← Chapters

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း ၂၄၇

Vol. 25 Ch. 247

အခန်း (၂၄၇) အလှလေးကို ကယ်တင်ဖို့ သွေးဆေးလုံး ဖော်စပ်ခြင်း

ချီရှောင် လုံးဝ ကြောက်လန့်တုန်လှုပ်သွားပေ၏။

သူ... အခုလေးတင် ဘာကို မြင်လိုက်တာလဲ…

လောကနိယာမ…

အဲ့ဒါက နေရာဟင်းလင်းပြင် လောကနိယာမပဲ။

ရှေ့တွင် ရှိနေသော လူငယ်သည် အနည်းဆုံးတော့ တစ်ပိုင်းသူတော်စင်အဆင့်... သို့မဟုတ် ထိုထက်ပင် ပိုမို အားကောင်းသော ကျွမ်းကျင်သူတစ်ဦး ဖြစ်နေခဲ့သည်။

အသက် နှစ်ဆယ့်ငါးနှစ်အရွယ်မှာတင် တစ်ပိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီတဲ့လား…

ထိုအတွေး ပေါ်လာသည်နှင့် သူ၏ စိတ်နှလုံးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

‘ချီရှောင်က တစ်ပိုင်းသူတော်စင်တစ်ယောက်သာ ဖြစ်နေခြင်းကို မဆိုထားနဲ့... မိစ္ဆာတစ်သောင်းနတ်ဘုရားနယ်မြေက သူတော်စင်တစ်ပါး ကိုယ်တိုင် ရောက်လာရင်တောင် ဒီလူကို ရန်စရဲမှာ မဟုတ်ဘူး...’

‘ဒီလောက် စွမ်းအားကြီးတဲ့ ပါရမီရှင် တစ်ယောက်ရဲ့ နောက်ကွယ်မှာ စွမ်းအားကြီးတဲ့အင်အားတစ်ခု ဒါမှမဟုတ် နတ်ဘုရားနယ်မြေတောင် ဖြစ်နေနိုင်တယ်။’

နန်ကုန်းယွီ က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းအနည်းငယ် ခါယမ်းကာ လှောင်ပြောင်လိုက်၏။

"မြွေတစ်ကောင် သက်သက်ပဲလေ... သတ်လိုက်ရင်ရော ဘာမှားသွားမှာမို့လို့လဲ"

"မ... မသတ်ပါနဲ့!... ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ!... ကျွန်တော် အသုံးဝင်ပါသေးတယ်!"

"ကျွန်တော်က ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ရှင်ပါ!... အနာဂတ်မှာ တာအိုအရှင်မြတ်အဆင့်ကိုတောင် ရောက်နိုင်တဲ့ အလားအလာ ရှိပါတယ်!"

"ခင်ဗျားအတွက် ခွေးတစ်ကောင်လို နေပါ့မယ်!... ခင်ဗျားရဲ့ နောက်လိုက် ဖြစ်ဖို့ ကျွန်တော် ထိုက်တန်ပါတယ်!"

ချီရှောင် က အသက်ချမ်းသာပေးရန် အမြန် တောင်းပန်လိုက်၏။

သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ခန္ဓာကိုယ် တောင့်တင်းနေကာ တုန်ရီခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။

နန်ကုန်းယွီ ၏ နှုတ်ခမ်းများက လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပေသည်။

"ကောင်းကင် ဝိညာဉ်အမြစ် လေးတစ်ခုနဲ့များ... ငါ့ရဲ့ နောက်လိုက်ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ဘာလို့ ထင်နေရတာလဲ... မင်း အများကြီး တွေးလွန်းနေတာ မဟုတ်ဘူးလား"

"ပြီးတော့... ငါက နောက်လိုက်တွေ မလိုအပ်ဘူး"

ချဉ်းကပ်လာသော သတ်ဖြတ်လိုစိတ် ကို ခံစားလိုက်ရသဖြင့် ချီရှောင် ၏ အမူအရာ ပြောင်းလဲသွား၏။

သူက အမြန် အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး!... ကျွန်တော့်ကို ချမ်ားသာပေးပါ!... ခင်ဗျားရဲ့ နတ်ဆိုးအစေခံ ဖြစ်ပေးပါ့မယ်!... သခင်နဲ့အစေခံ စာချုပ် ချုပ်ဖို့လည်း ဆန္ဒရှိပါတယ်!"

