← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

Chapter 121

သေလုမျောပါး

ရှီချန်ကျန်း အသက်ရှူမဝမီမှာပင် ဓားသမားက သူ၏အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် သူ၏ထန်ဓားရှည်ကို ပြင်းထန်သောစွမ်းအားဖြင့် စောင်း၍ ခုတ်ချလိုက်သည်။ ထိုအခါ ရှီချန်ကျန်းသည် အဆောင်နှစ်ရွက်ကို ပစ်လွှတ်ကာ ဘေးသို့ရှောင်တိမ်းလိုက်သော်လည်း ဓားကီမှာ သူ၏ဘယ်ဘက်ပုခုံးကို ထိမှန်သွားခဲ့ဆဲပင်ဖြစ်သည်။ ဒဏ်ရာမှ သွေးများ ပန်းထွက်လာခဲ့သော်လည်း ဗာဂျရာအဆောင်၏ အကာအကွယ်ကြောင့် ကြွက်သားများနှင့် အရိုးများအထိ နက်ရှိုင်းစွာပြတ်တောက်သွားခြင်းမရှိခဲ့ပေ။

ထိုအချိန်တွင် ရှီချန်ကျန်းသည် သူ၏ပေါင်နှစ်ဖက်ပေါ်တွင် အဆောင်နှစ်ရွက်ကို ကပ်လိုက်ပြီဖြစ်သည်—မျောက်ဝံခုန်ပျံအဆောင်နှင့် နတ်ဘုရားအမြန်နှုန်းအဆောင်တို့ဖြစ်ပြီး ၎င်းတို့က သူ၏လျင်မြန်မှုနှင့် အရှိန်ကို မြှင့်တင်ပေးခဲ့သည်။

ဓားသမား၏ တိုက်ခိုက်မှုများက အဆက်မပြတ်ထွက်ပေါ်နေကာ ဝိညာဉ်တစ်ခုကဲ့သို့ လျင်မြန်လှ၏။ ကျဉ်းမြောင်းသောဆေးရုံခန်းထဲတွင် လှုပ်ရှားရန်နေရာမရှိသဖြင့် ရှီချန်ကျန်းသည် တိုက်ပွဲတွင် ဆက်လက်ရှင်သန်နိုင်ရန် ဗာဂျရာအဆောင်၏ ခံစစ်ကိုသာ အားကိုးနေရလေသည်။ သူသည် နောက်သို့ ဆုတ်ခွာရင်း မတူညီသောအရောင်အဆင်းရှိသည့် အဆောင်တစ်ဒါဇင်ကျော်ကို ပစ်ပေါက်လိုက်သည်။

ရှီချန်ကျန်းကို လျှော့တွက်၍မရပေ။ နောက်ဆုံးတွင် သူသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိထားသူဖြစ်သည်။ ထို့အပြင် သူ၏ အဆောင်စာရွက်များသည် ကြီးမားသောစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ကို အသုံးပြုရန် သူ၏ အစစ်မှန်ချီနှင့် ဝိညာဉ်အသိစိတ်ကို အနည်းငယ်သာအသုံးပြုရသည်။

မီးရှူးမီးပန်းများကဲ့သို့ပင် အဆောင်တစ်ရွက်၏ ပေါက်ကွဲမှုသည် ၎င်းကို အသက်သွင်းသူနဲ့ မသက်ဆိုင်ပေ။ ၎င်း၏ စွမ်းအားမှာ ၎င်း၏ အရည်အသွေးနှင့် ကုန်ကြမ်းပစ္စည်းများပေါ်တွင်သာ လုံးဝမူတည်သည်။

ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲက ရှီချန်ကျန်းကို ဤလမ်းစဉ်တွင် ဘာကြောင့်ပါရမီရှင်ဟုခေါ်ကြသည်ကို သက်သေပြနေခဲ့သည်။

သူသည် အသက်ရှင်သန်ရန်အတွက် အစွမ်းကုန် ကြိုးစားနေခဲ့သည်။ အဝါရောင်အဆောင်များသည် မီးလုံးများနှင့် ရေခဲဆူးချွန်များအဖြစ် ပေါက်ကွဲထွက်သွားပြီး အစိမ်းရောင်အဆောင်များသည် ကြိုးကြာငှက်နှင့် မြွေဝိညာဉ်များကို ဆင့်ခေါ်ခဲ့သည်။ သူသည် သူ၏ရှားပါးသော အမည်းရောင်နှင့် အနီရောင်အဆောင်များကိုပင် တုံ့ဆိုင်းခြင်းမရှိဘဲ အသုံးပြုခဲ့၏။

ဓားသမားသည် ခွေးနက်သွေးနှစ်ခွက်ဖြင့် အပက်မခံရမီ ဓားနှစ်ချက်သာ ခုတ်ပိုင်းနိုင်ခဲ့သည်။ သူသည် နောက်သို့ ဆုတ်သွားခဲ့ပြီး သူ၏ရှေ့တွင် ပေါက်ကွဲနေသော အဆောင်များကြောင့် ပို၍ပင် နောက်သို့ ဆုတ်ခွာခဲ့ရသည်။

ရှီချန်ကျန်း၏ လက်များက လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။ ကြိုးကြာဝိညာဉ်နှစ်ကောင်ပေါ်လာခဲ့ပြီး ရန်သူများကို ဝေဟင်တွင် ရစ်ပတ်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူတို့အပေါ်သို့ အရှိန်လျော့အဆောင်နှစ်ရွက်ကပ်ရန် ကြိုးစားခဲ့သော်လည်း အမျိုးသမီးက ထိုအဆောင်များကို အသက်မဝင်လာမီမှာပင် နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။

ဘေးမှ ဝမ်ရှန်းသည် ရှီချန်ကျန်းကို ဆေးရုံကုတင်ဆီသို့လာရန် တိတ်တဆိတ်အချက်ပြလိုက်သည်။

ကျိုးနေသော အနက်ရှိုင်းဆုံးနားစွင့်သူ ဓားက ဝမ်ရှန်း၏ ခေါင်းအုံးအောက်တွင် ဝှက်ထားသည်။ ရှီချန်ကျန်းသာ အနားသို့တိုးလာနိုင်ပါက ဝမ်ရှန်းအနေဖြင့် ရုတ်တရက် တိုက်ခိုက်နိုင်မည်ဖြစ်ပြီး ရန်သူနှစ်ဦးစလုံးကို ပြင်းထန်စွာဒဏ်ရာရရှိစေနိုင်မည် ဖြစ်သည်။

