← Chapters

အခန်း ၇၁၃

Vol. 48 Ch. 713

အခန်း ၇၁၃

Vol. 48 Ch. 713

အခန်း (၇၁၃) - တာအိုဆရာ ထျန်းယွီ နတ်ဘုရားတစ်ပါး ဖြစ်လာခြင်းနှင့် သတင်းဆိုး (အပိုင်း ၁)

(ဒီနေရာမှာ ကျင့်ကြံခြင်း

နယ်ပယ်များအကြောင်း အသစ် ထပ်မံ ပြောရရင် ချီစုစည်း နယ်ပယ်၊

အခြေခံတည်ဆောက်ခြင်း နယ်ပယ်၊ အမြုတေအတု နယ်ပယ်- (အမြုတေဖွဲ့စည်းခြင်း နယ်ပယ်သို့ မရောက်မီ ကြားခံအဆင့်)

၊အမြုတေဖွဲ့စည်းခြင်း နယ်ပယ်၊

မူလ ဝိညာဉ် နယ်ပယ်၊ ဝိဉာဉ်ခွဲထွက် နယ်ပယ် ၊ ပကတိ ဟင်းလင်းပြင် နယ်ပယ် ၊ တာအို ပေါင်းစည်း သခင် နယ်ပယ်... မဟာယာနနယ်ပယ်... ကောင်းကင်ကပ်ဘေး ဖြတ်ကျော် နယ်ပယ်နဲ့ မြေကမ္ဘာ

အင်မော်တယ်နယ်ပယ် တို့ပဲ ဖြစ်ပါတယ်)

(နောက်ဆုံး ကျင့်ကြံ အဆင့်က နေကာ ဖြစ်တဲ့ မြေကမ္ဘာအင်မော်တယ် နန်းတော်

နဲ့ အမည် တူနေပါတယ် ><)

မြေကမ္ဘာအင်မော်တယ်နန်းတော်...

အင်မော်တယ်ဂိုဏ်း...

ကောင်းကင်အင်မော်တယ်နန်းတော်နှင့် ယွီလုံနန်းတော်တို့ကဲ့သို့သော အဆင့်မြင့်အင်မော်တယ်ဂိုဏ်းကြီး ခြောက်ဂိုဏ်းသည် တာအိုမျှော်စင်ကို လုယူရန် ပူးပေါင်းခဲ့ကြသော်ငြား အဆုံးတွင် ကြီးမားသော ဆုံးရှုံးမှုများဖြင့်သာ ပြန်လာခဲ့ရကြောင်း သတင်းများက တဖြည်းဖြည်း ဂယက်ထသွားခဲ့သည်။

အင်မော်တယ်ဂိုဏ်းကြီး ခြောက်ဂိုဏ်းမှ လူများ အရိုင်းနယ်မြေ အတွင်းရှိ အင်မော်တယ်မြို့တော်ဆီသို့ ပြန်လည် ထွက်ပြေးလာပြီး မကြာမီမှာပင် ထိုသတင်းသည် မြေကမ္ဘာအင်မော်တယ်နန်းတော် ကဲ့သို့သော အင်အားစုများ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

အကြောင်းမှာ ၎င်းတို့သည် ကာလကြာရှည်စွာ တည်ထောင်ထားခဲ့သော အင်မော်တယ်တာအို အင်အားစုများ ဖြစ်ကြသည်။ သူတို့၏ အတွင်းရေးများ၌ အရပ်မျက်နှာ အသီးသီးမှ ဩဇာလွှမ်းမိုးသူများ၏ သတင်းပေး အချို့ အနည်းနှင့်အများ ဆိုသလို ရှိနေတတ်ကြ၏။ ဤသည်ကား မည်သူမျှ ရှောင်လွှဲ၍ မရနိုင်သော၊ အပြည့်အဝ ရှင်းလင်းပစ်ရန် မဖြစ်နိုင်သော ကိစ္စရပ် တစ်ခုပါပင်။

*

တာ့ယွီတောင်ထွတ်ရှိ စုယွီ၏ ကျောက်ဂူစံအိမ် အတွင်း၌။

သူ့ထံသို့ လာရောက် လည်ပတ်သော ဖန်ရှောင်ကို မြင်လိုက်ရသဖြင့် စုယွီ အနည်းငယ် အံ့အားသင့်သွား၏။

