← Chapters

အခန်း (၂၁၉၅-၂၁၉၆)

Vol. 220 Ch. 2195-2196

အခန်း (၂၁၉၅-၂၁၉၆)

Vol. 220 Ch. 2195-2196

အခန်း (၂၁၉၅) အပြန်အလှန် စာနာခြင်းလော

တုန်းဖန်းဟို့၏ မျက်နှာအမူအရာမှာ တစ်စုံတစ်ရာ ထူးဆန်းနေသဖြင့် ဖန့်ကျစ်ရွှယ်ပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်သွားသည်။

“တုန်းဖန်း အစ်ကိုကြီး၊ ဘာကိစ္စများလဲ”

တုန်းဖန်းဟို့က အသံကို တိုး၍ ပြောလိုက်သည်။

“နောက်ဆုံးတစ်ခေါက်တုန်းက ဖန့် ညီကိုက နေမင်း ခုနစ်ပါးဇုန်ထဲကိုမဝင်ခဲ့ရတော့တော့ ဒီကိစ္စကို မသိလိုက်ဘူး။

အဲဒီတုန်းက ငါ ဒဏ်ရာအနည်းငယ် ရထားလို့ ပြန်ရောက်တော့ ခဏတာ မေ့သွားခဲ့တာ။”

“အို... တုန်းဖန်းငယ်၊ အပိုစကားတွေ မပြောနဲ့တော့ ဘာကိစ္စလဲဆိုတာ မြန်မြန်သာ ပြောစမ်းပါ”

ထျန်းလန် က အနားသို့ တိုးကပ်လာသည်။

“ဖန့် ညီကို၊ နေမင်း ခုနစ်ပါး ကျောင်းသားအချို့က မင်းကို အကြောင်းပြုပြီး အလောင်းအစား လုပ်နေကြတယ်။”

တုန်းဖန်းဟို့က ဖန့်ချန်ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသည့် အရိပ်အယောင်များ ပေါ်လာသည်။

“မင်း ထေည်ဘာကျန်းယု ကို သိလား ”

“ထော်ဘာကျန်းယု မသိပါဘူး ”

ဖန့်ချန်က ခေါင်းခါလိုက်သည်။

“အဲဒါ စွမ်းအင်စုစည်းခြင်း အစောပိုင်း အဆင့်မှာ အဆင့် (၅၀) ရထားတဲ့ တော်ပေါ်ချန်းယွီလေ။

သူကလည်း ငါတို့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ရဲ့ ကျောင်းသား တစ်ဦးပါပဲ။

ဒါပေမဲ့ သူက တန်လင်ကျောင်းဘက်မှာ လျှို့ဝှက် ကျင့်ကြံနေတာ”

ထျန်းလန် သူတော်စင်က ရှင်းပြသည်။

ဖန့်ချန်လည်း အကြောင်းစုံကို နားလည်သွားသည်။

သူသည် နေမင်းခုနစ်ပါး ခန်းမထဲတွင် အဆင့်မြင့်သည့် သူများအကြောင်းကို လက်ရှိအချိန်အထိ စူးစမ်းရန် စိတ်ကူးမရှိသေးပေ။

သို့သော်လည်း တုန်းဖန်းဟို့က အဘယ်ကြောင့် ယခုအချိန်တွင် သူ့အကြောင်းကို ပြောပြရသနည်းဟူသည်ကို သူ စိတ်ဝင်စားသွားသည်။

ထော်ဘာကျနါးယု သည် သူ အနိုင်ယူခဲ့ဖူးသည့် နေမင်းခုနစ်ပါး ကျောင်းသား တစ်ဦးဦးနှင့် ရင်းနှီးနေသလော ထိုသူအတွက် ကိုယ်စားဝင်ပြီး အနိုင်ယူပေးရန် ကြံစည်နေသလော။

“ထော်ဘာကျန်းယု ဆိုတဲ့ လူက နောက်ခံအသိုင်းအဝိုင်း နိမ့်ကျသူ တစ်ဦးပဲ၊ ပိုပြောရရင်... သူ့ရဲ့ မူလဇစ်မြစ်က အလွန်ကို ထူးဆန်းတယ်။”

တုန်းဖန်းဟို့၏ မျက်ဝန်းထဲတွင် ခံစားချက်တစ်ချို့ လှစ်ခနဲ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။

“သူ့မျိုးနွယ်စုက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ထဲမှာ ဘာအဆင့်မှမရှိဘူး။

မျိုးနွယ်စုထဲမှာ ကောင်းကင်နိမိတ် သူတော်စင် တစ်ပါးတောင် မရှိဘူး။

ခွေရွှေမျိုးနွယ်စုတောင် ထော်ဘာကျန်းယု ရဲ့ မျိုးနွယ်စုထက် ပိုမို အစွမ်းထက်တဲ့ အခြေခံအုတ်မြစ်တွေ ရှိတယ်လို့ ပြောနိုင်တယ် ”

“ဒီလို လူမျိုးက နေမင်းခုနစ်််ပါး ခန်းမထဲကို ဝင်ရောက်နိုင်ခဲ့တာက အစပိုင်းမှာ လူအတော်များများကို တုန်လှုပ်စေခဲ့တာ အမှန်ပဲ ”

“ဒီလို နောက်ခံနဲ့ဆိုပေမဲ့ ထော်ဘာကျန်းယု က နေမင်းခုနစ်ပါး ခန်းမထဲမှာ စွမ်းအင်စုစည်းခြင်း အစောပိုင်း အဆင့်၊ အဆင့် (၅၀) အထိ ရောက်အောင် ကြိုးစားခဲ့တယ် ”

