အခန်း (၃၄၉-၃၅၀)
Vol. 35 Ch. 349-350
အခန်း။ ၃၄၉
ယခုမူ သူသည် မျိုးနွယ်စုအစည်းအဝေးသို့ တက်ရောက်ရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်၏။ ထိုအစည်းအဝေးကို ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစု၏ ဆိတ်ငြိမ်လှသော ဘိုးဘွားအမြုတေကြော လျှို့ဝှက်နယ်မြေအတွင်း၌ ကျင်းပခြင်းပင်။
စုန်ယန် ရောက်ရှိသွားချိန်တွင်မူ အစည်းအဝေးကျင်းပရန် သုံးရက်မျှ လိုသေးသဖြင့် စောစီးစွာ ရောက်ရှိနေခြင်းပင်။
လျှို့ဝှက်နယ်မြေ၏ တံခါးအဝင်ကို ဖြတ်ကျော်လိုက်သည်နှင့် အကြီးအကဲများနှင့် လူလတ်ပိုင်းအရွယ် အများအပြား စုဝေးကာ တီးတိုးစကားစမြည် ပြောဆိုနေကြသည့် မြင်ကွင်းကို သူ တွေ့လိုက်ရသည်။
စုန်ယန်သည် လူအုပ်ကြီးကြားထဲမှ လယ်သမားအိုကြီးတစ်ဦးကဲ့သို့ ရိုးရှင်းစွာ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးကို ချက်ချင်းပင် အကဲခတ်မိသွား၏။
သူသည် ရှေ့သို့ သွက်လက်စွာ ခြေလှမ်းတိုးကပ်သွားပြီးနောက် အရိုအသေပေးလိုက်သည်။
“အဖေ...”
ထန်ရှောင်ခုန်းက သူ့ကို လှမ်းကြည့်လိုက်ရာ အကြီးအကဲတစ်ဦး၏ ခန့်ညားမှုထက် ရင်းနှီးသော အပြုံးဖြင့် ပြောလိုက်သည်။
“ကျင့်ကြံခြင်းကိုပဲ အာရုံမစိုက်ဘဲ ဘာလို့ ဒီလောက်တောင် စောစောစီးစီး ရောက်လာရတာလဲ”
စုန်ယန်က သွားလေးပေါ်အောင် ပြုံးလျက် “ဒါက သားအနေနဲ့ အဖေ့ကို လွမ်းဆွတ်နေမိလို့ မဟုတ်ပါဘူးလဲ” ဟု ချွဲနွဲ့သလို ပြန်ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ထန်ရှောင်ခုန်း၏ ဘေးနားတွင် ရပ်နေသော လူလတ်ပိုင်းအမျိုးသမီးကို ခေါင်းအနည်းငယ်စောင်းကာ သိချင်စိတ်ဖြင့် ကြည့်လိုက်မိ၏။
ထန်ရှောင်ခုန်းက ပြုံးလျက် မိတ်ဆက်ပေးသည်။
“ဖန့်... ဒါက ငါတို့ရဲ့သား ထန်ဟန် လေ။ ရှောင်ဟန်... ဒါကတော့ ငါ့ရဲ့ တာအိုအဖော် ထန်ယန်ဖန့် ပဲ”
“အမေ...”
စုန်ယန်က နောက်တစ်ကြိမ် ရိုသေသမှုဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ပြန်သည်။
ထန်ယန်ဖန့်သည် ဟာလာဟင်းလင်းပြင်ထဲသို့ လက်လှမ်းကာ ဆွဲထုတ်လိုက်ရာ ကျောက်စိမ်းဆွဲပြားတစ်ခု လက်ထဲသို့ ရုတ်ချည်း ရောက်ရှိလာပြီး ၎င်းကို ကမ်းပေးရင်း ပြောလိုက်၏။
“ဒီကျောက်စိမ်းကို ဝိညာဉ်ငြိမ်သက်ကျောက်စိမ်းလို့ ခေါ်တယ်။ ဒါက ပြင်ပက မိစ္ဆာဘေးတွေကို မောင်းထုတ်ပေးနိုင်ပြီး စိတ်အာရုံကို နှောင့်ယှက်မယ့် ရန်စွယ်တွေကနေ ကာကွယ်ပေးနိုင်စွမ်း ရှိတယ်။ အကယ်၍ ရှောင်ဟန် တစ်နေ့နေ့မှာ ခရမ်းရောင်နန်းတော်အဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ဝိညာဉ်တံခါးကို ကျော်ဖြတ်တဲ့အခါမှာ အသုံးတည့်လိမ့်မယ်”