“ကောင်းကင်အင်မော်တယ်နန်းတော်က ဝိညာဉ်ကိုယ်ပွားတွေ စေလွှတ်ဖို့ ဝိညာဉ်ခွဲထွက်နယ်ပယ် အရှင်သခင်ကြီး ငါးပါးကို စေလွှတ်ခဲ့ပေမဲ့ သူတို့ထဲက သုံးပါးက ကျဆုံးသွားခဲ့တယ် ဟုတ်လား... အင်မော်တယ် စစ်သား ငါးထောင်ထဲက သုံးထောင်တောင် မပြည့်တော့ဘူးပေါ့... သူတို့ရဲ့ ပထမတာအိုသားတော်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်တဲ့လား...”

ဖန်ရှောင်က ခေါင်းညိတ်ပြလိုက်၏။

“တာအိုမျှော်စင်က နောက်ဆုံးမှာ မိစ္ဆာမျှော်စင် အဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ရိုက်ချိုး ထွက်ပြေးသွားတယ်လို့ ကြားတယ်... ဒါပေမဲ့ ပကတိ ဟင်းလင်းပြင် နယ်ပယ်က တာအိုသခင်ချန်ရစ်ခဲ့တဲ့ အမွေအနှစ်ကျောက်စာတိုင် တစ်ခုက အဲဒီနေရာမှာ ကျန်ခဲ့တော့ ကျင့်ကြံခြင်း ကမ္ဘာက အင်အားစု အမျိုးမျိုးက တကယ်ကို အပြိုင်အဆိုင် လုယူချင်စိတ်တွေ ပေါက်သွားကြတာပေါ့...”

“အဆုံးမှာတော့... ပကတိ ဟင်းလင်းပြင် နယ်ပယ်က တာအိုသခင်ရဲ့ အမွေအနှစ်ကျောက်စာတိုင်က အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ကောင်းကင်အင်မော်တယ်နန်းတော်က လူတွေနဲ့ တာ့ယန်အင်မော်တယ်အင်ပါယာက လူတွေဟာ ဒီကျောက်စာတိုင် အပိုင်းအစတွေ အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်... သူတို့က ကျောက်စာတိုင် အပိုင်းအစ တချို့ကို လုယူနိုင်ခဲ့ပေမဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လေ...”

“အပြန်လမ်းမှာ သူတို့ဟာ မိစ္ဆာမျိုးနွယ်စုရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကိုတောင် ခံခဲ့ရသေးတယ်... အားလုံး အသက်ရှင်ရက် ပြန်မလာနိုင်လုနီးပါး ဖြစ်သွားခဲ့တယ်...”

ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ဖန်ရှောင်၏ မျက်လုံးများ အတွင်း၌ မီးပွားများ တောက်လောင်လာ၏။

“ဒီတစ်ကြိမ်မှာ ကောင်းကင်အင်မော်တယ်နန်းတော်က ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံခဲ့ရတာတင် မကဘူး... ယွီလုံနန်းတော်... လီဟော့ခန်းမဆောင်နဲ့ တခြား အင်မော်တယ်ဂိုဏ်းတွေလည်း ပြင်းထန်တဲ့ ထိုးနှက်ချက်တွေ ခံခဲ့ရတယ်...”

“အနည်းဆုံးတော့ သူတို့ အပြည့်အဝ နာလန်ထူလာဖို့ နှစ်တစ်ရာ ဒါမှမဟုတ် နှစ်ရာလောက်တော့ အချိန်ယူရလိမ့်မယ်...”

ဝိညာဉ်ခွဲထွက်နယ်ပယ်ရှိ ဝိညာဉ်ကိုယ်ပွားများ အနေဖြင့် အကယ်၍ ၎င်းတို့သည် သာမန် ဝိညာဉ် ကိုယ်ပွားများသာ ဖြစ်မည်ဆိုပါက များစွာ အရေးမကြီးလှပေ။ ၎င်းတို့ကို ဖျက်ဆီးပစ်၍ ရနိုင်ပြီး မူလခန္ဓာကိုယ် အနေဖြင့် နာလန်ထူလာရန် အချိန်တိုလေးသာ အနားယူရန် လိုအပ်ပေမည်။

