← Chapters

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း (၃၀၀) အဖွဲ့ဝင်အားလုံး လက်နက်တပ်ဆင်ခြင်း

"ငါ ပထမနေရာကို ရချင်တယ်..."

"ငါ ထိပ်ဆုံးအယောက်တစ်ရာစာရင်းထဲ ဝင်ကိုဝင်ရမယ်..."

ကျောက်လင် ထွက်ခွာသွားသောအခါ ဟေးလုံစခန်းမှ အဖွဲ့ဝင်တစ်ထောင်ကျော်သည် ရူးသွပ်သွားကြတော့၏။

လူတိုင်းသည် ကျောက်လင်၏ စကားကို ကြားပြီးနောက် သူတို့၏ ရင်ထဲ၌ စွဲမှတ်သွားကြသည်။

ပထမဆုံးရောက်လာသည့် လူနှစ်ရာသည် စနိုက်ပါရိုင်ဖယ်တစ်လက်စီ ရရှိကြမည်ဖြစ်ပေသည်။

မူလ ဟေးလုံစခန်းမှ အဖွဲ့ဝင်ငါးရာဖြစ်စေ သို့မဟုတ် နောက်ပိုင်းမှ ဖမ်းဆီးရမိသော အဖွဲ့ဝင်ငါးရာကျော်ဖြစ်စေ အားလုံးက စနိုက်ပါရိုင်ဖယ်များ၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီးဖြစ်၏။

အစောပိုင်းက ဟေးလုံစခန်းတွင် စနိုက်ပါရိုင်ဖယ် ငါးဆယ်သာရှိပြီး ကျန်ရှိနေသည့် အဖွဲ့ဝင်များက စနိုက်ပါရိုင်ဖယ် ပိုင်ဆိုင်ထားသော ထိုအဖွဲ့ဝင်ငါးဆယ်ကို အားကျနေခဲ့ကြသည်။

စနိုက်ပါရိုင်ဖယ်တစ်လက်သည် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးကို ကျည်တစ်တောင့်တည်းဖြင့် သတ်ဖြတ်နိုင်ရုံသာမက ရွှေခန္ဓာနယ်ပယ်မှ ကျွမ်းကျင်သူကိုပင် ထိခိုက်ဒဏ်ရာ ရစေနိုင်စွမ်းရှိပေရာ စွမ်းအားနိမ့်ပါးသော ဤအဖွဲ့ဝင်များအတွက်မူ စနိုက်ပါရိုင်ဖယ်တစ်လက်ကို အပြင်းအထန် ပိုင်ဆိုင်ချင်နေကြခြင်းဖြစ်၏။

ယခုတော့ သူတို့အတွက် စနိုက်ပါရိုင်ဖယ် ရရှိရန် အခွင့်အရေး ပေါ်လာခဲ့ပြီဖြစ်ရာ လူတိုင်းက အသက်လု၍ ပြေးချင်နေကြသည်။

ထို့အပြင် ကျောက်လင်က ပို၍စွမ်းအားကြီးမားသော အဂ္ဂိရတ်လက်နက်အကြောင်းကိုပါ ထည့်သွင်းပြောဆိုခဲ့ရာ ၎င်းက ပို၍ပင် ဆွဲဆောင်မှုရှိနေပေသည်။

ထိုကဲ့သို့ စွမ်းအားကြီးမားသည့် လက်နက်အခုရေ တစ်ထောင်တိတိ ရှိနေပြီး မည်သည့်အဖွဲ့ဝင်ကမှ ထိပ်ဆုံးတစ်ထောင်စာရင်း၏ နောက်သို့ မရောက်ချင်ကြချေ။ အကယ်၍ နောက်ကျကျန်ခဲ့ပါက ထိုလက်နက်များကို ရရှိမည်မဟုတ်သည့်အပြင် အားလုံး၏ လှောင်ပြောင်ရယ်မောခြင်းကိုပါ ခံရမည်ဖြစ်သည်။

ထို့ကြောင့် ဟေးလုံစခန်းမှ အဖွဲ့ဝင်အားလုံးသည် ရူးသွပ်သွားကြကာ အော်သံများပေးလျက် အသက်လုပြေးကြတော့၏။

တျန်ချီတောင်မှ စတင်ကာ လမ်းတစ်လျှောက်လုံးတွင် ဖုန်တလုံးလုံးထနေပြီး မြင်ကွင်းမှာ အလွန်ပင် ခမ်းနားကြီးကျယ်လှပေသည်။

