← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း (၈၂) နဂါးဂိတ်ကို ကျော်ဖြတ်မည့် ငါးကြင်း၊ လုံမင်မြစ်၊ ရေခဲဖောက်တံဖြင့် ရေခဲပြင်ငါးဖမ်းခြင်း

"ကျောင်းသုံးစာအုပ်တွေနဲ့ စာရေးကိရိယာတွေအတွက် စိတ်မပူပါနဲ့... နောက်မှ မြို့ထဲသွားရင် တာဝန်ခံကျန်းကို ဝယ်ခိုင်းလိုက်ပါ့မယ်..."

"အဖွဲ့ခေါင်းဆောင်လီ ဒါဆိုရင် ရှင်နဲ့ပဲ ထားခဲ့တော့မယ်..."

"မှောင်နေပြီဆိုတော့ လမ်းတွေက ချောနေတယ်၊ အပြန်လမ်းမှာ ဂရုစိုက်ပြီး ပြန်ကြပါ..."

"ကောင်းပါပြီ..."

"..."

ပညာတတ်လူငယ် အမျိုးသမီးနှစ်ဦးဖြစ်သော တုံယွီရှုနှင့် လုအန်းနာတို့သည် အိမ်ဝိုင်းတံခါးဝမှ ထွက်ခွာသွားကြလေသည်။ လီလန်သည် တံခါးကို သော့ခတ်လိုက်ပြီး အိမ်မကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။

"ဆရာမတုံနဲ့ ဆရာမလုတို့ ပြန်သွားကြပြီလား..."

လီတာ့ဟိုင်သည် ထူထဲသော လိုက်ကာကြီးကို ဆွဲဖွင့်၍ အိပ်ခန်းထဲမှ ထွက်လာလေသည်။

"ဟုတ်တယ်.."

လီလန်က ခေါင်းညိတ်ပြလိုက်သည်။

"ဆရာမလုကလည်း သဘောကောင်းတဲ့သူပါ... သူမက မြို့ကြီးကနေလာတဲ့ ပညာတတ်လူငယ်လေးဆိုတော့ ယဉ်ကျေးပြီး ဗဟုသုတလည်း ကြွယ်ဝတယ်... မင်းရဲ့ ညီမလတ်နဲ့ ညီမငယ်လေးတို့သာ သူမဆီမှာ စာသင်ရရင် သေချာပေါက် အနာဂတ်တောက်ပလာမှာပဲ..."

လီတာ့ဟိုင်က မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ပြောလိုက်သည်။

လီတာ့ဟိုင်သည် သူ၏ဘဝတစ်လျှောက်လုံး နီးပါးကို ကျောက်ဘိုင်တောင်တန်းခြေရင်းရှိ ဤရွာငယ်လေးတွင်သာ ကုန်ဆုံးခဲ့သူဖြစ်သည်။ သူ အဝေးဆုံးရောက်ဖူးသည့် နေရာမှာ ကီလိုမီတာ (၃၀) ကျော်ဝေးသော မြို့နယ်လေးတစ်ခုသာ ဖြစ်၏။

ရှန်ဟိုင်းဆိုသည်မှာ ကျောက်ဘိုင်တောင်တန်းနှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသော နေရာတစ်ခုဖြစ်သည်။

"အဖေ သူတို့တွေသာ ဆရာမတုံနဲ့ ဆရာမလုတို့ဆီမှာ ကြိုးကြိုးစားစား စာသင်မယ်ဆိုရင် သေချာပေါက်ကို အနာဂတ်တောက်ပလာမှာပါ..."

"သူတို့ ကြီးလာတဲ့အခါ ကျွန်တော်တို့ကို ကျောက်ဘိုင်တောင်တန်းကနေ ခေါ်ထုတ်သွားပြီး ရှန်ဟိုင်းဆိုတဲ့ မြို့ကြီးကို လိုက်ပြကြလိမ့်မယ်..."