သို့သော်ငြား ၎င်းသည် ဝိညာဉ်ခွဲထွက် ကိုယ်ပွား ဖြစ်မည်ဆိုပါက ၎င်းသည် ပိုင်ရှင်၏ အသက်တစ်ဝက်ကို ယူဆောင်သွားခြင်းပင် ဖြစ်ပေလိမ့်မည်။

ဝိညာဉ်ခွဲထွက်နယ်ပယ် အရှင်သခင်ကြီး တစ်ပါးအား အသုံးမကျသူ တစ်ဦး ဖြစ်သွားစေရန် မလုံလောက်သော်ငြား နာလန်ထူလာရန်မှာမူ မလွယ်ကူလှချေ။

အကယ်၍ သူတို့ အနေဖြင့် ကူညီရန် ကောင်းကင်နှင့် မြေကြီး၏ သဘာဝရတနာများ ရှိနေမည်ဆိုပါက နှစ်တစ်ရာ သို့မဟုတ် နှစ်ရာ အတွင်း ပြန်လည် နာလန်ထူလာနိုင်ပြီး ဝိညာဉ်ခွဲထွက် ကိုယ်ပွားကို ပြန်လည် ဖွဲ့စည်းနိုင်ကောင်း ဖွဲ့စည်းနိုင်ပေမည်။

သို့သော် အရင်းအမြစ် အထောက်အပံ့ မရှိပါက... ဤဒဏ်ရာ ပျောက်ကင်းနိုင်မလား ၊ မပျောက်ကင်းနိုင်ဘူးလား ဆိုသည်မှာ အခြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။

ထိုဒဏ်ရာသည် လွန်စွာ ပြင်းထန်လှသဖြင့် ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားနိုင်ပြီး ဝိညာဉ်ခွဲထွက်နယ်ပယ်မှ ပြုတ်ကျသွားနိုင်ပေ၏။

ယခင်က တာအိုဆရာ ထျန်းယွီ ဒဏ်ရာရခဲ့စဉ်ကကဲ့သို့ပင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် မူလက မူလဝိဉာဉ်နယ်ပယ် အထွတ်အထိပ်တွင် ရှိခဲ့သော်ငြား ထိုအချိန်က သူသည် အစောပိုင်း မူလဝိဉာဉ်နယ်ပယ်၏ စွမ်းအားကိုသာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

ကောင်းကင်အင်မော်တယ်နန်းတော်နှင့် အခြား အင်မော်တယ်ဂိုဏ်းများ၏ ဆုံးရှုံးမှုများကို သိရှိလိုက်ရပြီးနောက် စုယွီ အနည်းငယ် စိတ်သက်သာရာ ရသွားတော့၏။

ကံကောင်းထောက်မစွာဖြင့် သူသည် ရေခဲနှင့်နှင်း လျှို့ဝှက်နယ်မြေကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်သေး ဝိညာဉ်ကိုယ်ပွားနှင့် နန်းတော်သခင်တို့ အနေဖြင့် အချိန်အနည်းငယ် ကြန့်ကြာသွားခဲ့ရသည်။

သို့မှမဟုတ်ပါက အကယ်၍ သူတို့လည်း ထိုတိုက်ပွဲတွင် ပါဝင်ခဲ့မည်ဆိုပါက ရလဒ်သည် ပြောရခက်လှပေလိမ့်မည်။

ယခုမူ ကောင်းကင်အင်မော်တယ်နန်းတော်နှင့် အခြား အင်မော်တယ်ဂိုဏ်းများက ကြီးမားသော ဆုံးရှုံးမှုများကို ခံစားနေရချိန်တွင် သူသည် မမျှော်လင့်ဘဲ အဆင့်မြင့် လျှို့ဝှက်နယ်မြေ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ရတနာမြောက်မြားစွာကို ရယူနိုင်ခဲ့ကာ ဤသည်က မြေကမ္ဘာအင်မော်တယ်နန်းတော်၏ စွမ်းအားကို များစွာ တိုးတက်လာစေခဲ့သည်။

ဤသို့ အပေးအယူ အပြောင်းအလဲများကြောင့် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အနာဂတ် အခင်းအကျင်းသည် ရလဒ်အနေဖြင့် ပြောင်းလဲသွားနိုင်သည်။