နန်ကုန်းယွီ ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားပြီး ချီရှောင် ကို မျှော်လင့်ချက်ပေးသည့် အပြုံးတစ်ခု ထွက်ပေါ်လာပေ၏။

"သခင်... တကယ်လို့ ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် ခင်ဗျားရဲ့ နတ်ဆိုးအစေခံ ဖြစ်လာနိုင်ပါတယ်"

သို့သော် နန်ကုန်းယွီ က ခေါင်းခါယမ်းလိုက်သည်။

"ဒီဝိညာဉ် က အသုံးမဝင်ဘူး... ဆံုးသတ်လိုက်တာပဲ ကောင်းမယ်"

ထိုစကားကို ကြားချိန်၌ ချီရှောင် ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်၏။

"မလုပ်ပါနဲ့!"

သူ၏ အသံက ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ ခန္ဓာကိုယ်ကို နန်ကုန်းယွီ က မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ ချက်ချင်းပင် ရှစ်ကျန်းခန့် အရွယ်အစားရှိသော ဧရာမ မြွေနီကြီးအဖြစ် ပြောင်းလဲသွားပေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မူလက အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသော မျက်လုံးနီဝံပုလွေသည် သေစေနိုင်သော အန္တရာယ်ကို ခံစားလိုက်ရသကဲ့သို့ ချက်ချင်း လှည့်ထွက်ပြေးသွားခဲ့သည်။

နန်ကုန်းယွီက ထွက်ပြေးသွားသော မျက်လုံးနီဝံပုလွေ၏ နောက်ကျောကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်၏။

"မင်း သူ့ကို ကယ်ချင်တယ်ဆိုရင်တောင် နတ်ဆိုးသွေးအနှစ်သာရ လိုနေသေးတာပဲလေ... ထွက်ပြေးဖို့ မကြိုးစားနဲ့တော့။ အရမ်း ပင်ပန်းလွန်းတယ်..."

သူ စကားဆုံးသည်နှင့် နေရာဟင်းလင်းပြင်မှာ အနည်းငယ် လှိုင်းထသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးနီဝံပုလွေကြီးသည် ချီရှောင်၏ ဘေးတွင် ရုတ်တရက် ပြန်လည် ပေါ်ထွက်လာပေ၏။

သူ၏ အမူအရာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး ဤဒုက္ခပေးမည့် နေရာမှ ဆက်လက် ထွက်ပြေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်လုံးများ မှောင်မိုက်သွားကာ ချီရှောင် ၏ ဘေးတွင် လဲကျသွားတော့သည်။

နန်ကုန်းယွီ က သူ၏ ရင်ခွင်ထဲမှ မိန်းမငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏။

"ငါ မင်းကို ကယ်ဖို့ ရည်ရွယ်ထားတယ်... ဒါပေမဲ့ မင်း တောင့်ခံထားရမယ်နော်... နားလည်လား"

ထိုသို့ ပြောပြီးနောက် နန်ကုန်းယွီ က သူမကို မြေပြင်ပေါ်တွင် ညင်သာစွာ ချထားလိုက်ပြီး ချီရှောင် ၏ သိုလှောင်လက်စွပ် ကို ယူကာ ဆေးဖက်ဝင်အပင် အများအပြားကို ထုတ်ယူလိုက်ပေသည်။

ထို့နောက် သူက လက်ကို အနည်းငယ် မြှောက်လိုက်ရာ ဝံပုလွေသားရေ တစ်ချပ်နှင့် မြွေသားရေ တစ်ချပ်တို့က ဘေးသို့ ကျသွား၏။

ထို့နောက် ချီရှောင် နှင့် မျက်လုံးနီ ဝံပုလွေနတ်ဆိုး တို့၏ အသားနှင့် သွေးများက သူတို့၏ အရိုးများမှ ကွာကျလာပြီး လေထဲတွင် လွင့်မျောနေပေသည်။

နန်ကုန်းယွီ က လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ မြေပြင်မှ ထုတ်ယူထားသော ဆေးဖက်ဝင်အပင် များက အပေါ်သို့ လွင့်တက်လာ၏။

ထို့နောက် ချက်ချင်းပင် ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက် ထွက်ပေါ်လာပြီး ဤအရာများကို လျင်မြန်စွာ စတင် သန့်စင်လေတော့သည်။

ခဏအကြာတွင် အသား၊ သွေး နှင့် ဆေးဖက်ဝင်အပင် များမှ အညစ်အကြေး အားလုံး ဖယ်ရှားခံလိုက်ရပြီး အနှစ်သာရများသာ နန်ကုန်းယွီ တွင် ကျန်ရှိတော့၏။