လီလန်က ပြုံး၍ ပြောလိုက်လေသည်။

ရှန်ဟိုင်းဆိုသည်မှာ အရှေ့မြောက်ပိုင်း ပြည်နယ်သုံးခု၏ မြို့တော်များထက်ပင် များစွာပို၍ စည်ကားတိုးတက်သော မြို့ကြီးတစ်မြို့ဖြစ်ပြီး လီလန်၏ ယခင်ဘဝကတည်းက ကြားဖူးခဲ့သော်လည်း တစ်ခါမှ မရောက်ဖူးခဲ့သော နေရာတစ်ခုပင် ဖြစ်သည်။

"သား အဖေ့အမြင်တော့ ဒီပညာတတ်လူငယ် အမျိုးသမီး ရဲဘော်နှစ်ယောက်က တော်တော်လေး ကောင်းကြတယ်... မင်း ဘာလို့ မကြိုးစားကြည့်တာလဲ..."

လီတာ့ဟိုင်က ပြုံး၍ ပြောလိုက်သည်။

သူသည် ပညာတတ်လူငယ်နှစ်ဦးဖြစ်သော တုံယွီရှုနှင့် လုအန်းနာတို့ကို ပို၍ပင် သဘောကျလာတော့သည်။ သူတို့မှာ လှပပြီး ပညာတတ်ကြသည့်အပြင် မြို့ကြီးမှ လာကြသူများလည်းဖြစ်ကြ၏။ သူတို့သာ သူ၏ ချွေးမများ ဖြစ်လာခဲ့လျှင် မည်မျှပင် ကောင်းလိုက်မည်နည်း။

ပြီးခဲ့သည့်လကပင် ဘေးရွာမှ တစ်စုံတစ်ယောက်သည် မြို့မှ ပညာတတ်လူငယ် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည် မဟုတ်ပါလား။

သူပင်လုပ်နိုင်သေးလျှင် မိမိ၏ သားသည်လည်း သေချာပေါက် လုပ်နိုင်ရမည်ဖြစ်သည်။

မိမိ၏ သားသည် မီးနဂါးမုဆိုးအဖွဲ့၏ ခေါင်းဆောင်ဖြစ်ရာ သူ့ထက် များစွာ သာလွန်ပေသည်။

"အဖေကလည်းဗျာ ဘာတွေ လျှောက်ပြောနေတာလဲ... အဲ့ဒီ ပညာတတ်လူငယ်လေးတွေက အဲ့လိုသဘောမျိုး မဟုတ်ပါဘူး..."

"အချိန်လည်း နှောင်းနေပြီဆိုတော့ မဟုတ်တာတွေမပြောဘဲ သွားအိပ်ပါတော့အဖေရယ်..."

လီလန်က တိုက်တွန်းလိုက်လေသည်။

စနစ်၏ အသိပေးသံများကို ထောက်ရှုကြည့်မည်ဆိုလျှင် တုံယွီရှုနှင့် လုအန်းနာတို့ နှစ်ဦးစလုံး၏ နှစ်သက်ခြင်းအမှတ်များမှာ ထိုးတက်သွားခဲ့ပြီး ပျမ်းမျှ (၁၀၀) ထက် များစွာကျော်လွန်သွားခဲ့ရာ သူတို့သည် လီလန်ကို သေချာပေါက် စိတ်ဝင်စားနေကြောင်း ပြသနေလေသည်။

သို့သော်လည်း သူ၏ဖခင်သည် အခြားသူများနှင့် အရက်သောက်နေစဉ် ဤကိစ္စကို ကြွားလုံးထုတ်လိုက်မည်ဆိုပါက ပညာတတ်လူငယ် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သောကြောင့် ဖခင်ဖြစ်သူကို သူ တိုက်ရိုက် မပြောပြနိုင်ခဲ့ပေ။

ဤခေတ်တွင် မိန်းကလေးတစ်ယောက်၏ ဂုဏ်သိက္ခာဆိုသည်မှာ အရေးကြီးဆုံးပင် ဖြစ်သည်။

လီလန်သည် ရေနွေးတည်လိုက်ပြီး အဝတ်အစားများ ချွတ်ကာ အိတ်ကပ်ထဲမှ ဆပ်ပြာခဲအသေးတစ်ခဲကို ထုတ်၍ ရေချိုးလိုက်တော့သည်။

