← Chapters

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း (၂၉၈) ငါ့မှာ နောက်ဆုံးရွေးချယ်စရာတစ်ခု ရှိသေးတယ်

"ဇနီးလေး... အခု ဟေးလုံစခန်းမှာ အဖွဲ့ဝင် ဘယ်နှယောက်ရှိလဲ..."

ထိုသူနှစ်ယောက် ပျော်ပါးပြီးသွားသောအခါ ကျောက်လင်က ဟေးလုံစခန်းကို စစ်ဆေးရန် ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ ကျောက်လင်သည် ဤအဖွဲ့ဝင်များကို လောင်းရှန်းသို့ ခေါ်ဆောင်သွားပြီး လူသိန်းနှစ်သောင်းရှိသော မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ကို ချေမှုန်းရန် အသုံးပြုတော့မည် ဖြစ်သည်။

"စုစုပေါင်း လူတစ်ထောင်ကျော်ရှိတယ်..."

တန်ထိုက်ပေါင်ပေါင်က သူမ၏ မျက်နှာပေါ်မှ ရှက်သွေးဖြာနေမှုများ မပျောက်သေးဘဲ အလွန်ပျော်ရွှင်စွာ ပြန်ဖြေလိုက်၏။

ထိုအဖြေကို ကြားလိုက်ရသောအခါ ကျောက်လင်မှာ ခဏတာ တိတ်ဆိတ်သွားသည်။

လူတစ်ထောင်နှင့် လူနှစ်သိန်းရှိသော စစ်တပ်ကို ရင်ဆိုင်ရမည်။ အရေအတွက် ကွာဟချက်က အလွန်ကြီးမားလွန်းလှ၏။

သို့သော်လည်း ကျောက်လင်တွင် စနစ်တစ်ခု ရှိနေသည်။ အချို့သော တိုက်ပွဲများကို "အတိုင်းအတာလျှော့ချ တိုက်ခိုက်ခြင်း" ဟု ခေါ်ဆိုကြ၏။

တိုက်ရိုက် ရင်ဆိုင်ရမည်ဆိုလျှင် ဟေးလုံစခန်း၏ အင်အားအနည်းငယ်က မြောက်ပိုင်းကာကွယ်ရေးစစ်တပ်အနီးသို့ ရောက်ရန်ပင် အခွင့်အရေး ရှိမည်မဟုတ်ပေ။

အကယ်၍ ပြောက်ကျားစစ်ဆင်ရေး သို့မဟုတ် စနစ်တကျ တိုက်ခိုက်ရမည်ဆိုလျှင် ကျောက်လင်က ဟေးလုံစခန်းကို ဦးဆောင်ကာ အဝင်အထွက် တိုက်ခိုက်ပြီး မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ကို ချေမှုန်းနိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။

"လူတစ်ထောင်ဆိုရင်... လုံလောက်ပါတယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ဘာလုံလောက်တာလဲ..."

“ခင်ပွန်း... ရှင်က ဟေးလုံစခန်းက ညီအစ်ကိုတွေကို ဦးဆောင်ပြီး တိုက်ပွဲဝင်မလို့လား..."

တန်ထိုက်ပေါင်ပေါင်က ဘာတွေဖြစ်နေသည်ကို ရုတ်တရက် သဘောပေါက်သွားပြီး ကျောက်လင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

ပထမအချက်အနေဖြင့် သူမက ဟေးလုံစခန်းမှ အဖွဲ့ဝင်များ အသေအပျောက် များမည်ကို စိုးရိမ်နေပြီး ဒုတိယအချက်အနေဖြင့် ကျောက်လင်က အစွမ်းထက်သော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ မည်သည့်တိုက်ပွဲတွင်မဆို အသေအပျောက် ဆိုသည်မှာ ရှောင်လွှဲ၍မရသောအရာ ဖြစ်သည်။

"ဟုတ်တယ်... ကိုယ်က ဟေးလုံစခန်းက ညီအစ်ကိုတွေကို ဦးဆောင်ပြီး လူနှစ်သိန်းရှိတဲ့ နန်ယွဲ့တိုင်းပြည်ရဲ့ မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ကို တိုက်ခိုက်မှာ..."

