← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း (၈၉) ငါးမျှားတံ ကျိုးသွားပြီ၊ ငါးကြီးများကိုသာ အထူးတလည် ရှာဖွေဖမ်းဆီးရာ စုစုပေါင်း ကျင်းနှစ်ရာကျော် ရရှိသွားလေသည်

"ဝေ့ကော်... ငါးတွေကို လုံခြုံအောင် သိမ်းထားလိုက်ပါ ကြွားဝါမနေနဲ့တော့..."

ကျန်းဝေ့ကော်မှာ ငါးကြီးတစ်ကောင် ရလိုက်သဖြင့် ပျော်ရွှင်နေဆဲဖြစ်သည်ကို မြင်သောအခါ လီလန်သည် တင်းကြပ်စွာ သတိပေးလိုက်သည်။

လုံမင်မြစ်သည် ဤမျှသာ ကျယ်ဝန်းပြီး ငါးဖမ်းသမား အယောက်ပေါင်းများစွာကလည်း မျက်စိဒေါက်ထောက် ကြည့်နေကြသည်။ ဤမျှကြီးမားသော ငါးကြီးကို ဖမ်းမိခြင်းမှာ အလွန်ပင် ထင်ရှားလွန်းလှသည်။

ငတ်မွတ်ခေါင်းပါးနေသော ကာလဖြစ်သည့်အတွက် ဒါဇင်နှင့်ချီသော ကျင်းအလေးချိန်ရှိသည့် ငါးကြီးများကို မြင်လျှင် အမြင်မတော်သူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်မိလိမ့်မည်။

ထိုအတွက်ကြောင့်ပင် လီလန်သည် ဂုန်နီအိတ်ကို ဆောင်ထားခြင်းဖြစ်သည်။

တစ်ခုမှာ ငါးထည့်ရန်ဖြစ်ပြီး နောက်တစ်ခုမှာ ငါးကို ဖုံးကွယ်ထားရန်ဖြစ်သည်။

ကျန်းဝေ့ကော်သည် လီလန်၏ စကားကို အမြဲနာခံသူဖြစ်သည့်အတွက် ထိုခေါင်းကြီးငါးကြီးကို ဂုန်နီအိတ်အတွင်းသို့ အမြန်သွပ်လိုက်သည်။

သူ ငါးထည့်ပြီးသည်နှင့် စတုရန်းပုံစံ မျက်နှာပိုင်ရှင် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး လျှောက်လာသည်။

"ရဲဘော်တို့ရေ... ကျွန်တော့်ဦး‌လေးက ဒီခေါင်းကြီးငါးကို ဝယ်ချင်လို့ပါ ဈေးတစ်ခုခု သတ်မှတ်ပေးပါ..."

မျက်နှာပိုင်ရှင် အမျိုးသားမှာ ကြင်နာတတ်သော အသွင်ရှိပြီး နွေးထွေးယဉ်ကျေးစွာဖြင့် သူ့ရည်ရွယ်ချက်ကို ပြောပြသည်။

ကျန်းဝေ့ကော်သည် စကားမဆိုဘဲ လီလန်ဆီသို့ လှည့်ကြည့်သည်။

အလေးချိန် ကျင်းသုံးဆယ်ကျော်ရှိသော ဤငါးကြီးကို လီလန်က ဖမ်းမိထားခြင်းဖြစ်သည်။

ရောင်းမရောင်းဆိုသည်မှာ လီလန်၏ ဆုံးဖြတ်ချက်သာဖြစ်သည်။

"မရောင်းဘူး..."

လီလန်က ခေါင်းခါ၍ တိုတိုသာ ငြင်းဆိုလိုက်သည်။

"ရဲဘော်... တစ်ချက်လောက် ပြန်စဉ်းစားပေးပါဦး... ကျွန်တော့်ဦးလေးမှာ ပိုက်ဆံမရှားပါဘူး၊ ဒီမြစ်ထဲက ငါးမျိုးကိုပဲ နှစ်သက်လို့ပါ..."