သူသည် အောက်သို့ ငုံ့ကြည့်လိုက်ပြီး ပိုပို၍ ကျေနပ်လာလေသည်။

ဤနေရာရှိ မိမိ၏ ညီလေးသည် ယနေ့တွင် သူ၏ စွမ်းပကားကို တကယ်ပင် ပြသနိုင်ခဲ့ပေသည်။

ပိုင်ကျဲ့ပင်လျှင် ခံနိုင်ရည်မရှိခဲ့ချေ။

သို့သော် စဉ်းစားကြည့်ပါကလည်း အဓိပ္ပာယ်ရှိပေသည်။ ဒလိမ့်တုံးကြီးနှင့်တူသောအရာကို မည်သည့် မိန်းမက ခံနိုင်ရည်ရှိမည်နည်း။ ༎ຶ⁠‿⁠༎ຶ

"မနက်ဖြန် ငါးဖမ်းပြီးရင် အစ်မပိုင်ကျဲ့ဆီ သွားအိပ်ရမယ်..."

ပထမတစ်ကြိမ် သာယာမှုကို အပြည့်အဝ ခံစားပြီးသည်နှင့် ဒုတိယတစ်ကြိမ် ထပ်မံခံစားချင်လာတော့သည်။ ဤအရာမှာ စွဲလမ်းစေရန် အလွန်လွယ်ကူလွန်းလှပေသည်။

ရေချိုးပြီးနောက် လီလန်က နွေးထွေးနေသော ကန်းပေါ်သို့ တက်သွားလေသည်။

မကြာမီမှာပင် သူက ဟောက်သံများပေးကာ အိပ်မောကျသွားတော့သည်။

ထိုညက မည်သည့်အရာမျှ ထူးထူးခြားခြား မဖြစ်ပေါ်ခဲ့ပေ။

"အဖေ အဖေ့ရဲ့ ငါးမျှားတံကို ခဏလောက် ငှားလို့ရမလား..."

မနက်စာစားပြီးနောက် လီလန်က ဖခင်ဖြစ်သူကို နှုတ်ဆက်၍ မေးလိုက်သည်။

"သတိထားသုံးနော် မကျိုးစေနဲ့..."

လီတာ့ဟိုင်က သတိပေးလိုက်လေသည်။

လီတာ့ဟိုင်သည် ငါးမျှားခြင်းကို ဝါသနာပါသူတစ်ဦးဖြစ်ပြီး ဈေးမှ သူရရှိခဲ့သော ဤသုံးဆင့်ပါ ငါးမျှားတံမှာ သူ တယုတယ တန်ဖိုးထားရသည့် ပစ္စည်းတစ်ခုပင်ဖြစ်သည်။

"ဟုတ်ကဲ့ပါအဖေရဲ့ အကယ်လို့ ကျိုးသွားခဲ့ရင်တောင် ဦးလေးဝေမင်ကို အသစ်တစ်ချောင်း ဝယ်ခိုင်းလိုက်ပါ့မယ်ဗျာ..."

လီလန်က သူ၏ဖခင်ကို မျက်စောင်းထိုး၍ စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

"ဟေး ဟေးလုံ…ကြောင်လေး... ငါးသွားမျှားကြရအောင်..."

