← Chapters

အခန်း ၆၄၁

Vol. 43 Ch. 641

အခန်း ၆၄၁

Vol. 43 Ch. 641

အခန်း (၆၄၁) နန်ယန်မြို့၏ မြို့စောင့်ပညာရှင်နှင့် နတ်ဆိုးသားရဲဆောင်၏ အဋ္ဌမအဆင့်

လင်ယွဲ့သည် အမြဲတစေ အချက် တစ်ချက်ကို မှတ်သားထားတတ်သည်။ သူမသည် ယဲ့ဖုန်းက မြူခိုးဂိုဏ်း တပည့်များကို အကြိမ်ကြိမ် ပြောဆိုလေ့ရှိသော စကားတစ်ခွန်းကို ကြားဖူးထားပါ၏။

၎င်းမှာ -

“ကောင်းမှုလုပ်ပြီး နာမည် ချန်ခဲ့ရမယ် ..” ဟူ၍။

လင်ယွဲ့သည် ယဲ့ဖုန်း၏ ရည်ရွယ်ချက်ကို အပြည့်အဝ နားမလည်သော်လည်း ၎င်းနောက်ကွယ်တွင် အကြောင်းရင်း တစ်ခုခု ရှိမည်ဟု သူမ ခံစားမိ၏။

ထို့ကြောင့် သူမသည် မိမိကိုယ်မိမိ မြူခိုးဂိုဏ်း၏ ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီး သူမ၏ ကောင်းမှုကုသိုလ် အားလုံးကို ဂိုဏ်း၏ အမည်အောက်တွင် ထားရှိခဲ့ခြင်း ဖြစ်ပါသည်။

“ဪ ... မြူခိုးဂိုဏ်းက အကြီးအကဲကိုး ... မသိနားမလည်လို့ ပြစ်မှားမိတာကို ခွင့်လွှတ်ပါနော်”ဤမြို့မှ ကျင့်ကြံသူများသည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ကိုလည်း မသိကြသလို မြူခိုးဂိုဏ်းကိုလည်း မကြားဖူးကြပေ။ သို့သော် မူလနတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦးကို ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် ခန့်ထားနိုင်သော ဂိုဏ်းမှာ အလွန် အစွမ်းထက်မည်မှာ သေချာလှသဖြင့် ၎င်းတို့သည် အစွမ်းကုန် မြှောက်ပင့် ပြောဆိုနေကြတော့သည်။

မကြာမီ မြူခိုးဂိုဏ်း၏ အမည်မှာ ဤမြို့တစ်ခုလုံးတွင် သတင်းမွှေးသွားလေတော့၏။

---

မြူခိုးဂိုဏ်း။

[ဂိုဏ်း ဂုဏ်သတင်းတန်ဖိုး + (၁၇၅၂၄၅)]

ရုတ်တရက် တိုးတက်လာသော ဂုဏ်သတင်းတန်ဖိုး (၁၇၀၀၀၀) ကျော်မှာ ယဲ့ဖုန်း၏ အာရုံကို မဖမ်းစားနိုင်ခဲ့ပေ။

ယနေ့ခေတ်တွင် မြူခိုးဂိုဏ်း၏ နေ့စဉ် ရရှိသော ဂုဏ်သတင်းတန်ဖိုးမှာ သန်းနှင့်ချီ၍ ရှိနေပြီ ဖြစ်၍ပါပင်။

*

ရှန်ကျိုး တိုက်ကြီး၏ တောင်ဘက် ကမ်းခြေဒေသ။

လင်ယွဲ့ ဤကမ်းခြေမြို့လေးသို့ ရောက်ရှိနေသည်မှာ ဒုတိယမြောက် နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူမသည် အကြောင်းအရာ အတော်များများကို သိရှိလိုက်ရ၏။