စုန်ယန်သည် ကျောက်စိမ်းဆွဲပြားကို လှမ်းယူကာ အကဲခတ်ကြည့်လိုက်ရာ ၎င်းမှာ ကံကြမ္မာအကျိုးအကြောင်းတရားဆိုင်ရာ တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်းရှိသည့် အလွန်တရာ ရှားပါးသော ရတနာတစ်ပါး ဖြစ်ကြောင်း ရိပ်မိလိုက်သဖြင့် “အမေ့ကို ကျေးဇူးတင်ပါတယ်” ဟု လေးလေးစားစား ပြောလိုက်၏။
ထန်ယန်ဖန့်က ကြင်နာစိုးရိမ်သော မျက်ဝန်းများဖြင့် မေးမြန်းရှာသည်။
“ရှောင်ဟန်... သား မျိုးနွယ်စုထဲကို စရောက်တုန်းက ဆန်းကြယ်သန့်စင်ခြင်း အဆင့်ခုနစ်မှာပဲ ရှိသေးတယ်လို့ အမေ ကြားခဲ့ရတာ။ အခု နှစ်ပေါင်းငါးဆယ် ကုန်လွန်သွားခဲ့ပြီဆိုတော့ သားရဲ့ ကျင့်စဉ်နယ်ပယ်က ဘယ်အဆင့်ကို ရောက်နေပြီလဲ”
စုန်ယန်က ရိုးရိုးသားသားပင် “အမေ့ကို ပြောပြရရင် သားက ခရမ်းရောင်နန်းတော်အဆင့် အစောပိုင်းအဆင့်ကို ရောက်ရှိနေပါပြီ” ဟု နှိမ့်ချစွာ ပြန်လည်ဖြေကြားလိုက်သည်။
ထိုခဏ၌ပင် ဆူညံစွာ ဆွေးနွေးနေကြသော မျိုးနွယ်စုဝင်များ၏ အသံများမှာ ရေခဲပြင်အလား ရုတ်ချည်း အေးခဲတိတ်ဆိတ်သွားခဲ့ပြီး လူတိုင်း၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်မှုများ တဖြည်းဖြည်း ပေါ်လွင်လာခဲ့တော့သည်။
လူအုပ်ကြီးထဲမှ အကြီးအကဲ အဘိုးအိုတစ်ဦးက ရှေ့သို့ သွက်သွက်တိုးထွက်လာပြီး “မင်းက ဘယ်လိုနည်းလမ်းကို အသုံးပြုပြီး ချိုးဖျက်ခဲ့တာလဲ” ဟု လောကြီးစွာ မေးမြန်းလိုက်၏။
စုန်ယန် ပြန်လည်ဖြေကြားရန် နှုတ်ခမ်းပြင်လိုက်စဉ်မှာပင် လေထုထဲမှ နူးညံ့ပျော့ပျောင်းသော်လည်း ဟိန်းထွက်လာသော အသံတစ်သံက ကြားဖြတ်၍ လွင့်ပျံလာခဲ့သည်။
“ငါ့ဆီကို လာခဲ့ပါ...”
ထိုအသံသည် နူးညံ့ပျော့ပျောင်းလှသော်လည်း ဟိန်းထွက်လာသော အရှိန်အဝါ အာဏာစက်ကြောင့် လေထုတစ်ခုလုံး လေးလံသွားသကဲ့သို့ ခံစားလိုက်ရသည်။
စုန်ယန် အသံလာရာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိရာ မနီးမဝေးသော တိမ်တိုက်များကြားတွင် ဝတ်ရုံပြာဆင်ယင်ထားသည့် နတ်ဘုရားမတစ်ပါး ရပ်နေသည်ကို တွေ့လိုက်ရ၏။
သူမ၏ ဖြစ်တည်မှုမှာ ကျော့ရှင်းတင့်တယ်မှုနှင့် ဆွဲဆောင်မှုတို့ ဒွန်တွဲနေပြီး မျက်နှာတော်မှာ နှင်းတောင်ကဲ့သို့ အေးစက်ခက်ထန်လွန်းလှသည်။
မျက်ဝန်းအစုံမှာမူ မြူခိုးတိမ်တိုက်များ ဖုံးလွှမ်းထားသကဲ့သို့ ဝေဝါးနက်ရှိုင်းနေခဲ့၏။
ဆောင်းလေအဝှေ့တွင် လွင့်ပျံနေသော ဝတ်စုံအနားသတ်များက ရေကန်ငယ်လေးတစ်ခု၏ ရေလှိုင်းများအလား သူမ၏ ခြေကျင်းဝတ်ကို ခပ်ဖွဖွလေး ပွတ်သပ်နေကြသည်။
ခြေဖဝါးအောက်ရှိ ရေတိမ်တိုက်ဖိနပ်များကြောင့် သူမသည် နတ်စင်္ကြံတိမ်တိုက်များထက်တွင် သာယာစွာ လျှောက်လှမ်းနေသကဲ့သို့ ရှိနေကာ ဖော်ပြရန်ခက်ခဲသော လောကုတ္တရာ အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
“နင်ရှင်း ရှေးဘိုးဘေးကြီး...”
“နင်ရှင်း ရှေးဘိုးဘေးကြီး...”
ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစု၏ မျိုးနွယ်စုဝင်များအားလုံး တုန်လှုပ်သွားကြပြီး လျင်မြန်စွာပင် ဒူးညွတ်၍ ဦးခေါင်းချလျက် ပြိုင်တူ အရိုအသေပြုကာ နှုတ်ဆက်ကြတော့သည်။
စုန်ယန်သည်လည်း ရောက်ရှိလာသူမှာ နတ်ဘုရားရင်သွေးအဆင့် တန်ခိုးရှင်ကြီး ဖြစ်ကြောင်း ရိပ်မိလိုက်သဖြင့် ကမန်းကတန်း ခေါင်းငုံ့လျက် “နင်ရှင်း ရှေးဘိုးဘေးကြီး...” ဟု ရိုသေသမှုဖြင့် ပြောလိုက်သည်။
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမ၏ နှုတ်ခမ်းလွှာက လှုပ်ရှားသွားပြီး နာမည်ကို တိုက်ရိုက် ခေါ်ပြောလိုက်သည်။
“ထန်ဟန်... ငါ့ဆီ လာခဲ့”
စုန်ယန်သည် လူအုပ်ကြီးထဲမှ ရှေ့သို့ တိုးထွက်လိုက်၏။ ဝတ်ရုံပြာဆင်ယင်ထားသော နတ်
ဘုရားမက လက်ကို ခပ်ဖွဖွလေး ဝှေ့ယမ်းလိုက်ရာ စုန်ယန်သည် ကောင်းကင်ယံထက်သို့ မြှောက်တက်သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း သူမ၏ ဘေးနားတွင် သက်ဆင်းမိသွားခဲ့သည်။
ထို့နောက် လေပွေတစ်ခုအလား ခြံဝန်းအတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး တောင်ထိပ်ရှိ ရှုခင်းကြည့်နန်းဆောင်တစ်ခုသို့ ရောက်ရှိသွားခဲ့တော့သည်။
ထိုအကွာအဝေးမှာ သာမန်လူများအတွက် အလွန်တရာ ဝေးကွာလှသည်ဟု ထင်ရသော်လည်း ကြက်သွေးရောင်နန်းတော်အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူများအတွက်မူ မျက်စိတစ်ချက် လှည့်ကြည့်ရုံနှင့် ခြေလှမ်းအနည်းငယ်မျှသာ လိုအပ်သဖြင့် စိုးစဉ်းမျှ မဝေးလှချေ။
ဆိတ်ငြိမ်လှသော နန်းဆောင်အတွင်း၌မူ ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမသည် နှုတ်ခမ်းကို ဖွင့်ဟလိုက်သော်လည်း သူ့ကို ရင်းနှီးသည့်အသုံးအနှုန်းများဖြင့် ခေါ်ဆိုခြင်း မပြုဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ထန်ဟန်...မင်းရဲ့ လွတ်မြောက်ခြင်းအတတ် ကျင့်ကြံမှုက ဘယ်လိုအခြေအနေ ရှိလဲ...”
စုန်ယန်သည် ကောက်ကျစ်ပါးနပ်သော ဉာဏ်ကြီးရှင်တစ်ဦးပီပီ သူသည် သူ့အား တစ်ဖက်က သရုပ်ဆောင်ရန် လမ်းစပေးလာသည့် မည်သည့်အချက်ပြမှုကိုမဆို လုံးဝ ဥပေက္ခာပြုထားမည့်သူ မဟုတ်ချေ။
ထို့ကြောင့် နင်ရှင်း ရှေးဘိုးဘေးကြီးက ထိုသို့မေးမြန်းလိုက်သည်နှင့် သူသည် ချက်ချင်းပင် ရိပ်မိကာ နားလည်သွားခဲ့ပြီး မတ်တပ်ရပ်ကာ အရိုအသေပြုလိုက်ရင်း အလှမ်းကွာဝေးသော နေရာရှိ မက်မွန်ပင်အိုကြီးတစ်ပင်ဆီသို့ လက်ညှိုးညွှန်ပြလိုက်၏။
ထိုအပင်၏ ခက်ဖျားတွင်မူ အရည်ရွှမ်းသော မက်မွန်သီးတစ်လုံး ဆွဲချိတ်နေခဲ့သည်။
စုန်ယန်က “ရှေးဘိုးဘေးကြီး... ရေဆာနေလို့လားခင်ဗျာ” ဟု စူးစမ်းလိုက်ရာ စဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမက ခေါင်းကို ခပ်ဖွဖွလေး ငြိမ့်ပြရှာသည်။
စုန်ယန်က “ဒါဆိုရင် သား သွားခူးပေးပါ့မယ် ရှေးဘိုးဘေးကြီး” ဟု ပြောလိုက်သည်။
ပြောပြောဆိုဆိုဖြင့်ပင် သူ၏ ရုပ်ခန္ဓာသည် လွတ်လပ်ပေါ့ပါးစွာ လှုပ်ရှားသွားခဲ့ပြီးဟာလာဟင်းလင်းပြင်ထဲ၌ မျက်စိတစ်မှိတ်အတွင်း ဝုန်းကနဲ ပျောက်ကွယ်သွားလိုက် ရုတ်ချည်း ပြန်လည်ပေါ်လာလိုက် ဖြစ်သွားတော့သည်။
တစ်ခုမှာ ဆန်းကြယ်သောလေပြေဖြစ်ပြီး ဆန်းကြယ်ချီစွမ်းအင်က လွတ်မြောက်ခြင်းကို ဖြစ်ပေါ်စေကာ ပြင်ပအရာများကို မှီခိုအားပြု၍ လွတ်မြောက်ခြင်းပင်။
အခြားတစ်ခုမှာမူ စိတ်အာရုံဖြစ်ပြီး စိတ်အာရုံပေါ်လာသည်နှင့်တစ်ပြိုင်နက် အလိုအလျောက် လွတ်မြောက်ခြင်းကို ဖြစ်ပေါ်စေကာ အတွင်းစိတ်အာရုံကို မှီခိုအားပြု၍ လွတ်မြောက်ခြင်းပင်။