နန်ကုန်းယွီ က တာအို အမှတ်အသား ပညာရပ်၏ အကူအညီဖြင့် အမြန် ပေါင်းစပ်မှုကို ရရှိခဲ့ပေသည်။

မကြာမီ ပြင်းပြသော သွေးရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ဆေးလုံး ဆယ့်နှစ်လုံးက နန်ကုန်းယွီ ၏ လက်ထဲတွင် ထွက်ပေါ်လာ၏။

"ဘုရင်အဆင့် သွေးဆေးလုံး ဆယ့်နှစ်လုံးဆိုရင် လုံလောက်လောက်ပါပြီ"

သူက ရွှမ်ယွမ်ကျင်းဟုန် ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"မင်း ငါနဲ့ တွေ့တာ ကံကောင်းသွားတာပဲ"

ထိုသို့ ပြောပြီးနောက် သူက ရွှမ်ယွမ်ကျင်းဟုန် ကို ပွေ့ချီလိုက်ပြီး သူမ၏ နှုတ်ခမ်းများကို ဟကာ သွေးဆေးလုံး တစ်လုံးကို သူမ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးဆေးလုံး က မရေမတွက်နိုင်သော သွေးစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ရွှမ်ယွမ်ကျင်းဟုန် ၏ ခန္ဓာကိုယ်က မိုးခေါင်ပြီးနောက် အချိန်ကိုက် ရွာသွန်းသော မိုးရေကို ရရှိလိုက်သည့်အလား သွေးနှင့် အနှစ်သာရများကို အရူးအမူး မျိုချလိုက်ပြီး သူမ၏ ဖြူရော်နေသော အသားအရေက တဖြည်းဖြည်း အရောင်ပြန်ဝင်လာပေ၏။

ဤသွေးကြောင့် ရွှမ်ယွမ်ကျင်းဟုန် သည် အသက်ဓာတ် အရိပ်အယောင်တစ်ခုကို ပြန်လည်ရရှိလာပြီး သေမင်းစွမ်းအင် အနည်းငယ် ပျောက်ကွယ်သွားခဲ့သည်။

ဤအရာကို မြင်ချိန်၌ နန်ကုန်းယွီ က မျက်တောင်ခတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို ဆက်လက်ဟကာ သွေးဆေးလုံး တစ်လုံးကို ထပ်ကျွေးလိုက်ပေ၏။

မကြာမီပင်။

သွေးဆေးလုံး ခြောက်လုံးကို စားသုံးပြီးနောက် ရွှမ်ယွမ်ကျင်းဟုန် ၏ ခန္ဓာကိုယ်ပေါ်ရှိ သေမင်းစွမ်းအင် က နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှ အသက်ဓာတ် ပိုမို ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် သူမ၏ အသားအရေက ဖြူရော်နေဆဲ ဖြစ်သော်လည်း သူမ၏ သက်စောင့်အနှစ်သာရများ ကုန်ခမ်းမနေတော့ဘဲ အသက်ရှင်ရန် အခွင့်အရေး ရှိလာပြီဖြစ်ကြောင်း မျက်စိရှိသူတိုင်း ရှင်းလင်းစွာ သိမြင်နိုင်ပေ၏။

နောက်ပိုင်းကျရင် အနှစ်သာရနဲ့ သွေးကို ပြန်လည် ဖြည့်တင်းပေးမယ့် ဆေးတွေ ထပ်သောက်လိုကသည်နှင့် အထွတ်အထိပ်အဆင့် ကို မြန်မြန် ပြန်ရောက်သွားနိုင်ပြီ ဖြစ်သည်။

သူမ အတော်လေး ပြန်ကောင်းလာသည်ကို မြင်ချိန်၌ နန်ကုန်းယွီ က သူမ၏ နှုတ်ခမ်းများကို ဆက်လက်ဟကာ သွေးဆေးလုံး တစ်လုံးကို ထပ်ကျွေးလိုက်ပေသည်။

သို့သော် ကိုးလုံးမြောက် သွေးဆေးလုံး ကို ကျွေးပြီးနောက် ရွှမ်ယွမ်ကျင်းဟုန် သည် သူမ၏ အနှစ်သာရနှင့် သွေး အများစုကို ပြန်လည်ရရှိသွားပြီး သူမ၏ ခန္ဓာကိုယ်ကလည်း သွေးရောင် ပြန်လည်လွှမ်းလာသော်လည်း သူမ နိုးမလာသေးချေ။

နန်ကုန်းယွီက မျက်ခုံးများကို အနည်းငယ် တွန့်ကွေးလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။

"အခြေအနေက ဒီလို မဖြစ်သင့်ဘူး... ခန္ဓာကိုယ်ဒဏ်ရာတွေက ပြန်ကောင်းလုနီးပါး ဖြစ်နေပြီ။ ဝိညာဉ်ကသာ အနည်းငယ် အားနည်းနေသေးတာ... အခုဆို နိုးထလာသင့်နေပြီ မဟုတ်လား..."