တောင်နှစ်လုံးက တစ်မိုင်ခန့်သာ ကွာဝေးသည်။

ဟေးလုံစခန်းမှ အဖွဲ့ဝင်အများစုမှာ ကြေးဝါအရေပြားနယ်ပယ်တွင်သာ ရှိကြသော်လည်း ယခုအခါတွင်မူ သားကောင်ကို အမဲလိုက်နေသည့် ကျားသစ်များကဲ့သို့ ပြေးလွှားနေကြလေသည်။

ကျောက်လင်သည် လက်နက်များ ပုံထားသည့်နေရာသို့ ဆင်းသက်လိုက်၏။

တန်ထိုက်ပေါင်ပေါင်ကလည်း အနောက်မှ ကပ်၍ လိုက်ပါလာသည်။

"ဝိုး..."

"ခင်ပွန်း.. တကယ်ပဲ စနိုက်ပါရိုင်ဖယ် အလက်နှစ်ရာ ရှိနေတာပဲ..."

"ဒီအလုံးရှည်ပုံစံ လက်နက်တွေက ဘာအမျိုးအစားတွေလဲ..."

မြေပြင်အနှံ့ ပြန့်ကျဲနေသော လက်နက်များကို မြင်လိုက်ရသည့်အခါ တန်ထိုက်ပေါင်ပေါင်မှာ စိတ်လှုပ်ရှားသွားလေသည်။

တန်ထိုက်ပေါင်ပေါင်က စနိုက်ပါရိုင်ဖယ်များနှင့် ရင်းနှီးပြီးသားဖြစ်ကာ ၎င်းတို့၏ စွမ်းအားကိုလည်း ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်၏။

သို့သော်လည်း အာရ်ပီဂျီ ဒုံးကျည်လောင်ချာကိုမူ တန်ထိုက်ပေါင်ပေါင် မြင်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူမက အလွန် စိတ်ဝင်တစားရှိနေပြီး ဒုံးကျည်လောင်ချာတစ်လက်ကို လက်ထဲတွင် ကိုင်ကာ သေသေချာချာ စစ်ဆေးကြည့်ရှုနေလေသည်။

"ဒီအဂ္ဂိရတ်လက်နက်က ရွှေခန္ဓာနယ်ပယ်က ကျင့်ကြံသူကိုတောင် အမြစ်ပြတ်ချေမှုန်းနိုင်စွမ်းရှိတယ်..."

ကျောက်လင်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။

"ဘာ..."

ဒုံးကျည်လောင်ချာကို ဆုပ်ကိုင်ထားသော တန်ထိုက်ပေါင်ပေါင်၏ လက်များမှာ အနည်းငယ် တုန်ယင်သွားသည်။ ထိုစကားကို ကြားလိုက်ရသောအခါ သူမမှာ အတော်လေး အံ့အားသင့်သွားရ၏။

ထိုကဲ့သို့သော အလုံးရှည်ပုံစံ အရာဝတ္ထုက ရွှေခန္ဓာနယ်ပယ် ကျင့်ကြံသူကို တကယ်ပဲ သတ်ဖြတ်နိုင်ပါ့မလား။

ယခုအချိန်တွင် မြေပြင်ပေါ်၌ ဒုံးကျည်လောင်ချာ အခုရေ တစ်ထောင်တိတိ ရှိနေပေသည်။

"ခင်ပွန်း... အဲ့တာက တကယ်ပဲလား..."

"ရွှေခန္ဓာနယ်ပယ် ကျင့်ကြံသူကို တကယ်ပဲ သတ်နိုင်တာလား..."

တန်ထိုက်ပေါင်ပေါင်က လေးနက်စွာ မေးလိုက်၏။

ကျောက်လင်က ခေါင်းညိတ်ပြလိုက်သည်။

"သူတို့ရောက်လာကြရင် ကိုယ်တိုင် သရုပ်ပြပေးမယ်... ရွှေခန္ဓာနယ်ပယ်က လူတစ်ယောက်ကို သတ်နိုင်မသတ်နိုင် မင်း မြင်ရမှာပေါ့..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ထိုအခိုက်တွင် တန်ထိုက်ပေါင်ပေါင်က မြေပြင်ပေါ်ရှိ မြေအိုးပုလင်း အလုံးတစ်ရာပါသော သစ်သားသေတ္တာတစ်လုံးကို မြင်လိုက်ရသည်။

တန်ထိုက်ပေါင်ပေါင်က မြေအိုးပုလင်းကို ကောက်ယူရန် ပြင်လိုက်ချိန်တွင် ကျောက်လင်က ချက်ချင်း လက်လှမ်းကာ သူမကို တားဆီးလိုက်၏။

"မလှုပ်နဲ့..."

