အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) ပညာတတ်လူငယ်မလေး၏ အချောအလှ အကဆရာမ သူငယ်ချင်းလေး
"စုကျိုးက လာတာလား..."
အထက်တွင် ကောင်းကင်ဘုံရှိပြီး အောက်တွင် စုကျိုးနှင့် ဟန်ကျိုးရှိသည်ဟူသော ဆိုရိုးစကားတစ်ခု ရှိလေသည်။
လုအန်းနာ၏ အသံမှာ ပေါ့ပါးကြည်လင်ပြီး နူးညံ့ကာ သာယာနာပျော်ဖွယ် ကောင်းလှသည်။
ဤအသံနေအသံထားမှာ ကျန်းနန်ရေမြို့တော်များမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး မြောက်ပိုင်း၏ ကြမ်းတမ်းမှုနှင့် လုံးဝကို ကွဲပြားခြားနားနေသည်။
"အဖွဲ့ခေါင်းဆောင်လီ ခန့်မှန်းတာ တော်တော်နီးစပ်တယ်... ကျွန်မက စုကျိုးနဲ့ အရမ်းနီးတဲ့ ရှန်ဟိုင်းကပါ..."
"အော်..."
လီလန်က ခေါင်းညိတ်လိုက်၏။ လုအန်းနာသည် ရှန်ဟိုင်းမှ ပညာတတ်လူငယ်လေးဖြစ်နေသည်ကို သူ အံ့သြသွားမိသည်။
အရှေ့တိုင်း၏ မြို့တော်ကြီးဖြစ်သော ရှန်ဟိုင်းသည် အရှေ့နှင့် အနောက် ယဉ်ကျေးမှုများဆုံတွေ့ရာ တက်ကြွပြီး စည်ကားလှသော မြို့ကြီးတစ်မြို့ ဖြစ်ပေသည်။
ရှန်ဟိုင်းမှ ကျောက်ဘိုင်တောင်တန်းအထိ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသော ခရီးကို ပညာတတ်လူငယ်မလေးတစ်ဦးက ရွှမ်းရွှေရွာသို့ ခရီးဝေးနှင်လာခဲ့ခြင်း ဖြစ်သည်။ ဤရဲစွမ်းသတ္တိနှင့် ရဲရင့်မှုက လီလန်ကို လုအန်းနာအပေါ် များစွာ အထင်ကြီးသွားစေသည်။
"အဖွဲ့ခေါင်းဆောင်လီ အစ်မကအန်းနာက အရမ်းတော်တာ... ရှန်ဟိုင်းကနေ ကျောက်ဘိုင်တောင်တန်းအထိ ရထားစီးပြီး ကျေးလက်ကို အလုပ်လာလုပ်ရဲတာ... ကျွန်မတို့ ပညာတတ်လူငယ်ရုံးက ညွှန်ကြားရေးမှူးတောင် သူ့ကို လေးစားရတယ်..."
တုံယွီရှုသည် ဘေးမှနေ၍ အားကျဟန်ဖြင့် ဝင်ပြောလိုက်သည်။
"တကယ့်ကို အထင်ကြီးစရာပဲ..."
လီလန်က ခေါင်းညိတ်လိုက်သည်။
"ယွီရှု အဖွဲ့ခေါင်းဆောင်လီရှေ့မှာ ငါ့ကို မြှောက်မနေနဲ့တော့... လူတွေ ရယ်ကြလိမ့်မယ်..."
"မဟုတ်တာ အစ်မအန်းနာရယ် နင်က ငါ့ထက် အများကြီး ပိုတော်တာ... ငါက တရုတ်စာ သင်ဖို့ပဲသိတာ... နင်ကတော့ အကုန်လုပ်တတ်တယ်... တရုတ်စာ သင်္ချာ ဂီတ အကုန်ရတဲ့အပြင် ပန်းချီလည်း ဆွဲတတ်သေးတယ် ကလည်း ကတတ်သေးတယ်..."
တုံယွီရှုသည် ပါးစပ်ဟလိုက်သည်နှင့် ချီးကျူးစကားများကို မရပ်တန့်နိုင်တော့ဘဲ လုအန်းနာ၏ ပရိသတ်လေးတစ်ယောက် ဖြစ်နေလေပြီ။
"ရဲဘော်လုအန်းနာ မင်းက ကတတ်တယ်ပေါ့..."