“သူက ပုံမှန်အားဖြင့် အေးအေးဆေးဆေး နေတတ်ပြီး သူတစ်ပါးနဲ့ ရန်ငြိုးမဖွဲ့ဘူး၊ ယှဉ်ပြိုင်တဲ့အခါမှာလည်း သက်သက်ညှာညှာပဲ ယှဉ်ပြိုင်တာ၊ လူသတ်ဖို့အထိ လုပ်လေ့မရှိဘူး ”

“ဒါပေမဲ့ ဒီတစ်ခါတော့ သူက လင်ယောင် အဆင့်မြင့် မဟာမိတ်အဖွဲ့ဘက်က လော့ကျိကျုံး နဲ့ လောင်းကြေးထပ်လိုက်တယ်။

မင်း နှစ်(၃၀၀) အတွင်းမှာ အဆင့် (၅၀) ကို ရောက်လာမယ်လို့ ပြောထားတာ။

သူသာ ရှုံးရင် ထော်ဘာကျန်းယု က သူ့ရဲ့ နေမင်းခုနစ်မင်း တံဆိပ်ကို ပေးရမယ်။

ပြန်ပြောရရင်တော့ လော့ကျိကျုံးက သူ့ရဲ့နေမင်း ခုနစ်ပါး တံဆိပ်ကို ပေးရမှာ ”

တုန်းဖန်းဟို့၏ မျက်ဝန်းထဲတွင် လေးနက်သည့် အရိပ်အယောင်များ ပေါ်လာသည်။

“လင်ယောင် အဆင့်မြင့် မဟာမိတ်အဖွဲ့နဲ့ ငါတို့ရဲ့ ဆက်ဆံရေးက နောက်ဆုံးနှစ်ပိုင်းတွေမှာ အရမ်းကို တင်းမာနေတာ။

အခုလို အလောင်းအစား တစ်ခု ဖြစ်လာပြီဆိုတော့၊ သူတို့ဘက်က ငါတို့ မဟာမိတ်အဖွဲ့ရဲ့ အရည်အချင်းရှိတဲ့ နေမင်းခုနစ်ပါး ကျောင်းသား တစ်ဦးကို ဆုံးရှုံးစေတာ။

ဒီကိစ္စမှာ မင်းကို အသုံးချပြီး သူတို့ဘက်က စတင်ဖို့ အခွင့်အရေး ရသွားတာ ”

ထိုသို့ ပြောပြီးနောက် တုန်းဖန်းဟို့က မနေနိုင်တော့ဘဲ မေးလိုက်သည်။

“မင်း ထော်ဘာကျန်းယု ကို တကယ်ပဲ မသိတာလား ”

“တကယ် မသိဘူး ”

ဖန့်ချန် ခေါင်းခါလိုက်သည်။

တုန်းဖန်းဟို့မှာ ထူးဆန်းနေသည်။

“မင်းက သူ့ကို မသိပေမဲ့ သူက မင်းအပေါ် အရမ်းယုံကြည်ချက် ရှိနေတာ၊ လောင်းကြေးကိုတောင် နှစ်ပေါင်း (၃၀၀) လို့ သတ်မှတ်ထားတယ်။

ဆိုလိုတာက နောက်ထပ် ကောင်းကင်ငါးပါး စစ်မြေပြင် သုံးခေါက်လုံးမှာ မင်းက (၁၀) ပွဲဆက်တိုက် အနိုင်ရလိမ့်မယ်လို့ သူက ယုံကြည်နေတာပဲ...”

“သူလည်း ဖန့် အစ်ကိုကြီးရဲ့ စွမ်းရည်ကို အရမ်း အံ့ဩပြီး အပြန်အလှန် စာနာနေကြတာများ ဖြစ်မလား”

ဖန့်ကျစ်ရွှယ် က ခန့်မှန်းပြောဆိုသည်။

ထျန်းလန် သူတော်စင်က ခေါင်းညိတ်သည်။

“ဖြစ်နိုင်ခြေ ရှိတာပဲ"

“အပြန်အလှန် စာနာတယ်ဆိုရုံနဲ့ ကိုယ့်ရဲ့ နေမင်းခုနစ်ပါး တံဆိပ်ကို အလောင်းအစား လုပ်ပါ့မလား...”

တုန်းဖန်းဟို့က မျက်မှောင်ကြုတ်လျက် တစ်စုံတစ်ရာ မမှန်ကန်ဟု ခံစားရကာ အသံတိုးတိုးဖြင့် ပြောသည်။

“ငါသာဆိုရင် ဒီလောက်တော့ ပေါ့ပေါ့ဆဆ မလုပ်ဘူး။

ဒီလို လောင်းကြေးမျိုး ထွက်လာပြီဆိုရင် နောက်ပိုင်းမှာ ဖန့် ညီကို နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေထဲမှာ လော့ကျိကျုံးဘက်က ညွှန်ကြားချက်ပေးထားတဲ့သူတွေ ပါလာပြီး အသေအလဲ တိုက်ခိုက်လာလိမ့်မယ် ”

“တုန်းဖန်း အစ်ကို ဆိုလိုတာက... ဒီလူက ကျွန်တော့်ကို မီးတောက်ကြားထဲ ပစ်ချပြီးကင်ဖို့ တမင်လုပ်တာပေါ့။

ဒီလောင်းကြေးကို အသုံးချပြီး လင်ယောင် အဆင့်မြင့် မဟာမိတ်အဖွဲ့ရဲ့ လက်ကို ငှားပြီး ကျွန်တော့်ရဲ့ နေမင်းခုနစ်ပါး လမ်းကြောင်းကို ဖြတ်တောက်ပစ်ဖို့ ကြံစည်တာလား ”