သို့သော်ငြား လျှို့ဝှက်နယ်မြေကြောင့် ကြန့်ကြာမှုများ ရှိခဲ့သဖြင့် တာအိုမျှော်စင်မှ မိစ္ဆာပုံရိပ်ကြီး ပေါ်ထွက်လာခြင်းကို သူ မမြင်တွေ့လိုက်ရသကဲ့သို့ မာရှီချင်း မည်သို့ ဖြစ်သွားသည်ကိုလည်း စုယွီ မသိခဲ့ပါချေ။

ဖန်ရှောင်နှင့် အချိန်အတန်ကြာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုပြီးနောက် ဖန်ရှောင်က စုယွီ အနေဖြင့် အရိုင်းနယ်မြေသို့ ပြန်သွားရန် အတွေးများ ရှိမရှိ သိမ်မွေ့စွာ အကဲစမ်းရန် ကြိုးစားခဲ့သော်ငြား စုယွီက အကြိမ်တိုင်း စကားလမ်းကြောင်း လွှဲသွားခဲ့သည်။

နောက်ပိုင်းတွင် ဖန်ရှောင်က နည်းပရိယာယ်ကျကျ ထွက်ခွာသွားလေတော့သည်။

အရိုင်းနယ်မြေသို့ သွားရောက်ခြင်းက စုယွီ၏ ကျင့်ကြံခြင်း အတွက် မည်သည့် အထောက်အကူမျှ မပေးစွမ်းနိုင်ချေ။ သူ၏ ကျင့်ကြံခြင်း နည်းလမ်းများသည် အခြားသူများနှင့် ကွာခြားလှသည်။ အခြားသူများ အနေဖြင့် မန်နာ... စိတ်သဘောထား... ကျင့်ကြံခြင်း စသည်တို့နှင့် ပတ်သက်၍ အဟန့်အတားများ ရှိကောင်း ရှိနိုင်သည်။

သို့သော် သူသည် နေ့စဉ်နှင့်အမျှ ကျင့်ကြံရန် ဇွဲရှိနေသရွေ့ အဆင့်ချိုးဖြတ်ကာ တိုးတက်လာနိုင်မည်မှာ သေချာနေသဖြင့် သူ လုံးဝ စိုးရိမ်စရာ မလိုပါချေ။

အဟန့်အတားများ ဆိုသည့် အရာမျိုးသည် သူ့အတွက် မရှိပါချေ။

ထို့အပြင် စိတ်သဘောထားပိုင်း ဆိုင်ရာတွင်လည်း သူ နောက်ကျကျန်နေမည် မဟုတ်ပေ။

အမှန်တကယ်တော့ လောကရှိ နိယာမနှင့် သဘောတရား အားလုံး၊ တစ်ခုချင်းစီတိုင်းသည် ကျင့်ကြံခြင်း လမ်းကြောင်းတစ်ခုပင် ဖြစ်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အမှန်တကယ်တော့ သင်သည် သင့်ကိုယ်ပိုင် စိတ်နေစိတ်ထားကို ကျင့်ကြံနေခြင်းသာ ဖြစ်သည်။

အကျင့်သီလ ဆောက်တည်သူများ... ကောင်းကင်ယံ ခရီးသွားသူများ သို့မဟုတ် အရိုင်းနယ်မြေ အတွင်း တိုက်ခိုက် ရှာဖွေရင်း အရင်းအမြစ်များ အတွက် ယှဉ်ပြိုင် တိုက်ခိုက်နေကြသော မြေကမ္ဘာအင်မော်တယ် တပ်မတော်ကဲ့သို့ပင်။

လူတိုင်းတွင် သူတို့ကိုယ်ပိုင် ကံကြမ္မာ နည်းလမ်းများ ရှိကြပြီး လူတိုင်းတွင် သူတို့ကိုယ်ပိုင် ကြီးမြတ်သော တာအို လမ်းစဉ်များ ရှိကြသည်။

တရားကျင့်ကြံရန် တသီးတခြား နေထိုင်ခြင်းက စိတ်သဘောထား ကျင့်ကြံမှု မလုံလောက်ခြင်းသို့ ဦးတည်သွားစေမည်ဟု မဆိုနိုင်ချေ။ တသီးတခြား နေထိုင်ပြီးနောက်တိုင်း သူတို့က စိတ်သဘောထား ကျင့်ကြံမှု မလုံလောက်.. အပြင်ထွက်ပြီး တိုက်ခိုက်ဖို့ လိုအပ်သည်ဟု ပြောတတ်ကြပါသည်။ ဒါတွေက အဓိပ္ပာယ်မရှိတဲ့ စကားတွေချည်းပါပင်။