သို့သော် ရှီချန်ကျန်း၏ မျက်လုံးထဲတွင် တုံ့ဆိုင်းသောအရိပ်ယောင်တစ်ခုဖြတ်သန်းသွားခဲ့သည်။ သူသည် ဝမ်ရှန်းကို နောင်တရဟန်ဖြင့်တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို အမြန်လွှဲလိုက်သည်။

“ဖာ့ခ်… ငါ အားကုန်ထုတ်တော့မယ်”

သူ၏လက်ကောက်ဝတ်ကို ခါယမ်းလိုက်ပြီး အမည်းရောင်အဆောင်၄ရွက်ကို ပစ်ထုတ်လိုက်သည်။ ၎င်းတို့၏ ရွှေရောင်အမှတ်အသားများ ဖျတ်ခနဲတောက်ပလာပြီး ရွှေရောင်အစင်းကြောင်းများရှိသော လိပ်ပြာနက်များအဖြစ် ပေါက်ကွဲထွက်သွားကာ သူ၏ရန်သူနှစ်ဦးကို ဝိုင်းအုံသွားခဲ့သည်။

ဓားသမားက ဟိန်းဟောက်လိုက်ပြီး သူ၏ထန်ဓားရှည်ကို မြှောက်ကာ ခေါင်းပေါ်တွင် ဝှေ့ယမ်းလိုက်သည်။ ဓားမှ သွေးနီရောင်စွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး ဝင်ရောက်လာသော လိပ်ပြာနက်များကို ဖျက်ဆီးပစ်ခဲ့သည်။

ရှီချန်ကျန်းသည် ထိုအခွင့်အရေးကိုအသုံးချကာ ပြတင်းပေါက်ဆီသို့ ပြေးသွားခဲ့သည်။ သူ၏လက်သီးထဲသို့ အစစ်မှန်ချီများကိုစုစည်းကာ မှန်ကို ရိုက်ခွဲလိုက်ပြီး တတိယထပ်မှ အောက်သို့ ခုန်ချလိုက်သည်။

ကံကောင်းသည်မှာ သူတို့သည် အထပ်မြင့်တွင် ရှိမနေခြင်းပင်။ သို့မဟုတ်ပါက သူ၏ကျင့်ကြံခြင်းဖြင့်ပင် ဤသို့ ပြုတ်ကျခြင်းသည် ခြေထောက်ကျိုးရုံမျှမကဘဲ ဖြစ်သွားနိုင်သည်။

သူ့တွင် အနည်းဆုံး သစ္စာတရားတော့ရှိသေးသောကြောင့် လေထဲတွင် ကိုယ်တစ်ပတ်လှည့်ရင်း ကြုံးဝါးလိုက်သည်၊၊

“ငါ့ကိုသတ်ချင်ရင် ငါ့ဆီပဲလာခဲ့ကြ၊၊ တခြားလူတွေကို ထိခိုက်အောင်မလုပ်နဲ့… ခွေးမသားတွေ”

သူ၏နောက်တွင်မူ ဓားသမားက လိုက်လံဖမ်းဆီးနေပြီး တစ္ဆေတစ်ကောင်လိုလျင်မြန်သော အမျိုးသမီးကမူ သူ၏ရှေ့မှ ကြိုတင်ပိတ်ဆို့ထားပြီး ဖြစ်သည်။ ပို၍ဆိုးသည်မှာ ရှီချန်ကျန်း၏ ဗာဂျရာအဆောင်မှ အလင်းရောင်က စတင်မှေးမှိန်လာခြင်းပင်ဖြစ်သည်။

“သူ့ကို ဒီနေရာကနေ အသက်ရှင်လျက်ထွက်မသွားစေနဲ့”

ခေါင်းဆောင်ဖြစ်သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ ခုန်တက်လိုက်သည်။ မထွက်ခွာမီ သူသည် ဝမ်ရှန်းကို တစ်ချက်ကြည့်လိုက်၏။ သူ၏မျက်လုံးများထဲတွင် အေးစက်မှု၊ သတိပေးခြင်းနှင့် မထီမဲ့မြင်အရိပ်ယောင်များ ရောပြွမ်းနေလေသည်၊၊

ဝမ်ရှန်းသည် ထိုနေရာတွင်ပင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ထိုသူ ခုန်ချသွားသည်နှင့် သူသည် ကျောက်ပတ်တီးစည်းထားသော သူ၏ခြေထောက်များဆီသို့ ဖြည်းညှင်းစွာ လက်လှမ်းလိုက်ပြီး ကြိုးစကို ဖယ်ရှားရန် ကြိုးစားခဲ့သည်။

“တာအိုဆရာဝမ်…” မုရွှယ်သည် သူမ၏ဗိုက်ကို နာကျင်စွာ ဖိကိုင်ရင်း ပြင်းထန်စွာ အသက်ရှူသွင်းလိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်တွင် သွေးများ ပေကျံနေခဲ့သည်။

“ကျွန်မ အချက်ပြလိုက်ပြီ…”

ဝမ်ရှန်းသည် တည်ငြိမ်နေဆဲပင်။ စိုးရိမ်ပူပန်နေခြင်းသည် အထောက်အကူမပြုနိုင်ပေ၊၊ အထူးသဖြင့် သူ၏ခြေထောက်များ ကျိုးနေပြီး သူ၏လှုပ်ရှားမှုက အပြင်းအထန်ကန့်သတ်ခံထားရချိန်တွင် ဖြစ်သည်။

သူသည် ရှီချန်ကျန်းနှင့် ဓားသမားတို့ကို ယခင်က ရင်ဆိုင်ခဲ့ဖူးသည်။ ရှီချန်ကျန်း၏ အရှိန်တစ်ခုတည်းနှင့်မူ ရန်သူများ၏ လျင်မြန်သော တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် မလုံလောက်ပေ၊၊ သို့သော် ဗာဂျရာအဆောင်သည် သူ့အတွက်အချိန်အနည်းငယ်ဆွဲထားပေးနိုင်လိမ့်မည်။