ကျောက်လင်က တန်ထိုက်ပေါင်ပေါင်ကို ပြုံးပြကာ တည်ငြိမ်စွာ ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ တန်ထိုက်ပေါင်ပေါင်၏ မျက်နှာအမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားပြီး မယုံကြည်နိုင်သော အမူအရာ ပေါ်လာသည်။ ခဏတာမျှ တန်ထိုက်ပေါင်ပေါင်က ကျောက်လင် ရူးသွားပြီဟုပင် ထင်လိုက်မိ၏။

"ခင်ပွန်း... အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"နန်ယွဲ့စစ်သား နှစ်သိန်းက အဲ့ဒီမှာ ရပ်နေပြီး ကျွန်မတို့ ဟေးလုံစခန်းက ညီအစ်ကိုတွေကို အသတ်ခံမယ်ဆိုရင်တောင် ကျွန်မတို့ လူတစ်ထောင်က သတ်ရလွန်းလို့ ပင်ပန်းပြီး သေသွားလိမ့်မယ်..."

"အဲ့ဒါအပြင် မြောက်ပိုင်းကာကွယ်ရေးစစ်တပ်က တပ်ဖွဲ့ဝင် နှစ်သိန်းနဲ့ဆိုတော့ သူတို့နဲ့အတူ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေလည်းပါလာမှာ သေချာတယ်... ကျွန်မတို့ ဟေးလုံစခန်းက ညီအစ်ကိုတွေက သူတို့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ..."

တန်ထိုက်ပေါင်ပေါင်သည် ကျင့်ကြံခြင်းတွင် ရူးသွပ်နေသူ ဖြစ်သော်လည်း အခြေခံအသိအမြင် အချို့ကိုလည်း သိရှိထားပြီး ဟေးလုံစခန်းက မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ကို ယှဉ်နိုင်မည်ဟု မထင်ထားပေ။

"အချစ်လေး... ကိုယ့်ကိုယုံလား..."

ရုတ်တရက် ကျောက်လင်က ပြုံးလျက် မေးလိုက်၏။

"ဒါပေါ့... သေချာပေါက် ယုံတာပေါ့..."

တန်ထိုက်ပေါင်ပေါင်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

"ဟေးလုံစခန်းက ကိုယ့်ဆီမှာ လက်အောက်ခံနေပြီလေ... ကိုယ်က သူတို့ရဲ့ အသက်တွေနဲ့ နောက်ပြောင်မယ်လို့ မင်း ထင်နေတာလား..."

"ကိုယ်က ဟေးလုံစခန်းက ညီအစ်ကိုတွေကို ဦးဆောင်ပြီး မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ကို တိုက်ခိုက်ရဲတယ်ဆိုမှတော့ ကိုယ့်မှာ အနိုင်ရနိုင်တဲ့နည်းလမ်း ရှိရမှာပေါ့..."

ကျောက်လင်က တောက်ပနေသော မျက်လုံးများဖြင့် ယုံကြည်မှုရှိစွာ ပြောလိုက်၏။

ဤအချိန်တွင် ကျောက်လင်သည် မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ကို ရင်ဆိုင်ရန်အတွက် နည်းဗျူဟာစနစ် တစ်ခုကို ရေးဆွဲထားပြီး ဖြစ်သည်။ မြောက်ပိုင်းကာကွယ်ရေးစစ်တပ်ကို အနိုင်ယူရုံသာမက ဟေးလုံစခန်းမှ ညီအစ်ကို တစ်ယောက်မျှ သေဆုံးခြင်းမရှိစေရန်လည်း သေချာအောင် လုပ်ရမည် းဖြစ်၏။

"ခင်ပွန်းက ဆုံးဖြတ်ချက် ချပြီးပြီဆိုမှတော့... ကျွန်မ ရှင့်ကို ထောက်ခံပါတယ်..."