ထိုအမျိုးသားမှာ အတင်းအဓမ္မ မလုပ်ဘဲ ယဉ်ကျေးစွာပင် ပြောဆိုသည်။

"မရောင်းပါဘူးဗျာ... ဒီခေါင်းကြီးငါးကို ကျွန်တော့်ညီမအတွက် အာဟာရဖြစ်အောင် စွပ်ပြုတ်ချက်ဖို့ သိမ်းထားတာပါ..."

လီလန်က တစ်ဖန် ခေါင်းခါလိုက်ပြန်သည်။

ခေါင်းကြီးငါးဖြင့် ချက်ထားသော ငါးစွပ်ပြုတ်မှာ အာဟာရ အလွန်ပြည့်ဝပြီး သူ့ညီမနှင့် အဖေကို ကျန်းမာရေးအတွက် တိုက်ကျွေးရန် အကောင်းဆုံးဖြစ်သည်။ မည်မျှပင် ဈေးပေးပါစေ သူ မရောင်းနိုင်ပါ။

ထိုအမျိုးသား၏ စိတ်ပျက်သွားသော အမူအရာကို မြင်သောအခါ လီလန်သည် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကျွန်တော့်ဆီမှာ ဆယ်ကျင်းလောက်ရှိတဲ့ ငါးကြင်းတစ်ကောင် ရှိတယ်၊ အဲဒါကိုတော့ ရောင်းပေးနိုင်ပါတယ်..."

ငါးကြင်းတွင် ငါးညှီနံ့ရှိတတ်၍ ဟင်းခတ်အမွှေးအကြိုင်များဖြင့် ချက်ပြုတ်ရန် လိုအပ်သည်။ လီလန်တို့အိမ်တွင် ဟင်းခတ်အမွှေးအကြိုင်များ မရှိသည့်အတွက် တစ်စုံတစ်ယောက် လာဝယ်သည်ကို သူ ကျေနပ်နေသည်။

"ကျွန်တော့်ဦးလေးက ငါးကြင်းကို မကြိုက်လို့ပါ၊ ထားလိုက်ပါတော့..."

ထိုအမျိုးသားသည် လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

သူ လှည့်ထွက်သွားခါနီးတွင် လီလန်က သူ့ကို လှမ်းခေါ်လိုက်သည်။

"ခင်ဗျား အရေးမကြီးရင် ခဏလောက် စောင့်နိုင်ပါတယ်။ ကျွန်တော် ဖမ်းမိမယ့် ဒုတိယမြောက် ခေါင်းကြီးငါးကို ရောင်းပေးမယ်..."

ထိုစကားကို ကြားသောအခါ စတုရန်းမျက်နှာပိုင်ရှင် အမျိုးသားမှာ အံ့အားသင့်သွားပြီး လီလန်ကိုင်ထားသော ငါးအိတ်ကို မသိမသာ လှမ်းကြည့်လိုက်သည်။

"ခင်ဗျား... ခင်ဗျားက ခေါင်းကြီးငါးကို ဖမ်းနိုင်တယ်ပေါ့..."

"ဖြစ်နိုင်ပါတယ်... ကံတရားအပေါ်မှာပဲ မူတည်တာပေါ့..."

"တစ်ခုတော့ ကြိုပြောထားရမယ်၊ ကျွန်တော့်ဦးလေးက ငါးသေးသေးတွေကို မကြိုက်ဘူး၊ အနည်းဆုံး ကျင်းသုံးဆယ်လောက်ရှိမှ ကြိုက်တာ..."

"ဒါဆို အဆင်ပြေပါတယ်..."

လီလန်သည် သူ၏ ငါးစာအပေါ် အလွန်ယုံကြည်မှုရှိသည့်အတွက် ငါးမျှားတံကို နှစ်ကြိမ်မျှ ပစ်ချလိုက်ရာ ဆယ်ကျင်းရှိ ငါးကြင်းတစ်ကောင်နှင့် ကျင်းသုံးဆယ် ခေါင်းကြီးငါးတစ်ကောင်ကို ဖမ်းမိလိုက်သည်။

ငါးမျှားတံကို တစ်ဆယ်ကြိမ်လောက် ထပ်ပစ်လိုက်လျှင် ခေါင်းကြီးငါးတစ်ကောင် ထပ်ရနိုင်သည်မဟုတ်ပါလော။