အစစ်အမှန်အန္တရာယ်မှာ ထိုလျင်မြန်သော အမျိုးသမီးပင်ဖြစ်သည်။ ရှီချန်ကျန်း၏ ဗာဂျရာအဆောင်စွမ်းအားကုန်ဆုံးသွားပါက သို့မဟုတ် အချိန်မီမဖြည့်တင်းနိုင်ပါက သူမ၏ ဓားမြှောင်များသည် သူ၏အသက်ကို ချက်ချင်းနုတ်ယူသွားနိုင်သည်။

သူမ၏ ခြေလှမ်းနည်းစနစ်များက ဝမ်ရှန်း၏ ခုနှစ်စင်ကြယ်ခြေလှမ်းထက်ပင် သာလွန်နေခဲ့သည်။

“ငါ့ကို ဝှီးချဲတစ်ခုယူပေးပြီး အောက်ကို ပစ်ချပေးပါ”

ဝမ်ရှန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကုတင်ခင်းအောက်သို့ လက်လှမ်းကာ ကျိုးနေသော အနက်ရှိုင်းဆုံးနားစွင့်သူဓားကို သူ၏သွားများဖြင့် ကိုက်လိုက်သည်။ ထို့နောက် သူ၏လက်များကို ကုတင်ဘောင်ပေါ်တွင် အားယူကာ လေထဲသို့ ခုန်တက်လိုက်သည်။

သူသည် သူ၏ခါးကို လှည့်ကာ ကိုယ်လုံးကို ပြောင်းပြန်လှန်လိုက်စဉ် သူ၏ အစစ်မှန်ချီများ ပေါက်ကွဲထွက်လာခဲ့သည်။ ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်ပတ်တီးစည်းထားသော ခြေထောက်နှစ်ဖက်ဖြင့် ဝမ်ရှန်းသည် သူ၏လက်မောင်းများကို အသုံးပြုကာ ကုတင်ဘောင်ကို တွန်းထုတ်လိုက်သည်။ လက်ဝါးချက်တစ်ချက်ဖြင့် သူသည် ပြတင်းပေါက်မှန်ကို ရိုက်ခွဲလိုက်ပြီး ကိုယ်ပြောင်းပြန်အနေအထားဖြင့်ပင် သူ့ကိုယ်သူ အပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။

သူ၏ အနေအထားက အနည်းငယ် ထူးဆန်းနေသော်လည်း သူ၏အရှိန်မှာ မဆိုးလှပေ။

“တာအိုဆရာဝမ်” မုရွှယ်သည် ချောင်းဆိုးလိုက်ပြီးနောက် သူမ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူမ၏ဗိုက်ထဲမှ နာကျင်မှုကို အောင့်အည်းသည်းခံကာ သူမထရပ်ရန် အတင်းအကျပ်ကြိုးစားလိုက်သည်။

သတိမေ့မြောနေဆဲဖြစ်သော ဘူဒိုဇာကို စိုက်ကြည့်ပြီးနောက် သူမသည် တံခါးဆီသို့ ယိုင်ထိုးကာလျှောက်သွားခဲ့သည်။ ဆယ်စက္ကန့်ကျော်အကြာတွင် သူမသည် ဝှီးချဲတစ်ခုကို တွန်းလျက် ပြန်လည်ပြေးဝင်လာပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ၎င်းကို ပြတင်းပေါက်အပြင်ဘက်သို့ တွန်းချလိုက်သည်။

သူမသည် စိုးရိမ်တကြီးဖြင့် အောက်သို့ ငုံ့ကြည့်လိုက်စဉ် သူမ၏နှလုံးခုန်သံများ မြန်ဆန်နေခဲ့သည်—ဝမ်ရှန်းသည် မြေပြင်ပေါ်မှ ပြန်လည်တက်ကြွလာသည်ကိုသာ မြင်တွေ့လိုက်ရသည်။ ဝမ်ရှန်း အစစ်မှန်ချီများကို ထုတ်သုံးကာ အသက်ရှူတစ်ကြိမ်စာလောက် လေထဲတွင် ရပ်တန့်စေကာ ဝှီးချဲကို တိကျစွာဖမ်းယူကာ မြေပြင်ပေါ်သို့ မကျရောက်မီ ၎င်းပေါ်တွင် မြဲမြံစွာထိုင်လိုက်သည်။

မုရွှယ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

“အဲဒါက တကယ်ကြီးအဆင်ပြေသွားတာလား”

…

ဝမ်ရှန်းသည် တောင်ပေါ်၌ သူ၏ စီနီယာအစ်မ၊ ဂျူနီယာညီမလေးတို့နှင့်အတူ ကြယ်တာရာများကို ငေးမောရင်း ဘဝအကြောင်းနှင့် တာအိုနယ်ပယ်များအကြောင်းကို အေးအေးလူလူစကားစမြည်ပြောနေခဲ့နိုင်သည်။ ကောင်းကင်၊ မြေကြီးနှင့် ကြယ်တာရာများကြားဝယ် စိတ်ဝိညာဉ်လွင့်မျောလျက် တောင်ပေါ်လေအေးအေးဖြင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းလမ်းစဉ်ကို စိတ်ကူးယဉ်ဆန်ဆန်ခံစားနေခဲ့နိုင်သည်…

သို့သော် ယခုအခါတွင်မူ သူသည် လက်တစ်ဖက်ဖြင့် ဝှီးချဲဘီးကို လှည့်နေရပြီး အခြားလက်တစ်ဖက်ဖြင့်မူ ဓားကျိုးကို မြဲမြံစွာ ဆုပ်ကိုင်ထားရသည်။

သူ့အနေဖြင့် ဓားဆန္ဒကို မည်မျှအထိထုတ်ဖော်နိုင်ဦးမည်နည်းဟု တွက်ချက်ရင်း သစ်ပင်ရိပ်များကြားဝယ် အပြင်းအထန်တိုက်ခိုက်နေကြသူများထံသို့ စိုက်ကြည့်လိုက်သည်။ သူ့အနေဖြင့် ဓားပျံကျင့်စဉ်များကို လေ့ကျင့်မထားခဲ့သည်မှာ ကံကောင်းလှသည်ဟု သူ တွေးမိသွားသည်။ “ထော့ကျိုးဓား” ဟု ခေါ်ဆိုခံရမည်ဆိုလျှင် အလွန်ပင် အရှက်ရစရာကောင်းလှပေလိမ့်မည်။