ကျောက်လင်၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို မြင်လိုက်ရသောအခါ တန်ထိုက်ပေါင်ပေါင်တွင် မည်သည့်သံသယမျှ မရှိတော့ပေ။

လောင်းရှန်းဆိုသည်မှာ မဟာလီမင်းဆက်၏ တပ်ပျက်စစ်သားများ တပ်စွဲထားသည့် တောင်တန်းဒေသတစ်ခုဖြစ်သည်။

အဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သော ထန်ကျင်းထင်၏ အကူအညီဖြင့် ယွီဝမ်ချန်က အင်အားနှစ်သိန်းရှိသော ကျန်းနန်စစ်တပ်ကို ထိန်းချုပ်နိုင်ခဲ့၏။

သို့သော်လည်း ယွီဝမ်ချန်သည် ဖိအားများစွာ အောက်တွင် ရောက်ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ စစ်သားနှစ်သိန်းကို ကျွေးမွေးရမည်မှာ လွယ်ကူသော ကိစ္စမဟုတ်ဘဲ စားနပ်ရိက္ခာနှင့် စစ်တပ်လစာ နှစ်ခုစလုံး ပါဝင်နေသောကြောင့်ဖြစ်၏။

မိသားစုဝင်ဖြစ်သူ နဝမအဆင့် နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ ယွီဝမ်ချွန်းသည် အင်းဆက်တစ်ရာကျောင်းတော်သို့ သွားခဲ့သည်။ သူ့ကို အိမ်ရှေ့စံမင်းသားက စားနပ်ရိက္ခာ ထောက်ပံ့မှု ပြဿနာကို ဖြေရှင်းရန်အတွက် အင်းဆက်တစ်ရာကျောင်းတော်နှင့် စေ့စပ်ဆွေးနွေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်၏။

ယခုအခါ ယွီဝမ်ချန်က စစ်တပ်ကို ထိန်းချုပ်ထားပြီဖြစ်ရာ စားနပ်ရိက္ခာ ပြဿနာမှာလည်း သဘာဝကျကျပင် သူမ၏အပေါ်သို့ ကျရောက်လာခဲ့သည်။

ယခင်က အိမ်ရှေ့စံမင်းသားသည် ပတ်ဝန်းကျင်ရှိ တောင်တန်းထောင်ပေါင်းများစွာ၏ တောင်ကြားများတွင် လယ်ယာစိုက်ပျိုးရန် တပ်ဖွဲ့များကို စေလွှတ်ခဲ့ပြီး ကောက်နှံမျိုးစေ့များကိုလည်း စိုက်ပျိုးထားပြီး ဖြစ်၏။

သို့သော် ရိတ်သိမ်းချိန်က သုံးလကြာမှ ရောက်မည် ဖြစ်သည်။ ယွီဝမ်ချန်သည် လာမည့်သုံးလအတွက် စားနပ်ရိက္ခာနှင့် ပတ်သက်၍ အလွန် ခေါင်းခဲနေရ၏။

ထိုအခိုက်တွင် ထန်ကျင်းထင်က ယွီဝမ်ချန်၏ တဲအတွင်းသို့ ဝင်လာခဲ့သည်။

"မင်းသမီး... စစ်တပ်ရဲ့ ရိက္ခာက သုံးရက်စာပဲ လောက်တော့မယ်..."

ထန်ကျင်းထင်က စိုးရိမ်နေသော အမူအရာဖြင့် ပြောလိုက်၏။

ယွီဝမ်ချန်က သူမ၏ ညာလက်ကို ဖြန့်ကာ ထန်ကျင်းထင်ကို ထိုင်ရန် အမူအရာ ပြလိုက်သည်။

"အဘိုးကြီးထန်... ငါက အာချင်းနဲ့ အာချောင်တို့ကို ပတ်ဝန်းကျင်ဒေသတွေကို ကင်းထောက်ဖို့ လွှတ်လိုက်ပြီ..."

"တကယ်လို့ တခြားနည်းလမ်းတွေ အကုန် အလုပ်မဖြစ်တော့ဘူးဆိုရင်... ငါတို့က မဟာချင်နယ်စပ်ဒေသဆီ တပ်တွေ စေလွှတ်ပြီး လုယက်ရလိမ့်မယ်..."

