← Chapters

အခန်း ၅၀၄

Vol. 34 Ch. 504

အခန်း ၅၀၄

Vol. 34 Ch. 504

အခန်း (၅၀၄) မတော်တဆမှု (အပိုင်း ၃)

“အမှန်ပါပဲဘုရား... ထျန်းချူမြို့ကို အခြေစိုက်စခန်းအဖြစ် ထားရှိပြီး၊ နောက်ကျောမှာ ထျန်းချူမြို့ကြီးကို အခိုင်အမာ ထားကာ မိစ္ဆာတွေကို တန်ပြန် ခုခံသင့်ပါတယ်ဘုရား။ ဗုဒ္ဓတရားတော်တွေကို ပြန့်ပွားအောင် လုပ်ဆောင်ရင်း ဒုက္ခရောက်နေတဲ့ ဝေနေယျ သတ္တဝါတွေကို ကယ်တင်နိုင်မှာ ဖြစ်သလို၊ စစ်ရေးဗျူဟာအရလည်း ရှေ့တိုး နောက်ဆုတ် လုပ်ရတာ အလွန် အဆင်ပြေစေပါလိမ့်မယ်။ အဲဒီလိုဆိုရင်တော့ မိစ္ဆာဂိုဏ်း သုံးဂိုဏ်းလုံး ပေါင်းတိုက်ရင်တောင်မှ ဆရာတော်တို့ကို အလွယ်တကူ အောင်မြင်နိုင်မှာ မဟုတ်တော့ဘူး”

ဆုမိုက အကျိုးအကြောင်း ပြကာ လျှောက်ထားလိုက်သည်။

ဆရာတော်ဟုန်ယွင်သည် မျက်မှောင်ကို အနည်းငယ် ကြုတ်လျက် ခေါင်းကို ခပ်ဖြည်းဖြည်း ခါယမ်းလိုက်၏။

“ယုတ္တိကတော့ ရှိပါတယ် ခေါင်းဆောင်ဆု... ဒါပေမဲ့ ဘုန်းကြီးက အနောက်ဘက်ဒေသက လာတဲ့ ရဟန်းတစ်ပါး ဖြစ်နေတော့ ဒီ တုန်းချန် နယ်မြေက လူတွေနဲ့ ရေစက်က သိပ်မရှိလှဘူး။ အခုထိတော့ ငါတို့ကြားမှာ ဘာနားလည်မှုမှလည်း မရှိကြသေးဘူးလေ။ ပြီးတော့ ဘုန်းကြီးရဲ့ နာမည်ကလည်း ရှေ့က ကြိုရောက်နေတော့... ဒီကိစ္စက ထင်သလောက် မလွယ်ကူမှာကို စိုးရိမ်မိတယ်”

(ကြည့်ပါဦး... ဆရာတော်က တကယ့်လူရိုးကြီးပဲ။ မြို့ထဲမှာ အခြေစိုက်ဖို့တောင် အားနာနေသေးတယ်။ ကိုယ့်လူမျိုးတွေ ဒုက္ခရောက်နေတာကိုတော့ ရင်ဘတ်ထဲက မချိဖြစ်နေပြီး၊ လူတွေက လက်မခံမှာကျတော့လည်း ကြောက်နေသေးတာ။ တကယ့်ကို အေးချမ်းလွန်းတဲ့ လူစားမျိုးပဲ။)

“ဆရာတော်က အနောက်ဘက်က လာတဲ့ ရဟန်းဖြစ်နေလို့ တုန်းချန်က ဂိုဏ်းတွေက လက်မခံမှာကို စိုးရိမ်နေတာလား ဘုရား၊ လူတွေကို တရားပြဖို့နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့ နေရာမှာတော့ ကျွန်တော် သိပ်ပြီး မတတ်နိုင်ပေမဲ့... ဆရာတော်ကို တုန်းချန်က ဂိုဏ်းတွေ လက်ခံလာအောင်၊ ထျန်းချူမြို့ပြင်မှာ ကျောင်းတော် ဆောက်နိုင်အောင်တော့ တပည့်တော် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါတယ်”

ဆုမိုက ပြုံးလျက် ဆိုလိုက်သည်။

ဆရာတော်ဟုန်ယွင်မှာ အံ့အားသင့်သွားပြီး အလျင်အမြဲပင် မေးမြန်းလိုက်၏။

“အို... ဒါဆိုရင် ခေါင်းဆောင်ဆု အနေနဲ့ ဘယ်လို လမ်းညွှန်ပေးချင်လို့လဲ”

“ရိုးရှင်းပါတယ်... ဒီမှာ အဝစားပြီးတာနဲ့ ဆရာတော်တို့ လူစု မိုးအေးတောင်ကြား ဆီကို တည့်တည့်မတ်မတ် ကြွချီလိုက်ပါ။ ညနေစောင်းလောက် ရောက်ရင်တော့ ဆရာတော်တို့ရဲ့ ကံကြမ္မာနဲ့ ဆုံစည်းရမယ့် အခွင့်အရေးကို တွေ့ရပါလိမ့်မယ်”

ဆရာတော်ဟုန်ယွင်သည် မချိပြုံး ပြုံးလိုက်မိသည်။

“ခေါင်းဆောင်ဆုကလည်း ဘုန်းကြီးကို စကားထာတွေနဲ့ ပြောနေပြန်ပြီလား”

“အော်မိတော်ဖော်...”