ဟေးလုံသည် မနေ့ညက ပိုင်ကျဲ့၏ နေရာတွင် တစ်ညလုံး ဘာပြဿနာမျှမရှိဘဲ နေခဲ့ရာ ယနေ့နံနက်စောစောတွင် လီလန်က ၎င်းကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

လူများ စားသောက်ရန် လိုအပ်သကဲ့သို့ အမဲလိုက်ခွေးများလည်း စားသောက်ရန် လိုအပ်ပေသည်။

လီလန်သည် တောဝက်သား ကျင်းအနည်းငယ်ကို လွယ်လင့်တကူ လှီးဖြတ်ကာ ဟေးလုံနှင့် တောကြောင်ရိုင်းလေးကို ကျွေးလိုက်ပြီးနောက် သူ၏ ငါးမျှားတံနှင့် ဂုန်နီအိတ်တစ်လုံးကို ယူကာ ထွက်လာခဲ့လေသည်။

ဤအချိန်အတွင်း တောကြောင်ရိုင်းလေးမှာ သူနှင့်အတူ နေထိုင်ခဲ့ပြီး ဒဏ်ရာများမှ သက်သာလာရုံသာမက နေ့စဉ် အသားများ စားရသဖြင့် တော်တော်လေးပင် ကြီးထွားလာခဲ့သည်။

"မင်းလို အကောင်ပေါက်စလေးက စားနိုင်သောက်နိုင်လိုက်တာ... ငါ့အိမ်ကို စားသောက်ဆိုင်များ မှတ်နေလား..."

လီလန်သည် တောကြောင်ရိုင်းလေး၏ ခေါင်းကို ချစ်ခင်မြတ်နိုးစွာဖြင့် ပွတ်သပ်ပေးလိုက်သည်။

ဤသားရဲကောင်လေးသည် တစ်နေ့လျှင် အသား ကျင်းအနည်းငယ်ခန့် စားသောက်လေသည်။ လီလန်သာ မနေ့က တောဝက်သား ကျင်း(၁၀၀)ကျော်ကို အမဲမလိုက်နိုင်ခဲ့ပါက ၎င်းအတွက် တကယ်ပင် လောက်ငှမည်မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ စားနိုင်သလို အလုပ်လည်း လုပ်နိုင်ပေသည်။ တွင်းများထဲသို့ ဝင်ကာ တောယုန်များကို လိုက်ဖမ်းနိုင်ပြီး သစ်ပင်များပေါ်သို့ တက်ကာ မိုးပျံနဂါးများကိုလည်း ဖမ်းဆီးနိုင်သည့်အပြင် တောင်ပေါ်ထွက်ပစ္စည်းများကိုလည်း စုဆောင်းပေးနိုင်သေး၏။

ဤမျှကြီးမားသော ကြောင်တစ်ကောင်ကို မွေးမြူထားရခြင်းမှာ လီလန်အတွက် များစွာ အရှုံးမပေါ်ခဲ့ချေ။

လီလန်သည် ငါးမျှားတံကို ကိုင်ဆောင်၍ ရွာထဲမှ ထွက်ခွာလာပြီး တောင်ဘက်သို့ ဦးတည်သွားလေသည်။

ရွှမ်းရွှေရွာ၏ တောင်ဘက်တွင် လုံမင်မြစ် ဟုခေါ်သော မြစ်တစ်စင်းရှိပြီး ၎င်းမှာ စုန့်ဟွာမြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်သည်။

ရွာရှိ လူကြီးသူမများ၏ အဆိုအရ တစ်စုံတစ်ယောက်သည် လုံမင်မြစ်ထဲမှ ရွှေရောင်ငါးကြင်းတစ်ကောင် ထွက်ပေါ်လာပြီး ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း ပြုလုပ်ကာ ပျံသန်းထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ဖူးသည်ဟု ဆိုကြလေသည်။

နဂါးဂိတ်ကို ကျော်ဖြတ်သွားသော ငါးကြင်း ဒဏ္ဍာရီက ဤမြစ်ထဲတွင် အဘယ်ကြောင့် ငါးကြင်းကြီးများ ဤမျှလောက် များပြားနေရသနည်းဆိုသည်ကို ရှင်းပြနေလေသည်။

ဒဏ္ဍာရီများကို ဘေးဖယ်ထားလိုက်လျှင် လီလန်သည် ဤနဂါးနှင့် ပတ်သက်သော အရာများကို စိတ်မဝင်စားခဲ့ပေ။ သူ လုံမင်မြစ်သို့ လာခဲ့ခြင်းမှာ ငါးဖမ်းရန်သက်သက်သာ ဖြစ်လေသည်။