ဖန့်ချန်၏ တွေးခေါ်မှုက တက်ကြွလာပြီး တုန်းဖန်းဟို့ စကားထဲက လေးနက်သည့် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။

သူ့စိတ်ထဲတွင် အံ့ဩမှုများ ဖြစ်ပေါ်လာသည်။

ထော်ဘာကျန်းယု ကို အံ့ဩခြင်းမဟုတ်ဘဲ၊ တုန်းဖန်းဟို့၏ ပြဿနာကို ရှုမြင်ပုံ၊ စဉ်းစားပုံများမှာ ယခင်ကထက် ပိုမို ရင့်ကျက်လာသည်ကို အံ့ဩခြင်း ဖြစ်သည်။

ဖန့်ချန်၏ စကားကို ကြားပြီးနောက် ဖန့်ကျစ်ရွှယ် သည်လည်း စဉ်းစားလိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာသည်။

“ဖန့် အစ်ကိုကြီး ပြောတာလည်း ဟုတ်တာပဲ၊ ထော်ဘာကျန်းယု ဆိုတဲ့သူက တကယ်ပဲ မရိုးသားတာ ဖြစ်နိုင်တယ်...”

ဖန့်ကျစ်ရွှယ် ၏ အမူအရာမှာ ပို၍ လေးနက်လာသည်။

တုန်းဖန်းဟို့က စဉ်းစားတွေးတောလျက် ပြောသည်။

“ငါလည်း ဒီအယူအဆ မှန်သလား၊ ဒါမှမဟုတ် သူတစ်ပါးကို မကောင်းမြင်နေသလားဆိုတာ မသေချာဘူး။

ဒါပေမဲ့ မင်း သတိထားဖို့တော့ လိုလိမ့်မယ်၊ ရှေ့ကလာတဲ့ လှံကို ရှောင်ရလွယ်ပေမဲ့ နောက်ကွယ်ကလာတဲ့ မြားကို ရှောင်ရခက်တယ်လေ ”

“အို... တုန်းဖန်းလေး ဥာဏ်ရည် တိုးတက်လာပါလား အဲဒီလို ဆိုရင်တော့ ဒီကိစ္စမှာ တစ်ခုခုတော့ ရှိနေပြီပဲ ”

ထျန်းလန် သူတော်စင်က အံ့ဩသွားသည်။

တုန်းဖန်းဟို့က ခါးသီးစွာ ပြုံးသည်။

“ကျစ်ရွှယ် ညီမလေး ကြုံခဲ့ရတဲ့ ကိစ္စအပြီးမှာပဲ ကျွန်တော် နားလည်လာတာ၊ ခေါင်းငုံ့ပြီး ကျင့်ကြံ နေတာကလည်း ဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတာကိုလေ ”

ယခင်က သူသည် အရာရာကို မသိရှိခဲ့ဘဲ ကော်ယန်လီ ၏ ကိစ္စ ပေါ်ပေါက်လာပြီး အပြစ်ပေးခံရမှသာ သိခဲ့ရသည်။ ရွှေဟွေး ကျောင်းတောင်မှ မျက်နှာပြင်ပေါ်တွင် မမြင်နိုင်သည့် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်၊ ယှဉ်ပြိုင်မှု ပြင်းထန်သော နေမင်းခုနစ်ပါး ခန်းမထဲတွင် ဆိုလျှင် ပို၍ ပြောစရာလိုမည်လော။

အချို့သူများက အပြင်ပန်းတွင် ယဉ်ကျေးသိမ်မွေ့ပြီး တိုက်ခိုက်သည့်အခါတွင်လည်း အတိုင်းအဆ ရှိသည်ဟု ထင်ရသော်လည်း၊ နောက်ကွယ်တွင် မည်သို့ ကြံစည်နေသည်ကို မည်သူ သိနိုင်မည်နည်း။

“တုန်းဖန်း အစ်ကို ရဲ့ သတိပေးစကားကို ကျေးဇူးတင်ပါတယ်၊ ဒီကိစ္စကို ကျွန်တော် သတိထားပါ့မယ် ”

ဖန့်ချန်က လက်ယှက်၍ ကျေးဇူးတင်စကား ဆိုသည်။

ထော်ဘာကျန်းယု သာ တစ်စုံတစ်ယောက်အတွက် ကိုယ်စားဝင်ပြီး သူ့ကို ဖယ်ရှားပစ်ဖို့ နေမင်းခုနစ်ပါး တံဆိပ်ကိုတောင် စွန့်လွှတ်ဖို့ ဝန်မလေးခဲ့လျှင်၊ ထိုသူ၏ ကြံစည်မှုမှာ အလဟဿ ဖြစ်သွားလိမ့်မည်။

အစွမ်းအစချင်း တူညီနေပါက အချို့သော နည်းလမ်းများက အပိုဆောင်း အားသာချက် ဖြစ်လာနိုင်သည်။

သို့သော် အစွမ်းအစမှာ ကွာခြားလွန်းလျှင်၊ လှည့်ကွက်များဖြင့် တိုက်ခိုက်ခြင်းမှာ အနိုင်ရရန် ခက်ခဲလိမ့်မည်။

“ဒါပေမဲ့... သူ့ကြံစည်မှု မအောင်မြင်ခဲ့ရင်တောင်မှ လင်ယောင် မဟာမိတ်အဖွဲ့ရဲ့ နေမင်းခုနစ်ပါး ကျောင်းသား တစ်ယောက်ကို လောင်းကြေးအဖြစ် ဆုံးရှုံးလိုက်ရရင်တောင် သူ အကျိုးအမြတ် အများကြီး ရမှာပဲ။

ဒါက လှည့်ကွက်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ နောက်ဆုံးအထိ ရုန်းကန်တဲ့ နည်းလမ်းပဲ...