ဥပမာအားဖြင့် ဤမြို့၏ အမည်မှာ ‘နန်ယန်မြို့’ဟူ၍ပေါ့။

မြို့သူမြို့သားများ ပြောင်းရွှေ့ခြင်း မပြုကြသည့် အကြောင်းရင်းမှာ နန်ယန်မြို့တွင် ဤဒေသ၌ အကြီးဆုံးသော ဆားကွင်းများ ရှိနေသောကြောင့် ဖြစ်၏။ သူတို့သည် မိုင်ပေါင်း သောင်းချီသော နယ်မြေများသို့ ဆားအမြောက်အမြား တင်ပို့ပေးနေရခြင်း ဖြစ်၏။ ထို့ပြင် နန်ယန်မြို့သည် အကာအကွယ် တစ်ခုလည်း ဖြစ်ပါသည်။ ၎င်း တည်ရှိနေခြင်းကြောင့် ပင်လယ်မိစ္ဆာ အမြောက်အမြား ကုန်းပေါ်သို့ တက်မလာနိုင်ဘဲ ကုန်းတွင်းပိုင်းရှိ လူသားပေါင်းများစွာအတွက် လုံခြုံသော ဆိပ်ကမ်းတစ်ခု ဖြစ်နေခြင်းပါ။

နေ့စဉ်နှင့်အမျှ ကျင့်ကြံသူများသည် ကမ်းရိုးတန်းကို ကင်းလှည့်နေကြပြီး မိစ္ဆာသားရဲများကို တွေ့သည်နှင့် သတ်ဖြတ်ကြ၏။ နန်ယန်မြို့ တစ်မြို့တည်းကပင် လူဦးရေ သန်းပေါင်းများစွာ၏ ဘေးကင်းမှုကို တာဝန်ယူထားရခြင်း ဖြစ်၏။ ထိုအချက်များကြောင့်ပင် နန်ယန်မြို့သားများသည် ကြောက်မက်ဖွယ် မိစ္ဆာများကို ရင်ဆိုင်ရင်း မြို့ကို အစွမ်းကုန် ကာကွယ်နေကြခြင်းတည်း။

နန်ယန်မြို့၏ သမိုင်းကြောင်းကို ကြားသိရသောအခါ လင်ယွဲ့သည် အလွန် စိတ်လှုပ်ရှားသွားရ၏။

'ဂိုဏ်းချုပ်ယဲ့က တစ်ခါက အသားတောင် မိစ္ဆာနဲ့ သစ်ပင်မိစ္ဆာ ဘိုးဘေးတို့လို ပြင်ပရန်သူတွေကို တစ်ယောက်တည်း ရင်ဆိုင်ပြီး သက်ရှိ သန်းပေါင်း သောင်းချီကို ကာကွယ်ခဲ့တယ် ... သူ လုပ်နိုင်ရင် ငါလည်း ကြိုးစားရမှာပဲ ... '

လင်ယွဲ့ ဆုံးဖြတ်ချက် ချလိုက်သည်။

သူမသည် နန်ယန်မြို့တွင် ဆက်နေလို၏။ ရှေးဟောင်း ခန်းမဆောင်ကြီးအတွင်း၌ နန်ယန်မြို့၏ မူလနတ်ဘုရားအဆင့် မြို့စားမင်း နှစ်ဦးနှင့် ဝိညာဉ်ပင်လယ်အဆင့် အကြီးအကဲ ဒါဇင်ပေါင်းများစွာ စုဝေးနေကြသည်။

လင်ယွဲ့ မြို့ကို ကာကွယ်ရန် နေထိုင်မည်ဟု သိရသောအခါ ၎င်းတို့မှာ အလွန်ပင် ဝမ်းမြောက်သွားကြရ၏။

“နတ်မိမယ် နှစ်ပါး ... ဒီနေ့ကစပြီး ခင်ဗျားတို့က နန်ယန်မြို့ရဲ့ မြို့စောင့်ပညာရှင်တွေ ပါ ... ခင်ဗျားတို့ရဲ့ အမိန့်တိုင်းကို ကျွန်တော်တို့ နာခံပါ့မယ် ... အကယ်၍များ ဖောက်ဖျက်မိရင် ကောင်းကင်က မိုးကြိုးပစ်ပါစေ”ကျင့်ကြံသူများသည် ရိုသေစွာ ဦးညွှတ်လျက် ကတိသစ္စာ ပြုကြ၏။