တရုတ်ပြည် အရှေ့မြောက်ပိုင်းတွင် ဤငါးဖမ်းနည်းနှင့် ပတ်သက်၍ အဆိုတစ်ခုရှိရာ ၎င်းကို ရေခဲပြင်ငါးဖမ်းခြင်းဟု ခေါ်ဆိုကြသည်။

ရေခဲပြင်ငါးဖမ်းခြင်းဆိုသည်မှာ မြစ်ထဲရှိ ရေခဲပြင်ကို သံတုတ်ဖြင့် အပေါက်ဖောက်ကာ ငါးမျှားချိတ်တွင် ငါးစာတပ်၍ ရေထဲသို့ ချထားခြင်းပင်ဖြစ်သည်။ ကံကောင်းမည်ဆိုလျှင် အချိန်တိုအတွင်းမှာပင် ငါးကြီးတစ်ကောင်ကို ဖမ်းမိနိုင်လေသည်။

၎င်းကို ရေခဲပြင်ငါးဖမ်းခြင်းဟု ခေါ်ဆိုကြလေသည်။

ရေခဲပြင်ငါးဖမ်းခြင်းတွင် အခက်ခဲဆုံးသော အပိုင်းမှာ ငါးဖမ်းနည်းစနစ် မဟုတ်သလို ငါးမျှားတံ သို့မဟုတ် ငါးစာတို့လည်း မဟုတ်ပေ။

၎င်းမှာ ရေခဲတွင်း ဖောက်ရခြင်းပင်ဖြစ်သည်။

ကျောက်ဘိုင်တောင်တန်း ဒေသတွင် ဆောင်းရာသီ၌ နှင်းများ ထူထပ်စွာ ကျဆင်းလာသောအခါ မြစ်များမှာ ရေခဲသွားလေ့ရှိသည်။ အပူချိန်မှာ သုညအောက် ဒီဂရီဆယ်ဂဏန်းအထိ ထိုးကျသွားတတ်ပြီး မြစ်ရေခဲပြင်မှာ အလွန်ထူထပ်ကာ အနည်းဆုံး မီတာဝက်ခန့်အထိ ရှိနေတတ်၏။

ရေခဲပြင်မှာ မီတာဝက်ခန့် ထူထဲသော်လည်း လူများမှာ ပြဿနာတစ်စုံတစ်ရာမရှိဘဲ မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ပုံမှန် လမ်းလျှောက်နိုင်ကြလေသည်။

လူများ ဒါဇင်နှင့်ချီ၍ သို့မဟုတ် ရာနှင့်ချီ၍ လာရောက်ကြလျှင်ပင် ရေခဲပြင် ကျိုးကျသွားမည်ကိုဖြစ်စေ၊ လူများ ရေထဲ ပြုတ်ကျသွားမည်ကိုဖြစ်စေ စိုးရိမ်စရာ မလိုပေ။

မြစ်ရေခဲပြင်မှာ မီတာဝက်ခန့် ထူထဲပြီး တကယ့်ကို ထူထဲလှသည်။ မြို့မှ ရေခဲခုတ်သမားများသည် စုန့်ဟွာမြစ်သို့ မကြာခဏ လာရောက်၍ ရေခဲတုံးကြီးများကို ခုတ်ယူကာ ရေခဲသိုလှောင်ရုံများဆီသို့ သယ်ယူသွားကြပြီး နွေရာသီရောက်မှ ပြန်လည်ထုတ်ယူ အသုံးပြုကြလေသည်။

ထို့ကြောင့် ရေခဲပြင်ငါးဖမ်းခြင်းတွင် ပထမဆုံးကြုံတွေ့ရမည့် ပြဿနာမှာ မီတာဝက်ခန့် ထူထဲသော ရေခဲပြင်ကို မည်သို့ အပေါက်ဖောက်ရမည်နည်း ဆိုသည့်အချက်ပင် ဖြစ်သည်။

