အခန်း ၉၀
Vol. 9 Ch. 90
အခန်း (၉၀) မိတ်သစ်ဖွဲ့ခြင်း၊ တိုင်းတစ်ပါးသားတို့ထံသို့ သားရေရိုင်းများ ရောင်းချသည့် ကုန်သည်ကြီး ဟူရွှယ်ယန်
လက်ထဲမှ နှစ်ပိုင်းပြတ်သွားသော ငါးမျှားတံကို ကြည့်ရင်း လီလန်သည် နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်မိသည်။
နောက်ဆုံးဖမ်းမိလိုက်သော ငါးခေါင်းကြီးကို ဆွဲတင်စဉ်က ငါးမျှားတံမှာ ငါး၏ရုန်းကန်မှုကို မခံနိုင်တော့ဘဲ ကျိုးသွားခြင်းဖြစ်သည်။
"အဖေ့ကို ဘယ်လို ရှင်းပြရပါ့မလဲ..."
လီလန်မှာ ခေါင်းရှုပ်သွားရသည်။
ဤငါးမျှားတံမှာ ရှေးဟောင်း သုံးပိုင်းဆက် ငါးမျှားတံဖြစ်ပြီး သူ့အဖေက ရတနာတစ်ခုလို တန်ဖိုးထားသူဖြစ်သည်။
"ဟူး... ဦးလေးဝေမင်ကို မြို့ထဲကနေ တစ်ချောင်းလောက် ယူခိုင်းရတော့မှာပဲ..."
အဟောင်းကို စွန့်ပြီး အသစ်ကို ယူရတော့မည်။
ကျောက်ဘိုင်တောင်တန်းဒေသတွင် ရေခဲနှင့်နှင်းများ ဖုံးလွှမ်းနေသဖြင့် ငါးမျှားတံလုပ်ရန် ဝါးများ ရှာရခက်သည်။ သစ်သားဖြင့် ပြုလုပ်၍ ရသော်လည်း ဝါးလောက် အကြောမကောင်းပေ။
လီလန်နှင့် ကျန်းဝေ့ကော်တို့သည် ထိုင်ချလိုက်ပြီး ဖမ်းမိထားသော ငါးများကို ရေတွက်လိုက်ကြသည်။
ယခုတစ်ခေါက်တွင် ခေါင်းကြီးငါး (၃) ကောင်၊ ငါးကြင်း (၄) ကောင်၊ ကျိယွီငါးကြင်း (၅) ကောင်၊ မြက်ငါးကြင်းကြီး (၂) ကောင်နှင့် အဖြူရောင် ငါးသေးသေးလေး တစ်ဒဇင်ကျော်ခန့် ရရှိထားသည်။
စုစုပေါင်း ဂုန်နီအိတ်တစ်ဝက်ကျော်ခန့် ရှိပြီး အလေးချိန်အားဖြင့် ကျင်းနှစ်ရာနီးပါး ရှိမည်ဖြစ်သည်။
ကျင်းနှစ်ရာ... ခေါင်းကြီးငါး သုံးကောင်တည်းနှင့်ပင် ကျင်းတစ်ရာရှိနေပြီ ဖြစ်သည်။
"ဝေ့ကော်... ဒီငါးတစ်ကောင်ကို အဘိုးကြီးဆီ ယူသွားပေးလိုက်..."
လီလန်သည် ခေါင်းကြီးငါး သုံးကောင်ထဲမှ အငယ်ဆုံးတစ်ကောင်ကို ထုတ်ပေးလိုက်သည်။
အလေးချိန် ကျင်းသုံးဆယ်ခန့် ရှိသည်။
မြို့ထဲက ဟင်းသီးဟင်းရွက်ဈေးတွင် ငွေရောင်ငါးကြင်းတစ်ကျင်းကို (၃) ဆင့်ဖြင့် ရောင်းကြသည်။ ၎င်းတို့မှာ မွေးမြူထားသော ငါးများဖြစ်ပြီး တောရိုင်းငါးဆိုလျှင် (၁) ဆင့် သို့မဟုတ် (၂) ဆင့် ပိုဈေးရသည်။
"ဝေ့ကော်... အဘိုးကြီးကို တစ်ကျင်း (၃) ဆင့်ပဲ တောင်းလိုက်နော်၊ ဈေးမတင်နဲ့..."