ဆုမိုသည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပြီး အားရပါးရ ရယ်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်ကာ ဆရာတော်ကလည်း သက်ပြင်းချရင်း မှတ်ချက်ပြုလိုက်၏။

“ခေါင်းဆောင်ဆုကတော့ တကယ့်ကို ဉာဏ်ပညာ ကြီးမားတဲ့သူပါပဲ”

(ဟီး.. ငါ့ကိုများ ဉာဏ်ကြီးရှင်တဲ့။ တကယ်တော့ ငါက လူလည်လုပ်နေတာပါ။ မိုးအေးတောင်ကြားမှာ ဝေဇီယီတို့ ရှိနေမှန်း ငါ သိနေတာကိုး။ ဆရာတော်တို့ အဲဒီရောက်ရင် အကူအညီ ရမှာ သေချာတယ်လေ။)

ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် နောက်တစ်နပ် ထပ်မံ စားသောက်ပြီးသောအခါ ဆရာတော်ဟုန်ယွင်သည် ဆုမိုနှင့် ဝမ်ချန်ရှင်းကို နှုတ်ဆက်ကာ သူ၏ တပည့်များနှင့်အတူ ထွက်ခွာသွားသည်။

သူသည် ဆုမို၏ စကားကို အပြည့်အဝ ယုံကြည်သွားပြီး မိုးအေးတောင်ကြားတွင် တစ်စုံတစ်ခုသော အခွင့်အရေး ရှိနိုင်ကြောင်း မျှော်လင့်ချက်ဖြင့် ခရီးဆက်ခဲ့ချေပြီ။

ဆုမိုသည် တည်းခိုခန်း အပြင်ဘက်တွင် ရပ်ရင်း လက်ကို ဆန့်ထုတ်ကာ ရာသီဥတုကို စမ်းသပ်လိုက်၏။ ကောင်းကင်ယံမှ မိုးစက်မိုးပေါက်တို့ တိတ်ဆိတ်သွားလေပြီ။

“မိုးစဲသွားပြီ”

“ဟုတ်တယ်ကွ”

ဝမ်ချန်ရှင်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“ခေါင်းဆောင်ဆုကော... နောက်ထပ် ဘာလုပ်ဖို့ ရှိသေးလဲ”

“ဘာမှ မကျန်တော့ပါဘူး။ အရှေ့ဘက် ကောင်းကင်မှာ အရုဏ်တက်နေပြီပဲ... သခင်ကြီးလျူ အခုဆို ဘယ်နေရာ ရောက်နေပြီလဲဆိုတာ သိချင်မိတယ်”

“...ထျန်းချူ ဓားသိုင်း နှီးနှောပွဲပေါ့”

ဝမ်ချန်ရှင်းက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပုံ ရ၏။ ဆုမိုက သူ့အား တစ်ချက် လှည့်ကြည့်လိုက်၏။

“ခုနက သခင်လေးစစ်ထူတို့ ရောက်လာလို့ စကားက ပြတ်သွားတာ။ အခု ထပ်မေးပါရစေ... မင်း ဘာတွေ ဖြစ်ခဲ့တာလဲ။ ထာဝရညတောင်ကြား က သိုင်းပညာတွေကို ဘယ်လို ရခဲ့တာလဲ”

ဝမ်ချန်ရှင်းသည် ဆုမိုကို ကြည့်လိုက်ရာ၊ မျက်ဝန်းများတွင် အရောင်အဝါများ လှုပ်ခတ်သွားသည်။

နောက်ဆုံးတွင် သူသည် စိတ်အေးသွားဟန်ဖြင့် ခပ်နွမ်းနွမ်းလေး ပြုံးလိုက်၏။

“ဒီနေ့တော့ ခေါင်းဆောင်ဆု သိရမှာပါ... လောလောဆယ်တော့ လျှို့ဝှက်ချက်လေး တစ်ခုအဖြစ် ခဏလောက် ထားပါရစေဦး”

(ကြည့်စမ်း... ဒီလူကတော့ ငါ့ကို ပြန်ပြီး စကားထာ ဝှက်နေပြန်ပြီ။ မင်းကပဲ ဆရာကြီး လုပ်နေတာလား၊ ငါကပဲ ဆရာကြီး လုပ်နေတာလား မသိတော့ဘူး။)

ဆုမိုက အားရပါးရ ရယ်လိုက်ရင်း...