သူက အဝေးသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

"အင်း... ငါတို့ ထွက်လာတာ ကြာပြီဆိုတော့ အခု ပြန်ဖို့ အချိန်တန်ပြီ... ဒါပေမဲ့ ဒီအမျိုးသမီးက ဘာလို့ မနိုးသေးတာလဲ"

နန်ကုန်းယွီ က တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏ ရင်ခွင်ထဲရှိ ရွှမ်ယွမ်ကျင်းဟုန် ကို တစ်ချက်ကြည့်လိုက်၏။

"ကောင်းပြီလေ... မင်းကို နောက်ဆုံးတစ်ခါ ကူညီလိုက်မယ်"

ထိုသို့ ပြောပြီးနောက် သူက သူမကို မြေပြင်ပေါ် ချထားလိုက်ပြီး ကျန်ရှိသော သွေးဆေးလုံး သုံးလုံးကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်ပေသည်။

ထို့နောက် သူက တစ်ဖက်လူကို ကာကွယ်ရန် အတားအဆီး တစ်ခုကို ပေါ့ပေါ့ပါးပါး ဖန်တီးလိုက်ပြီး မြေပြင်ပေါ်ရှိ သားရေနှစ်ချပ်ကို ကောက်ယူကာ ထွက်ခွာရန် လှည့်လိုက်၏။

လူကို ကယ်တင်ပြီးပြီ။

သူ၏ အနားယူမှုကို အနှောင့်အယှက်ပေးနိုင်မည့် ခြိမ်းခြောက်မှုများကိုလည်း ဖယ်ရှားပြီးပြီ။

ဒါဆို သူ ဘာလို့ ဆက်နေရဦးမှာလဲ။

တစ်ယောက်ယောက်ရဲ့ ကံဆိုးမှုကို အခွင့်ကောင်းယူချင်လို့လား…

ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ ကြင်နာမှုကို အလွဲသုံးစားလုပ်ဖို့ ကြိုးစားချင်လို့လား…

နန်ကုန်းယွီက အဲ့ဒီလို လူမျိုးလား...

‘အလှလေး တစ်ယောက်ကို ကူညီတာက လုံးဝ လက်ခံနိုင်စရာပါပဲ။’

‘ပြီးတော့ အလှလေး တစ်ယောက်က သူ့ကိုယ်သူ ပေးအပ်တာကလည်း မမှားပါဘူး။’

‘ဒါပေမဲ့ တစ်ယောက်ယောက်ရဲ့ ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ ကြင်နာမှုကို ကိုယ်ကျိုးအတွက် အသုံးချတာကတော့ လက်ခံနိုင်စရာ မရှိပါဘူး။’

‘မေ့လိုက်ကြရအောင်။’

နန်ကုန်းယွီ က လှည့်လိုက်ရာ သူ၏ ပုံရိပ်က အနည်းငယ် လှုပ်ရှားသွားပြီး နေရာမှ ပျောက်ကွယ်သွားတော့၏။

သူ ထွက်သွားသည့် အခိုက်အတန့်လေးမှာပင် ရွှမ်ယွမ်ကျင်းဟုန် သည် သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသော ဝတ်ရုံဖြူဝတ် ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်လိုက်ရပေသည်။

"သူပဲလား"

ရွှမ်ယွမ်ကျင်းဟုန် ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမ စကားပြောချင်သော်လည်း မပြောနိုင်သည်ကို တွေ့လိုက်ရကာ သူမ၏ ခန္ဓာကိုယ်ကလည်း အလွန် တောင့်တင်းနေပေ၏။

သူမသည် အချိန်အတော်ကြာမှသာ ခက်ခက်ခဲခဲ ထရပ်နိုင်ခဲ့သော်လည်း မျက်နှာပေါ်ရှိ အံ့အားသင့်မှုနှင့် သံသယအရိပ်အယောင်များကိုတော့ လုံးဝ မဖုံးကွယ်နိုင်ခဲ့ချေ။