လီလန်က အနည်းငယ် အံ့သြသွားသည်။
"အဖွဲ့ခေါင်းဆောင်လီ ကျွန်မကို အန်းနာလို့ပဲ ခေါ်ပါ..."
လုအန်းနာက ပြုံးလိုက်သည်။
ထို့နောက် သူမသည် ကျယ်ဝန်းသော ဧည့်ခန်းမဆောင်အတွင်း၌ တစကွက်ကပြလိုက်သည်။
"ဝိုး အန်းနာက အရမ်းတော်တာပဲ..."
တုံယွီရှုပ စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။
"ကျွန်မ အထက်တန်းကျောင်းတုန်းက အကသင်တန်း တက်ခဲ့ပြီး အကကို ခုနစ်နှစ် ရှစ်နှစ်လောက် သင်ခဲ့ဖူးလို့ အခြေခံလေးတွေတော့ ရှိပါတယ်..."
လုအန်းနာက ရှက်ရယ်ရယ်ကာ ပြောလိုက်သည်။
လုအန်းနာ၏ သွယ်လျသော ခါးနှင့် ရှည်လျားသော ခြေတံများကို ကြည့်ရင်း သူမသည် မြို့ကြီးပြကြီးမှ လာသူဖြစ်ကြောင်း တွေးမိသောအခါ လီလန်သညါ။
ပိုင်ဖုမိန်ဟူသည့် သူ၏ အတိတ်ဘဝမှ စကားလုံးတစ်လုံးကို အလိုအလျောက် တွေးမိသွားတော့သည်။
ဖြူစင်ဝင်းပပြီး ချမ်းသာပြီး လှပသည်။ ဤစကားလုံးကို လုအန်းနာအား ဖော်ပြရန် သုံးခြင်းမှာ အလွန်ပင် သင့်လျော်လှပေသည်။
"မင်း အနုပညာပြဇာတ်အဖွဲ့ကို သွားသင့်တယ်... မင်းရဲ့ အရည်အချင်းတွေက ငါတို့ ရွှမ်းရွှေရွာမှာ နှမြောစရာ ဖြစ်နေလိမ့်မယ်..."
လီလန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"အင်း ပြောရရင်တော့ ဇာတ်လမ်းက ရှည်ပါတယ်..."
လုအန်းနာက သက်ပြင်းချလိုက်သည်။
ထို့နောက် သူမက စကားလမ်းကြောင်းလွှဲလိုက်ပြီး
"အရာအားလုံးက အချိန်အခါနဲ့ ကံကြမ္မာပါပဲ..."
"အဲ့အကြောင်းတွေ မပြောကြရအောင်... အဖွဲ့ခေါင်းဆောင်လီ လီထျန်းနဲ့ လီရွှယ်တို့က အရမ်းထက်မြက်တယ်... သူတို့မှာ သင်ယူနိုင်စွမ်း အရည်အချင်း အစစ်အမှန် ရှိတယ်..."
"ယွီရှုက ဒီနေ့ သူတို့ကို အက္ခရာတွေ သင်ပေးတာ အကုန်မှတ်မိတဲ့အပြင် သူတို့နာမည်ကိုတောင် သူတို့ ကိုယ်တိုင် ရေးတတ်နေပြီ..."
"သူတို့နာမည်တွေကိုတောင် ရေးတတ်နေပြီလား... ဒီကောင်မလေး နှစ်ယောက်က တကယ့်ကို တော်တာပဲ..."
လီလန်သည် ကန်းပေါ်ရှိ စောင်အောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကောင်မလေးနှစ်ယောက်ကို ကြည့်ရင်း အပြုံးဖြင့် ပြောလိုက်သည်။
တုံယွီရှုက စကားဖြတ်ပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီ အစ်မအန်းနာက ရှင်ပေးလိုက်တဲ့ မိုးပျံနဂါးကြောင့် သူမ ကျန်းမာရေး တော်တော်လေး ကောင်းသွားလို့ ကျေးဇူးတင်စကားပြောဖို့ ဒီနေ့ည အထူးတလည် လာခဲ့တာပါ..."
