← Chapters

အခန်း ၆၄၂

Vol. 43 Ch. 642

အခန်း ၆၄၂

Vol. 43 Ch. 642

အခန်း (၆၄၂) တပည့်များ၏ အမှတ်စာရင်းနှင့် ကျင့်ကြံခြင်းအဆင့် လွှဲပြောင်းမှု အခွင့်အရေး

ယဲ့ဖုန်းသည် ကျန်ရှိနေသော ဆုလာဘ်များကို တစ်ခုချင်းစီ စိစစ်၏။ ဆုလာဘ်များကို အကျိုးရှိရှိ အသုံးချနိုင်ရန် ပြင်ဆင်နေခြင်းပါ။

“ဂိုဏ်းသတင်း သောင်းကျန်းသူ ဆိုတဲ့ ဘွဲ့က ဂိုဏ်းရဲ့ ဂုဏ်သတင်းတန်ဖိုး ရတာကို နှစ်ဆ မြန်စေတာပဲ ... တကယ်ကို အသုံးဝင်တဲ့ ဘွဲ့ပဲဟေ”

ယဲ့ဖုန်းသည် ထိုဘွဲ့ထူးကို ချက်ချင်းပင် လက်ခံလိုက်၏။ ၎င်းသည် တစ်သက်တာ အကျိုးသက်ရောက်မှု ရှိသော ဘွဲ့ ဖြစ်သဖြင့် နောင်တွင် မြူခိုးဂိုဏ်း၏ ဂုဏ်သတင်းတန်ဖိုး ရရှိမှုမှာ အဆပေါင်းများစွာ မြန်ဆန်လာပါတော့မည်။

“လျှို့ဝှက် ဆုလာဘ် ဆိုတာ ဒါလား ...”

ယဲ့ဖုန်း လက်ကို ဆန့်ထုတ်လိုက်သည်။ အမည်းရောင် ကံစမ်းအိတ်လေး တစ်လုံး ပေါ်လာ၏။ ဒါက ဂုဏ်သတင်းတန်ဖိုး (၁၀) သန်း ကျော်လွန်သဖြင့် ရရှိသော လျှို့ဝှက် ဆုလာဘ်ပါ။

ယခင်က ရရှိဖူးသော ကံစမ်းအိတ်များမှာ ရွှေရောင် သို့မဟုတ် ရောင်စုံ ဖြစ်သော်လည်း ယခုတစ်ကြိမ်မှာမူ အမည်းရောင် ဖြစ်နေသဖြင့် အလွန် ထူးခြားနေသည်။

“ဒင် ... အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ ဖြစ်တဲ့ တပည့်များရဲ့ အမှတ်အဆင့်အတန်းစာရင်း ကို ရရှိပါတယ်”

ယဲ့ဖုန်းသည် ကံစမ်းအိတ်လေးကို ချေမွလိုက်သည်။ စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း၏ အကြည့်များ ထက်ရှသွား၏။

'တပည့်များရဲ့ အမှတ်အဆင့်အတန်းစာရင်း လား ... အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ ဆိုတော့ ဒါက မရိုးရှင်းဘူး ဟ'

ကံစမ်းအိတ် ပျောက်ကွယ်သွားပြီးနောက် ယဲ့ဖုန်း၏ လက်ဝါးပေါ်တွင် ရွှေဝါရောင် ရောယှက်နေသော အနက်ရောင် ကျောက်စိမ်းပြား တစ်ခု ကျန်ရစ်ခဲ့၏။ ၎င်းပေါ်ရှိ ရှေးဟောင်း ပုံစံများမှာ ခန့်ညားလှသည်။

“ဒါက အမှတ်အဆင့်အတန်းစာရင်း ပေါ့ လေ”