“သာမန်နေ့တွေမှာ အရေးကြီး ကိစ္စမရှိရင် ကျွန်မတို့ ညီအစ်မတွေကို လာမနှောင့်ယှက်ပါနဲ့”လင်ယွဲ့သည် မြို့၏ အနောက်ဘက်ရှိ ဧက (၁၀၀) ခန့် ကျယ်ဝန်းသော ခရမ်းရောင် ဝါးတောအလယ်မှ ဆိတ်ငြိမ်သော ဝါးအိမ်လေးတွင် အခြေချလိုက်၏။ ဤနေရာသည် သူမ၏ အိမ်သစ် ဖြစ်လာတော့သည်။

'ငါ ဘေးကင်းတဲ့အကြောင်း သတင်းပို့ရမယ် ... '

လင်ယွဲ့သည် ရွှေရောင် စက္ကူငန်းလေး တစ်ကောင်ကို ထုတ်လိုက်၏။ သူမ၏ ဝိညာဉ်စွမ်းအင်များကို မှုတ်သွင်းလိုက်၏။ ထို့နောက် ၎င်းကို မြောက်ဘက် အရပ်ဆီသို့ ပျံသန်းစေလိုက်သည်။

---

[ဒင် ... မြူခိုးဂိုဏ်းရဲ့ ဂုဏ်သတင်းတန်ဖိုးမှာ (၁၀) သန်း ကျော်လွန်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်... နတ်ဆိုးသားရဲဆောင်ရဲ့ အဋ္ဌမအဆင့်နှင့် ဂိုဏ်း၏ အဆောက်အအုံသစ် လုပ်ဆောင်ချက်များ ပွင့်သွားပါပြီ ... ။]

[ဒင် ... ဂိုဏ်းချုပ်အနေနဲ့ 'ဂုဏ်သတင်း သောင်းကျန်းသူ' ဆိုတဲ့ ဘွဲ့ထူးကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ် ... ။]

[ဒင် ... ဂိုဏ်းချုပ်အတွက် လျှို့ဝှက်ဆုလာဘ်တစ်ခု ရရှိပါတယ် ... ။]

အဆက်မပြတ် ထွက်ပေါ်လာသော အသိပေးသံများကြောင့် တစ်မှေးမှိတ်နေသော ယဲ့ဖုန်း နိုးလာရ၏။

သူသည် လန့်ဖြတ်ကာ ဝုန်းခနဲ ထထိုင်လိုက်မိသည်။

“ဂုဏ်သတင်းတန်ဖိုး (၁၀) သန်း ဟုတ်လား”ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားရသည်။ သူသည် ဝိညာဉ်စိမ့်စမ်းရေဖြင့် အမြန် မျက်နှာသစ်လိုက်၏။

အအေးခံထားသော ဖရဲသီးအချို့ကို စားပြီးနောက် နတ်ဆိုးသားရဲဆောင်၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။

[နတ်ဆိုးသားရဲဆောင် - အဋ္ဌမအဆင့်]

[တောင်စောင့် ဝိညာဉ်သားရဲ - (၁၃၇)/(၅၀၀)]

[အဆင့်တက်မှု ဖော်ပြချက် -] ဂိုဏ်း ဂုဏ်သတင်းတန်ဖိုး (၁၀) သန်း ကျော်လွန်သဖြင့် နဝမအဆင့်သို့ တက်လှမ်းရန် လမ်းစ ပွင့်သွားပြီး လုပ်ဆောင်ချက်သစ်များ ထပ်တိုးလာပါသည်။

လုပ်ဆောင်ချက် (၁) ခွန်အား စုစည်းခြင်း။ နတ်ဆိုးသားရဲဆောင်ရှိ ဝိညာဉ်သားရဲများသည် ဂိုဏ်းချုပ်အတွက် အပို ကျင့်ကြံခြင်းအဆင့် မြှင့်တင်မှုများ ပေးစွမ်းနိုင်ပါသည်။

လုပ်ဆောင်ချက် (၂) ထောက်လှမ်းခြင်း ((၅) ဆ အားကောင်းလာခြင်း)။ မိစ္ဆာသားရဲများ၏ အမည်၊ အမျိုးအစား၊ အသုံးဝင်ပုံ၊ ပါရမီနှင့် နက်ရှိုင်းသော အားနည်းချက်များကို သိရှိနိုင်ပါသည်။