လုအန်းနာသည် မြို့ကြီးပြကြီးမှ လာသူဖြစ်ပြီး ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရသူ ဖြစ်သည်။ ရွှမ်းရွှေရွာသို့ ရောက်ပြီးနောက်တွင် ဒေသစာများကို အသားမကျခဲ့ပေ။
ထို့အပြင် ရွာတွင် ငတ်မွတ်ခေါင်းပါးမှုဖြစ်ပွားနေပြီး ပညာတတ်လူငယ်ရုံးသည် ပြီးခဲ့သည့် နှစ်လအတွင်း မျိုချရခက်သော တောရိုင်းဟင်းရွက်များနှင့် ပြောင်းဖူးမှုန့်များကိုသာ နေ့စဉ် စားသောက်နေခဲ့ရသည်။ လုအန်းနာသည် သည်းမခံနိုင်တော့ဘဲ ရေမြေမတည့်သည့် ပြဿနာများကို ခံစားရကာ သူမ၏ ကျန်းမာရေးမှာ တစ်နေ့တခြား ယိုယွင်းလာခဲ့သည်။
ယမန်နေ့က လီလန်သည် တုံယွီရှုအား မိုးပျံနဂါးတစ်ကောင် ပေးခဲ့ရာ တုံယွီရှုက ၎င်းကို ပညာတတ်လူငယ်ရုံးသို့ ယူသွားပြီး ပူနွေးသော မိုးပျံနဂါးစွပ်ပြုတ်တစ်အိုး ချက်ခဲ့သည်။
ပညာတတ်လူငယ်ရုံး၏ ညွှန်ကြားရေးမှူးက သဘောကောင်းလှသဖြင့် သူ သိမ်းဆည်းထားသော ဆေးဖက်ဝင် အပင်ဟောင်းများကို ထုတ်ယူကာ မိုးပျံနဂါးနှင့်အတူ ရော၍ ချက်ပြုတ်ပေးခဲ့သည်။
ဤမိုးပျံနဂါးစွပ်ပြုတ်သည် အလွန်အာဟာရပြည့်ဝသည်။ ပန်းကန်အနည်းငယ်သာ သောက်ပြီးနောက် လုအန်းနာသည် ခံတွင်းတွေ့သွားပြီး ကြက်သားတစ်ဝက်ကို စားပစ်ခဲ့သည်။ ဤသို့ အားဖြည့်ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ များစွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
ထို့ကြောင့် ယနေ့တွင် တုံယွီရှုသည် လီလန်အား ကျေးဇူးတင်စကားပြောရန် သူမကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
လီလန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဘာမျှမပြောပေ။
ငတ်မွတ်ခေါင်းပါးချိန်အတွင်း ရွာရှိ မုဆိုးများပင် အသက်မရှင်နိုင်ကြပေ။ သူတို့သည် တောရိုင်းဟင်းရွက်များကို စားကာ သစ်ခေါက်များကို ကိုက်ဝါးခဲ့ကြသော်လည်း ကိုယ်အလေးချိန် ပေါင်ဆယ်ဂဏန်းခန့် ကျဆင်းသွားကာ အရိုးနှင့် အရေမှလွဲ၍ အသားမကျန်တော့သည်အထိ ဖြစ်ခဲ့ရသည်။
ရှန်ဟိုင်းမှ ပညာတတ်လူငယ်မလေး လုအန်းနာသည် ရွှမ်းရွှေရွာသို့ ရောက်ပြီးနောက် အစားအသောက်များ သိသိသာသာ ဆိုးရွားသွားသည်ကို တွေ့လိုက်ရသည်။ သူမသည် ဒေသခံများ၏ အစားအသောက် အလေ့အထများနှင့်လည်း စိမ်းသက်နေပြီး ရေမြေမတည့်မှုဒဏ်ကို ခံစားခဲ့ရသည်။ တောရိုင်းဟင်းရွက်များနှင့် သစ်ခေါက်များကိုသာ စားနေရပါက ရွာသားများမသေမီ သူမအရင် ငတ်သေသွားမည်သာ ဖြစ်သည်။
လီလန်က သူမအား မိုးပျံနဂါးတစ်ကောင် ပေးလိုက်ခြင်းမှာ သူမ၏ အသက်ကို ကယ်တင်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤသည်မှာ ကြီးမားသော ကျေးဇူးဖြစ်သဖြင့် သူမက ကျေးဇူးတင်စကား လာရောက်ပြောကြားခြင်းမှာ သဘာဝပင် ဖြစ်၏။
"အားနာစရာ မလိုပါဘူး... ခင်ဗျားလည်း ကျွန်တော့်ကို နာရီတစ်လုံး ပေးခဲ့တာပဲလေ... ဒါကြောင့် ပစ္စည်းချင်း ဖလှယ်လိုက်တယ်လို့ သဘောထားလိုက်ပါ... ကျေးဇူးတင်ဖို့ မလိုပါဘူး..."