ဝမ်ရှန်းသည် ဇွတ်မှိတ်ပြီး တိုးမဝင်ခဲ့ပေ။ သူသည် ဝှီးချဲကို တိုက်ပွဲအနီးသို့ တွန်းရွှေ့လိုက်စဉ် ထိုသုံးဦးထဲမှ ခေါင်းဆောင်ဖြစ်သူက သူ၏ ဝိညာဉ်အသိစိတ်ဖြင့် ဝမ်ရှန်းကို ချက်ချင်း စောင့်ကြည့်လိုက်သည်။

ရှီချန်ကျန်း၏ ပတ်ပတ်လည်ရှိ ရွှေရောင်အလင်းတန်းမှာ စက္ကန့်နှင့်အမျှ မှေးမှိန်လာနေခဲ့သည်။ ပို၍ဆိုးသည်မှာ ခွာထုတ်၍မရပဲ ကျိန်စာတစ်ခုကဲ့သို့ ကပ်တွယ်နေသော တစ္ဆေတစ်ကောင်လို အမျိုးသမီးအပေါ် သူ၏ အဆောင်ပညာရပ်များက လုံးဝအစွမ်းမပြနိုင်ခြင်းပင် ဖြစ်သည်။ သူမသည် ဓားမြှောင်ဖြင့် သူ့ကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဓားချက်တစ်ချက်စီတိုင်းက အဆောင်များ၏စွမ်းအားကို တရွေ့ရွေ့ကုန်ခမ်းစေခဲ့သည်။

ရှီချန်ကျန်းသည် ဓားသမားကိုလည်း ရင်ဆိုင်နေရသေးသည်။ သူသည် မရပ်မနားရှောင်တိမ်းကာ ခုန်ပျံနေခဲ့သဖြင့် ဓားသမားအနေဖြင့် ရန်သူ့အရှိန်ကို လိုက်မှီနေသည့်တိုင် ချက်ကောင်းထိအောင်ခုတ်ရန် အခွင့်အရေးနည်းပါးသွားခဲ့သည်။ သို့သော်လည်း ဗာဂျရာအဆောင်က သူ့ကို ကာကွယ်ပေးထားသည့်တိုင် ဓားသမား၏ တိုက်ခိုက်မှုများက သူ၏ခန္ဓာကိုယ်အနှံ့တွင် ဓားဒဏ်ရာငယ်လေးများကို ဆက်တိုက်ကျန်ရစ်စေခဲ့သည်။ အပြင်းအထန်ဒဏ်ရာရပြီး ဆဲဆိုရန်ပင် အားအင်မရှိတော့လောက်အောင် မောပန်းနွမ်းနယ်နေပြီဖြစ်ရာ ဤနှုန်းအတိုင်းဆိုလျှင် သူသည် တစ်မိနစ် သို့မဟုတ် နှစ်မိနစ်ထက်ပို၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

Chapter 122

ဝှီးချဲဓားသမား

ဝမ်ရှန်း အသက်ကို ညင်သာစွာရှူထုတ်လိုက်ပြီး ရှေ့သို့ တိုးသွားခဲ့သည်။

ယခုအချိန်အထိ တစ်ချက်မျှ လှုပ်ရှားခြင်းမရှိသေးသော ထိုလူနှစ်ယောက်ကို ခေါင်းဆောင်လာသော ယင်ယန်ဂိုဏ်းမှ သခင်လေးဆိုသူက လှည့်ကြည့်လာပြီး အေးစက်စွာပြုံးလိုက်သည်။

“တာအိုဆရာဝမ်… ငါ့ကို ဓားကွက်အချို့လာသင်ပေးတာလား”

“ချန်ကျန်းနဲ့ ငါက သိပ်မရင်းနှီးပေမဲ့ သူ သေတော့မှာကိုတော့ ဘေးကနေ ဒီတိုင်းကြည့်မနေနိုင်ဘူး။ လာခဲ့ပါ”

ဝမ်ရှန်းက သူ၏ ဓားဆန္ဒများကို စုစည်းရင်း ပြန်ပြောလိုက်သည်။ သူ၏ အကြည့်များက ပိုမိုစူးရှထက်မြက်လာပြီး သူ၏ တည်ရှိမှုဖြင့် ရန်သူကို ဖိနှိမ်ရန်ကြိုးစားလိုက်သည်။

ထိုသခင်လေးသည် ကျင့်ကြံခြင်းလမ်းစဉ်ကို ဂရုမစိုက်သော သာမန်ဆက်ခံသူတစ်ဦးမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏မျက်လုံးများထဲမှ ပြင်းထန်သော အလင်းတန်းက လူသားအရေပြားမျက်နှာဖုံးကို ဖောက်ထွက်၍ တောက်ပနေခဲ့သည်။ သို့သော်လည်း ဝမ်ရှန်း၏ ဓားဆန္ဒက ထိုအရာကို လျင်မြန်စွာပင် လွှမ်းမိုးသွားခဲ့သည်။

တစ်စုံတစ်ခုသောအကြောင်းပြချက်ကြောင့် ထိုသခင်လေးသည် ဝမ်ရှန်းကို ကိုယ်တိုင်တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ ထိုအစား သူသည် လက်ဟန်တစ်ခု ပြုလုပ်ကာ ဘေးသို့ ဆုတ်ပေးလိုက်သည်။

ရှီချန်ကျန်းကို ပြင်းထန်စွာ တိုက်ခိုက်နေသော ဓားသမားသည် မကျေမနပ်ဖြင့် မာန်သွင်းလိုက်သည်။ ထို့နောက် သူသည် လှည့်၍ ဝမ်ရှန်းထံသို့ တည့်တည့်ပြေးဝင်လာပြီး သူ၏ သွေးနီရောင်မျက်လုံးများဖြင့် ဝမ်ရှန်းကို စိုက်ကြည့်လိုက်သည်။

သူ၏ခြေလှမ်းနည်းစနစ်များကို အသုံးပြု၍ သူသည် ကွေ့ကောက်နေသော သွေးစီးကြောင်းတစ်ခုကဲ့သို့ လှုပ်ရှားခဲ့သည်။ ထို့နောက် သူသည် ဝမ်ရှန်းကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူ၏ထန်ဓားရှည်ကို ဝမ်ရှန်း၏ လည်ပင်းဆီသို့ တည့်တည့်ထိုးစိုက်လိုက်သည်။