"ထော်ဘာကျန်းယု...”

ဖန့်ချန်သည် ထော်ဘာကျန်းယု ၏ အမည်ကို စိတ်ထဲတွင် အကြိမ်ကြိမ် ရွတ်ဆိုနေသည်။ သူ၏ နောက်ကွယ်တွင် ကြံစည်ပေးမည့်သူ မရှိဘဲနဲ့သာ ဆိုလျှင်၊ ဤသူမှာ အလွန်ကို ရိုးရှင်းသူ မဟုတ်ကြောင်း သိသာသည်။

“ဒါပေမဲ့ ဒီထဲမှာ အားနည်းချက် တစ်ခု ရှိနေသေးတယ်၊ သူ စဉ်းစားမထားတာလား၊ ဒါမှမဟုတ် သူ့ရဲ့ အစီအစဉ်အပေါ် အလွန်အမင်း ယုံကြည်မှု ရှိနေတာလား...”

မကြာမီ ကောင်းကင်းငါးပါးနန်းတော် ပွင့်လာပြီး လူများ အသီးသီး ဝင်ရောက်သွားကြသည်။

တုန်းဖန်းဟို့သည် ဖန့်ချန် တိုက်ပွဲဝင်ဇုန် သို့ ဆက်လက် သွားရောက်သည်ကို မြင်သော်လည်း ဤတစ်ကြိမ်တွင် တားဆီးရန် မကြိုးစားတော့ပေ။

“ဖန့် အစ်ကိုကြီး၊ အားတင်းထားပါ ”

ဖန့်ကျစ်ရွှယ် က ဖန့်ချန်ကို လက်ပြနှုတ်ဆက်သည်။ သူမသည် တုန်းဖန်းဟို့နှင့်အတူ နေမင်းခုနစ်ပါးဇုန်သို့ သွားရောက်ရန် စီစဉ်ထားသည်။

သူမသည် နောင်တွင် တွေ့ဆုံနိုင်မည့် ပြိုင်ဘက်များနှင့် ကြိုတင်၍ တွေ့ဆုံကာ အစွမ်းအစ ကွာခြားချက်ကို ခန့်မှန်းလိုသည်။

“ညီမလေးလည်း အားတင်းထားပါ ”

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

“၁၀ ပွဲဆက် အနိုင်ယူခဲ့လိုက်”

အနီးအနားရှိ သူတော်စင်များ အနည်းငယ် ငေးမောသွားကြသည်။

ဖန့်ကျစ်ရွှယ် က လက်သီးကို ဝှေ့ယမ်းပြသည်။

“၁၀ ပွဲဆက် အနိုင်ယူခဲ့ပါမယ်”

နှစ်ဦးသား၏ အရိပ်များ ပျောက်ကွယ်သွားပြီးနောက်မှ သူတော်စင် တစ်ဦးက တိုးတိုးလေး ညည်းတွားလိုက်သည်။

“ငါတို့တွေလည်း ဘယ်တော့လောက် ၁၀ ပွဲဆက် အနိုင်ရမလဲ မသိဘူး။ သူတို့အတွက်တော့ ဒါက... ရေသောက်သလို လွယ်ကူနေသလိုပဲ။

လူချင်း ယှဉ်ရင်တော့ တကယ်ပဲ ဒေါသထွက်စရာကောင်းလွန်းတယ်ကွာ”

......

......

ကျယ်ပြန့်လွန်းလှသော ပလက်ဖောင်းပေါ်သို့ ပြန်ရောက်လာသည်။

ထိုနေရာသို့ အကြိမ်ကြိမ် ရောက်ဖူးနေပြီ ဖြစ်သဖြင့် ဖန့်ချန်လည်း ရင်းနှီးသည့် ခံစားချက်မျိုး ရှိလာသည်။

ရောက်လာတိုင်း အိမ်ကို ပြန်ရောက်သလို ခံစားရသည်။

သို့သော်လည်း ဘေးနားရှိ အိမ်နီးချင်းများမှာမူ အမြဲတမ်း ပြောင်းလဲနေသည်။

“အဲဒါ ဖန့်ချန် မဟုတ်လား ”

“ဟုတ်တယ်၊ နေမင်းခုနစ်ပါးလကျောင်းသားတွေထဲမှာ သူတစ်ယောက်ပဲ တိုက်ပွဲဝင်နယ်မြေ မှာ လျှောက်သွားဖို့ ဝါသနာပါတာ ”

မလှမ်းမကမ်းတွင် သူတော်စင် အုပ်စု တစ်စုက ဖန့်ချန်ကို လက်ညှိုးထိုး ပြောဆိုနေကြပြီး ရန်လိုသည့် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

အခန်း (၂၁၉၆) ဘာလို့ မင်းပဲ ပြန်ဖြစ်နေရတာလဲ

“လူတွေက နေမင်းခုနစ်ပါး ကျောင်းသားတွေ ဖြစ်လာရင် နေမင်းခုနစ်ပါးဇုန်ကိုပဲ သွားကြတာ၊ သူတစ်ယောက်တည်းကတော့ တစ်ခါမှ မသွားဘူး။ ငါ့အစ်ကိုဝမ်းကွဲက ပြောပြတာတော့ သူက ဟိုဘက်မှာ တခြား နေမင်းခုနစ်ပါး ကျောင်းသားတွေကို မကျေနပ်အောင် လုပ်မိမှာ စိုးရိမ်လို့ မသွားရဲတာတဲ့။”