လီလန်က ချက်ချင်းပင် ခေါင်းခါလိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီ ယွီရှုရဲ့ နာရီက ပျက်နေတာလေ... ရှင့်ရဲ့ မိုးပျံနဂါးနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ..."
"အန်နာအစ်မ ပြောတာမှန်တယ်... ရွာထဲမှာ စားစရာမှ မကျန်တော့တာ... ရှင့်ရဲ့ မိုးပျံနဂါးက အရမ်းတန်ဖိုးရှိတယ်... အသက်တောင် ကယ်နိုင်တယ်..."
သူတို့၏ စကားဝိုင်းကို နားထောင်ရင်း လီလန်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ဤပညာတတ်လူငယ်မလေး နှစ်ဦးသည် တကယ့်ကို ယဉ်ကျေးပြီး ပညာတတ်များ ဖြစ်ကြသည်။ သူတို့၏ ယဉ်ကျေးသိမ်မွေ့မှုမှာ ထူးခြားလှပေသည်။
ကျေးဇူးသိတတ်မှု တစ်ခုတည်းနှင့်ပင် သူမသည် ကျေးဇူးကန်းသော ထိုလီရှန်းဟွာထက် များစွာသာလွန်နေပေသည်။
ထို့အပြင် ဒုတိယညီမနှင့် အငယ်ဆုံးညီမတို့သည် တုံယွီရှုထံတွင် ပညာသင်ကြားနေကြပြီး တုံယွီရှု ယခုလေးတင် ပြောသွားသည့် စကားများအရ သူမသည် သူတို့ကို အလေးအနက်ထား၍ တာဝန်ကျေပွန်စွာ သင်ကြားပေးနေကြောင်း သိသာသည်။
ပညာတတ်လူငယ်မလေးနှစ်ဦးအပေါ် လီလန်၏ သဘောကျနှစ်သက်မှုမှာ ချက်ချင်းပင် သိသိသာသာ တိုးလာတော့သည်။
သို့သော် တစ်ချိန်တည်းမှာပင် လုအန်းနာ ယနေ့ည လာရသည့် အကြောင်းရင်းကိုလည်း သူ ခန့်မှန်းမိလိုက်သည်။
ကျေးဇူးတင်စကား ပြောခြင်းအတွက် အကြောင်းပြချက်တစ်ခုရှိပြီး အခြားအကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။
"ဆရာမလု ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်... ကျွန်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ်..."
ဤစကားကို ကြားသောအခါ လုအန်းနာက တုံယွီရှုအား အံ့သြစွာဖြင့်
လှမ်းကြည့်လိုက်သည်။
"ယွီရှုက ရှင် အရမ်းထက်မြက်ပြီး စိတ်ဖတ်နိုင်တယ်လို့ ပြောခဲ့တယ်... အစကတော့ ကျွန်မ မယုံခဲ့ဘူး... ဒါပေမဲ့ အခုတော့ ယုံသွားပြီ..."
"အဖွဲ့ခေါင်းဆောင်လီ ဒါဆို ကျွန်မလည်း အားမနာတော့ဘူး..."