ယွီဝမ်ချန်က တည်ငြိမ်စွာ ပြောလိုက်၏။

ဤသည်မှာ ယွီဝမ်ချန် အသေအချာ စဉ်းစားပြီးနောက် ရရှိလာသော ကောက်ချက်တစ်ခု ဖြစ်သည်။

နန်းတွင်းမိသားစုဝင်ဖြစ်သူ ယွီဝမ်ချွန်းသည် အင်းဆက်တစ်ရာကျောင်းတော်သို့ စေ့စပ်ဆွေးနွေးရန် သွားခဲ့သော်လည်း သူက အိမ်ရှေ့စံမင်းသားကို မြတ်နိုးတန်ဖိုးထား၏။ ယွီဝမ်ချွန်းက စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းရန် သဘောမတူမီ ယွီဝမ်ချန်ကို ဧကရာဇ်တံဆိပ်တုံးအား သေချာပေါက် လွှဲပြောင်းပေးခိုင်းလိမ့်မည် ဖြစ်သည်။

ယွီဝမ်ချွန်းကို အားကိုး၍မရနိုင်သောကြောင့် ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် အားကိုးကာ မဟာချင် ပိုင်နက်အတွင်း ကောက်နှံများကို လုယက်ရန် စစ်ပွဲဆင်နွှဲခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

"မင်းသမီး... ကျွန်တော်တို့က စစ်ပွဲကနေတစ်ဆင့် ရိက္ခာတွေ သိမ်းပိုက်နိုင်ခဲ့ရင်တောင် အများကြီးရနိုင်မှာ မဟုတ်ဘူး... ဒါ့အပြင် စစ်တပ်က မဟာချင် ပိုင်နက်ထဲကို ခရီးဝေးချီတက်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့အခါ သူတို့က အဲ့ဒီအခွင့်အရေးကို ယူပြီး ထွက်ပြေးသွားနိုင်တယ်..."

"အဲ့ဒီအပြင် မဟာချင်ရဲ့ နယ်စပ်ဒေသကလည်း တောင်တန်းဒေသပဲလေ... နှစ်ပေါင်းများစွာ စစ်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ နယ်စပ်က လူတွေဆီမှာလည်း ရိက္ခာ သိပ်မကျန်တော့ဘူး..."

"ကျွန်တော့်ရဲ့ နှိမ့်ချတဲ့ အမြင်အရဆိုရင်တော့... ကျွန်တော်တို့ အိမ်ရှေ့စံမင်းသားနဲ့ပဲ စေ့စပ်ဆွေးနွေးနိုင်လိမ့်မယ်..."

ထန်ကျင်းထင်က တည်ငြိမ်စွာဖြင့် အကြံဉာဏ်အချို့ ပေးလိုက်၏။

ယွီဝမ်ချန်က ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

အကယ်၍ သူမက အိမ်ရှေ့စံမင်းသားနှင့် စေ့စပ်ဆွေးနွေးမည်ဆိုလျှင် အိမ်ရှေ့စံမင်းသားသည် ယွီဝမ်ချန်ကို ဧကရာဇ်တံဆိပ်တုံး ပေးအပ်ရန် ရှောင်လွှဲ၍မရဘဲ တောင်းဆိုလိမ့်မည်ဖြစ်၏။ ထိုအချိန်ရောက်လျှင် ယွီဝမ်ချန်သည် တစ်ဖန် အားနည်းသည့်ဘက်သို့ ရောက်သွားမည်ဖြစ်ပြီး အိမ်ရှေ့စံမင်းသား၏ လုပ်ကြံမှု ခံရနိုင်ကာ သတ်ဖြတ်ခြင်းပင် ခံရနိုင်ချေ ရှိသည်။