ဝမ်ရှန်းအနေဖြင့် ရှောင်တိမ်းရန်အချိန်မရခဲ့ပေ။ ထို့အပြင် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို စနစ်တကျအသုံးပြုရန်အတွက် ရှုပ်ထွေးသောခြေလှမ်းနည်းစနစ်များလိုအပ်သဖြင့် ဝှီးချဲပေါ်တွင် ရှိနေချိန်၌ ၎င်းကို အသုံးပြုရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် သူသည် ကြောက်ရွံ့ခြင်းမရှိသော အမူအရာဖြင့် သူ၏ ဓားကျိုးကို မြှောက်လိုက်ရုံသာပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ပထမအကြိမ်တောင်ပေါ်မှ ဆင်းလာခဲ့သောလူမဟုတ်တော့ပေ—သူ့တွင် ယခုအခါ ခုနှစ်စင်ကြယ်ဓားအစီအရင်ထက်မကသော စွမ်းရည်များရှိနေပြီဖြစ်သည်။

ထန်ဓားရှည်က သူ့ထံသို့ ထိုးစိုက်လာစဉ် ဝမ်ရှန်းသည် သူ့၏ခန္ဓာကိုယ်အနှံ့တွင် ရှိနေသော ပြင်းထန်လှသည့် ဓားဆန္ဒများကို ရုတ်သိမ်းလိုက်သည်။ ထို့နောက်တွင်မူ သူသည် သူ၏ဓားကို ရှေ့သို့ ဖြည်းညှင်းစွာ ဆန့်တန်းလိုက်သည်။

နှေးကွေးလှသည်ဟု ထင်ရသော်လည်း ထိုဓားချက်က ကြီးမားသော စုပ်ယူမှုစွမ်းအားတစ်ခုရှိနေသကဲ့သို့ ရန်သူကို ဆွဲခေါ်သွားပြီး ထန်ဓားရှည်ကို ဖမ်းဆီးလိုက်သည်။ ဝမ်ရှန်းသည် သူ၏လက်မောင်းကို ဝေ့ယမ်းကာ ဓားသွားကို ဝှီးချဲ၏ ဘယ်ဘက်ဘေးသို့ လွှဲထုတ်လိုက်သည်။ ထို့နောက် သူသည် ဓားကျိုးဖြင့် ရန်သူ၏ ဓားကိုင်ထားသောလက်ချောင်းများကို ပြင်းထန်စွာခုတ်ချလိုက်သည်။

ဓားသမားသည် ဝမ်ရှန်းနှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ပြင်းထန်သော ဟိန်းဟောက်သံနှင့်အတူ သူသည် နောက်သို့ ဆက်တိုက်ဆုတ်ခွာသွားခဲ့ရသည်။

ဝမ်ရှန်းက ခေါင်းကိုခါယမ်းကာ ရယ်မောလိုက်သည်။ သူသည် ဓားသမားကို အောင်မြင်စွာ ရန်စနိုင်ခဲ့ပြီ ဖြစ်သည်။

ရန်သူ၏ မျက်နှာဖုံးနောက်ကွယ်တွင် သတ်ဖြတ်လိုစိတ်ကြောင့် သွေးနီရောင်အလင်းတန်းများပေါက်ကွဲထွက်လာခဲ့သည်။ သူ၏မိစ္ဆာဓားမှာ အသက်ဝင်လာသကဲ့သို့ ဝမ်ရှန်းထံသို့ နောက်တစ်ကြိမ် ပြေးဝင်လာပြန်သည်။

“ဓားကျွန်… စိတ်ရူးမပေါက်နဲ့။ တတာအိုဆရာဝမ်က မင်းကို လမ်းညွှန်မှုအချို့ ပေးနေရုံသက်သက်ပဲ”

သခင်လေးက ဘေးမှနေ၍ အကြံပြုလိုက်သည်။

နှမြောစရာကောင်းသည်မှာ သူ၏စကားများက အသုံးမဝင်ခဲ့ခြင်းပင်။ ဓားသမား၏ တိုက်ခိုက်မှုများက ပိုမိုရူးသွပ်ကာ ရမ်းကားရိုင်းစိုင်းလာခဲ့ပြီး ကာကွယ်ရေးကို လုံးဝဂရုမစိုက်ဘဲ တိုက်စစ်ကိုသာ အပြည့်အဝအာရုံစိုက်နေခဲ့သည်။ သူသည် ဝမ်ရှန်းထံသို့ ပြင်းထန်သောဒေါသများဖြင့် သူ့၏ ဓားကို လွှဲကာပြေးဝင်သွားသည်၊၊

ဓားကျိုးတစ်လက်နှင့် ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒတို့ဖြင့်သာ ဝမ်ရှန်းသည် တိုက်ခိုက်မှုတိုင်းကို အလွယ်တကူပင် ချေဖျက်နိုင်ခဲ့သည်။ သူသည် တစ်ခါတစ်ရံတွင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးများကိုပင် ရှာဖွေနိုင်ခဲ့သေးသည်။

ယခင်က တိုက်ပွဲ၌ ဝမ်ရှန်းသည် သစ်ကိုင်းတစ်ခုဖြင့် သူ့ကို နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။ ယခုအခါ ဝှီးချဲပေါ်တွင် ရှိနေပြီး ခြေထောက်များကို မလှုပ်ရှားနိုင်သည့်တိုင် သူသည် ဓားသမား၏ တိုက်ခိုက်မှုတိုင်းကို အလွယ်တကူပင် ပျယ်ပြယ်သွားစေနိုင်ဆဲပင်။

ဓားသမား၏ အော်ရာက ပို၍ပင်မတည်မငြိမ်ဖြစ်လာခဲ့သည်။ ဒေါသအမျက်ချောင်းချောင်းထွက်လျက် သူသည် တောရိုင်းတိစ္ဆာန်တစ်ကောင်ကဲ့သို့ အကြိမ်ကြိမ်ဟိန်းဟောက်နေခဲ့ပြီး သူ၏တိုက်ခိုက်မှုများက ပိုရူးသွပ်လာသည်၊၊