"ကျွန်မဆီမှာ ပိုက်ဆံနည်းနည်း ရှိသေးလို့ ရှင့်ဆီကနေ မိုးပျံနဂါး နည်းနည်းလောက် ထပ်ဝယ်ချင်ပါတယ်... ကျွန်မ အခု အားနည်းနေလို့ ခွန်အားနဲ့ သွေးတွေ ပြန်ဖြည့်ဖို့ မိုးပျံနဂါးတွေ ပိုစားဖို့ လိုနေလို့ပါ..."
လုအန်းနာသည် သူမ၏ နူးညံ့သောအမွှေးပါသည့် ကုတ်အင်္ကျီအိတ်ကပ်ထဲမှ ငွေတစ်ထပ်ကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။
လီလန်သည် ထိုငွေကို တစ်ချက်ကြည့်လိုက်သည်။ သိပ်မများဘဲ ဆယ်ယွမ်ကျော်ကျော်မျှသာရှိသည်။
ဆယ်ယွမ်ဝန်းကျင်ဖြင့် မိုးပျံနဂါး အနည်းငယ်သာ ရနိုင်ပေမည်။
"အဖွဲ့ခေါင်းဆောင်လီ ရှင်က ကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက်ဖြစ်ပြီး မိုးပျံနဂါးဖမ်းဖို့ နည်းလမ်းရှိတယ်ဆိုတာ ကျွန်မ သိပါတယ်..."
"ဒီငွေက သိပ်မများပါဘူး... ဘယ်လောက်တောင် ဝယ်လို့ရမလဲဆိုတာလည်း ကျွန်မ မသိပါဘူး... ဒါပေမဲ့ စိတ်မပူပါနဲ့ ကျွန်မက ပညာတတ်ပါ... ရှင့်ညီမကို စာဖတ်ဖို့ သင်္ချာတွက်ဖို့ အင်္ဂလိပ်စာ ပန်းချီ၊ ဂီတ၊ အက စတာတွေ သင်ပေးနိုင်ပါတယ်... ကျွန်မ အဲဒါတွေ အကုန်လုပ်နိုင်ပါတယ်..."
"လီထျန်းနဲ့ လီရွှယ်တို့ကို ကျွန်မဆီ အပ်ထားဖို့ စိတ်မပူပါနဲ့... သူတို့ကို ကျွန်မ အစွမ်းကုန် ကြိုးစားပြီး သင်ပေးပါ့မယ်..."
တုံယွီရှုမှာ တရုတ်စာပြဆရာမတစ်ဦးသာဖြစ်ပြီး သင်္ချာ သို့မဟုတ် အနုပညာတို့ကို မသင်ပြတတ်ပေ။
လုအန်းနာ၏ ကွမ်းသီးခွဲပြမှုကို မြင်ပြီးနောက် လီလန်တွင် အကြံတစ်ခု ရလာခဲ့သည်။ သူမအား ဒုတိယညီမနှင့် တတိယညီမတို့ကို အနုပညာရပ်များပါ သင်ကြားပေးစေလိုခြင်း ဖြစ်သည်။
မိန်းကလေးများအတွက် ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်မှာလည်း အလွန်အရေးကြီးသည်။ ငယ်ရွယ်စဉ်ကတည်းက စတင်ဂရုစိုက်ပါက ကြီးပြင်းလာသောအခါ ပို၍ လှပကာ ကျက်သရေရှိလာမည် ဖြစ်သည်။
ထို့အပြင် ကျွမ်းကျင်မှုများ ပိုမိုရှိထားခြင်းက အမြဲတမ်း ကောင်းမွန်ပေသည်။ ပိုမိုသင်ယူခြင်းက အမြဲတမ်း အကျိုးရှိစေသည်။
ယခု လုအန်းနာက ကိုယ်တိုင် ထုတ်ပြောလာပြီဖြစ်ရာ လီလန်၏ အကြံအစည်များနှင့်ပင် ကွက်တိကျသွားတော့သည်။
"ဆရာမလု ဒါဆိုရင် ကျွန်တော့်ရဲ့ ဒုတိယညီမနဲ့ တတိယညီမတို့ကို ခင်ဗျားနဲ့ ဆရာမတုံဆီကိုပဲ အပ်လိုက်ပါတော့မယ်..."
လီလန်က သဘောတူညီကြောင်း ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အဖွဲ့ခေါင်းဆောင်လီ..."