နန်းတွင်းမိသားစုဝင်ဖြစ်သူ ယွီဝမ်ချွန်းသည် အိမ်ရှေ့စံမင်းသားအပေါ် ကြီးမားသော ဂရုစိုက်မှု ပြသခဲ့၏။ ဤအချိန်တွင် ယွီဝမ်ချွန်းသည် စေ့စပ်ဆွေးနွေးရန် အင်းဆက်တစ်ရာကျောင်းတော်သို့ သွားနေပြီ ဖြစ်သည်။ ယွီဝမ်ချွန်းက အင်းဆက်တစ်ရာကျောင်းတော်နှင့် အောင်မြင်စွာ စေ့စပ်ဆွေးနွေးနိုင်သည်နှင့် တစ်ပြိုင်နက် အင်းဆက်တစ်ရာကျောင်းတော်က နန်ယွဲ့တိုင်းပြည်အား ရိက္ခာများ ပေးပို့ရန် ညွှန်ကြားလိမ့်မည် ဖြစ်၏။

အင်းဆက်တစ်ရာကျောင်းတော်သည် မဟာချင်မင်းဆက်၏ ချီလင်ခန်းမကြီးနှင့် တန်းတူဖြစ်ပြီး ကျင့်ကြံသူများအတွက် အမြင့်မြတ်ဆုံး ခန်းမကြီးဖြစ်သည်။

အင်းဆက်တစ်ရာကျောင်းတော်သည် နန်ယွဲ့တိုင်းပြည်၏ စစ်မှန်သော အုပ်ချုပ်မှုအာဏာဖြစ်သည်ဟု ဆိုနိုင်၏။

ယွီဝမ်ချွန်းက အောင်မြင်စွာ စေ့စပ်ဆွေးနွေးပြီးနောက် ပြန်ရောက်လာချိန်တွင် အိမ်ရှေ့စံမင်းသား ရာထူးမှ ဖယ်ရှားခံလိုက်ရသည်ကို တွေ့ရှိသွားပေမည်။ သူက ယွီဝမ်ချန်ကို ဧကရာဇ်တံဆိပ်တုံး စွန့်လွှတ်စေရန်နှင့် အိမ်ရှေ့စံမင်းသားကို အာဏာပြန်လည် ရယူခွင့်ပေးရန် ရိက္ခာကိစ္စကို အသုံးပြုကာ ဖိအားပေးလာဖွယ် ရှိနေသည်။

ထန်ကျင်းထင်ကလည်း ယွီဝမ်ချန်ကို သိပ်ပြီး အထင်ကြီးမနေပေ။

ပထမအချက်မှာ ယွီဝမ်ချွန်းသည် နဝမအဆင့် နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အုပ်ချုပ်သူတစ်ဦး၏ အင်အားကို ပိုင်ဆိုင်ထားကာ ကျန်းနန်စစ်တပ်၏ အစောင့်အရှောက်နတ်ဘုရားလည်း ဖြစ်နေသောကြောင့် ဖြစ်၏။

ဒုတိယအချက်မှာ ယွီဝမ်ချွန်းသည် ယခင်ဧကရာဇ်၏ ဦးရီးတော်သစ်ဖြစ်သည်။ အကယ်၍ သူက အမိန့်တစ်ရပ် ထုတ်ပြန်လိုက်လျှင် ကျန်းနန်စစ်တပ်က ပုန်ကန်နိုင်ပြီး ယွီဝမ်ချန်ကို တိုက်ရိုက် ဖိနှိပ်သွားနိုင်သည်။

တတိယအချက်မှာ ယွီဝမ်ချွန်းက ရိက္ခာထောက်ပံ့မှုကို ထိန်းချုပ်ထားခြင်းဖြစ်ပြီး ၎င်းမှာ သူ၏ အကြီးမားဆုံး အားသာချက် ဖြစ်၏။