ယဲ့ဖုန်းသည် စိတ်ကူးလိုက်သည်နှင့် ထိုကျောက်စိမ်းပြားမှာ အလိုလို ပွင့်သွား၏။ ၎င်းမှာ အလျား (၅) မီတာနှင့် အနံ (၁) မီတာခန့် ရှိ၏။ အပေါ်ဆုံးတွင် "တပည့်များ၏ အမှတ်အဆင့်အတန်းစာရင်း" ဟူသော စာလုံးကြီးများ ရှိနေပြီး အောက်တွင်မူ အဆင့် (၁၀၀၀) အထိ နေရာလွတ်များ ပါရှိ၏။ ၎င်းသည် တပည့်များအတွက် တာဝန်များကို ထုတ်ပြန်ပေးမည် ဖြစ်သည်။ တာဝန် ပြီးမြောက်ပါက အမှတ်များ ရရှိမည် ဖြစ်ပြီး အမှတ်အပေါ် မူတည်၍ အဆင့် သတ်မှတ်မည်ပင်။

“ဒီနေ့ကစပြီး ဂိုဏ်းချုပ်အနေနဲ့ တပည့်များရဲ့ အမှတ်အဆင့်အတန်းစာရင်းကို ထုတ်ပြန်လိုက်မယ်”

“စာရင်းထဲက တာဝန်တွေကို ယူပြီး အောင်မြင်အောင် လုပ်နိုင်တဲ့လူက အမှတ်တွေ ရမယ် ... အမှတ်များတဲ့လူက အဆင့် မြင့်မှာပဲ”

“အဆင့်စာရင်းထဲမှာ ပါတဲ့လူတွေက (၇) ရက် တစ်ကြိမ် ကျင့်ကြံခြင်းအဆင့် မြှင့်တင်မှုကို ရမယ် ... အဆင့်မြင့်တဲ့လူက ပိုပြီး ခွန်အားတွေ ရမှာပဲ”

“နေရာလွတ်က (၁၀၀၀) ပဲ ရှိတယ် ... တပည့်တွေ အားလုံး လာကြည့်ကြစမ်း”

ယဲ့ဖုန်း၏ အသံမှာ တစ်ဂိုဏ်းလုံးသို့ ဟိန်းထွက်သွား၏။ တပည့်များ အားလုံး ကျင့်ကြံမှုကို ရပ်တန့်ကာ အပြေးအလွှား ရောက်လာကြသည်။

“ကျွန်တော် ကြည့်ပါမယ်”

ဝမ်ဖင်းအန်းသည် စာရင်းကို အရင်ဆုံး ထိလိုက်သည်။ အချက်အလက်များ သူ၏ ဦးနှောက်ထဲသို့ စီးဝင်သွား၏။

“ကျွန်တော် တာဝန် တစ်ခု ရပြီ ဗျ ... ဂိုဏ်းအတွက် မူလကျင့်ကြံခြင်း ဆေးလုံး ပုလင်း (၁၀၀) ဖော်စပ်ပေးရမယ် တဲ့ ... အမှတ် (၁၀၀) ရမှာပဲ”

“ကျွန်တော်လည်း ကြည့်ဦးမယ်”

ချောင်ကျားရှီးသည်လည်း စာရင်းကို ထိလိုက်ပြီးနောက် တာဝန်တစ်ခု ရရှိသွားသည်။ သူ၏ တာဝန်မှာ မိုင်ပေါင်း သောင်းချီဝေးသော ဒေသရှိ လူသားများကို ဒုက္ခပေးနေသော ရှေးဟောင်း သားရဲများကို နှိမ်နင်းရန် ဖြစ်၏။

တပည့်များ အားလုံးမှာ ကိုယ်စီ တာဝန်များ ရရှိသွားကြပြီး ချက်ချင်းပင် စတင် လှုပ်ရှားလိုက်ကြလေတော့သည်။