“ဟဟ၊ ပုံမှန်ဆိုလည်း အပြုအမူတွေက အရမ်းကို ထောင်လွှားလွန်းတော့ ရန်သူပေါင်းများစွာကို ရန်စထားပြီးသားလေ။ ဒါကြောင့် ကြောက်လန့်ပြီး နေမင်းခုနစ်ပါးဇုန်ကိုတောင် ခြေမချရဲတာပဲ ဖြစ်မယ်။”

“ဖန့်ချန်၊ ငါ မင်းကို မေးမယ်၊ အဲဒီ သတင်းစကားတွေက တကယ်ပဲလား။”

စွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့် သူတော်စင် တစ်ပါးက ဖန့်ချန်ကို ရယ်ကျဲကျဲဖြင့် ကြည့်ကာ မေးလိုက်သည်။

ဖန့်ချန်သည် ထိုသူတို့မှာ လူသားမျိုးနွယ်မှ ဆင်းသက်လာသူများ ဖြစ်ကြောင်း၊ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်အငွေ့အသက်များက အနည်းငယ် ဆင်တူနေကြောင်း သတိပြုမိလိုက်သည်။ မမှားဘူးဆိုလျှင် သူတို့သည် မျိုးနွယ်စု တူညီသူများ ဖြစ်ကြလိမ့်မည်။

“မင်းတို့က ထိုက်ဟောက် မျိုးနွယ်စုဝင် သူတော်စင်တွေလား ”

ဖန့်ချန်က အေးဆေးစွာ မေးလိုက်သည်။

ထိုအချိန်တွင် အနီးအနားရှိ သူတော်စင် အများအပြားကလည်း ဤနေရာကို စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်နေကြသည်။

လွန်ခဲ့သော နှစ်ရာပေါင်းများစွာအတွင်း လူတိုင်း အပြောအဆိုအများဆုံးကိစ္စမှာ ဤလူသားမျိုးနွယ်စု၏ အရည်အချင်းစစ်ဆေးမှု ကိစ္စပင် ဖြစ်သည်။

ဖန့်ကျစ်ရွှယ် ဖြစ်စဉ်က တစ်ခု၊ ပြီးတော့ ဖန့်ချန်၏ ဖြစ်စဉ်ကလည်း အလွန်ပင် မှတ်မိစရာ ကောင်းလှသည်။

တစ်ခါက စစ်ဆေးခံခဲ့ရပြီး၊ တစ်ခါက စစ်ဆေးသူ ဖြစ်ခဲ့သည်။

“အနည်းငယ်တော့ ဦးနှောက် ရှိသားပဲ။ မှန်တယ်၊ ငါတို့က ထိုင်ဟောက် မျိုးနွယ်စုကပဲ။ ဒါပေမဲ့ အရမ်းကို စိတ်မကောင်းစရာပဲ၊ မင်းက ကောင်းကင်ငါးပါးစစ်မြေပြင်မှာ ငါတို့နဲ့ ပြိုင်ဆိုင်ဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး ”

ထိုစွမ်းအင်စုစည်းခြင်း နောက်ပိုင်းအဆင့် သူတော်စင်က အေးစက်စက် ရယ်မောလိုက်သည်။

“မင်း ငါ့နာမည်ကို မှတ်ထားလိုက်၊ ငါ့နာမည်က ထိုက်ဟောက်ရှမ်း ”

“ထိုက်ဟောက်ဝေနဲ့ ထိုက်ဟောက်ယွီက ငါ့ရဲ့ တူအရင်းတွေပဲ။ မင်းက ဘယ်လို နေမင်းခုနစ်ပါး ကျောင်းသားပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။”

“တစ်နေ့နေ့ကျရင် အပြင်ဘက်မှာ မင်းကို ငါနဲ့ တွေ့ရင်၊ မင်းရဲ့ သွားတွေ ကြေမွသွားတဲ့အထိ ငါ ရိုက်ထည့်လိုက်မယ် ”

“အော်... အဲဒီ ညီအစ်ကို နှစ်ယောက်ရဲ့ ဦးလေးတွေ ကိုး ”

ဖန့်ချန်က စိတ်ထဲတွင် နားလည်သွားပြီးနောက် ရယ်မောကာ ပြောလိုက်သည်။

“ထိုက်ဟောက်ရှမ်း ဟုတ်လား ငါ မင်းနာမည်ကို မှတ်ထားလိုက်ပြီ။ တစ်နေ့နေ့ကျရင် အပြင်ဘက်မှာ မင်းနဲ့ တွေ့ရင်၊ မင်းကို အဲဒီ ညီအစ်ကိုနှစ်ယောက်ဆီ ရောက်အောင် ငါ ပို့ပေးလိုက်မယ် ”

“ဒီကောင်လေးက တကယ်ကို ထောင်လွှားလွန်းတယ် ”

“လူသားမျိုးနွယ်စု သေးသေးလေးက ဆင်းသက်လာပြီးတော့မှ ငါတို့ ရှီမျိုးနွယ်စု နဲ့ ဒီလို ရန်ငြိုးမျိုး ဖွဲ့ရဲတယ်ပေါ့။ နေမင်းခုနစ်ပါး ကျောင်းသား ဖြစ်သွားရုံနဲ့ တကယ်ပဲ မနိုင်နိုင်တော့ဘူး ထင်နေတာလား ”