“မင်းကတော့ တကယ့်ကို... ဘာမှ မသင်ယူခဲ့ဘူးပဲ”

“အနီးနားက လူတွေရဲ့ အငွေ့အသက်တွေ ကူးစက်ခံရတာလို့ပဲ ပြောရမှာပေါ့”

ဝမ်ချန်ရှင်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

“ခေါင်းဆောင်ဆုကော... ထျန်းချူမြို့က ဓားသိုင်း နှီးနှောပွဲကို သွားကြည့်ဖို့ စိတ်ဝင်စားလား”

“နေဦး...”

ဆုမိုက လက်သီးဆုပ်ကာ အရိုအသေ ပေးပြီး တည်းခိုခန်းအတွင်းသို့ ပြန်ဝင်သွားသည်။

သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ပိုင်ရှင်နှင့် ကျန်ရှိသော လူယုတ်မာများကို အပြတ်ရှင်းလိုက်ပြီးနောက် ပြန်ထွက်လာခဲ့၏။

“သူတို့တွေက ဘယ်လို အခြေအနေကြောင့် ဒီလို လုပ်ရပါတယ်လို့ အကြောင်းပြစရာ ရှိနိုင်ပေမဲ့... သူတို့ကို ခွင့်လွှတ်ဖို့ဆိုတာကတော့ ငါ့ တာဝန် မဟုတ်ဘူးလေ။ ငါက လူတွေကို တရားပြရမယ့် ဆရာတော်ဟုန်ယွင်မှ မဟုတ်တာ။ ဒီလို အခြေအနေမျိုးမှာတော့ သတ်လိုက်တာကပဲ ပြဿနာ အများကြီးကို ဖြေရှင်းပေးနိုင်တဲ့ စကားလုံးပဲ”

“မှန်ပါတယ်”

ဝမ်ချန်ရှင်းက ခေါင်းညိတ်လိုက်သည်။

“ဒါကြောင့်လည်း သူက ဆရာတော် ဖြစ်နေပြီး ငါတို့ကတော့ သိုင်းလောကက လူကြမ်းတွေ ဖြစ်နေရတာပေါ့”

“ဒါကတော့ ဟုတ်တာပေါ့... သွားကြစို့”

ဆုမိုက ပြုံးလျက် ဆိုလိုက်၏။

သူတို့နှစ်ဦးသည် ထျန်းချူမြို့ဆီသို့ တရကြမ်း ခရီးနှင်ခဲ့ကြတော့သည်။

*

ထျန်းချူ မြို့အတွင်း။

လော့ချန်ရှင်း သည် လမ်းမကြီးတစ်လျှောက် တဟုန်ထိုး ထူထပ်သော လူအုပ်ကြီးထဲ၌၊ ရောနှောကာ လျှောက်လာနေ၏။ ထိုအခိုက်၊ သူ့မျက်ခုံးများ တခဏမျှ တွန့်သွားသည်။

လူအများက ဆိုကြသည် မဟုတ်လော။

လျူဆွေ့ဖုန်းသည် တုန်းချန် သို့ သွားလေရာရာ ခရီး၌ တိုက်ပွဲ

တစ်ခု ဖြစ်ပွားတတ်သည် ဟူ၍။

တစ်နည်းဆိုရသော် ထျန်းချူ မြို့သို့ လျူဆွေ့ဖုန်း ရောက်ရှိသည်နှင့် တပြိုင်နက် ထျန်းချူ ဓားသိုင်း နှီးနှောပွဲ စတင်တော့မည်ဖြစ်သည်။ ယနေ့တွင် လျူဆွေ့ဖုန်း သည်

ထျန်းချူ မြို့သို့ သေချာပေါက် ရောက်ရှိမည်ပင်။

ထျန်းချူဓားသိုင်း နှီးနှောပွဲသည် လျူဆွေ့ဖုန်း ရောက်ရှိလာခြင်းဖြင့် စတင်မည် ဖြစ်၏။ ရလဒ်အနေဖြင့် ထျန်းချူ မြို့တစ်ခုလုံးသည် ယနေ့တွင် လုံးဝမငြိမ်မသက်ဖြစ်နေသည်။

လျူဆွေ့ဖုန်း ရောက်ရှိလာဖို့အတွက် လူတိုင်းက စောင့်မျှော်နေကြပါ၏။

အချို့က ထျန်းချူဓားသိုင်း နှီးနှောပွဲကို ရိုးရိုးရှင်းရှင်း စိတ်ဝင်စားကြပြီး ပြိုင်ဘက်ကင်း ဓားသမားနှစ်ဦးကြား အံ့မခန်းတိုက်ပွဲကို မြင်ရဖို့ စိတ်အားထက်သန်နေကြသည်။