လီလန်သည် စတုရန်းမျက်နှာပိုင်ရှင် အဘိုးကြီးအပေါ် အထင်ကြီးလေးစားမှု ရှိသည်။ ထိုနေ့က ငါးအများအပြား ဖမ်းမိထားသဖြင့် စိတ်ကြည်လင်နေသောကြောင့် အမြတ်ကြီးစား မလုပ်ဘဲ ဈေးနှုန်းမှန်ဖြင့်သာ ရောင်းပေးလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းဝေ့ကော်သည် ခေါင်းကြီးငါးကို ယူ၍ စတုရန်းမျက်နှာပိုင်ရှင် အဘိုးကြီးကို ရှာရန် ထွက်သွားလေသည်။
လီလန်သည် ထိုင်ချလိုက်ပြီး ငါးများကို ဂုန်နီအိတ်ထဲသို့ တစ်ကောင်ချင်း ထည့်လိုက်သည်။
ကျိုးသွားသော ငါးမျှားတံအတွက်မူ စွန့်ပစ်လိုက်ရုံသာဖြစ်သည်။ ငါးမျှားကြိုးနှင့် ချိတ်ကို ဖြုတ်ယူလိုက်ပြီး တစ်နေရာရာတွင် ပစ်လိုက်သည်။
ခဏမျှ အလုပ်ရှုပ်ပြီးနောက် ဝေ့ကော်က ပြန်ရောက်လာပြီး သူ့နောက်တွင် လူနှစ်ဦး ပါလာသည်။
တစ်ဦးမှာ အစောပိုင်းက ငါးဝယ်လိုသော စတုရန်းမျက်နှာပိုင်ရှင် အဘိုးကြီး ဖြစ်သည်။
နောက်တစ်ဦးမှာ ဆံပင်ဖြူဖွေးနေသော်လည်း ကျန်းမာရေးကောင်းမွန်ပုံရသော အဘိုးအိုတစ်ဦး ဖြစ်သည်။
ထိုအဘိုးအိုမှာလည်း ငါးဝယ်သူအမျိုးသားနှင့် ဆင်တူသော စတုရန်းမျက်နှာ ပိုင်ရှင်ဖြစ်သည်။
"ရဲဘော်လေး... ငါတို့ ပြန်ဆုံကြပြီနော်..."
စတုရန်းမျက်နှာပိုင်ရှင် အမျိုးသားသည် လီလန်ကို မျက်စိတစ်ချက်မှိတ်ပြ၍ ပြုံးကာ ပြောသည်။
"ဝေ့ကော်... ဘာတွေဖြစ်နေတာလဲ..."
လီလန်သည် ထလိုက်ပြီး ကျန်းဝေ့ကော်ကို ဘေးသို့ ဆွဲခေါ်လိုက်သည်။
လီလန်မှာ ကျန်းဝေ့ကော် ငါးရောင်းရင်း သူတို့ကို စိတ်အနှောင့်အယှက် ပေးမိသဖြင့် လာရောက် အရေးဆိုခြင်းဟု ထင်လိုက်မိသည်။
"အစ်ကိုရှောင်လန်... ကျွန်တော်လည်း မသိဘူး... ငါးယူသွားပေးလိုက်တာကို သူတို့က အစ်ကို့ဆီကို ခေါ်လာခဲ့ခိုင်းတာ..."
"ငါးက ဘယ်မှာလဲ..."
လီလန်သည် ကျန်းဝေ့ကော်၏ လက်ထဲတွင် ဘာမှမပါသည်ကို သတိထားမိလိုက်သည်။
"ရောင်းလိုက်ပြီလေ... ဒါက ငါးရောင်းရတဲ့ ပိုက်ဆံတွေ..."
ကျန်းဝေ့ကော်သည် လက်ထဲရှိ ငွေစက္ကူအနည်းငယ်ကို လီလန်ဆီ ပေးလိုက်သည်။
ဆယ်ယွမ်တန်ကြီး တစ်ရွက်နှင့် တစ်ယွမ်တန်၊ နှစ်ယွမ်တန် အနည်းငယ် ဖြစ်သည်။
စုစုပေါင်း (၁၅) ယွမ်ဖြစ်သည်။
လီလန်သည် ပိုက်ဆံကို ယူလိုက်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ဘာလို့ ဒီလောက်များနေတာလဲ... တစ်ကျင်းကို (၃) ဆင့်နဲ့ ရောင်းခိုင်းထားတာလေ..."