လုပ်ဆောင်ချက် (၃) သွေးမျိုးဆက် သန့်စင်ဆေးလုံး။ ဝိညာဉ်သားရဲများ၏ သွေးမျိုးဆက်ကို အကန့်အသတ်မရှိ သန့်စင်ပေးပြီး ၎င်းတို့၏ စွမ်းရည်ကို အမြင့်ဆုံး ဖြစ်စေပါသည်။ 'အတုယောင် ဆေးဖော်မီးဖို' ပါဝင်ပြီး တစ်နေ့လျှင် (၂၀) ကြိမ် ဆေးဖော်နိုင်ပါသည်။

လုပ်ဆောင်ချက် (၄) ဝိညာဉ်သွေး လွှဲပြောင်းခြင်း။ သေဆုံးသွားသော မိစ္ဆာများထံမှ သွေးမျိုးဆက်ကို ဖယ်ထုတ်ကာ ဝိညာဉ်သားရဲများထံ လွှဲပြောင်းပေးနိုင်ပါသည်။

လုပ်ဆောင်ချက် (၅) ဝိညာဉ်သားရဲ စင်မြင့်။ သီးသန့် နေထိုင်ရာ နေရာ ဖြစ်၏။ ဤနေရာတွင် ကျင့်ကြံပါက ဝိညာဉ်သားရဲများ၏ ကျင့်ကြံမှု အရှိန်အဟုန် (၁၀) ဆ မြန်ဆန်လာပါမည်။

လုပ်ဆောင်ချက် (၆) နတ်ဆိုးဧကရာဇ် အရှိန်အဝါ။ ဂိုဏ်းချုပ်သည် ဤအရှိန်အဝါကို ရရှိမည် ဖြစ်ပြီး မိမိ၏ ဝိညာဉ်သားရဲများထံသို့လည်း ယာယီ လွှဲပြောင်းပေးနိုင်ပါသည်။

လုပ်ဆောင်ချက် (၇) နတ်ဆိုးဧကရာဇ် ကျင့်စဉ်။

လုပ်ဆောင်ချက် (၈) နတ်ဆိုးသားရဲဆောင် အဆောက်အအုံ (ထုတ်လွှင့်ရန် အသင့်ရှိသည်)။

နတ်ဆိုးသားရဲဆောင် အဋ္ဌမအဆင့်သို့ ရောက်ပြီးနောက် အကြီးမားဆုံး ပြောင်းလဲမှုမှာ နတ်ဆိုးဧကရာဇ် အရှိန်အဝါ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ယဲ့ဖုန်းကို အံ့ဩစေသည်မှာ အဆောက်အအုံ လုပ်ဆောင်ချက်ပါပင်။

-

ယဲ့ဖုန်း လက်ကို ဆန့်ထုတ်လိုက်သည်။

နတ်ဆိုးသားရဲဆောင် ပုံစံငယ်လေး ပေါ်လာ၏။

သေးငယ်သော်လည်း အသေးစိတ် ကျလှသည်။

သူ လေထဲသို့ မြှောက်တင်လိုက်သည်။

၎င်းသည် လေညင်းနှင့်အတူ ကြီးထွားလာ၏။

အလျား အနံ ပေ (၁၀၀၀) ခန့် ရှိသည်။

အမြင့် ပေ (၁၅၀၀) အထိ မြင့်မားသွား၏။

ထို့နောက်၊ ဝိညာဉ်သားရဲ

တောင်ထိပ်ပေါ်သို့ ဆင်းသက်သွားတော့သည်။

"ဝုန်း"

---

“ဟိုးမှာ ကြည့်စမ်း ... အဲ့ဒါ ဘာကြီးလဲ”

“တကယ့်ကို ခန့်ညားထည်ဝါတဲ့ အဆောက်အအုံကြီးပဲ ... ရှေးဟောင်း မိစ္ဆာပညာရှင်တွေ တည်ဆောက်ခဲ့သလိုပဲ ... မိစ္ဆာအရှိန်အဝါတွေလည်း ပြင်းထန်နေတာပဲ ... ဒါ တောင်စောင့် ဝိညာဉ်သားရဲတွေ နေမယ့် နေရာလား မသိဘူး”