တစ်ခုက ပြင်ပကဖြစ်ပြီး တစ်ခုက အတွင်းဖြစ်ကာ ထိုအရာနှစ်ခုကို သောကကင်းဝေးခြင်း အနှစ်သာရနှင့် ပေါင်းစပ်ကာ အထွတ်အထိပ်သို့ ထပ်ဆင့်တွန်းပို့လိုက်သည့်အခါတွင်မူ မြန်ဆန်သောအရှိန်အဝါက လျှပ်စီးအလား ပိုမို၍ပင် မြန်ဆန်လာခဲ့တော့သည်။
ပြောရလျှင်သာ ကြာသည် လက်တွေ့လှုပ်ရှားမှုမှာမူ အလင်းတန်းတစ်ခုအလား ပို၍ပင် လျင်မြန်နေတော့သည်။
စုန်ယန်၏ နှုတ်မှ “သွားခူးပေးပါ့မယ်” ဟု ပြော၍ပင် မဆုံးသေးခင်မှာပင် အရည်ရွှမ်းလှသော မက်မွန်သီးတစ်လုံးက သူ၏လက်ထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
အဝေးမှ လျှိုမြှောင်စွန်းရှိ မက်မွန်ပင်အိုကြီးထက်တွင်မူ မက်မွန်သီးတစ်လုံး လျော့နည်းသွားခဲ့ပြီဖြစ်ရာ သစ်ကိုင်းမှာ အထက်သို့ ပြန်လည်ကန်တက်သွားပြီး လေထုထဲတွင် ခပ်ဖွဖွလေး လှုပ်ခါနေခဲ့သည်။
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမ၏ မျက်ဝန်းအစုံမှာ အနည်းငယ် မှေးစင်းကျဉ်းမြောင်းသွားခဲ့သည်။
၎င်းလှုပ်ရှားမှုသည် ဒဏ္ဍာရီလာ သောကကင်းဝေးကျမ်းစာနှင့် စိတ်အာရုံလွတ်မြောက်ခြင်းအတတ်တို့ ဖြစ်ကြောင်း သူမ ချက်ချင်းပင် ရိပ်မိလိုက်ခြင်းပင်။
သူမသည် တစ်ခေတ်တစ်ခါက ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် တန်ခိုးရှင် ဖုန်းချိန်းကျိနှင့် ခေတ်ပြိုင်တစ်ယောက် ဖြစ်သည်နှင့်အညီ ဤအတုမရှိသော ဆန်းကြယ်ကျွမ်းကျင်မှုများ၏ ကျော်ကြားလှပုံကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။
သို့သော် နှမြောစရာကောင်းသည်မှာ ဖုန်းချိန်းကျိ ဖောက်ထွင်ခဲ့သော ဤကျင့်စဉ်လမ်းကြောင်းသည် လိုက်လျှောက်ရန် လွန်စွာ ခက်ခဲလွန်းလှသဖြင့် ခေတ်အဆက်ဆက်တွင် အနည်းငယ်သောသူများသာ အတုယူနိုင်ခဲ့ကြပြီး တဖြည်းဖြည်းနှင့် ဆက်ခံသူ ကင်းမဲ့လုနီးပါး ကွယ်ပျောက်လုဖြစ်ခဲ့ရခြင်းပင်။
သူမသည် ဆွဲဆောင်မှုရှိသော မျက်ဝန်းအစုံကို ခပ်ဖွဖွလေး ပိတ်လိုက်ရင်း စုန်ယန် ကမ်းလင့်လာသည့် မက်မွန်သီးကို လှမ်းယူခြင်းမပြုဘဲ လက်ဖဝါးကိုသာ လှန်လိုက်၏။
သူမ၏ ဖြူစင်နုနယ်သော လက်ကောက်ဝတ်နှင့် ဆက်စပ်နေသည့် ဟာလာဟင်းလင်းပြင်ကြီးမှာ ရုတ်ချည်းပင် ထူးဆန်းသော သွေးနီရင့်ရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူမ၏ လက်ချောင်းများက လေထုကို ဆွဲဖြဲလျက် အခြားတစ်ဖက်ကမ္ဘာရှိ သွေးမြစ်ကြီး၏ ရေပြင်ကို သွားရောက်ထိတွေ့လိုက်သကဲ့သို့ပင်။
ရှူး...
အနက်ရောင်နောက်ခံပေါ်တွင် အနီရောင်မျက်နှာပြင်ရှိသော သွေးအလံတော်တစ်ခုသည် သူမ၏ သွယ်လျသော လက်ချောင်းများကြား၌ ရုတ်ချည်း ပေါ်ပေါက်လာခဲ့သည်။
၎င်းအလံတော်မှာ နတ်ဘုရားမ၏ လက်ဖြင့် အကိုင်ခံထားရခြင်းကို မနှစ်သက်သကဲ့သို့ ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားနေခဲ့၏။
လေထုတစ်ခုလုံးမှာ သွေးညှီနံ့များနှင့်အတူ ခဲပျစ်လုနီးပါးဖြစ်နေသော သွေးရောင်အမျှင်တန်းများ လိမ်ယှက်ရုန်းကန်လာသဖြင့် တရိပ်ရိပ်ဖြင့် လေးလံထုထည် ထူပြောသွားခဲ့သည်။
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမသည် သူမ၏ အကြည့်ကို မြှင့်တင်ကာ ရှေ့မှလူငယ်လေးကို စိုက်ကြည့်လိုက်၏။
စုန်ယန်၏ မျက်ဝန်းများတွင်မူ ဖုံးဖိမရနိုင်သော ဝမ်းမြောက်လှလှသော အရိပ်အယောင်များ ဖြာထွက်နေခဲ့သည်။
အကယ်၍ သူ၏ ယခင် ဝိညာဉ်သောင်းပေါင်းများစွာ အလံတော်မှာ ဝိညာဉ်နှစ်သိန်း၊ ကြက်သွေးရောင်နန်းတော်အဆင့် ကျင့်ကြံသူအချို့နှင့် ခရမ်းရောင်နန်းတော်အဆင့် မိစ္ဆာတစ်ကောင်တို့ဖြင့်သာ သန့်စင်သွန်းလုပ်ထားခဲ့ခြင်း ဖြစ်သည်ဆိုပါက ယခု သူမ လက်ထဲရှိ အလံတော်အတွင်းမှ ဝိညာဉ်များမှာမူ အရေအတွက် ပိုမိုများပြားရုံတင်မကဘဲ အရည်အသွေးပိုင်းမှာလည်း ကောင်းကင်နှင့်မြေကြီးအလား ပိုမိုမြင့်မားလွန်းသည်။