ကျင်းသုံးဆယ်ရှိသော ခေါင်းကြီးငါးအတွက် (၁၅) ယွမ်ဆိုသည်မှာ တစ်ကျင်းကို (၅၀) ဆင့် ဖြစ်နေသည်။ ဈေးကွက်ဈေးထက် အများကြီး ပိုများနေသည်။
"ဈေးကွက်ထဲက မွေးမြူရေးငါးတွေက ငါတို့ စုန့်ဟွာမြစ်ထဲက ငါးတွေနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး..."
ဆံပင်ဖြူအဘိုးအိုက ရုတ်တရက် ဝင်ပြောလိုက်သည်။ သူ၏ အသံမှာ တည်ငြိမ်၍ ကျယ်လောင်သည်။
"ဒါက..."
လီလန်က အဘိုးအိုကို ကြည့်လိုက်သည်။
"မင်း ငါ့ကို မမှတ်မိဘူးလား..."
ဆံပင်ဖြူအဘိုးအိုမှာ အံ့အားသင့်သွားသည်။
"ငါက ဒီနားက ရွာတွေမှာ နာမည်ကြီးတဲ့သူပါ၊ ငါ့အကြောင်း မကြားဖူးဘူးလား..."
အဘိုးအိုက ရင်ကော့၍ ဂုဏ်ယူစွာဖြင့် မေးသည်။
လီလန်: .....*မကြားဖူးဘူး အဘိုး... အဘိုးက ဘယ်သူမို့လို့လဲ…*
စတုရန်းမျက်နှာပိုင်ရှင် အမျိုးသားမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ လီလန်က သူ့ဦးလေးကို ဂရုမစိုက်သလို ဖြစ်နေ၍ အဘိုးအိုမှာ စိတ်ဆိုးနေပုံရသည်။
သူက အနီးအနားရွာများတွင် ငါးမျှားရာ၌ နာမည်ကြီးသူဖြစ်ပြီး၊ အခုလို လူငယ်လေးတစ်ယောက်က သူ့စံချိန်ကို ကျော်သွားသဖြင့် မျက်နှာပျက်နေခြင်းဖြစ်သည်။
စတုရန်းမျက်နှာပိုင်ရှင် အမျိုးသားက အခြေအနေကို ထိန်းသိမ်းလိုက်သည်။
"ကျွန်တော့်နာမည်က ဟူလောင်ပါးပါ... ဒါက ကျွန်တော့်ဦးလေး ဟူရွှယ်ယန်ပါ။ ဦးလေးရဲ့နာမည်ကို မကြားဖူးရင်တောင်မှ စန်းဟော့ရွာမှာ ယွမ်တစ်သောင်းစုနိုင်တဲ့ ပထမဆုံးလူဆိုတာတော့ ကြားဖူးမှာပေါ့..."
"ဟူရွှယ်ယန်လား... ကြားဖူးသလိုလိုပဲ..."
လီလန်မှာ မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်သည်။
"အဟွတ် အဟွတ်..."
အဘိုးအို ဟူရွှယ်ယန်သည် အသံကို တစ်ချက်ပြုလိုက်သည်။
*ဒီကောင်လေးက တကယ်ပဲ မသိတာလား ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေတာလား
အရင်တုန်းက အနီးအနားရွာတွေက သားရေရိုင်းတွေကို အကုန်ဝယ်ခဲ့တာ ငါလေ။
စန်းရွှေရွာမှာ စက်ဘီးဝယ်စီးနိုင်တဲ့ ပထမဆုံးလူလည်း ငါပဲလေ*
"တကယ်ပဲ မမှတ်မိပါဘူး..."
လီလန်က ခေါင်းခါလိုက်သည်။
ဟူရွှယ်ယန်:...
ဟူလောင်ပါး:...
လီလန်မှာ ဟူရွှယ်ယန်ဆိုသည့် နာမည်ကို မမှတ်မိသော်လည်း ဟူလောင်ပါးဆိုသည့် နာမည်ကိုမူ ကြားဖူးနေသလို ဖြစ်သည်။
"သေရောပဲ... အဘိုးက ဟူရွှယ်ယန်လား..."
ကျန်းဝေ့ကော်မှာ အဘိုးအို၏ နာမည်ကို ကြားသည်နှင့် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
ဟူရွှယ်ယန်မှာ ကျန်းဝေ့ကော်၏ တုံ့ပြန်မှုကို ကြည့်၍ ကျေနပ်သွားသည်။
*ဒီကောင်လေးကတော့ ပညာယူဖို့ ကောင်းတယ်*
"အစ်ကိုလန်... အဲဒါ ဟူရွှယ်ယန်လေ၊ ကျွန်တော်တို့မြို့ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်၊ တိုင်းတစ်ပါးသားတွေနဲ့ ကုန်သွယ်ရေးလုပ်တဲ့ ကုန်သည်ကြီးလေ..."