"အဲ့ဒီမြေအိုးပုလင်းတွေထဲမှာ အထူးအဆိပ်ငွေ့တချို့ပါတယ်... တစ်ချက် ရှူရှိုက်မိတာနဲ့ ကျောက်စိမ်းဗိမာန်နယ်ပယ်က ကျင့်ကြံသူတောင်မှ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ထုတ်သုံးနိုင်တော့မှာ မဟုတ်ဘူး..."

ကျောက်လင်က ရှင်းပြလိုက်သည်။

တန်ထိုက်ပေါင်ပေါင်မှာ လန့်သွားပြီး ဝိညာဉ်ချိတ်ပိတ်ခြင်းအရည် ပါဝင်သော မြေအိုးပုလင်းကို ချက်ချင်းပင် ပြန်ထားလိုက်၏။

ထို့နောက် သူတို့နှစ်ဦးသည် ဟေးလုံစခန်းမှ အဖွဲ့ဝင်များ ပြေးလာမည့်အချိန်ကို ထိုနေရာ၌ တည်ငြိမ်စွာ ရပ်၍ စောင့်ဆိုင်းနေကြလေသည်။

မိနစ်အနည်းငယ်မျှသာ ကြာမြင့်ခဲ့၏။

ထို့နောက် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်မှ အဖွဲ့ခေါင်းဆောင်တစ်ဦးက ရှေ့ဆုံးမှ ပြေးလာပြီး ကျောက်လင်ထံသို့ စိတ်လှုပ်ရှားစွာဖြင့် ရောက်ရှိလာသည်။

"သခင်... ကျွန်တော် ရောက်ပါပြီ..."

ထိုလူက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

"အရမ်းကောင်းတယ်... စနိုက်ပါရိုင်ဖယ်တစ်လက်နဲ့ ဒုံးကျည်လောင်ချာတစ်လက် ယူလိုက်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

မည်သူပင် ရောက်လာစေကာမူ လက်နက်ကိုသာ ယူခိုင်းလိုက်မည်ဖြစ်ပြီး စာရင်းမှတ်နေရန် မလိုအပ်ပေ။

အမိန့်ရရှိသည်နှင့်တစ်ပြိုင်နက် ထိုလူက စနိုက်ပါရိုင်ဖယ်တစ်လက်ကို စိတ်လှုပ်ရှားစွာ ကောက်ယူလိုက်ပြီး ဒုံးကျည်လောင်ချာတစ်လက်ကို သူ၏ ပခုံးပေါ်သို့ လွယ်ချိတ်လိုက်၏။

"နောက်ထပ် မင်းက ကြီးကြပ်ဖို့ တာဝန်ယူရမယ်... ဘယ်သူပဲရောက်လာရောက်လာ လက်နက်တွေ အကုန်ဝေပြီးတဲ့အထိ စနိုက်ပါရိုင်ဖယ်တစ်လက်နဲ့ ဒုံးကျည်လောင်ချာတစ်လက်စီ ယူခိုင်းလိုက်..."

ကျောက်လင်က နောက်ထပ်အမိန့်တစ်ခုကို ထပ်မံထုတ်ပြန်လိုက်သည်။

လူထောင်ပေါင်းများစွာ အပြေးအလွှား ရောက်လာကြမည်ဖြစ်ရာ ကျောက်လင်သည် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ခမ်းသွားသဖြင့် အနီးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ခဏတာ လှဲလျောင်းနေရန် ဆုံးဖြတ်လိုက်လေသည်။

"ဟုတ်ကဲ့ပါ သခင်..."

ပထမဆုံး ပြေးရောက်လာသည့် အဖွဲ့ခေါင်းဆောင်က ရိုသေလေးစားစွာ အရိုအသေပေးလိုက်၏။

နောက်ထပ် နာရီအနည်းငယ်ကြာသည့်တိုင်အောင် ထိုအဖွဲ့ခေါင်းဆောင်မှာ အတော်လေး တာဝန်ကျေပွန်စွာဖြင့် ပြေးရောက်လာသည့် အဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းကို လက်နက်များ ချက်ချင်း ဝေငှပေးနေခဲ့သည်။

ပထမဆုံး ပြေးရောက်လာသည့် အဖွဲ့ဝင်နှစ်ရာသည် စနိုက်ပါရိုင်ဖယ်တစ်လက်နှင့် ဒုံးကျည်လောင်ချာတစ်လက်စီကို ရရှိခဲ့ကြ၏။