စတုရန်းမျက်နှာပိုင်ရှင် အမျိုးသားသည် တစ်ဝက်တစ်ပျက် ယုံကြည်မှုဖြင့် အံ့အားသင့်သော မျက်နှာဖြင့် လှည့်ထွက်သွားသည်။

အိမ်ပြန်ရောက်သောအခါ သူဖြစ်ပျက်သမျှကို ဟူရွှယ်ယန်ထံ အကုန်ပြောပြလိုက်သည်။ ထိုအကြောင်းကို ကြားသောအခါ ဟူရွှယ်ယန်မှာ အံ့အားသင့်သွားသည်။

"ဒီကောင်လေးက တကယ်ပဲ အဲဒီလို ပြောလိုက်တာလား..."

"လိမ်ပြောစရာ အကြောင်းရှိမလား... ကျွန်တော် အသေအချာ ကြားလိုက်ရတာပါ။ ဒုတိယကောင်ကို ဖမ်းပေးမယ်လို့ ပြောသွားတာပါ..."

"ဒီကောင်လေး..."

ဟူရွှယ်ယန် ပို၍ပင် အံ့အားသင့်သွားသည်။

လုံမင်မြစ်ထဲတွင် ကျင်းသုံးဆယ်ရှိသော ခေါင်းကြီးငါးကို ဖမ်းမိခြင်းမှာ ဘိုးဘေးများ၏ ကျေးဇူးတော်ဖြစ်ပြီး ယခင်ဘဝက ကုသိုလ်ပြုခဲ့ခြင်း၏ အမှတ်လက္ခဏာပင် ဖြစ်သည်။

သူက နောက်တစ်ကောင် ထပ်ဖမ်းနိုင်မယ်လို့ ထင်နေတာလား။

"လောဘကြီးလိုက်တာ၊ ဒီကောင်လေးက အလွန်တက်ကြွလွန်းနေပြီ။ ဆင်တစ်ကောင်ကို မြိုချဖို့ ကြိုးစားနေတဲ့ မြွေတစ်ကောင်လိုပဲ..."

ဟူရွှယ်ယန် ခေါင်းခါလိုက်သည်။

သူသည် လီလန်ကို အစကတည်းက တန်ဖိုးထားခဲ့သူဖြစ်ပြီး ရွှမ်းရွှေရွာမှ ဤလူငယ်မှာ ငယ်ရွယ်သော်လည်း ထူးခြားသော ငါးမျှားကျွမ်းကျင်မှု ရှိသည်ဟု ယူဆ၍ မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ထားခဲ့သည်။ ထို့ကြောင့်ပင် သူ့တူကို ဈေးကြီးပေး၍ ဝယ်ခိုင်းခဲ့ခြင်းဖြစ်သည်။

ဤကောင်လေးက မရောင်းရုံတင်မကဘဲ နောက်တစ်ကောင် ထပ်ဖမ်းနိုင်သည်ဟုပါ ကြုံးဝါးနေသေးသည်။

မာနကြီးလိုက်တာ၊ မယုံနိုင်စရာကောင်းလောက်အောင် မာနကြီးလွန်းသည်။

ဟူရွှယ်ယန်မှာ တည်ငြိမ်သော စီးပွားရေးသမားတစ်ဦးဖြစ်၍ ဤသို့ မာနကြီးသူကို မနှစ်မြို့ပေ။

"အဘိုး... ဒီလူငယ်က အသက်နှစ်ဆယ်တောင် မပြည့်သေးပါဘူး..."

"လူငယ်တွေက စကားကြွားပြောတတ်တာ သဘာဝပါပဲ..."

"ဦးလေး သူအရွယ်တုန်းကဆိုရင် သူ့ထက်တောင် ပိုပြီး မာနကြီးဦးမှာ..."

ထိုအမျိုးသားက ပြုံးလျက် ပြောသည်။

လူငယ်ဆိုလျှင် ယုံကြည်မှုရှိရမည်။ ရဲရင့်ရမည်။

စိတ်ဓာတ်မရှိလျှင် လူငယ်ဟု ခေါ်ဆိုနိုင်ပါ့မလား။

"ဟဲဟဲ... လောင်ပါး... မင်း ငါ့နားမှာ နေလာတာ ကြာပြီ၊ ဒီနေ့မှပဲ ငါ့နားကို အေးချမ်းစေတဲ့ စကားမျိုး ပြောတတ်တော့တယ်..."