"ကျွန်တော်တို့ရွာက သားရေရိုင်းတွေကို အကုန်စုသိမ်းတဲ့သူလေ..."
ကျန်းဝေ့ကော်မှာ အဘိုးအိုကို လေးစားသမှုဖြင့် စိုက်ကြည့်နေသည်။
*သားရေရိုင်းတွေ...တိုင်းတစ်ပါးသားတွေနဲ့ ကုန်သွယ်တာ…*
ကျန်းဝေ့ကော် ပြောမှ လီလန် သတိရလိုက်သည်။ သူ့အဖေ အမဲလိုက်ရာမှ ရရှိသော သားရေများကို စန်းဟော့ရွာက ဟူဆိုတဲ့ ကုန်သည်ကြီးဆီ ရောင်းပေးလေ့ရှိကြောင်း ပြောဖူးသည်။
ထိုကုန်သည်ကြီး၏ စီးပွားရေးမှာ အလွန်ကြီးမားပြီး အနီးအနားရွာများနှင့် မြို့ထဲအထိပင် သူ့မိသားစုက လက်ဝါးကြီးအုပ်ထားကြောင်း အဖေက ပြောပြဖူးသည်။
သူက စန်းဟော့ရွာ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည်။
လီလန်သည် အဘိုးအိုကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤမျှ သာမန်ပုံပေါက်နေသော အဘိုးအိုမှာ ဤမျှ နောက်ခံကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ငါးကျင်းသုံးဆယ်အတွက် (၅၀) ဆင့် ပေးဝယ်ရဲသည်မှာ အံ့သြစရာ မရှိတော့ပေ။
"စန်းဟော့ရွာ..."
ရုတ်တရက် လီလန်၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာသည်။
ဟူလောင်ပါး... စန်းဟော့ရွာက ကော့ကေးရှန်း သိုးထိန်းခွေးတွေ မွေးတဲ့ ဟူလောင်ပါးလား။
မနေ့က လီလန်သည် မုဆိုးမဝူ၏ အိမ်မှ အပြန်တွင် အိမ်စောင့်ခွေးတစ်ကောင်လောက် ရှာပေးချင်ကြောင်း တွေးမိခဲ့သည်။ လမ်းတွင် လျဲ့ရှန်တပ်ဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်ရွှီနှင့် တွေ့ဆုံစဉ်က အိမ်နီးချင်း စန်းဟော့ရွာက ဟူလောင်ပါးဆီတွင် ကော့ကေးရှန်းခွေးပေါက်လေးများ ရှိကြောင်း ကြားသိခဲ့ရသည်။
လီလန်မှာ အံ့အားသင့်သွားသည်ကို မြင်သောအခါ အဘိုးအို ဟူရွှယ်ယန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
*ကောင်လေး... ငါ့နာမည်ကို ကြားပြီး ကြောက်သွားတာလား။
ဒါဆိုရင်တော့ ဟုတ်ပြီ*
သို့သော်လည်း အဘိုးအို၏ အကြည့်မှာ လီလန်အပေါ် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"ရဲဘော်လီ... မင်း ငါးဖမ်းတာ တကယ့်ကို ကျွမ်းကျင်တာပဲ၊ ဘယ်သူသင်ပေးတာလဲ..."
အဘိုးအိုက မေးလိုက်သည်။
"သဘာဝအရပါနဲ့ ဖမ်းတာပါ..."
လီလန်က ပေါ့ပေါ့ပါးပါးပင် ဖြေသည်။
"အော်... သဘာဝအရလား..."
"မင်း တကယ်ကို ထူးချွန်တဲ့ လူငယ်လေးပဲ..."
"ကျိုးသွားတဲ့ ငါးမျှားတံနဲ့ ငါးကြီးတွေကိုပဲ ဖမ်းနေတာလား... ဒါက တကယ်ပဲ သင်ပေးသူမရှိဘူးဆိုတာကို ငါ့ကို ယုံအောင် ပြောနေတာလား..."
ဟူရွှယ်ယန်က လီလန်၏ မျက်လုံးကို စိုက်ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောသည်။
လီလန်သည် အဆင်မပြေစွာ ပြုံးလိုက်သည်။
"ကံကောင်းလို့ပါ... တကယ့်ကို ကံကောင်းလို့ပါ..."