နောက်ပိုင်းမှ ရောက်လာသည့် အဖွဲ့ဝင်တစ်ထောင်မှာမူ ဒုံးကျည်လောင်ချာတစ်လက်စီကိုသာ ရရှိခဲ့ကြသည်။

အဆင့်တစ်ထောင်ကျော်သွားသဖြင့် ကျန်ရစ်နေခဲ့သော အဖွဲ့ဝင်တစ်ရာကျော်မှာမူ မည်သည့်လက်နက်ကိုမျှ မရရှိခဲ့ကြချေ။ သူတို့က ထိုနေရာတွင် မျက်နှာပူရှက်ရွံ့စွာဖြင့် စိတ်ပျက်လက်ပျက် ရပ်နေခဲ့ကြ၏။

"သခင်... ညီအစ်ကိုတွေ အကုန်လုံး ရောက်လာကြပါပြီ..."

လက်နက်များ ဝေငှပြီးနောက် ပထမဆုံး ပြေးရောက်လာခဲ့သော အဖွဲ့ခေါင်းဆောင်က ကျောက်လင်အနီးသို့ လျှောက်သွားကာ ပြောလိုက်သည်။

ကျောက်လင်က ခေါင်းညိတ်ပြလိုက်ပြီး လူအားလုံး၏ အရှေ့သို့ ပျံသန်းဆင်းသက်လိုက်၏။

"မင်းတို့အားလုံး စနိုက်ပါရိုင်ဖယ်ကို ဘယ်လိုသုံးရမလဲဆိုတာ ကျွမ်းကျင်ပြီးသားဖြစ်မယ်လို့ ငါ ယုံကြည်တယ်..."

"အခုတော့ စနိုက်ပါရိုင်ဖယ်ကို ဘယ်လိုသုံးရမလဲဆိုတာ မင်းတို့ကို သင်ပေးစရာ မလိုတော့ဘူးပေါ့..."

ကျောက်လင်က ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ အစောပိုင်းကတည်းက ဟေးလုံစခန်းတွင် စနိုက်ပါရိုင်ဖယ် ငါးဆယ်

ရှိနေခဲ့ပြီး ဖြစ်၏။ မကြာသေးမီရက်များအတွင်း အဖွဲ့ဝင်အားလုံးက စနိုက်ပါရိုင်ဖယ်များကို ကိုင်တွယ်ကြည့်ခဲ့ကြပြီး မည်သို့အသုံးပြုရမည်ကို သင်ယူခဲ့ကြပြီး ဖြစ်သည်။

သဘာဝကျစွာပင် ကျောက်လင်က ကျည်ဆန်များကို အလဟဿ မဖြုန်းတီးချင်ခဲ့သလို စနိုက်ပါရိုင်ဖယ်ကို သရုပ်ပြရန်အတွက် အချိန်ပို၍ပင် မပေးချင်ခဲ့ချေ။

"ဟုတ်ကဲ့ပါ..."

ဟေးလုံစခန်း၏ အဖွဲ့ဝင်အားလုံးက တစ်သံတည်း ပြန်လည်ဖြေကြားလိုက်ကြ၏။

ကျောက်လင်က ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကျောက်လင်က ပထမဆုံး ရောက်လာခဲ့သော အဖွဲ့ခေါင်းဆောင်ကို လက်ညှိုးထိုးပြလိုက်၏။

"မင်းရဲ့ ဒုံးကျည်လောင်ချာကို ပေးစမ်း... အဲ့တာကို ဘယ်လိုသုံးရမလဲဆိုတာ ငါ သရုပ်ပြမယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

အဖွဲ့ခေါင်းဆောင်က သူ၏ ပခုံးပေါ်မှ ဒုံးကျည်လောင်ချာကို ချက်ချင်း ဖြုတ်ယူလိုက်ပြီး ကျောက်လင်ထံသို့ ကမ်းပေးလိုက်၏။

ထို့နောက် ကျောက်လင်သည် ပြင်းအားမြင့်ဗုံးများ ပါဝင်သော သစ်သားသေတ္တာတစ်လုံးဆီသို့ လျှောက်သွားကာ ပြင်းအားမြင့်ဗုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

"အားလုံးပဲ သေသေချာချာ ကြည့်ထားကြ... ငါ တစ်ခါပဲ သရုပ်ပြပေးမယ်..."