"ဒီကောင်လေး ဒုတိယမြောက် ခေါင်းကြီးငါးကို ဖမ်းနိုင်မလားဆိုတာ ကြည့်ကြတာပေါ့..."

ဟူရွှယ်ယန်သည် ငါးမျှားတံကို ချထားလိုက်သည်။ သွားကြားထိုးရုံလောက်သာ ရှိသော ငါးသေးသေးလေးများကို ဖမ်းနေရသည်ထက် အခြားသူ ငါးကြီးဖမ်းသည်ကို ကြည့်ရခြင်းက ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းသည်။

တစ်ဖက်တွင် လီလန်က ငါးမျှားတံတွင် ငါးစာကို ပြန်တပ်နေသည်။

"ငါးဆယ်၊ ကျင်းသုံးဆယ်၊ ကျင်းလေးဆယ် ဖမ်းမိပြီးပြီပဲ နောက်ထပ် ကျင်းခြောက်ဆယ်လောက် ထပ်ဖမ်းလိုက်ရင် ကျင်းတစ်ရာကျော်သွားမှာပဲ..."

သူသည် ကျန်းဝေ့မင်ကို ငါးကျင်းတစ်ရာ ရောင်းပေးမည်ဟု ကတိပေးထားသည်။

ဤမှာယူမှုမှာ ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။

ငါးစာတပ်ထားသော ချိတ်သည် ရေထဲရောက်သည်နှင့် ရေအောက်ကမ္ဘာကို ငါးညှီနံ့များ လွှမ်းခြုံသွားသည်။

အသက်ရှူနှုန်း အနည်းငယ်အကြာတွင် ငါးမျှောတံမှာ တစ်ဖန် လှုပ်ရှားလာပြန်သည်။

"အစ်ကိုလန်... ငါးတစ်ကောင် ထပ်မိပြီ..."

ငါးမျှောတံမှာ ရေပေါ်တွင် အပေါ်အောက် လှုပ်ရှားနေပြီး အကြိမ်ကြိမ် ဖြစ်ပေါ်ပြီးနောက် မြားတစ်စင်းပမာ ရေထဲသို့ နစ်မြုပ်သွားသည်။

"မိပြီ..."

လီလန်သည် လက်ကောက်ဝတ်ကို တင်းကြပ်လိုက်ရာ ငါးမျှားကြိုးမှာ ချက်ချင်းပင် တင်းသွားသည်။

ရေမျက်နှာပြင်ပေါ်တွင် ရေများ ပန်းထွက်လာသည်။

ငါးကြီးတစ်ကောင် ထပ်မိပြန်ပြီ။

"မင်း... မင်း ထပ်နိုင်ပြန်ပြီလား..."

လောင်ဟူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။

"ဘယ်လောက်တောင် ကြာလို့လဲ ဘယ်လိုလုပ် နောက်တစ်ကောင် ထပ်မိသွားတာလဲ..."

ဟူလောင်ပါးမှာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

"နောက်ထပ် ငါးကြီးတစ်ကောင်..."

ဟူရွှယ်ယန်ပင်လျှင် လီလန်မှာ ကျွမ်းကျင်မှုရှိပြီး ငါးမျှားရာနေရာကို ရွေးချယ်တတ်ရုံသာမက ကံကောင်းခြင်းမျိုးလည်း ရှိနေသည်ဟု ဝန်ခံရတော့မည်ဖြစ်သည်။

အခြားသူများမှာ လုံမင်မြစ်ထဲတွင် တစ်ဝက်တစ်ပျက် လကုန်သည်အထိ စောင့်နေသော်လည်း ငါးတစ်ကောင်မှ မရကြပေ။

လီလန် ရောက်လာသည်နှင့် ငါးကြီးသုံးကောင်ကို တစ်ဆက်တည်း ဖမ်းမိလိုက်သည်။

*ဒါက ဘယ်လိုမျိုး အံ့ဩဖွယ် ကံကောင်းခြင်းမျိုးလဲ။

နဂါးဘုရင်ကိုယ်တိုင်က သူ့အတွက် ရေအောက်မှာ ငါးချိတ်ပေးထားတာလား*

"ပစ္စည်းတွေ တင်ကြစို့..."