“ဒီနှစ်တွေအတွင်း မတော်တဆ သေဆုံးသွားတာ ဒါမှမဟုတ် ပျောက်ဆုံးသွားတဲ့ နေမင်းခုနစ်ပါး ကျောင်းသားတွေ အများကြီးပါပဲ။ နေမင်းခုနစ်ပါး တံဆိပ် ရသွားတာက ဘာမှ မထူးခြားပါဘူး၊ အဆင့်တူချင်းကြားထဲမှာပဲ ကြွားဝါပြနေနိုင်မှာပေါ့ ”

“ဖန့်ချန်၊ ငါက ထိုက်ဟောက်ဟုန်။ ငါက မင်းထက် အသက်ကြီးပေမဲ့ အရည်အချင်းကတော့ မင်းလောက် မတော်ဘူး ”

“ဒါပေမဲ့ ငါက အသက်စွမ်းအင် နောက်ပိုင်းအဆင့် ရောက်နေပြီ ”

“ကမ္ဘာတည်ဆောက်ခြင်း အဆင့်ကို ရောက်ဖို့ဆိုတာ တစ်လှမ်းပဲ လိုတော့တယ် ”

နောက်ထပ် သူတော်စင် တစ်ပါးက ဖန့်ချန်ကို ကြည့်ပြီး အေးဆေးစွာ ပြောသည်။

“မင်းအနေနဲ့ ငါ့ကို လိုက်မီဖို့ ဘယ်နှစ်နှစ်လောက် အချိန်ယူရမယ်လို့ ထင်လဲ ”

“မင်းက အသက်စွမ်းအင် အစောပိုင်းအဆင့် သူတော်စင်ကို ရောက်ရှိထားရင်တောင်၊ ငါက လက်တစ်ချက် ဝေ့လိုက်တာနဲ့ မင်းကို ဖိနှိပ်ပစ်နိုင်တယ်”

“ဒါကြောင့် မင်း အမြီးကုပ်ပြီး နေတာ ပိုကောင်းမယ်၊ ဒီလောက်ထိ ထောင်လွှားပြီး နေရာတကာ ရန်သူမရှာနဲ့ ”

“တကယ်လို့ အဲဒီလို ပြောမယ်ဆိုရင်၊ ငါ့ရဲ့ အကြီးဆုံး အစ်ကိုကြီး ကျန်းတောက်ယွဲ့ က ကမ္ဘာတည်ဆောက်ခြင်း နောက်ပိုင်းအဆင့်မှာ ”

“သူက ကမ္ဘာကြီး သူတော်စင်အဆင့်ကို ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တယ်”

“တစ်နေ့နေ့ကျရင် မင်းတို့ အပြင်ဘက်မှာ ငါ့အစ်ကိုကြီးဆုံး နဲ့ တွေ့ရင်၊ အသက်ဘေးက လွတ်အောင် တောင်းပန်တဲ့အခါ ဘောင်းဘီထဲထိ ရှူးမပေါက်မိစေနဲ့ဦး ”

ဖန့်ချန်က ရယ်မောကာ ပြန်ပြောလိုက်သည်။

ထိုက်ဟောက်မျိုးနွယ်စုဝင် သူတော်စင်များမှာ ထိုစကားကို ကြားပြီးနောက် ချက်ချင်းပင် ဆွံ့အသွားပြီး ခဏအကြာတွင် ဒေါသတကြီး ဖြစ်ကုန်ကြသည်။ သူတို့ ပါးစပ်မှ ထွက်လာသော ဆဲဆိုသံများမှာ အလွန်ပင် နားထောင်ရ ဆိုးရွားလှသည်။

ပြင်ပမျိုးနွယ်စု သူတော်စင် အများအပြားပင် မျက်မှောင်ကြုတ်သွားကြသည်။

ထောင့်တစ်နေရာတွင် ပုန်းနေသော လူတစ်ယောက်သာ ဤမြင်ကွင်းကို ကြည့်ပြီး ပျော်ရွှင်စွာဖြင့် ရယ်မောနေမိသည်။

“ဖန့်ချန်၊ မင်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ဘာအသုံးဝင်မှာလဲ ”

“အခုဆိုရင် မင်းက ရှီးမျိုးနွယ်စုကို အသေအလဲ ရန်စထားပြီးပြီ၊ မင်းရဲ့ ရှေ့ဆက်မယ့်လမ်းက ဘယ်လို ဖြစ်လာမလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်”

မေဒေါင်ကွမ်းက စိတ်ထဲတွင် ရူးသွပ်စွာ ရယ်မောနေသည်။

“အားလုံးပဲ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြပါတော့။ ထိုက်ဟောက်ယွီက ယင်သူတော်စင် ဖြစ်ပြီး ငါတို့လူသားမျိုးနွယ်စု သူတော်စင်ရဲ့ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်တွေကို လုယူဖို့ ကြိုးစားခဲ့တယ် ”

“ဒီအကြွေးအတွက် ထိုက်ဟောက်မျိုးနွယ်စုက အခုထိ ဘာမှ ပြန်မပြောပြသေးဘူး။ ဘာလို့များ ဒီနေရာမှာ လာပြီး လျှာရှည်နေရတာလဲ ”

“ငါသာဆိုရင် ဒီကိစ္စကို ဘယ်လို ဖုံးကွယ်မလဲ၊ သူတစ်ပါးရဲ့ ရယ်စရာ အဖြစ်မခံရအောင် ဘယ်လို လုပ်မလဲဆိုတာပဲ စဉ်းစားနေမှာ ”