ကျောက်လင်က အော်ပြောလိုက်၏။

ထို့နောက် ကျောက်လင်က ပြင်းအားမြင့်ဗုံးကို ဒုံးကျည်လောင်ချာထဲသို့ ထည့်သွင်းလိုက်ပြီး ရှေ့မီတာငါးဆယ်ခန့်အကွာရှိ ကျောက်ဆောင်ကြီးတစ်ခုဆီသို့ ချိန်ရွယ်လိုက်သည်။

ကျောက်လင်က ခလုတ်ကို ဆွဲလိုက်သည်နှင့်တစ်ပြိုင်နက် ပြင်းအားမြင့်ဗုံးသည် လေထဲတွင် မီးတန်းတစ်ခုကို ချန်ရစ်ထားခဲ့ကာ ဒုံးကျည်လောင်ချာထဲမှ ထွက်ပေါ်လာပြီး ကျောက်ဆောင်ကြီးကို အလျင်အမြန် ဝင်တိုက်သွားလေတော့၏။

"ဝုန်း..."

ကျောက်ဆောင်ကြီးမှာ ပေါက်ကွဲလွင့်စဉ်သွားပြီး မြေပြင်ပေါ်တွင် ကြီးမားသော စက်ဝိုင်းပုံစံ မီးတောင်ဝကဲ့သို့ ချိုင့်ခွက်ကြီးတစ်ခုကို ချန်ရစ်ထားခဲ့သည်။

"ဝိုး..."

"အရမ်းစွမ်းအားကြီးတာပဲ..."

"ဒါက တကယ့်ကို မယုံနိုင်လောက်အောင် စွမ်းအားကြီးမားတာပဲ..."

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟေးလုံစခန်းမှ အဖွဲ့ဝင်အားလုံးမှာ မှင်တက်သွားကြလေ၏။

ဤအလုံးရှည်က ရွှေခန္ဓာနယ်ပယ် ကျင့်ကြံသူကို မည်သို့မည်ပုံ သတ်ဖြတ်နိုင်မည်နည်းဟူ၍ တန်ထိုက်ပေါင်ပေါင်က သံသယဝင်နေဆဲပင် ဖြစ်သည်။

ပြင်းအားမြင့်ဗုံး၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီးနောက် ယခုအခါတွင်မူ ရွှေခန္ဓာနယ်ပယ်၏ ရုပ်ခန္ဓာကိုယ်တိုင်ကပင် ထိုကဲ့သို့သော ပေါက်ကွဲမှုအင်အားကို ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း တန်ထိုက်ပေါင်ပေါင် သေချာသွားခဲ့ပြီ ဖြစ်၏။

လူအုပ်ကြီးထံမှ ဆူညံသံများ ထွက်ပေါ်လာသည်။ သူတို့အားလုံးက ထိုကဲ့သို့ စွမ်းအားကြီးမားသည့် လက်နက်တစ်ခုကို ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသည့်အတွက် အလွန် စိတ်လှုပ်ရှားနေကြ၏။

ထိုအခိုက်တွင် ကျောက်လင်က လူတိုင်းကို တိတ်ဆိတ်သွားစေရန် သူ၏ လက်ကို မြှောက်ပြလိုက်သည်။

"နောက်ထပ် မင်းတို့ လူတစ်ထောင်ထဲက တစ်ယောက်စီတိုင်းက ဗုံးတစ်လုံးစီ ထုတ်ယူပြီး ခုနက ငါပြသခဲ့တဲ့ နည်းလမ်းအတိုင်း ဒုံးကျည်လောင်ချာရဲ့ စွမ်းအားကို တစ်ယောက်ချင်းစီ သရုပ်ပြရမယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ကိုယ်တိုင် သရုပ်ပြပြီးနောက် ဤရိုးရှင်းသော အသုံးပြုနည်းကို လူတိုင်း ကျွမ်းကျင်နေပြီဖြစ်ကြောင်း ကျောက်လင်က ယုံကြည်ထားသည်။

သို့သော်လည်း တကယ့်တိုက်ပွဲ မစတင်မီ ဒုံးကျည်လောင်ချာကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်စေရန်အတွက် ကျောက်လင်က သူတို့ကို တစ်ကြိမ်ခန့် လေ့ကျင့်ခိုင်းရမည် ဖြစ်၏။

"ကျေးဇူးတင်ပါတယ် သခင်..."

ဟေးလုံစခန်းမှ အဖွဲ့ဝင်အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ဖြေကြားလိုက်ကြလေသည်။

All Chapters