ဤငါးကြီးမှာ ကျင်းသုံးဆယ်ကျော် အလေးချိန်ရှိသည်။ လီလန်သည် ငါးမျှားတံကို ကိုင်ဆွဲ၍ ငါးကို အားကုန်သည်အထိ ပင်ပန်းအောင် လှည့်ပတ်ပြီးမှ နောက်ဆုံးတွင် ဆွဲတင်လိုက်သည်။

"အစ်ကိုလန်... နောက်ထပ် ကျင်းသုံးဆယ်ကျော်ရှိတဲ့ ခေါင်းကြီးငါးကြီးပဲ..."

ကျန်းဝေ့ကော်မှာ ပျော်ရွှင်စွာဖြင့် အော်ဟစ်သည်။

*အစ်ကိုလန်န်က တကယ်တော်တာပဲ။ သုံးကြိမ်ပဲ ပစ်ချရသေးတယ်၊ တစ်ခါတည်းနဲ့ပဲ ပစ်မှတ်ကို ထိတယ်။ သူက ငါးကြီးတွေကို ဖမ်းရာမှာ အထူးကျွမ်းကျင်သူပဲ*

လီလန်သည် ငါးကိုမ၍ ဂုန်နီအိတ်ထဲ ထည့်လိုက်ပြီး စတုရန်းမျက်နှာပိုင်ရှင် အမျိုးသားကို ရောင်းရန် ပြင်ဆင်လိုက်သည်။

"ဝေ့ကော်... ချိတ်တွေမှာ ငါးစာထပ်တပ်ထား၊ ဆက်မျှားကြမယ်..."

"ဟုတ်ကဲ့ အစ်ကိုလန်..."

ထို့နောက် ဟူရွှယ်ယန်နှင့် စွန်းရှန်ရီတို့အဖွဲ့ကို အံ့အားသင့်စေသည်မှာ...

လီလန်သည် မိနစ်အနည်းငယ်တိုင်းတွင် ငါးကြီးတစ်ကောင်ကို ဖမ်းမိနေသည်။

ဆယ်ကျင်းရှိ ငါးကြင်း၊ ငါးကျင်းရှိ ကျိယွီငါးကြင်း၊ ကျင်းနှစ်ဆယ် ငွေရောင်ငါးကြင်း၊ ကျင်းသုံးဆယ် ခေါင်းကြီးငါး...

အဖြူရောင်ငါးသေးသေးလေးများနှင့် အခြားငါးငယ်လေးများလည်း ဒဇင်နှင့်ချီ၍ ပါလာသည်။

လူတိုင်း၏ အကြည့်အောက်တွင် လီလန်သည် ကျင်းတစ်ရာကျော်ရှိသော ငါးများကို တစ်ဆက်တည်း ဖမ်းမိသွားလေသည်။

နောက်ဆုံးတွင် ငါးစာများ ကုန်ခါနီး၌ ရှေးဟောင်း ငါးမျှားတံမှာ ငါးကြီးများ၏ တိုက်ခိုက်မှုကို မခံနိုင်တော့ပေ။

ငါးမျှားတံမှာ ကျိုးသွားလေသည်။

"သေစမ်း... ဒီကောင်လေး ငါးမျှားရင်းနဲ့ ငါးမျှားတံပါ ကျိုးသွားပြီ..."

"ငါးတွေ အများကြီးပဲ၊ ကျင်းရာနဲ့ချီပြီးတော့တောင် ရှိမှာ... သူ ဘယ်လိုလုပ် အကုန်ဖမ်းမိတာလဲ..."

"ငါးကြီးတွေကို ဒီလောက်ကျွမ်းကျင်အောင် ဖမ်းနိုင်တဲ့ ငါးမျှားသခင်တစ်ယောက် ငါတို့ လုံမင်မြစ်မှာ ဘယ်တုန်းက ပေါ်လာတာလဲ..."

"..."

All Chapters