အချို့ကတော့ ထိုအတွက် အကြီးစား အလောင်းအစားများ လောင်းထားသောကြောင့် အထူးအာရုံစိုက်ကြ၏။

သို့သော်လည်း များပြားလှသော လူထု၏ စိတ်ဝင်စားမှုအပေါ် လော့ချန်ရှင်း စိတ်လေးနေရသည်။

တပြုံတမ လူအုပ်ကြီးက ပရမ်းပတာဖြစ်စေသည် မဟုတ်ပါလော။

တုန်းချန် ဂိုဏ်းများနှင့် သိုင်းလောက ရှိ လွတ်လပ်သော သူရဲကောင်းများသာ ရှိ‌နေလျှင် ပိုကောင်းပါသည်။

သူ တကယ် စိုးရိမ်နေသည်က တုန်းချန် မိစ္ဆာဂိုဏ်းက ထျန်းချူမြို့ မှာ မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်ဖို့ ဒီအခွင့်အရေးကို အခွင့်ကောင်းယူမည်လား ဟူ၍ပင်။

လော့ချန်ရှင်း တို့ ယွမ်ရှန်းဓားဂိုဏ်း သည် ထျန်းချူမြို့ အတွင်းရှိ အရေးကိစ္စများကို ကြီးကြပ်ရန် တာဝန်ရှိ၏။ ဤလေးလံသောဝန်တာသည် လော့ချန်ရှင်း ၏ ပခုံးပေါ်

ကျသွားလေသည်။

သို့သော်၊ ယွမ်ရှန်းဓားဂိုဏ်းက ထျန်းချူဓားသိုင်း နှီးနှောပွဲ၏ အထင်ကြီးလောက်စရာ သဘောသဘာဝကို မျှော်မှန်းထားပြီး ဂိုဏ်းကြီးခုနစ်ခုကြားတွင် ဆွေးနွေးပြီးနောက် ယနေ့ အခြေအနေကို ထိန်းသိမ်းရန် အလို့ငှာ၊ လူအင်အားများ စေလွှတ်ခဲ့၏။

တစ်ခုတည်းသောပြဿနာမှာ... ဇီယန် ဂိုဏ်းမှစေလွှတ်ရမည့် တပည့်နှစ်ထောင်ကျော် ပမာဏ သည် ဤမြို့သို့ တစ်ထောင်အောက်သာ လျော့နည်း၍ ရောက်လာခြင်းပင်။

ဇီယန် ဂိုဏ်း တာဝန်ခံက မည်သူမှ ယုံကြည်မည် မဟုတ်သော ဆင်ခြေ တစ်ခု ထုတ်ပြောခဲ့၏။

လူအင်အား အလုံအလောက် စုဆောင်းရန် နောက်ထပ် နှစ်ရက် ၊ သုံးရက်ခန့် အချိန်ယူပါမည် ဟူ၍ပင်။

သို့သော် နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း ထျန်းချူဓားသိုင်း နှီးနှောပွဲကလည်း ပြီးဆုံးသွားမည် ဖြစ်ပြီး လူအင်အား ဘယ်လောက် လာလာ၊ အသုံးမဝင်တော့ပေ။

ထိုအချိန်က လော့ချန်ရှင်း သည် အော်ဆဲချင်မိခဲ့သော်လည်း၊ နောက်ဆုံးတွင်၊ ကြိတ်မှိတ် မြိုချလိုက်ပါ၏။

ကံကောင်းထောက်မစွာ၊ အခြားဂိုဏ်းများမှ လူအင်အားသည် ယခင်က ပြောထားသလောက် မများပြားသော်လည်း လုံလောက်နေသေးသည်။

ဒါကြောင့် လက်ရှိအခြေအနေကို ထိန်းထားနိုင်ပါသေး၏။

ယခုအချိန်တွင်၊ လော့ချန်ရှင်း၏တစ်ခုတည်းသောဆန္ဒမှာ ဓားသိုင်း နှီးနှောပွဲကို ချောမွေ့စွာ စတင်ရန်နှင့် ကမောက်ကမဖြစ်မှု မရှိဘဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ဖြစ်ပါသည်။

သို့တိုင်၊ လော့ချန်ရှင်းက ထိုသို့ တွေးနေချိန်မှာ ပထမဆုံး မတော်တဆမှု ဖြစ်ခဲ့၏။

တစ်စုံတစ်ယောက်သည် ထျန်းချူ မြို့အပြင်ဘက်ရှိ မိစ္ဆာဂိုဏ်း၏ ခြေရာများကို ရှာဖွေတွေ့ရှိခဲ့လေသည်။

--

All Chapters