---

မိုင်ပေါင်း (၁၀၀၀) ကျော် ဝေးသော နေရာ။

ရှီလေ့သည် မြေသားကျောက် ကျင့်စဉ်ကို သုံးလိုက်သည်။

မြေအောက်မှ ကျောက်တုံးကြီးများ ပေါ်လာ၏။

တဆက်တည်း၌၊ မြစ်ထဲရှိ ရေမိစ္ဆာကို ဖိကြိတ်ပစ်သည်။

မိစ္ဆာကြီး သေဆုံးသွားတော့၏။

မိုင်ပေါင်း သောင်းချီ ဝေးသော နေရာ။

မိုယင်၏ ဓားချက်က အနောက်ဘက်မှ ဝင်းလက်လာသည်။

နတ်ဆိုးဘုရင်မှာ နှစ်ခြမ်း ကွဲသွား၏။

မြို့သူမြို့သားများ အံ့ဩသွားကြသည်။

သဲကန္တာရ လွင်ပြင်ဝယ်၊

ချောင်ကျားရှီးသည် ရုပ်ခန္ဓာခွန်အားကို ထုတ်သုံးလိုက်သည်။

သဲကန္တာရ မိစ္ဆာများကို ခြေမှုန်းပစ်၏။

ဒုက္ခသည်များကို ကယ်တင်လိုက်၏။

လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် မြောက်ဘက်၌မူ၊

ဟိုယွင်ကျဲသည် တစ်ကိုယ်တော် ဓားပျံ စီးနင်းနေလေသည်။

မိစ္ဆာဂိုဏ်း တစ်ခုလုံးကို သုတ်သင်ပစ်၏။

ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာ သေဆုံးကုန်သည်။

သူ၏ နာမည်မှာ အရပ်ရပ်သို့ ပျံ့နှံ့သွားတော့၏။

မြေအောက်ဂူအတွင်း၊

လုံထျန်းရှင်းသည် နဂါးစစ်အသွင် (၂) ကို ပြောင်းလဲလိုက်၏။

ပင့်ကူဘုရင်ကို ခြေမှုန်းပစ်သည်။

ပင့်ကူအိမ်ထဲမှ ကျင့်ကြံသူများကို ကယ်တင်လိုက်၏။

---

ဤကဲ့သို့သော တာဝန်များသည် တပည့်များအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်ပါသည်။ တပည့်များ၏ အမှတ်အဆင့်အတန်းစာရင်းသည် အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ ဖြစ်သဖြင့် တပည့်များ၏ ခွန်အားနှင့် ကိုက်ညီသော တာဝန်များကိုသာ ထုတ်ပြန်ပေးခြင်းပါ။

ဒါက တပည့်များကို အန္တရာယ်ကြားတွင် ကျင့်ကြံစေကာ ပိုမို ကြံ့ခိုင်လာအောင် ပြုလုပ်ပေးနေခြင်း ဖြစ်ပါ၏။

“ကျင့်ကြံသူတွေဆိုတာ ဒုက္ခတွေကြားမှာ ရှင်သန်ရမှာပဲ”

“ဖန်လုံအိမ်ထဲက ပန်းတွေက ကြမ်းတမ်းတဲ့ ရာသီဥတုကို မခံနိုင်ဘူး ... တပည့်တွေလည်း ဒီလိုပဲ ... သူတို့တွေက လှိုင်းတံပိုးတွေကို ဖြတ်ကျော်ပြီး ပိုပြီး သန်မာလာရမယ်”

ယဲ့ဖုန်းသည် တီးတိုး ရေရွတ်လိုက်၏။

သူ့ဘေးတွင် ရှိနေသော ကုန်းချင်းချိုးနှင့် အခြားသူများမှာလည်း ထိုစကားကို ကြိတ်၍ သဘောတူမိကြသည်။

(၃) ရက် ကြာသောအခါ၊

အမှတ်စာရင်းတွင် အဆင့်များ ပေါ်လာ၏။ ပထမနေရာမှာ မိုယင် မဟုတ်ဘဲ ဝမ်ဖင်းအန်း ဖြစ်နေသဖြင့် လူတိုင်း အံ့ဩကုန်ကြ၏။

ဝမ်ဖင်းအန်းသည် ဆေးဖော်စပ်ခြင်း တာဝန်များကို အလွန် မြန်ဆန်စွာ ပြီးမြောက်နိုင်ခဲ့လေသည်။