တပည့်များသည် နတ်ဆိုးသားရဲဆောင်ကို ကြည့်ကာ ဆူညံစွာ ဆွေးနွေးနေကြ၏။

မြူခိုးဂိုဏ်းရှိ ဝိညာဉ်သားရဲများမှာ ယခင်က ဝိညာဉ်သားရဲ စင်မြင့်ပေါ်တွင်သာ နေရောင်ခြည်၊ မိုးရေစက်များနှင့်အတူ နေထိုင်ခဲ့ကြရသဖြင့် အတော်လေး သနားစရာ ကောင်းခဲ့သည် မဟုတ်ပါလား။

“ဒါက နတ်ဆိုးသားရဲဆောင်ပဲ ... အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ တစ်ခုပေါ့ ... အထဲမှာ ကျင့်ကြံရင် ဝိညာဉ်သားရဲ စင်မြင့်ထက် ပိုပြီး ထိရောက်သလို ... နတ်ဆိုးဧကရာဇ် ကျင့်စဉ်ကိုလည်း ပိုပြီး မြန်မြန် တတ်မြောက်နိုင်တယ်”

“ဒီနေ့ကစပြီး ဒါက ဝိညာဉ်သားရဲတွေရဲ့ အိမ်ပဲ”

“ကိုယ့်ဘာသာ အခန်းတွေ ရွေးကြတော့”

ယဲ့ဖုန်း၏ အသံမှာ တစ်ဂိုဏ်းလုံးသို့ ဟိန်းထွက်သွား၏။

ဝိညာဉ်သားရဲတောင်ထိပ်၏ အထွတ်အထိပ်တွင် ရွှေရောင် ငန်းဝကြီးသည် ယိမ်းထိုးလျက် ပထမဆုံး ဝင်ရောက်သွားလေသည်။ ၎င်းသည် အတွင်းပိုင်း၌ မိုင် (၁၀၀) ခန့် ကျယ်ဝန်းသော မြက်ခင်းပြင်ကြီးကို မြင်တွေ့လိုက်ရ၏။ ဒါက ကိုယ်ပိုင် ကမ္ဘာငယ်လေးတစ်ခုပင် ဖြစ်၏။

“ဂါး ... ဂါး”ရွှေရောင် ငန်းဝကြီးသည် မြက်ခင်းပြင်ပေါ်တွင် အပြင်းအပြေး ဆော့ကစားနေတော့သည်။ မြက်ခင်းပြင်သာမက တောင်တန်းများနှင့် ရေကန်များလည်း ရှိနေ၏။ ၎င်းသည် ရေကန်အနားတွင် အသိုက်ဆောက်ကာ နေရာယူလိုက်၏။ အစ်ကိုကြီး ခေါင်းပြား၊ အော့ချွမ်း၊ မြေခွေးဖြူလေး၊ မြေခွေး တာ့ဟုန်၊ ခွေး အားဟာနှင့် အခြား ဝိညာဉ်သားရဲ ပေါင်း (၁၀၀) ကျော်မှာလည်း တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြ၏။

မကြာမီ ဝိညာဉ်သားရဲ အားလုံး နေရာ ရရှိသွားကြ၏။ နတ်ဆိုးသားရဲဆောင်မှာ မြူခိုးတောင်ထိပ်ရှိ ဝိညာဉ်စိမ့်စမ်းနှင့် ဆက်သွယ်ထားသဖြင့် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ရေအရင်းအမြစ်လည်း ရှိပါသည်။

သားရဲများကို နေရာချပေးပြီးနောက် ယဲ့ဖုန်းသည် ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်ကြီးအတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့၏။

ဂိုဏ်း ဂုဏ်သတင်းတန်ဖိုး (၁၀) သန်း ပြည့်ခြင်းမှာ ဆုလာဘ်များစွာ ရရှိခဲ့ခြင်း ဖြစ်ရာ သူသည် တစ်ခုချင်းစီကို သေချာစွာ စိစစ်ရန် ပြင်ဆင်လိုက်ပါတော့‌သည်။

--

All Chapters