပြနေရန် စိတ်မဝင်စားတော့ဘဲ ဖြည်းညှင်းစွာ လှည့်ထွက်လိုက်သည်။
“မင်း ရှုံးပြီ၊ မင်း လာရာလမ်းကို ပြန်သွားတော့”
ထိုသို့ပြောပြီးနောက် ယဲ့ဖုန်းသည် မြူခိုးဂိုဏ်း မှ လူများရှိရာသို့ လျှောက်သွားတော့၏။
သူ၏ ခြေလှမ်းများမှာ ပေါ့ပါးနေပြီး သူ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါများမှာ ပုံမှန်လူတစ်ဦး၏ အခြေအနေသို့ ပြန်ရောက်သွားသည်အထိ တဖြည်းဖြည်း လျော့ကျသွားတော့၏။
သို့သော် ယဲ့ဖုန်းထံမှ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်မနေလျှင်တောင်မှ ယဲ့ဖုန်း၏ တည်ရှိမှုကပင် လူတိုင်းကို ရှေးဟောင်း နတ်ဘုရားတောင်တန်းကြီး တစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခန့်ညား ထည်ဝါသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
“ကြောက်စရာ ကောင်းလိုက်တာ”
“တောင်ပိုင်းက ဂိုဏ်းငယ်လေး တစ်ခုရဲ့ ခေါင်းဆောင်က ဒီလောက်အထိ စွမ်းအားကြီးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”
လူအုပ်ကြီးမှာ အသက်ဝင်စွာ.. ဆွေးနွေးလာကြတော့၏။
“မင်းက ငါ့ထက် ပိုသန်မာတယ် ဟုတ်လား... ဖူး”
ရှောင်ချန်းထျန်းသည် ယဲ့ဖုန်း၏ စကားကို တွေးတောနေမိပြီး အချိန်အတော်ကြာပြီးနောက် သူ၏ ဒေါသများ ပေါက်ကွဲထွက်လာကာ နောက်ထပ် သွေးတစ်လုတ် ထပ်အန်လိုက်ရသည်။ ပိုင်ကျီး ဖေးမထားသည့်ကြားမှ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရတော့၏။
“သခင်လေး၊ ကျွန်မတို့ ပြန်သွားကြမလားဟင်”
သူ၏ အခြေအနေကို ကြည့်ပြီး ပိုင်ကျီး၏ နှာခေါင်းထဲတွင် စူးရှသွားသည်။ ဤသည်မှာ ရှောင်ချန်းထျန်း ပထမဆုံးအကြိမ် ရှုံးနိမ့်ဖူးခြင်း ဖြစ်ပြီး ထိုးနှက်ချက်မှာ အလွန် ပြင်းထန်ရမည်မှာ သေချာလှ၏။
တပိုင်း အဆင့် သူတော်စင် အစောင့်အရှောက်က လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဒီလူက စွမ်းအင် အမျိုးမျိုးကို ယာယီ ပေါင်းစပ်နိုင်တယ်။ သူက မင်း အခု ရင်ဆိုင်နိုင်တဲ့သူ မဟုတ်ဘူး။ ကွာဟချက်ကို ကျဉ်းမြောင်းစေဖို့ဆိုရင် မင်း.. အနာဂတ်မှာ ဘယ်လို စွမ်းအင်မျိုးနဲ့ ပေါင်းစပ်ချင်လဲ ဆိုတာကို သေချာ ရွေးချယ်ဖို့ လိုတယ်”
“ဪ... အဲဒီလိုကိုး”
ရှောင်ချန်းထျန်းက လက်သီးဆုပ်ကာ အဝေးရှိ ယဲ့ဖုန်းကို လှမ်းအော်လိုက်၏။
“ယဲ့ဖုန်း၊ ဒီနေ့ တိုက်ပွဲကို မင်း နိုင်သွားပြီ။ ဒါပေမဲ့... တောင်တွေက မပြောင်းလဲဘူး၊ မြစ်တွေက ဆက်စီးနေတုန်းပဲ။ ငါ့ရဲ့ ခက်ခဲတဲ့ ကျင့်ကြံမှုကနေ ပြန်လာတဲ့အခါ နောက်တစ်ကြိမ် ငါတို့ တွေ့ရင် ရှုံးတဲ့သူက မင်းပဲ ဖြစ်ရမယ်”
“ဝှစ်..”
ရှောင်ချန်းထျန်းနှင့် အခြားနှစ်ဦးမှာ လေဟာနယ်ကို ဆွဲဖြဲကာ ပျောက်ကွယ်သွားကြသည်။
“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ရှောင်ချန်းထျန်းက သူ့သဘောနဲ့သူ အရှုံးပေးသွားလိမ့်မယ်လို့ ထင်ခဲ့မိလား”
“အလိုလေး... တကယ့်ကို အံ့ဖွယ်ပဲ”
ရောက်ရှိနေသော ကျင့်ကြံသူအားလုံးသည် ယဲ့ဖုန်းကို လှည့်ကြည့်လိုက်ကြပြီး လေးစားမှု၊ အံ့ဩမှု၊ ကြောက်ရွံ့မှုနှင့် ခါးသီးမှုတို့ ရောယှက်နေသော ရှုပ်ထွေးလှသည့် အကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။
“ချလွင်..”
ကောင်းကင်သို့ထိုးဖောက်နေသော ခရမ်း-ရွှေရောင် လှံ သည် အောင်ပွဲခံပြီး ပြန်လာသော ခွေးတစ်ကောင်အလား ယဲ့ဖုန်း၏ ပတ်ပတ်လည်တွင် စိတ်လှုပ်ရှားစွာ လှည့်ပတ်နေတော့၏။
“ဟွန့်”
ယဲ့ဖုန်းက ခပ်တိုးတိုးလေး..
နှာမှုတ်လိုက်လေသည်။
--