သူ့၌ အားအကောင်းဆုံးဖြစ်သော ဆန်းကြယ်ချီနည်းစနစ်မှာ လက်အိတ်များနှင့် သန်မာသော ရုပ်ခန္ဓာကို အသုံးပြု၍ ဖော်ဆောင်ရသည့် ကောင်းကင်ဘုံသို့ ခြေတစ်လှမ်းဖြစ်သော်လည်း ဝိညာဉ်စွမ်းရည်ပိုင်းတွင်မူ သူသည် အတားအဆီးတစ်ခုနှင့် ရင်ဆိုင်နေရခြင်းပင်။ အကယ်၍ သူသည် ဤအလံတော်ကိုသာ လက်ဝယ်ပိုင်ဆိုင်ခွင့်ရရှိမည်ဆိုပါက သူ၏ ဧရာမဝိညာဉ်ဝါးမြိုခြင်းအတတ်ကို အစွမ်းကုန် ထပ်မံအသုံးပြုနိုင်မည်ဖြစ်ပြီး ပိုမိုအဆင့်မြင့်သော နည်းစနစ်များကိုလည်း ထိုးထွင်းနားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။
သူ၏ လွတ်မြောက်ခြင်းအတတ်များနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင်မူ သူသည် ယခင် ဖုန်းချိန်းကျိထက်ပင် ပိုမိုအဆင့်မြှင့်တင်ထားသော အားအကောင်းဆုံး ပုံစံတစ်ခု ဖြစ်လာပေလိမ့်မည်။
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမသည် လူငယ်လေး၏ မျက်ဝန်းထဲမှ တောက်ပနေသော ရည်မှန်းချက်နှင့် ဝမ်းမြောက်မှုကို မြင်တွေ့လိုက်ရသဖြင့် ရုတ်ချည်းပင် ပြောလိုက်သည်။
“မင်း ဒါကို ထိန်းထားနိုင်ရင်... မင်းအပိုင်ပဲ...”
ထို့နောက် သူမသည် တင်းကြပ်စွာ ဆုပ်ကိုင်ထားသော လက်ချောင်းငါးချောင်းကို ဝုန်းကနဲ လွှတ်လိုက်ရာ သူမ၏ အိပ်မက်ဆန်သော မျက်ဝန်းအစုံတွင် လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ စူးစိုက်ကြည့်လိုက်သည်။
ဝိညာဉ်သောင်းပေါင်းများစွာ အလံတော်သည် ရုတ်ချည်းပင် အနက်ရောင်နှင့် အနီရောင် သွေးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ပြင်းထန်စွာ ရုန်းကန်ပျံသန်းသွားခဲ့ပြီး နန်းဆောင်နှင့် အလှမ်းကွာဝေးသော တိမ်တိုက်များဆီသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့တော့သည်။
စုန်ယန်သည် တုန်ရင်ခြင်းမရှိဘဲ သူ၏ ဘယ်ဘက်လက်ကို ရှေ့သို့ ဝုန်းကနဲ ဆန့်ထုတ်လိုက်ပြီး ဂူဖြူကျောက်စိမ်းလင်းကျောက်များ မြှုပ်နှံထားသည့် လက်ချောင်းငါးချောင်းကို အစီရင်စုစွမ်းအားများဖြင့် အနည်းငယ် ကွေးညွှတ်ကာ လှမ်း၍ ဖမ်းချုပ်လိုက်တော့သည်။
အခန်း။ ၃၅၀
သူ၏ အစီရင်စုလက်အိတ်များနှင့် ကောင်းကင်ဘုံသို့ ခြေတစ်လှမ်းနည်းစနစ်ကို ထုတ်ဖော်
ခြင်းမပြုလျှင်ပင် သူ၏ လက်ဖဝါးတွင်းရှိ စွမ်းအားလှိုင်းများက လောက၌ရှိသမျှသော ရတနာအားလုံးကို လျင်မြန်စွာ သိမ်းကျုံးထိန်းချုပ်နိုင်စွမ်း ရှိသည်။
ဝိညာဉ်သောင်းပေါင်းများစွာ အလံတော်သည် လေထုထဲ၌ ဝဲပျံနေရင်းမှ ရုတ်ချည်းဆိုသလို မမြင်နိုင်သော စွမ်းအားအတားအဆီးတစ်ခုနှင့် ဝုန်းကနဲ တိုးမိသွားသကဲ့သို့ ခံစားလိုက်ရပြီး ဘယ်ပြန်ညာပြန် အသည်းအသန် တိုးဝှေ့ရုန်းကန်နေသော်လည်း လွတ်မြောက်နိုင်ခြင်း မရှိတော့ချေ။
နောက်တစ်ခဏ၌မူ နန်းဆောင်အတွင်းမှ ဆန်းကြယ်သော ဧရာမလက်ဝါးရိပ်ကြီးတစ်ဖက် ဝုန်းကနဲ ထွက်ပေါ်လာပြီး အလံတော်ကို မြဲမြံစွာ ဖမ်းဆုပ်လိုက်တော့သည်။
အလံတော်သည် သွေးအလင်းတန်းများ ဖြာထွက်ကာ ပြင်းထန်စွာ ရုန်းကန်နေသော်လည်း ရုန်းကန်ရင်းနှင့်ပင် စုန်ယန်၏ ခန္ဓာကိုယ်တွင်းမှ တစ်စုံတစ်ခုသော ရှေးဟောင်းအရှိန်အဝါကို အာရုံခံမိသွားသကဲ့သို့ တဖြည်းဖြည်းနှင့် ငြိမ်သက်ကာ နူးညံ့သွားခဲ့၏။
စုန်ယန်သည် သူ၏ မူလဝိညာဉ်အမျှင်တန်းတစ်ခုကို အလံတော်အတွင်းသို့ အမြန်ထည့်သွင်းကာ သန့်စင်လိုက်ပြီးနောက် လက်ထဲ၌ ကိုင်မြှောက်လျက် ဝမ်းမြောက်ကြည်နူးစွာ စိုက်ကြည့်နေမိသည်။
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမ၏ မျက်နှာထက်မှ နှင်းတောင်ကဲ့သို့ အေးစက်မှုများက အနည်းငယ် လျော့ပါးသွားခဲ့ပြီးနောက် တည်ငြိမ်စွာ မေးမြန်းလိုက်၏။