သူ့အတွက် စိတ်မကောင်းစရာမှာ ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒသည် ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် အထူးသာလွန်ကောင်းမွန်ပေသည်။

ထိုက်ကျိပညာရပ်တွင် “လေးလံသော အလေးချိန်ကို ပေါ့ပါးသော အင်အားဖြင့် ရွှေ့ပြောင်းနိုင်သည်” ဟု ဆိုရိုးရှိပြီး ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒသည် ထိုသဘောတရားကို အပြည့်အဝလိုက်နာလေသည်၊၊

ဝမ်ရှန်းအနေဖြင့် ကြီးမားသောအင်အားကို အနည်းငယ်သော အားစိုက်ထုတ်မှုဖြင့် မတွန်းလှန်နိုင်သေးသော်လည်း သူနှင့် သူ၏ရန်သူမှာ ကျင့်ကြံခြင်းအဆင့်အတူတူပင်ဖြစ်သည်။ ကာကွယ်ရေးကိုသာ လုံးဝအာရုံစိုက်ထားသဖြင့် သူ့ကို ထိခိုက်ရန် လုံးဝမတတ်နိုင်လုနီးပါးပင်၊၊

သူသည် ဝှီးချဲပေါ်တွင် ထိုင်နေရုံသာဖြစ်ပြီး ဓားကျိုးဖြင့် စက်ဝိုင်းပုံစံများကိုသာ ဆက်တိုက်ဆွဲနေပြီး ဝဲကတော့လေစီးကြောင်းများကို ချန်ရစ်ခဲ့သည်။

ဓားသမားသည် သူ၏ပတ်ပတ်လည်တွင် ရူးသွပ်စွာတရကြမ်းတိုက်ခိုက်နေခဲ့သည်။ သို့သော် မည်မျှပင် ပြင်းထန်စွာတိုက်ခိုက်စေကာမူ ဝမ်ရှန်းကို မထိနိုင်သေးပေ၊၊

သခင်လေးသည် သူ၏လက်သီးများကို အကြိမ်ကြိမ်ဆုပ်လိုက်… ပြီးနောက် ပြန်လည်ဖြေလျှော့လိုက် ပြုလုပ်နေခဲ့သည်။ မိနစ်ဝက်မပြည့်မီမှာပင် ဓားသမားသည် ကြက်သွေးရောင်အလင်းတန်းတစ်ခုအောက်တွင် နစ်မြုပ်သွားခဲ့ပြီး သူ၏လည်ပင်းတစ်လျှောက် သွေးနီရောင်ပုံစံများပြန့်နှံ့သွားခဲ့သည်။

ဝမ်ရှန်း၏ အာရုံစိုက်မှုက သွေးပေကျံနေသော ထန်ဓားရှည်ထံသို့ ရောက်ရှိသွားခဲ့ပြီး သူ၏နှလုံးသားထဲတွင် ရင်းနှီးနေသော ရွံရှာဖွယ်ခံစားချက်တစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုအရာသည် သူ၏ ဓားတာအိုလမ်းစဉ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်၊၊

အနီးတွင်မူ ရှီချန်ကျန်း၏ ပတ်ပတ်လည်ရှိ ရွှေရောင်အလင်းတန်းမှာ ပျောက်ကွယ်သွားခဲ့သည်။ ဗာဂျရာအဆောင်၏ အစွမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရှီချန်ကျန်းသည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သည်မှာ ထင်ရှားလှသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ သူသည် သူ၏နှုတ်ခမ်းအနီးတွင် အသင့်မြှောက်ထားသော လက်ချောင်းကို ကိုက်လိုက်သည်။

သို့သော် သူ နောက်ထပ်မလှုပ်ရှားနိုင်မီမှာပင် အမျိုးသမီးက ကြိုးကြာဝိညာဉ်၏ ရစ်ပတ်မှုမှ ရုန်းထွက်ကာ သူ့ထံသို့ ပြေးဝင်လာခဲ့သည်။

သူမ၏ ဓားမြှောင်များသည် ရှီချန်ကျန်း၏ပတ်ပတ်လည်တွင် ပျံသန်းနေသော ရွှေရောင်အစင်းကြောင်းလိပ်ပြာနက်များကို ပိုင်းဖြတ်လိုက်သည်၊၊

ရှီချန်ကျန်း၏ မျက်နှာဖြူလျော်သွားခဲ့ပြီး ငရဲတံခါးဝကို စိုက်ကြည့်နေရသကဲ့သို့ ဖြစ်သွားခဲ့သည်။ သူသည် ဗာဂျရာအဆောင်၏ ကျေးဇူးကြောင့်သာ ယခုအချိန်အထိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အကာအကွယ်မရှိဘဲနှင့်မူ သူသည် ထိုအမျိုးသမီး၏ ရှေ့မှောက်တွင် သုံးနှစ်သားကလေးငယ်တစ်ဦးကဲ့သို့ အကာအကွယ်မဲ့နေခဲ့ပြီး တိုက်ခိုက်မှုတစ်ချက်တည်းနှင့်ပင် သူ သေဆုံးသွားနိုင်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ရှန်းက အော်ဟစ်လိုက်သည်၊၊ “ဆရာဒေါ်လေး… ဓားပျံသုံးပြီး သူမကို သတ်လိုက်တော့”

ပြင်းထန်သော လေခွင်းသံတစ်ခုက ဘေးဘက်မှ အမျိုးသမီးထံသို့ ပြေးဝင်သွားခဲ့သည်။ သူမ၏ အမူအရာတင်းမာသွားခဲ့သော်လည်း သူမသည် ၎င်းကို လျင်မြန်စွာရှောင်တိမ်းနိုင်ခဲ့သည်။ သူမ၏ ခြေလှမ်းနည်းစနစ်က အလွန်လျင်မြန်လှသဖြင့် ဝင်ရောက်လာသော ဓားချီမှာ အချည်းနှီးဖြစ်သွားခဲ့ရသည်။