ထန်ကျင်းထင်၏ အကြံအစည်မှာ ယွီဝမ်ချန်အား အိမ်ရှေ့စံမင်းသားနှင့် စေ့စပ်ဆွေးနွေးစေကာ ကျန်းနန်စစ်တပ်ကို အိမ်ရှေ့စံမင်းသားထံ ပြန်လည်ပေးအပ်ရန်နှင့် အနာဂတ်တွင် သူမ၏ အာဏာပြန်လည်ရယူရေး အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် အိမ်ရှေ့စံမင်းသားအား ကတိပြုစေလိုခြင်း ဖြစ်သည်။ ယင်းအတွက် အလဲအလှယ်အနေဖြင့် သူမသည် ဧကရာဇ်တံဆိပ်တုံးကို ယူဆောင်ကာ နန်ယွဲ့တိုင်းပြည်မှ ထွက်ခွာပြီး ဂေါင်ဖန်တိုင်းပြည်သို့ သွားရောက်ကာ ဒုတိယမင်းသား၏ အနောက်ပိုင်းဒေသစစ်တပ်ကို ထိန်းချုပ်ရန် ဖြစ်၏။

"မဟုတ်ဘူး... ငါ့မှာ နောက်ဆုံးရွေးချယ်စရာတစ်ခု ရှိသေးတယ်..."

ရုတ်တရက် ယွီဝမ်ချန်က ပြောလိုက်သည်။

ထိုအခိုက်တွင် ကျောက်လင်၏ ပုံရိပ်က ယွီဝမ်ချန်၏ စိတ်ထဲတွင် ပေါ်လာ၏။

ယခင်က ယွီဝမ်ချန်သည် ကျောက်လင်ထံမှ အကူအညီတောင်းရန် စဉ်းစားခဲ့ဖူးသော်လည်း သူမကိုယ်တိုင် ထင်းရှူးနက်ကျေးရွာတွင် အချိန်အနည်းငယ် ဖြတ်သန်းခဲ့ဖူးသောကြောင့် ရွာ၏ စားနပ်ရိက္ခာမှာ လူတစ်ထောင်ကိုပင် မနည်းကျွေးမွေးရကြောင်း သိထားသည်။

ကျန်းနန်စစ်တပ်တွင် တပ်ဖွဲ့ဝင် နှစ်သိန်းရှိနေရာ ယွီဝမ်ချန်က ရိက္ခာပြဿနာကို ဖြေရှင်းရန် ကျောက်လင်ကို အမှန်တကယ် ဒုက္ခမပေးချင်ခဲ့ပေ။

သို့သော် ထန်ကျင်းထင်၏ စကားများကို ကြားပြီးနောက် ယွီဝမ်ချန်သည် သူမအနေဖြင့် မျှော်လင့်ချက်မဲ့နေသော အခြေအနေသို့ ရောက်နေပြီဖြစ်ကာ အခြားရွေးချယ်စရာ မရှိတော့ကြောင်းကို သဘောပေါက်သွား၏။

အိမ်ရှေ့စံမင်းသားနှင့် စေ့စပ်ဆွေးနွေးရမည်လော။ ဤသည်မှာ သေလမ်းသို့ သွားခြင်းပင်ဖြစ်သည်။

ထို့ကြောင့် ယွီဝမ်ချန်က ကျောက်လင်ကို သတိရသွားပြီး သူမ၏ ခင်ပွန်းထံမှ အကူအညီ တောင်းရန် ဆုံးဖြတ်လိုက်၏။

ထန်ကျင်းထင်က တွေးတောနေစဉ်မှာပင် အမျိုးသမီးအစောင့်နှစ်ယောက်ဖြစ်သော အာချင်းနှင့် အာချောင်တို့က တဲအတွင်းသို့ အလျင်စလို ဝင်လာကြသည်။

"မင်းသမီး... ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ..."

"မြောက်ပိုင်းကာကွယ်ရေးစစ်တပ်က တပ်ဖွဲ့ဝင် နှစ်သိန်းက လောင်းရှန်းဆီကို ဦးတည်လာနေတယ်... ကြည့်ရတာ မြောက်ပိုင်းကာကွယ်ရေးစစ်တပ်က ကျွန်မတို့ကို လာတိုက်မယ့်ပုံပဲ..."

ထိုနှစ်ယောက်က စိုးရိမ်တကြီး အော်ပြောလိုက်ကြ၏။

All Chapters