"ငါ့ရဲ့ အသက်စွမ်းအင်တွေ အားလုံး ကုန်ခမ်းသွားပြီ မဟုတ်ဘူးလား... ဆီကုန်နေတဲ့ မီးအိမ်တစ်ခုလို ဖြစ်နေပြီလေ... ငါ ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ"

သူမက ပါးပြင်ကို ထိရန် လက်ကို မြှောက်လိုက်သော်လည်း သူမ၏ လက်ထဲတွင် တစ်စုံတစ်ခုကို ကိုင်ထားသကဲ့သို့ ခံစားလိုက်ရ၏။

သူမ၏ လက်ကို ဖွင့်ကြည့်လိုက်ချိန်တွင် သွေးနီရောင် ဆေးလုံး သုံးလုံးက သူမ၏ လက်ထဲတွင် တိတ်ဆိတ်စွာ ရှိနေသည်ကို တွေ့လိုက်ရပေသည်။

" အဆင့်မြင့် ဘုရင်ဆင့် ဆေးလုံး လား"

ရွှမ်ယွမ်ကျင်းဟုန် အံ့အားသင့်ပြီး သံသယဖြစ်သွား၏။

သူမအတွက် အဆင့်မြင့် ဘုရင်ဆင့် ဆေးလုံး သည် အလွန်ကောင်းမွန်သော ဆေးလုံး တစ်ခု ဖြစ်ပေသည်။

အဆင့်မြင့် ဘုရင်ဆင့် ဆေးလုံး ကို မဆိုထားနှင့်၊ သာမန် ဧကရာဇ် ဆေးလုံး တွေတောင် သူမဆီမှာ အများကြီး မရှိချေ။

"နေပါဦး"

"ဒီ သွေးတွေက... ဖြစ်နိုင်တာက"

တစ်ခုခုကို တွေးမိပြီးနောက် ရွှမ်ယွမ်ကျင်းဟုန် တစ်ခဏမျှ တုံ့ဆိုင်းနေကာ လက်ကို မြှောက်၍ သွေးဆေးလုံး တစ်လုံးကို မျိုချလိုက်ပေ၏။

သွေးဆေးလုံး ပါးစပ်ထဲ ဝင်သွားသည်နှင့် မရေမတွက်နိုင်သော သွေးစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားကာ သူမ၏ အနှစ်သာရ၊ သွေး နှင့် ဝိညာဉ်စွမ်းအင် အနည်းငယ်ကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးလိုက်သည်။

"တကယ်ကို အံ့သြဖို့ကောင်းတဲ့ ဘုရင်ဆင့် ဆေးလုံး ပဲ"

"ဒါပေမဲ့ ဒီ ဆေးလုံး က အစွမ်းထက်တယ် ဆိုပေမဲ့ ငါ့ရဲ့ အနှစ်သာရနဲ့ သွေးကို အများကြီး ပြန်မဖြည့်ပေးနိုင်ဘူး... အခု ငါ့ရဲ့ ခန္ဓာကိုယ် အခြေအနေအရဆိုရင်"

ဆယ်လုံး။

"ငါ ဒီ ဆေးလုံး အနည်းဆုံး ဆယ်လုံးလောက် သောက်ခဲ့ပြီးပြီ ထင်တယ်... အဲ့ဒီ လူငယ်လေးက အရမ်း ရက်ရောတာပဲ... ဒါပေမဲ့ လုံးဝ မသိတဲ့ သူစိမ်းတစ်ယောက်ကို ကယ်ဖို့အတွက် ဒီလောက်လုပ်တာ တန်ရဲ့လား"

ရွှမ်ယွမ်ကျင်းဟုန် သည် အရာများစွာကို ရုတ်တရက် တွေးမိသွားပြီး သူမ၏ ခံစားချက်များက အလွန် ရှုပ်ထွေးနေပေ၏။

သူမ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ နေရာကို ဝန်းရံထားသော ကာကွယ်ရေး အတားအဆီး ကို တွေ့လိုက်ရသည်။

သူမ မျက်တောင်ခတ်လိုက်ခြင်းကို မထိန်းချုပ်နိုင်ခဲ့ဘဲ သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လက်သွားပေ၏။

"ဒါက... ငါ့ကို ကာကွယ်ပေးနေတာလား"

သူမ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ရာ သူမ၏ စိတ်သည် တုန်လှုပ်သွားသော်လည်း ရုတ်တရက် သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အမူအရာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

All Chapters