ထိုတိုတောင်းလှသော အခိုက်အတန့်လေးကြောင့် ရှီချန်ကျန်းသည် နောက်သို့ ခုန်ဆုတ်နိုင်ခဲ့ပြီး သွေးထွက်နေသော သူ၏လက်ချောင်းကို ရင်ဘတ်ပေါ်ရှိ အဆောင်ပေါ်တွင် ဖိကာ သွေးမန္တန်တစ်ခုကို လျင်မြန်စွာ ဆွဲလိုက်သည်။ စွမ်းအားကုန်ဆုံးနေပြီဖြစ်သော အဆောင်မှာ တစ်ဖန်ပြန်၍ တောက်ပလာခဲ့ပြီး ရှီချန်ကျန်းကို ကာကွယ်ပေးခဲ့ကာ ၎င်း၏ ရွှေရောင်အလင်းတန်းတွင် ယခုအခါ အနီရောင်သန်းနေခဲ့သည်။

တိုတောင်းလှသော အခိုက်အတန့်လေးအတွင်းမှာပင် သူ၏ ရှင်သန်မှုက ဆုံးဖြတ်ခြင်းခံခဲ့ရပြီ ဖြစ်သည်။

ကျင်းယွမ်၏ အရှိန်အဝါကို ရှာမတွေ့သဖြင့် အမျိုးသမီးက လှည့်၍ ဝမ်ရှန်းကို စိုက်ကြည့်လိုက်သည်။ သူမသည် ဓားပျံကျင့်စဉ်၏ အငွေ့အသက်ကို အာရုံမခံနိုင်ခဲ့ပေ။ အမှန်တရားမှာ ထိုဓားကျင့်ကြံသူလူငယ်က ဘေးဘက်မှနေ၍ ဓားစွမ်းအင်တစ်ခုကိုသာ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ရှန်းက ခပ်ဖွဖွသက်ပြင်းချလိုက်သည်။ မိမိအနေဖြင့် ရှီချန်ကျန်းကို သေဘေးမှ အောင်မြင်စွာ ကယ်တင်ပေးနိုင်ခဲ့ခြင်း ရှိ၊မရှိ သူ မသေချာသော်လည်း ထိုသို့အာရုံလွှဲလိုက်သည့်အခိုက်အတန့်တွင် ထန်ဓားရှည်၏ ဓားချီက သူ၏ပုခုံးကို ထိမှန်သွားခဲ့သည်။ ကံကောင်းသည်မှာ ဒဏ်ရာက သိပ်မနက်လှခြင်းပင်။

ဝမ်ရှန်းက ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒကို နောက်တစ်ကြိမ်ထုတ်ဖော်လိုက်ပြန်သည်။ ကာကွယ်ရေးကို မထိုးဖောက်နိုင်သဖြင့် ဓားသမားသည် အဆုံးမရှိသောဒေါသများအောက်သို့ ရောက်ရှိသွားခဲ့ရသည်။

ပြင်းထန်သောတိုက်ပွဲကြားမှ ဝမ်ရှန်းသည် သဲလွန်စများကို စုစည်းမိသွားခဲ့ပြီး ယခင်ဘဝက သူ့ကို စိတ်ရှုပ်ထွေးစေခဲ့သောအချက်တစ်ခုကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်—သူ့အနေဖြင့် ယခင်ဘဝက ရှီချန်ကျန်း၏အကြောင်းကို ဘာကြောင့်မကြားဖူးခဲ့ရသနည်းဟူသော အချက်ပင်။

အသက်ရှင်ရန်အချိန်အများကြီး မကျန်တော့သော ကောင်းချန်ရှင်းသည် သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းဖြစ်ရပ်ကို ဖြစ်ပွားစေခဲ့သည်။ တာအိုဂိုဏ်းများက ကျင့်ကြံခြင်းလမ်းစဉ်ကို လက်ဝါးကြီးအုပ်ထားမှုကို ဖျက်ဆီးပစ်ရန် သူ၏နောက်ဆုံးရည်မှန်းချက်အဖြစ်သတ်မှတ်ကာ စီမံကိန်းများစွာကို အပင်ပန်းခံရေးဆွဲခဲ့သော်လည်း ထိုအသင်းမှာ မျှော်လင့်ထားသည်ထက် စောစီးစွာဖော်ထုတ်ခြင်းခံခဲ့ရသည်၊၊

ဝမ်ရှန်းသည် မိမိကိုယ်ကိုယ် ဘေးလူတစ်ဦးကဲ့သို့ သီးခြားခွဲထုတ်လျက် မိမိကြောင့် မည်သည့်အပြောင်းအလဲများဖြစ်ပေါ်ခဲ့သည်ကို သိရှိနိုင်ရန် အခြေအနေကိုသေချာစွာလေ့လာကြည့်လိုက်သည်။

သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကပ္ပတိန်၏သမီးဖြစ်သူ ချီဝမ်ကြောင့် ဖော်ထုတ်ခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းကို ဖော်ထုတ်နိုင်ခဲ့ခြင်းမှာ သူနှင့်မသက်ဆိုင်ပေ။ သူသည် ၎င်း၏ ပြိုလဲမှုကိုသာ ပိုမိုမြန်ဆန်အောင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယင်ယန်ဂိုဏ်းနှင့် ကောင်းချန်ရှင်းတို့၏ ဆက်နွှယ်မှုမှာ ဝေချီယွဲ့၏ ဆေးနတ်ဘုရားကျမ်းသုံးစောင်မှ မြစ်ဖျားခံခဲ့ခြင်းဖြစ်သည်။ ဝမ်ရှန်း ပါဝင်ပတ်သက်သည်ဖြစ်စေ… ပါဝင်မပတ်သက်သည်ဖြစ်စေ… ကောင်းချန်ရှင်းသည် ထိုဂိုဏ်း၏ လျှို့ဝှက်ပံ့ပိုးမှုကို ရရှိနေဦးမည်ဖြစ်ပြီး ယနေ့ည၏ ခြုံခိုတိုက်ခိုက်မှုကို စီစဉ်နေဦးမည်သာ ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ယင်ယန်ဂိုဏ်းသည် မည်သို့ပင်ဖြစ်စေ ယနေ့ညတွင် ရှီချန်ကျန်းကို ပစ်မှတ်ထားလိမ့်မည်ဖြစ်သည်။ ဤသေမင်းတမန်ကပ်ဘေးသည် သူ၏ ကံကြမ္မာပင် ဖြစ်သည်—အဆောင်ပညာရပ်ပါရမီရှင်သည် စောစီးစွာ သေဆုံးသွားခဲ့ရပြီး ဝမ်ရှန်းအနေဖြင့် ယခင်ဘဝက သူ၏အကြောင်းကို ဘာကြောင့်မကြားဖူးခဲ့ရသနည်းဟူသော အကြောင်းပြချက်ပင်။