ယခု သူ စုယွီသည် တာ့ယွီတောင်ထွတ်တွင် မည်သူကမျှ အနှောင့်အယှက် မပေးဘဲ အေးချမ်းစွာ ကျင့်ကြံနိုင်နေပြီ ဖြစ်ရာ ဤနေ့ရက်များသည် မည်မျှ အံ့မခန်း ကောင်းမွန်လှသနည်း။

သူ့တွင် အားလပ်ချိန် များလွန်းမှသာ အရိုင်းနယ်မြေသို့ ထပ်မံ သွားရောက်ရန် ရွေးချယ်မည် ဖြစ်သည်။

ဒါပေါ့...

အရိုင်းနယ်မြေရှိ ယွဲ့ အင်မော်တယ်မျှော်စင်၏ အပျက်အစီး နယ်မြေက စုယွီ အမြဲ အမှတ်ရနေသည့် နေရာတစ်ခု ဖြစ်ပါသည်။ ထိုနေရာ... စောစောဖြစ်စေ နောက်ကျ၍ဖြစ်စေ စုယွီသည် ထိုနေရာကို ထပ်မံ စူးစမ်းလေ့လာဦးမည်သာ ဖြစ်၏။

အပျက်အစီးများ အတွင်းရှိ လျှို့ဝှက်ချက်များ... ရတနာများနှင့် အမွေအနှစ် အားလုံးကို ဖော်ထုတ်နိုင်သည် အထိပင်။

အကယ်၍ အနက်ရောင် ဒေါသ စစ်သည်တော်၏ စွမ်းအားကို ရည်ညွှန်းချက် အဖြစ် အသုံးပြုနိုင်မည် ဆိုပါက ထိုနေရာရှိ ငွေရောင်စစ်သူကြီးများ၏ စွမ်းအားသည် ပဉ္စမအဆင့် ဝိညာဉ်ခွဲထွက်နယ်ပယ်နှင့် နှိုင်းယှဉ်နိုင်မည်လော။

ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် ဆိုသူသည် ဝိညာဉ်ခွဲထွက်နယ်ပယ်၏ စွမ်းအားကို ကျော်လွန်သွားမည်လော။

အကယ်၍ ထိုနေရာတွင် ထိုကဲ့သို့သော ရုပ်သေးများ ရှိနေသေးပြီး ထိုရုပ်သေး အုပ်စုများကို သူ ရယူနိုင်မည် ဆိုပါက သူ၏ လက်ထဲရှိ စွမ်းအားသည် မြေကမ္ဘာအင်မော်တယ်နန်းတော် ပိုင်ဆိုင်ထားသည့် စွမ်းအားထက်ပင် ပိုမို အားကောင်းလာနိုင်သည်။

ထိုအချိန်ကျလျှင် ကောင်းကင်အင်မော်တယ်နန်းတော်သည် ယခုကဲ့သို့ မောက်မာနိုင်ဦးမည်လော။ သူတို့က သူ့ကို ပိတ်ဆို့ရန် သူ၏ အိမ်ပေါက်ဝအထိ လာရဲပါဦးမည်လော။

စုယွီက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ထိုအတွေးများကို ဖိနှိပ်လိုက်ကာ သူ အမိန့်ပေးထားသော အနက်ရောင် ဒေါသ စစ်သည်တော် ရုပ်သေးဆီသို့ အာရုံစိုက်လိုက်ပြီး...

'ကွေ့လီနဲ့ အနက်ရောင် ဒေါသ စစ်သည်တော်ရဲ့ အကြွင်းအကျန် အသိစိတ်တို့ ပေါင်းစည်းသွားပြီ... ပြီးတော့ အနက်ရောင် ဒေါသ စစ်သည်တော် ရုပ်သေးထဲကို အပြည့်အဝ ပေါင်းစည်း ဝင်ရောက်သွားပြီပဲ...'

'ပြီးတော့ အနက်ရောင် ဒေါသ စစ်သည်တော်ရဲ့ စွမ်းအား အကူအညီနဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က မူလဝိဉာဉ်နယ်ပယ် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေပြီ... မူလဝိဉာဉ်နယ်ပယ် သတ္တမအဆင့်နီးပါးပဲ...'

စုယွီက တိတ်တဆိတ် မှတ်သားလိုက်သည်။

All Chapters