“မင်းက ဘယ်လို နန်းတော်ကိုးခုနည်းလမ်းကို သုံးပြီး ကျင့်ကြံထားတာလဲ”
သူမ၏ မျိုးနွယ်စုဝင်များက ဤမေးခွန်းကို မေးမြန်းစဉ်ကမူ သူမသည် စုန်ယန်၏ လျှို့ဝှက်ချက်ကို ကာကွယ်လိုသဖြင့် ကြားဖြတ်တားဆီးခဲ့ခြင်းပင်။
ယခုမူ သီးသန့်နေရာသို့ ရောက်မှ သူမကိုယ်တိုင် စူးစမ်းမေးမြန်းလာခဲ့ခြင်းပင်။
စုန်ယန်က လေးစားစွာဖြင့် “နဂါးဆင်ပြောင် သွေးကိုးခုအနှစ်နည်းလမ်းပါ” ဟု ပြန်လည်ဖြေကြားလိုက်သည်။
“နဂါးဆင်ပြောင် သွေးကိုးခုအနှစ်နည်းလမ်း ဟုတ်လား...”
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမသည် အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်မိသည်။
ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် ပျက်ပြယ်ခြင်းမရှိမည့် သူမ၏ တည်ငြိမ်လှသောအမူအရာမှာ ယခုအခါတွင်မူ သိသိသာသာ တုန်လှုပ်ပြောင်းလဲသွားခဲ့ရသည်။
“ဒါဆို... အထဲက ကမ္ဘာဖျက်အဆိပ်ကကော...”
“သားမှာ ကံကောင်းတဲ့ ဆုံဆည်းမှုအချို့ ရှိခဲ့လို့ အဆိပ်ကိုတော့ သဘာဝအတိုင်း ဖြေရှင်းနိုင်ခဲ့ပါတယ်”
လေထုကြီးမှာ ရုတ်ချည်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပြန်သည်။
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမ၏ စူးရှသော အကြည့်သည် စုန်ယန်လက်ထဲရှိ မက်မွန်သီးထံသို့ ရုတ်တရက် ကျရောက်သွားခဲ့ပြီးနောက် သူမက နှုတ်ခမ်းလေးစူကာ မကျေမနပ် ရေရွတ်လိုက်၏။
“ဒီအမွေးအမှင်တွေနဲ့ ရွှံ့စော်နံနေတာကို ဘယ်လိုလုပ် စားလို့ရမှာလဲ...”
ဤညည်းသံလေးသည် လောကရှိ ရူပဆင်းပြင်အလှအပ ပန်းပေါင်းစုံကိုပင် အရှက်ရစေလောက်သည်။
သူမ၏ အေးစက်၍ အနားမကပ်ရဲစရာ ကောင်းလှသော အရှိန်အဝါများသည် ယခုအခါ အရည်ပျော်သွားပြီး ရှေ့မှလူငယ်လေးအား သူမကို ပိုမိုနက်ရှိုင်းစွာ စူးစမ်းလေ့လာရန်နှင့် နားလည်သဘောပေါက်ရန် ညှို့ဓာတ်ဖြင့် ဖိတ်ခေါ်နေသကဲ့သို့ ရှိနေတော့သည်။
စုန်ယန်သည် သူ၏ ဝမ်းဗိုက်အတွင်း၌ ဖော်ပြရခက်သော ရာဂအပူရှိန်တစ်ခု တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ မျက်စိရှေ့မှ မြင့်မြတ်လှသော နတ်ဘုရားရင်သွေးအဆင့် ရှေးဘိုးဘေးကြီးသည် ရုတ်ချည်းပင် ဖော်ပြရန်ခက်ခဲသော မိန်းမပျိုတစ်ဦး၏ ဆွဲဆောင်မှုအပြည့်နှင့် ပြည့်နှက်သွားခဲ့သည်။
ကျင့်စဉ်နယ်ပယ် မြင့်မားလှသော တည်ရှိမှုတစ်ခုက ဤကဲ့သို့သော မွေးရာပါညှို့ဓာတ်ကို ထုတ်လွှတ်လာသည့်အခါတွင်မူ သာမန်သတ္တဝါအဆင့်မျှသာရှိသူတစ်ဦးအနေဖြင့် မည်သို့မျှ ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
၎င်းမှာ လှပတင့်တယ်လှသော ဧကရီဘုရင်မတစ်ပါးက သူမ၏ ဝတ်လဲတော်အနားသတ်ကို မကာ သူတောင်းစားတစ်ဦး၏ ရှေ့မှောက်၌ အလှတရားကို ဖွင့်ဟပြလာသကဲ့သို့ ဖြစ်ရာ ထိုသူတောင်းစားအနေဖြင့် စိတ်ကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
အထက်မှ လှပလွန်းသောအလှနှင့် အောက်မှ ခုခံရန် ခက်ခဲလွန်းသောအခြေအနေပင်။
စုန်ယန်သည် ဝိညာဉ်ရေးရာနှင့် ရုပ်ခန္ဓာပိုင်းတွင် မည်မျှပင် သန်မာပါစေ ကျင့်စဉ်နယ်ပယ်ချင်း ကွာခြားချက်က မိုးနှင့်မြေအလား ကွာဟနေဆဲဖြစ်ရာ သူ၏ ရင်ခုန်သံများ မြန်ဆန်လာရုံသာ ရှိတော့သည်။
သူသည် စိတ်အာရုံကို စုစည်းကာ ကျင့်စဉ်ကို ထပ်မံလည်ပတ်လိုက်ပြီး တောင်ခြေရှိ စမ်းရေတွင်းဆီသို့ တစ်ဟုန်ထိုး လေအလား သွားရောက်ကာ မက်မွန်သီးကို စင်ကြယ်အောင် ဆေးကြောလိုက်သည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်း ပြန်လည်ရောက်ရှိလာကာ ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမထံသို့ နှစ်ဖက်လက်ဖြင့် ကမ်းပေးရင်း ရိုသေသမှုဖြင့် ပြောလိုက်သည်။
“ရှေးဘိုးဘေးကြီး...”