"ငါးဖမ်းတဲ့နေရာ ကောင်းလို့ပါ၊ ဒီနေရာမှာ ငါးကြီးတွေ အများကြီး ရှိတယ်..."
သူက ထပ်ဖြည့်ပြောလိုက်သည်။
ထိုအခါမှသာ အဘိုးအို ဟူရွှယ်ယန်မှာ ယုံကြည်လာတော့သည်။
သူသည် ခေါင်းညိတ်၍ ပြောလိုက်သည်။
"အဟမ်း... မင်းရဲ့ ငါးဖမ်းကျွမ်းကျင်မှုက တကယ့်ကို ကောင်းပါတယ်၊ ငါ့နဲ့တောင် ယှဉ်နိုင်တယ်..."
လီလန်သည် စကားမဆိုဘဲ ဟူလောင်ပါး၏ လက်ထဲတွင်ရှိသော ခွေးပေါက်လေးကိုသာ စိုက်ကြည့်နေသည်။
*ဒါဆို... ငါးဝယ်တာက ငါ့ကို စိတ်ဝင်စားလို့ပေါ့လေ…*
လီလန်မှာ သဘောပေါက်သွားသော်လည်း စကားမဆိုပေ။
လီလန်သည် ခွေးပေါက်လေးကို ကြည့်နေသည်ကို သတိထားမိသော အဘိုးအို ဟူရွှယ်ယန်သည် ပါးပြင်နီသွားသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။
"မင်း ငါးမျှားတံ ကျိုးသွားတာကို ငါတွေ့လိုက်တယ်။ ကံကောင်းစွာနဲ့ ငါ့မှာ ကြံ့ခိုင်တဲ့ ငါးမျှားတံတစ်ချောင်း ရှိသေးတယ်၊ ငါ မင်းကို ပေးမယ်..."
အဘိုးအိုသည် အရည်အချင်းရှိသူကို တန်ဖိုးထားသူဖြစ်သည်။ လီလန်၏ ငါးဖမ်းကျွမ်းကျင်မှုမှာ သူ လိုချင်သည့်အတိုင်းပင် ဖြစ်သည်။
ထို့အပြင် လီလန်က ကျန်းဝေ့ကော်ကို ငါးရောင်းခိုင်းစဉ်က ဈေးကွက်ဈေးအတိုင်းသာ ရောင်းရန် မှာကြားခဲ့ခြင်းကိုလည်း အဘိုးအို သတိထားမိသည်။
ဤကောင်လေးသည် အကျင့်စာရိတ္တကောင်းပြီး လူအများနှင့် ဆက်ဆံတတ်ကြောင်း အဘိုးအို သိရှိလိုက်သည်။
ငါးမျှားတံ ပေးခြင်းမှာ မိတ်ဆွေဖွဲ့ရန် နည်းလမ်းတစ်ခု ဖြစ်သည်။
"ဝေ့ကော်... ဒီပိုက်ဆံတွေကို ဦးလေးဟူဆီ ပြန်ပေးလိုက်..." လီလန်သည် ပိုက်ဆံကို ကျန်းဝေ့ကော်ဆီ ပေး၍ ဟူလောင်ပါးဆီ ပြန်ပေးခိုင်းလိုက်သည်။
"အစ်ကိုရှောင်လန်... အစ်ကို ဘာဖြစ်နေတာလဲ..." ကျန်းဝေ့ကော်မှာ နားမလည်စွာဖြင့် ဦးခေါင်းကို ကုတ်လိုက်သည်။
လီလန်သည် သူ့ကို ဂရုမစိုက်ဘဲ ဟူရွှယ်ယန်ဘက်သို့ လှည့်လိုက်သည်။
"အဘိုး... ဒီခေါင်းကြီးငါးကို ကျွန်တော် အဘိုးကို ပေးပါ့မယ်၊ ဒါပေမဲ့ ငါးမျှားတံတော့ မလိုပါဘူး..."
"အော်..." အဘိုးအိုမှာ မျက်ခုံးပင့်သွားသည်။
"ကျွန်တော် အဘိုးတို့နဲ့ တစ်ခုခု လဲလှယ်ချင်လို့ပါ..." လီလန်သည် ဟူလောင်ပါးကို ကြည့်လိုက်သည်။
蓝鱼Bluefishငါးကွမ်းရှပ်