ဖန့်ချန်က အေးဆေးစွာ ပြောလိုက်သည်။

“ယင်သူတော်စင်”

“ဖန့် အစ်ကိုကြီး၊ ဒါက ဘာဖြစ်တာလဲ။ ရှီးမျိုးနွယ်စုထဲမှာ ယင်သူတော်စင် ဖြစ်သွားတဲ့သူ ရှိလို့လား ”

ချက်ချင်းပင် တခြားသော ကောင်းကင်ဘုံ လေးခု မှ သူတော်စင် အများအပြား စိတ်ဝင်တစားဖြင့် စုရုံးရောက်ရှိလာပြီး မေးမြန်းကြသည်။

သူတို့သည် ရှီးမျိုးနွယ်စုကို ကြောက်ရွံ့ခြင်း မရှိကြပေ။ ရှီးမျိုးနွယ်စုက ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ထဲတွင် ထိပ်တန်း အင်အားကြီးမျိုးနွယ်စု ဖြစ်နေပါစေ၊ သူတို့နှင့် ဘာမှ မသက်ဆိုင်ပေ။

ကောင်းကင်ဘုံ ငါးခုမှ သူတော်စင်များသည် စစ်မြေပြင်တွင်သာ အနည်းငယ် ထိတွေ့မှု ရှိနိုင်ပြီး၊ ပုံမှန်အားဖြင့်တော့ သီးသန့် ဘဝတွင် လုံးဝ ဆုံတွေ့လေ့ မရှိကြပေ။

“ဒီကိစ္စကတော့ ပြောရရင် အရှည်ကြီးပဲ၊ ခင်ဗျားတို့ နားထောင်ချင်တယ်ဆိုရင်လည်း အကျဉ်းချုပ်လောက်ပဲ ပြောပြမယ် ”

ဖန့်ချန်က ရယ်မောလျက် ပြောသည်။

ထိုက်ဟောက်ဟုန်နှင့် ထိုက်ဟောက်ရှမ်းတို့က ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

“မင်း အပိုတွေ မပြောနဲ့၊ ငါတို့ ရှီးမျိုးနွယ်စုကို မဟုတ်မမှန် စွပ်စွဲပြီး ယီးစကားတွေ လာမပြောနဲ့ ”

ဖန့်ချန်က သူတို့ကို ဂရုမစိုက်ဘဲ ကိစ္စရပ်ကို အကျဉ်းချုပ် ပြောပြလိုက်သည်။

အသီးသီးသော သူတော်စင်များသည် နားထောင်ပြီးနောက် ခဏတာ တိတ်ဆိတ်သွားကြပြီး၊ ထို့နောက် သူတော်စင် တစ်ပါးက သက်ပြင်းချကာ ပြောသည်။

“ရှီးမျိုးနွယ်စုက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ထဲမှာ ထိပ်တန်းမျိုးနွယ်စု ဖြစ်ပါလျက်နဲ့ ဒီမျိုးနွယ်စုက ထူးချွန်တဲ့သူတစ်ယောက်က ယင်သူတော်စင်လ်ု လုပ်ရပ်ကို လုပ်လိမ့်မယ်လို့ မထင်ထားမိဘူး။ ရှီးမျိုးနွယ်စုအတွက်တော့ ရှက်စရာပါပဲ ”

“ကျွန်တော်ထင်တာကတော့ ရှီးမျိုးနွယ်စုတင်မကဘဲ ကောင်းကင်ဘုံ ငါးခုထဲက အခြား ထိပ်တန်းမျိုးနွယ်စု ကြီးတွေထဲမှာလည်း ယင်သူတော်စင်တွေ အများကြီး ရှိနေမှာပါ၊ ပေါက်ကြားသွားလို့သာ ပေါ်လာတာပေါ့ ”

“ဒါကတော့ ခန့်မှန်းလို့ မရဘူး၊ ယင်သူတော်စင် ဆိုတာက လမ်းမပေါ်က ကြွက်လိုပဲလေ။ မလွဲမရှောင်သာ ဖြစ်မှသာ ဒီလမ်းကို ရွေးကြတာ။ ယင်သူတော်စင် အများစုကတော့ ဘာအခြေခံမှ မရှိတဲ့ မျိုးနွယ်စု အသေးလေးတွေကနေပဲ လာကြတာပါ ”

“မင်းတို့ ဒီကောင်ရဲ့ ပြောစကားတွေကို မယုံကြနဲ့”

“ငါတို့ ရှီးမျိုးနွယ်စုမှာ ယငါသူတော်စင် လုံးဝ မရှိဘူး၊ ထိုက်ဟောက်ယွီက ဒီကောင်ရဲ့ ပရိယာယ်နဲ့ပဲ ထောင်ချောက်ဆင်ခံရတာ ”

ထိုက်ဟောက်မျိုးနွယ်စုမှ သူတော်စင်များသည် ရှီးမျိုးနွယ်စုအတွက် အပြိုင်အဆိုင် ခုခံကာကွယ် ပြောဆိုနေကြသည်။ မျက်စိရှေ့မှာတင် လိမ်ညာနေသော်လည်း သူတို့၏ မျက်နှာတွင် ရှက်ရိပ်မရှိဘဲ၊ အလွန်ပင် ရိုးသားသယောင် လုပ်ဆောင်နေကြသည်။

ဖန့်ချန်သည် ရယ်မောလိုက်ပြီး ဂရုမစိုက်တော့ဘဲ ထိုက်ဟောက်ရှမ်းနှင့် ထိုက်ဟောက်ဟုန်တို့ကိုသာ မှတ်သားထားလိုက်သည်။