သူ၏ အမှတ်မှာ (၃၇၈) မှတ် ရှိပြီး ဒုတိယရသော မိုယင်ထက် (၅၀) မှတ် ပိုများနေ၏။

(၇) ရက် ပြည့်သောအခါ၊

နေရာ (၁၀၀၀) စလုံး ပြည့်သွားတော့သည်။ အဆင့် (၁၀၀၀) နေရာတွင် ရှိသော တပည့်ပင်လျှင် အမှတ် (၁၈၇) မှတ် ရှိနေ၏။ ဤ (၇) ရက်အတွင်း အမှတ်စာရင်း ကျောက်စာတိုင်မှာ သဘာဝတရား၏ ဝိညာဉ်စွမ်းအင်များကို အမြောက်အမြား ဝါးမြိုထားပြီး ကျင့်ကြံခြင်း ခွန်အားများအဖြစ် ပြောင်းလဲထား၏။

“ဟားဟား ... နောက်ဆုံးတော့ ငါ့တာဝန် ပြီးသွားပြီ”

ဝမ်ဖင်းအန်းသည် နောက်ထပ် ဆေးလုံးအုပ်စုကြီးကို ဖော်စပ်ပြီးသွားရာ အမှတ် (၉၇၀) ဖြင့် ပထမနေရာကို အပိုင်ရယူထားသည်။ မိုယင်မှာမူ (၈၈၈) မှတ်ဖြင့် ဒုတိယ နေရာမှာ ရှိနေ၏။

မကြာမီမှာပင် တပည့်များ အားလုံး ပြန်ရောက်လာကြ၏။ အမှတ်စာရင်း ကျောက်စာတိုင်မှာ နောက်ဆုံး ရလဒ်များကို တွက်ချက်ပြီးနောက် ကျင့်ကြံခြင်း ခွန်အားများကို စတင် လွှဲပြောင်းပေးလေတော့သည်။

ကောင်းကင်ယံထက်တွင် ဝမ်ဖင်းအန်းသည် သန့်စင်သော ခွန်အားများဖြင့် လွှမ်းခြုံထားခြင်း ခံလိုက်ရ၏။ ၎င်း၏ ကျင့်ကြံခြင်း အဆင့်မှာ တစ်ဟုန်ထိုး တိုးတက်လာပြီး ဝိညာဉ်ပင်လယ်အဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့သည်။ စာရင်းထဲရှိ အခြား တပည့်များ အားလုံးမှာလည်း ကိုယ်စီ ခွန်အားများ ရရှိကြပြီး အချို့မှာ အတားအဆီးများကို ကျော်ဖြတ်နိုင်ခဲ့ကြ၏။

စာရင်းထဲ မပါသော တပည့်များမှာမူ အားကျစွာဖြင့် ကြည့်နေကြရရှာသည်။ သူတို့သည် နောက်တစ်ကြိမ်တွင် မဖြစ်မနေ ပါဝင်နိုင်ရန် စိတ်ဆုံးဖြတ်လိုက်ကြ၏။

“မဆိုးဘူးပဲ”

ယဲ့ဖုန်းသည် သူ၏ ခွန်အား တိုးတက်လာမှုကို ခံစားလိုက်ရသည်။ ဤတစ်ပတ်အတွင်း အမှတ်စာရင်းမှ ရရှိသော ခွန်အားမှာ မူလနတ်ဘုရား အဆင့် (၁) ရှိသော ပညာရှင် (၇) ဦး၏ ခွန်အားနှင့် ညီမျှ၏။ ဆိုလိုသည်မှာ တစ်နှစ်လျှင် မူလနတ်ဘုရား အဆင့် (၁) ရှိသော ပညာရှင် (၃၆၅) ဦး၏ ခွန်အားကို သူ.. ရရှိနိုင်မည် ပင်။

ယဲ့ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“ခြင်ခြေထောက်ကလည်း အသားပဲ ဆိုတော့ ... လက်ခံရမှာပေါ့ လေ”

ယခု ရရှိသော ခွန်အားမှာ သူ၏ လက်ရှိ အဆင့်အတန်းနှင့် ယှဉ်လျှင် နည်းပါးလှသော်လည်း တဖြည်းဖြည်းနှင့် စုဆောင်းသွားမည်ဆိုပါက မသေးလှသော ပမာဏ ဖြစ်လာပေလိမ့်မည်။

--

All Chapters