သူ စကားပင် မဆုံးသေးချေ ကြားဖြတ်၍ အမိန့်ပေးသံစူးစူးလေးကို ကြားလိုက်ရပြန်သည်။
“ငါ့ကို အဲဒီလို မခေါ်ပါနဲ့တော့... ငါ့ဘေးမှာ လာထိုင်ပါ...”
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမသည် ကျောက်စိမ်းထိုင်ခုံထက်တွင် ဘေးသို့ အနည်းငယ် တိုးပေးလိုက်ပြီး လွတ်နေသော နေရာကို သွယ်လျသော လက်ချောင်းလေးများဖြင့် ခပ်ဖွဖွလေး ပုတ်ပြလိုက်၏။
စုန်ယန်သည် မျက်လုံးကို တင်းကြပ်စွာ မှိတ်လိုက်ပြီး ရင်ထဲမှ လှိုင်းတံပိုးများကို အတင်းဖိနှိပ်ကာ ရိုသေသမှုဖြင့် ပြောလိုက်သည်။
“သားအနေနဲ့ စည်းကျော်ဖို့ မဝံ့ရဲပါဘူး...”
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမက သူ့ကို ညို့ဓာတ်ပြည့်သော အပြုံးဖြင့် စိုက်ကြည့်ကာ တီးတိုးပြောလိုက်သည်။
“အကယ်၍ ငါကပဲ မင်းကို စည်းကျော်ခိုင်းရင်... ငါ့ကို စော်ကားခိုင်းရင်... မိဘမဲ့သားတစ်ယောက်လို အရဲစွန့်ပြုမူခိုင်းရင်ကော... မင်း လုပ်ရဲပါ့မလား...”
စုန်ယန် ဦးခေါင်းကို ဖြည်းညှင်းစွာမော့ကာ ထိုအလှတရား အထွတ်အထိပ် ရောက်နေသော မျက်နှာပြင်ကို စိုက်ကြည့်လိုက်သည်။
သူ၏ ရင်ထဲ၌ ဆန္ဒလှိုင်းတံပိုးများ ဝုန်းကနဲ ပိုမိုပြင်းထန်လာခဲ့ရသော်လည်း ရာထူးအဆင့်အတန်းနှင့် ကျင့်စဉ်နယ်ပယ် ကွာခြားချက်များက သူ့ကို သတိကြီးစွာထားရန် ခန္ဓာကိုယ်ကို နှိမ့်ချထားပြီး မြှောက်ပင့်သော အမူအရာဖြင့် ဤအမျိုးသမီး၏ စိတ်ကျေနပ်မှုကိုသာ ရယူရန် ဦးနှောက်က သတိပေးနေခဲ့သည်။
သို့သော် နောက်တစ်ခဏ၌မူ သူ၏ ရုပ်ခန္ဓာက ဦးနှောက်ထက် လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။
သူက နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်ကာ “ဘာလို့ မလုပ်ရဲရမှာလဲ...” ဟု ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ရှေ့သို့ ဝုန်းကနဲ လှမ်းသွားကာ ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမ၏ ဘေးနားတွင် ရဲရဲဝံဝံ ဝင်ထိုင်လိုက်၏။
ထို့နောက် အရဲစွန့်ကာ သူမ၏ ပုခုံးသားနုနုကို လှမ်း၍ ဖက်ကာ တွန်းလိုက်ပြီး သူမ၏ တားမြစ်ထားသော နှုတ်ခမ်းအစုံကို အတင်းအဓမ္မ နမ်းစုပ်လိုက်တော့သည်။
ဤအနမ်းမှာ အလွန်တရာ အာဏာစက်ပြင်းထန်လှပြီး သူ၏ ရင်ထဲမှ ဖိနှိပ်ထားသမျှသော စိတ်ဆန္ဒများကို အတားအဆီးမရှိ ရိုင်းစိုင်းစွာ ထုတ်ဖော်လိုက်ခြင်းပင်။
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမမှာမူ မျက်ဝန်းအစုံ ဝေဝါးသွားကာ အလွန်တရာ မိန်းမော၍ ဝေခွဲမရ ဖြစ်သွားခဲ့ရရှာသည်။
တန်ခိုးရှင် ဖုန်းချိန်းကျိက တခြားလူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကို သိမ်းပိုက်ပြီး ပြန်လည်မွေးဖွားလာခဲ့တာပဲထား။ သူက သူ့ရဲ့မှတ်ဉာဏ်တွေ အကုန်လုံး ဆုံးရှုံးသွားခဲ့ပြီဆိုတာ ထင်ရှားနေတာပဲ။ ဒါကြောင့်... ဒီကောင်က သေချာပေါက် လူငယ်လေးတစ်ယောက်အဆင့်ပဲ ရှိသေးတာ။
ဒီလိုမျိုး လူငယ်လေးတစ်ယောက်က... နတ်ဘုရားရင်သွေးအဆင့် တန်ခိုးရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရတိုင်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ တုန်ရင်နေရမှာ ထုံးစံပဲလေ။
အဲဒါကို... သူက ဘယ်လိုသတ္တိမျိုး ရှိနေလို့ငါ့အရှေ့မှာ ဒီလောက်အထိ ရဲတင်းလွန်းတဲ့ လုပ်ရပ်မျိုးကို လုပ်ရဲရတာလဲ...