ယင်ယန်ဂိုဏ်းတွင် ကြီးမားသော ရည်မှန်းချက်များရှိနေသည်မှာ ထင်ရှားလှသည်။ သူတို့၏ စိတ်ရှည်မှုနှင့် စနစ်တကျရှိမှုတို့နှင့် နှိုင်းယှဉ်လျှင် နတ်ဘုရားငါးပါးဂိုဏ်းမှာ ဘာမျှမဟုတ်တော့ပေ။

ရှီချန်ကျန်းအနေဖြင့် ကောင်းချန်ရှင်းကို လျစ်လျူရှုရန်သာ ရွေးချယ်ခဲ့မည်ဆိုပါက ယင်ယန်ဂိုဏ်းသားသုံးဦးက ဘယ်တော့မှပေါ်လာလိမ့်မည်မဟုတ်ပေ။ သူတို့သည် လေလံပွဲအပြီးတွင် မည်သူမျှ သတိမထားမိဘဲ တိတ်တဆိတ်ထွက်ခွာသွားကြလိမ့်မည် ဖြစ်သည်။

ယခုအချိန်တွင်ပင် သူတို့သည် ကိစ္စရပ်များကို ကိုယ်တိုင်စီမံနေကြသော်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များကို သတ်ဖြတ်ခြင်းမှ တမင်တကာရှောင်ကြဉ်ခဲ့ကြပြီး ဘေးလူဖြစ်သော ဝမ်ရှန်းကိုလည်း ဂရုမစိုက်ဟန်ပြုမူခဲ့ကြသည်။ သူတို့သည် သူ၏နောက်ကွယ်တွင်ရှိနေသော အားကောင်းသည့်ပုဂ္ဂိုလ်ကို မစော်ကားမိစေရန် အစွမ်းကုန်ကြိုးစားနေခဲ့ကြသည်။

အရိပ်များထဲတွင် မည်သို့ကြီးထွားရမည်ကို သိရှိပြီး မလိုအပ်သောထင်ပေါ်မှုများကို ရှောင်ရှားတတ်သည့် ဂိုဏ်းတစ်ခုသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသောရန်သူတစ်ဦးဖြစ်ပေသည်။

ထိုအချက်များအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက် ဝမ်ရှန်းသည် ယင်ယန်ဂိုဏ်းမှ သခင်လေးက တိုက်ခိုက်ရန် တုံ့ဆိုင်းနေရသည့် အကြောင်းရင်းကို နားလည်သွားခဲ့သည်။ သူတို့အနေဖြင့် သက်သေများကို အကုန်ရှင်းပစ်ရန် ရည်ရွယ်ချက်မရှိသဖြင့် သူတို့၏ နည်းစနစ်များ၊ အရှိန်အဝါများ၊ ကျင့်ကြံခြင်း သို့မဟုတ် စွမ်းရည်များကို ထုတ်ဖော်၍မရပေ၊၊

ဝမ်ရှန်းသည် ယင်ယန်ဂိုဏ်းမှ သခင်လေးသည် လူသားအရေပြားမျက်နှာဖုံးကို ဝတ်ဆင်ထားရုံသာမက သူ၏ ခန္ဓာကိုယ်အချိုးအစားကိုပင် ဖုံးကွယ်ထားလိမ့်မည်ဟု သံသယဝင်မိသည်။

စစ်ကူများရောက်ရှိလာသည်နှင့် ထိုသူသည် ဆေးရုံအတွင်းသို့ အမြန်ပြေးဝင်ရုပ်ဖျက်ကာ ရုန်းရင်းဆန်ခတ်မှုများကြားဝယ် လုံးဝပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။ သူ၏ အပြင်ဘက်အထောက်အထားမှာ အဆင့်မြင့်ပြီး လမ်းမှန်ဂိုဏ်းကြီးတစ်ခုမှပင်ဖြစ်နေနိုင်ပေသည်။

ဝမ်ရှန်း စဉ်းစားခန်းဝင်နေစဉ်မှာပင် စူးရှသော ပလွေသံတစ်ခုက မည်သည့်အရပ်မှန်းမသိဘဲ ပဲ့တင်ထွက်ပေါ်လာခဲ့သည်။ သခင်လေး၏ အကြည့်များက စူးရှသွားခဲ့ပြီး သူ၏လက်ကို ရှီချန်ကျန်းထံသို့ ဝေ့ယမ်းလိုက်သည်။

“ဆုတ်မယ်” သူက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

အမည်းရောင်အလင်းတန်း—အမည်းရောင်ငါးတစ်ကောင်— ရှီချန်ကျန်း၏ ရင်ဘတ်ကို ထိမှန်သွားပြီး ပေါက်ကွဲထွက်သွားခဲ့သည်။ ရိုက်ခတ်မှုကြောင့် ရှီချန်ကျန်းမှာ လွင့်စင်သွားခဲ့သည်။ သို့သော်လည်း သူ၏ သွေးမန္တန်ဗာဂျရာအဆောင်က သူ့ကို အသက်ဘေးမှ ကာကွယ်ပေးခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ထိုတိုက်ခိုက်မှုက သခင်လေး တိုက်ပွဲတွင်မပါဝင်ခဲ့ရသည့် အခြားသော အကြောင်းပြချက်တစ်ခုကို ဖော်ပြနေခဲ့သည်—သူ၏ ကျင့်ကြံခြင်းအဆင့်က အစကတည်းက သိပ်မမြင့်မားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူတိုက်ခိုက်သည်ဖြစ်စေ၊ မတိုက်ခိုက်သည်ဖြစ်စေ ကြီးမားသောကွာခြားချက်ရှိလာမည်မဟုတ်ပေ။

လူတစ်ယောက်၏ နောက်ခံကို သူတို့ ကိုင်ဆောင်ထားသည် ရတနာလက်နက်အပေါ်မူတည်၍ ဆုံးဖြတ်ပေးနိုင်သော်လည်း သူတို့၏ တာအိုလမ်းစဥ်ကိုတော့ အပြင်းထန်မတိုက်ခိုက်သရွေ့ ခန့်မှန်း၍မရပေ၊၊

All Chapters