လုအန်းနာ၏ မျက်နှာမှာ ဝမ်းသာအားရဖြစ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
လီလန်၏ နာမည်မှာ မကြာသေးမီက ရွှမ်းရွှေရွာတွင် လူပြောအများဆုံး ဖြစ်လာခဲ့သည်။ သူ၏ ထူးချွန်လှသော သေနတ်ပစ်စွမ်းရည်ဖြင့် တပ်ဖွဲ့ခေါင်းဆောင်ရှန်းနှင့် ခေါင်းဆောင်ကျိုးတို့ကို အထင်ကြီးစေခဲ့ရုံသာမက ကျင်း (၆၀၀) ကျော် အလေးချိန်ရှိသော တောဝက်တစ်ကောင်ကိုပါ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်။
ဤအမဲလိုက်စွမ်းရည်ဖြင့်ဆိုလျှင် အစားအသောက်အတွက် ထပ်မံပူပန်နေရန် လိုတော့မည်မဟုတ်ပေ။
ယခုအခါ လီလန်က သူမနှင့် အရောင်းအဝယ်လုပ်ရန် သဘောတူလိုက်ပြီဖြစ်ရာ အနာဂတ်အတွက် အာမခံချက်တစ်ခု၊ အသက်ရှင်သန်ရန်လမ်းစတစ်ခု ရရှိသွားပြီ ဖြစ်သည်။
ဤဆောင်းရာသီမှာ အလွန်ခက်ခဲကြမ်းတမ်းလှသည်။ ပညာတတ်လူငယ်ရုံးသည် ဂျုံမှုန့်တစ်ဝက်ခန့်ပင် မရရှိနိုင်ခဲ့ဘဲ တောရိုင်းဟင်းရွက်များနှင့် ပြောင်းဖူးယာဂုများကိုသာ စားသောက်ခဲ့ရသည်။
တစ်နေ့နေ့ အစားအသောက်များ ကုန်ခမ်းသွားပြီး တောရိုင်းဟင်းရွက်များနှင့် ပြောင်းဖူးယာဂုကိုပင် မစားရတော့လျှင် မည်သို့လုပ်မည်နည်း။ သူတို့ ငတ်သေသွားကြမည် မဟုတ်လော။
သူတို့သည် မြို့ပြမှလာသော အမျိုးသမီးများ၊ ပညာတတ်လူငယ်မလေးနှစ်ဦးဖြစ်ပြီး အမြဲတမ်း စာအုပ်များကိုသာ ကိုင်တွယ်ခဲ့သူများ ဖြစ်သည်။ သူတို့သည် အိမ်မှုကိစ္စများကိုပင် လက်ဖျားနှင့်မတို့ခဲ့ဖူးရာ ယုန်များ သို့မဟုတ် တောကြက်များကို မည်သို့ ဖမ်းရမည်နည်းဆိုသည်ကို ဘယ်လိုလုပ် သိနိုင်ပါမည်နည်း။
အလွန်ဆုံးလုပ်နိုင်သည်မှာ တောင်ပေါ်ထွက်ကုန်များ ရှာဖွေရန် အဖွဲ့နှင့်အတူ တောင်ပေါ်သို့ လိုက်သွားခြင်းသာ ဖြစ်သည်။ သို့သော် ဆောင်းရာသီအလယ်တွင် ကျောက်ဘိုင်တောင်တန်းကို နှင်းထုကြီးများဖြင့် ပိတ်ဆို့ထားရာ တောင်ပေါ်ထွက်ကုန်များကို မည်သည့်နေရာတွင် သွားရှာနိုင်မည်နည်း။
"အစ်မအန်းနာ ကျွန်မပြောတာ မှန်တယ်မလား... အဖွဲ့ခေါင်းဆောင်လီက အရမ်းသဘောကောင်းတာ... သူ သေချာပေါက် သဘောတူမှာပါလို့..."
"ဟုတ်တယ်..."
[ဒင်... လုအန်းနာ၏ နှစ်သက်ခြင်းအမှတ် +၅၀၀]
[ဒင်... လုအန်းနာ၏ နှစ်သက်ခြင်းအမှတ် +၅၀၀]