တကယ့်ကို ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ။
သူမအနေဖြင့် ဤလူငယ်လေးကို တာအိုအဖော်အဖြစ် ကျင့်ကြံပျိုးထောင်ပေးလိုသည်မှာ မှန်သော်လည်း ဤကဲ့သို့ သူ့ဘက်က အောက်ကျနောက်ကောက်ကျမည့် ပုံစံမျိုးဖြင့် ဖြစ်ပျက်လာလိမ့်မည်ဟုမူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
ရှက်ရွံ့ခြင်းနှင့် ဒေါသအမျက်ချောင်းချောင်း ထွက်ခြင်းတို့မှာ သူမ၏ ရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ တရဟော ရုန်းကြွလာခဲ့ရသည်။
၎င်းမှာ ဤလူငယ်လေးက ရုတ်တရက် လာရောက်တိုက်ခိုက်ဝံ့သည့် ရဲတင်းမှုကြောင့်တင်မကဘဲ သူမကိုယ်တိုင်ကပါ ဤလူငယ်လေးနှင့် အကြည့်ချင်းဆုံရာတွင် မမျှော်လင့်ဘဲ အရှုံးပေးလိုက်ရခြင်းကြောင့်လည်း ဖြစ်၏။
ဤခဏ၌မူ စုန်ယန်သည် သူ၏ မျက်နှာကို ဖြည်းညှင်းစွာ မော့လိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
“ရှေးဘိုးဘေးကြီးက တကယ်ကို ချိုမြိန်တာပဲနော်...”
နင်ရှင်း ရှေးဘိုးဘေးကြီး၏ လှပသော မျက်ဝန်းအစုံမှာ ဝိုင်းစက်သွားခဲ့ပြီး သူ့ကို မှင်တက်စွာ စိုက်ကြည့်လျက် “မင်း ဘယ်လောက်တောင် မောက်မာနေတာလဲ” ဟု ဒေါသတကြီး ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သော်လည်း သူမက အရင် စတင်ဆွဲဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတိရမိသွားသဖြင့် ပြန်လည်နှုတ်ဆိတ်သွားခဲ့ရသည်။
သူမသည် စိတ်ကို ပြန်ထိန်းကာ တည်ငြိမ်စွာပင် ပြောလိုက်တော့သည်။
“မင်း အရာများစွာကို မေ့လျော့နေခဲ့တာ ဖြစ်နိုင်ပေမဲ့ ဒီလို ရဲတင်းတဲ့ သတ္တိကိုတော့ မေ့မသွားခဲ့ဘူးပဲ...”
စုန်ယန်က “ဘာကို မေ့သွားတာလဲ...” ဟု အကဲခတ်သလို မေးလိုက်၏။
နင်ရှင်း ရှေးဘိုးဘေးကြီးက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"မင်းက အစကတည်းက ငါတို့ ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစုရဲ့ ရှေးဘိုးဘေးတစ်ဦး ဖြစ်ခဲ့တာပဲ။ အတိတ်တုန်းကလည်း ငါနဲ့ တကယ့်ကို ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသေးတယ်။
မင်း ဘေးဒုက္ခကြီးတစ်ခုနဲ့ ကြုံခဲ့ရလို့ တခြားလူရဲ့ ရုပ်ခန္ဓာကို သိမ်းပိုက်ပြီး ဝေးရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပုံပဲ။
အဲဒီအရှိန်ကြောင့်ပဲ မင်းရဲ့ မှတ်ဉာဏ်အမြောက်အမြားလည်း ဆုံးရှုံးသွားခဲ့ရတာပေါ့။
ဒါပေမဲ့ ကံကြမ္မာရဲ့ စီမံမှုကြောင့် မင်း ဒီနေရာကို ပြန်ရောက်လာခဲ့ပြီလေ။
မင်း ပြန်ရောက်လာပြီဆိုမှတော့... နောက်နောင်မှာ ငါနဲ့အတူ လက်တွဲပြီး ငါတို့ရဲ့ မျိုးနွယ်စုကြီးကို အရင်ကထက် ပိုမိုအင်အားတောင့်တင်းလာအောင် အတူတူ လုပ်ဆောင်ကြရမှာပဲ..."
စုန်ယန်သည် သူ၏ လက်ကို မြှောက်လိုက်ပြီး ထိုအဆင့်မြင့်လှသော နတ်ဘုရားရင်သွေးအဆင့် တန်ခိုးရှင်မလေးကို သူ၏ ရင်ခွင်အတွင်းသို့ တင်းကြပ်စွာ ဆွဲသွင်းဖက်လှမ်းလိုက်ရင်း စစ်မှန်သော လေသံဖြင့် ပြောလိုက်တော့သည်။
“သေချာပေါက် လုပ်ရမှာပေါ့...”