မကြာမီ ကောင်းကင်ပေါ်တွင် ကြီးမားသော မျက်နှာပြင် ကျဆင်းလာပြီး သူတော်စင် တစ်ဦးစီတိုင်းကို ကောင်းကင်ဘုံ ငါးခုမှ ကြီးကြပ်သူတို့က ပြိုင်ဘက်များကို သတ်မှတ်ပေးလိုက်ကြသည်။

ဗလာနယ်

ဖန့်ချန်သည် မိမိရှေ့တွင် ရှိနေသော ရင်းနှီးသည့် မျက်နှာကို ကြည့်ပြီး အံ့ဩဟန်ဖြင့် ပြောလိုက်သည်။

“ထိုက်ဟောက်ကျန့် ဘာလို့ မင်းပဲ ပြန်ဖြစ်နေရတာလဲ။”

“ကျွန်တော် အရှုံးပေးတယ်”

ထိုင်ဟောက်ကျန့် သည် တွန့်ဆုတ်ခြင်း မရှိဘဲ ချက်ချင်းပင် အရှုံးပေးလိုက်သည်။ ထို့နောက် စွမ်းအားအမျိုးမျိုးကို အသုံးပြုကာ သူ့ကိုယ်သူ အကာအကွယ် လုပ်လိုက်သည်။ ဖန့်ချန်က တိုက်ခိုက်မည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါမှ အေးစက်စက် အသံဖြင့် ရှင်းပြသည်။

“ပေါင်ရှန့်မျိုးနွယ်စုက လန့်ဟွမ်ချိုင်က ရမှတ်ကို တမင် ထိန်းချုပ်ထားတာ။ မင်းနဲ့ မတွေ့ရအောင်လို့ အမှတ်တွေကို ၈၁ အမှတ်အထိ လျှော့ချထားတာလေ ”

“ငါနဲ့ မတွေ့ရအောင် ရှောင်တာလား ဘာလို့လဲ၊ သူက မင်းတို့ ရှီးမျိုးနွယ်စုနဲ့ ဘာမှ မပတ်သက်ဘူးမလား။ ဒါမှမဟုတ် လင်ယောင် အဆင့်မြင့်မဟာမိတ်အဖွဲ့ ဘက်ကလား ”

ဖန့်ချန် စိတ်ဝင်စားသွားသည်။

ထိုင်ဟောက်ကျန့်က အေးဆေးစွာ ပြောသည်။

“မဟုတ်ဘူး၊ မင်းတို့ လူမျိုးစုတွေကို ပေါင်ရှန့် မျိုးနွယ်စုက အရင်က ကျွန်ပြုခဲ့ဖူးတာကို မသိဘူးလား”

“ဒါကြောင့် မင်းတို့ နှစ်မျိုးနွယ်ကြားမှာ ရန်ငြိုးတွေ အများကြီးရှိပြီး၊ နှစ်ပေါင်းများစွာ ကြာအောင် တိုက်ခိုက်နေကြတာလေ ”

“ဒါကတော့ တစ်ခါမှ မကြားဖူးဘူး ”

ဖန့်ချန် သဘောပေါက်သွားသည်။

ထို့နောက် ရွှေရောင်အလင်းတန်း ကျဆင်းလာပြီး ထိုင်ဟောက်ကျန့် နှင့် ဖန့်ချန်တို့ နှစ်ဦးစလုံး ဗလာနယ်ထဲမှ ပျောက်ကွယ်သွားကြသည်။

နေမင်းခုနစ်ပါးဇုန်တွင် လန်ဟွမ်ချိုင်သည် တိုက်ပွဲပြီးဆုံးပြီးနောက် ထိုင်ဟောက်ကျန့်ကို ရှာဖွေနေသည်။ ထိုင်ဟောက်ကျန့်က တခြားသူများနှင့် အာရုံစိုက် စကားပြောနေသည်ကို မြင်သောအခါ သူမ၏ မျက်ဝန်းတွင် အံ့ဩမှု ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

“ထိုင်ဟောက်ကျန့် နက် ဘာမှ မဖြစ်ဘူးလား ”

လန်ဟွမ်ချိုင်က မေးလိုက်သည်။

ထိုင်ဟောက်ကျန့် သည် လန်ဟွမ်ချိုင်ကို မြင်သည်နှင့် စိတ်တိုသွားပြီး အေးစက်စက် ပြောလိုက်သည်။

“ငါ ပြောခဲ့တယ်လေ၊ ဖန့်ချန်က ငါ့ကို သတ်ဖို့ဆိုတာ အရမ်း ခက်ခဲလွန်းတယ်လို့ ”

“ဒီတစ်ခါ သူနဲ့ တိုက်ပွဲမှာ တိုက်ကွက်ပေါင်း ရာချီအောင် တိုက်ခဲ့တာ၊ ငါ ရှုံးဖို့ နီးနီးလေးပဲ ကျန်တော့တာ ”

“အော်... ဖန့်ချန်ရဲ့ အစွမ်းက ငါတို့ ထင်ထားသလောက် မကြီးမားဘူးပေါ့ ”

အဆင့် ၇၀ ကျော်တွင် ရှိနေသော သူတစ်ယောက်၏ မျက်ဝန်းမှာ အနည်းငယ် တောက်ပလာပြီး အောက်ခြေတွင် တစ်စုံတစ်ခုကို ကြံစည်နေသည့် အရိပ်အယောင် ပေါ်လာသည်။

All Chapters