ဤနေရာတွင် ရေခဲခွဲရန်အတွက် မှော်ဆန်သော ကိရိယာတစ်ခုဖြစ်သည့် ရေခဲဖောက်တံ ဝင်ရောက်လာခြင်း ဖြစ်သည်။

ရေခဲဖောက်တံကို သံဖြင့် ပြုလုပ်ထားပြီး တစ်ဖက်စွန်းကို မြှားတစ်စင်းကဲ့သို့ ထက်မြက်အောင် သွေးထားလေသည်။ လူတစ်ယောက်သည် အခြားတစ်ဖက်စွန်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရေခဲပြင်ပေါ်သို့ အားကုန်သုံး၍ ဖိချရလေသည်။ ထိုသို့ပြုလုပ်လိုက်ပါက ရေခဲစများ နေရာအနှံ့ လွင့်စင်သွားမည်ဖြစ်သည်။ ၎င်းကိုသာ ဆက်တိုက် ပြုလုပ်သွားမည်ဆိုပါက ရေခဲပြင်တွင် အပေါက်တစ်ခုကို ဖောက်နိုင်ပေလိမ့်မည်။

ရွှမ်းရွှေရွာရှိ အိမ်ထောင်စု အနည်းငယ်ခန့်တွင်သာ ရေခဲဖောက်တံများ ရှိကြပြီး လူသုံးလေးယောက်ခန့်သာ ပိုင်ဆိုင်ကြလေသည်။

ထိုသုံးလေးယောက်ထဲတွင် အဘိုးကျန်းဖြစ်သူ ကျန်းတာပေါင်လည်း အပါအဝင်ဖြစ်သည်။

ကျန်းတာပေါင်၏ အိမ်မှာ လုံမင်မြစ်သို့ သွားရာလမ်းတွင် ရှိနေသောကြောင့် အဆင်ပြေလှပေသည်။

လီလန်သည် အဘိုးကျန်း၏ အိမ်သို့ ရောက်ရှိသွားသောအခါ အိမ်ဝိုင်းထဲသို့ လှမ်းခေါ်လိုက်လေသည်။

"အဘိုးကျန်း ဝေ့ကော်... နိုးကြပြီလား..."

ယနေ့တွင် ရေခဲပြင်ငါးဖမ်း ထွက်ကြမည်ဖြစ်ရာ လီလန်သည် မိုးလင်းသည်နှင့် တစ်ပြိုင်နက် စောစောထ၍ သူ၏ ငါးမျှားတံကို ကိုင်ဆောင်ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။

"ဟေ့ ဘယ်သူလဲ... မနက်စောစောစီးစီး ဘာတွေ လာအော်နေတာလဲ..."

အဘိုးကျန်းက အိမ်ထဲမှနေ၍ လှမ်းအော်လိုက်သည်။

"အဘိုး အစ်ကိုလန် ရောက်နေတယ်..."

ကျန်းဝေ့ကော်သည် ပြတင်းပေါက်မှတစ်ဆင့် လီလန်ကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

သူသည် သူ၏ ကုတ်အင်္ကျီကို အမြန်ဝတ်ဆင်လိုက်ပြီး နွေးထွေးနေသော ကန်းပေါ်မှ ဆင်းကာ အိမ်ဝိုင်းထဲသို့ ထွက်လာပြီး လီလန်အတွက် တံခါးဖွင့်ပေးလိုက်သည်။

"အစ်ကိုလန် ဘာလို့ ဒီလောက်စောစော ထလာရတာလဲ... ဘာကိစ္စရှိလို့လဲ..."

"ရေခဲပြင်ငါးဖမ်းထွက်မလို့ လိုက်မလား..."

"လိုက်မယ် ခဏလေးစောင့်... ကျွန်တော် အဘိုးကို သွားပြောလိုက်ဦးမယ်..."

"ရေခဲဖောက်တံ ယူလာဖို့ မမေ့နဲ့နော်... အဲ့ဒါမပါရင် ရေခဲပြင်ကို ဖောက်ဖို့ ခက်လိမ့်မယ်..."

All Chapters